Tuesday 18 September 2012

ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ်

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြု အခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသော ကချင်တိုင်းရင်းသားများ အနေဖြင့်တက်ရောက်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။
ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။

ဗျူရိုကရေစီ ယန္တရား ဘယ်ကို သွားနေပြီလဲ

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူရဲ့အစိုးရ အဖွဲ့ဝင်တွေကို မူဝါဒနဲ့ ရည်မှန်းချက်တွေ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ပြည်သူကို ဗဟိုပြု ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက
ပြောဆိုလိုက်အပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ဝန်ကြီးဌာနက အကြီးအကဲ တော်တော်များများကို ဌာနတွေ ပြောင်းရွှေ့ခန့်ထားလိုက်တာဟာ သူရဲ့ ဗျူရိုကရေစီယန္တရားကို အပြောင်းအလဲ ကောင်းကောင်း လုပ်တော့မှာလား လို့ မျှော်လင့်လာကြပါတယ်။

ဝန်ကြီးဌာန မတူညီတဲ့နေရာတွေကို ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင် ညွှန်ကြားရေးမှူး တွေနရာပြောင်း လဲခန့် ထားတာ တွေ့ရပါတယ်။ သတင်းနှင့် စာနယ်ဇင်းကနေ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ရောက်တာ၊ သမ္မတရုံးကနေ ပညာရေးဝန်ကြီးဌာနကို ရောက်တာ၊ ဗဟိုဘဏ်ကနေ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနကို ရောက်တာမျိုးတွေက လုံးဝကို သဘောသဘာဝ မတူညီတဲ့ နေရာတွေကိုပြောင်းလဲခန့် ထားလိုက်တာပါပဲ။

ဝမ်းဗိုက်အဆီလျော့ကျစေပြီး လှပစေရန်.....



ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

စစ်တိုင်းမှူးကိုလုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေရဲဘော် ပြန်လွတ်


လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရသူ ကေအိုင်အေတပ်ဖွဲ့ဝင်တဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။

၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခဲ့မှုနဲ့ လဖိုင်ဇော်ဆိုင်းဟာ သေဒဏ်ချမှတ်ခံခဲ့ရာကနေ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၂၇ နှစ် နေခဲ့ရပြီး ပြန်လွတ်လာတာပါ။

ကေအိုင်အေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့ ယနေ့ ၀ါရှင်တန် စံတော်ချိန် နံနက် ၉ နာရီခန့်က ဒေါ်ကလင်တန်၏ ရုံးခန်း၌ တွေ့ဆုံခဲ့ (သတင်းဓါတ်ပုံ)

September 18, 2012 at 4:32 pm 







အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အင်တာဗျူး

September 18, 2012 at 4:32 pm

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ နဲ့ နိုင်ငံ သားဖြစ်ခွင့်ဆိုင်ရာဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က  တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်း သားများ တိုး တက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဉ္စရာက တွေ့ဆုံ  မေးမြန်းခွင့်ရခဲ့ပါတယ်။  အဓိ က ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြ ပါ တယ်။

၂၀၁၃ တွင် လွတ်လပ်သည့် ငွေကြေးမူဝါဒ ကျင့်သုံးရန် မြန်မာလျာထား

စက်တင်ဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၄ မိနစ် 

ရင်းနှီးမြှုပ်နှံသူများက ယခင် စစ်အစိုးရဟောင်းမှ ပြောင်းလဲလာသော အစိုးရသစ်ထံသို့ ငွေကြေးများ ထည့် ဝင်မြှုပ်နှံ ရန် ပြင်ဆင်နေကြပြီဖြစ်၍ ဈေးနှုန်းများနှင့် ဘဏ်များ တည်ငြိမ်နေစေရန် လာမည့်နှစ်ဝက်တွင် လွတ်လပ်သည့်ငွေကြေးမူဝါဒကိုကျင့်သုံးအကောင်အထည် ဖော်ရန် မြန်မာဗဟိုဘဏ်က ပြင်ဆင်လျက်ရှိသည်။

Apple ကား ( Apple i Car)



Apple မှာ မော်တော်ယာဉ် ထုတ်လုပ်ဖို့ အစီအစဉ်ရှိတာ မှန်ပေမယ့် ဘယ် ကားပုံစံနဲ့ ထွက်ရှိလာမယ်လို့ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး။

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် မပေးတော့


မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး   တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာနိုင်အောင်က ကိုနေ၀င်းအောင်နဲ့ ကိုစိုးလင်းကို ထောက်လှမ်းရေး တွေလို့ ခိုင်ခိုင်မာမာပြောရဲပါတယ်တဲ့....ဖတ်ကြည့်ကြပါဦး....


