Wednesday 14 January 2015

ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်ထုတ်ယူသည် ဆိုသည့် ဇနီးမောင်နှံကို အမှုဖွင့်

မန္တလေးမြို့ပေါ်ရှိ ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်လည်ထုတ် ယူသူဟုဆိုသူ ဇနှီးမောင်နှံကို အမှုဖွင့် တိုင်ကြားထားကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၁) ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

အဖိုးတန် ရတနာများနှင့် ဖန်တီးထားသည့် ဖိနပ်တစ်ရန် ချုပ်လုပ်ကာ စီရော်နယ်ဒိုကို ဂုဏ်ပြု


စီရော်နယ်ဒို၏ စပွန်ဆာ ကုမ္ပဏီများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော နီကီအားကစား အသုံး အဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချရေး လုပ်ငန်းစုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ဆုကို တတိယ အကြိမ်မြောက်အဖြစ် စီရော်နယ်ဒို ဆွတ်ခူးရရှိကြောင်း သိရှိရအပြီးတွင် ရွှေ၊ စိန်အစရှိသည့် ရတနာများနှင့် ဖန်တီးစီခြယ်ထားသည့် ဘောလုံးကန် ဖိနပ်တစ်ရန်ကို ဖန်တီးချုပ်လုပ်၍ ၎င်းတို့၏ ကစားသမားကို ဂုဏ်ပြုလိုက်ကြောင်း Nike ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

MECTel ဖုန်းများ အင်တာနက်လျှောက်လျှင် ကျပ်တစ်သောင်း ပေးဆောင်ရန် မလိုတော့

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဝန်ဆောင်မှု ပေးနေသည့် ၃၀၊ ၃၁ နှင့် စသည့် MECTel ဖုန်း များတွင် အင်တာနက် စတင်အသုံးပြုရန် ဝန်ဆောင်ခ ကျပ် တစ်သောင်း ပေးဆောင်နေရာမှ လက်ရှိအချိန်တွင် ပေးသွင်းရန် မလိုအပ်တော့ဟု MECTel ထံမှ သိရသည်။ ယင်းကဲ့သို့ အင်တာနက် စတင်အသုံးပြုခ ကျပ် တစ်သောင်းပေးရန် မလိုခြင်းကို ဇန်န၀ါရီ ၁၅ ရက်က စတင်လိုက်ပြီ ဖြစ်သည်။

KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်

Photo: KIA ဖမ်းဆီခံ အလင်းဝင်ရောက်လာသူ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်
Wednesday, January 14, 2015 

ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။ 

မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ်ကျေးရွာ အရှေ့ဘက်ကမ်းက ရွှေမှော်မှာ ကျင်းလုပ်သားအဖြစ် ကျွန်တော်လုပ်ကိုင်ခဲ့ ပါတယ်။ ကျွန်တော်နဲ့ အတူ အနယ်နယ်အရပ်ရပ်ကနေလာပြီး အလုပ်လုပ်တဲ့ ဘ၀တူ ကျင်းလုပ်သားတွေလည်း အများ ကြီးပါပဲ။ အဲဒီလို လုပ်ကိုင်နေစဉ် ၂၀၁၂ ခုနှစ် မတ်လထဲမှာ ကျွန်တော့်ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ပါတော့တယ်။
ရွှေမှော်ထဲကို KIA အဖွဲ့တွေ ရောက်လာပါတယ်။ ကျွန်တော်နဲ့အတူ ကျင်းလုပ်သားအယောက် ၃၀ လောက် အဖမ်းခံခဲ့ ရတယ်။ ကျွန်တော်တို့ကို အင်ဂွန်းလကို ခေါ်သွားပြီး အေပြီလကနေ ဇွန်လအထိ စစ်သင်တန်းတက်ခိုင်းပါတယ်။ သင်တန်းသားကတော့ ၁၀၀ လောက်ရှိပါတယ်။ အဖမ်းခံရတဲ့လူတွေဆိုတော့ စစ်သင်တန်း ဘယ်တက်ချင်ပါ့မလဲ။ အချို့ကထွက်ပြေးကြတယ်။ ပြန်ဖမ်းမိတော့ အများရှေ့မှာ စံနမူနာပြသတ်ပစ်တယ်။ အချို့ကတော့ စစ်သင်တန်းဒဏ် မခံနိုင်လို့ ဖျားနာပြီး သေသွားကြတယ်။

သင်တန်းဆင်းပြီးတော့ ကျွန်တော်နဲ့အတူ ၈ ယောက်ကို တပ်ရင်း (၄) မှာ တာဝန်ထမ်းဆောင်ခိုင်းပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာတော့ ရင်း (၄) ကနေ ချီဖွေမြို့နယ်၊ လောခေါင်စခန်းကို ပြောင်းရတယ်။ ၂၀၁၃ ခုနှစ် အေပြီလမှာ အဲဒီစခန်းနဲ့ ၂ မိုင်ခန့်အကွာက ပါဝါကုန်းမှာလည်း တာဝန်ထမ်းဆောင်ရတယ်။ အတည်တကျမရှိပါဘူးဗျာ။ အဲဒီလိုပဲ လျှောက်သွားနေရတာ။ စခန်းတွေလည်း စုံနေတာပဲ။ ဇွန်လရောက်တော့ ဂျပန်ကုန်းစခန်းရောက်သွားပြန်ရော။ ၂၀၁၄ ခုနှစ် မတ်လရောက်တော့ ဂျပန်ကုန်းစခန်းကနေ ရင်း (၄) ဌာနချုပ်ကို ပြန်ရောက်ပါတယ်။

ကြာလာတော့ မနေချင်တော့ဘူး။ ကိုယ့်ဘ၀အတွက် တစ်သက်လုံး ဒီ အတိုင်းနေ လို့ မဖြစ်ဘူးဆိုပြီး အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ၁၆ မိုင်စခန်းမှာ သွားရောက်တာဝန်ထမ်းဆောင်ချိန် အခွင့်သာ တာနဲ့ တပ်မတော်ရှေ့တန်းစခန်းတစ်ခုမှာ အလင်းဝင်ခဲ့ တာ ဖြစ်ပါ တယ်။ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်တဲ့ အဖြစ်ဆိုးကြီးပါ ဗျာ။ KIA ဖမ်းဆီးလို့ လူမသိ သူမသိ သေသွားတဲ့ လူတွေလည်း အများကြီးပါပဲ။ ကျွန်တော် ဇာတိရွာကိုပဲ ပြန်ပါတော့ မယ်။

နောက်ဆုံးပြောချင်တာက KIA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှုတွေ ကို ဖော် ထုတ်ပေးကြ ပါ။ ယနေ့အချိန်ထိ ဖမ်းဆီးခံထားရ တဲ့ လူတွေ လွတ်မြောက်အောင် ကယ်တင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။ KIA ကြောင့် ဘ၀ပျက်ခဲ့ ရသူတွေအတွက် တရားမျှတမှု ယူပေးကြပါလို့ တောင်း ဆိုချင်ပါတယ်ခင်ဗျာ။

လှိုင်ဝင်းထွန်း
Credit >>> Kachin Daily News
ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်တိုးကျေးရွာမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထဲမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အလုပ် လုပ်ဖို့ ရောက်ခဲ့ပါတယ်။ အလုပ် လိုက်ရှာတာ မလွယ်လှပါဘူး။ ရွာကထွက်လာကတည်းက မရရတဲ့ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာကြောင့် ရွှေမှော် တစ်ခုမှာ အလုပ်ရခဲ့ပါ တယ်။ 

ဂျပန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၂ ဘီလီယံ သတ်မှတ်အတည်ပြု

Photo: ဂျပန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၄၂ ဘီလီယံ သတ်မှတ်အတည်ပြု
Wednesday, January 14, 2015 

တရုတ်နှင့် ရေပိုင်နက်နှင့် ပတ်သက်ပြီး ရေရှည်အငြင်းပွားနေရသည့် ဂျပန်နိုင်ငံက ကာကွယ်ရေး အသုံးစရိတ်အဖြစ် ယန်း ၄ ဒသမ ၉၈ ထရီယံ( အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) သုံးစွဲရန်  ဂျပန်အစိုးရက အတည်ပြုလိုက်သည်။

ယခုကာကွယ်ရေးအသုံးစရိတ်သည် ပြီးခဲ့သည့် ဘဏ္ဍနှစ်ကထက် ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးများလာခြင်း ဖြစ်သည်။

နိုင်ငံ၏ ပတ်ဝန်းကျင် အခြေအနေအရပ်ရပ် ပြောင်းလဲမှုများနှင့်အညီ ဘတ်ဂျတ်အသုံးစရိတ်သည် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးသစ်ဖြစ်သူ ဗိုလ်ချုပ်ကြီး နာကာတာနီက ပြောသည်။

ယင်းကာကွယ်ရေးအသုံးစရိတ်များသည် ကင်းလှည့်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူသွားမည် ဖြစ်သည်။

ထိုပြင် ကုန်းရေနှစ်သွယ်သွားယာဉ် အစီး ၃၀နှင့် သင်္ဘောများနှင့် လေယာဉ် များ ကို ကွာဝေးသည့် နေရာမှပင် ထောက်လှမ်းသိနိုင်သည့် တပ်လှန့် သတိပေးလေယာဉ်တစ်စီးတို့ ကိုလည်း ၀ယ်ယူသွားမည် ဖြစ်သည်။

တရုတ်နှင့် ဂျပန်နှစ်နိုင်ငံသည် ကျွန်းပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ အငြင်း ပွားလျက်ရှိပြီး နှစ်နိုင်ငံစလုံးက ရေတပ်အင်အားကို တိုးချဲ့ တည်ဆောက် လျက်ရှိနေသည်။ 

BBC
တရုတ်နှင့် ရေပိုင်နက်နှင့် ပတ်သက်ပြီး ရေရှည်အငြင်းပွားနေရသည့် ဂျပန်နိုင်ငံက ကာကွယ်ရေး အသုံး စရိတ်အဖြစ် ယန်း ၄ ဒသမ ၉၈ ထရီယံ( အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) သုံးစွဲရန်  ဂျပန်အစိုးရက အတည်ပြုလိုက်သည်။

ရင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း(၅၀၀) ကျော်ကြောင့် ပြည်သူ သုံးသိန်း နီးပါး အလုပ်အကိုင်ရရှိ

မြန်မာနိုင်ငံတွင်  ဦးသိန်းစိန်  အစိုးရ တာဝန်ယူချိန် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကုန်ထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း (၅၂၇) ခုမှ ပြည်သူ (၂၉၅၀၃၂) ဦးအား အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်း ရရှိသည်။

ဗဟိုဘဏ်၏ မူဝါဒ ပြောင်းလဲမှသာ ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်

ဗဟိုဘဏ်မှ ကြိုတင် ငွေပေးချေမှု မူဝါဒ ပြောင်းလဲ ကျင့်သုံး မှသာ ပြည်ပသို့  ပို့ကုန် လုပ်ငန်းများ ဈေးကွက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။ လက်ရှိ အခြေအနေတွင် လုပ်ငန်းရှင်များ  အနေ ဖြင့် ပြည်ပသို့  ပို့ကုန်များနှင့်  ပတ်သက်ပြီး ပစ္စည်း တင်ပို့မှသာ ငွေထုတ် ယူခြင်းနှင့် လွှဲပြောင်းခြင်းများ ပြုလုပ် နိုင်သည့် အတွက် အခက်အခဲများ ကြုံတွေ့ နေရကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်မှုများကို ကန့်သတ်မည်မဟုတ်ဟုဆို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ကြိုတင် မဲဆွယ်စည်းရုံးခြင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ် ပိတ်ပင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်

Photo: အမျိုးသား ပညာရေး ဥပဒေ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကန့်ကွက်
Wednesday, January 14, 2015 

ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်ဆန်္ဒထုတ်ဖော်နေစဉ် အတွင်း ဒုတိယပါမောက္ခချုပ်က ကားဖြင့် ဆန္ဒပြ ကျောင်းသား များရှေ့တွင် ပိတ်ရပ်၍ တားမြစ်ခြင်း၊ ဗကသအလံကို လုယူခြင်းများ ပြုလုပ် ခဲ့သည်ဟု ဆန္ဒပြကျောင်းသားတချို့က ပြောသည်။

နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် လာရောက်ပူးပေါင်း ဆန္ဒထုတ်ဖော် သူကျောက်ဆည် နည်းပညာ တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ကိုရဲရင့်ပိုင်မှူးက “ကားရပ်တဲ့ပုံစံက ကျွန်တော်တို့ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ကျွန်တော်တို့ဆန္ဒပြနေတဲ့ရှေ့မှာ ကားကို ၀ရုန်းသုန်းကား ထိုးရပ်ပြီးတော့ ဆင်းလာပြီး အလံကို ဆွဲလုတယ်။ အလံကို မလုပါဘူး လို့ ပြောပေမယ့် လက်က ဇွတ်ကိုယူထားတယ်။ ဆရာတွေကို မေးချင်တာက ကျောင်းသားဘက်က ရပ်မှာလား၊ အစိုးရဘက်က ရပ်မှာလားဆိုတာကို သေချာ မေးချင်ပါတယ်” ဟု ပြောသည်။

ဒု-ပါမောက္ခချုပ်က တားမြစ်ခဲ့သော်လည်း ကျောင်းသားများက နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်းရှိ ကျောင်းပတ်လမ်း တစ်လျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲသည် နည်းပညာ တက္ကသိုလ်(မန္တလေး)ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ် ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက “ကျွန်တော် တို့အနေနဲ့ အခြား ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်တာတွေကို ဆက် လုပ်သွားမယ်” ဟု ပြောသည်။

ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ဒီမိုကရေစီ မဆန်ခြင်း၊ လူ့အခွင့်အရေးတန်း တူညီမျှမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက်မပေးနိုင်ခြင်း၊ သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များ ပါဝင်နေသဖြင့် ကျောင်းသားများက ဆန္ဒထုတ်ဖော် ကန့်ကွက်နေကြခြင်း ဖြစ်သည်။

Mizzima - News in Burmese

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂမှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်း အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဇန်နဝါရီ ၁၂ ရက်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၏ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇန်န၀ါရီ ၁၃ ရက် တွင် နံနက်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ

Photo: ချာလီဟက်ဘ်ဒိုမဂ္ဂဇင်း တိုက်ခိုက်ခံရသော်လည်း မျက်နှာဖုံး၌ မိုဟာမက်ပုံ ထပ်မံဖော်ပြ
Wednesday, January 14, 2015

ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ် က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။

တစ်ပတ်တစ်ကြိမ်ထုတ်စာ စောင်တွင်''ရှင်ကျန်ရစ်သူများ၏စာ စောင်''ဟု ခေါင်းစီးတပ်ထားပြီး ဗုဒ္ဓ ဟူးနေ့၌ ထုတ်ဝေသွား မည်ဖြစ်သည်။

ပုံမှာ ခေါင်းပေါင်းဖြူပေါင်းထားသော မိုဟာမက်က ငိုလျက်''Jesuis Charlie'' ဆိုသည့်ဆိုင်းဘုတ်ကို ကိုင်ထား ကာ ''အားလုံးကိုခွင့်လွှတ်ပါ''ဟု ပြော နေပုံဖြစ်သည်။

ဤစာစောင်မှာ ချာလီဟက်ဘ် ဒိုမဂ္ဂဇင်းတိုက်အား ဇန်နဝါရီ ရရက် က သေနတ်သမားနှစ်ဦးဝင်ရောက် တိုက်ခိုက်၍ ၁၂ဦးသေဆုံးပြီးနောက် ပထမဆုံးပြန်လည်ထုတ်ဝေခဲ့သည့် စာစောင်ဖြစ်သည်။

၎င်းတို့က ယခင် အပတ်ထုတ်ဝေခဲ့သည့် မိုဟာမက် ကာတွန်းကို လက်စားချေခြင်းဟု ပြောခဲ့ကြသည်။

