Thursday 29 August 2013

မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဥပဒေနှစ်ခု အတည်ပြုမည်

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥပဒေနှစ်ခု အတည်ပြု ပြဋ္ဌာန်းနိုင် မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား International Organization for Migration ဌာနေ ကိုယ်စား လှယ်နှင့် အဖွဲ့ လာရောက် တွေ့ဆုံ

Photo: ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား International Organization for Migration ဌာနေ ကိုယ်စား လှယ်နှင့် အဖွဲ့ လာရောက် တွေ့ဆုံ 
Wednesday, August 29, 2013

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား International Organization for Migration ဌာနေ ကိုယ်စားလှယ် ဖြစ်သူ Mr. Kieran Gorman-Best သည် အဆိုပါ ဝန်ကြီးရုံး၌ ယနေ့ညနေ ၃နာရီ တွင် လာရောက် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စု ဝန်ကြီး နှင့်အတူ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလှအောင်နှင့် တာဝန် ရှိသူများ တက် ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

(စကားဝါ)
မြ၀တီ
ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား International Organization for Migration ဌာနေ ကိုယ်စားလှယ် ဖြစ်သူ Mr. Kieran Gorman-Best သည် အဆိုပါ ဝန်ကြီးရုံး၌ ယနေ့ညနေ ၃နာရီ တွင် လာရောက် တွေ့ဆုံသည်။

ပြည်သူ့ရင်ပြင် စမ်းချောင်းတုတွင် လူငယ်တစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ဝင်းအတွင်း စမ်းချောင်း သာ ရေတံခွန်နှင့် ဆက်နေသော စမ်းချောင်းပုံစံ ပြုလုပ်ထားသည့် ရေမြောင်း တွင် သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၁၈ နှစ်ခန့် လူငယ် တစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ရင်ပြင်တွင် လုပ်ကိုင်ခွင့်ရသည့် Natural World ကုမ္ပဏီမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး

Photo: ဆီးရီးယားကို အမေရိကန်တိုက်ခိုက်ပါက အစ္စရေးကိုလက်တုံ့ပြန်မည်ဟု အီရန်သတိပေး
Wednesday, August 29, 2013

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အီရန်-အီရတ် စစ်ပွဲတွင် အီရန် နိုင်ငံမှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံ၏ အမာခံ မဟာမိတ်တစ်ဦး ဖြစ်သည်။

ထို့အပြင် အီရန်နှင့် အနောက်နိုင်ငများကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံ၏ ပထမဆုံးသော ခံစစ်မျဉ်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ သဘောထား တင်းမာသော ခေါင်းဆောင်များက မှတ်ယူထား သည်။

ဆီးရီးယား ပဋိပက္ခမှာ အစ္စရေးနိုင်ငံကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံက စွပ်စွဲထားပြီး သမ္မတ အာဆတ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် အစ္စရေးတို့ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

“ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ရင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ အမုန်းမီးလျှံက ဇီယွန်ဝါဒီတွေဆီ ဦးတည်သွားလိမ့်မယ်” ဟု အီရန် လွှတ်တော်တွင်းရှိ လွှမ်းမိုးမှု ကြီးမားသော အမတ် တစ်ဦးဖြစ်သူ မန်ဆာဟာကွီကွတ်ပါက ပြောကြားသည်။

ဓာတုလက်နက် အသုံးပြုရေးနှင့် ပတ်သက်လျှင် အီရန်နိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ်သာ ဓာတု လက်နက်များသာ အသုံးချပါက အီရန် ခေါင်းဆောင်များ အခက် ကြုံမည် ဖြစ်သည်။

အီရန်သမ္မတသစ် ဟတ်ဆန်ရိုဟာနီကလည်း ဓာတုလက်နက် အသုံးပြုခြင်း ကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ တွစ်တာ အကောင့် တွင် ရေးသား ဖော်ပြလိုက်သည်။

ဆီးရီးယားနှင့် အီရန်နိုင်ငံကြားတွင် အပြန်အလှန် ပူးပေါင်းကူညီရေး စာချုပ် ချုပ်ဆိုထားပြီး ပြင်ပနိုင်ငံ တစ်ခု ဝင်ရောက် တိုက်ခိုက်ပါက ကူညီရမည် ဟု ဖော်ပြထားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သဘောထား တင်းမာသော အီရန်ခေါင်းဆောင် များက မှတ်ယူထားသည်။

ဆီးရီးယား အစိုးရအဖွဲ့ကို အီရန်နိုင်ငံက အကူအညီများ ပေးအပ်နေသည် သာမက လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ဟစ်ဇဘိုလာ အဖွဲ့၌ အစ္စရေး နိုင်ငံအတွင်းပိုင်း နယ်မြေများ ထိ ရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား

Photo: မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား
Wednesday, August 29, 2013

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနားတစ်ယောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန် မှန်ကန်ကန်ဆောင်ရွက်ရန် အပြုသဘောဆောင်ပြောကြားဖို့ မြန်မာ နိုင်ငံ ကို ရောက်ရှိလာပါတယ်။ သို့သော် ကင်တာနားကိုရောက်တဲ့နေရာတိုင်းမှာ ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂ ရဲ့ကိုယ်စားလှယ်လို့ နာမည်တပ်ထားပေ မယ့် ကင်တာနားဟာ မွတ်ဆလင်တွေရဲ့ကိုယ်စားလှယ်သာ ဖြစ်တယ် လို့ ဒေသခံတွေက ထင်နေတဲ့အတွက် ဆန္ဒပြခဲ့ကြတာပါ။

မိတ္ထီလာ ရောက်တော့လဲ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေ ကိုပြောချင်လွန်းလို့၊ ပြောခွင့်မရခဲ့ရင်လဲ အိတ်ဖွင့်ပေးစာပေးဖို့ သူ့ကားအ နားကို ကပ်ခဲ့ကြတာပါ။ ဟုတ် မဟုတ်၊ မှန်မမှန် မိတ္ထီလာမှာရှိတဲ့ တိုင်းရင်း သားတွေကို သွားမေးကြည့်နိုင်ပါတယ်။ ကင်တားနားပြောသလို သူ့ အတွက် လုံခြုံရေးတွေလုပ်မပေးဘူး ဆိုတာကလဲ မမှန်တဲ့စကားရပ်ပါ။ ကင်တာနားအ တွက် အစိုးရက လုံခြုံရေးတွေ အပြည့်အစုံပေးထားတာမို့ အီဂျစ်တို့၊ အီရတ် တို့ နိုင်ငံတွေမှာလို အသေခံဗုံးခွဲမှာ မစိုးရိမ်ရပါဘူး။ ပဋိပက္ခ တစ်ခုခု ဖြစ်လာ ရင် မွတ်ဆလင်တွေသာ နစ်နာတာမဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ကိုးကွယ်သူတွေလည်း နစ်နာဆုံးရှုံး တာပါပဲ။

ဒီမိုကရေစီလမ်းကြောင်းနဲ့သွားနေတဲ့နိုင်ငံအတွက်ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းတွေ တန့်တန့်နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတာတွေ၊ ဆက်စပ်တွေတာ၊ တိုက်ဆိုင်မှုတွေဟာ ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေ သူတွေရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်…ကင် တားနားမြန်မာနိုင်ငံကိုမလာခင် ကလေးမှာ အမျိုးသမီးတစ်ဦးအလောင်းနဲ့
ပတ်သက်လို့ မွတ်ဆလင်တွေကရဲတပ်ဖွဲ့ဝင်တွေကိုပြဿနာရှာတဲ့ဖြစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အစိုးရလူကြီးတွေက ဖြေရှင်းလိုက်လို့ ငြိမ်းအေးသွားခဲ့ပါတယ်။

ကင်တားနားမြန်မာ နိုင်ငံကနေပြန်သွားပြီးတဲ့နောက်မှာ ကန့်ဘလူမှာပြဿ နာဖြစ်ပါတယ်။ဒါလဲ မွတ်ဆလင်ဘာသာဝင်တစ်ဦးကစလို့ ဖြစ် ရတာပါပဲ။
ကင်တာနားက သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘက်လိုက်ခြင်းမရှိပါဘူး။ သူဟာတောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံသားပါ။ အာ ဂျင်တီးနားမှာ မူဆလင်အသိုင်းအ၀ိုင်းလည်းမရှိသလိုဗုဒ္ဓဘာသာ အသိုင်း အ၀ိုင်းလည်း မရှိပါဘူးလို့ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ ဒီပြဿ နာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာ အကြောင်း လုံးဝမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ပြောတဲ့အတိုင်းသာ သူတကယ် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာကြို ဆိုပါတယ်။

ဒါပေမယ့် ကင်တားနားဟာ မွတ်ဆလင်ဘာသာနဲ့သက်ဆိုင်ခြင်းမရှိလို့ ဘက်လိုက်ခြင်းမရှိဘူးဆိုပေမယ့် သူရဲ့ လုပ်ရပ်တွေဟာ ဘက်တစ်ဘက် တည်းကိုသာကြည့်ပြီး အစီရင်ခံစာရေးတင်တဲ့အတွက် ဒေသခံတွေက ဘက်လိုက် တယ်လို့ ယူဆခဲ့ပါတယ်။ မွတ်ဆလင်တိုင်းပြည်တွေမှာအလုပ် လုပ်ဖူးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်နှစ်ပေါင်းများစွာကြာကြာလုပ်ကိုင်ခဲ့သူဖြစ်တဲ့ဒေါက်တာ ဒေါ်ရင်ရင်နွယ်ကိုယ်တိုင်က ကင်တာနား ဘက်လိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ထားပါတော့ ဘက်မလိုက်ဘူးပဲ ထားပါတော့ ..ဒါပေမယ့် အမှန် အတိုင်း ပြောသင့်တဲ့စကားတွေတော့ ကင်တားနားမပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုတော့ ကင်တားနား ပြည့်ပြည့်စုံစုံမသိပါဘူး။မသိ လို့လည်း သူ့အနေနဲ့ မွတ်ဆလင်တွေအပေါ်သနားစိတ်ဝင်နေတာဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောချင်ပါဘူး။ သူတို့ အစ္စလာမ်ကိုးကွယ်တဲ့ တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ကိစ္စတွေ
ရှင်းရှင်းလင်းလင်းမြင်ပါ လိမ့်မယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ပဋိပက္ခတွေဟာ မွတ်ဆလင်ဘာ သာဝင်တွေက စတင်လို့ဖြစ်ရတာကို လဲ မစ္စတာကင်တာနား ခွဲခွဲခြားခြား သိစေချင်ပါတယ်။ အဲလိုမှသိပြီး သိတဲ့အတိုင်းသတင်းထုတ်ပြန်ပေးပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှန်တွေပါပဲ။မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ အပေါ် တစ်ခြားဘာသာဝင်တွေက အကြောင်းမဲ့ အနိုင်ကျင့်တာလုံးဝ (လုံးဝ) မရှိပါဘူး။ မွတ်ဆလင်တွေက ရန်စလို့ဖြစ်ခဲ့ရတာချည်းပါပဲ ဆိုတာငြင်းလို့မ ရတဲ့ဖြစ်ရပ်မှာ။ နောက်ပိုင်းကျမှသာ မြန်မာတွေက မခံမရပ်နိုင်ဖြစ်လွန်းလို့ လူအုပ်စုဖွဲ့ ဖျက်ဆီးမှုတွေဖြစ်လာတာပါ။ ဒါကိုလည်း အစိုးရက ဥပဒေအတိုင်း လုပ်ဆောင်နေပါတယ်။ ဘယ်ဘာသာဝင်ကိုမဆို သူကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ အရေးယူအပြစ်ပေးနေပါ တယ်။

ဒါလဲအမှန်တရားပါပဲ။ ဒါတွေကို ကင်တားနား တကယ်သိတယ်ဆိုရင် မြန်မာလူထုက ကင်တားနားကို ကြိုဆို နေမှာပါ။

အမေ့အိမ်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနား တစ်ယောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန်မှန်ကန်ကန်ဆောင်ရွက်ရန် အပြု

ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မြစ်ကြီးနားမြို့ ရှိ ဒေ သ ခံ ပြည်သူများနှင့် နေရပ်စွန့်ခဲ့ ရသော မိသားစု များအား တွေ့ဆုံ

Photo: ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မြစ်ကြီးနားမြို့ ရှိ ဒေ သ ခံ ပြည်သူများနှင့် နေရပ်စွန့်ခဲ့ ရသော မိသားစု များအား တွေ့ဆုံ
Wednesday, August 29, 2013

ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ် ဘီးယားနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ သီတာ ရပ်ကွက် အောင်ဆန်းလမ်းရှိ သီတာ ခရစ်ယာန် နှစ်ခြင်း အသင်းတော် ခန်းမ၌ ယမန်နေ့က မြစ်ကြီးနား မြို့ရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်နှင့်ပြည်နယ်ဝန်ကြီး ချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ဝန်ကြီး များ၊ မြန်မာနိုင်ငံ ခရစ်ယာန် ကောင် စီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများလည်း တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ ပြည်သူများ အနေဖြင့် မစ္စတာ ဗီဂျေနမ် ဘီးယားနှင့် ယခုကဲ့သို့ တွေ့ဆုံစဉ် မိမိတို့၏ အမြင်များကို လွတ်လွတ် လပ်လပ် ဆွေးနွေးပြောကြား နိုင်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က မိမိတို့နိုင်ငံ ထာဝရ ငြိမ်း ချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် အကောင် အထည် ဖော်ဆောင် ရွက်နေမှု၊ ကေအိုင်အို/ ကေအိုင်အေ အဖွဲ့နှင့် ယုံကြည်မှု တည်ဆောက် လျက်ရှိရာ အောင်မြင်မှု များရရှိနေမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တစ်ဆင့်ပြီး တစ်ဆင့် ဖော်ဆောင်လျက်ရှိရာ ရလဒ်ကောင်း များရရှိနေမှု၊ ကချင်ပြည်နယ်ရှိ ပြည်သူ လူထု တစ်ရပ်လုံး ပါဝင်ပြီး အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ယင်းနောက် မစ္စတာ ဗီဂျေနမ်ဘီးယားက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး တို့အတွက် အကောင်းမြင် အပြုသဘောဆောင် စိတ်များဖြင့် လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးပြောကြား နိုင် ပါကြောင်း၊ ဒေသ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ပြီး ကုလ သမဂ္ဂက လိုအပ်သည် များကို ကူညီပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒေသခံ ပြည်သူများက သိရှိ လိုသည်များကို ဆွေးနွေး မေးမြန်း ကြ သည်။ ယင်းနောက် မစ္စတာ ဗီဂျေနမ် ဘီးယားနှင့် အဖွဲ့သည် မြစ်ကြီး နားမြို့ မြို့သစ်ကြီး ရပ်ကွက်ရှိ ဂျန်မိုင်ကောင်း ကယ်ဆယ်ရေး စခန်းရှိ နယ်မြေ လုံခြုံရေး အခြေ အနေကြောင့် နေရပ်စွန့်ခွာ ပြည်သူများ၊ ဝိုင်းမော်မြို့ နယ် အမှတ်(၄)ရပ်ကွက်ရှိ သာဂရသရက်တော ကယ်ဆယ် ရေးစခန်းနှင့် မိုင်းနားကက်သလစ် ကယ်ဆယ်ရေး စခန်းတို့ရှိ နေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

မြ၀တီ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်မစ္စတာဗီဂျေနမ် ဘီးယားနှင့် အဖွဲ့ သည် မြစ်ကြီး နားမြို့ သီတာရပ်ကွက် အောင်ဆန်းလမ်းရှိ သီတာခရစ်ယာန် နှစ်ခြင်းအသင်းတော်ခန်းမ၌ ယမန်နေ့ က မြစ်ကြီးနား မြို့ရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံသည်။

မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေး ပြဿနာများ

Photo: မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေး ပြဿနာများ
Wednesday, August 29, 2013

လူအများစု ကြုံတွေ့ ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။ခြေထောက် ရောင် ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်း နေတာမျိုး တွေကို အမျိုးသမီး အများစု ကြုံတွေ့ ကြရ တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲ သူတွေနဲ့ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေး ဝါးတွေ သောက်သုံး နေရသူတွေ မှာတော့ အဖြစ် များတတ်ပါတယ်။ နှလုံးသွေး လှည့်ပတ် မှုအားနည်းတဲ့ သူတွေမှာလည်း ခြေထောက် ရောင်တတ် ပါတယ်။ ဖိနပ်အပိတ်တွေ စီးတာနဲ့ အရမ်းကျပ် လွန်းတဲ့ ဖိနပ်တွေကြောင့်လည်း သင့်ခြေထောက်ကို ရောင်ရမ်း စေနိုင်ပါတယ်။

အရေပြားခြောက်သွေ့ခြင်း

လူတိုင်းလိုလို ကြုံတွေ့ကြရတတ်တဲ့ ပြဿနာပါပဲ။ ဆောင်းတွင်းလေကြောင့် ဖြစ်တတ်သလို ပူလွန်းတဲ့ရေနဲ့ ချိုးမိချိန် မျိုးမှာလည်း အရေပြားခြောက်သွေ့ တတ်ပါတယ်။ ထိခိုက် လွယ်တဲ့ အရေပြား ပိုင်ရှင်တွေမှာ အရေပြား ခြောက်သွေ့ မှုပိုပြီး ဖြစ်ပေါ် တတ်ပါတယ်။ အာဟာရ ပြည့်ဝစွာ စားသောက်မှု နည်းတာ၊ ရေ သောက်နည်းတာ၊ ဆီးချို သွေးချို ရောဂါ ရှိတာတွေက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေပါတယ်။ နှလုံးသွေးကြောကျဉ်းသူ တွေမှာ ခြေဖဝါး၊ ခြေထောက်နဲ့ လက် ချောင်းလေးတွေ ခြောက်သွေ့နေတတ် ပါတယ်။ အရေပြားဆီကို အောက်ဆီဂျင် ရရှိမှုနည်းပြီး အရေပြား ခြောက်သွေ့ကာ တောက်ပမှု ကင်းလာ တတ်ပါတယ်။

မျက်လုံးဝါခြင်း

မျက်လုံးဆိုတာ သင့်ကျန်းမာရေးကို ဖော်ပြတဲ့ ပြတင်းပေါက် တစ်ခုပါပဲ။ မျက်လုံး အရောင်ပြောင်း တာက တခြားကျန်း မာရေးပြဿနာ တစ်ခုခုနဲ့ ဆက်စပ် နေနိုင်ပါတယ်။ မျက်လုံးဝါ တာက အသည်းရောဂါ တွေနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် မျက်လုံး တွေဝါတာနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့် ပါတယ်။