ချင်းပြည်နယ်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ

ချင်းပြည်နယ် တောင်ပိုင်းကနေ ပြည်မကိုသွားရင် အဓိကဖြတ်သန်းရတဲ့ တံတားတွေ တောင်ကျရေနဲ့   မျောပါသွားပြီး အခုချိန်ထိပြန်လည်ဆောက်လုပ်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေမှာအခက်အခဲတွေ့ ရုံမက တံတားမရှိလို့ လှေနဲ့ကူးတဲ့အခါ လှေမှောက်ပြီးသေဆုံးရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက   ပြောပါတယ်။

ရေပြာတံတားနဲ့ အုန်းတောတံတားတွေ မျောပါကုန်တာ ဖြစ်တယ်လို့ မင်းတပ်မြို့  တောင်ပုလုဆရာတော် ဦးပညာသီရိက မိန့်ကြားပါတယ်။

ကျားဘမ်း ပရုတ်ဆီ ပြည်တော် ပြန်ဝင်

နှစ်ပေါင်း တစ်ရာ ကျော်ခန့်က မြန်မာပြည်တွင် စတင် ထုတ်လုပ် အောင်မြင်ပြီး မြန်မာ ပြည်သူများ အကြားတွင် ကျားဘမ်း ပရုတ်ဆီဟု နာမည် ကျော်ကြား ခဲ့သော Tiger Balm အမှတ် တံဆိပ် ပရုတ်ဆီ များကို မြန်မာနိုင်ငံ အတွင်း ပြန်လည် ဖြန့်ဖြူး မည်ဖြစ်ကြောင်း Tiger Balm ၏ စင်ကာပူ အခြေစိုက် မိခင် ကုမ္ပဏီ ဖြစ်သော ဟောပါ ကော်ပိုရေးရှင်း လီမိတက်၏ ဥက္ကဋ္ဌနှင့် စီအီးအို မစ္စတာ ဝီအီလင်းက ပြောကြားသည်။

သာပေါင်းမြို့နယ်အတွင်း လူပေါင်း ရာချီဖျား



ရေကြီးမှုဒဏ် အကြီးအကျယ် ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖျားနာနေသူ ရာနှင့် ချီရှိသည်ဟု သိရသည်။

ထန်းဇင်လှ၊ ထန်းကြို့ကုန်း၊ အင်းကလေးနှင့် အနီးနားကျေးရွာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှ စတင် ဖျားနာကြခြင်း ဖြစ်ပြီး အများစုမှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ဆိုသည်။

Facebook ကနေ ကမ္ဘာကြီးကို ကြည့်မယ်

Tuesday, September 18, 2012


အင်တာနက်ဆိုင်ရောက်ရင် အွန်လိုင်းတက်သူတွေ ဘယ်ဝက်ဆိုက် သုံးကြတာများသလဲ။"Facebook ကတော့ အင်တာနက်ဆိုင် လာထိုင်တဲ့လူ တော်တော်များများ အသုံးပြုကြတယ်။ အရင်က အသက် ၂ဝ ကျော် လူငယ်တွေ အသုံးများပြီး အခုနောက်ပိုင်းမှာတော့ အသက်အရွယ် ၃ဝ ကျော်လောက်ကနေ ၄ဝ ကျော် တွေပါ သုံးလာတာကို တွေ့ရတယ်'' လို့ ကမာရွတ်မြို့နယ်က အင်တာနက်ဆိုင် တဆိုင်က ပြောပါတယ်။

အရက်ပုလင်း နဲ့ ရွှေတိဂုံဘုရား

Tuesday, September 18, 2012
 
မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီက သူတို့ရဲ့ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ  တံဆိပ် တပ်ထားကြောင်း သူတို့ ၀က်ဆိုက်မှာ ရှိတဲ့ ပုံအရ သိရပါတယ်။ဒီကုမ္ပဏီက အရက်မျိုးစုံကို တံဆိပ်မျိုးစုံ ထုတ်ပါတယ်၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ်ဈေးကွက်တွေကို ပစ်မှတ်ထားပါတယ် တဲ့။

ဘန်ကောက် ရောက်လာပြီ၊ ရန်ကုန်မှာရော .........

