Wednesday 15 February 2012

ဖောက်ခွဲဖျက်ဆီးရေးသမားများအတွက် (ပေးစာ-၇)


   တောင်းဆိုးပလုံးဆိုးကိုသာစွန့်ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုးသမီးဆိုးကို ဘယ်မိဘမှ စွန့်ပစ်ရိုးထုံးစံမရှိဘူးတဲ့။ ဒီလို ပါဘဲ နိုင်ငံတော်သမ္မတကြီးကလည်း အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာနိုင်ငံတော်ကနေ ထွက်ခွာသွားတဲ့ သွေးချင်း တွေကို လက်ကမ်းလို့ကြိုနေပါတယ်။ ပြည်တော်ပြန်အဖွဲ့တွေလည်း ၀မ်းသာလို့၊ ပျော်ရွှင်လို့နဲ့ အပြုံးမျက်နှာတွေနဲ့ တွေ့လိုက်ရတော့ ဘယ်လောက်များပီတိဖြစ်ဖို့ ကောင်းလိုက်သလဲဗျာ။
          ပြည်တော်ပြန်အဖွဲ့တွေကလည်း နိုင်ငံတော်တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ တက်နိုင်တဲ့ဘက်ကနေ အင်ဖြည့် အားဖြည့်နဲ့ တစ်တပ်တစ်အား ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့် ကိုရော၊ ပြည်တော်ပြန်တွေအားလုံးကိုရော လေးစားချစ်ခင်စိတ်က အထွတ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။
          ဒါပေယ့်ပေါ့ဗျာ… အင်တာနက်မှာ ABSDF အဖွဲ့ဝင် အောင်သူငြိမ်း၊ အောင်နိုင်ဦးနဲ့ မင်းဇော်ဦးတို့ ပြည်ပြန်ဝင်မယ် ဆိုတော့ ကျွန်တော်လည်း နည်းနည်းတွေဝေသွားတယ်ခင်ဗျာ။
          ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ရပ်က အပြုသဘောနဲ့ ဘုတောရုံလောက်ဆိုဘာမှ မဖြစ်ပါဘူး။ ဘုတောာ မဟုတ်ဘဲ အတည်သဘောနဲ့ လက်နက်ကိုင်တောခိုခဲ့တာဗျ။ ဒါတင်ပဲလားဆိုတော့ ဘယ်ကလာဟုတ်ရမှာလဲ။ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့တယ်၊ လုပ်ဆောင်နေတယ်ဗျာ။ ဖော်ရွေပျူငှာပြီး သဘောထားဖြူစင်မှုရှိတဲ့ မြန်မာလူမျိုး တွေရဲ့ စိတ်ဓါတ်နဲ့ကတော့ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ လုပ်ဆောင်မှုလို့ပဲ ပြောချင်တယ်။
          ဟိုယခင်ကတော့ ဖောက်ခွဲဖျက်ဆီးရေးလုပ်လို့ ပြည်သူတွေ သေကြဒဏ်ရာရတယ်။ မျက်ရည်ပေါက်ကြီးငယ် ကျကြ ရတယ်ဆိုတာ တစ်ခြားတိုင်းပြည်နိုင်ငံတွေမှာပါ။ ကျုပ်တို့ မြန်မာနိုင်ငံမှာ မရှိပါဘူး။ ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာလိမ့်မယ်လို့ လည်း နည်းနည်းလေးမှ မတွေးမိပါဘူး။ အခုတော့ဗျာ အပြစ်မဲ့ပြည်သူတွေ သေကြဒဏ်ရာရတာ လက်တွေ့ခံစားနေကြရပြီ။ ရင်နာစရာဘယ်လောက်ကောင်းလိုက်လဲ။
          ဒါကြောင့် မောင်နာကျင်တစ်ယောက် နာကျင်မယ်ဆိုလည်း နာကျင်နိုင်စရာတွေချည်းပဲကိုး…။ မောင်နာကျင်  ရေးထားမှ ကျုပ်သိရတာတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ မြန်မာ့ရိုးရာသင်္ကြန်မှာ လူမဆန်စွာ ဖောက်ခွဲဖျက်ဆီးရေးလုပ် ခဲ့တာ ABSDF ရဲက စနက်မကင်းဘူးဆိုတာပါဘဲ။ ဒါလည်း နာကျင်စရာတစ်ခုပေါ့ဗျာ။
          သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်သလို ကောင်းမှုကုသိုလ်တွေပြုကြ၊ အလှူဒါန တွေလုပ်ကြနဲ့ စိတ်ချမ်းမြေ့စရာတွေအပြည့်နဲ့ပွဲပါ။ အခုတော့ဗျာ မဏ္ဍပ်တိုင်းမှာ ဖောက်ခွဲဖျက်ဆီးမှုတွေ ထပ်မံဖြစ်ပေါ်စေဖို့ လုံခြုံရေးတွေလည်းလုပ်ရ၊ စစ်ရ၊ ဆေးရနဲ့ လုပ်နေရပြီ။ သွားလာတဲ့သူတွေကလည်း လူစည်ကားရင် မသွားရဲ၊ မလာရဲနဲ့ ဘယ်လိုလုပ် အပြည့်အ၀ ပျော်ရွှင်လွတ်လပ်တော့မလဲဗျာ။ အဲ့ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ?
        ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဗုဒဘာသာကို အထွဋ်အမြတ်ထားတဲ့နိုင်ငံ၊ ရွှေရောင်ဘုရားတွေ တ၀င်းဝင်းနဲ့ ကမ္ဘာ မှာ မြန်မာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဆိုတာ အားလုံးသိကြတယ်။ အခုလည်းကြည့်လေ တရုတ်ကပင့်ဆောင်လာတဲ့ ဗုဒစွယ်တော် မြန်မာနိုင်ငံကို ကြွလာတော့ ယခင်ကလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး အများပြည်သူ ထိခိုက်သေကြေဒဏ်ရာရမှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတွေ တိုးချဲ့ပြီးလုပ်ရ၊ စစ်ရ၊ ဆေးရနဲ့ ကုသိုလ်တောင် အပြည့်အ၀ မယူနိုင်ဘူး ဖြစ်နေ ပြန်တယ်။ ဒါတွေကလည်း ဘယ်သူ့ကြောင့်လဲ?
        ရှင်းရှင်းလေးပါအဲဗျာ။ ဖောက်ခွဲဖျက်ဆီးရေးသမားတွေကြောင့် မသွားရဲ၊ မလာရဲ၊ မလုပ်ရဲမကိုင်ရဲနဲ့ ဖြစ်နေတော့ လွတ်လပ်မှုဆိုတာ ဘယ်လိုလုပ်ရှိတော့မှာလဲ?
          ဒါတောင်သူတို့က အသံကောင်းဟစ်ပြီး ဒီမိုကရေစီအတွက် လုပ်နေတာတဲ့!
          စဉ်းစဉ်းစားစားလည်း ပြောကြပါဗျာ။ ကျုပ်တို့ပြည်သူတွေက အဲဒီလောက်အထိမညံ့ပါဘူး။ စဉ်းစားဆုံးဖြတ် သုံးသပ်နိုင်မှု/ဦးနှောက်မရှိဘူးလို့ မင်းတို့က ထင်နေတာလား။ ဒါကြောင့်လည်း မောင်နာကျင်က နာနာကျင်ကျင်နဲ့ ခံစားချက် ကို ဖွင့်ဟလိုက်တာပေါ့။ ကျုပ်မောင်ရင်နာကလည်း ရင်နာနာနဲ့ဘဲ ခံစားချက်ကို ရင်ထဲမှာသိမ်းမထားဘဲ မောင်နာကျင် ကို ထောက်ခံပါတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တာပါ။
          ABSDF အဖွဲ့ဝင်တွေအပြင် ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်နေတဲ့/အားပေးနေတဲ့သူတွေကို ကျုပ်မေးကြည့်ချင် တာလေးတွေရှိတယ်။ ဘာလဲဆိုတော့ -
-       မင်းတို့တိုင်းပြည်ကို ဘာကြောင့်ပြန်လာချင်ရတာလဲ? (ပြည်ပကနေ ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ပြီး တိုက်ခိုက်နေတာ ထိခိုက်၊ သေကြေ၊ ဒဏ်ရာရတဲ့ ပြည်သူလူထုအရေအတွက် နည်းနေသေးလို့လား)
-       ဘာလိုချင်လို့လဲ/ဘာတောင်းဆိုချင်လို့လဲ?
-       အဖျက်လုပ်ငန်းတွေနဲ့ ပြည်သူတွေ သေကြေ ဒဏ်ရာရအောင်လုပ်ပြီးမှ အခုမှဘာလို့ ပြန်ဝင်ချင်ရတာလဲ?
-       တိုင်းပြည်ကို တစ်ကယ်ရောချစ်ရဲ့လား?
ဘယ်လိုလဲ… ပြည်ပြန်ဝင်ချင်တဲ့အဖျက်သမားတွေ ! ပြည်သူတွေကိုယ်စားကျုပ်မေးထားတဲ့ မေးခွန်း ၄ ခုကို အရင် ဖြေကြည့်ပါအုံး။ မင်းတို့ဘယ်လိုဘဲဖြေဖြေ နိုင်ငံတော် သမ္မတကြီးက မိဘသဖွယ် စိတ်ရင်းစေတနာအပြည့်နဲ့ ပြည်ပြန်ဝင် ခွင့်ပြုမှာပါ။ ဒါပေမဲ့ ကျုပ်တို့ မောင်နှမသားချင်းတွေဖြစ်တဲ့ ပြည်သူလူထုကတော့…………….။ မင်းတို့ ဒီလောက်ဆို သဘော ပေါက်ပေါ့ကွာ။
အေး… နောက်ဆုံးစကားတစ်ခွန်းတော့ ပြောချင်တယ်။ သားဆိုးသမီးဆိုးကို ဘယ်မိဘကမှ မစွန့်လွှတ်ပေမယ့် ဘယ် ညီအစ်ကိုမောင်နှမတွေကမှ ခွင့်လွှတ်ပြီး လက်ခံထားမှာ မဟုတ်ဘူးဆိုတာဘဲ။