မဂ္ဂဇင်းကို စောင်ရေသုံးသန်း ရိုက်နှိပ်မည်ဖြစ်ကြောင်း၊ မူလက စောင်ရေ ၆၀၀ဝထုတ်ခဲ့ကြောင်း၊ ယခုအပတ်သတင်းစာ အရောင်းဌာ နများ၌ တင်သွားမည်ဟု သိရသည်။

ချာလီဟက်ဘ်ဒိုမှာ နိုင်ငံတ ကာ၏ လွတ်လပ်စွာပြောဆိုခွင့်၏ သင်္ကေတဖြစ်လာခဲ့သည်။ ချာလီအ ဖြစ်အပျက်ကြောင့် ပဲရစ်အပါအဝင် ပြင်သစ်မြို့ကြီးများ၌ လူပေါင်းလေး သန်းခန့်ဆန္ဒပြခဲ့ကြသည်။ ပြင်သစ် သမိုင်း၌ အကြီးမားဆုံးဟုဆိုသည်။

ဆန္ဒပြသူများက''ကျွန်တော်ချာလီဖြစ် သည်''ဆိုသည့်''Jesuis Charlie'' ဆို သည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ ကြသည်။

လူပေါင်း ၁၀၀၀၀ က ပြင်သစ် နိုင်ငံအရေးကြီးသောနေရာများ၌ အင်္ဂါနေ့တွင် ဆက်လက်ဆန္ဒပြကြဦး မည်ဟု သိရသည်။

Ref : AFP
Democracytoday
ပြင်သစ်သရော်စာရေးမဂ္ဂဇင်း ချာလီဟက်ဘ်ဒိုက လွန်ခဲ့သောအ ပတ်ကတိုက်ခိုက်သတ်ဖြတ်ခံရမှုကို အာခံလျက် မိုဟာမက်ပုံကို ပထမအ ဖုံး၌ဖော်ပြခဲ့ကြောင်း၊ ယခင်အပတ်က ဒုတိယအဖုံး၌သာ ဖော်ပြခဲ့ ကြောင်း၊ ဤလုပ်ဆောင်မှုကြောင့် ပြင်သစ်အ စိုးရက စစ်သား ၁၀၀၀ဝအားလုံခြုံ ရေးချထားလိုက်သည်ဟု ကြေညာခဲ့ ကြောင်း AFP သတင်းက ဆိုသည်။

အမေရိကန် CENTCOM ၏ လူမှုရေးမီဒီယာ accounts ကို IS လိုလားသည့် ဟက်ကာများကသိမ်း

Photo: အမေရိကန် CENTCOM ၏ လူမှုရေးမီဒီယာ accounts ကို IS လိုလားသည့် ဟက်ကာများကသိမ်း
Wednesday, January 14, 2015

အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ လူမှုရေးမီဒီယာ account များကို IS စစ်သွေးကြွတို့က ဆိုက်ဘာတိုက် ခိုက်မှုပြုလုပ်သည်။
ဇန်နဝါရီ ၁၂ရက် ၌ တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုတိုက် ခိုက်မှုကို ထောက်ခံသည်ဟု အုပ်စု တစ်စုက ကြေညာသည်။ IS တို့၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေ ရိကန် ဗဟိုစစ်ဌာနချုပ်၏ တွစ်တာ ထုတ်လွှတ်မှုများကို ရပ်ဆိုင်းထား လိုက်ရကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်ဘက်တွင် အကျပ်အတည်းကို ဖြစ်ပေါ်စေသည်။ အမေရိ ကန် ဗဟိုစစ်ဌာနချုပ်၏ လိုဂိုနေရာ တွင် အဖြူရောင်နှင့် အနက်ရောင် ရှိ အလံပေါ်လာသည်။

ထိုအလံတွင် ''ဆိုက်ဘာခါလီဖိတ်'' ဟုရေးထား သည်။ ''IS ကို ကျွန်ုပ်ချစ်သည်'' ဟုလည်း ရေးထားသည်။

သို့ရာတွင် IS တို့၏ ဟက်ပြု လုပ်ခြင်းကို ထိရောက်မှုမရှိအောင် အမေရိကန်စစ်ဘက်က ပြုလုပ်လိုက် သည်။

မည်သည့်ကွန်ပျူတာကွန်ရက် ကိုမျှ စစ်သွေးကြွတို့၏ ဟက်ပြုလုပ် မှုက မထိုးဖောက်နိုင်ကြောင်း၊ အမေ ရိကန်စစ်တပ်၏ လျှို့ဝှက်ချက်ကို လည်း မဖော်ထုတ်နိုင်ကြောင်း အမေ ရိကန်စစ်တပ်က ဆိုသည်။

အဆင့် သတ်မှတ်ထားသော သတင်းများကို တင်ထားကြောင်း၊ ထိုသတင်းများမှာ CENTCOM ၏ ဆာဗာ သို့မဟုတ် လူမှုရေးမီဒီယာဆိုက်မှ တင်ထားခြင်း မဟုတ်ကြောင်း ကျွန်ုပ်တို့၏ ကနဦး အကဲဖြတ်မှုတွင် ဖော်ပြထားသည်ဟု ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ကြေ ညာချက်တစ်စောင်တွင် ဖော်ပြထား သည်။

လူပုဂ္ဂိုလ် မည်သူမည်ဝါဟုဖော် ပြသည့် သတင်းထုတ်လွှင့်မှုများ ပြု လုပ်လာနိုင်ကြောင်း၊ သင့်လျော်သော ဟန့်တားမှု များပြုလုပ်ရန် ပြင်ဆင် ထားသင့်ကြောင်း ဗဟိုစစ်ဌာနချုပ် က ဆိုသည်။

Ref : AFP
Democracytoday
အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ လူမှုရေးမီဒီယာ account များကို IS စစ်သွေးကြွတို့က ဆိုက်ဘာတိုက် ခိုက်မှုပြုလုပ်သည်။ ဇန်နဝါရီ ၁၂ရက် ၌ တိုက်ခိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို

Photo: ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများတွေ့ဆုံ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့်လွှတ်တော်အစည်းအဝေး တွင် အတည်ပြုသွားမည်ဟုဆို
Wednesday, January 14, 2015

ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအ ဝေးခန်းမ၌ တွေ့ဆုံ ခဲ့ပြီး ယင်းအ စည်း အဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော်အစည်းအဝေးတွင် အတည်ပြု သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်ကို အစည်းအဝေးအပြီး ပြည် ထောင်စုလွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြော သည်။

ယင်းအစည်းအဝေးနှင့် ပတ် သက်ပြီး ပြည်ထောင်စုလွှတ်တော်နာ ယက သူရဦးရွှေမန်းကလည်း ''တိုင်း ရင်းသားများနဲ့ အခုလိုတွေ့ ဆုံမှုဟာ တို့နိုင်ငံမှာ လိုလားနေတဲ့ ငြိမ်း ချမ်းရေး အတွက် အများကြီး အထောက်အကူ ပြုပါတယ်။ တို့လိုချင်တာက ငြိမ်းချမ်း ရေး၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးရှိမှရမယ်၊ ဒါ ကြောင့်မို့ တိုင်းရင်း သားရေး ရာဝန် ကြီးများနဲ့ တွေ့ဆုံမှုဟာတိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အများကြီး အထောက် အကူပြုပါတယ်၊ ငြိမ်းချမ်း ရေးရဖို့လဲ အများ ကြီး အခြေအနေ ကောင်းပါတယ်'' ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။

''တိုင်းရင်းသားများ အခွင့်အ ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက် ရေးဥပဒေကို အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖို့ သေချာသလောက်ရှိနေပါပြီ၊ ဘာဖြစ်လို့ လဲဆိုရင် အမျိုးသား လွှတ်တော်က လဲ လွှတ်တော်ရဲ့ သဘောထားမှတ် ချက် အတည်ပြုချက်တွေနဲ့ ပြည်သူ့ လွှတ်တော်ကိုပြန်ပို့ပြီ၊ ပြည်သူ့လွှတ် တော်က အဲဒီဟာကို ပြန်လည်စိစစ် မယ်၊ ဆွေးနွေးမယ်၊ အတည်ပြု ချက် ယူပြီးရင် ပြည်ထောင်စုလွှတ်တော် ကိုပို့မယ်၊ တကယ်လို့များ လွှတ်တော် နှစ်ရပ်က သဘောထားမကွဲဘူးဆို ရင်တော့ သမ္မတ ဆီပို့ဖို့ဖြစ်ပါ တယ်  သမ္မတကတော့ သူလက်ခံ ရတာနဲ့ ၁၄ရက်အတွင်း သဘောထားမှတ် ချက်ပေးလာနိုင်တယ်၊ သမ္မတက တ ကယ် လို့သဘောတူတယ်ဆိုရင် သမ္မ တက လက်မှတ်ထိုးပြီး ဥပဒေတစ် ရပ်ဖြစ်ပေါ်လာမယ်၊ အဲဒီဥပဒေ အတည်ပြုပြီးရင် မြန်မာနိုင်ငံ ငြိမ်းချမ်း ရေးဖော်ဆောင်ရာတွင် အများကြီး အထောက်အကူပြုနိုင်တယ်၊ ဘာဖြစ် လို့လဲဆိုရင် လွန်ခဲ့တဲ့အချိန်က မိမိတို့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံး ခုရှိခဲ့ တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားပေ မယ့်လို့ ဒီဟာကစာအုပ်ထဲမှာသာရှိ တယ်။ လက်တွေ့အကောင်အထည် ဖော်မယ့် နေရာမှာ လက်ဆုပ်လက် ကိုင် ဥပဒေမရှိတဲ့အတွက် သံသယ စိတ်တွေက အမြဲတမ်းဝင်နေတယ် ဒါတွေကို ပျောက်ပြယ်သွားပြီဆိုရင် တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်မှု၊ အမျိုးသား ပြန်လည် သင့်မြတ် ရေးတွေကော အကုန်လုံးအထောက် ကူပြုသွားနိုင်တာပေါ့'' ဟု ပြည်ထောင် စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ်က ယင်းအစည်းအဝေး ခေတ္တနား ချိန် တွင် သတင်းထောက်များကို ပြော သည်။

''ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသား များရဲ့ ဒစ်ပနေးရှင်းလိုဟာမျိုးရယ် ဒီဥပဒေမှာပါတဲ့ အချက်အလက် တွေကို နိုင်ငံရေးအရအသုံးမပြုရလို့ ဆိုလိုတာပေါ့၊ တကယ်နိုင်ငံရေးလို့ ဆိုရာမှာ နိုင်ငံရေးဆို တာ ကျယ်ပြန့် တယ်၊ ပါတီနိုင်ငံရေးဆိုရင်ပါတီ နိုင်ငံရေးစသဖြင့် အကြံပြု တာတွေ အများစုကတော့ အားလုံး ၂၉ဦးစလုံး ကျေနပ်ကြပါတယ်၊ ဒီတွေ့ဆုံပွဲမှာ တိုင်းနှင့်ပြည်နယ်တိုင်းရင်းသားရေး ရာဝန် ကြီး အားလုံး တက်ပါတယ်''ဟု ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး  ဦးစောလှထွန်း က ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ရခိုင်တိုင်းရင်းသားရေးရာ ကော်မတီဦးဇော်အေးမောင်က ''ဒီ ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ် တော်မှာ ဆွေးနွေးတုန်း ကလဲခေါ် တွေ့တယ်၊ အမျိုးသားလွှတ်တော်က လဲ ကျွန်တော့်ကိုခေါ် တယ် ၊ ခေါ်ပြီး မေးတယ်၊ ကျွန်တော်တို့ကလဲ အကြံ ပေးတယ်၊ အခုအဲဒါတွေ အားလုံးပါ ဝင်ပြီးတော့ အခုပြည်သူ့လွှတ်တော် မှာရောက် လာပြီ ၊ ပြည်သူ့လွှတ်တော် ကနေ ပြည်ထောင်စုလွှတ်တော်တင် ပြီးတော့ အတည်ပြုပြီးတော့ ဒီဥပဒေ ကြမ်းကို အမြန်ဆုံးပြဋ္ဌဌာန်းမယ် လို့ သိရတယ်၊ အခုလိုတွေ့ဆုံဆွေးနွေး တာ အားလုံး ကောင်းပါတယ်၊ အခု လိုများများတွေ့ဆုံလေကောင်းလေပါပဲ''ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။    

MP
Democracytoday

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP
ပြည်ထောင်စုလွှတ်တော်နာယကနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MP 
ပြည် ထောင်စုလွှတ်တော်နာယကနှင့် တိုင်း ရင်းသားရေးရာဝန်ကြီးများ ယနေ့နံ နက် ၁ဝနာ ရီ တွင် နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေးဥပဒေကို လာမည့်လွှတ် တော် အစည်း အဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ကို အစည်းအဝေးအပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဥက္ကဋ္ဌဌ ဦးတီခွန်မြတ် က သတင်းထောက်များကို ပြောသည်။

မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍ ၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ

Photo: မိုဇမ်ဘစ်နိုင်ငံတွင် အဆိပ်ခတ်ထားသည့် ဘီယာများ သောက်မိ၍
၅၆ ဦး သေဆုံး၊ ၄၉ ဦး ဆေးကုသမှုခံနေရ
Wednesday, January 14, 2015

အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထား
သည့် ဘီယာများသောက်သုံးမိသဖြင့်သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့်
ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။ မိုဇမ်ဘစ်နိုင်ငံအ
ရှေ့မြောက်ပိုင်း တီတီပြည်နယ်ချီတီမာနှင့်ဆွန်ဂိုခရိုင်များမှဒေသခံများ တက်
ရောက်ခဲ့ကြသည့် ဈာပနပွဲအခမ်းအနား၌တည်ခင်းဧည့်ခံခဲ့သည့်ပွမ်ဘီဟုခေါ်
သောမိုဇမ်ဘစ်ရိုးရာ ချက်ဘီယာထဲတွင်အဆိပ်ပါဝင်နေခဲ့ခြင်းဖြစ်နိုင်ကြောင်း
ခရိုင်ကျန်းမာရေးဌာန၏ညွှန်ကြားရေးမှူးကာလီမော့စ်ကဆိုသည်။ ဘီယာထဲတွင်
မိကျောင်းသည်းခြေအဆိပ်များ ပါဝင်နေသည်ဟု ယာယီယူဆထားပြီး ဘီယာန
မူနာများနှင့်သွေးနမူနာများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန်မိုဇမ်ဘစ်၏ မြို့တော်
မာပူတိုသို့ပို့ဆောင်ထားကြောင်း ကာလီမော့စ်ကဆိုသည်။
ဈာပနပွဲကျင်းပခဲ့သည့် ဇန်န၀ါရီလ၁၁ရက် မနက်စောပိုင်းအချိန်တွင်
ဈာပနပွဲလာဧည့်သည်အများအပြားကိုဘီယာတိုက်၍ ဧည့်ခံခဲ့ပြီး ဈာပနပွဲပြီးဆုံး
၍ မွန်းလွဲပိုင်းရောက်သည့်အခါတွင်မှဘီယာသောက်ခဲ့သူများ အဆိပ်သင့်လက္ခ
ဏာများဖြင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။
ဈာပနပွဲအတွက်ဘီယာချက်သည့်အမျိုးသမီးမှာလည်း ဘီယာမြည်းစမ်းသောက်
သုံးခဲ့ပြီး အဆိပ်သင့်သေဆုံးသူများစာရင်းတွင်ပါဝင်ခဲ့ရသည်။ ဘီယာချက်သူ အမျိုး
သမီးမှာအာဖရိက၏နာမည်ကျော်မိကျောင်းသည်းခြေတံဆိပ်အဆိပ်ကိုအခြားဘီယာချက်ပါဝင်ပစ္စည်းများဖြင့်မှားယွင်းထည့်ချက်မိခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကဆိုသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ ဒေသများ၌ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးမှုစတင်နေပြီး ဈာပနပွဲမှကမ်းလိုက်သောစားသောက် ဖွယ်ရာများ ကိုစစ်ဆေးရန်ဒေသခံကျန်းမာရေးအဖွဲ့များက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံသိမ်းယူစုဆောင်းနေကြောင်းမိုဇမ်ဘစ်သတင်းများတွင် ဖော်ပြခဲ့ကြသည်။

