Thursday 7 January 2016

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ရေးတွင် အိုဘားမား သဘောထား မှန်ကန်မည်ဟု ထရမ့်ပ်ယုံကြည်

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။

လိပ်ကျွန်းအမှု ဒီအင်န်အေနမူနာ သက်သေနှင့်ပတ်သက်၍ ဩစတြေးလျ မှုခင်းသိပ္ပံပညာရှင် မေးခွန်းထုတ်

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။ ထိုအမှုကို စစ်ဆေး ကြားနာရာတွင် DNA နမူနာ တင်သွင်းမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီမှုမရှိကြောင်း အငြင်းပွားဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဈေးအကြီးဆုံးဖုန်းများ

ချမ်းသာ ကြွယ်ဝသူများသည် တန်ဖိုးကြီးဖုန်းများကို ကိုင်တွယ်ရာတွင် ကျောက်မျက် ရတနာမျိုးစုံဖြင့် အလှဆင်လေ့ ရှိကြသည်။ ထို့ကြောင့် ဖုန်းတစ်လုံး၏ တန်ဖိုးသည် ထင်မှတ်ထားသည်ထက် ပိုမိုနေသည်။ ဖုန်းများကို စိတ်ကြိုက်ဖန်တီး အလှဆင်ထားသောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တန်ဖိုးကြီးဖုန်း အများအပြား ရှိနေသော်လည်း ၂၀၁၅ ခုနှစ်အတွင်း ဈေးအကြီးဆုံး အဖြစ် သတ်မှတ် ခံထားရသော ဖုန်း(၁၀) လုံး အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

အားလပ်ရက် မရမည်ကို စိုးရိမ်ပြီး လက်ထပ် ထိမ်းမြားမှုများပြုလုပ်

ချစ်သူခင်သူများအား ငွေကြေး လှူဒါန်းပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှုတိုးပြီး သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

ဘယ်နိုင်ငံတွေမှာ အမျိုးသမီး ခေါင်းဆောင်တွေရှိလဲ


ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့ (UN Women) က ကောက်ထားသော စာရင်းအရ ကမ္ဘာ့နိုင်ငံရေး လောကတွင် အမျိုးသမီးများ နေရာရနှုန်းက ယခုနောက်ပိုင်းနှစ်များတွင် အရှိန်နည်းနည်း ပြန်ကျသွားသည်ဟု သိရသည်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ဖောက်ခွဲ
စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါဗုံးသည် မြောက်ကိုရီးယား ယခင်က စမ်းသပ်ဖူးသည့် အက်တမ်ဗုံးများထက် ပိုမိုပြင်းထန်ပြီး နျူကလီးယားဗုံး တီထွင်နိုင်ရန် ခြေတစ်လှမ်းနီးလာသည့် ပြယုဂ်လည်း ဖြစ်သည်။ အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာတွင် ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု၏ သက်ရောက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အိုင်ဖုန်း တစ်လုံး ၀ယ်နိုင်ဖို့ ဘယ်နိုင်ငံတွေမှာ ဘယ်သူတွေ ဘယ်လောက် အလုပ်လုပ်ရလဲ

iPhone 6 တစ်လုံး ၀ယ်နိုင်ဖို့ နိုင်ငံအလိုက် အလုပ်လုပ်ရသည့် ပျမ်းမျှကြာချိန်
--------------------------------------------------------------------------------------
အိုင်ဖုန်းတစ်လုံး ၀ယ်နိုင်ဖို့ စာဖတ်သူ အချိန် ဘယ်လောက်ကြာကြာ အလုပ် လုပ်ရမည် ထင်ပါသလဲ။ စာဖတ်သူ နေထိုင်သည့် နိုင်ငံကို လိုက်ပြီး အချိန်အတိုအရှည် ကွာခြား သွားနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံချင်း အလိုက် နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝယ်နိုင်အားပေါ် မူတည်နေသည်။

အ၀လွန်သည့် စားပွဲထိုးက တည်ခင်း ဧည့်ခံပါက အစာပိုစား ဖြစ်လေ့ရှိဟုဆို

အ၀လွန်နေသည့် စားပွဲထိုးက တည်ခင်း ဧည့်ခံသော စားသောက်ဆိုင်များတွင် စားသောက်သူများသည် အစားအစာများကို လိုအပ်သည်ထက် ပိုမိုမှာယူ စားသုံးလေ့ရှိကြောင်း နယူးယောက်ရှိ ကော်နဲ တက္ကသိုလ်နှင့် ဂျာမနီရှိ ယဲနား တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များ၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

တစ်ပတ်လျှင် သုံးရက်ခန့် အရက်မသောက်ဘဲ နေရန် တိုက်တွန်း

ဗြိတိန် နိုင်ငံသားများ အနေဖြင့် ခန္ဓာကိုယ် အနားရစေရန် အတွက် တစ်ပတ်လျှင် သုံးရက်ခန့် အရက် မသောက်ဘဲ နေသင့်ကြောင်း ဗြိတိန်ရှိ ကျန်းမာရေး ၀န်ထမ်းရေးရာ အကြီးအကဲ ဆယ်လီ ဒေဗီစ်က ပြောဆိုခဲ့သည်။ ထို့ပြင် အမျိုးသားများ အနေနှင့်လည်း ဘီယာသောက်သည့် အခါတွင်လည်း တစ်ပိုင့်ခွဲခန့်သာ သောက်သုံးရန် ဆယ်လီ ဒေဗီစ်က အကြံပြုခဲ့သည်။ အမျိုးသမီးများသည်လည်း အရက်သောက်သည့်အခါ ခွက်ငယ် သုံးခွက်ထက် ပိုပြီး မသောက်ရန် ဒေဗီစ်က တိုက်တွန်းခဲ့သည်။