အရေပြားတွန့်လာခြင်း

အသက်အရွယ် ကြီးလာလို့ အရေပြားမှာ အရေးကြောင်း ပေါ်တာက ပုံမှန် ပါပဲ။ အရွယ်မတိုင်ခင် တွန့်တတ်တဲ့ အရေ ပြားကတော့ အမျိုးသမီးအများစုဟာ အရိုးပွ ရောဂါကြောင့် အဖြစ်များပါတယ်။ အခြေခံအရိုးတည်ဆောက်မှုတွေ ပျက်စီး လာတဲ့ အနေအထားပါ။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေနဲ့ နေရောင်ခြည် ဒဏ်ခံရတဲ့ အမျိုးသမီး အများစု မှာလည်း အရေ ပြားတွေ တွန့်နေ တတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်၊ စိတ်ဖိစီးမှုများ ချိန်၊ စိတ်ဓာတ်ကျချိန်၊ ဆေးကုသမှု ခံယူနေချိန်၊ ဟော်မုန်းပြောင်းလဲ ချိန်တွေမှာ ဆံပင်အများဆုံး ကျွတ်တတ် ပါတယ်။ သိုင်းရွိုက်ရောဂါ တွေကြောင့်လည်း ဆံပင်ကျွတ် တတ်ပါတယ်။

မျက်နှာအရေပြား နီမြန်းခြင်း

နေပူထဲ ထွက်တာကြောင့် ဖြစ်တတ်သလို တချို့တွေမှာ ဘာကြောင့်မှန်း မသိဘဲ မျက်နှာပြင် အထူးသဖြင့် ပါး၊ နဖူးနဲ့ နှာခေါင်းလိုနေရာတွေမှာ နီရဲနေတတ် ကြပါတယ်။ ဝက်ခြံနဲ့ အရေပြားပါးလွှာ တာကြောင့် မျက်နှာပြင် နီရဲနေတတ်ပါ တယ်။ ပူစပ်တဲ့ အစားအစာနဲ့ ဓာတ်မတည့်တဲ့ မျက်နှာလိမ်း ပစ္စည်းတွေကို ရှောင်ပါ။

ခံတွင်းရနံ့ဆိုးခြင်း

ခံတွင်း ကျန်းမာရေး ဆိုင်ရာ ပြဿနာ တွေကြောင့် ဖြစ်တတ်သလို အစာခြေ စနစ် မကောင်းတာ ကြောင့်လည်း ခံတွင်း အနံ့ဆိုး ထွက်စေပါတယ်။ ခံတွင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေက နှလုံးရောဂါနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် သွားကျန်းမာရေးကို အထူး ဂရုစိုက် သင့်ပါတယ်။ သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ခံတွင်း စစ်ဆေးမှုကို ပုံမှန်ပြုလုပ် သင့်ပါတယ်။

လက်သည်းကွဲအက်ခြင်း

လက်သည်းတွေ ကွဲအက်တာက လည်း တခြားကျန်းမာရေး ပြဿနာတွေ များစွာ ဖြစ်နိုင်ပါတယ်။ ကမ်မီကယ် ပါဝင်တဲ့ ကုန်ပစ္စည်းတွေကို နေ့စဉ် ကိုင်တွယ်ပြီး အလုပ်လုပ် နေရသူတွေ၊ လက်သည်းကို အချိန်မကြာခဏ ဆိုသလို ပြင်ဆင် တတ်သူတွေနဲ့ ရေကိုင်များ သူတွေမှာ လက်သည်း ပျက်စီး တတ်ပါတယ်။ တခြား ကျန်းမာရေး ပြဿနာတွေ အနေနဲ့ ရိုးဆစ် ရောင်ရောဂါ၊ မျိုးရိုးလိုက်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ အာဟာရချို့တဲ့မှုတွေ ကြောင့်လည်း ဖြစ်တတ် ပါတယ်။

လမင်းလေး
မြ၀တီ ကျန်းမာရေး
လူအများစု ကြုံတွေ့ ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ် ။ခြေထောက် ရောင် ရမ်းခြင်း

မြေပြိုမှုကြောင့် ကျိုင်းတုံ-မိုင်းလား ကားလမ်း ပိတ်

Photo: မြေပြိုမှုကြောင့် ကျိုင်းတုံ-မိုင်းလား ကားလမ်း ပိတ်
Wednesday, August 29, 2013

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့် မြေပြိုမှုကြောင့် ကျိုင်းတုံ- မိုင်းလား ကားလမ်း ပျက်စီးသွားပြီး ကားသွားလာခွင့် ယာယီ ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၈ နေ့ မနက် ၁၀ နာရီဝန်းကျင်က ကျိုင်းတုံ-မိုင်းလား ကားလမ်း တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုနှင့် မြစ်ချောင်းရေ တိုက်စားမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး ကားလမ်းပေါ် သွားလာနေသည့် ကားတချို့ပါ မြေပြိုမှုကျမှုတွင် ပါဝင်သွားကြောင်း၊ လူထိခိုက် သေဆုံးမှု မရှိသော်လည်း ကားလမ်း ယာယီပိတ်ထားလိုက်ရပြီး သက်ဆိုင်ရာ အာဏာပိုင် များက ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မိုးတွေဆက်တိုက်ရွာတော့ မြစ်ချောင်းရေတွေတိုက်စားပြီး မြေပြိုတယ်။ မြေပြိုတော့ ကားလမ်းပိုင်းတွေပါ ပြိုကျ ပျက်စီးကုန်တယ်။ လမ်းပေါ်မှာ မောင်းနေတဲ့ ကားတစီးတောင် မြေပြိုကျတဲ့ အထဲပါသွားတယ်။ အခုတော့ သက်ဆိုင်ရာက လမ်းကို ပြန်ပြင်နေပြီ”ဟု ကျိုင်းတုံ ဒေသခံတဦးဖြစ်သူ စိုင်းရီတစ်က ပြောသည်။

မြေပြိုမှုကြောင့် ပိတ်ပင်ထားရသော ကျိုင်းတုံ-မိုင်းလား ကားလမ်းသည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အသုံးပြု နေသည့် လမ်းကြောင်းဖြစ်ပြီး နေ့စဉ်အမျှ ကားအစီးရေ ရာပေါင်းများစွာ သွားလာ နေသည့် လမ်းကြောင်း ဖြစ်ကြောင်း၊ လမ်းယာယီပိတ်ထားရသဖြင့် ကုန်သွယ်ရေး ယာယီ ရပ်ဆိုင်းသွားပြီး ယင်းသို့ ကားလမ်း မြေပြိုမှု ဖြစ်ပွားမှုမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီလမ်းက စီးပွားရေးနဲ့ ကုန်သွယ်ရေး အတွက် အဓိက သွားလာနေတဲ့ လမ်းကြောင်းပါ။ ဒီလိုမြေပြိုမှုက တခါမှမဖြစ်ဖူးဘူး။ ဒါပထမဆုံး အကြိမ်လို့ ပြောလို့ရတယ်။ တာလေ ငလျင်လှုပ်တုန်းကလို့ မြေ ကျွံနှစ်ခြမ်း ကွဲသွားလောက်ပဲ ဖြစ်ခဲ့တာ။ ကားလမ်းတွေ သွားလာမရတဲ့အထိ မြေပြိုတာမျိုးက ဒါပထမဆုံးအကြိမ်ပဲ” ဟု ကျိုင်းတုံမြို့ခံ တဦးဖြစ်သူ ဦးစိုင်းဆိုင်က ဧရာဝတီသို့ပြောသည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ ထိုင်း – မြန်မာ နယ်စပ် ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းတွင် သြဂုတ် ၁၁ ရက်နေ့မှ စတင်ပြီး ရေကြီးရေလျှံ မှုများဖြစ်ပွားသဖြင့် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့နယ်များရှိ နေအိမ်များနှင့် လယ်ယာ မြေများ ရေလွှမ်းခံနေရကြောင်း၊ ကျိုင်းတုံ- တာချီလိတ် ကားလမ်းများ ပိတ်ထားရပြီး ကျိုင်းတုံမြို့နယ်ရှိ ရေလွှမ်းမိုးမှုခံခဲ့ရသည့် နေရာများတွင် ရေများ ကျဆင်းမှုမရှိသေးဘဲ ကူညီထောက်ပံ့မှုမရရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ရေလွှမ်းမိုးမှုကြောင့် ကျိုင်းတုံမြို့နယ်တွင် လယ်ဧက ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ နမ့်ပေါ့ချောင်း၊ လားရှိုးမြို့နယ်အတွင်းရှိ နမ့်ယော်ချောင်း၊ သိန်းနီမြို့နယ် နှင့် သီပေါ မြို့နယ်အတွင်းရှိ နမ့်တူမြစ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတ၀န်း မိုးသည်းထန်မှုနှင့် မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် ရေကြီးရေလျှံများ ဖြစ်ပွားလျက်ရှိရာ ကရင်ပြည်နယ် တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး နှင့် မြ၀တီမြို့ များတွင် ရေးဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရပြီး ရေဘေးသင့် ပြည်သူ ၇၀၀၀ ကျော်ကို စောင့်ရှောက် အကူအညီ ပေးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကျိုင်းတုံ-မိုင်းလား ကားလမ်းမြေပြိုကျမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ – Shan News Facebook)
ဧရာဝတီ
ကျိုင်းတုံ-မိုင်းလား ကားလမ်းမြေပြိုကျမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ – Shan News Facebook)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့် မြေပြိုမှုကြောင့် ကျိုင်းတုံ- မိုင်းလား ကားလမ်း ပျက်စီးသွားပြီး ကားသွားလာခွင့် ယာယီ ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။

ဗြိတိန်နိုင်ငံ ကမ်းခြေတွင် ချောကလက်ဖြင့် ရဲတိုက်ပုံစံ တစ်ခုတည်ဆောက်

Photo: ဗြိတိန်နိုင်ငံ ကမ်းခြေတွင် ချောကလက်ဖြင့် ရဲတိုက်ပုံစံ တစ်ခုတည်ဆောက်
 Thursday, August 29, 2013

ဗြိတိန်နိုင်ငံ ဘရိုက်တန် မြို့ရှိ ကမ်းခြေတွင် Cadbury အမည်ရှိ ချော ကလက်ဖြင့် ရဲတိုက်ပုံစံ တစ်ခုကို တည်ဆောက်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ချောကလက်ဖြင့် ရဲတိုက်ကို ကမ်းခြေ၏ နှစ်ပတ်လည် မွေးနေ့အဖြစ် ဖန်တီး တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖန်တီးရာတွင် နို့ချောကလက်ခဲ ၉၀၀၀၀ နှင့် သကြားခဲ အုပ်ထားသော ချောကလက် ထောင်ပေါင်း များစွာကို မုန့်တိုက် တစ်ခုက အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Cadbury အမည်ရှိ ချောကလက်ဖြင့် ဆောက်လုပ်ထားသော ရဲတိုက်ကို လူငါးဦးက နာရီပေါင်း ၁၀၀ ကြာ အချိန်ယူ၍ ပြုလုပ်ခဲ့ခြင်း ဖြစ် ပြီး ချောကလက် မြတ်နိုးသူ တိုင်း၏  အိပ်မက်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း  သိရသည်။

ဲမြ၀တီ
ဗြိတိန်နိုင်ငံ ဘရိုက်တန် မြို့ရှိ ကမ်းခြေတွင် Cadbury အမည်ရှိ ချော ကလက်ဖြင့် ရဲတိုက်ပုံစံ တစ်ခုကို တည်ဆောက် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မြေပဲ လက်တစ်ဆုပ် စားခြင်းက ဝမ်းဗိုက် အဆီကျစေ

Photo: မြေပဲ လက်တစ်ဆုပ် စားခြင်းက ဝမ်းဗိုက် အဆီကျစေ 
Thursday, August 29, 2013

နေ့စဉ် မြေပဲ လက်တစ်ဆုပ် စားခြင်းက ဆာလောင်မှု မဖြစ်အောင် တား ဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများ ချပေးရန် အထောက်အကူ ပြုကြောင်း ပညာရှင် များက ပြောကြား လိုက်သည်။

ယခု တွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့ အကြားရှိ ဆက်နွှယ်ချက်ကို ပထမဆုံး အကြိမ်အဖြစ် ဖော် ထုတ် နိုင်ခဲ့ခြင်း လည်း ဖြစ်သည်။

ဆီရိုတိုနင်သည် အစာစားလိုစိတ်ကို လျှော့ချ ပေးနိုင်ပြီး ပျော်ရွှင်မှု ခံစား ချက်ကို မြှင့်တင် ပေးကာ နှလုံး ကျန်းမာရေးကိုလည်း တိုး တက်စေကြောင်း တွေ့ရှိခဲ့ သည်။

စပိန်နိုင်ငံ ဘာစီလိုနာ တက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံ အလွှာ မနွှာထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီး အစေ့ တို့သည် လည်း အလားတူ ကျန်းမာရေး အတွက် ကောင်းမွန်သော အာနိသင်များ ရှိသည်ဟု ဆိုသည်။

နှင်းဆီဖူးလေးများ- Love BUDS
နေ့စဉ် မြေပဲ လက်တစ်ဆုပ် စားခြင်းက ဆာလောင်မှု မဖြစ်အောင် တား ဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများ ချပေးရန် အထောက်အကူ ပြုကြောင်း ပညာရှင် များက ပြောကြား လိုက်သည်။

ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ ဆန္ဒပြတဲ့ ခေါင်းဆောင်တွေ တရားစွဲခံရ

Photo: ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ ဆန္ဒပြတဲ့ ခေါင်းဆောင်တွေ တရားစွဲခံရ
Thursday, 29 August 2013

မြန်မာနိုင်ငံက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပယ်ဖျတ်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ခေါင်းဆောင် ၇ ဦးကို အာဏာပိုင်တွေက အရေးယူခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ သက်ရာ မြို့နယ် ၇ မြို့နယ်က ခွင့်ပြုချက်မတောင်း
ခံဘဲ ဆန္ဒပြတာ ဖြစ်တဲ့ အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ကနေ မြို့တော်ခန်းမရှေ့ထိ ခွင့်ပြုချက်မရပဲ လမ်းလျှောက်ဆန္ဒပြတာဖြစ်ကြောင်း၊ ဆန္ဒပြခေါင်းဆောင် ၇ ဦးကို မြို့နယ်မှာ ပါဝင်မှုအလိုက် တရားစွဲဆိုခံရတာဖြစ်တဲ့အကြောင်း တရားစွဲဆိုခံထားရတဲ့ Generation Youth မှ ကိုတင်ထွဋ်ပိုင်က ယခုလိုပြော
ပါတယ်။

“ကျွန်တော်တစ်ယောက်ထဲကိုဘဲ ၇ မြို့နယ်လုံးကဆွဲတာ။ ကျန်တဲ့သူတွေက တစ်ချို့က တစ်မှုပဲပါတယ်။ တစ်ချို့က နှစ်မှုပါတယ်။ တစ်ချို့က ၆ မှုပါတယ်။ စုစုပေါင်း လူ ၇ ယောက်အစ်ကို”

ဆန္ဒပြခေါင်းဆောင်တွေကို သက်ဆိုင်ရာမြို့နယ်တွေဖြစ်ကြတဲ့
ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ အလုံမြို့နယ်၊ ကြည်မြင့်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့က အမှုပေါင်း ၁၉မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်
တယ်လို့ဆိုပါတယ်။

တရားစွဲဆိုခံရတဲ့ ဦးဆောင်ဆန္ဒပြသူတွေဟာ Generation Youth အဖွဲ့က ၄ ဦးနဲ့ ဒီမိုကရေစီအင်အားစုအဖွဲ့က ၃ ဦး ဖြစ်ပါတယ်။ တရားစွဲဆိုခံထားရ
သူတွေထဲက နှစ်ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပြီး လာမယ့် စက်တာဘာလ ၁၂ ရက်နေ့မှာ ကိုတင်ထွဋ်ပိုင်အပါအဝင် အခြား ဆန္ဒပြ ခေါင်းဆောင် ၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက စတင်စစ်ဆေးမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ တရားစွဲဆိုခံရတာတွေနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့လည်း ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

“ပြင်ဆင်ထားတာတော့ ကျွန်တော် ရှေ့နေငှားဖို့ လုပ်နေပါတယ်။ ဘယ်လို ရှေ့နေမျိုး ငှားမလဲဆိုတော့ ကျွန်တော်တို့ အမှုကို လိုက်ပေးနိုင်
မယ့် ရှေ့နေမျိုး၊ နောက်ပြီးတော့ အခမဲ့ လိုက်ပေးနိုင်မယ့် ရှေ့နေမျိုးကို ရှာနေပါတယ်”

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို သမ္မတဦးသိန်းစိန်
လက်ထက်မှာ အတည်ပြုပေးခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျတ်သိမ်းဖို့အတွက် လက်မှတ်ထိုးကန်ပိန်းတွေကိုလည်း တစ်ပါတ်အတွင်း ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ဆန္ဒပြသူတွေကပြောတဲ့အကြောင်း
ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှကနေ သတင်းပေးပို့ထား
တာဖြစ်ပါတယ်။

ABV
 မြန်မာနိုင်ငံက စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပယ်ဖျတ်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ခေါင်းဆောင် ၇ ဦးကို အာဏာပိုင်တွေက အရေးယူခဲ့တယ်လို့ သိရပါတယ်။

Wednesday 28 August 2013

စပါး ကြမ်းခင်းဈေး သတ်မှတ်ခြင်း MDRI သဘောမတူ

Photo: စပါး ကြမ်းခင်းဈေး သတ်မှတ်ခြင်း MDRI သဘောမတူ
Wednesday, 28 August 2013

တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းတွင် စပါးကြမ်းခင်းဈေး သတ်မှတ်ရေးကို ထည့်သွင်းထားခြင်းမှာ ဈေးကွက် စီးပွားရေးစနစ်နှင့် ကိုက်ညီခြင်း မရှိ၍ ထည့်သွင်းခြင်း မပြုရန် အကြံပြု ထားကြောင်း Myanmar Development Research Institute (MDRI) စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန ဆက်ဆံရေးမှူး ဦးတင်မောင်သန်း က ပြောကြားသည်။

ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်နေချိန်၌ အစိုးရက ဖြစ်စေ၊ ကော်မတီ တစ်ခုက ဖြစ်စေ ဈေးနှုန်း သတ်မှတ်ခြင်း မဖြစ်သင့်ဘဲ အထူးသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် မဖြစ်သင့်ဟု ယူဆ၍ လွှတ်တော်နှင့် အစိုးရကို အကြံပြုခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လယ်ယာစီးပွားရေး ကဏ္ဍ၏ စပါး ထုတ်လုပ် ရောင်းချမှု ကွင်းဆက်ကို ကြည့်လျှင် စတင် ထုတ်လုပ်သူများ ဖြစ်သည့် တောင်သူလယ်သမားဘက်မှ မစတင်ဘဲ နောက်ဆုံး ထုတ်လုပ်ပြီး သီးနှံပေါ်ချိန်မှ ဈေးနှုန်း သတ်မှတ်ခြင်း သည် လယ်သမားများထက် ကုန်သည်များကို ပိုမို အကျိုးရှိစေမည်ဟု ယူဆခြင်းကြောင့် သဘောမတူခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“အကြွေး ပတ်လည်ဝိုင်းနေတဲ့ လယ်သမားအတွက် စိုက်ဘဏ်ကို လည်း ပြုပြင် ပြောင်းလဲရန် အကြံပြုထားတယ်” ဟု ၎င်းက ဆိုသည်။

MDRI က ပညာရှင်များ အကြံပြုနေသည်မှာ ထိုင်းနိုင်ငံကဲ့သို့ ဖြစ်မည် စိုး၍ ဖြစ်ပြီး သီအိုရီအရ စဉ်းစားခြင်း ဖြစ်ကြောင်း ထိုင်းတွင် နိုင်ငံရေး အကျိုးအမြတ်အတွက် စပါးကို ပေါက်ဈေးထက် ပိုပေးဝယ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အရန်ဆန် ရှုထောင့်မှ ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ခြင်း ဖြစ်၍ ဈေးကွက်သဘော ပါကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ တွဲဖက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိ ကမ္ဘာ့ဆန် ဈေးကွက်တွင် ထိုင်းနှင့် ဗီယက်နမ်မှ ဆန်များ ထုတ်ရောင်းမှုကြောင့် ဈေးများ ပြုတ်ကျနေကြောင်း၊ စပါးဈေးကို အာမခံဈေး သတ်မှတ်ပြီး အောက်တိုဘာလခန့်၌ မဝယ်လျှင် စပါးဈေး ထိုးကျနိုင်ကြောင်း ၎င်းက ဆိုသည်။

“စပါး ဈေးမရရင် လယ်သမားတွေ စိုက်ပြီး အကျိုးမရှိမှာ စိုးလို့ပါ” ဟု ၎င်းက ဆိုသည်။

စိုက်ပျိုးစရိတ် ချေးငွေကို ရာသီသီးနှံအလိုက် ချေးပေးနေခြင်းသည် လယ်သမားအတွက် ထွက်ပေါက် မဟုတ်ကြောင်း၊ စိုက်ချိန်တွင် ငွေချေး ရင်းနှီး စိုက်ပျိုးသော်လည်း ယခုနောက်ပိုင်း ရာသီဥတု ဖောက်ပြန်မှုကြောင့် သီးနှံ ထွက်ချိန်တွင် မသေချာ မရေရာမှုများ ဖြစ်လာလျှင် ငွေပြန်မဖြစ်ဘဲ လယ်သမားများ ကြွေးတင်သည်သာ အဖတ်တင် ကျန်ရစ်ကြောင်း လပွတ္တာမြို့ တောင်သူ လယ်သမား သမဂ္ဂ အတွင်းရေးမှူး ဦးတင်ထွန်း က ပြောကြားသည်။

အကြွေး လည်ပင်းနစ်နေသည့် လယ်သမားများ နာလန် ပြန်ထူရန်အတွက် ဆိုလျှင် ကုမ္ပဏီကြီးများကို ငွေထုတ်ချေးသကဲ့သို့ လယ်သမားကို အတိုးနှုန်း နည်းနည်းဖြင့် ငါးနှစ် ဖြစ်စေ၊ ခြောက်နှစ် ဖြစ်စေ ငွေထုတ်ချေးစေလိုကြောင်း ဦးတင်ထွန်းက အကြံပြု ပြောဆိုသည်။

The Voice Weekly
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းတွင် စပါးကြမ်းခင်းဈေး သတ်မှတ်ရေးကို ထည့်သွင်းထားခြင်းမှာ ဈေးကွက် စီးပွားရေးစနစ်နှင့် ကိုက်ညီခြင်း မရှိ၍ ထည့်သွင်းခြင်း မပြုရန် အကြံပြု ထားကြောင်း Myanmar Development Research Institute (MDRI) စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန ဆက်ဆံရေးမှူး ဦးတင်မောင်သန်း က ပြောကြားသည်။

နယ်စပ် ဂိတ်များ ဖွင့်ပေး ခြင်းကြောင့် အခြေခံ လူတန်းစား များအတွက် အကျိုး ကျေးဇူး ရရှိ

နယ်စပ် ဂိတ်များ ဖွင့်ပေး ခြင်းကြောင့် အခြေခံ လူတန်းစား များအတွက် အကျိုး ကျေးဇူး ရရှိ ……
မြန်မာ- ထိုင်း နယ်စပ်ဂိတ်များ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ဖွင့်ပေးခြင်းကြောင့် အခြေခံ လူတန်းစား အပေါ်  အဓိကအကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း My- anmar Hotelier Association မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ယဉ်က ပြောသည်။

ကျေးလက်နေ ပြည်သူများ တင်ပြသည့် ကဏ္ဍကို ဦးစားပေး လုပ်ဆောင်မည်

ကျေးလက်နေ ပြည်သူများ အနေဖြင့် မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်လိုသည့် ကဏ္ဍများကို  သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ် အထောက်အကူပြု အဖွဲ့၊ ရပ်မိ ရပ်ဖနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း တိုင်ပင် ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့  တင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်စွာ နေထိုင်နိုင်မည့် တန်ဖိုးမျှတ အိမ်ရာ

ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ လူ နေထိုင်မှုသည်လည်း အဆင့်မြင့်မားလာလျက် ရှိသည်။

သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်များတွင် စားနပ်ရိက္ခာ ဖူလုံရေး ဆွေးနွေး

Photo: သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်များတွင် စားနပ်ရိက္ခာ ဖူလုံရေး ဆွေးနွေး 
Wednesday, August 28, 2013

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် World  Food  Program  မှ Country  Director  and   Representative  Mr.  Dom  Scal-pelli  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၁ဝ နာရီတွင်

အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန် များတွင် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှု စားနပ်ရိက္ခာ ဖူလုံရေး အတွက် စီမံကိန်း အစီအစဉ်များနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုများ၊ သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု သင်တန်းကျောင်းနှင့် အရေးပေါ် စီမံခန့်ခွဲမှု ဌာနများ ဖွင့်လှစ်ရန် အတွက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ၊  ကချင်နှင့် ရခိုင်ပြည်နယ် တို့ရှိ ပြောင်းရွှေ့ ပြည်သူများအတွက် ဆက်လက် ထောက်ပံ့မည့် စားနပ်ရိက္ခာ အစီအစဉ်များနှင့် စပ်လျဉ်း၍ အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများကို တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သတင်း ရရှိသည်။

မြ၀တီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက် တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် World  Food  Program  မှ Country  Director  and   Representative

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လားရှိုးမြိ့ရေစီးရေလာ ကောင်း မွန်ရေး ကြည့်ရှု စစ်ဆေး

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လားရှိုးမြိ့ရေစီးရေလာ ကောင်းမွန်ရေး ကြည့်ရှု စစ်ဆေး …….
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လားရှိုးမြို့ပေါ် ရပ်ကွက် များ ရေစီးရေလာ ကောင်း မွန်ရေး  ဆောင်ရွက် ထားရှိမှုအား ယနေ့ မွန်းလွဲပိုင်း တွင် ကြည့်ရှု စစ်ဆေးခဲ့သည်။

ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ဖြေလျှော့မှုများ ဆက်တိုက် ဆောင်ရွက်

ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ဖြေလျှော့မှုများ ဆက်တိုက် ဆောင်ရွက်
တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို   စီး

နေပြည်တော်ရှိ အနှေးယာဉ်လုပ် သားများအား မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များမှ ပြည်သူများ၊ ဝန်ထမ်းများ၊ ဈေးသည်များ အား နေပြည်တော် ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးနည်းငွေကျပ် ၁၅ဝဝ တန်မိုဘိုင်းလ်ဖုန်း GSM,

မိုင်းဆတ် မြို့နယ်၌ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိ

Photo: မိုင်းဆတ် မြို့နယ်၌ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိ
Wednesday, August 28, 2013

တာချီလိတ် မြို့နယ် နယ်မြေခံ တပ်ရင်းနှင့် မူးယစ် (အထူး) အဖွဲ့ မှရဲအုပ် ကျော်သူ ဦးစီး ပူးပေါင်း အဖွဲ့သည်  သြဂုတ် ၂ဝရက် ညနေ ၅နာရီ ၄၅မိနစ်က သတင်းအရ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စောင့်ဆိုင်းနေစဉ် တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက်သို့ သွားမည့် ကျထော(ခ) အိုက်ထွန်း မောင်းနှင်လာသော ယာဉ်အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ဂျပ်ဖာ တစ်ဖာလျှင် အပြာရောင် ၂၅ ဘူးပါရှိပြီး အက်ဖီတမင်းဟု ယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝဒသမ ၅ ကီလိုဂရမ် ခန့်စီ ပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝထုပ်၊ ၅ဝ ကီလိုဂရမ်ခန့်၊ ကာလ တန်ဖိုး ၁ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝ နှုန်းဖြင့် ကျပ် ၁ဝဝဝဝသိန်းခန့်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် မျောက်တံဆိပ်ပါ အနံ့ဆေးရည် ပုလင်းဂျပ်ဖာ တစ်ဖာလျှင် ၅ဝဝ မီလီမီတာဝင် ပုလင်း ၂ဝစီပါရှိသည့် ဂျပ်ဖာ ၂ဝဖာ၊ စုစုပေါင်း ဆေးရည် ပုလင်း ၄ဝဝပုလင်း၊ ကာလတန်ဖိုး အနံ့ဆေးရည် တစ်ပုလင်းလျှင် ၁ဝဝဝကျပ် နှုန်းဖြင့် ကျပ် ၄သိန်းခန့်အား ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၆နာရီတွင် ယာဉ်မောင်း အိုက်မိန်း  မောင်းနှင်လာသော ယာဉ်အမှတ်၊ ၄ဂ/………… (Tiger Hilux) အမျိုးအစား ခဲရောင်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်း ဈေးကုန် ပစ္စည်း များအတွင်းမှ ဂျပ်ဖာ တစ်ဖာလျှင် အပြာရောင် ၂၅ဘူးပါရှိပြီး တစ်ဘူးလျှင် အဖြူ ရောင် ပလတ်စတစ် အိတ်ဖြင့် ထည့်လျက် အက်ဖီတမင်းဟုယူဆရသော အဖြူရောင်အမှုန့် တစ်ထုပ်လျှင် ဝ ဒသမ ၅ ကီလိုဂရမ်ခန့် စီပါရှိသည့် ဂျပ်ဖာ လေးဖာ၊ စုစုပေါင်း ၁ဝဝ ထုပ် ၅ဝ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၂ဝဝနှုန်းဖြင့် ကျပ် ၁ဝဝဝဝ သိန်းခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံ ယောင်ခကျေးရွာ၊ မိုင်းဆတ်မြို့နယ်နေ ကျထော (ခ)အိုက်ထွန်း (၄၅)နှစ်၊ (ဘ)ဦးအိုက်ဆန်းအား တာချီလိတ် ရဲစခန်းမှ မယ(ပ) ၁ဝ၁/ ၂ဝ၁၃၊ မူး/စိတ် ပုဒ်မ၁၅/၁၉ (က)အရ လည်းကောင်း၊ အိုက်မိန်း(၃၃)နှစ်၊ (ဘ) ဦးအိုက်ကပ်အား တာချီလိတ် ရဲစခန်းမှ  မယ(ပ) ၁ဝ၂/ ၂ဝ၁၃၊ မူး/ စိတ် ပုဒ်မ ၁၅/ ၁၉(က)အရ လည်းကောင်း အမှုဖွင့် အရေးယူထားပြီး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
တာချီလိတ် မြို့နယ် နယ်မြေခံတပ်ရင်းနှင့် မူးယစ်(အထူး)အဖွဲ့ မှရဲအုပ် ကျော်သူ ဦးစီးပူးပေါင်းအဖွဲ့သည် 

SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက်

SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက် ..........
SSA (ရွက်ဆစ်) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ အိုက်အွန်ခမ်းသည် သြဂုတ် ၂၆ရက် မွန်းလွဲပိုင်းက မိုင်း ယောင်း မြို့နယ် နယ်မြေခံ တပ်မတော် စစ်ကြောင်းသို့ လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ရာ တပ်မတော်မှ လိုအပ် သည်များ ကူညီဖြည့်ဆည်း ပေးခဲ့သည်။

ဇနီးသည်ဆီက ဘက်ခမ်း ရခဲ့တဲ့ ၃၈နှစ်မြောက် မွေးနေ့လက်ဆောင်

Photo: ဇနီးသည်ဆီက ဘက်ခမ်း ရခဲ့တဲ့ ၃၈နှစ်မြောက် မွေးနေ့လက်ဆောင်
Wednesday, August 28, 2013

ဒေးဗစ်ဘက်ခမ်းတစ်ယောက် ၃၈နှစ်ပြည့်မွေးနေ့အထိန်းအမှတ်အဖြစ်ရတဲ့ လက်ဆောင်တွေထဲမှာ ဇနီးသည် ဗစ်တိုးရီးယားဆီက ရတဲ့လက်ဆောင်က
အထူးခြားဆုံး ဖြစ်နေနိုင်ပါတယ်။ ဒီလက်ဆောင်ဟာတက်တူးထိုးခွင့်
ပြေစာတစ်ရွက်ပါပဲ။ ခင်ပွန်းသည်ကို မွေးနေ့လက်ဆောင် ပေးတာနဲ့ ပတ်သက်ပြီး “ ဒါဟာ သူ့အတွက် နောက်ထပ်တက်တူးထိုးဖို့ လိုတာကြောင့် မဟုတ်ပါဘူး”လို့ ဗစ်တိုးရီးယားက ပြောခဲ့ပါတယ်။

ဘက်ခမ်းကိုယ်ပေါ်မှာ တက်တူး ၃၂ပုံ ရှိပြီး အခုနှစ် အစောပိုင်း ဘီဘီစီရုပ်သံနဲ့ အင်တာဗျူးမှာ ဘယ်တက်တူးပုံအတွက်မှ နောင်တ
မရဘူးလို့ ဘက်ခမ်းက ပြောခဲ့ပါတယ်။ ဒီလို ပြောနိုင်အောင်လည်း သူ့မှာ အကြောင်းပြချက် ကောင်းကောင်းရှိခဲ့တာကိုး။ “တက်တူးပုံ ၃၂ပုံ စလုံးအတွက် ကျွန်တော် နောင်တမရပါဘူး။ ဒီပုံတွေ အားလုံးမှာ အဓိပ္ပာယ်ကိုယ်စီရှိပြီး တက်တူးထိုးတဲ့အခါ အဓိပ္ပာယ်ရှိဖို့က အရေးအကြီးဆုံးပါပဲ။ တက်တူးတွေမှာ ဒီလို အဓိပ္ပာယ်ရှိတဲ့အခါ ခင်ဗျားအနေနဲ့ သူတို့အတွက် နောင်တရမှာ မဟုတ်တော့ပါဘူး။ ကျွန်တော် အကြိုက်ဆုံးကတော့ ကျွန်တော့် ကလေးတွေရဲ့ နာမည်တွေပါပဲ”လို့ ဘက်ခမ်းက ပြောခဲ့တာပါ။ ဇနီးသည်ကတက်တူးထိုးခ ပေးချေထားတဲ့
ပြေစာပေးခဲ့တာကြောင့် ဘက်ခမ်းအနေနဲ့ မကြာခင်မှာ ၃၃ပုံမြောက် တက်တူးထိုးဖွယ် ရှိနေပါတယ်။

YoYarLay
ဒေးဗစ်ဘက်ခမ်းတစ်ယောက် ၃၈နှစ်ပြည့်မွေးနေ့ အထိန်းအမှတ်အဖြစ်ရတဲ့ လက်ဆောင်တွေထဲမှာ ဇနီး သည် ဗစ်တိုးရီးယားဆီက ရတဲ့လက်ဆောင်က အထူးခြားဆုံး ဖြစ်နေနိုင်ပါတယ်။

ပိုးမွှားကိုက်သည့်ဒဏ်ရာကို ပျောက်ကင်းစေသောနည်းများ

Photo: ပိုးမွှားကိုက်သည့်ဒဏ်ရာကို ပျောက်ကင်းစေသောနည်းများ
Wednesday, August 28, 2013

(၁)ပျားတုတ်ခြင်း၊ ပိုးမွှားကိုက်ခြင်း၊ ယားယံခြင်းတို့ကို ငှက်ပျောသီးအခွံ ခွာပြီး ငှက်ပျောသီး၏ အခွံအတွင်း ပိုင်းကို အနာပေါ်သို့ တိုက်ရိုက်မိနစ် (၉၀)ခန့်အုံပါ။ ထို့နောက်ယင်းနေရာ ကို ရေဆေးချပြီး လက်သန့်စင်ရည်ကို လိမ်းခြင်းဖြင့် ယားယံခြင်းကို သက်သာ စေသည်။

(၂)ရေခဲကို အဝတ်သန့်နှင့်ထုတ်ပြီး အုံခြင်းဖြင့် ပိုးမွှားတုတ်၍ ရောင်ရမ်း
ခြင်းကို လျော့ချစေသည်။

(၃)မုန့်ဖုတ်ဆိုဒါကို ရေနှင့်ရော၍ အနှစ်ပြုလုပ်ပြီး ပိုးမွှားကိုက်သည့် နေ
ရာပေါ်သို့ အုံပါ။ ပိုးမွှား(၁)ကောင်မက အကိုက်ခံရပါက ရေနွေးနှင့် ရေချိုးပါ။ အကယ်၍ အကိုက် ခံရသည့်နေရာက အပေါက်ဖြစ်နေ လျှင် နံပါတ် (၃)အချက်ကို မပြုလုပ်ပါနှင့်။