Pyimyanmar
အာဖရိကတိုက်အရှေ့တောင်ပိုင်းရှိမိုဇမ်ဘစ်နိုင်ငံတွင်အဆိပ်ခတ်ထားသည့် ဘီယာများသောက်သုံးမိ သဖြင့် သေဆုံးသူ ၅၆ဦးရှိခဲ့ပြီး ၄၉ဦးခန့် ဆေးရုံတက်ကာဆေးကုသမှုခံနေရကြောင်းသိရသည်။

မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ

Photo: မန်းစည်ပင် တန်ဖိုးနည်းအိမ်ခန်း လျှောက်လွှာများ စတင်ရောင်းချ
Wednesday, January 14, 2015

မန္တလေးခရိုင်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ စွန့်ခဲ့ရသူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေ သည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရန် လျှောက်လွှာများကို ဇန်နဝါရီ ၁၂ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။

လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅,၀၀၀ နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ၎င်းတို့ကို အဆိုပါစီမံကိန်း၏ ရှစ်ခန်းတွဲ လေးထပ်နှင့် လေးခန်း တွဲ လေးထပ်တို့ကို ရောင်းချပေးသွားမည် ဖြစ်သည်။ ၀ယ်ယူ ထားသည့် လျှောက်လွှာများကို ဇန်န၀ါရီ ၂၆ ရက်မှ ၃၀ ရက်အတွင်း တိုက်ခန်း ၀ယ်ယူခွင့်ရရှိရန် ပြန်လည်တင်ပြရမည် ဖြစ်သည်။ ထိုတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို သုံးနေရာခွဲ ရောင်းချပေးလျက် ရှိသည်။

အငြိမ်းစားဝန်ထမ်းများ လျှောက်ထားပါက လျှောက်ထားသူသည် မန္တလေးခရိုင် အတွင်းနေထိုင်သူဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ မရှိသူ၊ အငြိမ်းစားပင်စင်စာအုပ်ကို တင်ပြ ရမည်ဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင် နေသူလုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့် ဝန်ထမ်းများကမူ ၀န်ထမ်းကတ်၊ လုပ်သက်ထောက်ခံစာများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး မသန်စွမ်းသူများကမူ တိုင်းပြည် တာဝန်ထမ်းဆောင်စဉ် ကိုယ်အင်္ဂါစွန့်ခဲ့ သူများ လျှောက်ထားနိုင်သည်ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများကို လက်ငင်း ငွေချေစနစ်သို့မဟုတ် ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ပြီး ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူပါက လျှောက်ထားသူ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာသော အထောက်အထားများ တင်ပြလျှောက်ထားနိုင်သည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ် တစ်ဦးက “အဘတို့မှာ အိုးပိုင်အိမ်ပိုင်နေရဖို့ ဒီတစ်သက် အိပ်မက်တောင်မမက်ဖူးဘူး။ လက်ထဲမှာ ငွေရှိလို့ လာလျှောက်တာတော့ မဟုတ်ဘူး။ အဘတို့အနေနဲ့ကတော့ မှန်မှန်ကန်ကန်လေး လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

တပ်မတော်သား တစ်ဦးကလည်း “ဖြစ်ရင်တော့ အလကား ပေးစေချင်တာပေါ့ဗျာ။ ကျွန်တော်တို့က တိုင်းပြည်အတွက် အသက်ပေးပြီး ကိုယ်အင်္ဂါ စွန့်ခဲ့ရသူတွေဆိုတော့ တပ်ကထွက်ချိန်မှာ ဘာမှလက်ထဲမရှိဘူး။ကြုံသလိုပဲ နေနေရတယ်။ အခု အဲဒီဘ၀က ကျွတ်ပြီလို့ ထင်တယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်မယ်” ဟု ပြော သည်။

အဆိုပါ တိုက်ခန်းများကို မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ လျှောက်ထားခွင့်ရှိကြောင်း၊ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငါးနှစ် အတွင်း တိုက်ခန်းများကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်၍ တိုက်ခန်းများ ပြန်လည်ရောင်းချလိုပါက စည်ပင်သာယာရေး ကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ရှိသည်ဟု စည်းကမ်းချက်များ သတ်မှတ်ထားသည်။

စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “ဒီလိုတွေ သတ်မှတ်ရတာကတော့ ဝယ်ယူပြီး ဈေးကစားလိုက်ရင် အိမ်ရာဈေးနှုန်းတွေ မြင့်မားလာမှာမို့ ကာကွယ်တဲ့ သဘောပါ။ အဲလို ရောင်းချတာ၊ လွှဲပြောင်းတာတွေ လုပ်တာကို စစ်ဆေးတွေ့ရှိရင်တော့ တိုက်ခန်းကို ပြန်သိမ်းပြီး အရေးယူသွားမယ်” ဟု ပြောသည်။

Mizzima - News in Burmese 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း အဖြစ်ဆောက်လုပ်ထားသော တိုက်းခန်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးခရိုင်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ စွန့်ခဲ့ရသူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်နေသည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရန် လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။

လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်

Photo: လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တိုင်းတရားလွှတ်တော်အထိ မိသားစုဝင်များ တိုင်ကြားမည်
Wednesday, January 14, 2015

၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း
သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု
သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုအတွက် မိသားစုဝင်များက ဇန်နဝါရီ ၃ ရက်က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ခဲ့ရာ၌ အမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ရဲစခန်းက အကြောင်းပြန်သည့်အတွက် အထက်ပါအတိုင်း စီစဉ်ခြင်းဖြစ်သည်။

ဒေါ်ခင်ဝင်း၏ သမီးအကြီးဖြစ်သူ မ၀င်းခိုင်က “ကျွန်မတို့ကတော့ ဥပဒေရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ ရှေ့ ဆက်တိုးဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။

အမှုကို ယာယီရပ်ဆိုင်းထားမည်ဟု ရဲစခန်း၏ အကြောင်းပြန်စာတွင် လူ့အခွင့်အရေးကော်မရှင်နှင့် ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် စစ်ကိုင်းတိုင်းအစိုးရက ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဖြေထွက်မလာသေးခြင်းကြောင့် ဖြစ်သည် ဟု ဒေါ်ခင်ဝင်း၏ မောင်နှမဝမ်းကွဲ တော်စပ်သူ ဦးဝင်းကျော်က ပြောသည်။

၎င်းက “နားလည်တဲ့ ရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ မိသားစုတွေကလည်း ဥပဒေ အကြောင်း နားမလည်ကြဘူး” ဟု ဆိုသည်။

ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးချိုး ဖောက်မှု ရှိ၊ မရှိ ယခုလဆန်းပိုင်းက ကွင်းဆင်းစစ်ဆေးထားပြီး ဇန်န၀ါရီ ၁၃ ရက် သို့မဟုတ် ၁၄ ရက် တွင် သတင်းထုတ်ပြန်သွားမည်ဟု ကော်မရှင်၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးစစ်မြိုင်က မဇ္ဈိမကို တယ်လီဖုန်းမှ တစ် ဆင့် ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ ရဲစခန်းက အမှုယာယီ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်ပြီး ရှေ့နေများကွန်ရက်မှ ရှေ့နေတစ်ဦးဖြစ်သည့် ကိုစောကျော်ကျော်မင်း က “အမှုကို ယာယီရပ်ဆိုင်းတယ်ဆိုတာထက်စာရင် ရဲစခန်းက ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေးသင့်တယ်။ ဖြစ်လာတဲ့ အခြေအနေကို ပွင့်လင်းလွတ်လပ်စွာနဲ့ ထုတ်ဖော် ပေးသင့်တယ်”ဟု ပြောသည်။

Mizzima - News in Burmese 

လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန် ဒေသခံများက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ အရေးယူပေးရန် ဒေသခံ များက ဆားလင်းကြီးရဲစခန်းတွင် အမှုလာဖွင့်စဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
၂၀၁၄ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုကို ဥပဒေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီး စစ်ကိုင်းတိုင်း တရားလွှတ်တော်အထိ ဆက်လက်တိုင်ကြားသွားမည်ဟု သေဆုံးသူ ဒေါ်ခင်ဝင်း၏ မိသားစုများက မဇ္ဈိမကို ပြောသည်။

ရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ကျွမ်းမှု ၉၁သိန်းကျော် ဆုံးရှုံး

Photo: ရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ကျွမ်းမှု ၉၁သိန်းကျော် ဆုံးရှုံး
Wednesday, January 14, 2015

မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မ စားသောက်ဆိုင်မှ စတင်သည့် မီးလောင်းကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့ ကာလတန်းဖိုး ၉၁ သိန်းကျော် ဆုံးရှုံးခဲ့သည်ဟု ရဲမြို့ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ည ၁၁ နာရီ မခွဲခင်လောက်က စလောင်ပါတယ်။ မီးလောင်တဲ့အချိန် လေတွေလည်း တအားကြမ်းတယ်” ဟု သီရိနန္ဒာရပ်ကွက်၊ အရန် မီးသတ်တပ်ဖွဲ့မှ ဦးစီး (ပြန်/ဆက်) ဦးညာက ပြောသည်။

မီးလောင်းကျွမ်းမှုကြောင့် ဆိုင်ရှင် ဦးထင်ကျော် နေထိုင်သည့် (၂၀x၄၀) ပေ သွပ်မိုး အုတ်ညှပ် နှစ်ထပ်တိုက် (၁) လုံး၊ အလျား (၁၅၀x၅၀) ပေ  သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း စားသောက်ဆိုင်ခန်းကြီး (၁) လုံး၊ ဆိုင်ရှေ့ ရပ်ထားသည့် တိုယိုတာ ဖိုးဝီး (၂) ခန်းတွဲ အဖြူရောင် မော်တော်ကား (၁) စီး လောင်ကျွမ်းပျက်စီးပြီး ကာလတန်ဖိုး (၉၁၂၅၀၀၀ိ/-) ရှိသည်ဟု ရဲမှတ်တမ်းက ဆိုသည်။ သို့သော် မျက်မြင်များကမူ သိန်းတစ်ထောင်ဖိုးခန့် ဆုံးရှုံးမှု ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

“မီးစလောင်တာကို သိသိချင်း ကားပိုင်ရှင်က စက်နှိုးပေမဲ့ နှိုးမရဘူး။ အနီးက လူတွေက ကူညီပြီး ဝိုင်းတွန်းပေးတယ်။ ဒါပေမဲ့ အပူဒဏ်ကို မခံနိုင်လို့ လက်လွှတ်လိုက်ရတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။

မီးလောင်သည့် နေရာသည် ရတနာ စက်သုံးဆီ အရောင်းဆိုင်ကြီး၏ လမ်းတဖက်တချက် ပေ ၄၀ ခန့်သာ ကွာဝေးသော်လည်း ဆီဆိုင်သည် လေညာဘက်တွင် တည်ရှိခြင်း၊ လေအောက်ဘက်တွင် အဏ္ဏဝါချောင်း (ကွမ်တိုးချောင်း) နှင့် ဓနိတောတစ်ခု ခြားနေခြင်းတို့ ပတ်ဝန်းကျင်သို့ ကူးစက်သွားနိုင်ခြင်း မရှိခဲ့ကြောင်း ဦးညာ က ပြောသည်။

စားဖိုဆောင်မှ စတင်လောင်ကျွမ်းသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြပြီး၊ အရန်မီးသတ် ၃၀၊ မီးသတ်ကား ၃ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာမှ နံနက် ၂ နာရီဝန်းကျင်တွင် မီးစွယ်ကျိုးသွားခဲ့သည်။

ယင်းလောင်းကျွမ်းမှုနှင့် ပတ်သက်၍ စားသောက်ဆိုင် ပိုင်ရှင် ဦးထင်ကျော် အား ဒုရဲအုပ် ဇော်မင်းထွန်းမှ တရားလို ပြုကာ ရေးမြို့နယ် ရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ရှိ ဆက်သုံးဆီ သိုလှောင်ရုံနှင့် ဇန်နဝါရီလ ၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတို့၌ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု သိန်းထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။

Mizzima - News in Burmese  

ရေးမြို့ သီရိနန္ဒာရပ်ကွက်တွင် မီးလောင်ထားသည့် မြင်ကွင်းကို ဇန်နဝါရီ ၁၃ရက် နံနက်က တွေ့ရစဉ်။(ဓာတ်ပုံ-ကွန်းချမ်း)
ရေးမြို့ သီရိနန္ဒာရပ်ကွက်တွင် မီးလောင်ထားသည့် မြင်ကွင်းကို ဇန်နဝါရီ ၁၃ရက် နံနက်က တွေ့ရစဉ်။(ဓာတ်ပုံ-ကွန်းချမ်း)
မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မစားသောက်ဆိုင်မှ စတင်သည့် မီးလောင်းကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့ ကာလတန်းဖိုး ၉၁ သိန်း ကျော် ဆုံးရှုံးခဲ့သည်ဟု ရဲမြို့ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရမိ

မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် မူးယစ်ဆေးဝါး (၈၄) သိန်းဖိုး ဖမ်းဆီးရ မိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။ အမှုဖွင့်ပြီး စစ်ဆေး နေတယ်။ မနေ့ ကတည်းက အမှုဖွင့် ထားတာ။ ဒီအမှုက ၂၀၁၅ အတွက် အောင်မြေသာစံရဲ့ ပထမဆုံး မူးယစ်ဆေးဝါးမှု ဖြစ်တယ် ဟု အောင်မြေသာစံ ရဲတပ်ဖွဲ့ရုံးမှ ဒုတပ်ကြပ် မျိုးဦးမှ ပြောပြသည်။

အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း

Photo: အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်၍ ဦးကိုကိုကြီးအား လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ဦးဝီရသူ တိုက်တွန်း
Wednesday, January 14, 2015

လွှတ်တော် ထဲတွင် အမျိုးသားရေးနှင့် ပတ်သက်၍ လုပ်ဆောင် နိုင်မည်ဟု ယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်၍ လွှတ်တော် ကိုယ်စားလှယ် လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်း ခဲ့ကြောင်း ဆရာတော် ဦးဝီရသူ က တိုက်တွန်း ခဲ့ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။ ယခုလ (၁၂) ရက်နေ့တွင် ဦးဝီရသူနှင့် ဦးကိုကိုကြီး တို့သည် ရန်ကုန်မြို့၌ သီးသန့် တွေဆုံခဲ့ပြီး အမျိုးသားရေးနှင့် ပတ်သက်သော ကိစ္စရပ် များအား ဆွေးနွေးခဲ့ပြီး အဆိုပါ တွေ့ဆုံမှုသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းနှင့် မသက်ဆိုင်ကြောင်း သိရသည်။ အဓိက ကတော့ အမျိုးသားရေးကို အခြေခံတဲ့ အမြင် နှစ်မျိုး ပါပဲ။ ကိုကိုကြီးရဲ့ အမြင် ပေါ့။ ၂၀၁၅ ရွေးကောက်ပွဲမှာ တင်းမာမှုတွေ လျှော့ချပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြတ်သန်း နိုင်ဖို့ ဒါက သူ့အမြင်နော်၊ ဦးပ္တွင်း ကျတော့  ပြုပြင် ပြောင်းလဲရေး   အပေါ်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ ဒါကို ဆွေးနွေးတယ်။ သဘော တူညီချက်လည်း ရပါတယ်။

ပုဂ်္ဂိုလ်ရေး အရ သီးခြား တွေ့ဆုံတဲ့ သဘောပါ။ ဦးပ္တွင်း ကတော့ အမျိုးသားရေးမှာ သူ့လို ပုဂ်္ဂိုလ်မျိုးကို အားရတယ်။ ဒီလို ပုဂ်္ဂိုလ်မျိုး လွှတ်တော်ထဲ ရောက်ရင် အားကိုးရ တာပေါ့။ ၂၀၁၅ မှာ သူ့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ၀င်ဖို့  တိုက်တွန်း ခဲ့တယ် ဟု ဦးဝီရသူက မိန့်ကြား သည်။ ဦးကိုကိုကြီးသည် ရိုဟင်ဂျာ အရေးတွင်-၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း တစ်ဖွဲ့လုံးတွင် အပြတ်သားဆုံး ပုဂ်္ဂိုလ် ဖြစ်သည့် အတွက် အားရကြောင်း၊ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ပါဝင် ခဲ့သည့် ဦးကိုကိုကြီး၏ လုပ်ပုံ ကိုင်ပုံ ဆောင်ရွက်ချက် များကို  အားရ ကြောင်း၊   ဦးကိုကိုကြီး လွှတ်တော်ထဲ ရောက်သည့် အချိန်တွင် လိုအပ်ချက်များ အတွက်  အားကိုးရနိုင်ကြောင်း ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။