၂၀၁၈ နောက်ဆုံးထားပြီး အာကာသ အိမ်ခန်းမျိုး တီထွင်ဖို့ နာဆာကို ညွှန်ကြားထား

အင်္ဂါဂြိုဟ်ကဲ့သို့ ဝေးလံသော နေရာများသို့ လပေါင်းများစွာ အချိန်ယူပြီး သွားရာတွင် လူသားများ အဆင်ပြေပြေ နေနိုင်စေမည့် အာကာသ အိမ်ခန်းမျိုးကို ၂၀၁၈ ခုနှစ် နောက်ဆုံးထားပြီး ဖန်တီးဖို့ နာဆာကို အမေရိကန် လွှတ်တော်က ညွှန်ကြားလိုက်ပြီ။ ထိုအိမ်ခန်းမျိုးကို အင်္ဂါဂြိုဟ်သွား အာကာသယာဉ်တွင် ချိတ်ဆက်ထားမည် ဖြစ်သည်။

ဒရုန်းများကို အမျိုးအစားခွဲခြား၍ မှတ်ပုံတင်စေမည်ဟု ပို့ဆောင်ရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏အလေးချိန် နှင့် စွမ်းဆောင်နိုင်မှုအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသတ် မှတ်ပြီး တရားဝင် မှတ်ပုံတင်စေမည်ဟုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များ စနစ်တကျ မှတ်ပုံတင်စေခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ်ပေးခြင်း၊ မြေပြင် မှ ထိန်းချုပ်မောင်းနှင်သူများကို စိစစ်ခြင်း၊ မပျံသန်းရဇုန်များ သတ်မှတ်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အကြံ ပေးကြေညာစာ (Advisory Circular) ထုတ်ပြန်မည်ဟု ဦးဇင် ယော်က ပြောသည်။

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်။
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။
ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ဟာမိုကာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဇန်နဝါရီ ၇ ရက်က မီးလောင်ကျွမ်းမှု ပေါ်ပေါက်ခဲ့သော်လည်း အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သလို နောက်ဆက်တွဲ မည်သည့် ထိခိုက်အန္တရာယ်မျှ မရှိနိုင်ကြောင်း ချူဘူလျှပ်စစ်ဓာတ်အား ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ရေးတွင် အိုဘားမား သဘောထား မှန်ကန်မည်ဟု ထရမ့်ပ်ယုံကြည်

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။
ယခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီးက နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ရန် အိုဘားမား၏ အားထုတ်နေမှုသည် ရိုးရှင်းသည့် သဘောထားရှိလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။

ရေတာရှည်မြို့တွင် ပေါက်ပြားဖြင့် ရေနုတ်မြောင်း တူးဖော်ရာမှ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးသီးဟောင်း ၄၁ လုံး တူးဖော်တွေ့ရှိ

တူးဖော်တွေ့ရှိခဲ့သော ဗုံးသီးဟောင်းများအား မြင်တွေ့ရစဉ်
ပဲခူးတိုင်း ဒေသကြီး၊တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဇန်န၀ါရီ ၇ ရက်၊ နံနက်ပိုင်းက၊ အိမ်ရှေ့ရေမြောင်း ဖောက်လုပ်ရန် ပေါက်ပြားဖြင့် မြေကြီးများ တူးဖော်ရာမှ ဒုတိယ ကမ္ဘာစစ် လက်ကျန် ဗုံးသီးဟောင်း ၄၁ လုံး တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် လူကုန်ကူးခံရသူ အရေအတွက်မှာ ၆၄၀ ကျော်ရှိပြီး ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်


၂၀၁၅ ခုနှစ်တွင် လူကုန်ကူးခံရသူ အရေအတွက်မှာ ၆၄၁ ဦးရှိပြီး ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ သိရသည်။

‘‘အကယ်ဒမီပွဲကို ဧပြီ ၃ ရက်နေ့လို့ လျာထားသတ်မှတ်ထားတယ်’’

ဓာတ်ပုံ-နစ်ကီ
လူမင်းနှင့် စကားစမြည်
လာမည့်ဧပြီတွင် ကျင်းပပြုလုပ်တော့မည့် ၂ နှစ်စာစုပေါင်းချီးမြှင့်မည့် အကယ်ဒမီပေးပွဲအကြောင်းနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်အကယ်ဒမီ လူမင်းကိုမေးမြန်းထားပါသည်။

NCA လက်မှတ်မထိုးသောအဖွဲ့များကိုလည်း ငြိမ်းချမ်းရေးညီလာခံတွင် ဖိတ်ကြားမည်ဟုဆို

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးခဲ့သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နိုင်ရန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေး မှူးအဖွဲ့ အစည်းအဝေးမှ တစ် ဆင့် တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။