(၄)လာဗင်ဒါနှင့် tea tree အဆီကို ဂွမ်းနှင့်တို့၍လိမ်းနိုင်သည်။ လာဗင် ဒါဆီက သဘာဝအရောင်ကျစေ သောပစ္စည်းတစ်မျိုးဖြစ်ပြီး tea tree အဆီက ပိုးသတ်ပေးနိုင်သည်။

(၅) သွားတိုက်ဆေးအနည်းငယ်ကို ပိုးမွှားကိုက်ဒဏ်ရာပေါ်ကို လိမ်း ပေးခြင်းဖြင့် နာကျင်မှုကို ပျောက် ကင်းစေသည်။ သွားတိုက်ဆေးတွင် ပါဝင်သော 'ဖလူအိုရိုက်' က ဓာတ် မတည့်၍ဖြစ်သော ရောဂါကုဆေး အဖြစ် စွမ်းဆောင်နိုင်သဖြင့် မိနစ်အနည်းငယ်အတွင်း ဝေဒနာကို ပျောက်
ကင်းစေသည်။

(၆)ပါးစပ်ဆေးရည်ကို ဂွမ်းတွင်ဆွတ် ၍ လိမ်းပေးပါ။ ပိုးမွှားအဆိပ်ကို ပျယ်စေနိုင်သည်။

(၇)ရHTကို စေးအောင်လုပ်၍ ပိုးမွှား ကိုက်သည့်နေရာတွင် အုံပြီး
ခြောက် အောင်ထားပါ။ ပြီးမှ ရေဆေးချလျှင် ယားယံမှုကို ပျောက်ကင်းစေ သည်။

(၈) အက်စပရင်ကို ချေပြီး ရေနှင့် ပျစ်အောင် လုပ်၍ ဂျပိုးကဲ့သို့သော ပိုးမွှားကိုက်သည့်နေရာကို လိမ်းပေး ပါ။ တစ်ညသိပ်ပတ်တီးနှင့်စည်းပါ။ နံနက်ရောက်လျှင် ယားယံမှုလုံးဝ ပျောက်ကင်းသွားလိမ့်မည်။

ဒေါန
Health Updates Journal
(၁)ပျားတုတ်ခြင်း၊ ပိုးမွှားကိုက်ခြင်း၊ ယားယံခြင်းတို့ကို ငှက်ပျောသီးအခွံ ခွာပြီး ငှက်ပျောသီး၏ အခွံအတွင်း ပိုင်းကို အနာပေါ်သို့ တိုက်ရိုက်မိနစ် (၉၀)ခန့်အုံပါ။ ထို့နောက်ယင်းနေရာ ကို ရေဆေးချပြီး လက်သန့်စင် ရည်ကို လိမ်းခြင်းဖြင့် ယားယံခြင်းကို သက်သာ စေသည်။

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်

S-28-8
ရွှေတိဂုံ စေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည် များ အား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်)
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက် ခဲ့ပြီး နိုင်ငံခြားသားများထံမှ အလှူငွေ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်နှင့် FEC တစ်သန်းကျော် ရရှိ ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များနှင့် လုပ်ထုံးလုပ်နည်းများကို သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

သတင်းမီဒီယာ ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည်

သတင်းမီဒီယာ ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် က ပြောကြားသည်။

ဝန်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည်ဟု ဝေဖန်ခံ ထားရသော ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြု

Photo: ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည်ဟု ဝေဖန်ခံ ထားရသော ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြု 
Wednesday, August 28, 2013

ဝန်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အကြား သဘောထား ကွဲလွဲချက်များအား သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်၌ ဇူလိုင် ၂ ရက်တွင် ဆွေးနွေးကာ ပြင်ဆင် ချက်များဖြင့် ဇူလိုင် ၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး သြဂုတ် ၇ ရက်တွင် ပြည်သူ့လွှတ်တော်၌ လက်ခံဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များ အတည်ပြုခဲ့ပြီး သြဂုတ် ၉ ရက်တွင် အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာ သဘောထား ကွဲလွဲချက်များ ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆုံးဖြတ်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သဘောထား ကွဲလွဲချက်များအား ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ (၈) ပုဒ်မခွဲ(က) "ပုဒ်မ ၇ အရ တင်ပြချက်ကို ရရှိသည့်အခါ ပြည်တွင်းမှ လျှောက်ထားချက်ဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူရန် လိုအပ်သော လုပ်ငန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက် ရယူ၍သော် လည်းကောင်း၊ ထိုသို့ သဘောတူညီချက် ရယူရန် မလိုအပ်သော လုပ်ငန်းအတွက် ၀န်ကြီးဌာန၏ အဆုံးအဖြတ်ဖြင့်သော် လည်းကောင်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင် လုပ်ကိုင်ရန် ခွင့်ပြုနိုင်သည်" ဟု လည်းကောင်း၊ ပုဒ်မ (၉) "ဦးစီးဌာနသည် ပုဒ်မ (၈) ပုဒ်မခွဲ (ဂ)အရ ၀န်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် ရရှိသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများအား သက်ဆိုင်ရာ လုပ်ငန်းအလိုက် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ထုတ်ပေးရမည်" ဟု ပြည်သူ့လွှတ်တော် ၏ ပြဋ္ဌာန်းချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်ဖြစ်သော ပုဒ်မ (၁၇) "လုပ်ငန်းလိုင်စင် ရရှိသူသည် မိမိ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းမှ တစ်ဆင့် ထုတ်လွှင့်သော သို့မဟုတ် ဖမ်းယူသော သတင်းအချက် အလက် များ၊ အကြောင်းအရာများနှင့် သုံးစွဲသူ ပြည်သူတစ်ဦးချင်းစီ၏ လျှို့ဝှက်ထား ရှိရမည့် သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်း ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုထားသည့် ကိစ္စမှအပ သက်ဆိုင်ခြင်း မရှိသူအား ထုတ်ဖော်အသိပေးခြင်း မပြုရ" ကိုလည်း မဲခွဲဆုံးဖြတ် ရာ ပြည်သူ့လွှတ်တော်၏ ပြဋ္ဌာန်းချက်အတိုင်းပင် အတည်ပြုခဲ့သည်။

ပုဒ်မ (၃) ပုဒ်မခွဲ (က) အား အမျိုးသားလွှတ်တော် ပြင်ဆင်ချက် "ဆက်သွယ်ရေး အလင်းတန်း (Telecommunication) ဆိုသည်မှာ သတင်းအချက်အလက် တစ်ရပ်ရပ်ကို ၀ါယာကြိုး၊ ဖိုက်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုး တစ်ခုခုကို အသုံးပု၍သော် လည်းကောင်း၊ ရေဒီ ယို လှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက် ဓာတ်ထုတ်လွှင့်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော် လည်းကောင်း မူရင်းအတိုင်းဖြစ်စေ ပြုပြင်၍ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကို ဆိုလိုသည်" ဟု ပြဋ္ဌာန်းချက်အား အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့အကြား ကွဲလွဲချက်များထဲမှ သဘောကွဲလွဲသည့် ပုဒ်မ ၁၅ (ဂ)၊ ပုဒ်မ (၇၂)၊ ပုဒ်မ (၈၆) တို့ အား ပြည်ထောင် စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော် မတီ၏ ပြင်ဆင် ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့အတူ အမျိုးသားလွှတ်တော်၏ ပုဒ်မ (၁၃) တွင် ပုဒ်မခွဲ (ဂ) အဖြစ် ဖြည့် စွက်ပြဋ္ဌာန်းချက်ဖြစ်သော "တစ်ကိုယ်ရေသုံး ဆက်သွယ်ရေး၊ ပစ္စည်းများ အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ်သုံး ပစ္စည်းများအား လက်ဝယ် ထားရှိခြင်းနှင့် အသုံးပြုခြင်း" အချက်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက် ရန် ပြင်ဆင်ခဲ့သဖြင့် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ရာ ပြည်ထောင် စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ပယ်ဖျက်ခဲ့သည်။

Eleven Media Group
ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် ပြင်ဆင်ချက် များ ကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက လွှတ်တော်သို့ တင်သွင်းစဉ်
ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့် ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေက လွှတ်တော်သို့ တင်သွင်းစဉ်
ဝန်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုဒ်မများ ပါဝင်နေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အကြား သဘောထား ကွဲလွဲချက်များအား သြဂုတ် ၂၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါး တွင် ရောက်ရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်

မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါး တွင် ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်းမပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်းအ၀ိုင်း နှစ်ခုတို့  အကြား တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များ အဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ဘက် မလိုက်ကြောင်း လူ့ အခွင့်အရေး သံတမန် ကင်တားနား ချေပ

Photo: ဘက်မလိုက်ကြောင်း လူ့အခွင့်အရေးသံတမန် ကင်တားနား ချေပ
Wednesday, August 28, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအစိုးရ
အပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်းမရှိဘူးလို့ ပြော
လိုက်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ အမြင်မှန် ရစေချင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို (၇) ကြိမ်မြောက် သွားရောက်ခဲ့ပြီး၊ ဒီရက်ပိုင်းအတွင်း ပြန်ထွက်လာခဲ့တဲ့ မစ္စတာ ကင်တားနားက ဗွီအိုအေနဲ့ မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ အခုလို ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

ပါမောက္ခ ကင်တားနားအနေနဲ့ ဒီတခေါက် မြန်မာပြည်ကို သွားတဲ့အခါ သူ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ ကိစ္စနဲ့ ၂ ကြိမ် ကြုံခဲ့ရပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်မှာ ကြုံခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကောင်းမြင်တဲ့ သဘောနဲ့ ရှုမြင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်၊ ဆန္ဒပြသူထဲက လူတဦးနဲ့ အမြင်ချင်း ဖလှယ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်းပဲ မိတ္ထီလာမှာ ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကြမ်းဖက် ခံခဲ့ရတဲ့ သဘောမျိုး ယူဆပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကလေး စိတ်မကောင်းပုံလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အစိုးရဘက်က သူ့ရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာကို သူက အဓိက ထောက်ပြပါတယ်။

ဒါပေမဲ့ ဒီကိစ္စကိုလည်း နောင်မဖြစ်ရင်ပြီးရော သူက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရှင်းပြခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် တစုံတရာ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်စရာလည်း မလိုဘူး၊ မရှိဘူးဆိုတဲ့ သဘော အခုလို ပြောပါတယ်။

“နောက်တကြိမ် ထပ်ပြီးတော့ ပြောပါဦးမယ်။ စောစောက ပြောခဲ့သလိုပါပဲ ဒီကိစ္စကို ကျနော်ကိုယ်တိုင် မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီမှာတင် ရပ်ထားလိုက်မှာပါ။ အစိုးရဟာ ကျနော့်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော် မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာတဲ့အခါ ဒါမျိုး ထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ပါတယ်။”

နောက်တချက်က မစ္စတာ ကင်တားနားအနေနဲ့ အဓိက ကာကွယ်ပြီး ပြောချင်တဲ့ ကိစ္စကတော့ သူဟာ တဘက်ဘက်ကို ဘက်လိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ အထူးသဖြင့် ဗုဒ္ဓဘာသာ တချို့က မစ္စတာ ကင်တားနားဟာ မူဆလင်တွေဘက်က ဘက်လိုက် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ဒီလို အထင်ခံရတဲ့ ကိစ္စကိုတော့ သူက အဓိကထားပြီး ချေပပါတယ်။ သူ့အနေနဲ့ တဘက်ဘက်ကို ဘက်လိုက်စရာ လုံးဝ အကြောင်းမရှိဘူး ဆိုတာကို အခုလို အခိုင်အမာ ပြောသွားပါတယ်။

“ကျနော် ဒီတာဝန်ကို စတင် ထမ်းဆောင်တာ ၂၀၀၈ ခုနှစ်ကတည်းက
ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပြီးတော့
နောက်တနှစ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ သံဃာတော်၊ သာမန်အရပ်သား၊ ဗုဒ္ဓဘာသာ မြန်မာတွေ အသတ်ခံခဲ့ရပြီးတဲ့ ကာလပါ။ အဲဒီ ၂၀၀၈ မှာ ရောက်လာတော့ ကျနော်ဟာ ဖိနှိပ်ခံနေရသူ အားလုံးအတွက် ခုခံကာကွယ်မှုတွေ စလုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့အထိ ကျနော်ဟာ အဖိနှိပ်ခံ လူ့အသိုင်းအ၀ိုင်း အားလုံးအကျိုးအတွက် ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်မို့လို့ မြန်မာပြည်သူတွေအနေနဲ့ ကျနော် ဘာတွေလုပ်ဆောင်ခဲ့တယ် ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ မနှစ်တနှစ်ကမှ စပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။”

“နောက်တခုက ကျနော်ဟာ တောင်အမေရိကတိုက်သားပါ၊ အာဂျင်တီးနား နိုင်ငံသားပါ။ ကျနော်တို့ အာဂျင်တီးနားမှာ မူဆလင် အသိုင်းအ၀ိုင်းလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းလည်း မရှိပါဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြဿနာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာအကြောင်း လုံးဝ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ ကုလသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း သိအောင် တင်ပြပေးဖို့သာ ဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းတွေအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အာရုံစိုက်ရပါတယ်။ ကျနော် ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကြည့်လို့ရှိရင် ခင်ဗျား တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်လူ့အဖွဲ့အစည်း ဘယ်လိုတွေ ဒုက္ခရောက်ရတယ်၊ ဘယ်လို နစ်နာခဲ့ရတယ်၊ သူတို့အတွက် ဘယ်လိုမျိုး ဖွံ့ဖြိုးရေးတွေ လိုအပ်သလဲ၊ နောက် သယံဇာတ မျှဝေခံစားခွင့် ရသင့်တယ်ဆိုတာကို အလေးထား တင်ပြထားတာ တွေ့ရပါလိမ့်မယ်။”

“အလားတူစွာပဲ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျနော်ဟာ မြန်မာပြည်က လူ့အသိုင်းအ၀ိုင်းတွေ အားလုံးအတွက် ဒါမျိုးတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ထပ်ပြီးတော့ ပြောလိုပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အားလုံးပါ။ ဒီတကြိမ်မှာ ဆိုလို့ရှိရင် အရင် ကုလသမဂ္ဂရဲ့ ဘယ်အရာရှိကြီးကမှ မသွားခဲ့ဘူးတဲ့ ချင်းပြည်နယ်ကိုပါ ကျနော် ရောက်အောင် သွားခဲ့တာပါ။”

မစ္စတာ ကင်တားနားဟာ ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ (၇) ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဦးမှာလည်း
ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး သံတမန်အဖြစ် ထမ်းဆောင်တဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။

VOA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေ နဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်းမရှိဘူးလို့ ပြော လိုက်ပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး

Photo: ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး

Wednesday, 28 August 2013 

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း (BRT) စနစ်ကို ပြေးဆွဲရန် စီစဉ်နေရာ ယင်းစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါ စနစ်အတွက် လမ်းနှင့်မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

မူလက အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ယခုနှစ်တွင် စတင်ရန်မှန်း ထားခဲ့သော်လည်း ရန်ကုန်မြို့၏ လက်ရှိလမ်းအနေအထား၊ မီးပွိုင့်အနေအထားများအရ အမြန်ဘတ်စ်ကားလိုင်းစနစ် ပြေးဆွဲရန် ပြင်ဆင်မှုများ လိုအပ်နေခြင်းကြောင့် မစတင်နိုင်သေးသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

"အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပညာရှင်တွေ ပါဝင်တဲ့ နည်းပညာ အထောက်အကူပြုကို ဖွဲ့စည်းပြီးပါပြီ။ အဲဒီအဖွဲ့ကနေ ဘယ်လမ်းကြောင်းမှာ ဘယ်လိုစမယ်ဆိုတာတွေ မညှိနှိုင်းရသေးပါဘူး။ ပြီးတော့ ဆွဲမယ်ဆိုရင် လမ်းတွေ၊ မီးပွိုင့်တွေကို ပြင်ဆင်မှုတွေ လုပ်ရမှာ ဖြစ်တဲ့အတွက် ပြေးဆွဲဖို့ လိုပါဦးမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

အဆိုပါစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိယာဉ်လိုင်းကြီး နှစ်ခုမှ ၀င်ရောက်ပြေးဆွဲမည်ဟု တင်ပြထားပြီး အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် လိုအပ်သည့် ဘတ်စ်ကားမှတ်တိုင်များ စသည်တို့ကိုလည်း ၎င်းတို့ဘက်မှ လုပ်ပေးမည်ဟု တင်ပြလာကြောင်း သိရသည်။

"မေတ္တာလှိုင်း မော်တော်ယာဉ်လိုင်းကတော့ အမြန်ဘတ်စ်ကားလိုင်း ဆွဲမယ်ဆိုရင် လိုအပ်တဲ့ ဘတ်စ်ကားမှတ်တိုင်တွေကို သူတို့လုပ်ပေးမယ်လို့ တင်ပြလာတယ်။ အခြားယာဉ်လိုင်း တစ်ခုကလည်း အဲဒီလိုမျိုး တင်ပြလာရှိတယ်" ဟု ဦးအောင်ခင်က ဆက်လက်ပြောကြားသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ယာဉ်လိုင်းများအား ၎င်းတို့၏ အစီအစဉ်ဖြင့် ပြည်ပမှယာဉ်များ တင်သွင်းခွင့် ပြုထားပြီး တင်သွင်းလာသည့် ယာဉ်များထဲမှ အဆင့်မီယာဉ်များကိုသာ ရွေးချယ်ပြေးဆွဲစေမည်ဖြစ်ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ခြောက်လမ်းသွား လမ်းမများသာ အဆင်ပြေပြီး အမြန်ဘတ်စ်ကား လိုင်းအတွက် သီးသန့်လမ်းကြောင်းများ ပြုလုပ်ပေးရမည်ဖြစ်ပြီး ယင်းအတွက်လည်း တိုင်ပင်နေကြောင်း၊ ရန်ကုန်မြို့တွင် ခြောက်လမ်းသွား အနေဖြင့် အနည်းငယ်သာရှိပြီး ပြည်လမ်းကို ပဏာမ ရွေးချယ်ထားကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရန်အတွက် မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုချက် တင်ထားပြီး အစိုးရမှ ခွင့်ပြုပါက ၎င်းတို့အနေဖြင့် အောင်မင်္ဂလာ အဝေးပြေးလမ်း၊ ၆ ကွေ့မှ ကန်သာယာလမ်းဆုံအထိ ပြေးဆွဲရန် စီစဉ်နေသည်ဟု အဆိုပါယာဉ်လိုင်း တာဝန်ရှိသူများက ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း(BRT)စနစ်ကိုပြေးဆွဲရန်စီစဉ်နေရာ ယင်းစနစ်တွင်ဝင်ရောက်ပြေး ဆွဲရန်အတွက် ပုဂ္ဂလိကယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါစနစ်အတွက် လမ်းနှင့် မီးပွိုင့်စနစ် များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များတွင် နောက်ကွယ်၌ လှုံ့ဆော်သူ အမျိုးမျိုး ရှိနေသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြား

Photo: ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး

Wednesday, 28 August 2013 

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း (BRT) စနစ်ကို ပြေးဆွဲရန် စီစဉ်နေရာ ယင်းစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါ စနစ်အတွက် လမ်းနှင့်မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

မူလက အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ယခုနှစ်တွင် စတင်ရန်မှန်း ထားခဲ့သော်လည်း ရန်ကုန်မြို့၏ လက်ရှိလမ်းအနေအထား၊ မီးပွိုင့်အနေအထားများအရ အမြန်ဘတ်စ်ကားလိုင်းစနစ် ပြေးဆွဲရန် ပြင်ဆင်မှုများ လိုအပ်နေခြင်းကြောင့် မစတင်နိုင်သေးသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

"အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပညာရှင်တွေ ပါဝင်တဲ့ နည်းပညာ အထောက်အကူပြုကို ဖွဲ့စည်းပြီးပါပြီ။ အဲဒီအဖွဲ့ကနေ ဘယ်လမ်းကြောင်းမှာ ဘယ်လိုစမယ်ဆိုတာတွေ မညှိနှိုင်းရသေးပါဘူး။ ပြီးတော့ ဆွဲမယ်ဆိုရင် လမ်းတွေ၊ မီးပွိုင့်တွေကို ပြင်ဆင်မှုတွေ လုပ်ရမှာ ဖြစ်တဲ့အတွက် ပြေးဆွဲဖို့ လိုပါဦးမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

အဆိုပါစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိယာဉ်လိုင်းကြီး နှစ်ခုမှ ၀င်ရောက်ပြေးဆွဲမည်ဟု တင်ပြထားပြီး အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် လိုအပ်သည့် ဘတ်စ်ကားမှတ်တိုင်များ စသည်တို့ကိုလည်း ၎င်းတို့ဘက်မှ လုပ်ပေးမည်ဟု တင်ပြလာကြောင်း သိရသည်။

"မေတ္တာလှိုင်း မော်တော်ယာဉ်လိုင်းကတော့ အမြန်ဘတ်စ်ကားလိုင်း ဆွဲမယ်ဆိုရင် လိုအပ်တဲ့ ဘတ်စ်ကားမှတ်တိုင်တွေကို သူတို့လုပ်ပေးမယ်လို့ တင်ပြလာတယ်။ အခြားယာဉ်လိုင်း တစ်ခုကလည်း အဲဒီလိုမျိုး တင်ပြလာရှိတယ်" ဟု ဦးအောင်ခင်က ဆက်လက်ပြောကြားသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ယာဉ်လိုင်းများအား ၎င်းတို့၏ အစီအစဉ်ဖြင့် ပြည်ပမှယာဉ်များ တင်သွင်းခွင့် ပြုထားပြီး တင်သွင်းလာသည့် ယာဉ်များထဲမှ အဆင့်မီယာဉ်များကိုသာ ရွေးချယ်ပြေးဆွဲစေမည်ဖြစ်ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ခြောက်လမ်းသွား လမ်းမများသာ အဆင်ပြေပြီး အမြန်ဘတ်စ်ကား လိုင်းအတွက် သီးသန့်လမ်းကြောင်းများ ပြုလုပ်ပေးရမည်ဖြစ်ပြီး ယင်းအတွက်လည်း တိုင်ပင်နေကြောင်း၊ ရန်ကုန်မြို့တွင် ခြောက်လမ်းသွား အနေဖြင့် အနည်းငယ်သာရှိပြီး ပြည်လမ်းကို ပဏာမ ရွေးချယ်ထားကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရန်အတွက် မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဆိုပြုချက် တင်ထားပြီး အစိုးရမှ ခွင့်ပြုပါက ၎င်းတို့အနေဖြင့် အောင်မင်္ဂလာ အဝေးပြေးလမ်း၊ ၆ ကွေ့မှ ကန်သာယာလမ်းဆုံအထိ ပြေးဆွဲရန် စီစဉ်နေသည်ဟု အဆိုပါယာဉ်လိုင်း တာဝန်ရှိသူများက ပြောကြားသည်။

Eleven Media Group

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံအ၀န်း ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များမှာ ကနဦးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် သာမန် မှုခင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားရာမှ အစပြုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ၏ နောက်ကွယ်၌ လှုံ့ဆော်သူ အဖွဲ့အစည်း အမျိုးမျိုး ရှိနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြားနေသော်လည်း ကျူးလွန်သူ များကို ဖမ်းမမိသေးကြောင်း သိရသည်။

အသိဥာဏ်မြင့်မားသော အမျိုးသမီးများ မိခင်ဖြစ်နိုင်ချေ နည်းပါး

Photo: အသိဥာဏ်မြင့်မားသော အမျိုးသမီးများမိခင်ဖြစ်နိုင်ချေ နည်းပါး
Wednesday, 28 August 2013

လေ့လာမှုတစ်ခုမှာ ဖော်ပြထား ချက်အရ အမျိုးသမီးများ အသိဥာဏ် မြင့် မားလေလေမိခင်ဖြစ်နိုင်ဖို့ အခွင့် အလမ်းနည်းပါးလေလေ ဖြစ်တယ်လို့ သိရပါတယ်။

သာမန်ထက် IQ ၁၅မှတ် လောက်ပိုမြင့်တဲ့ အမျိုးသမီးတွေဟာ မိခင်ဖြစ်နိုင်ချေ ၂၅%ပိုနည်းပါး တယ်လို့ လေ့လာမှုကို ဦးဆောင်ခဲ့သူLondon School of Economicsျ မှ သုတေသီ Satoshi Kanazawa က ပြောကြားထားပါတယ်။ ဒီလေ့လာ မှုကို သူမနဲ့အတူ UKကလေးများဖွံဖြိုး မှုအစီအစဉ်မှလည်း ပူးပေါင်းပါဝင်ခဲ့ ပါတယ်။
ဒါဟာ သဘာဝမကျတဲ့ ကိန်း ဂဏန်းဖြစ်မယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် လူသားတွေဟာ အခြား တိရစ္ဆာန်တွေနဲ့ မတူတာကတော့ ကိုယ်ကိုယ်တိုင် ကလေးမရအောင် နေထိုင်နိုင်မှု (voluntary childless ness)ကြောင့်ပဲ ဒီလိုဖြစ်နေတာပါလို့ Dr.Satoshi Kanazawa က ရှင်းပြ ထားပါတယ်။

အသိဥာဏ်မြင့်မားသော အမျိုး သမီးတွေဟာ ကလေးမွေးဖွားမှုဟာ အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန် သာဖြစ်ပြီး အဲဒီလုပ်ငန်းအတွက် အသက်ရှင်နေတာ မဟုတ်ကြောင်း ကို မသိစိတ်က ဖော်ပြလိုကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ ပညာရေးဟာ မိသားစုတစ်စု တည် ဆောက်ရေးထက် ပိုအရေးကြီးတယ် လို့ IQ မြင့်တဲ့ အမျိုးသမီးတွေက သုံးသပ်ကြတယ်လို့ Dr.Kanazawa က သုံးသပ်ထားပါတယ်။ ဒီကိစ္စဟာ ဖွံဖြိုးပြီးနိုင်ငံတွေမှာ အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်လာနေပြီး လုပ်ငန်း ခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီး တွေဟာ သူမတို့ရဲ့ ဇီဝနာရီ (ရာသီ စက်ဝန်း)ရပ်တဲ့အထိ ကလေးမယူကြ တာဟာ ၁၉၇၀ပြည့်နှစ်များကတည်း က ဖြစ်ပါတယ်။

သန့်စင်
ref: ANI
Health Updates Journal
လေ့လာမှုတစ်ခုမှာ ဖော်ပြထား ချက်အရ အမျိုးသမီးများ အသိဥာဏ် မြင့် မားလေလေမိခင်ဖြစ်နိုင်ဖို့ အခွင့် အလမ်းနည်းပါးလေလေ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday 27 August 2013

ရန်ကုန်ဆရာဝန်များ အွန်လိုင်းကနေ သင်တန်းတက်

Photo: ရန်ကုန်ဆရာဝန်များ အွန်လိုင်းကနေ သင်တန်းတက်
Tuesday, August 27, 2013

မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့် HIV ဆိုင်ရာ သင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦးကို သောကြာနေ့က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

သင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ခဲ့သည်ဟု ဒေါက်တာမြင့်ဦးက သင်တန်းဆင်းလက်မှတ် ပေးအပ်သည့်အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ MMA အသင်းတိုက်တွင် ပြောပြသည်။

“ကုသရေးက အဓိက ပါတယ်။ ပျောက်ကင်းတဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့က ထိန်းတယ်၊ ကုတယ်၊ ပေါ်ပေါက်
လာတဲ့ ရောဂါတွေကို တားတယ်။ တီဘီ ပေါ်လာရင် ပျောက်ကင်းအောင် ကုတယ်။ ကိုယ်ခံအားကျဆင်းရင် ပြန်မြင့်အောင် လုပ်တယ်” ဟု
ဒေါက်တာမြင့်ဦးက ရှင်းပြသည်။

HIV/AIDS အဖြစ် အများဆုံးသောနိုင်ငံများတွင် ကုသမှုနှင့်ဆေးသုတေသန လုပ်ကိုင်နေသူ ပါမောက္ခများက ပို့ချခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြော
သည်။

MMA ၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင်လည်း အင်တာနက်အခြေပြု သင်တန်းနှင့်ပတ်သက်ပြီး ဒေါက်တာမြင့်ဦး၏ အသေးစိတ် ပြောဆိုချက်များကို အောက်ပါအတိုင်း တွေ့ရှိရသည်။

” ၀ါရှင်တန် တက္ကသိုလ် ရဲ့ campus စာသင်ခန်းထဲမှာ သင်ကြားနေတာကို ကျွန်တော်တို့ဆီကနေ webinar (အင်တာနက် စာသင်ခန်းမ) နဲ့ ချိတ်ဆက်ပြီး သင်ယူရပါတယ်။

သူတို့ဆီမှာ မနက် ၈နာရီက ကျွန်တော်တို့ ဆီမှာက ည ၁၀ နာရီခွဲ ဖြစ်နေတယ်။ ဒီတော့ သူတို့ဆီက စာသင်အပြီး ၀က်ဆိုက်ပေါ် လွင့်တင်ပေး လိုက်တာကို ကျွန်တော်တို့ဆီကနေ ဒေါင်းလုတ်ဆွဲပြီး ဗီစီဒီခုတ်ရတယ်။

နောက်နေ့ နေ့လည်ကျမှ ရန်ကုန်သင်တန်းသားတွေကို ဒီဗီဒီ တစ်ချပ်စီ ဖြန့်ဝေပေးပြီး ဆရာဝန်အသင်းတိုက်မှာ အွန်လိုင်းနဲ့ စာသင်ကြရတာပါ။ တစ်ရက်ကို ၁ နာရီကျော်ကြာတဲ့ လက်ချာ ၂ ခုစီ တက်ရတယ်။

မြန်မာနိုင်ငံမှာရှိနေ တဲ့  HIV သင်ကြားမှုကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ဆရာဝန် အသင်းတိုက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ ပံ့ပိုးကူညီမှုနဲ့ သင်ယူကြရတာဖြစ်ပါတယ်။

ရန်ကုန်က သင်တန်းသားတွေ ဆွေးနွေး မေးမြန်းတဲ့ အချက်အလက်တွေကို သူတို့ဆီက ပါမောက္ခတွေက Discussion Board ပေါ်မှာ ဖြေကြားပေး
ပါတယ်။

Webinar ထဲမှာ တစ်ခြားနိုင်ငံက ဆရာဝန်တွေနဲ့လည်း ဆွေးနွေးခွင့်ရရှိခဲ့
ပါတယ်။ တစ်ပတ်ကို ၁၂ နာရီကျော် ကြာအောင် လေ့လာသင်ယူချိန်ပေး
ခဲ့ရပြီး အပတ်စဉ် စာမေးပွဲလည်း ဖြေဆိုရပါတယ်။

ကိုယ်ပိုင် password နဲ့ တစ်ဦးချင်းစီဖြေဆိုရ တာဖြစ်ပြီး အောင်မှတ် ၈၀ ရာနှုန်းကျော်တဲ့သူတွေကို ၀ါရှင်တန် တက္ကသိုလ်က ပါမောက္ခ ၃ ဦး ကိုယ်တိုင် လက်မှတ်ရေး ထိုးထားတဲ့ အောင်လက်မှတ်တွေကို အမြန်ချောပို့
စနစ်နဲ့ ပို့ပေးလိုက်တာ ဖြစ်ပါတယ်”

ဧရာဝတီ
မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် အမေရိကန်ရှိ University of Washington တို့၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် အွန်လိုင်းမှပို့ချသည့် HIV ဆိုင်ရာသင်တန်း စာမေးပွဲအောင်မြင်သူ ၆၉ ဦး ကို သောကြာနေ့ က သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတော့မည်

Photo: နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီ ထောင်ခွင့် ရှိတော့မည်
Tuesday, August 27, 2013

ယခင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။


အရင်ကတော့ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင် ဥပဒေမှာ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် တွေနဲ့ အတူ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ ဖြစ်ခြင်း” ဆိုတဲ့ စကားရပ်တိုင်းမှာ "နိုင်ငံသားဖြစ်ခြင်း" ဆိုတဲ့ စကားရပ် ကို အစား ထိုး ဖြည့်သွင်းထားတာကို ယနေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ အများပြည်သူ
လေ့လာနိုင်ဖို့ ဥပဒေမူကြမ်း အဖြစ် ဖော်ပြထားပါတယ်။

ယခင် စစ်အစိုးရလက်ထက်က နိုင်ငံသားမဖြစ်ပဲ ဧည့်နိုင်ငံသားတွေ၊ ယာယီ
သက်သေခံခွင့် လက်မှတ်ကိုင်ထားသူတွေက နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရခဲ့ကြတာပါ။ အခုတော့ နိုင်ငံသား ဖြစ်သူမှသာ မြန်မာနိုင်ငံမှာ နိုင်ငံရေး
ပါတီအဖြစ် တည်ထောင်ခွင့် ရကြတော့မှာဖြစ်ပါတယ်။

ဧရာဝတီblog
ယခင် စစ်အစိုးရလက်ထက်က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။

ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ

Photo: ဘန်ကီမွန်းရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယား မြစ်ကြီးနား ရောက်နေ
Tuesday, August 27, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား
မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။

“ ဒီနေ့ ၁၀ နာရီ ခွဲလောက်မှာ စရောက်တယ်၊ အခုတော့ (မွန်းတည့်)
နှစ်ခြင်း ခရစ်ယာန် ကျောင်းမှာ အဖွဲ့စုံတွေနဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်၊ ဝန်ကြီးချုပ်လည်း အစည်းအဝေး ထဲမှာ ရှိနေပါတယ်” ဟု ၄င်းမှ ပြောသည်။

မစ္စတာ နမ်ဘီးယားနှင့်အတူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးအုန်းမြင့်နှင့် မာရီယာ တို့လည်း လိုက်ပါ သွားကြကြောင်း သိရှိ ရသည်။

မွန်းတည့် ခန့်၌ မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ နှစ်ချင်း ခရစ်ယာန်
ကျောင်း၌ ကချင်ပြည်နယ်၌ အခြေပြု လှုပ်ရှားနေတဲ့ လူမှု အဖွဲ့ အစည်း
များနှင့် ဘာသာရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ
ဆွေးနွေးလျက်ရှိသည်။

မစ္စတာ နမ်ဘီးယားမှ ၄င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လိုင်ဇာ ဌာနချုပ်သို့ သွားရောက်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ၄င်း အစီအစဉ် အတိအကျကို မိမိတို့ သိရှိ ရသေးခြင်း မရှိသေးဟု ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေး အရာရှိမှ ဆိုပါသည်။

ယခု အကြိမ် လာရောက်သည့် ဗီဂျေ နမ်ဘီးယား၏ မြန်မာ နိုင်ငံ ခရီးစဉ်
သည် လျို့ဝှက်စွာ လာရောက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိ
နေသည့်တိုင် မည်သည့် နေ့ရက်တွင် စတင် လာရောက် ခဲ့ကြောင်း တရားဝင် ထုတ်ဖော် ကြေငြာ ခဲ့ခြင်း မရှိသလို သတင်းဌာန များအားလည်း အသိပေး ပြောကြားခြင်း မရှိ ခဲ့ပေ။

၎င်းမြန်မာ နိုင်ငံသို့ ရောက်ရှိ နေမှုအား ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ် ခဲ့သည့် ကျေးလက်
ဒေသ ဖွံ့ဖြိုးရေး ဆွေးနွေး ပွဲအား တက်ရောက်ခဲ့ရာတွင် သတင်းဌာန
များက ဖော်ပြ ရေးသားရာမှ၎င်း မြန်မာ နိုင်ငံသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း
သိရှိ ခဲ့ရသည်။

ထို့ပြင် ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာ နိုင်ငံမှ ထွက်ခွာ သွားပြီး မရှေး မနှောင်း ရက်ပိုင်း၌ ရောက်ရှိ နေခြင်း ဖြစ်ကာ မစ္စတာ ကင်တားနား လာရောက်စဉ်၌ သွားရောက် လေ့လာခွင့် မရခဲ့သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အား သွားရောက်ရန် စီစဉ် နေမှု များအားလည်း အများမှ စိတ်ဝင် တစား စောင့်ကြည့် နေလျက် ရှိသည်။

ယခု ခရီးစဉ်သည် မစ္စတာ ဗီဂျေ နမ်ဘီးယား၏ (၆) ကြိမ်မြောက်
မြန်မာ နိုင်ငံခရီးစဉ် ဖြစ်သည်။