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက် ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင်ချီ တက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ   ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

လူငယ်တွေအတွက် ရင်လေးဖွယ်


အကျဉ်းသားများလွှတ်မြောက်မှုအပေါ် ကိုထွန်းအောင်ကျော် နှင့် ကိုမိုးသီးဇွန်တို့မှ ပြောကြားချက်

ကိုထွန်းအောင်ကျော် (အမိမြေ ငြိမ်း ချမ်းမှုဖော်ဆောင်ရေးအဖွဲ့ ABSDF ပထမဆုံးဥက္ကဋ္ဌဟောင်း)
စက်တင်ဘာလ (၁၇)ရက် နေ့ မြန်မာနိုင်ငံထောင် အသီးသီး မှ လွတ်မြောက်ချမ်းသာခွင့်အကျဉ်းသား (၅၁၄)ဦး လွှတ်ပေးတယ်ဆို တဲ့ သတင်းအပေါ်မှာ ကိုထွန်း အောင်ကျော် ရဲ့သဘောထားကို သိရှိလိုပါတယ်။


တရုတ် နဲ့ ဂျပန် တကယ် ချတော့မှာလား



တရုတ်အစိုးရ၏ ရေတပ်သင်္ဘော ၁၁ စင်းသည် ဂျပန်နိုင်ငံ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော ကျွန်စုများအနီးပတ်ဝန်းကျင်သို့ ချဉ်းကပ်ရောက်ရှိလာကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က   ပြောကြားသည်။ 

မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး



ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင်ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်ေ နကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောဆိုလိုက်သည်။

ဝါရှင်တန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဟီလာရီကလင်တန် ကြိုဆိုတွေ့ဆုံ

အမေရိကန်ပြည်ထောင်စုသို့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံး ရောက်ရှိလာ သည့်   ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဝါရှင်တန်မြို့၌ ကြိုဆိုတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို အေပီ သတင်းဌာနက ကိုးကားဖော်ပြသည်။

“ပွဲက အခုမှ စတာလို့ မြင်တယ်” နှစ်ကျွန်းကျ ဦးရွှေထူးနှင့် အင်တာဗျူး



ပညာရေး ၀န်ထမ်း ကျောင်းဆရာဟောင်း ဦးရွှေထူး(ခ) ဦးအောင်ဇေယျ သည် ၁၉၈၈ ခု ဒီမိုကရေစီ တောင်းဆိုမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့်အတွက် ပထမအကြိမ် ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိယအကြိမ် နိုင်ငံတော် ပုန်ကန်မှု၊ လက် နက်မှု စသည့် အမှုများဖြင့် တသက်တကျွန်း နှစ်ခါကျကာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အကျဉ်းထောင်မှ ယမန်နေ့ည ၁၁နာရီခန့်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

တရုတ်နိုင်ငံရှိ Suzuki မော်တော်ဆိုင်ကယ်စက်ရုံ လုပ်ငန်းများရပ်နား

ဂျပန်နိုင်ငံမှ မော်တော်ယာဉ် လုပ်ငန်းစုကြီး Suzukiသည် တရုတ်နိုင်ငံတွင် ၎င်းတို့ တည်ထောင် ထားသည့် မော်တော်ဆိုင်ကယ် စက်ရုံကို လုပ်ငန်း ရပ်ဆိုင်းထားလိုက်ကြောင်း သိရှိရသည်။ 
ကျွန်းပိုင်ဆိုင်မှု အငြင်းပွားသည့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာပြီး တရုတ်တွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြင်းထန်လာသည့်အတွက် Suzukiက အခြေအနေကို စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။ တရုတ်တွင် ဆန္ဒပြသူများက ဂျပန်လုပ် မော်တော်ကားများကို ရပ်တန့်စေကာ ဖျက်ဆီးမှုများ   ပြုလုပ် သည်အထိ မုန်းတီးမှုများ မြင့်တက်လာခြင်းကြောင့် Suzukiသည် မော်တော်ဆိုင်ကယ်များ ဆက်လက် ထုတ်လုပ်ခြင်း မပြုသေးဟု အတည်ပြု ကြေညာလိုက်သည်။



(တရုတ်နိုင်ငံမှ ဂျပန်ဆန့်ကျင်ရေး စုရုံးဆန္ဒပြမှုတစ်ခု)

အမေရိကရောက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စုသို့ လက်ရှိတွင် ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

"သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ် ဖြေရှင်းချက်တောင်းဆိုပြီ"


သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်ဆန္ဒပြမှုမှာ ကိုင်ဆောင်ခဲ့တဲ့ "ခေါင်းဖြတ်သတ်ပါ" ဆိုတဲ့ သဘောထားဆိုင်းဘုတ်အပေါ်   ဖြေရှင်းချက်တောင်းဆိုနေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လွှတ်တော်အမတ်များ အမေရိကန် ဒီမိုကရေစီ လေ့လာ

 ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် (Johns Hopkins University) ရောက် မြန်မာ လွှတ်တော် ကိုယ်စားလှယ်များ


အခြေခံ ခိုင်မာပြီးဖြစ်သော အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အမေရိကန် လွှတ်တော်နှင့် ဥပဒေပြု လုပ်ငန်းများကို လေ့လာခွင့် ရခဲ့သော မြန်မာ ပါတီစုံ လွှတ်တော် ကိုယ်စားလှယ်များက ရရှိခဲ့သော သင်ခန်းစာများကို အခြေတည်စ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အသုံးချမည်ဟု   ပြောဆိုလိုက်သည်။

ဆူဇူကီးဖလားပြိုင်ပွဲအား ဒစ်ဂျစ်တယ် လက်မှတ်ဖြင့် ကြည့်ရှုနိုင်မည့် အကြောင်း သတင်းစာရှင်းလင်းမည်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် အောက်တိုဘာလ ၅ရက် မှ ၁၃ရက် အထိလက်ခံကျင်းပပြုလုပ်မည့် 2012 AFF Suzuki Cup ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ်များအား Digital Ticketing System ဖြင့်    ၀ယ် ယူကြည့်ရှုစေမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၉ရက် နံနက် ၁၁နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်သွားမည်   ဖြစ်ကြောင်းသိရသည်။

မြန်မာမီဒီယာအဖွဲ့ အာဆီယံ -တရုတ်ကုန်စည်ပြပွဲတက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင်ကျင်းပသည့် န၀မအကြိမ်မြောက် “အာဆီယံ-တရုတ်ကုန်စည်ပြပွဲ”သို့တက်ရောက်ရန် မြန်မာမီဒီယာအဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် ထွက်ခွာ သွားခဲ့သည်။

ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဘယ်တော့ … ဘာကြောင့် … ဘယ်လို

Tuesday, 18 September 2012

 

တူမောင်ညို၊ ၁၇ စက်တင်ဘာ ၂၀၁၂
          ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဘဘ ဦးရွှေအုံး (၁၉၂၃- ၂၀၁၀) ကို အောက်မေ့ သတိရလို့  ဒီလိုခေါင်းစဉ် တတ်လိုက် တာဖြစ်ပါတယ်။ ဦးရွှေအုံး ၁၉၉၃ အမျိုးသားညီလာခံ (ကျိုက္ကဆံ) သို့ တင်ပြတဲ့ စာတမ်းအမည်က “တတိယ ပြည်ထောင်စု မြန်မာနိုင်ငံ သို့ (ဘယ်တော့ ဘာကြောင့် ဘယ်လို)”ဟူ၍  ဖြစ်ပါတယ်။

ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်

Tuesday, September 18, 2012

 တနိုင်ငံလုံး   အပစ်အခတ်    ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁   ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ဖွဲ့က နေပြည်တော် ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းက မဇ္ဈိမကို ပြောသည်။

ဦးသိန်းစိန် အမေရိကန် မတိုင်မီ ဘာကြောင့် တရုတ် အရင်သွား


ကမ္ဘာ့ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့ကို စက်တင်ဘာလ အတွင်း သမ္မတ ဦးသိန်းစိန် သွားတဲ့ အစီအ စဉ် ဟာ မြန်မာအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး အားကောင်းေ အာင် လုပ်ဆောင်နေပေမယ့် အိမ်နီးချင်း တရုတ်နဲ့ဆက် ဆံရေးကို အလေးထားကြောင်းပြ ဖို့ ဖြစ်တယ် လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှ ၂၀၀၇- ၂၀၁၂ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်

Tuesday, 18 September 2012


Popular Myanmar News Journal's

ဦးရွှေထူး ပြန်လွတ်ပါပြီ

Tuesday, September 18, 2012

နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရပြီး မနေ့ကမှ ထောင်က ပြန်လွတ်လာတဲ့ ဦးရွှေထူး အကြောင်း သိကောင်း စရာ ။မြန်မာ့တပ်မတော်တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ် ရည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀)ရက် နိုဝင်ဘာလ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့ သည်။မွေးချင်း ငါးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့ မြန်မာ သံရုံး အနီးတွင် ဆန္ဒပြ

မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့ မြန်မာ သံရုံး အနီးတွင် မြန်မာနိုင်ငံသားများက ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန်၊ ကချင်စစ် ရပ်စဲရန်နှင့်ကျန်ရှိ နေသေးသော   နိုင်ငံအရေးအကျဉ်းများ လွှက်မြောက်ရန်  စသည့် အရေးများ အတွက် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

သိင်္ဂုတ္တရကုန်းတော်နဲ့ပတ်သက်လို့ အမည်ဘယ်လောက်ရှိသလဲ



လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီး ကိန်းဝပ်စမ္ပယ်တော်မူသော ကုန်းမြေကို သိင်္ဂုတ္တကုန်းတော်ဟု
ခေါ်ဆိုပါပါသည်။ ထိုသိင်္ဂုတ္တ ကုန်းတော်သည် အမည်(၇)ပါးတွင်၏။ ၎င်းတို့ကား...
၁။ တရိဟကုမ္ဘ
၂။ သတ္တဘုမ္မိ
၃။ ဓညဝတီ
၎။ ပေါက္ခရဝတီ
၅။ ဘူရိဒတ္တ
၆။ သီဟရာဇာ
၇။ သိင်္ဂုတ္တရ
တို့ ဖြစ်ကြသည်။


ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ (၁၈) ဦးအနက် မြန်မာနိုင်ငံသား တစ်ဦးသာပါဝင်

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၈ ဦးအနက် မြန်မာနိုင်ငံသား တစ်ဦးသာ ပါဝင်ကြောင်း သိရသည်။

တယ်လီဖုန်းလိုင်းတစ်လိုင်းတိုးချဲ့လိုက်သည်နှင့် တိုင်းပြည်၏ ၀င်ငွေကို ဒေါ်လာ ၄၅၀၀ ခန့်တိုးပွားသည်ဟုဆို

တယ်လီဖုန်းလိုင်းတစ်လိုင်းတိုးချဲ့တပ်ဆင်လိုက်သည်နှင့်တစ်ပြိုင်နက် တိုင်းပြည်၏၀င်ငွေ (GDP) ကို အမေရိကန်ဒေါ်လာ ၄၅၀၀ ခန့်တိုးတက်သွားစေသည်ဟု ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြော ဆိုသည်။ မိုဘိုင်းဖုန်းလိုင်းတိုးတက်မှုသည် စီးပွားရေးဖွံ့ဖြိုးတက်မှုအတွက် သိသာထင်ရှားစေသော အချက်တစ် ချက်ဖြစ်စေပြီး မိုဘိုင်းဖုန်းများ၏ ကောင်းကျိုးရလဒ်များကို ဖွံ့ဖြိုးပြီး နိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုအကျိုးကျေးဇူးခံစားရသည်ဟု ကျွမ်းကျင်သူများကပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င်ခိုးဝင်လာသည့်လူ ၁၁၈ ဦးကို စစ်တွေ အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့

ယမန်နေ့က ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသည့်လူ ၁၁၈ ဦး စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက စစ်တွေ အကျဉ်းထောင်မှ    ပြန် လွှတ်ပေး လိုက်ကြောင်း သိရပါသည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရမှ ပြန်မခေါ် မချင်း ထောင်ထဲတွင် ယာယီထိန်းသိမ်းထားဦးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ပြောင်းလဲခန့်အပ်လိုက်သော ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ။

၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးလှထွန်း အား ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး။

၂။ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးဇော်သန်းသင်း အား ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး။


၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဦးအောင်မော် အား ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန။

မလေးရှားနိုင်ငံကို စက်လှေနဲ့ ခိုးသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦး ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ခိုးသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦး ကို စစ်တကောင်းမှာ ရဲအဖွဲ့က မနေ့မနက်က ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတော် သမ္မတရုံး၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါအ၀င် ညွှန်ကြားရေးမှူးချုပ် အချို့ ရာထူးပြောင်းရွှေ့

စက်တင်ဘာ ၁၈၊ ၂၀၁၂၊ YPI 
 
နိုင်ငံတော် သမ္မတရုံး ညွန်ချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွန်ချုပ် နှင့် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၂ ဦးအပါ အ၀င် ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ၁ဒါဇင်ကျော်ကို ရာထူးအပြောင်း အရွှေ့ လုပ်ေ ဆာင် လိုက်ကြောင်း ယနေ့ထွက်ရှိလာသည့် နိုင်ငံတော် ပြန်တမ်းအရ သိရှိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်အဖွဲ့ သြစတြေးလျ နိုင်ငံလေ့လာ