သူကတော့ ပြောပါတယ်၊ အခြားသူ တွေလည်း ဒီလိုပဲ သူ့ကို တိုက်တွန်း တယ်တဲ့။ သူကြိုးစားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကတိတော့ ပေးမသွားဘူး ဟု ဦးဝီရသူက ဆက်လက် မိန့်ကြားသည်။ ၎င်းအနေ ဖြင့်လည်း လွှတ်တော် နိုင်ငံရေး လုပ်မည်ဟု ဦးကိုကိုကြီးက မီဒီယာ များကို ပြောကြား ထားသည်။ လက်ရှိ အချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)သည် အမျိုးသားရေးနှင့် ပတ်သက်မှု များကို လှုပ်ရှားနေသော အဖွဲ့ အစည်း တစ်ခု ဖြစ်သည်။

The Messenger News Journal
လွှတ်တော်ထဲတွင် အမျိုးသားရေးနှင့်ပတ်သက်၍ လုပ်ဆောင်နိုင်မည်ဟုယုံကြည်၍ ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ်လုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ခေါင်ဆောင် ဦးကိုကိုကြီးအား တိုက်တွန်းခဲ့ကြောင်း ဆရာတော် ဦးဝီရသူက တိုက်တွန်းခဲ့ ကြောင်း ဦးဝီရသူက The Messenger Media သို့ မိန့်ကြားသည်။

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နှင့် ဒါရိုက်တာအား အမှုဖွင့်ထား သော်လည်း စစ်ဆေးမှု မရှိသေး

ဇန်န၀ါရီလ (၁) ရက်နေ့က တော်ဝင် နှင်းဆီ Health News  အထူးကု ပိုင်ရှင်နှင့် ဒါရိုက်တာအား လုပ်ငန်း လိုင်စင် မရှိဘဲ လုပ်ငန်း ဆောင်ရွက်မှု၊ ခွင့်ပြုချက် မရှိဘဲ လုပ်ငန်း လိုင်စင် လွှဲပြောင်းမှု များဖြင့် အမှုဖွင့်ထား သော်လည်း (၁၀) ရက်ကျော် ကြာမြင့်ချိန် အထိ စစ်ဆေးမှု မရှိသေးကြောင်း သိရ သည်။

လမ်းဘေး ကျူးကျော်ဆိုင်များ တစ်ပတ် အတွင်း ဖယ်ရှားမည်

မုံရွာမြို့ရှိ ယာဉ်သွား ယာဉ်လာ ရှုပ်ထွေးမှု အများဆုံး ဖြစ်သည့် ဗိုလ်ချုပ် ကြေးရုပ်နှင့် ဘူတာသို့ ဆက် သွယ် ထားသည့် ဘူတာရုံ လမ်းမကြီး ပေါ်ရှိ ကျူးကျော် ဈေးဆိုင်ခန်း များအား တစ်ပတ် အတွင်း ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ထံမှ သိရသည်။

ရန်ကုန်တွင် အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် မြင့်တက်၊ မြို့နယ် အသီးသီးတွင် စံငှားရမ်းခ သတ်မှတ်နိုင်ရန်လို

Photo: ရန်ကုန်တွင် အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် မြင့်တက်၊ မြို့နယ် အသီးသီးတွင် စံငှားရမ်းခ သတ်မှတ်နိုင်ရန်လို
Wednesday, January 14, 2015

လက်ရှိ ရန်ကုန်မြို့လူဦးရေ၏ အိမ်ငှားနေထိုင်ကြသည့် ၇ဝရာခိုင်နှုန်းသော အိမ်ငှား လူတန်းစားများအတွင်း တစ်နှစ်ထက် တစ်နှစ် အိမ်ခန်းလိုအပ်ချက်မြင့်မား လာမှုနှင့်အတူ အိမ်အငှားဈေးနှုန်းများ နှစ်ဆ သုံးဆခန့် ခုန်တက်လျက် ရှိရာ မြို့ပြဆိုင်ရာ ငှားရမ်းချက် ဥပဒေကိုပြင်ဆင်၍ အဆိုပါဥပဒေအရ မြို့ နယ်အသီးသီးတွင် စံငှားရမ်းခသတ်မှတ်နိုင်မှသာ အိမ်ရှင်နှင့် ပွဲစားတို့၏ ကြောက်ခမန်းလိလိ ဈေးနှုန်းသတ်မှတ်ချက်မှ ကင်းလွတ်သက်သာခွင့် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက '' လွှတ်တော်မှာ အန်တီ အိမ်ရှင်၊ အိမ်ငှားနဲ့ပတ် သက်ပြီး မြို့ပြဆိုင်ရာ ငှားရမ်းချက်ဥပဒေကို ပြင်ဆင်ရမယ်လို့ အဆိုတင်သွင်းခဲ့ပါတယ်။ မြို့ပြ ဆိုင်ရာ ငှားရမ်းချက်ဥပဒေကို ပြင် ဆင်ရမယ်။ အဲဒီဥပဒေအရ မြို့နယ် အသီးသီးမှာ စံငှားရမ်းခ သတ်မှတ် ခြင်းဆိုတာ ရှိပါတယ်။ ဒီမြို့နယ်က ဘယ်လောက်ဈေးနှုန်း ထက် မပိုသင့် ဘူး။ စံငှားရမ်းခသတ်မှတ်ဖို့ ရန်ကုန်မှာ အဖွဲ့တစ်ဖွဲ့လုပ် ဖို့ ဆွေးနွေးခဲ့ပါ တယ်။ တကယ်တော့ ရန်ကုန်က ပြသနာက ရန်ကုန်မှာပဲ တာဝန်ရှိပါ တယ်၊ အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာက ရန်ကုန်တိုင်းဒေ သကြီးလို အိမ်ငှားခတွေ ဈေးမှမကြီးတာ။ ရန်ကုန်မှာပဲ အိမ်ငှားရမ်းခတွေ က အဆမတန်မြင့်မားနေတာပါ''ဟု ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့ရှိ အိမ် ငှားဈေးကွက်မှာ အဆမတန်မြင့်မားမှုကြောင့် ရန်ကုန်မြို့တွင် အိမ်ပိုင်မ ရှိသော မိသားစုများ နေထိုင်ရေးအတွက် မှာ တွေးကြောက်စရာ ဘေးဒုက္ခ တစ်ခုလိုပင် ဖြစ်နေပေသည်။

''အန်တီအပါအဝင် လွှတ်တော် မှာ မြို့ပြဆိုင်ရာ ငှားရမ်းချက်ဥပဒေ ကို ပြင်ဆင်ရမယ်ဆိုတာ အခြားကိုယ် စားလှယ်သုံးဦးလဲ တင်ပြတယ်။ အမှန် ကတော့ နောက်ဆုံးအနေနဲ့ ပြည်သူ တွေက တောင်းဆိုဖို့နဲ့ ဆန္ဒပြဖို့ပဲ ရှိတော့ပါတယ်'' ဟု ဒေါက်တာဒေါ်ညို ညိုသင်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ငှားခဈေး နှုန်းများမှာ ယခင်နှစ်ကထက် နှစ်ဆ သုံးဆ ခန့် မြင့်တက်လာလျက်ရှိပြီး အိမ်ငှားနေထိုင်ရသော မိသားစုများမှာ တစ်နှစ် ထက်တစ်နှစ် မြင့်တက် လာသော အိမ်ငှားခများနှင့်အတူ အိမ်ငှားပွဲစားကို လဲ မြင့်တက်သော အိမ်ငှားခဈေးနှုန်းနှင့် ထပ်တူဝန် ဆောင်ခပေးဆောင်နေ ရသည်။

ဆောက်လုပ်ရေး အင်ဂျင်နီယာဦးကျော်ကျော်က ''အဓိကကတော့ အိမ်ခန်းမရှိတဲ့သူက တအားများပြီး အိမ်ခန်းကို လက်ထဲမှာထားပြီး ပွဲ စားလုပ်စားတဲ့သူတွေကို ပပျောက် အောင်ရှင်းရမယ်။ ပွဲစားကြောင့်မို့ အခုလို အိမ်ငှားရမ်းခ ဈေးနှုန်းတွေ က မြင့်မားနေရတာပါ။ ပွဲစားတွေက တစ်ကျပ်တန်ကို တစ်ရာပြောလိုက် လို့ အဆမတန်တက်သွားတာ။ အဓိကက နိုင်ငံတော်က သိန်းဂဏန်းနဲ့ ချီတဲ့ တိုက်ခန်းတွေကို သိန်းတစ်ရာဝန်းကျင်နဲ့ ရောင်းချပေး ဖို့လိုပါတယ်။ မနေဘဲနဲ့ အိမ်ခန်းတွေကိုဝယ်ပြီး ဈေးကစားနေတဲ့ ဝိသမလောဘ သားတွေ ကို ဥပဒေနဲ့ကိုင်တွယ်ပြီး ဖြေရှင်းလိုက်မယ်ဆိုရင် ဈေးနှုန်းတွေ ကျဆင်းလာ မယ်လို့ထင်ပါတယ်''ဟု ပြောသည်။

အဆမတန် မြင့်တက်နေသော အိမ်ငှားရမ်းခ ပမာဏများမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်း လှည်းတန်း၊ ကမာရွတ်မြို့နယ်တွင် ကျပ်ငါးသောင်း မှ ခုနစ်သောင်းခွဲအထိ၊ လသာမြို့နယ် တွင် ကျပ်ရှစ်သောင်းမှ ကျပ်တစ်သိန်း အကြား၊ သာကေတမြို့နယ်တွင် ကျပ်ငါးသောင်းမှ တစ်သိန်းအကြား၊ တာမွေကျောက်မြောင်းတွင် ခုနစ် သောင်းမှ တစ်သိန်းခွဲအထိ၊ ဗဟန်းမြို့ နယ်တွင် ကျပ်သုံးသောင်းမှ ကျပ်ရှစ် သောင်းအထိဖြစ်သည်။

အိမ်ငှားဈေးနှုန်းများ မြင့်မား မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ အကြံ ပေးပညာရှင် ဦးသန်းက ''အိမ်ငှားခ ဈေးနှုန်းတွေမြင့် တက်တာကို ထိန်းချုပ် ဖို့အတွက် ဒီခေတ်မှာတော့ တန်ဖိုး နည်းအိမ်ရာဆိုတာ ထက် တန်ဖိုးသင့် အိမ်ရာရယ် ပြီးတော့တစ်ဆင့် တန်ဖိုးနည်းအိမ်ရာတွေ များများအ ကောင်အထည်ဖော်ပေးဖို့ လိုအပ် ပါတယ်။ အခြေခံလူတန်းစားတွေ အိမ်ငှားခ ကြီးမြင့်တဲ့ပြဿနာကို ပြေ လည်နိုင်ရေးကတော့ အစိုးရက အ ငှားချပေးနိုင်တဲ့ အိမ်ရာအဆောက် အအုံတွေ များများချပေးနိုင်ဖို့လို မယ်။ အဲဒါဆို အိမ်ငှားခတွေ ထိန်း ချုပ်ပြီးဖြစ်သွားမယ်။ အငှားချအိမ်ရာ စနစ်လေး လုပ်ပေး မယ်ဆိုရင် အခြေ ခံလူတန်းစားတွေ သက်သောင့်သက် သာထက် သင့်တင့်လျောက်ပတ်တဲ့ ဈေးနဲ့ အိမ်ငှားပြီးနေနိုင်မယ်။တန်ဖိုး နည်းအိမ်ရာဆိုတာတောင်မှ စည်ပင်တို့က အကောင်အထည်ဖော်ပေး ရင် တောင်မှ မြေတန်ဖိုး မပါသေးဘူး။မြေတန်ဖိုးထည့်မတွက်ဘူး။ ဒီခေတ် က တန်ဖိုးသင့်အိမ်ရာတွေက အခြေ ခံလူတန်းစားလောက်က မဝယ်နိုင်ဘူး။ အစိုးရက အခုလဲပဲ ဆောက် လုပ်ရေးဝန်ကြီးဌာနနဲ့ အိုးအိမ်တို့က နိုင်ငံတော်ချေးငွေရယူပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ အစိုးရ က အကောင်အထည်ဖော်ပေးမယ့် တန်ဖိုးနည်းအိမ်ရာလို့ သုံးနှုန်းပြီး စီမံ ကိန်းကလဲ သာမန်အခြေခံလူတန်းစား စစ်စစ် စတုတ္ထလူတန်းစားတွေအ တွက် လက်လှမ်းမမီနိုင်သေးပါဘူး။ အဓိကကတော့ အစိုးရက အငှားချ အိမ်ရာတွေများ များဖော်ဆောင်ပေးရင်တော့ အထိုက်အလျောက် ပြည် လည်သွားမယ်''ဟု ပြောသည်။

မြို့လယ်ကောင် လမ်းမတန်းနေ ရာများ၊ အကွက်အကွင်းကောင်းမွန်လှသောနေ ရာများကို ငှားရမ်းနေသော အိမ်ရှင်များမှာ ငှားရမ်းခများကို သူတို့စိတ်တိုင်း ကျနှုန်းတစ်ခုသတ်မှတ်၍ ဈေးကစားနေကြသလို အိမ်ငှားပွဲစားများကလဲ အိမ်ငှားခနှုန်းထားမြင့်မှ ဝန်ဆောင်ခလဲပိုမိုရရှိလာအောင် အိမ် ငှားခနှုန်းထား များကို ထပ်မံဈေးကစား သဖြင့် အိမ်ငှားခဈေးနှုန်းများမှာ အဆမတန် မြင့်မား လာရလေသည်။

လသာလမ်းမတန်းပေါ်ရှိ မြေညီထပ်တိုက်ခန်းအငှား ဈေးနှုန်းများမှာ မနှစ်က ပေ (၂၀×၆၀) တစ်ခန်း လျှင် ကျပ် ၁၅သိန်းမှ သိန်း ၂ဝကြားရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်သိန်း ၅၀ မှသိန်း ၆ဝအကြား အငှားဈေးကွက် ရှိနေကြောင်း အိမ်ခြံမြေပွဲစားများထံမှ သိရသည်။

''အစ်မတို့က အရင်တုန်းက ကျောက်မြောင်းမှာ တစ်လတစ်သိန်း ခွဲခြောက်လစာချုပ်နဲ့လေးလွှာမှာ ငှား နေပါတယ်။ ခြောက်လလဲပြည့်ရော အိမ်ရှင်က နောက်ခြောက်လစာချုပ် ဖို့အတွက် တစ်လကိုနှစ်သိန်းထပ် တိုးတောင်းပါတယ်။ အစ်မတို့က နှစ်သိန်းမပေးနိုင်လို့ အခုဗဟန်းမှာ နှစ်လွှာမှာ တစ်လတစ်သိန်းရှစ် သောင်းနဲ့ထပ်ငှားနေပါတယ်။ ထပ်ငှားနေတော့ ပွဲစားခက တိုက်ခန်း ဈေးနှုန်းတစ်လစာထပ်ပေးရတဲ့ အတွက် နောက်ထပ်ပိုက်ဆံထပ်ကုန် ပါတယ်။ ရန်ကုန်မှာအိမ်ပိုင်မရှိတဲ့ အစ်မတို့လိုလူတွေဘဝက စိတ်ဆင်း ရဲဖို့ကောင်းပါတယ်''ဟု မသီတာက ပြောသည်။

