Thursday 5 November 2015

အမေရိကန် သမ္မတတစ်ဦး အနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် အိုဘားမား စီစဉ်

အမေရိကန် သမ္မတ တစ်ဦးအနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် ဘာရတ် အိုဘားမားက စီစဉ်နေကြောင်း သိရှိရသည်။လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ညီလာခံ တစ်ခုသို့ တက်ရောက်ရာ၌ လာအိုသို့ အိုဘားမား သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ထိပ်တန်း အကြံပေး တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ဆင်းရဲနွမ်းပါးသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စီးပွားရေးအရ တရိပ်ရိပ် တိုးတက်လာနေသည့် အရှေ့တောင်အာရှ နိုင်ငံတွင် အာဆီယံ ညီလာခံ ကျင်းပရာ၌ အိုဘားမား တက်ရောက်မည် ဖြစ်သည်။ ဗီယက်နမ် စစ်ပွဲကာလ အတွင်းတွင် လာအိုသည် အမေရိကန်၏ ဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရဖူးပြီး မည်သည့် အမေရိကန် သမ္မတကမျှ အဆိုပါ နိုင်ငံသို့ သွားရောက်ခဲ့ဖူးခြင်း မရှိချေ။

အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည် ကျပ် ၅,၀၀၀ တန် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့်ထုတ်လုပ်ပြီး ဝယ်ယူလိုပါက ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းမည်ဟုဆို

သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ငါးထောင် ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေမည် ဖြစ်ပြီး ဝယ်ယူလိုပါက ကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက နိုဝင်ဘာ ၄ ရက် ည ၈ နာရီသ တင်းတွင် ကြေညာသည်။

ငါးထောင်ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေရာတွင် ထူးခြားချက်မှာ အစိုးရအဖွဲ့ ငါးနှစ်တာသက်တမ်း ဟု မသုံးနှုန်းဘဲ‘ပြည်ထောင်စုအ  စိုးရအဖွဲ့ ပထမသက်တမ်း’ဟု သုံး နှုန်းထားခြင်းဖြစ်ပြီး ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခြင်းဖြစ်၍ ဝယ်ယူလိုပါက မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းအ ရောင်းဆိုင်များတွင် ငွေကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဟုဆို သည်။   အထိမ်းအမှတ်အတွက် ထုတ်ဝေသည့်ငွေဒင်္ဂါးသည် ငွေ စင်ငွေသား ၉၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေး ချိန် ၂၀ ဂရမ်နှင့် အချင်း ၂၅ မီလီ မီတာရှိသည်ဟုဆိုသည်။