Tuesday, 18 September 2012

မြန်မာနိုင်ငံက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာ သြစ တြေးလျ နိုင်ငံမှာ တပါတ်ကြာ ခရီး နဲ့ရောက် ရှိ နေပါတယ်။

၂၄ နှစ် ကြာမှ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကို ဆိုက်ရောက် နိုင်ခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန် ခရီးစဉ်များကိုဖော်ပြထားခြင်း

by FNG on September 18, 2012
 
ဟိုအရင်အချိန်တုန်းက ဓါတ်ပုံလေးပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်အခြေစိုက် Atlantic Council မှ ပေး အပ် ချီးမြှင့် မည့် Global Citizen Award ဆု တက်ရောက် လက်ခံ ရယူ ခြင်း အခမ်း အနား နှင့် ညစာစား ပွဲ သို့  တက်ရောက် ရန် အမေရိကန် ပြည် ထောင် စု သို့ ယနေ့  နံနက် ၁၁ မိနစ် ၃၀ နာရီ အချိန် တွင် ၀ါရှင်တန်ဒီစီ ရှိ ဒဲလပ်(စ) လေဆိပ် သို့  ရောက် ရှိ လာ ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းအဖြစ် US မှာ ကြိုဆို




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

မိုးသီးဇွန် မှ အရှင်ဝီရသူအား တွေ့ဆုံခဲ့ကြောင်း (သတင်းဓါတ်ပုံ)

Tuesday, 18 September 2012

 

မိုးသီးဇွန်နှင့်အရှင်ဝိရသူတို့ကို သတင်းထောက်များက တွေဆုံးမေးမြန်နေပုံ

 

သတင်းထောက်များ

SSA နှင့် အစိုးရတပ် တပါတ်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့

Tuesday, September 18, 2012  


အပစ်အခတ် ရပ်စဲထားသည့် ၎င်းတို့၏ တပ်စခန်းကို အစိုးရတပ်များက တပတ်အတွင်းလေးကြိမ် လာေ ရာက် တိုက် ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်အပေါ် အစိုးရ၏ သြဇာ သက်ရောက်မှု မရှိသည်မှာ ပိုမို ထင်ရှား သွားပြီ ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) RCSS/SSA-S က ပြောသည်။

မန္တလေး မင်းကွန်းဆိပ်တွင် မိုးသီးဇွန် အလိုမရှိဟု အာဆန္ဒ ပြနေ

Tuesday, September 18, 2012

ကိုမိုးသီးတို့ တောထဲမှာ နေစဉ် အသတ်ခံခဲ့ရတဲ့ ကောလိပ်ကျောင်းသား ကိုဌေးနိုင် ဘက်က အမျိုးအဆွေ တချို့ ဆန္ဒပြတာလား။မဖြစ်နိုင်ဘူးလို့ ထင်တယ်။အသတ်ခံခဲ့ရတဲ့ ဆွေမျိုးမှန်ရင် လူသတ်မှု နဲ့တရားစွဲပြီး အမှု မပြီးခင်အထိ ပြန်ထွက်မသွားပါနဲ့လို့ ဆွဲထားမှာ သေချာတယ်။

အမေရိကန် စီးပွားရေးအဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ

Tuesday, September 18, 2012
မြန်မာနှင့်ကုန်သွယ်ရေးလုပ်နေသောဘင်္ဂလားဒေခ်ျ့ နိုင်ငံမှတက်ကနက်ဘောင်တော်ဆိပ်ကမ်းကို လာရော က်လည်ပတ်ခဲ့သောအမေရိကန်စီးပွားရေးအဖွဲ့တစ်ဖွဲ့သည်ဘင်္ဂလာဒေခ်ျ့ခရီးစဉ် ပြီးဆုံးပါက မြန်မာ နိုင်ငံ ကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလားဒေ့ခ်ျတွင် YouTube ကိုစတင် ပိတ်ပင်

September 18, 2012 at 8:15 am


မြန်မာ့အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် အစိုးရမှ YouTubeကို ယမန်နေ့ညနေမှစတင် ပိတ်လိုက်ပြီ ဖြစ် သည်။ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ ထွက်ပေါ်လာပြီးနောက်  YouTube ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသားတချို့ပါ

 Tuesday, 18 September 2012
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အကျဉ်းထောင်အသီး သီးကအကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာ လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေး တက်ရောက်မည်

တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက် မှာ ဖြစ်ပါတယ်။သမ္မတရဲ့တရုတ်ခရီးစဉ်ဟာအနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့ မြန် မာနိုင်ငံ အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း ချစ်ခင်ရင်းနှီးမှု ခိုင်ခိုင်မြဲမြဲ ရှိသေးတယ်ဆို တာ ဖော်ပြလို တဲ့ သဘောမျိုး တွေ့ရတယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။