အရှေ့ပိုင်းခရိုင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဝင်တတ်သိပညာရှင်ဒေါက်တာစိုးထွန်းက ''အိမ်ငှားခ ဈေးနှုန်းတွေ မြင့်မားလာတာကိုထိန်းချုပ်ဖို့က တန် ဖိုးနည်းအိမ်ရာတွေ များများဆောက်ရမယ်။ အစိုးရကလဲ အိမ်ရာရောင်း တဲ့စနစ်တွေမဟုတ်ဘဲ အငှားချတဲ့စနစ်တွေဖော်ဆောင်ပေးရပါမယ်။ဈေးနှုန်းသတ်မှတ်လို့တော့မလွယ် ကူ ပါဘူး။ အိမ်ငှားချင်တဲ့သူတွေက များနေပြီး အိမ်ကမရှိဘူး။ အစိုးရ အငှားချတဲ့ အိမ်ရာစီမံကိန်းဖော် ဆောင်ပေးမှသာ ဈေးနှုန်းတွေကျ ဆင်းပြီး အဆင်ပြေ မယ်လို့ထင်ပါ တယ်''ဟု ပြောသည်။

TST
Democracytoday
လက်ရှိ ရန်ကုန်မြို့လူဦးရေ၏ အိမ်ငှားနေထိုင်ကြသည့် ၇ဝရာခိုင်နှုန်းသော အိမ်ငှား လူတန်းစားများ အတွင်း တစ်နှစ်ထက် တစ်နှစ် အိမ်ခန်းလိုအပ်ချက်မြင့်မား လာမှုနှင့်အတူ အိမ်အငှားဈေးနှုန်းများ နှစ်ဆ သုံးဆခန့် ခုန်တက်လျက် ရှိရာ မြို့ပြဆိုင်ရာ ငှားရမ်းချက် ဥပဒေကိုပြင်ဆင်၍ အဆိုပါဥပဒေအရ မြို့နယ် အသီးသီးတွင် စံငှားရမ်းခသတ်မှတ်နိုင်မှသာ အိမ်ရှင်နှင့် ပွဲစားတို့၏ ကြောက်ခမန်းလိလိ ဈေးနှုန်းသတ်မှတ် ချက်မှ ကင်းလွတ်သက်သာခွင့် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် Hun Sen နှစ် ၃၀ ပြည့် အာဏာသက်တမ်း HRW ဝေဖန်

Photo: ၀န်ကြီးချုပ် Hun Sen နှစ် ၃၀ ပြည့် အာဏာသက်တမ်း HRW ဝေဖန်
Wednesday, January 14, 2015

ကမ္ဘောဒီးယားခေါင်းဆောင် Hun Sen အနေနဲ့ အာဏာရရှိခဲ့တာ နှစ်သုံးဆယ်မြောက် အထိမ်းအမှတ်နေ့ နီးလာတာနဲ့အတူ နိုင်ငံရေးအာဏာ တည်မြဲဖို့အတွက် နိုင်ငံရေးအရ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ အဂတိလိုက်စားမှုတို့ကို ထပ်ခါတလဲလဲ ကျူးလွန်နေတယ်လို့ အမေရိကန်ကန်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကပြောပါ တယ်။

နှစ်သုံးဆယ်အာဏာသက်တမ်းရှိတဲ့ Hun Sen ဟာ ကမ္ဘာမှာ ဆဌမမြောက် အာဏာသက်တမ်း အရှည်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အခုလို သူအာဏာသက်တမ်းရှည်ဖို့ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတို့ကို အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံသားတွေအနေနဲ့ အခြေခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခံရခြင်းကို မကြောက်ရဘဲ ခံစားနိုင်ကြဖို့ ကမ္ဘောဒီးယားအနေနဲ့ အရေးပေါ် ပြောင်းလဲမှုတွေ လိုအပ်နေပြီလို့ HRW ရဲ့ အာရှရေးရာညွန်ကြားရေးမှူး Brad Adams က အင်္ဂါနေ့ကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာ အလှူရှင်နိုင်ငံတွေ အနေနဲ့လည်း ၀ိုင်းဝန်းကူညီတိုက်တွန်းဖို့ လိုအပ်တယ်လို့ Mr Adams က ပြောပါတယ်။

၁၉၈၅ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ကစပြီး ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ Hun Sen ရဲ့ အာဏာသက်တမ်းနဲ့ ပတ်သက်လို့ နှစ်သုံးဆယ် Hun Sen အုပ်ချုပ်မှု၊ ကမ္ဘောဒီးယားမှာ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA
ကမ္ဘောဒီးယားခေါင်းဆောင် Hun Sen အနေနဲ့ အာဏာရရှိခဲ့တာ နှစ်သုံးဆယ်မြောက် အထိမ်းအမှတ်နေ့ နီးလာတာနဲ့အတူ နိုင်ငံရေးအာဏာ တည်မြဲဖို့အတွက် နိုင်ငံရေးအရ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ အဂတိ လိုက်စားမှုတို့ကို ထပ်ခါတလဲလဲ ကျူးလွန်နေတယ်လို့ အမေရိကန်ကန်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကပြောပါ တယ်။

ရှောင်မီက ဟော့နယူးစမတ်ဖုန်း ကြာသပတေးနေ့တွင် ထုတ်မည်

Photo: ရှောင်မီက ဟော့နယူးစမတ်ဖုန်း ကြာသပတေးနေ့တွင် ထုတ်မည်
Wednesday, January 14, 2015

ရှောင်မီကုမ္ပဏီက စမတ်ဖုန်း အသစ်အား ဇန်နဝါရီ ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ၉ အသ၅ါသသါူန က ဖော်ပြခဲ့သည်။

အဆိုပါစမတ်ဖုန်းမိတ်ဆက်ပွဲ အတွက် ကြေညာချက်မှာ Milaunch 115 ကို လာရောက်ခဲ့ပါ၊ ကျွန်ုပ်တို့ရဲ့ လူသိများသောပစ္စည်း ကို တွေ့ရပါလိမ့်မယ်။

ပေကျင်းမြို့ မှာ ထုတ်လုပ်သူတွေကိုယ်တိုင်တိုက် ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်''ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

Mi ဆိုသည့်အမည်ကို ရှောင်မီ ၏ ထုတ်ကုန်များကြောင့် လူအများ က အလွယ်ခေါ်သောအမည်ဖြစ် သည်။

တနင်္လာနေ့တွစ်တာပေါ်မှာ ဖော်ပြခဲ့ပေမယ့် အကြောင်းအရာအ နည်းငယ်သာ သိရမှာဖြစ်ပါတယ်။

9 to 5 ကဖော်ပြရာတွင် KGI မှာ စမတ်ဖုန်းအသစ်ဖြစ်ပြီး သေး သွယ်လျသည့် ပုံစံကိုဖော်ပြနေ ကြောင်း၊ ပါးလွှာရာတွင် ပုစဉ်းရင် ကွဲအကောင်မျှပင်ပါးလွှာကြောင်း၊ အလွန်နူးညံ့သည်ဟု ဖော်ပြခဲ့သည်။

Mi က ၎င်း၏ပစ္စည်းသစ်ကို အမည်မပေးရသေးဟု ဆိုသည်။ သို့ရာတွင် KGI ကဖော်ပြသည်မှာ ၎င်း၏အမည်မှာ Xiaomi 45 သို့ မဟုတ် Xiaomi ဟု ဖြစ်နိုင်ကြောင်း၊ ဤဖုန်းမှာ အက်ပဲလ်၏ အိုင်ဖုန်း များနှင့် ဆင်တူကြောင်း သိရသည်။

ဖုန်းမှာ အလှအပကို အတုအပပြု လုပ်ထားကြောင်း၊ ၎င်း၏ ပုံစံကအ ထင်ကြီးလောက်အောင် အနေအထား ဖြစ်သည်ဟု ဆိုသည်။

9 to 5 Google ၏အဆိုအရ ဤစမတ်ဖုန်းတွင် ၁၃မီဂါပီဇယ်ကင် မရာ ၅ဒသမရလက်မရှိ ဂျပန်လုပ် ဒစ်စ်ပလေးနှင့် ထိတွေ့နိုင်သည့် မျက်နှာပြင်ပါရှိပြီး အိုင်ဖုန်း- ၆နှင့် ဆင်တူကြောင်း၊ ဘက်ထရီမှာ ကြာ ရှည်ခံကြောင်း ဖော်ပြခဲ့သည်။

ယခုအခါရှောင်မီမှာ ကမ္ဘာပေါ် ၌ တတိယအကြီးမားဆုံး စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပြီး အရေအတွက် ၁၂သန်းမှ ၁၅သန်းအကြား နိုင်ငံခြား သို့ တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ၌ ထုတ်လုပ်တင်ပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

Ref : 9 to 5 Google
Democracytoday
ရှောင်မီကုမ္ပဏီက စမတ်ဖုန်း အသစ်အား ဇန်နဝါရီ ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ၉ အသ၅ါသသါူန က ဖော်ပြခဲ့သည်။

မုန်တိုင်းကြောင့်ပိတ်ထားသောတံတားကို ဖြတ်ခဲ့မိ၍ ဒိန်းမတ်တော်ဝင်မင်းသားတောင်းပန်

Photo: မုန်တိုင်းကြောင့်ပိတ်ထားသောတံတားကို ဖြတ်ခဲ့မိ၍ ဒိန်းမတ်တော်ဝင်မင်းသား တောင်းပန်
Wednesday, January 14, 2015

ပိတ်ထားသည့်တံတားကို ဖြတ်၍ ကားမောင်းခဲ့သဖြင့် လူထု၏ဝေ ဖန်ပြောဆိုမှုကို ခံရပြီးနောက် ဒိန်း မတ်အိမ်ရှေ့မင်းသား ဖရက်ဒရစ်က တောင်းပန်လိုက်သည်။

၎င်းမှာ ဟာ ရီကိန်းမုန်တိုင်း၏ ပြင်းထန်သောလေ မုန်တိုင်းကြောင့် ဖြတ်မောင်းခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည် ဟု AFP သတင်းက ဖော်ပြခဲ့သည်။

ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် ဝမ်းနည်းမိကြောင်း၊ ဤကိစ္စအပေါ် လူထုက ဒေါသထွက်သည်ကို နား လည်ပါကြောင်း၊ မင်းသားမှာ တံတား ကို ဖြတ်ရန်နာရီများစွာ စောင့်ဆိုင်း နေခဲ့ရကြောင်း၊ ဒိန်းမတ်ဘုရင့်နန်း တော် ပြောရေးဆိုခွင့်ရ အမျိုးသမီး လိန်းဘောလီဘိုင်က DR အသံလွှင့် ဌာနကို ပြောကြားလိုက်သည်။

ဒိန်းမတ်လုံခြုံရေးနှင့် ထောက် လှမ်းရေးဌာန (PET) က ပြောကြား သည်မှာ မင်းသားအား ဤတံတား မှ ဖြတ်ခွင့်ပေးခဲ့သည်မှာ မှားယွင်း သည်ဟု ဆိုသည်။

PET က ၎င်း သည် ဤအခြေအနေမျိုး၌ လုံခြုံရေး သေချာအောင်လုပ်ပေးရန် တာဝန် ရှိကြောင်း၊ ဤသို့မဆောင်ရွက်သင့် သည်မှာ ထင်ရှားကြောင်း ကြေညာ ချက်၌ ဖော်ပြခဲ့သည်။

အိမ်ရှေ့မင်းသားမှာ ဤအပြု အမူအတွက် အပြစ်ပေးခြင်းမှ လွတ် ကင်းသော်လည်း သာမန်ဒရိုင်ဘာ တစ်ဦးဖြစ်ပါက ဤအခြေအနေမျိုး၌ တံတားဖြတ်ခဲ့ပါက ဒဏ်ငွေခရိုနာ ၂၀၀၀ (၃၁၈ဒေါ်လာ)ပေးဆောင်ရ မည်ဟု ဆိုသည်။

ဒီတံတားကို အပျော်ပိတ်ထား ခဲ့တာ မဟုတ်ပါဘူး။ ဟာရီကိန်းလေ ပြင်းကြောင့် ကားကိုမထိန်းနိုင်ဖြစ် တတ်ပါတယ်ဟု တံတားကြီးကြပ်ရေး အဖွဲ့မှ လီယိုလာဆင်က ပြောခဲ့သည်။

Ref : AFP
Democracytoday
ပိတ်ထားသည့်တံတားကို ဖြတ်၍ ကားမောင်းခဲ့သဖြင့် လူထု၏ဝေ ဖန်ပြောဆိုမှုကိုခံရပြီးနောက် ဒိန်းမတ် အိမ်ရှေ့မင်းသား ဖရက်ဒရစ်က တောင်းပန်လိုက်သည်။

အနိမ့်ဆုံးလုပ်ခသတ်မှတ်နိုင်ရေး ဇန်နဝါရီ ၁၆ရက်မှ စတင်၍မြို့နယ်ပေါင်း ၁၀၈မြို့နယ်တွင် စစ်တမ်းကောက်မည်

အခြေခံ အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခသတ်မှတ်နိုင်ရေး ဇန်နဝါရီ ၁၆ရက်မှစတင်ကာ တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးမှမြို့နယ် ပေါင်း ၁၀၈မြို့နယ်ရှိအိမ်ထောင်စု ၂၂၀၀ဝကျော်ကို စစ်တမ်း ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်တန်းနစ်သေရွာပြန်၏စာကို အမေရိကန်တွင် လေလံပစ်ရောင်းချမည်

Photo: တိုင်တန်းနစ်သေရွာပြန်၏စာကို အမေရိကန်တွင် လေလံပစ်ရောင်းချမည်
Wednesday, January 14, 2015

တိုင်တန်းနစ်(Titanic) ဇိမ်ခံ သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်၌နစ် မြုပ်ခဲ့သည်။ ထိုသင်္ဘောနစ်မြုပ်ရာ တွင် လူအများအပြားသေ ဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ် သာရှိသည်။

ထိုရှားပါးအသက်ရှင် သူများတွင် ဗြိတိသျှမင်းမျိုးစိုးနွယ် တစ်ဦးလည်း ပါဝင်သည်။ ထိုသူက ဒေါသတကြီးဖြင့် စာတစ်စောင်ရေး ခဲ့သည်။

ထိုစာကို အမေရိကန်ပြည် ထောင်စုတွင် နောက်လာမည့် သီတင်းပတ်၌ လေလံပစ်ရောင်းချမည် ဟု သိရသည်။

စာကိုဒေါသဖြင့်ရေးခဲ့သည့် မင်း မျိုးစိုးနွယ်မှာ လေဒီလူစီဒပ်ဖ်-ဂေါ် ဒွန်ဖြစ်သည်။ သူမသည် တိုင်တန်း နစ်သင်္ဘောကြီး နစ်မြုပ်သောအခါ အသက်ကယ်လှေဖြင့် ထွက်ပြေးခဲ့ သည်။

ထို့ကြောင့် ဗြိတိန်လူထုက လူစီကို ဒေါသထွက်ကြသည်။ လေ ဒီလူစီဒပ်ဖ်ဂေါ်ဒွန်သည် သင်္ဘော ကြီးနစ်ပြီးနောက် တစ်လအ ကြာ၌ လန်ဒန်တွင် စာမျက်နှာ နှစ်မျက်နှာ ပါစာတစ်စောင်ရေးသားခဲ့သည်။

''စာနာထောက်ထားကြင်နာ သနားတယ်လို့ ကျွန်မဆီကိုနယူး ယောက်ကနေ ကြေးနန်းစာပေးပို့ လိုက်တာရှင်သိပ်ကြင်နာ တတ်တာ ပဲ''ဟု ဖက်ရှင်ဒီဇိုင်နာလူစီဒပ်ဖ်-ဂေါ် ဒွန်က အမေရိကန်ပြည်ထောင်စုရှိ မိတ်ဆွေတစ်ဦးထံသို့ စာရေးပေးပို့ ခဲ့သည်။

