Monday 23 November 2015

IS အကြမ်းဖက်အဖွဲ့အား အချိန်တိုအတွင်း အနိုင်ရရှိရန် မဖြစ်နိုင်ဟုဆို

အစ္စလာမ်နိုင်ငံတော်(IS) အကြမ်းဖက် အဖွဲ့အပေါ် မြန်မြန်ဆန်ဆန်နှင့် အောင်ပွဲခံနိုင်မည် မဟုတ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ် ပီရီဒီဗီလီယာစ်က တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ပြင်သစ်သမ္မတ ဖရန်ဆွာ သြော်လွန်သည် IS အကြမ်းဖက်အဖွဲ့အား အမြစ်ပြတ် နှိမ်နင်းနိုင်ရေးအ တွက် အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့ပါဝင်သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် တောင်းဆိုထားပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် လာမည့်အပတ်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

“IS အကြမ်းဖက်အဖွဲ့ကို အချိန်တိုအတွင်း အနိုင်ရရှိဖို့ မဖြစ်နိုင်ပါဘူး””ဟု ပီရီဒီဗီလီယာစ်က ပြင်သစ် သတင်းစာ Le Journal du Dimanche သို့ပြောဆိုခဲ့သည်။ ““စစ်တပ်မှာဆိုရင် ရေရှည်ဆိုတဲ့ သဘောနဲ့ အကျင့်ရနေတယ်၊ ဒါပေမဲ့ လူတွေကတော့ ရလဒ်တွေကို သိပ်စောင့်စရာမလိုဘဲ ရချင်ကြတယ်၊ ဆီးရီးယားနဲ့ အီရတ်မှာဆိုရင် ၀ိရောဓိပဲလေ၊ နောက်ဆုံးတော့ သံတမန်ရေး၊ နိုင်ငံရေးတို့နဲ့ပဲ ဖြေရှင်းရမယ် ဆိုတာ လူတိုင်းသိစေ ချင်ပါတယ်””ဟု ၎င်းက ပြောဆိုခဲ့သည်။

 သြော်လွန်သည် အင်္ဂါနေ့တွင် အိုဘားမားနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက်တွင် ပူတင်နှင့် တွေ့ဆုံမည် ဖြစ်သည်။ ရုရှားနှင့် အနောက်နိုင်ငံများသည် ဆီးရီးယားနှင့် ပတ်သက်ပြီး အမြင်များ ကွဲပြားနေသည်။ ရုရှားသည် ဆီးရီးယားသမ္မတ ဘားရှား အယ်လ်-အာဆတ်အား ထောက်ခံနေပြီး အနောက်နိုင်ငံများကမူ အာဆတ် အမြန်ဆုံး ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေသည်။

ဒီဗီလီယာစ်က ၎င်းသည် ရုရှားစစ် ဦးစီးချုပ်နှင့် တယ်လီဖုန်း ဆက်သွယ် စကားပြောဆိုခဲ့သော်လည်း IS အကြမ်းဖက်အဖွဲ့ဆိုင်ရာ ပစ်မှတ်များနှင့်ပတ်သက်ပြီး ရုရှားနှင့် တိုင်ပင်ပြောဆိုခြင်း မရှိခဲ့ကြောင်း ပြောဆို ခဲ့သည်။

Source:Reuters
Messenger News Journal​ 

No comments:

Post a Comment