ကျောက်ဆည်အရေးအခင်းမှ လွတ်မြောက် သံဃာတော်များ သင်္ကန်းပြန်စည်း



၂၀၀၂ ကျောက်ဆည်အေ၇းအခင်းတွင်ဖမ်းဆီးခံထားရသောသံဃာတော်၂၂ပါးနှင့်လူ၁၉ဦးတို အိုးဘိုထောင်   မှ ယနေ့ည၈နာရီတွင်လွတ်မြောက်လာပြီးအရှင်ဝီ၇သူကျောင်းတွင်သံဃာတော်၂၂ပါး   
င်္ကန်း ပြန်စည်းပြီးသြ၀ါဒခံယူခဲ့ကြောင်း သတင်းရရှိပါသည်။

နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်

ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည် မဟုတ်ကြောင်း ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များက   ပြောကြားသည်။

GSP ကင်းလွတ်ခွင့် ရရှိသော်လည်း လုပ်သားအင်အား တစ်သိန်းခန့်ကို အလုပ်အကိုင်အခွမ့်အလမ်း

ေ ပး ထားနိုင်သော အထည်ချုပ် လုပ်ငန်းအတွက်အကျိုးမထူးကြောင်း၊ ယင်းနိုင်ငံတွင် အထည်ချုပ် လုပ်ငန်းရှင်များ အတွက် ဈေးကွက် မရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ရရှိမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးစိုးမြင့်က သုံးသပ်သည်။

မြန်မာပြည် လူနေမြို့၊ ရွာ ပြဿနာများ

မြန်မာပြည်လူဦးရေကို ၂၀၀၈-၂၀၀၉ ခုနှစ်တွင် Statistical Year book က သန်း ၅၈ ဒသမ ၄ သန်းခန့်ရှိ သည်ဟု ခန့်မှန်း၍ ယူနီဆက်ဖ်က ၄၉ ဒသမ ၆ သန်းရှိသည်ဟု တွက်ချက်ပါသည်။ ဤသည်တို့ကို အခြေခံ၍ တွက်ချက်ပါလျှင် မြန်မာပြည်၏လူဦးရေသည် ယခု ၂၀၁၂ ခုနှစ်တွင် သန်း ၅၀ မှ ၆၀ ခန့် ရှိနိုင်ပါမည်။ မြန်မာပြည် လူဦးရေ ၃၃ ရာခိုင်နှုန်းသည် မြို့ပြဒေသများတွင် နေထိုင်သည်ဟု ယူနီဆက်ဖ်   က ခန့်မှန်းပါမည်။ ထိုသည်ကိုအခြေခံ၍ လက်ရှိမြန်မာပြည် တွင် ၁၆ သန်းမှ သန်း ၂၀ ခန့်သော လူဦးရေ သည် မြို့ပြဒေသများတွင် နေထိုင်သည်ဟု တွက်ချက်ရပါသည်။

ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန် ယက်မှ ကိုဂျော်ဂွန်းက  ပြောသည်။

မိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊စစ်ကိုင်းတိုင်းေ ဒ သကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်က ရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်း ရွာပြီး၊ကချင်ပြည်နယ်တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ငြိမ်နေရင် တိုင်းပြည်ပျောက်သွားမယ်