''သေရွာကပြန်လာတဲ့ ကျွန်မတို့ကို အင်္ဂလန်က ပြုမူဆက်ဆံပုံအရက တော့ ကျွန်မတို့ကိုကယ်တင်ခဲ့တာ မှာ မှန်မှန်ကန် ကန်ဆောင်ရွက်ခဲ့ တယ်ဆိုတဲ့ပုံ လုံးဝ၊ လုံးဝမပေါ်ဘူး။ ဘယ်လောက်သိက္ခာကျထားလဲ''ဟူ ၍လည်း လူစီကထိုစာတွင်ရေးထား သည်။

နယူးအင်္ဂလန်မှ လေလံပစ်သူ မှာ RR Auction ဖြစ်သည်။ ယင်း သည် တိုင်တန်းနစ်အမှတ်တရပစ္စည်းများကို လေလံ ပစ်လေ့ရှိသည်။

ထို စာကို ဘော့စတွန်တွင် လေလံပစ် မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိ ရနိုင်သည်ဟု RR Auction က ဆိုသည်။

Ref : AFP
Democracytoday
တိုင်တန်းနစ်(Titanic) ဇိမ်ခံ သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်၌နစ် မြုပ်ခဲ့သည်။ ထိုသင်္ဘောနစ်မြုပ်ရာတွင် လူအများအပြားသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ် သာရှိသည်။

အမေရိကန်နှင့် သဘောတူညီမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျူးဘားက နိုင်ငံရေးအကျဉ်းသား ၅၃ဦး လွှတ်ပေး

Photo: အမေရိကန်နှင့် သဘောတူညီမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျူးဘားက နိုင်ငံရေးအကျဉ်းသား ၅၃ဦး လွှတ်ပေး
Wednesday, January 14, 2015

ပြီးခဲ့သောလက အမေရိကန်နှင့် သဘောတူညီချက်အရ ကျူးဘားသည် နိုင်ငံရေးအကျဉ်းသား ၅၃ဦးကို လွှတ် ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ယမန်နေ့က ပြော ခဲ့ကြောင်း AFP သတင်းများအရ သိရသည်။

နောက်ရက်သတ္တပတ်တွင် ကျူး ဘားနှင့် သမိုင်းဝင်ပြန်လည်သင့်မြတ် ကြရေး တည်ထောင်ရန် အမေရိကန် အရာရှိများက ဟာဗားနားသို့သွား ရောက်ရန်ပြန်ဆင်ချိန်၌ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသည့် သတင်းပေါ်ထွက်လာခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီထံမှ စာတစ်စောင် နှင့်အတူ လွတ်မြောက်လာသော အကျဉ်းသား ၅၃ဦး၏ အမည်များ ကို အမေရိကန်လွှတ်တော်အမတ် များက ယမန်နေ့က ထုတ်ပြန်ခဲ့ သည်။

ဟာဗားနားရှိ အတိုက်အခံ အဖွဲ့များနှင့် ကက်သလစ်တို့သည် ထိုသတင်းများကို ကြိုဆိုခဲ့ကြသည်။ သို့သော်လည်း အကျဉ်းသားများ လွတ်မြောက်ကြောင်း အတည်ပြု ချက်များ မထုတ်ပြန်သေးပေ။

နိုင်ငံပိုင်မီဒီယာများကလည်း ထိုသတင်းနှင့်ပတ်သက်ပြီး နှုတ် ဆိတ်နေခဲ့သည်။ အမေရိကန်နှင့် ကျူးဘားသည် ဇန်နဝါရီ ၂၁နှင့် ၂၂ရက်တို့တွင် ဟာဗားနား၌ ဆွေး နွေးမှုများပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း သိရသည်။

Ref : AFP
Democracytoday
ပြီးခဲ့သောလက အမေရိကန်နှင့် သဘောတူညီချက်အရ ကျူးဘားသည် နိုင်ငံရေးအကျဉ်းသား ၅၃ဦးကို လွှတ် ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ယမန်နေ့က ပြော ခဲ့ကြောင်း AFP သတင်းများအရ သိရသည်။

တရားမဝင်သစ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို မြန်မာ-ဥရောပ သမဂ္ဂ ပူးပေါင်းတိုက်ဖျက်သွားမည်

Photo: တရားမဝင်သစ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများကို မြန်မာ-ဥရောပ သမဂ္ဂ ပူးပေါင်းတိုက်ဖျက်သွားမည်
Wednesday, January 14, 2015

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးပေါင်းကာ တရားမ၀င် သစ်ထုတ်လုပ်နေမှုများကို တိုက်ဖျက် သွားမည်ဖြစ်ပြီး တရားဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဟု ဇန်န၀ါ ရီ ၁၃ ရက်တွင် မြန်မာ-ဥရောပ သမဂ္ဂတို့က သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲသတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားဝင်နှင့် တရားမဝင် သစ်ထုတ်လုပ်မှု များပြားလျက်ရှိနေရာ မြန်မာ့သစ်တောများ ရေရှည်တည်တန့်ရန် အခက်အခဲ ရှိနေပြီး သစ်ခိုးထုတ်မှုများကိုလည်း ထိရောက်စွာ ဟန့်တားနိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ စီမံအုပ်ချုပ်ရေး အတွက် အထောက်အကူ ပြုနိုင်ရန် ဥရောပသမဂ္ဂ၏ သစ်တောဥပဒေ၊ အုပ်ချုပ် မှု၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (FLEGT Action Plan) တွင် မြန်မာ ပါဝင်ဆောင်ရွက်ရေးအတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ၌ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

FLEGT Action Plan သည် ဥရောပသမဂ္ဂနှင့် သစ်တင်ပို့သည့် နိုင်ငံများအကြား တရားမဝင် သစ်ကုန်သွယ်မှု တိုက်ဖျက်နိုင်ရေးအတွက် ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက်များ (VPAs) လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရခြင်း ဖြစ်သည်။

VPAs လုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သစ်ထုတ်လုပ်သည့်နိုင်ငံမှ တရားဝင်သစ်များကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရန် လိုင်စင်ထုတ်ပေးခြင်း ပါဝင်သည်။

ဥရောပသမဂ္ဂနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် Joint FLEGT VPA Preparatory Phase လုပ်ငန်းစီမံချက်ကို ပူးပေါင်းဆောင်ရွက်သော နည်းလမ်းဖြင့် အသေးစိတ် ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၉-၂၀ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

VPA သည် တရားမ၀င် သစ်ထုတ်လုပ်နေမှုကို တိုက်ဖျက်ရန် ဥရောပသမဂ္ဂက ရေးဆွဲဆောင်ရွက်နေ သည့် မဟာဗျူဟာ အစီအစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီးVPA သည် သစ်ထုတ်လုပ်နေသည့် နိုင်ငံမှ ဥရောပသို့ တင်ပို့သည့်သစ်များသည် တရားဝင်သစ်များဖြစ်ကြောင်း အာမခံချက်ရှိရမည် ဖြစ်သည်။

နှစ်ဦးနှစ်ဖက်စလုံးမှVPA လက်မှတ်ရေးထိုးပြီးပါက သစ်တင်ပို့သည့်နိုင်ငံသည် တရားဝင်သစ်ဖြစ်ကြောင်း စစ်ဆေး အတည်ပြုနိုင်သည့် စနစ်များ ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဥရောပသမဂ္ဂသည်လည်း တရား ဝင်လိုင်စင် (FLEGT Liscense) ဖြင့် တင်ပို့သော သစ်များကိုသာ လက်ခံရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တောများသည် မြေယာချဲ့ထွင်မှုနှင့် တရားမ၀င် သစ်ထုတ်လုပ်မှုများကြောင့် သစ်တော အတန်းအစား နိမ့်ကျလာနေပြီး သစ်တောများကို ရေရှည် တည်တံ့စွာ စီမံအုပ်ချုပ်နိုင်ရေးနှင့် ထိန်းသိမ်းကာကွယ်နိုင်ရေးတို့သည် စိန်ခေါ်မှု တစ်ရပ်အဖြစ် ရင်ဆိုင်နေရသည်။

Mizzima - News in Burmese 

ပဲခူးတိုင်း၊ ပဲခူးရိုးမတစ်နေရာတွင် တစ်နိုင်တစ်ပိုင် သစ်ထုတ်လုပ်စခန်းတစ်ခု အတွင်းရှိ လုပ်ငန်းခွင်တစ်ခုကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ပဲခူးတိုင်း၊ ပဲခူးရိုးမတစ်နေရာတွင် တစ်နိုင်တစ်ပိုင် သစ်ထုတ်လုပ်စခန်းတစ်ခုအတွင်းရှိ လုပ်ငန်းခွင်တစ်ခုကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးပေါင်းကာ တရားမ၀င် သစ်ထုတ်လုပ်နေမှုများကို တိုက်ဖျက် သွားမည်ဖြစ်ပြီး တရားဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဟု ဇန်န၀ါ ရီ ၁၃ ရက်တွင် မြန်မာ-ဥရောပ သမဂ္ဂတို့က သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲသတင်း ထုတ်ပြန်ခဲ့သည်။

သီတဂူဆရာတော် အထူးကြေညာချက် ထုတ်ပြန် သီတဂူဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့ ဥက္ကဋ္ဌမှအပ အခြားဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြ

သတင်းထောက်များ၏ မေးမြန်းမှုကိုမိန့်ကြားနေသော သီတဂူဆရာတော်ကြီး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
သီတဂူဆရာတော်ကြီးသည် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့၏ဥက္ကဋ္ဌအဖြစ်သာ တာဝန် ထမ်းဆောင် နေပြီး အခြားမည်သည့် ဘာသာ ရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်နေခြင်း မရှိကြောင်း သီတ ဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ စီမံအုပ် ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၁၃ တွင် ထုတ်ပြန်ကြေ ညာသည်။

မွန်ဂိုလီးယားမော်ဒယ်ကို သတ်မှုဖြင့် မလေးကွန်မန်ဒို ၂ ဦးကို သေဒဏ်ချမှတ်

မွန်ဂိုလီးယားမော်ဒယ်တဦးကို သတ်ဖြတ်ခဲ့မှုနဲ့ မလေးရှားကွန်မန်ဒို တပ်ဖွဲ့ဝင် ၂ ဦးကို သေဒဏ်ချထားတဲ့ တရားရုံးဆုံးဖြတ်ချက် မလေးရှားဗဟိုတရားရုံးက ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ဆက်လက် အတည်ပြုလိုက် ပါတယ်။

သမ္မတနှင့် တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် တိုင်းရင်သား ဝန်ကြီးများ တုံ့ပြန်ပြောဆို

Photo: သမ္မတနှင့် တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် တိုင်းရင်သား ဝန်ကြီးများ တုံ့ပြန်ပြောဆို
Wednesday, January 14, 2015

သမ္မတနှင့် ၄၈ ဦး တွေ့ဆုံပွဲတွင် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦး ပါဝင်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်နှင့် ပတ်သက်၍ အချက်သုံးချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်က သမ္မတ အိမ်တော်တွင် ကျင်းပသည့် တွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က “တိုင်းရင်းသား ဝန်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ကပဲလေ။ တိုင်းရင်းသား ဝန်ကြီးတွေနဲ့ ဆွေးနွေးတယ်ဆိုတာ တစ်မျိုးပေါ့” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များ မဟုတ်သကဲ့သို့ လွှတ်တော်မှ အဖွဲ့ခေါင်းဆောင်များ လည်း မဟုတ်သည့်အတွက် မည်သည့်အပေါ်အခြေခံ၍ ဖိတ်သည်ကို နားမလည်ကြောင်း ဆက်လက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာ မဲဆန္ဒရှင်များက ရွေးချယ် ထားခြင်း၊ ရွေးချယ်ခံရသော တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းအပြင် တိုင်းရင်းသားရေးရာဝန် ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများ၏ ကိုယ်စားလှယ်များ ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတကြီး၏ ဖိတ်ကြားချက်အရ ဇန်န၀ါရီ ၁၂ ရက် ငုဝါ ရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းသည် ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးစီးပွား အတွက်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်သန်းမြင့်က “အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဝန်ကြီးလည်းဖြစ် တယ်၊ ပြည်သူ့ကိုယ်စားလှယ် လည်းဖြစ်တယ်၊ အစိုးရက ခန့်ထားတဲ့ ၀န် ကြီး မဟုတ်ဘူး။ ပြည်သူက ရွေးလို့ ဖြစ်တာပါ” ဟု ပြောကြားသည်။

Mizzima - News in Burmese 

သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ရှုခံသဘင် အခမ်းအနားလာတက်သည့် တိုင်းရင်း သားပါတီ ၁၂ ခုတို့ နေပြည်တော်ရှိ MICC 2 တွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက်က တွေ့ဆုံအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ - မောင်သင်တုန်း၊ မဇ္ဈိမ)
သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ရှုခံသဘင်အခမ်းအနားလာတက်သည့် တိုင်းရင်းသားပါတီ ၁၂ ခုတို့ နေပြည်တော်ရှိ MICC 2 တွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက်က တွေ့ဆုံအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ - မောင်သင်တုန်း၊ မဇ္ဈိမ)
သမ္မတနှင့် ၄၈ ဦး တွေ့ဆုံပွဲတွင် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦး ပါဝင်သည့်အပေါ် ဒေါ်အောင်ဆန်း စုကြည်၏ မှတ်ချက်နှင့် ပတ်သက်၍ အချက်သုံးချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။

၄၈ ပွင့် တွေ့ဆုံပွဲ အကြံပြုချက်များ လိုချင်၍ တွေ့ဆုံခြင်းဟု ဦးရဲထွဋ် ဆို

Photo: ၄၈ ပွင့် တွေ့ဆုံပွဲ အကြံပြုချက်များ လိုချင်၍ တွေ့ဆုံခြင်းဟု ဦးရဲထွဋ် ဆို
Wednesday, January 14, 2015 

ဝေဖန်သံများ ထွက်ပေါ်နေသည့် သမ္မတနှင့် ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲသည် အကြံပြုချက်များစွာ လိုသည့် အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၁၃ ရက်က Central Hotel တွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး ပြည်သူနှင့် နီးသလား၊ ဝေးသလား စကားဝိုင်းတွင် သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ ၀န်ကြီးဦးရဲထွဋ်က “ကျွန်တော်တို့ သမ္မတကြီးအနေနဲ့ကတော့ တကယ်တမ်းပြောရရင် ဘယ်အဆိုကိုမှ မပစ်ပယ်ဘူး။ အများကြီး ခေါ်တယ်ဆိုတာဘာလဲ။ အများကြီး ခေါ်မှ လူတွေရဲ့ အကြံပြုချက်အများကြီးကိုရမယ်။ အဲ့ဒီအကြံပြုချက်တွေကို Key Players တွေက နား ထောင်လိုက်မှ အပေါ်ကို တစ်ဖြည်းဖြည်းနဲ့ ကျဉ်းသွားတဲ့အခါအချက် အလက်ပိုစုံမှာပေါ့”ဟု ပြောသည်။

သမ္မတ နှင့် ၄၈ ဦးတွေ့ဆုံခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ခွင့်ရှိသူများ၏ တစ်ဦးချင်း သုံးသပ်ချက်များကို အောက်ခြေမှ ပြန်လည် သုံးသပ်ပြီး သဘောမတူခဲ့လျှင် မည်ကဲ့သို့လုပ်ဆောင်မည်နည်းဟုလည်း မေးခွန်းထုတ်လိုက်သည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ဖိတ်ကြားရခြင်းမှာလည်း တိုင်းရင်းသားလူနည်းစုကိစ္စများကို နား ထောင်ရန်လိုအပ်၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဝေဖန်သံများ ထွက်ပေါ်နေသည့် သမ္မတနှင့် ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲသည် အကြံပြုချက်များစွာ လိုသည့် အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ခြောက်ပွင့်ဆိုင်အဆို ရုပ်သိမ်းသွားမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြော

Photo: ခြောက်ပွင့်ဆိုင်အဆို ရုပ်သိမ်းသွားမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြော
Wednesday, January 14, 2015

ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးက အရေးကြီး အဆိုအဖြစ် အတည်ပြုခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးတို့အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုအား ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် ဇန်နဝါရီ ၁၃ ရက် နံနက် တွေ့ဆုံအပြီးတွင် မီဒီယာကို ပြောကြားခဲ့သည်။