မောင်ရင်နာ

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မဖြစ်ဖြစ်အောင် ပြုလုပ်သွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆို


ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
ပြည်ပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများရှိခဲ့သောကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို မဖြစ်ဖြစ်အောင် ပြုလုပ်သွားရမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။
ဂျာမနီနိုင်ငံ စီးပွားရေးပူး ပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့် ဥရောပကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ် ငန်းဆိုင်ရာ မဟာမင်းကြီးတို့နှင့်   ဖေဖော်ဝါ ရီလ ၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း  ဖြစ်သည်။”လွှတ်တော်မရှိခဲ့တဲ့ ကျွန် တော်တို့မြန်မာနိုင်ငံမှာ အခြေအ   နေဘယ်လိုရှိတယ်ဆိုတာ အ ဆွေတော်တို့ ကျွန်တော်တို့အား လုံး အသိဖြစ်ပါတယ်။ လွှတ် တော်မရှိခဲ့တဲ့အတွက် ကျွန်တော် တို့နိုင်ငံကို အခြားနိုင်ငံများကဖိနှိပ် တဲ့အ တွက်စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ရှိကောင်းရှိတယ် ဆိုတာလည်း မှန်ကောင်းမှန်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ အခုတော့ လွှတ်တော်ကိုဖွဲ့စည်းပြီး ဒီမိုကရေစီ စနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် မိမိ တို့လွှတ်တော်က အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်”ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ထို့ကြောင့် ဥရောပေ က်ာမရှင်နာ (ဂျာမနီ) အဖွဲ့မှ ယူရိုသန်း ၁၅ဝ ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး မြန်မာ နိုင်ငံအရေးကို အထူးစိတ်ဝင်စား လျက်ရှိကြောင်း ၄င်းအဖွဲ့က ပြောကြားခဲ့သည်။အဆို ပါတွေ့ဆုံဆွေးနွေးပွဲတွင် အကျဉ်းသားများ လွတ်ငြိမ်းခွင့် ပေးခြင်းနှင့် ထပ်မံလွှတ်ပေးနိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ပြီး ဂျာမနီ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လွှတ် တော်ဆိုင်ရာ ကိစ္စရပ်များအား လိုအပ်သည့်အကူအညီများပေးရန် သဘောတူညီမှုများရရှိခဲ့ကြောင်း ဆွေးနွေးပွဲ၏ရလဒ်အရ သိရ သည်။ ”အခုလို အားပေးကူညီတဲ့ နေရာမှာ ဒီမိုကရေစီစနစ် ပြောင်း လဲမှုကို တကယ်လုပ်မှာလား ဆိုရင် မိမိတို့တွေက တကယ် မဖြစ် ဖြစ်အောင် လုပ်မယ်”ဟု ပြည်သူ့လွှတ်ေ တာ်ဥက္ကဋ္ဌက ဆို သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဂျာမနီနိုင်ငံ(အဖွဲ့)အား ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးခန်းမသို့ ဝင်ရောက်လေ့လာ ခွင့်ပေးခဲ့သည်။
ပေါ်ပြူလာ