လူဦးရေ သန်း (၁၃၇၀) ရှိတဲ့တရုတ်၊ သန်း (၁၂၆၀) ရှိတဲ့ကုလားနဲ့   (၁၆၂)သန်း ရှိတဲ့ ဘင်္ဂလီကုလား
သုံးနိုင်ငံကြားမှာ (၅၅) သန်းပဲရှိတဲ့ကျွန်တော်တို့  ငြိမ်နေရင်တိုင်းပြည်ပျောက်သွားမယ်။ လူ့ သမိုင်းမှာ
သူတို့ ဘိုးဘေးတွေ အသုံးမကျတဲ့အတွက် ကနေ့ လူဦးရေ သန်း (၃၀) ရှိတဲ့ (ကနေဒါနိုင်ငံရဲ့လူဦးရေ
ရှိတဲ့) ကာဒ့်စ် (Kurds) လူမျိုးတွေ တူရကီ ဆီးရီးယား အီရန်နဲ့ အီရတ်အကြားမှာတိုင်းပြည်ပျောက်သွား
ခဲ့ပြီး ကမ္ဘာပတ် refugee လုပ်ပြီး တောင်းစားနေရပြီ။ နယ်ချယ့်စံနစ်နဲ့ ကိုလိုနီပိုင်ရှင်တွေဆွဲလိုက်တဲ့
မြေပုံကြောင့်လို့ အပြစ်တင်နေပေမဲ့ ကာဒ့်စ်တွေညံ့ခဲ့လို့ ပဲ။ ကနေ့ ကျွန်တော်တို့ မြန်မာတွေ ညံ့ရင်
ကျွန်တော်တို့ သားမြေးတွေ ကာ့ဒ်စ် တွေလိုဘ၀ရောက်ဖို့ လွယ်လွယ်လေးရယ်။ သည်အတိုင်းငြိမ်နေ
ရင်မလေးရှားလိုမလေးတ၀က် တရုတ်တ၀က် ဖြစ်သွားမယ်။ ပါလက်စတိုင်းခြောက်သန်း ဘယ်ဘဝ
ရောက်နေလဲဆိုတာသင်္ခန်းစာယူရမယ်။(ဒါတောင်မဟာသီလိုလူမျိုးကောင်းလို့ မဟာသီရဲ့မလေးဌာနေ
တိုင်းရင်းသားဥပဒေတွေကောင်းလို့ သည်နေ့ မလေးတွေကံကောင်းခဲ့တာ အဲသည်လိုမှမဟုတ်ရင်
တရုတ်ကြီးစိုးတဲ့တိုင်းပြည်ဖြစ်သွားမယ်။ သီရိလင်္ကာမှာ လ္ဘက်ခူးဖို့ ခေါ်ခိုင်းခဲ့တဲ့တမီးလ်တွေတိုင်းပြည် ထထောင်လို့  နောက်ဆုံးဘယ်လိုလုပ်လိုက်ရသလဲဆိုတာမြင်အောင်ကြည့်ကြပါ)။

“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း)



တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု ပုံဖော် ပြောဆိုသွားသော သမ္မတရုံး ဝန်ကြီးသစ် ဦးအောင်မင်းအနေဖြင့် လုပ်ဆောင်မည့် တာဝန်များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြုံရသည့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ နယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများကို မေးမြန်းထားပါသည်။

သူရဲကောင်း အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာ.....တဲ့ .....



တာဝန်က ပြန်လာတဲ့ အခါ ဖေဖေ့ ဂုတ်ပေါ်ခွစီးခိုင်းပြီး လမ်းလျှောက်ထွက်ကြမယ်ဆို ။
သား ပြေးလွှားဆော့ကစားရင်း ချော်လဲကျတဲ့ အခါ
ဖေဖေရဲ့ ဆွဲထူတတ်တဲ့ လက်တစ်စုံရဲ့ နွေးထွေးမှု သား ..မမေ့သေးပါဘူး ။
ည အမှောင်တွေမှာ စိုးရွံ့ထိတ်လန့်တဲ့ အခါ ဖေဖေ့ ရင်ခွင်ထဲ တိုးဝင် အိပ်စက်ခဲ့ရတဲ့ လုံခြုံမှု သား... သတိရနေဆဲပါ ။


“အခုလိုထုတ်ဖော်ကြေညာပြီး ဆုလက်ခံရယူနိုင်တဲ့အတွက် လူသားတစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်”

လွတ်လပ်စွာရေးသားပြောဆိုခွင့် (Freedom Of Expression)နှင့်ပတ်သက်ပြီးတက်ကြွစွာ လှုပ်ရှား ခဲ့ကြသည့် ကမ္ဘာတစ်လွှားမှ စာရေးဆရာ၊ အယ်ဒီတာ၊ ဂျာနယ်လစ်အား လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့ (Human Rights Watch) မှ ဦးဆောင်ပြီး နှစ်စဉ်ပေးအပ်လေ့ရှိသော Hellman-Hammett Grants ဆုအား မြန်မာနိုင်ငံမှ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒုတိယအကြိမ်အဖြစ် ကိုဇော်သက်ထွေးမှ ရရှိခဲ့ကြောင်း HRW မှ အကြောင်းကြားလာခဲ့ရာ အဆိုပါဆုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့သည် များအား ပြန်လည်တင်ပြအပ်ပါသည်။

မေး - အမေရိကန်နိုင်ငံ နယူးယောက်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ Hellman-Hammett ဆုကို မြန်မာမာနိုင်ငံက ဆရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး ဒီဆုအကြောင်းကို ရှင်းပြပေးပါဦးဆရာ။