Phophtaw News Association
ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး အရာရှိ မစ္စတာ ဗီဂျေ နမ်ဘီးယားဟာ ယနေ့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ ခွဲခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနား
မြစ်ကြီးနား မြို့သို့ စတင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ က ပြောသည်။

တရားမဝင် သယ်ဆောင်လာသော ကျွဲထီး၂၄ ကောင် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသည့်   ကျွဲထီး ၂၄ ကောင်ကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က  ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် ဆင်မသေ ကျေးရွာ အနီး၌ ယမန်နေ့ ညနေက ခရီးသည်တင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်

အစ္စရေး အစိုးရအဖွဲ့က အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌသစ် ခန့်အပ်
အစ္စရေး အစိုးရအဖွဲ့သည် မော့ဆက် ထောက်လှမ်းရေးအဖွဲ့၏ ဒုတိယ ညွှန်ကြား ရေးမှူးဟောင်း တစ်ဦးဖြစ်သူYossi Cohen ကို အမျိုးသား လုံခြုံရေးကောင်စီ (NSC) ၏ ဥက္ကဋ္ဌ အဖြစ် သြဂုတ် ၂၆ ရက်က အတည်ပြု ခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဗဟိုစစ် ကော်မရှင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ဗဟိုစစ် ကော်မရှင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်
မြောက်ကိုရီးယား အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင် အစည်းအဝေးတွင် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ထိပ်တန်း ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကာကွယ်ရေးအတွက် စစ်ဘက်၏တိုက်ခိုက်ရေး စွမ်းပကားများကို တိုးမြှင့်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း  မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ် ၂၆ ရက်တွင်  သတင်းထုတ်ပြန် ခဲ့သည်။

ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ ကျွန်းစု ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်

ဂျပန်မြေပြင် ကာကွယ်ရေး တပ်ဖွဲ့ ကျွန်းစု ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်
ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ (ကြည်းတပ်) သည် နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့်  ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်သည့် အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဂျပန် နိုင်ငံအလယ်ပိုင်း ရှီကူအိုကာ စီရင်စု၊ ဖူဂျီ တောင်ခြေရှိ Hizashi-Fuji လေ့ ကျင့်ရေး စခန်း တွင် သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဆီးရီးယား ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထား
ဆီးရီးယားနိုင်ငံကို တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ ပတ်ဝန်းကျင်တွင် စစ်ရေးအင်အား တောင့်တင်းစွာ ချထားပြီး ဖြစ်ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင် လူပေါင်း ၂၇ ဦး ဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက် လာသော ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင် လူပေါင်း ၂၇ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့် ရင်ဆိုင်ရ မည် ဖြစ်ကြောင်း အာဆတ် ပြောကြား

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အာဆတ် ပြောကြား
အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆီးရီးယား နိုင်ငံအား ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ပါက ကျဆုံးခန်းနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် က တွေ့ ဆုံမေးမြန်း ခန်း တစ်ခုတွင် ပြောကြား လိုက်သည်။

တရုတ်စစ်ဘက် ရဟတ်ယာဉ် တစ်စင်းဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်

တရုတ်စစ်ဘက် ရဟတ်ယာဉ် တစ်စင်းဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်နည်းပညာဖြင့် ပထမဆုံးထုတ်လုပ်ထားသော ခေတ်မီတိုက်ခိုက်ရေး ရဟတ် ယာဉ် ဖြစ်သည့် WZ-10 မှ ဝေဟင်ပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာပစ်လွှတ် နိုင်ခဲ့ပြီး အနိမ့်

ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ

ကာလီဖိုး နီးယား တောမီး လောင်ကျွမ်းမှု ဆန်ဖရန် စစ္စကိုမြို့ ရေနှင့် လျှပ်စစ် ဖြန့် ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် Yosemite အမျိုးသားပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့၏ ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးမှု များအား ခြိမ်းခြောက် လျက်ရှိကြောင်း အာဏာပိုင်များက သြဂုတ် ၂၅ ရက်တွင် ပြောကြား ခဲ့သည်။

ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ

ဆီးရီးယားသို့ သွားရောက်သည့် ကုလ စုံစမ်း စစ်ဆေးရေး အဖွဲ့ယာဉ်တန်း ချောင်းမြောင်း ပစ်ခတ်ခံရ
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော ဆီးရီးယား နိုင်ငံတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရန် အတွက် သွားရောက်ကြသော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ယာဉ်တန်းမှာ သြဂုတ် ၂၆ရက်တွင် အမည်မသိ သေနတ်သမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံခဲ့ ရကြောင်းနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကုလသမဂ္ဂ က ပြောကြားခဲ့သည်။

သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း

သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း
မြန်မာနိုင်ငံတွင် ရော်ဘာထွက်ရှိမှုနှုန်းမှာ အာဆီယံ ဒေသအတွင်း၌ အဆင့်ရှစ် နေရာသို့ ရောက် ရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

CDMA 800 MHz တန်ဖိုးနည်း ဖုန်းများတွင် ငွေကျပ် ငါးထောင် အထက် ငွေဖြည့် ကတ်များ ထုတ်လုပ်ခြင်း မပြုတော့ဟုဆို

တန်ဖိုးနည်း CDMA 800 MHz ဖုန်းများတွင် ငွေကျပ်ငါးထောင် အထက် တစ်သောင်းတန် ငွေဖြည့်ကတ် များကို ဝယ်ယူသုံးစွဲသူ နည်းပါး လာ သောကြောင့် ထုတ်လုပ်ခြင်း မပြုတော့ ကြောင်း ICT သတင်းတစ်ရပ် တွင် ဖော်ပြထားကြောင်း သိရသည်။

ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်

ပြည်တွင်း ဆိပ်ကမ်းများသို့ တရားမဝင် တင်သွင်းလာသော ကုန်များကို ထိရောက်စွာ အရေးယူ သွားမည်
ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းများမှ တစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းကုန်သွယ်မှုများ ပြုလုပ်လျက်ရှိရာ ၄င်းတို့ကို  လာမည့် စက်တင်ဘာလမှ စတင်၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာဆိုင်ရာ စိတ်ဝင်စားသူများ အတွက် တတိယ အကြိမ်မြောက် Developer Conference ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း (MCAP) မှ ကြီးမှူး၍ နည်းပညာကို စိတ်ဝင် စားကာ တက်ရောက်ကြ သူများအတွက် တတိယ အကြိမ်မြောက် Developer Conference ကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်  ရန်ကုန်မြို့၌  ကျင်းပမည် ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍကို နှစ်နှစ်အတွင်း တိုးတက်လာစေရန်နှင့် လိုအပ်ပါက နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်

မြန်မာ့စက်မှုလုပ်ငန်းများကို နိုင်ငံတကာကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်နှစ်အတွင်း အောင်မြင်မှု ရအောင် ဆောင်ရွက်မည် ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာကုမ္ပဏီများနှင့် JV စနစ်ဖြင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်

Photo: ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်
Tuesday, August 27, 2013

နိုင်ငံတ ကာရှိ မြန်မာသံရုံးများမှ ဗီဇာ ထုတ်ပေးရာမှ ကောက်ခံရရှိငွေ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိနေကြောင်း သိရ သည်။
နိုင်ငံတကာရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၏ ဗီဇာ (Visa)ထုတ်ပေးခြင်းမှကောက်ခံ ရရှိငွေမှာ ၂၀၁၁ခုနှစ်ဧပြီမှ ၂၀၁၃ ခုနှစ်မတ်အထိ အမေရိကန်ဒေါ် လာ ၂၉၂၂၁၈၀၄ ဒေါ်လာရရှိ နေရာ ပျမ်းမျှအားဖြင့် နှစ်စဉ်တစ် နှစ်လျှင် ကန်ဒေါ်လာ ၁၃၄၈၆၇၇၉ ဒေါ်လာအထိရရှိနေကြောင်း နိုင်ငံ ခြားရေး
ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးတင်ဦးလွင်ကပြောသည်။

ဩဂုတ် ၂၆ ရက်တွင်ကျင်းပ သည့် ပြည်သူ့လွှတ်တော် ၂၃ရက် မြောက်
အစည်းအဝေးတွင် ရေ ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းဦး ၏မေးမြန်းချက်ကို ဒုတိယဝန်ကြီး က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

ဦးဝင်းဦးက ''နိုင်ငံခြားက နေလာကြတဲ့ နိုင်ငံခြားသားတွေ နဲ့ တိုးရစ်တွေရဲ့ ဝင်တဲ့အပေါ်မှာ ကျွန်တော်တို့ကခန့်မှန်းပြီးတော့ တစ်နှစ်ကိုနိုင်ငံခြားဝင်ငွေ ဘယ် လောက်ရနိုင်လဲဆိုတာကို ခန့်မှန်း ကြည့်ပါတယ်။ နိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ ရသုံးဘတ်ဂျက်မှာကြည့် တဲ့အခါကျတော့ အဲဒီဝင်ငွေတွေ
ဖော်ပြထားတာ မတွေ့ရပါဘူး''ဟုလွှတ်တော်မှတစ်ဆင့် မေးမြန်း ရခြင်းဖြစ်ကြောင်း ပြောသည်။

နိုင်ငံခြားရေးဒုတိယဝန်ကြီး က ကောက်ခံရရှိသော နိုင်ငံခြား ငွေများအား သက်ဆိုင်ရာရုံးများ မှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေ ဖြင့် လွှဲပြောင်းပေးပို့ပြီး ယင်းယူ ရိုငွေဖြင့်ညီမျှသည့် ကျပ်ငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ဆက်လက်၍
လွှဲပြောင်းပေးရကြောင်း၊ ကောက်ခံရရှိငွေအားလုံးအား သက်ဆိုင်ရာရုံး
များမှ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်သို့ ပုံမှန်လွှဲ ပြောင်းပေးပို့ပြီး ထိုသို့လက်ခံရရှိပါက ညီမျှသည့်ကျပ်ငွေဖြင့် ဝင် ငွေခွန်မှကောက်ခံရ
ရှိငွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေစာရင်းသို့လည်းကောင်း၊
ထောက်ခံ စာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေအတွက် နိုင်ငံခြားရေး
ဝန်ကြီး ဌာနငွေစာရင်းသို့လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး
ခြင်းနှင့် အသစ်ထုတ်ခြင်းမှ ကောက် ခံရရှိငွေအတွက် ပြည်ထဲရေးဝန် ကြီးဌာန ငွေစာရင်းသို့လည်း ကောင်းဆက်လက်လွှဲပြောင်းပေး သွားလျက်
ရှိကြောင်း ဖြေဆိုခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကူးသန်းသွား
လာရာတွင် သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ်
ကိုင်ဆောင်သူများ အား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံနိုင်ငံများနှင့် သဘောတူလက်မှတ်ထိုးထားပြီးဖြစ် ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။

Yangon Media Group
နိုင်ငံတကာရှိ မြန်မာသံရုံးများမှ ဗီဇာထုတ်ပေးရာမှ ကောက်ခံရရှိငွေတစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိနေကြောင်း သိရ သည်။

မီးရှို့ခံရသော အိမ်ထောင်စုများ ဘာသာရေး စာသင်ကျောင်းတွင် ထားရှိ

Photo: မီးရှို့ခံရသော အိမ်ထောင်စုများ ဘာသာရေး စာသင်ကျောင်းတွင် ထားရှိ
Tuesday, August 27, 2013

အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့် မိသားစုဝင် ၂၆၀ ကျော်ကို ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့ အာရဗီ အလယ်တန်း
ကျောင်းတွင် စောင့်ရှောက်ထားကြောင်း ထန်းကုန်းမြို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက The Voice သို့ ပြောကြားသည်။

သြဂုတ်လ ၂၄ ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရာ လူဦးရေ ၃၂၀ အိုးအိမ်မဲ့ ဖြစ်သွားခဲ့ပြီး ၂၆၀ ကျော်မှာ အဆိုပါ စာသင်ကျောင်းတွင် နေထိုင်နေ ရကြောင်း၊ ယခုအချိန်သည် ၎င်းတို့၏ အာရဗီ စာသင်ကျောင်း စတင် ဖွင့်လှစ်သည့် အချိန်ဖြစ်ကြောင်း ထန်းကုန်းမြို့ခံ တစ်ဦးဖြစ်သူ ကိုရန်နိုင်က ပြောကြားသည်။

“အခုလောလောဆယ်တော့ စာသင်ကျောင်း ပိတ်ထားရတာပေါ့။ ကျောင်း စဖွင့်ပြီး ဒုတိယနေ့မှာပဲ ပိတ်လိုက်ရတယ်။ မိသားစုတွေထဲမှာ ကလေးက တစ်ဝက်လောက်ပါတယ်။ သူတို့တွေအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ရောက်လာပြီး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွား တယ်။ တစ်ပတ်ကျော်ရင်တော့ ပြန်လည် ထူထောင်ရေးအတွက် စီစဉ်ပေးမယ်လို့ ပြောသွားတာပဲ” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ထန်းကုန်းနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများ တွင် အခြေအနေများ ငြိမ်သက်နေပြီး အကြမ်းဖက်မှု ကျူးလွန်သူ ၁၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးခံရသူများတွင် ထန်းကုန်း မြို့ခံများ မပါရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“အသွားအလာတွေ ပုံမှန် ရှိပါတယ်။ လက်ဖက်ရည်ဆိုင်တွေလည်း အကုန် ပြန်ဖွင့်နေပါတယ်။ အားလုံး ငြိမ်ငြိမ်သက်သက်ပါပဲ”ဟု ထန်းကုန်း မြို့တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ယနေ့ ည ၇ နာရီ ဝန်းကျင်တွင် ပြောကြားသည်။

၂၀၀၃ ခုနှစ်ကလည်း ယင်းကျေးရွာမှ အစ္စလာမ် ဘာသာဝင် တစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို အဓမ္မ ပြုကျင့်သည်ဟူသော ကောလာ ဟလများကြောင့် ယခုကဲ့သို့ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း၊ အဆိုပါ အဓမ္မပြုကျင့်သည်ဆိုသော လူငယ် ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ကြောင်း ကိုရန်နိုင်က ပြောကြားသည်။

ယခုလောလောဆယ်တွင် ထန်းကုန်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ဖြင့် ရွာဝင်ပေါက်များကို စောင့်ကြပ် လျက် ရှိကြောင်း၊ ယနေ့ နံနက် ၉ နာရီ ကလည်း ကျေးရွာရှိ နှစ်ဖက် ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များ တွေ့ဆုံကာ နှစ်ဦး နှစ်ဖက် ရန်ငြိုး မဖွဲ့ကြရန်အတွက် မြို့လယ် ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

နေအိမ် ဖျက်ဆီးခံရသည့် မိသားစုဝင်များ၏ အရေးကိစ္စနှင့် ပတ်သက်၍ ထန်းကုန်း ရဲစခန်းနှင့် ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတို့ကို ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆိုမရခဲ့ပေ။

အောင်မျိုးထက်
The Voice Weekly
အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးရှို့၊ ဖျက်ဆီးခံခဲ့ရသည့် မိသားစုဝင် ၂၆၀ ကျော်ကို ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့ အာရဗီ အလယ်တန်းကျောင်းတွင် စောင့်ရှောက်ထားကြောင်း ထန်းကုန်းမြို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင် ဆောက်မည်

Photo: ဘိလပ်မြေ တန် သန်းချီထုတ်မည့် SCG ဘိလပ်မြေစက်ရုံ မော်လမြိုင်တွင်
 ဆောက်မည်
Tuesday, August 27, 2013

တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။

ASEAN ၏ ရှေ့ဆောင် စီးပွားရေးလုပ်ငန်းပေါင်းစု ကော်ပိုရေးရှင်း SCG က မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် အကျိုး သက်ရောက်မှု နည်းပါးစေမည့် နည်းပညာသုံး ဘိလပ်မြေ စက်ရုံကို တည်ဆောက်သွား မည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းမှ သြဂုတ်လ ၂၆ ရက်နေ့ တွင် ကြေညာသည်။

ထိုင်းဘတ် သန်း ၁၂,၄၀၀ ခန့် ရင်းနှီး မြှုပ်နှံသွားမည့် ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်တွင် စတင်မည် ဖြစ်ပြီး အဆိုပါ စက်ရုံအတွက် လိုအပ်သော စွမ်းအင်ကို လျှပ်စစ်စွမ်းအင် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးသော
 နောက်ဆုံးပေါ် သန့်ရှင်းသော နည်းပညာသုံး စက်ရုံအပြင် လုပ်ငန်းသုံး ဆိပ်ခံ တံတားများနှင့် ထပ်မံ၍ လုပ်ငန်း ချဲ့ထွင်ရန် လည်း အစီအစဉ် ရှိကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ရန်ကုန်ကို ရေလမ်းနဲ့ ပို့မယ်” ဟု SCG ၏ ဥက္ကဋ္ဌလည်းဖြစ်သူ Mr. Kan Trakulhoon က ဆိုသည်။

ဘိလပ်မြေစက်ရုံ ပြည်တွင်းတွင် ဆောက်လုပ်၍ ထုတ်လုပ်ပါက ဘိလပ်မြေ ဈေးနှုန်းများ ထူးထူးခြားခြား အပြောင်းအလဲ ရှိနိုင်မည် မဟုတ်သော်လည်း ဈေးနှုန်း အတက်အကျ အပြောင်းအလဲများ တည်ငြိမ် သွားနိုင်ကြောင်း KIDO ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ခံ ဦးကိုလွင်က ပြောကြား သည်။

မြန်မာနိုင်ငံတွင် ဘိလပ်မြေ သုံးစွဲမှုသည် ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ပေါင်း ၄ သန်းခန့် ရှိခဲ့ပြီး လာမည့် ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း အထိ တိုးလာစေရန် မျှော်မှန်းထားကြောင်း Mr. Kan Trakulhoon က
 ပြောဆိုထားသည်။

The Voice Weekly
တစ်နှစ်လျှင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထွက်မည့် ထိုင်းနိုင်ငံအခြေစိုက် SCG ဘိလပ်မြေ စက်ရုံကို ရေရှည် ထုံးကျောက် ရရှိနိုင်သည့် မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း SCG ၏ အမူဆောင် အရာရှိချုပ် ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားသည်။

LOVE & RESPECT

Photo: ~LOVE & RESPECT~
Tuesday, August 27, 2013

"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့်
ရဲဘော်များထဲမှတစ်ယောက်မဟုတ်တစ်ယောက်ကို ခေါ်သွားတတ်၏။