ပြည်ပရောက်မြန်မာများ နိုင်ငံမဲ့မဖြစ်စေရဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်တွေ့ဆုံခဲ့သည့် မစ္စတာ ဗီဂျေနမ်ဘီးယား




ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
''မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ရောက်နေတဲ့ သူတွေကို ပြန်လာ နိုင်ရေး ကိုလုပ်ပေး မယ်။ မြန်မာတွေ နိုင်ငံမဲ့ မဖြစ်စေရဘူးလို့ ဥက္ကဋ္ဌက ပြောပါတယ်။ ပြီးတော့ sanction က အစိုးရ ကို ကန့်သတ်တာလား။ ပြည်သူကို ကန့်သတ်တာလား ဆိုတဲ့ အချက်တွေကို အပြန် အလှန် ဆွေးနွေးဖြစ်ပါတယ်'' ဟု ဆွေး နွေးပွဲသို့ ဝင်ရောက်ခွင့် ရရှိသော ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကန့်သတ်ထား သောပိတ်ဆို့မှု များသည် မြန်မာအစိုး ရထက် ပြည်သူ တို့၏ စားဝတ် နေရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ပိုမိုထိခိုက်နေကြောင်း ၊ ပြည်သူများအတွက် တကယ်တမ်း ကူညီမည် ဆိုပါက မြန်မြန်ဆန်ဆန် ပြုလုပ်နိုင် ရန် အတွက် စဉ်းစားရန် လိုအပ်နေကြောင်း ၄င်းက ဆွေး နွေးပွဲ ရလဒ်ကို အကျဉ်းချုပ် ပြော ကြားသည်။
''ဒီမိုကရေစီ ပြောင်းလဲတဲ့နေ ရာမှာ နိုင်ငံရေးတစ်ခု တည်းပြောင်းလို့ မရဘူး။ လူမှုရေး၊ စီးပွားရေးပါ ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် သူတို့ ကရော ဘယ်လိုကူညီနိုင်မလဲ။ အပေါ်ကချည်းပဲသွားပြီး အောက်က မလိုက်နိုင်လို့လဲ မဖြစ်ဘူးဆိုတာ တွေ ပြောဖြစ် ပါတယ်''ဟု ၄င်းက ဆိုသည်။
၎င်း၏အဆိုအရ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေး၊ သားငါးထုတ် လုပ်ရေး စသည့် အချက်များသည် ပြည်တွင်းတွင် ဖူလုံမှုအပြည့်အဝ ရှိနေပြီး ပြည်ပနိုင်ငံများသို့ ပံ့ပိုးလိုပါ က ကုလအနေဖြင့် ဝိုင်းဝန်း ကူညီ ပေးသွားရန်လိုအပ်သည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။
ပေါ်ပြုလာဂျာနယ်


အမေစု သိစေချင်သည့် ဗိုလ်ချုပ်၏အဓိပ္ပာယ် (ပေးစာ-၆)

         
``ဖေဖော်ဝါရီ (၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ``ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးရုံးခန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာ အလွန်ကောင်းတဲ့ အစီအစဉ် တစ်ရပ်ပါပဲ။ စစ်အစိုးရအနေနဲ့နှစ်ပေါင်း (၂၀)ကျော်  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို Fade out လုပ် ထားခဲ့ရာမှဒီကနေ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းအတွက် ၀မ်းမြောက်ဖွယ်သတင်းလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းကလဲ အနိမ့်ဆုံးအဆင့် မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တော်တိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို ဂါရ၀ပြုတာမျိုးမြင်တွေ့လိုကြပါတယ်။ ခုလိုမျိုး ကမ္ဘာကျော်မဲ့ အဖြစ်မှန် ရုပ်ရှင်ရိုက်မှာမျိုးဆိုတော့ အတိုင်း ထက်အလွန် သဘောကျမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက်ပြောကြားနေစဉ်

 အခမ်းအနားကိုအစီအစဉ်(၇)ခုနဲ့ ကျင်းပရာမှာအစီအစဉ်(၆)အရ အမေစု ရဲ့နိဂုံးချုပ်စကားဖြစ်ပါတယ်။ အမေစု ပြောတာတွေကောင်းပါတယ်။ အဓိက အနေနဲ့ ဒီရုပ်ရှင်ကားဟာ သမိုင်းကို မှန်မှန်ကန်ကန် သရုပ်ဖော်နိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုဖြစ်စေချင် ကြောင်းအမေစုပြောပါတယ်။ ဒါဟာလဲ အကောင်းဆုံးပါ ပဲ။ နောက်ဆက်ပြီး အမေစုပြောတာရှိပါတယ်။ ဗိုလ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့အင်အား ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများက ဗိုလ်ချုပ်လို့ ခေါ်ရခြင်းမှာ တပ်မတော်အရာရှိမို့လို့ မဟုတ်ဘဲ ပြည်သူကိုအင်အားတွေပေးဖို့ ခေါ်ဆိုခြင်းဖြစ်ကြောင်းအမေစုပြောခဲ့ပါတယ်။ အမေစုရေ…ဗိုလ်ဆိုတဲ့ဝေါဟာရဟာ တပ်မတော်အရာရှိမို့လို့ ခေါ်တာမဟုတ်ဘူး ဆိုတာမျိုးကျတော့ တစ်မျိုးဖြစ်နေပါတယ်။ ``ဗိုလ်ဆိုတဲ့အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့ အင်အားဖြစ်ပါတယ်``စကားက ….ကဲ-ကေအိုင်အေက ဗိုလ်ချုပ်ဂန်ရှောင်၊ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာမျိုးတွေ ကျတော့ ပြည်သူရဲ့အင်အားဖြစ်နိုင်ပါ့ မလား။သူတို့ဟာပြည်သူတွေအတွက်တော့ အဖျက်လုပ်ရပ်တွေ ချည်းလုပ်နေတာတွေ့မြင်နေရပါတယ်။ ထို့အတူပါပဲကေအင်န်ယူက ဗိုလ်ချုပ်ကြီး စောတာမလာဘောတို့ ကျတော့ကော..ပြည်သူတွေရဲ့အင်အား ပဲလား။
   ဗိုလ်ချုပ်ဟာမျိုးချစ်တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာအသက်နဲ့လဲပြီးဆင်းရဲဒုက္ခ အမျိုးမျိုးခံပြီးမြန်မာ့တပ်မတော် ကြီးကို တည်ထောင်ခဲ့တာပါ။ ဗိုလ်ချုပ် ဆိုတာ တပ်မတော်က သတ်မှတ်ပေးတဲ့ရာထူး အဆင့်အတန်းပါ။ အဲဒီခေတ်အခါက ဗိုလ်ချုပ်ဆိုတာ တပ်မတော် ရဲ့အမြင့်ဆုံးရာထူးမို့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ရဲ့ ဖခင်အစစ်အမှန်ပါပဲ။ ဗိုလ်ချုပ်ဆိုတဲ့အဓိပ္ပာယ်ကိုလဲ တစ်မျိုး တစ်မည်ဖြစ်စေတဲ့အသုံးအနှုန်းမျိုးမသုံးစေချင်ပါဘူး။ အမေစုအနေနဲ့ နိုင်ငံခြားမှာပညာသင်၊ နိုင်ငံခြားမှာ နေ၊နိုင်ငံခြားသားနဲ့အိမ်ထောင်ကျပြီးဗမာပြည်မှာနေတဲ့နှစ်ကလဲနည်းနေသေးတော့ တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် အသက်ကိုပေးဆပ်ထားပြီး စွန့်လွှတ် အနစ်နာခံမှု၊ပင်ပန်းဆင်းရဲမှု ဘ၀တွေကို အမေစု မသိသေးဖူးနဲ့တူပါတယ်။ ဗိုလ်ဆိုတာ တပ်မတော်အရာရှိများရဲ့ပြန်တမ်းဝင် ရာထူးဖြစ်ပါတယ်။ ဒါဟာလဲ ဒီခေတ်မှသတ်မှတ်တဲ့ရာထူး မဟုတ်ပါဘူး။ တပ်မတော်ကြီး စတင်ပေါ်လာကထဲက တပ်မတော် ခေါင်းဆောင်အဖြစ် ရည်ညွှန်းသတ်မှတ် ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ပိုပြီးကြီးကြီးကျယ်ကျယ် ပြောရရင်တော့ မြန်မာဘုရင်တွေ လက်ထက်ကထဲက ရှိခဲ့တဲ့ ရာထူး ဖြစ်ပါတယ်ဆိုတဲ့အကြောင်း အမေစုသိစေချင်တာပါ။