ရဲဘော်လေးများမှာဗိုလ်ချုပ်ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကိုခင်မင်
လေးစားကြသည်။ထို့ကြောင့် ဒေါ်ခင်ကြည် ဈေးသွားဖို့ခေါ်လျှင်ချက်ချင်း
ထလိုက်ကာ ဈေးမှအပြန်တွင်လည်း ဈေးခြင်းတောင်းအား ဂုဏ်ယူကျေနပ်
စွာ သယ်ပေးသည်။

တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင်အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင်
ထားသည့်ဗိုလ်ချုပ်အောင်ဆန်းနှင့်မျက်နှာချင်းဆိုင် တွေ့သည်။ဗိုလ်ချုပ်
အောင်ဆန်းက ဒေါ်ခင်ကြည့်နောက်မှ ဈေးခြင်းတောင်းဆွဲပြီးလိုက်လာ
သောရဲဘော်လေးကိုမြင်သည်နှင့်စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။

"ဒါဘာလုပ်တာလဲ၊ ဒီရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ 
ရဲဘော်၊ ငါတို့ အိမ်က အစေခံမဟုတ်ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့
 ဒေါ်ခင်ကြည်အား ဆူပါတော့သည်။

(PHOTO:Myanmar Indepence Father General Aung San & His wife Daw Khin Kyi).
နှင်းဆီဖူးလေးများ-Love BUDS
"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက် မဟုတ် တစ်ယောက်ကို ခေါ်သွားတတ်၏။

သမီးဖြစ်သူကို အဆိုတော် မဖြစ်စေ ချင်သူ မေခလာ

Photo: သမီးဖြစ်သူကို အဆိုတော် မဖြစ်စေ ချင်သူ မေခလာ
Tuesday, August 27, 2013

ရန်ကျော်နဲ့ မေခလာတို့ရဲ့သမီး လေး ပဉ္စာလစန္ဒီ(ခ)မြင့်မြတ်သူက ၁၆ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ မေခလာ ကတော့ သမီးဖြစ်သူကို ငယ်စဉ်ကပင် ဘာ သာရေးနဲ့ ကင်းကွာမှုမရှိအောင် လုပ်ဆောင် ခဲ့ပြီး သမီးဖြစ် သူကို ဆုံးမသွန်သင်တဲ့ အခါ မှာလည်း ဘာသာရေး နဲ့ပဲ သွန်သင်ဆုံးမလေ့ရှိတယ်လို့ ဆိုပါတယ်။ နှစ်ယောက် စလုံးက အနုပညာရှင်တွေဖြစ် ပေမယ့်လည်း သမီးဖြစ်သူကိုတော့ အနုပညာ နဲ့ပတ်သက်ပြီး အပျော်တမ်းပဲလုပ်စေချင်ပြီး ပရော်ဖက်ရှင်နယ်အထိတော့ မလုပ်စေချင်ကြောင်း မေခလာက ပွင့်လင်းစွာပြောလာပါတယ်။ ပွင့်လင်းစွာ ပြောလာမှုနဲ့အတူပဲ မိခင်တစ် ယောက် အနေနဲ့ သမီးကို ဘယ်လိုပဲ့ပြင်ဆုံးမ နေလဲ၊ သမီးဖြစ်သူကို အနုပညာရှင်ထက် ပညာတတ် တစ်ယောက်ဖြစ်စေချင်တဲ့ မိခင်တစ် ယောက်ရဲ့ စိတ် ခံစားချက်တွေကို မေးမြန်း ဖော်ပြ လိုက်ပါတယ်။

► သမီးဖြစ်သူကို ဘာသာရေးနဲ့ ဆုံးမပဲ့ပြင်

ကျွန်မရဲ့သမီးကို ဘာသာရေး နဲ့ ဆုံးမပဲ့ပြင်တယ်။ အစ်မကလည်း ငယ်ငယ်လေးကတည်းက ဘာသာ ရေးလုပ်တဲ့အတွက်ကြောင့်၊မြတ် စွာဘုရားရဲ့ တရားတော်ကို နား ထောင်တဲ့အတွက်ကြောင့် ဒါသည် မှန်ကန်တယ်၊ ဒါသည် မှားနေတယ်။ အလိုလို အကုသိုလ်တွေက နည်းသွား တယ်။ ဒါကြောင့်လည်း သမီး လေး ကို ဒီအရွယ်ကတည်းက ဘာသာ ရေးကို လုပ်ခိုင်းနေတယ်။ သူက လည်းလုပ်တယ်။လုပ်တယ် ဆိုပေမယ့် ကလေးဆို တော့လည်း အကြာကြီးတော့ မလုပ်ဘူးပေါ့။ အမေကျေနပ်အောင် ဘုရားခန်း ထဲဝင်ပြီး ဓမ္မ စကြာတွေရွတ်ပြတယ်။ ပရိတ်တွေရွတ်ပြတယ်။ ဒီလိုမျိုးနဲ့ပဲ ကျွန်မအနေနဲ့ သမီးလေးကို ဘာသာ ရေးနဲ့ထိတွေ့အောင် လုပ်တယ်။

► သမီးဖြစ်သူကို အနုပညာအလုပ် မလုပ်စေချင်

အဆိုကိုငယ်ငယ်လေးက တည်းက ရူးသွပ်တယ်။ သမီး က အသံ
လေးတော့ ကောင်းတယ်။ ဒါ ပေမဲ့ ကျွန်မအနေနဲ့သူ့ကိုအနုပညာနဲ့ ပတ်သက်ပြီး ဘာမှမလုပ် စေချင်ဘူး။ ရုပ်ရှင်လည်းမရိုက်စေချင်ဘူး။ သီချင်းလည်းမဆိုစေချင်ဘူး။ ဒါကြောင့်လည်း ဘယ် ပွဲမှမခေါ်ဘူး။ မခေါ်ရင်း၊ မခေါ်ရင်းနဲ့ သူလည်း ဘယ်ပွဲမှမလိုက်တော့ ဘူး။ ဘယ်ရှိုးမှ သူမကြည့်ဖူးဘူး။ဘာကြောင့် အနု ပညာအလုပ်မလုပ် စေချင်လဲဆိုရင် ကျွန်မလိုဖြစ် မှာကြောက်လို့ပါ။ ကိုယ်တွေကဒီအနုပညာအလုပ် လုပ်တဲ့အခါကျတော့မလုပ်လို့ လည်း မရတော့ဘူး။ လုံးဝစိတ်ပိုင်းဖြတ် လိုက်ပြီဆိုမှပဲ ထွက်လို့ရမယ့်သဘော ဖြစ်သွားပြီ။ဒီလုပ်ငန်းက သမ္မာ အာဇီဝလုပ်ငန်းဖြစ်တယ်။ ပျော်ရွှင် စေတယ်။ ကုသိုလ်ရတယ်။ စိတ်ချမ်း သာတယ်။ရတဲ့ ပိုက်ဆံက ဖြူစင်တယ်။ ပရိသတ်က ကိုယ့်ကို ချစ်လို့
ပေးတာ လေ။

သို့သော်လည်း ကျွန်မ ပြန်စဉ်းစားတဲ့အခါ ကျ တော့ဒီအလုပ်ရယ် လို့မှ မဟုတ်ပါဘူး။ အလုပ်တိုင်း ဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်မတို့အလုပ်ကပိုဆိုး တယ်။ကျွန်မတို့ အလုပ်က ခဏပဲ။ အတက်အကျ တအား မြန်တယ်။
အတက်အကျမြန်သလို စိတ်ဓာတ်အတက်အကျလည်း တအား မြန် တယ်။အခုတက်သွားတယ်။နောက်ပြန်ကျတယ်။ ပေါ်လိုက်၊ ပျောက်လိုက်။ ရေရှည်ရှိတဲ့သူတွေက အင်မတန်ရှားတယ်။ အဲဒီဒဏ်ကို ခံနိုင်မလား။
တက်ပြီးရင် ပြန်ကျမယ့်ဒဏ်ခံနိုင်မလား

ကျွန်မတို့အလုပ်က အနုပညာသာပြောတာ။ တကယ်တမ်းက အကြမ်း
ပညာပါ။ တစ်နေရာနဲ့တစ် နေရာသွားရတာ ကားတွေ၊ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့သွားရ တယ်။ အရင်ခေတ်ကဆို အစ်မတို့ နွား လှည်းနဲ့သွားရတယ်။ တကယ့်ကို ဆင်းဆင်းရဲရဲကို သွားခဲ့တယ်။ အခုလို အဲကွန်းဘတ်စ် တွေမရှိဘူး။ ဘဝကြမ်း၊အနစ်နာတွေခံခဲ့တဲ့ အတွက်ဖြစ်လာတဲ့အခက်အခဲ တွေကို ကျွန်မရင်ဆိုင်နိုင်တယ်။ တက်ပြီးရင်ကျမှာပဲ။ တက်တဲ့ဘဝကိုလည်း ရောက်ခဲ့ပြီးပြီ။ ပြန်ဆင်း တဲ့ဘဝကိုလည်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားထားပြီးပြီ။ ဒါပေမဲ့ အခု ခေတ်ကလေးတွေက များသောအား ဖြင့် ဘယ်သူမှမလုပ်နိုင်ဘူး။ ဒီလိုပဲ ကိုယ့်သမီးလေးဒီလောကထဲဝင်လာ ပြီဆိုရင်တောင်အောင်မြင်
အောင် ကြိုးစားရတော့မယ်။ အောင်မြင် ပြီးရင် ပြန်မကျအောင် သူလုပ် ရမယ်။ တဖြည်းဖြည်းနဲ့ ကျ လာမှာပဲ။ နေရာပြန်ပေးရမှာပဲ။ အဲဒီဒဏ်ကို ခံနိုင်အောင်သူကြိုးစားရမယ်။ ကျွန်မတို့အနုပညာလောကကလူတွေက တအားမြှောက်စားတယ်။ မမြှောက် စားတော့ဘူးဟေ့ဆိုရင်လည်းကျ ပြီ။ဘယ်သူမှလှည့် မကြည့်တော့ ဘူး။အဲဒီဒဏ်ကိုသူခံနိုင်မလား။ ဒါကြောင့်လည်း ပညာတတ်၊ ပညာရှိတစ်ယောက်ပဲ ဖြစ်စေချင်တယ်။

လင်းအက္ခရာ
Popular Journal
ရန်ကျော်နဲ့ မေခလာတို့ရဲ့သမီး လေး ပဉ္စာလစန္ဒီ(ခ)မြင့်မြတ်သူက ၁၆ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ မေခလာကတော့ သမီးဖြစ်သူကို ငယ်စဉ်ကပင် ဘာသာရေးနဲ့ ကင်းကွာမှုမရှိအောင် လုပ်ဆောင်ခဲ့ပြီး သမီးဖြစ်သူကို ဆုံးမသွန်သင်တဲ့အခါမှာလည်း ဘာသာရေး နဲ့ပဲ သွန်သင်ဆုံးမလေ့ ရှိတယ်လို့ ဆိုပါတယ်။

နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်

Photo: နောက်ကျောမှ ဆေးမင်ကြောင်သစ်အတွက် ဂုဏ်ယူနေသည့် ချယ်ရီကိုးလ်
Tuesday, August 27, 2013

Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင်
 ရေးထိုးထားခဲ့သည်

သူမ၏ နောက်ကျောတွင် ရေးထိုးထားသော ဆေးမင်ကြောင်ကို အလွန်နှစ်
သက် သဘောကျကြောင်း ချယ်ရီကိုးလ်က ဝန်ခံ ပြောကြားလိုက်သည်။ Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပသည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင်
 ရေးထိုးထားခဲ့သည်။ 

အဆိုပါ ဆေးမင်ကြောင်ကို ကိုယ်တိုင် ရေးထိုးပေးခဲ့သည့် နစ်ကို ဟာတာ
ဒိုက ချယ်ရီ၏ ခန္ဓာကိုယ် အနောက်ပိုင်းတွင် ထည်ဝါနေသည့် အနုပညာ လက်ရာကို ဓာတ်ပုံရိုက်ကာ Instagramတွင် လွှင့်တင်ခဲ့သည်။ယင်းအတွက် 
ချယ်ရီ၏ ပရိသတ်များ တအံ့တဩ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် Popဂီတ ကြယ်ပွင့်ကိုယ်တိုင်က ဆေးမင်ကြောင် ကိစ္စအပေါ် မှတ်ချက်ပေးလာခြင်း
 ဖြစ်သည်။

ယင်းကိစ္စကို စိတ်ဝင်တစား မေးမြန်းသည့် ပရိသတ် တစ်ဦးကို ချယ်ရီက Twitterတွင် ပြန်ကြားခဲ့ရာ ကျွန်မ ဒီဆေးမင်ကြောင်ကို အပြီးသတ် ရေးထိုးဖို့ (၇)လ၊ (၈)လလောက် အချိန်ယူခဲ့ရတယ်။ တော်တော်ကြာတယ်လို့ ပြောရ
ပါမယ်။ လုံးဝ အချောသတ် ပြီးစီးသွားတာတော့ မကြာသေးခင် ကမှပါဟု ဝန်ခံခဲ့သည်။ 

သူမက ဆေးမင်ကြောင်ကို ရေးထိုးနေချိန်တွင် အချိန်အကြာဆုံး ထိုင်နိုင်
ခဲ့သည်မှာ (၇)နာရီ၊ (၈)နာရီမျှထိ ရှိကြောင်းလည်း ဆိုသည်။ သူမက ဒီဆေးမင်ကြောင်မှာ ကျွန်မရဲ့ ကိုယ်ပိုင် အမြင်သတ်မှတ် ချက် တစ်ခုခုတော့ ရှိမှာပေါ့။ ဒါပေမဲ့ အင်္ဂလိပ် နှင်းဆီတွေ ဆိုတာက ကျွန်မအကြိုက်ဆုံး ပန်းတွေလည်း ဖြစ်နေပြန်တယ်ဟု ပြောကြားခဲ့သည်။

ချယ်ရီသည် ယခင်က သူမ၏ ခန္ဓာကိုယ် ဘယ်ဘက်အောက်ပိုင်းတွင်
 ရေးထိုးထားသည့် ဆေးမင်ကြောင် တစ်ခုကို ပြသဖူးသည်။ ယခု
လက်ရာသစ်မှာမူ အဆိုပါ ဆေးမင်ကြောင် အဟောင်းကို ဆင့်ပွားချဲ့ထွင်
ထားခြင်းဟုလည်း သိရှိရသည်။

Planet Myanmar Network
Girls Aloud အဖွဲ့ဝင်ဟောင်း အဆိုတော်သည် ကျောအောက်ပိုင်းအနီးတွင် အရောင်ရွှမ်းစို တောက်ပ သည့် နှင်းဆီပွင့်ကြီးများ၏ ပုံကို ဆေးမင်ကြောင် ရေးထိုးထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့
Tuesday, August 27, 2013

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အအဖွဲ့ (UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အသစ် ရေးဆွဲနိုင်ဖို့အတွက် ကော်မတီတရပ်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။

အခြေခံ ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့အတွက် ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ဆွေးနွေးပွဲ
ကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

UNFC အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက စစ်မှန်တဲ့
 ပြည်ထောင်စုပုံစံမျိုး မဟုတ်တဲ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း အခက်အခဲတွေ ရှိတဲ့အတွက် ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ UNFC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ
အတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

၂၀၀၈ဖွဲ့စည်းပုံက ဒီမိုကရေစီအခွင့်အရေးလည်း အပြည့်အ၀မရှိဘူး၊ စစ်မှန်တဲ့ ပြည်ထောင်စုပုံစံလည်း မဟုတ်ဘူး၊ အဲဒီတော့ ကျနော်တို့ရဲ့ နိုင်ငံအခြေအနေနဲ့ မကိုက်ညီဘူး၊ အားလုံးကလည်း ဆန့်ကျင်နေပါတယ်၊ အစိုးရက ခွင့်ပြုထားတဲ့မူအရ လွတ်တော်ထဲမှာ ပြင်ဖို့ဆိုတာကလည်း ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး၊ တဖက်ကလည်း ပြင်ဖို့လည်း လိုအပ်တဲ့အပေါ်မှာ ဖြစ်နိုင်တဲ့ နည်းအရကတော့ အသစ်တခု ရေးဆွဲတာ အကောင်းဆုံး ဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ၂၀၁၃ နှစ်မကုန်ခင်မှာ အပြီးရေးဆွဲဖို့ လုပ်ဆောင်သွားမယ်လို့ သိရပြီး UNFC နဲ့ UNA အဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့တွေ ပါဝင်တဲ့ မူကြမ်းရေးဆွဲတဲ့ ကော်မတီကနေ ဖက်ဒရယ်မူအပေါ် အခြေခံပြီး ရေးဆွဲသွားမှာ ဖြစ်တယ်လို့ ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။

ကျနော်တို့ကတော့ ဖက်ဒရယ်မူအပေါ် အခြေခံပြီး ရေးဆွဲမှာပါ၊ တဖက်က ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ရှိဖို့နဲ့ တဖက်က စစ်မှန်တဲ့ ပြည်ထောင်စု
မူကို အခြေခံပြီးတော့ ရေးဆွဲမှာပါ၊ ဒါကကျနော်တို့ရဲ့ မူကြမ်းပါ၊ အစိုးရနဲ့ ကျနော်တို့နဲ့ဆွေးနွေးတဲ့ အခါကျရင်တော့ ကျနော်တို့ ကိုင်ဆောင်ဖို့ အခြေခံမူ တရပ်ဖြစ်တယ်။

UNFC အဖွဲ့ဝင်တွေရေးဆွဲမဲ့ အခြေခံဥပဒေအသစ် မူကြမ်းနဲ့ပတ်သက်ပြီး
 ပြည်သူလူထုတွေရဲ့ သဘောထားတွေ ကိုလည်း ရယူသွားမှာဖြစ်သလို မူကြမ်းရေးဆွဲပြီးရင်လည်း အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့မှာတော့ UNFC အဖွဲ့ဝင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့တို့ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ ရှိတယ်လို့လည်းသိရပါတယ်။

ABC
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အအဖွဲ့ (UNA) တို့ ဦးဆောင်ပြီး ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အသစ် ရေးဆွဲနိုင်ဖို့အတွက် ကော်မတီတရပ်ဖွဲ့စည်း သွားမယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှကို အမေရိကန်စစ်ရေး အထောက်အပံ့တိုးမည်

Photo: အရှေ့တောင်အာရှကို အမေရိကန်စစ်ရေး အထောက်အပံ့တိုးမည်
Tuesday, August 27, 2013

အရှေ့တောင် အာရှဒေသမှာရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာ အစီအစဉ်တွေနဲ့ သင်တန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ အများကြီး တိုးမြှင့်ပေးသွားမယ့်အကြောင်း အမေရိကန်အစိုးရက
 ကြေညာလိုက်ပါတယ်။

ကွာလာလမ်ပူမြို့မှာရှိတဲ့ မလေးရှား ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနမှာ
 ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) က အခုလို ကြေညာလိုက်တာပါ။ ပန်တဂွန် ဘတ်ဂျက်စာရင်းအရ ဒီအစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ သတ်မှတ်ထားပြီး၊ ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်း ၅၀ ပိုများလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရအနေနဲ့ အာရှ-ပစိဖိတ်ဒေသကို ပိုပြီးတော့ အာရုံထားရေး မဟာဗျူဟာ ပြောင်းလဲလာခဲ့ပြီးတဲ့နောက် အခု ဆုံးဖြတ်ချက် ထွက်ပေါ်
လာခဲ့တာပါ။ အရှေ့တောင် အာရှဒေသရဲ့ ပိုပြီးတော့ ထင်ပေါ်လာမှုနဲ့ အရေးပါမှုတွေကို ထင်ဟပ်နိုင်စေဖို့၊ အာရှ-ပစိဖိတ်ဒေသနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ပြန်လည် ထိန်းညှိသွားနိုင်အောင် အမေရိကန်အစိုးရက နည်းလမ်း ရှာဖွေ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ၀န်ကြီး ဟေဂယ်လ် က ပြောသွားပါတယ်။

ခုလို အမေရိကန်အစိုးရက ဒေသတွင်း စိတ်ဝင်စားမှုတွေ တိုးလာနေတဲ့
အပေါ်မှာ ဒါဟာ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ကန့်သတ်ဖို့ ကြိုးစားတာဖြစ်တယ် လို့ဆိုပြီး တရုတ်နိုင်ငံက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပိုင်နက်တချို့နဲ့ ပတ်သက်လို့ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံတွေ အတော်များများနဲ့
ဖြေရှင်းလို့ မရသေးတဲ့ ပဋိပက္ခတွေ ရှိနေတာ ဖြစ်ပါတယ်။

VOA
အရှေ့တောင် အာရှဒေသမှာရှိတဲ့ စစ်ဘက်ပညာရပ်ဆိုင်ရာ အစီအစဉ်တွေနဲ့ သင်တန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ အများကြီး တိုးမြှင့်ပေးသွားမယ့်အကြောင်း အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။

ဘာသာစကားနှစ်မျိုးပြောတတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုဟု လီကွမ်းယူပြော

Photo: ဘာသာစကားနှစ်မျိုးပြောတတ်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုဟု လီကွမ်းယူပြော
Tuesday, August 27, 2013

စင်ကာပူရှိ မိဘများသည် သားသမီးများအား ငယ်ရွယ်စဉ်မှစပြီး ဘာသာစကားနှစ်မျိုး ပြောတတ်၊ ဆိုတတ်စေရန် လေ့ကျင့်သင်ကြား
 ပေးရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက အမျိုးသားနေ့ ညစာစားပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။

စင်ကာပူတွင် ငယ်ရွယ်စဉ်ကစပြီး အင်္ဂလိပ်ဘာသာစကားကို သင်ယူခြင်းမရှိပါက နိုင်ငံ၏ဘာသာ စကားနှစ်ခု ပူးတွဲသင်ကြားသည့်
စနစ်ကြောင့် အသက်အရွယ်ကြီးလာလျင် အခက်တွေ့လိမ့်မည်ဖြစ် ကြောင်း အင်္ဂလိပ်နှင့် မိခင်ဘာသာစကား တတ်မြောက်မှုကိုအားပေးသည့် မစ္စတာလီက ပြောသည်။

အသက်နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် ကလေးတစ်ဦးအား ဘာသာ
စကားများစွာ သင်ကြားပေးနိုင် ပြီး ယင်းကဲ့သို့သင်ကြားပေးမှုကြောင့် ကလေးငယ်၏ သင်ယူမှုဖြစ်စဉ်တွင် ရှုပ်ထွေးမှုများရှိလာမည် မဟုတ်ကြောင်းကို အမေရိကန်စိတ်ပညာရှင်များက လေ့လာတွေ့ရှိ
ခဲ့သည်ဟု မစ္စတာလီကပြော သည်။ ငယ်ရွယ်စဉ်တွင် ဘာသာ
စကားများစွာဖြင့် ထိတွေ့ခဲ့သည့်အတွက်ကြောင့် ကလေးသည် ဘာသာစကားမျိုးစုံတို့၏ ကွဲပြားသောသဒ္ဒါနှင့် ဝါကျဖွဲ့ထုံးတို့ကို ခွဲခြားတတ်သည့် အကျင့်ရလာမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကြောင့် နေအိမ်တွင် အင်္ဂလိပ်လိုပြောကြားသည့် အင်္ဂလိပ်စာတတ်
မိဘများသည် ၎င်းတို့၏ ကလေးများအား တရုတ်ဘာသာစကားဖြင့် သင်ကြားသည့် မူကြိုကျောင်းတွင် ထားရှိသင့်ပြီးနေအိမ် တွင် တရုတ်ဘာသာစကားပြောသည့် မိဘများသည်လည်း ၎င်းတို့၏ ကလေးများအား အင်္ဂလိပ်ဘာ သာစကားဖြင့် သင်ကြားသည့် မူကြိုကျောင်းတွင် ထားရှိသင့်ကြောင်း မစ္စတာလီက အကြံပြုခဲ့သည်။

ထို့ပြင် ပညာရေးဆိုသည်မှာ ရမှတ်များ ရရှိခြင်းမဟုတ်ဘဲ လူတစ်ဦး၏ အရည်အသွေးကို မြှင့်တင်ပေး သည့် စနစ်တစ်ခုသာဖြစ်သင့်ကြောင်း မစ္စတာလီကပြောဆိုခဲ့သည်။ စင်ကာပူအစိုးရသည်လည်း နိုင်ငံ တွင်းရှိ မူကြိုကျောင်းပညာရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေပြီဖြစ်
သည်။ လာမည့် ငါးနှစ်ကျော်တွင် မူကြိုကျောင်းပညာရေး တိုးတက်ကောင်း
မွန်စေရန် စင်ကာပူဒေါ်လာ ၃ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း စင်ကာပူ
အစိုးရက မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည်။

Source:AFP
The Massenger Journal
စင်ကာပူရှိ မိဘများသည် သားသမီးများအား ငယ်ရွယ်စဉ်မှစပြီး ဘာသာစကားနှစ်မျိုး ပြောတတ်၊ ဆိုတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက အမျိုးသားနေ့ ညစာစားပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို

Photo: ရန်ကုန်တွင် တိုက်ခန်း၊ ကွန်ဒိုဆောက်ရန် မြေကွက် ဝယ်ယူမှုသာရှိဟုဆို
Tuesday, August 27, 2013

ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး
 နှုန်းထားသို့ ရောက်ရှိနေသောကြောင့် အရောင်းအဝယ် ပုံမှန်အတိုင်း
သာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှု
များသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

ကွန်ဒိုနှင့် တိုက်ခန်းများ ဆောက်လုပ်ရန် မြေကွက်အကျယ်များ ဝယ်ယူရာ မြို့တွင်းမြို့နယ်များတွင် မြေကွက် ရှားပါးသောကြောင့် လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဝယ်ယူမှုများကြောင်း
 ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

“ကွန်ဒို၊ တိုက်ခန်း ဆောက်ဖို့ဆိုတော့ အနည်းဆုံးပေ ၆၀ ပတ်လည် အကျယ်ရှိတဲ့ မြေကွက်တွေ ဝယ်ကြတယ်။ မြေကွက်ရှိတဲ့ လှိုင်တို့၊ သင်္ဃန်းကျွန်းတို့မှာတော့ အရောင်းအဝယ် နည်းနည်း ကောင်းတယ်” ဟု ၎င်းကဆိုသည်။

လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်တို့တွင် မြေဈေး ပုံမှန်အတိုင်းသာရှိပြီး တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခွဲ ရှိကြောင်း ၎င်းကပြောဆိုသည်။

“အခွန်နှုန်းထားက မပြောင်းတော့ အမှန်တကယ် လုပ်ငန်းလုပ်မယ့်သူတွေ ဝယ်ကြတာ။ ဝယ်ရောင်းသမားတွေကလည်း မြို့သစ်တွေမှာပဲဝယ်တော့ ရန်ကုန်မြို့ရဲ့ အရောင်းအဝယ်က အေးတာ” ဟု အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် အာရှနိုင်ငံများတွင် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသော်လည်း အရောင်းအဝယ် အေးလျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်မည့်သူများက မြေကွက် ဝယ်ယူခြင်းနှင့် ရုံးခန်းနှင့်ဆိုင်ခန်း ဖွင့်မည့်သူများက တိုက်ခန်းငှားခြင်း အနည်းငယ်သာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တွင်းမြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အမြင့်ဆုံး နှုန်းထားသို့ ရောက် ရှိနေသော   ကြောင့် အရောင်း အဝယ် ပုံမှန်အတိုင်းသာရှိပြီး တိုက်ခန်းနှင့် ကွန်ဒိုများ ဆောက်လုပ်ရန် မြေကွက် ဝယ်ယူမှုများသာ ရှိကြောင်း ရန်ကုန်မြို့အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။

ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်

Photo: ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်
Tuesday, August 27, 2013

ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသားများ ကျောက်မျက်အတုများ
 ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း
အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။

“အသင်းသားတွေ ပါမပါတော့ မသိဘူး။ အသင်းသားတွေထဲမှာလဲ ဒီလိုမျိုးတစ်ခါမှတော့ မလုပ်ဖူးပါဘူး။ ဒါက သတိပေး ပြောဆိုတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောက်မျက်အတု ရောနှောရောင်းချသူများကို ကွင်းဆင်း စစ်ဆေးမည်ဟု ကနဦး စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်မှာ အကောင်အထည် မဖော်နိုင်သေးကြောင်း ဦးကျော်ဌေးက ပြောဆိုသည်။

“စစ်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးက ဆိုင်တွေအကုန်လုံးကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အသင်းသားထဲက လုပ်တယ်ဆိုရင်တော့ အသင်းက ထုတ်မှာပါ။ ဒါကအသင်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်” ဟု ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြား
သည်။

အဆိုပါ ကျောက်မျက်ဈေးကွက်အတွင်း အတုများ ရောနှောရောင်းချမှု
သည် ကျောက်မျက်ဈေးကွက်အတွင်း ၂၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ဦးကျော်ဌေးက သုံးသပ်ပြောကြားသည်။

ယင်းသို့ ရောင်းချမှုများသည် ဆက်တိုက် မဖြစ်သော်လည်း ရံဖန်ရံခါ ဖြစ်
တတ်သော အမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကို ၂၀၀၉ ခုနှစ်
မှစ၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ အသင်းသားဦးရေ ၆၀၀၀ ခန့် ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice Weekly
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက် မျက်အတုများ ရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း အတွင်းရေး မှူး ဦးကျော်ဌေးက ပြောကြားသည်။

အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့

Photo: အစိုးရ ပညာရေး အစီ အစဉ်ကြောင့် ဒေသခံများ အခက်တွေ့
Tuesday, August 27, 2013

ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ်ရကြောင်း မြန်မာရွေ့ပြောင်း
 ကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။ 

“ ကိုယ်ထူ ကိုယ်ထ ဆရာမတွေက ကျပ် (၃)သောင်း ဆိုရင် အစိုးရ ခန့် ဆရာမတွေက (၉)သောင်း တသိန်းနဲ့ ချပေးတယ်။ ပြီးတော့ အခုမှ လာသင်ပေးတယ်။ အရင်က လှည့်မကြည့်ဘူး။ တခါ သူတို့ ဆရာမတွေ အတွက် စားစရိတ်တွေ၊ လမ်းစရိတ်တွေကို ကျေးရွာကနေ ပေးရ သေး
တယ်။ ဆိုတော့ ရှိနေတဲ့ ကိုယ်ထူ ကိုယ်ထ စနစ်တွေကို လာဖျက်တဲ့ သဘောဘဲ ဖြစ်ပါတယ်” ဟု ဆိုပါသည်။  

ထို့အပြင် ကျောင်းချိန်တွင် သင်ကြားနေသော ကရင်စာကို ကျောင်းချိန်
 ပြင်ပပို့ခြင်း၊ သင်ရိုးညွှန်တမ်းကို ချက်ချင်း ပြောင်းခြင်းနှင့် ကိုယ်ထူကိုယ်ထ ဆရာမများကို ထုတ်ပယ် ခြင်းကြောင့် ကျေးရွာတွင် သွေးကွဲ စေခဲ့ ပါသည်။ အစိုးရသည် DKBA အုပ်ချုပ်မှု နယ်မြေတွင် ရှိသော စာသင် ကျောင်းပေါင်း (၃၂) ကျောင်း ရှိသည့် အထဲမှ (၁၀) ကျောင်းကိုသာ ၀န်ထမ်းများ အစားထိုး ခဲ့ခြင်းဖြစ်သည်။

အစိုးရ ပံ့ပိုး ပေးခဲ့သော ပညာ ၀န်ထမ်း များကို စုကလိ၊ အူကလိထ၊ ကနဲလေး၊ ကော်ချဲ၊ သနော်ထ၊ ၀မီးထ၊ တောင်နီ (လေဝေါ်) နှင့် ဆုံဆည်းမြိုင် ကျေးရွာများ ဖြစ်ပါသည်။

ဤသို့ကြောင့် ကျန်ရှိ နေသော ကျောင်းများမှ ကိုယ်ထူကိုယ်ထ ဆရာ၊ ဆရာမ များအား ထိန်းသိမ်းရ ခက်စေ ခဲ့ကြောင်း ဆိုပါသည်။ ဤသို့သော ပြသနာ များကြောင့် DKBA သည် KNU မှ ပညာရေး၊ ကျန်းမာရေး ၀န်ထမ်းများနှင့် အစိုးရ၏ မြ၀တီ ခရိုင် ပညာရေးနှင့် ကျန်းမာရေး မှူးများ ပါဝင်သော အစည်းအဝေး တရပ်ကို ဆုံဆည်းမြိုင် ကျေးရွာတွင် ယနေ့ ကျင်းပခဲ့ပါ သည်။

ယင်းအစည်းအဝေးသို့ ကျေးရွာ လူထုများပါ အင်အား (၈၀) ခန့် တက်ရောက် ခဲ့ပါသည်။ ယင်းအစည်း အဝေးတွင် ပညာရေးနှင့် ပတ်သတ်ပြီး DKBA အပါအ၀င် ဒေသခံ ရပ်မိ ရပ်ဖ များနှင့် ဒေသခံ ဆရာ၊ ဆရာမ များက အောက်ပါ အတိုင်း တောင်းဆို ကြပါသည်။

- ငြိမ်းချမ်းရေး ကာလ ဖြစ်ခြင်းကြောင့် အခြေအနေ နှင့် အချိန်ခါအရ ပညာရေး လိုအပ်ချက် အပေါ် မူတည်ပြီး အစိုးရထံ တင်ပြ တောင်းဆို
သွားမည်။ အစိုးရဖက်မှလည်း ညှိနှိုင်း မှုဖြင့် အကောင် အထည်ဖေါ်
 ဆောင်ရွက်သွားရန်။

- နိုင်ငံတော် ပညာရေး ဌာနနှင့် ဆက်စပ်နိုင်ရန် ကျောင်းတိုင်းတွင် အစိုးရခန့် ဆရာမ ၀န်ထမ်း တစ်ဦးသာ လိုအပ်ပြီး ဒေသခံ ဆရာ၊ ဆရာမများနှင့် လက်တွဲ သွားရန် ဖြစ်သင့်သည်။  

- ကရင် ပညာရေး အဖွဲ့အစည်းရှိ ဒေသခံ ကျောင်း အသီးသီးမှ နှစ်ရှည်လများ သင်ကြားပေးလာခဲ့သည့် ဆရာ၊ ဆရာမ များအား ပညာရေးတန်းတူ အခွင့်အရေး တစ်ရပ် ရရှိ ရေးနှင့် ကရင်စာပေကို
 ကျောင်းချိန် အတွင်းတွင် သင်ကြားခွင့် ရှိသင့် ကြောင်း တောင်းဆို ကြပါသည်။  

ဤတောင်းဆိုချက် များအား အထက်ကို တင်ပြပေးမည်ဟု မြ၀တီခရိုင် အစိုးရ ပညာရေးမှူး များက ပြန်လည် ဖြေကြား ခဲ့ပါသည်။ မြ၀တီခရိုင် ဆုံဆည်းမြိုင် ဒေသရှိ အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးရေးမှု အစီစဉ်သည် ဒေသခံများ နှင့်လက်တွဲ ဆောင်ရွက် ရမည့်အစား ဒေသခံ
များ၏ ကိုယ်ထူကိုယ်ထ စနစ်နှင့် ပူးပေါင်း ပါဝင်မှုကို ပျက်စီး စေခဲ့ကြောင်း DKBA အရာရှိက ဆိုပါသည်။

ဤသို့ကြောင့် အစိုးရမှ ချပေးသော ဖွံ့ဖြိုးမှု အစီစဉ်ကို ပြန်လည် သုံးသပ်နိုင်ရန် ရည်ရွယ် တင်ပြခြင်း ဖြစ်ပြီး လောလော ဆယ်တွင် DKBA ထံ ရောက်ရှိ နေသည့် ဂျပန်နိုင်ငံ နိပွန် ဖေါင်ဒေးရှင်းကိုလည်း တင်ပြ
 ဆွေးနွေးခဲ့ပါသည်။

Phophtaw News Association 
ကရင် ပြည်နယ် မြ၀တီ ခရိုင်မှ အစိုးရ အုပ်ချုပ်ရေးမှူး များ၏ ဒေသ ဖွံ့ဖြိုးမှု ပညာရေး အစီစဉ်ကြောင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ဒေသရှိ ပြည်သူများ ၀န်ထုတ် ၀န်ပိုး ဖြစ် ရကြောင်း မြန်မာရွေ့ပြောင်းကျောင်းများ ကော်မတီ Burmese Migrant Workers Education Committee (BMWEC) အဖွဲ့မှ ဥက္ကဌ နော်ဖောရေ့က ဆိုပါသည်။