“ဒို့ကတော့ နှစ်ပွင့်လည်းရတယ်၊ သုံးပွင့်လည်းရတယ်၊ လေးပွင့်လည်းရတယ်၊ ခြောက်ပွင့်လည်းရတယ်၊ ၁၂ ပွင့်လည်းရတယ်၊ အရေးကြီးတာက အလုပ်ဖြစ်ဖို့ပဲ။ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ ခြောက်ပွင့်ဆိုင်အဆိုကိုတော့ ပြန်ရုပ်သိမ်းစရာမရှိပါဘူး။ ဆုံးဖြတ်ပြီးသားကိစ္စပါ”ဟု ၎င်းက အတည်ပြု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန် ပြည်ထောင်စု အစိုးရက ယခုအထိဆောင်ရွက်မှု မရှိကြောင်း ဇန်န၀ါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် သမ္မတ ၏ ၄၈ ဦး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဇန်န၀ါရီ ၁၃ ရက် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေးကြရန် အစဦးဆုံး တောင်းဆိုခဲ့သော်လည်း အစိုးရအဖွဲ့ သည် ၁၄ ဦး ပါသော ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ခြောက်ပွင့် ဆိုင်တွေ့ရေး တောင်းဆိုသည့်အခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော်က ၁၂ ပွင့်ဆိုင် တွေ့သင့်ကြောင်း ၀င်ရောက်တောင်းဆို လာပြန်သည်။ ထိုအခါ အစိုးရအဖွဲ့သည် ၄၈ ဦးပါ ဆွေးနွေးပွဲတစ်ခု စီစဉ်ခဲ့သည်။

ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးသင့်သည်ဟု အကြံ ပြုလာကြောင်း ၄၈ ဦးတွေ့ဆုံပွဲအကြောင်း ပြန်ကြားရေးဝန်ကြီးက ရှင်းပြရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။ ထို့ကြောင့် နောက်ထပ်တွေ့ဆုံပွဲများတွင် ပါဝင်သူဦးရေ ထပ်တိုးလာမည်လားဟု နိုင်ငံရေးလေ့ လာသူတို့က သုံးသပ်ပြောဆိုနေကြသည်။

“အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးနဲ့ ၄၈ ဦး ဆွေးနွေးပွဲက မတူဘူး။ အန်တီတို့ ခြောက် ပွင့်ဆိုင်ကို ရှောင်ဖို့အတွက် လုပ်တာမျိုးလည်း မဖြစ်သင့်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၂ ရက်က ဆွေးနွေးပွဲအပြီးတွင် မီဒီယာ ကို ပြောခဲ့သည်။ ဇန်န၀ါရီ ၁၃ ရက်က ထုတ်ပြန်သည့် NLD သ ဘောထားကြေညာချက်တွင်လည်း “ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည်စည်းရုံးရေး ဆွေးနွေးပွဲ များကို တစ်ပြိုင်တည်း ဆောင်ရွက်သင့်သည်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြပြီး အမျိုးသားပြန်လည် စည်းရုံးရေးဆွေးနွေးပွဲများကို ဥပမာ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ပါ” ဟု လည်း အစိုးရအဖွဲ့ကို ဝေဖန်ထောက်ပြထားသည်။

ထို့အပြင် ၄၈ ဦး ဆွေးနွေးပွဲသည် ယေဘုယျဆန်လွန်းပြီး အနှစ်သာရရှိသည့် ဆွေးနွေးပွဲဟု သတ်မှတ်၍ မရကြောင်းလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

Mizzima - News in Burmese  

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးက အရေးကြီး အဆိုအဖြစ် အတည်ပြုခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတို့အတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် အစိုးရကိုတိုက်တွန်းကြောင်း အဆိုအား ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် ဇန်နဝါရီ ၁၃ ရက် နံနက် တွေ့ဆုံ အပြီးတွင် မီဒီယာကို ပြောကြားခဲ့သည်။

အစိုးရက ပြည်သူ့ဆန္ဒကို အလေးထားမှု အားနည်း၍ ပြုပြင်ပြောင်းလဲမှု ရပ်နေဟု အင်န်အယ်လ်ဒီ ကြေညာ

Photo: အစိုးရက ပြည်သူ့ဆန္ဒကို အလေးထားမှု အားနည်း၍ ပြုပြင်ပြောင်းလဲမှု ရပ်နေဟု အင်န်အယ်လ်ဒီ ကြေညာ
Wednesday, January 14, 2015

၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေပြင်ရေးတွင် အစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း နှင့် ပြည်သူ့ဆန္ဒ အလေးထားမှု အားနည်းခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများက ရပ်တန့်နေသည်ဟု အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဇန်န၀ါရီ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၂ ရက်က သမ္မတနှင့်တိုင်း ရင်းသားရေးရာ ၀န်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့်အချက်များကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ဆွေးနွေးမှုများမှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အစိုးရကိုယ်တိုင် ပြုပြင်လိုသည့် ဆန္ဒနည်းခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အစိုးရက စိတ်အားထက်သန်မှု မရှိသည့်အပြင် ပြည်သူ့ဆန္ဒအလေးထားမှု အား နည်းခြင်း၊ တစ် ဦးချင်း အခွင့်အရေးကို အကောင် အထည်ဖော်မှုအားနည်းခြင်း၊ တောင်သူလယ်သမား အကျိုး ဆောင်ရွက်မှု အားနည်းခြင်း၊ ဗဟိုချုပ်ကိုင်မှု ကျင့်သုံးခြင်း၊ လွှတ်တော်နှင့် ပူးပေါင်းမှုအားနည်းခြင်း၊ အဂတိ လိုက်စားမှုကို မထိန်းချုပ်နိုင်ခြင်း၊ တရားစီရင်ရေးကို အုပ်ချုပ်ရေးက စွက်ဖက်ခြင်း၊ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု အကောင် အထည်မဖော်ခြင်းတို့ကြောင့် ရပ်တန့်နေသည်ဟု NLD ၏ ထုတ်ပြန်ချက်တွင်ပါရှိ သည်။

“အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုက အောင်မြင်တဲ့ဟာဆိုလို့ ဘာကိုပြောရမှန်းမသိဘူး။ ပြောစရာကို မရှိပါ ဘူး”ဟု ဒီဇင်ဘာ ၃၀ ရက် NLD ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ပါတီဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သေးသည်။

ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ဦးသိန်းစိန် အစိုးရ ဆောင်ရွက်ခဲ့သည့် မြေပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ချိန်ထိုးကြည့်ပါက အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲလိုသည့်ဆန္ဒ အားနည်းခြင်း၊ ဖွဲ့စည်းပုံပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သမ္မတက ခန့်အပ်ခြင်း၊ စွမ်းအင်၊ သယံဇာတ စီမံခန့်ခွဲမှုတွင် ပြည်ထောင်စုအစိုးရကသာ စီမံခန့်ခွဲရခြင်းတို့က ဗဟိုချုပ်ကိုင်မှုများ များပြားနေသည်ဟု ဆိုသည်။

“အစိုးရဲ့နောက်မှာ အနှောင်အဖွဲ့ရှိနေတယ်။ ဒါကြောင့်လည်း ဒီလိုရာထူးတွေရ ထားတာလေ။ ပင်ကိုယ် စိတ်နဲ့ လုပ်နေတာ မဟုတ်ဘူး။ ကူးပြောင်းရေးလမ်းပေါ် လျှောက်ခိုင်းနေလို့သာ လျှောက်နေတာ။ အဲဒီ တော့ အများယုံကြည်မှုက လျော့လာတာပေါ့” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် ဆွေးနွေးပွဲများကျင်းပရေး

ငြိမ်းချမ်းရေးဖြစ်စဉ်များကို အခြေခံပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ထိရောက်မှုရှိသည့် ဆွေးနွေးမှုများကို အစိုးရက အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးကို အကြောင်းပြကာ ခြောက်ပွင့်ဆိုင်ကဲ့သို့ ထိရောက်မည့် ဆွေးနွေးပွဲကို ရှောင်ရှားခြင်းမျိုးကို မပြုလုပ်ရန် NLD က တိုက်တွန်းသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အဆင်ပြေရေး၊ ငြိမ်းချမ်းရေး အထောက်အကူ ဖြစ်ရေးအတွက် ထိရောက်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးက မဇ္ဈိမကို ဖြေကြား ထားသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး မှုအပေါ် အကောင်အထည်ဖော်ခြင်း မရှိသေးဘဲ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာဝန်ကြီး များဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိသည့် တွေ့ဆုံမှုများကိုသာ ပြုလုပ်နေ သည် ဟု နိုင်ငံရေးပါတီတို့က သုံးသပ်ကြသည်။
လွတ်လပ်တရားမျှတသည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး

ကျန်ရှိနေသည့် ကြားလတွင် နိုင်ငံရေး တည်ငြိမ်မှုရှိရေးအတွက် မြင်သာသော အသွင်ကူးပြောင်းရေး လုပ်ငန်းများ၊ ဖွဲ့စည်းပုံကို ပြည်သူ့ ဆန္ဒနှင့် အညီပြင်ဆင်နိုင်ရေး ရွေးကောက်ပွဲတွင် အစိုးရက ဘတ်လိုက်မှု ကင်းစင်ရေး၊ နိုင်ငံရေးပါတီများ၏ စည်းမျဉ်းဥပဒေနှင့် မကိုက်ညီသည့် ပြုမူပြောဆိုမှုများအပေါ် နိုင်ငံရေး ပါတီများအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဟန့်တား ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ထုတ်ပြန်ထားသည်။

ဒေါက်တာအေးမောင်က “တစ်ခါတစ်ရံမှာ အရင်ဗိုလ်ချုပ်ကြီးခံစားချက်နဲ့ ရောရောသွားတယ်။ အသိုင်း အ၀ိုင်းရဲ့ လွှမ်းမိုးမှုကလည်းရှိတယ်။ အဲဒီအခါကျရင် ပင်ကိုယ်ရိုးသားမှုအရ မေ့မေ့သွားတာရှိတယ်။ ဒါကို လည်း တဖြည်းဖြည်းနဲ့ ပြုပြင်သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်”ဟု သုံးသပ်သည်။ 

Mizzima - News in Burmese  

၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင် ပြန်လည်ဖွဲ့စည်းပေး ရေးနှင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးတို့အတွက် ဆန္ဒပြခြင်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင် ပြန်လည်ဖွဲ့စည်းပေး ရေးနှင့် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးတို့အတွက် ဆန္ဒပြခြင်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေပြင်ရေးတွင် အစိုးရက ဆန္ဒထက်သန်မှုမရှိခြင်းနှင့် ပြည်သူ့ဆန္ဒ အလေးထားမှု အားနည်းခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများက ရပ်တန့်နေသည်ဟု အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဇန်န၀ါရီ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။

ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရေး မြေနေရာများ သတ်မှတ်ရှင်းလင်း

Photo: ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပရေး မြေနေရာများ သတ်မှတ်ရှင်းလင်း
Wednesday, January 14, 2015

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁ဝဝ)ပြည့်ပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီ ကို ဖွဲ့စည်းကာ လုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက် ဇေယျသာရီကွင်းအတွင်း ကျင်းပနိုင် ရန် စီစဉ်လျက်ရှိပြီး ကွင်းရှင်းလင်းခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဆိုင်ခန်း တည်ဆောက်ခြင်းများ စတင်နေပြီဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီထံမှ သိရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁ဝဝ)ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ရုပ်တု ထုလုပ်ခြင်း၊ ဟာသအဖွဲ့များက အကြို လှုံ့ဆော်ခြင်း၊ စာပေဟောပြောပွဲများနှင့် စာပေပြိုင်ပွဲများကျင်းပခြင်း၊ ဂီတ ဖျော်ဖြေပွဲများ ကျင်းပခြင်းတို့ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကျင်းပရေးဦးစီးကော်မတီကို မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများနှင့် စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းထား ကြောင်း သိရှိရသည်။

မြ၀တီ
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁ဝဝ)ပြည့်ပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီကိုဖွဲ့စည်းကာ လုပ်ငန်းများစတင်ဆောင်ရွက်နေပြီ ဖြစ် ကြောင်း သိရသည်။

ရန်ကုန်လူဦးရေ ခုနစ်သန်းကျော် လုံခြုံရေးအတွက် ရဲအင်အား ၅,ဝ၀ဝ ကျော်သာ အသုံးပြုနိုင်သေး

Photo: ရန်ကုန်လူဦးရေ ခုနစ်သန်းကျော် လုံခြုံရေးအတွက် ရဲအင်အား ၅,ဝ၀ဝ ကျော်သာ အသုံးပြုနိုင်သေး
Wednesday, January 14, 2015

ရန်ကုန်တိုင်းအတွင်း နေထိုင်သည့် လူဦးရေ ခုနစ်သန်းကျော် လုံခြုံရေးအတွက် ရဲအင်အား ၅,ဝ၀ဝ ကျော်ကိုသာ အသုံးပြုနိုင်သေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ဇန်နဝါရီ ၁၃ ရက် စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မဇ္ဈိမကို ပြောသည်။

၎င်းက "ရန်ကုန်တိုင်းမှာ လူ ၁,၃၀ဝ အတွက် ရဲတစ်ယောက်ပဲ တာဝန်ယူနိုင်တယ်။ အဲဒါကိုလည်းတိုးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဘယ်အချိန် တိုးမြှင့်နိုင်မလဲဆိုတာကိုတော့ အတိအကျ ပြောလို့မရပါဘူး" ဟု ဆိုသည်။

ရန်ကုန်တိုင်း လူဦးရေ ၇,၃၅၅,ဝ၇၅ ဦးရေအတွက် ရဲအင်အား ၅,၆၅၇ ဦးသာ အသုံးပြုပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို
ဆောင်ရွက်ပေးနေရသဖြင့် လူ ၁,၃၀ဝ လုံခြုံရေးအတွက် ရဲတစ်ဦးဖြင့်သာ ဆောင်ရွက်နိုင်သည့် အနေအထားဖြစ်နေသည်။

ချင်းပြည်နယ် ရဲမှူးကြီး မြင့်လွင်က "ချင်းပြည်နယ်ဆိုရင် လူ ၆၀ဝ ကို ရဲတစ်ယောက်လောက်သုံးနိုင်ပါတယ်။ ဒီမှာက ကျယ်ပေမယ့် လူဦးရေ နည်းတယ်လေ။ ရန်ကုန်လို လူဦးရေသိပ်သည်းတဲ့အခါ ဒီကိစ္စကဖြစ်ပါတယ်" ဟု ဆိုသည်။

နိုင်ငံတကာ စံနှုန်းအရ ရဲတစ်ဦးလျှင် ပြည်သူ ၆၀ဝ နှုန်းအထိသာ အများဆုံး တာဝန်ယူရန် သတ်မှတ်ထားပြီး ဥရောပသမဂ္ဂ စံနှုန်းအရ ဆိုပါက ရဲတစ်ဦးက ပြည်သူ ၄၀ဝ ဦးကိုသာ အများဆုံး လုံခြုံရေးတာဝန်ယူပေးရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက "ထပ်တိုးဖို့၊ ထပ်ပြီးချဲ့နေတာရှိပေမယ့် ထပ်ချဲ့တဲ့ အင်အားကလည်း မလုံလောက်တဲ့ အနေအထားဖြစ်နေတော့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်" ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း အမှုအခင်းဖြစ်ပွားနှုန်းမှာလည်း ၂၀၁၃ခုနှစ်ထက် ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း ၃,၁၄၁ မှုထိ မြင့်တက်ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သန်းခေါင်စာရင်းကောက်ခံမှုတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းအပေါ် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များက သံရုံးရှေ့တွင် လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သန်းခေါင်စာရင်းကောက်ခံ မှုတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းအပေါ် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များက သံရုံးရှေ့တွင် လုံခြုံရေး ယူထားသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ရန်ကုန်တိုင်းအတွင်း နေထိုင်သည့် လူဦးရေခုနစ်သန်းကျော် လုံခြုံရေးအတွက် ရဲအင်အား ၅,ဝ၀ဝ ကျော် ကိုသာ အသုံးပြုနိုင်သေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ဇန်နဝါရီ ၁၃ ရက် စင်ထရယ် ဟိုတယ်တွင်ပြုလုပ်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဆွေသဟာ ၀န်ဆောင်မှု မှတ်ပုံတင်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေ

အမ်ပီတီ၏ ဆွေသဟာ ၀န်ဆောင်မှုအသစ် အသုံးပြုရန် မှတ်ပုံတင်ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့ ပြုလုပ်ရာ၌ အ ဆင်မပြေမှုများ ကြုံတွေ့ခဲ့ရ ကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူ များထံမှ သတင်းရရှိသည်။ ‘‘ဆွေသဟာကို စမ်းသုံးကြည့်ဖို့အတွက် SMS နံပါတ် ၁၃၃၂ ကို SWE လို့ ရိုက်ပြီးပို့ တာ ဘာမှလည်း အကြောင်း ပြန်မလာဘူး။ အခုထိ သုံးလို့မရသေးဘူး’’ဟု မြောက်ဥက္ကလာပမြို့နယ်နေ မိုဘိုင်းဖုန်း အသုံးပြု သူ ကိုဝေယံဦးက ပြောသည်။

မှားယွင်းစွပ်စွဲ ခံခဲ့ရသည့်အတွက် ဆေးတက္ကသိုလ် ဆရာမတစ်ဦးက သတင်း စာ တွင် တောင်းပန်ရန် တောင်းဆိုထားသော်လည်း City Mart ဘက်က တောင်းပန်ရန်မရှိဟု ဆို

Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေခဲ့သည့် Junction Square ရှိ City Mart ၌ ဖြစ်ပွားခဲ့သည့် ဆေးတက္ကသိုလ်(၁)မှ ဆရာမတစ်ဦးကို မှားယွင်းစွာစွပ်စွဲခဲ့မိသည့်ကိစ္စအပေါ် ကာယကံရှင်က သတင်းစာမှ တစ်ဆင့်တောင်းပန်ရန် တောင်းဆိုထားသော်လည်း City Mart တာဝန်ရှိသူများ အနေဖြင့် ကာယကံရှင် အပေါ် အကြိမ်ကြိမ်တောင်းပန်ခဲ့ပြီး ဖြစ်သောကြောင့် ကာယကံရှင်တောင်းဆိုသည့်အတိုင်း သတင်းစာမှ တစ်ဆင့် တောင်းပန်မှု ပြုလုပ်မည် မဟုတ်ကြောင်း City Mart ရုံးချုပ်မှ Marketing Director ဒေါ်မေဇင်စိုးထက် က ပြောကြားသည်။

မြန်မာ့အပြောင်းအလဲစိန်ခေါ်မှု ကန် ပါတီကြီးနှစ်ရပ် သဘောညီ

Photo: မြန်မာ့အပြောင်းအလဲစိန်ခေါ်မှု ကန် ပါတီကြီးနှစ်ရပ် သဘောညီ
Wednesday, January 14, 2015 

အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီ ၂ ရပ် သဘောထား ကွဲပြားမှုက ကြီးမားပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး အပါအ၀င် အချို့ကိစ္စ္စကြီးတွေမှာ ပါတီ ၂ ရပ် သဘောထား တညီတညွတ်တည်း ထားပြီး အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

Kentucky ပြည်နယ် Louisville တက္ကသိုလ်မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က မိန့်ခွန်းပြောကြားတော့ အခုလို ပြောသွားခဲ့တာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီတွေအကြား သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေအဖြစ် ကွဲပြားတဲ့ ကာလကို ရောက်ရှိနေပေမဲ့၊ ကမ္ဘာကို ဦးဆောင်မှုပေးနေတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ နှစ်ဘက်ကြား သဘောတူညီချက်တွေ ပိုရဖို့ လိုတာကို ဒီမိုကရက် သမ္မတ ဘရက်ခ် အိုဘားမားရော၊ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် Mitch McConnell ရော သဘောပေါက် လက်ခံထားပါတယ်လို့ Louisville တက္ကသိုလ် McConnell Center မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ပြောပါတယ်။

ပါတီ နှစ်ရပ်အကြား ကွဲပြားမှုတွေ ရှိပေမဲ့ အခုမျက်မှောက်ကာလမှာ ကြုံရတဲ့ ပြဿနာကြီးသုံးခုကိုတော့ ပါတီနှစ်ရပ် သဘောထား တညီတညွတ်တည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးတာ၊ အကြမ်းဖက် အစွန်းရောက်မှု နှိမ်နင်းရေးနဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဆီ ခေါ်ဆောင်တာတွေပဲ ဖြစ်ပါတယ်လို့ Ms. Power က ပြောပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီရေး လှုပ်ရှားကြသူတွေနဲ့ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူလူထုရဲ့ဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်က ဆိုရင်တော့ အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုကလည်း မြန်မာ့အပြောင်းအလဲကို ဖော်ဆောင်ပေးတဲ့ အဓိက အားတရပ် ဖြစ်ပါတယ်လို့ Ms. Power က ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ချက်တွေကိုတော့ သူက အခုလို ထောက်ပြသွားတာပါ။ 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ လုပ်တဲ့နေရာမှာ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု စတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှု စံသတ်မှတ်ချက်တွေအပေါ် မြန်မာအစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်သလဲဆိုတဲ့ အချက်တွေအပေါ် မူတည်ဆောင်ရွက်ခဲ့ပါတယ်။ တိုးတက်မှုတွေ အလုံအလောက် ဖြစ်မလာဘူးဆိုရင်လည်း အမေရိကန် အစိုးရအနေနဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ဆိုတဲ့ အလျှော့အတင်း လုပ်နိုင်တဲ့အခြေအနေမှာ ရှိပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီး Ms. Power ပြောကြားရာမှာတော့ -

“တိုးတက်ဖြစ်ထွန်းခဲ့တဲ့ အခြေအနေတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့၊ နောက်ကြောင်း ပြန်မလှည့်သွားဖို့ ဆိုတာတွေဟာ ကျမတို့ ဒီကနေ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်ပါပဲ။ နောက်ကြောင်း ပြန်လှည့်တာ အပါအ၀င် ကျမတို့ လေ့လာမိတဲ့ အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ နည်းဗျူဟာတွေ ဘယ်လိုအလိုက်အထိုက် ကျင့်သုံးသွားမလဲဆိုတာကိုလည်း ပြင်ဆင်ထားရပါတယ်။ ကျမတို့ ချဉ်းကပ်တဲ့နည်းနာတွေကိုလည်း အမြဲ ပြန်ပြီး သုံးသပ်ဆန်းစစ်နေရပါမယ်။ မြန်မာပြည်သူတွေကို ခွန်အားဖြစ်စေအောင်၊ မြန်မာပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်စေအောင် ဘယ်လိုခြေလှမ်းတွေ လှမ်းသွားမလဲဆိုတာဆန်းစစ်သွားဖို့ပါ။”

မြန်မာနိုင်ငံ အပြောင်းအလဲ ဖော်ဆောင်ရေးမှာ စစ်တပ်ရဲ့ အရပ်သားအုပ်ချုပ်ရေးအပေါ် လွှမ်းမိုးနေတာ၊ လူမျိုးရေး၊ ဘာသာရေး တင်းမာတာတွေက ကြီးမားတဲ့ အဟန့်အတား ဖြစ်နေတယ်လို့ သံအမတ်ကြီး Power က ပြောပါတယ်။ 

“အရပ်သားအစိုးရဟာ စစ်တပ်အောက်မှာ ရှိနေတုန်းပါ။ ဖွဲ့စည်းပုံအရဆိုရင် စစ်တပ်ကို လွှတ်တော်ဖျက်သိမ်းခွင့်၊ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ဗီတိုသုံးပယ်ချခွင့် ကျယ်ပြန့်တဲ့ အာဏာတွေ ပေးထားပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ဘာသာရေး အစွန်းရောက် ဘုန်းတော်ကြီးတွေရဲ့ လှုံ့ဆော်မှုကြောင့် ရိုဟင်ဂျာတွေနဲ့ လူနည်းစု မူဆလင်တွေအပေါ် တိုက်ခိုက်မှုတွေကလည်း တိုးမြင့်လာပါတယ်။ ဒီအတွက် ဖော်ထုတ်အရေးယူတာမျိုး မရှိသေးသလို အဲဒီက လူမှုနေထိုင်ရေး အကျပ်အတည်းတွေကလည်း ဆိုးရွားလာပါတယ်။ ရိုဟင်ဂျာ ၁ သိန်းကျော်ဟာ စုတ်စုတ်ပြတ်ပြတ် ဒုက္ခသည်စခန်းတွေထဲမှာ နေနေကြရပါတယ်။ ပိုပြီးဆိုးစေတာကတော့ မကြာခင်တုန်းက အစိုးရက အဆိုပြုတဲ့ ဥပဒေကြမ်းအရဆိုရင် ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားဖြစ်ဖို့ သူတို့လူမျိုးအမည်ကို စွန့်လွှတ်ဖို့ ဖိအားပေးခံရတာပါ။”

ဒါပေမဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် အကဲစမ်းချက်တွေကို ကိုင်တွယ်ရာမှာ အစပိုင်း သူပြောသွားသလို အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ကျင့်သုံးသွားရမယ်လို့လည်း ပြောပါတယ်။  

“နည်းလမ်းတွေထဲမှာတော့ တိုးတက်မှုတွေ ဆက်ဖြစ်ဖို့ စည်းရုံးနားချတဲ့နည်းရော၊ အစိုးရရဲ့ ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြတာရော၊ အပြောင်းအလဲမှာ ပိတ်ဆို့နေသူတွေကို ပစ်မှတ်ထား အရေးယူတာမျိုးရော ပါဝင်ပါတယ်။ ဥပမာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အကြီးတန်း မြန်မာတာဝန်ရှိသူလည်းဖြစ် စီးပွားရေးသမားလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အကြမ်းဖက်မှုတွေ အဂတိ လိုက်စားမှုတွေနဲ့ ဆက်နွယ်ပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အနှောင့်အတားလုပ်တာနဲ့ ဆက်နွယ်ပြီး အရေးယူ ဒဏ်ခတ်မှုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်း သူ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာဖြစ်သလို၊ အမေရိကန် ကုမ္ပဏီတွေကို သူနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။”

 လူငယ်တွေ အပါအ၀င် လူထုကို ပွင့်လင်းမြင်သာတဲ့ အတွေးအခေါ်တွေ ရရှိဖို့ လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်နိုင်တဲ့ ဆွေးနွေးမှုတွေ လိုအပ်ကြောင်းကိုလည်း Ms. Power က ပြောသွားခဲ့ပါတယ်။

မအေးသန္တာကျော် / ဗွီအိုအေ (မြန်မာပိုင်း)

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power  
အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီ ၂ ရပ် သဘောထား ကွဲပြားမှုက ကြီးမားပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး အပါအ၀င် အချို့ကိစ္စ္စကြီးတွေမှာ ပါတီ ၂ ရပ် သဘောထားတညီတညွတ်တည်းထားပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

SNLD ပါတီ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံပြင်နိုင်ရန် ကြိုးစားမည်

Photo: SNLD ပါတီ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံပြင်နိုင်ရန် ကြိုးစားမည်
Wednesday, January 14, 2015 

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီသည် လွှတ်တော် အတွင်းမှနေ၍ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်ပွဲ ခရီးစဉ်၌ ဒေသတွင်း လူထုနှင့်တွေ့ဆုံစဉ် ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

“SNLD ကတော့ ပင်လုံစာချုပ်အတိုင်း လုပ်ဆောင်မယ်။ ပါတီ ရဲ့အဓိက ရည်ရွယ်ချက် ၃ ရပ်က ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားမယ်။ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ အားလုံးကို တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ထိုးအောင် ကြိုးစားမယ်။ လွှတ်တော် ထဲကနေပြီး ဖွဲ့စည်းပုံပြင်နိုင်အောင် ကြိုးစားမယ်။ SNLD ဟာ ၈ ပြည်နယ်မူကို လက်ခံတယ်။ စစ်မှန် တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်အောင် ကြိုးစားမယ်” ဟု စိုင်းညွန့်လွင်က ပြောဆိုခဲ့ သည်။

ဂျန္နဝါရီလဆန်းပိုင်းကတည်းက ဥက္ကဌကြီးခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဌ စိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် ဗဟိုကော်မတီ ဝင်များသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ နားကောင်းမူး၊ မိုင်းတုံ၊ ပုံပါကျင်၊ ထိုမှ တဆင့် တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းလား၊ ဆီလူး၊ မိုင်းယန်းတို့တွင် ရုံးခွဲများ ဖွင့်လှစ်ကာ ဒေသခံလူထုနှင့်တွေ့ဆုံခဲ့သည်။

ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၆၃ မိုင်ခန့်အကွာရှိ မိုင်းယန်းမြို့နယ်ခွဲ ရုံးခွဲဖွင့်ပွဲသို့ NDAA- ESS မိုင်းလားတပ်ဖွဲ့မှ ဒု ဥက္ကဌ ခွန်ဆန်လူ ကိုယ်တိုင်တက်ရောက်ပြီး မိုင်းယန်းဒေသခံလူထုတို့ကလည်း ကြိုဆိုထောက်ခံအားပေးကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသူ တာချီလိတ်လူငယ်တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။

“နိုင်ငံရေးစိတ်ပါဝင်စားသူတွေဆိုရင် ဒီအချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်တယ်ဆိုတာ ကောင်း ကောင်း သိပါတယ်။ ပထမအချက်က ပါတီမူဝါဒနဲ့ ရည်ရွယ်ချက်က အရေးကြီးတယ်လေ။ နောက် တခုက လာမယ့်ရွေးကောက်ပွဲမှာ သျှမ်းပါတီ ၂ ခု ရှိနေရင် သူများပါတီတွေက ဝင်စားသွားလိမ့် မယ်။ ဒါကြောင့် အထက်လူကြီးတွေ မပေါင်းနိုင်သေးရင်လည်း ကျနော်တို့ လူငယ်တွေက အရင် ပေါင်းကြမယ်လေ။ ဒါကြောင့် SNLD ရဲ့ အခုခရီးစဉ်မှာ သျှမ်းအရှေ့ကလူတွေက ကြိုဆိုကြတယ်။ ထောက်ခံအားပေးကြတယ်။ SNLD ထဲကို ပါတီပြောင်းတာတွေရှိတယ်” ဟု အဆိုပါလူငယ်က ဆက်လက်ပြောပြသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန်အတွက် သျှမ်းပြည် တဝှမ်း၌ စည်းရုံးရေးဆင်းလျှက်ရှိရာ ရုံးခွဲများပါ ဖွင့်လှစ်ခဲ့သည်။

သျှမ်းပြည်တွင်း ရုံးခွဲပေါင်း ၄၀ ကျော်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်းနှင့် မန္တလေးတိုင်းအတွင်း အနည်းငယ်သာ ဖွင့်လှစ်ရန် ကျန်တော့ကြောင်း၊ ယခု ၁ လ ၂ လ အတွင်း အပြီးဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပါတီဝင်လူငယ်များက ပြောဆိုပါသည်။

သျှမ်းသံတော်ဆင့် 

ဓါတ်ပုံ - SNLD သျှမ်းအရှေ့ရုံးဖွင့်ပွဲနှင့် စည်းရုံးရေးခရီး
ဂျန္နဝါရီလ ၁၃ ရက် ၂၀၁၅
ဓါတ်ပုံ - SNLD သျှမ်းအရှေ့ရုံးဖွင့်ပွဲနှင့် စည်းရုံးရေးခရီး ဇန်နဝါရီလ ၁၃ ရက် ၂၀၁၅
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီသည် လွှတ်တော် အတွင်းမှနေ၍ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သျှမ်းပြည်အရှေ့ပိုင်း ရုံးခွဲများဖွင့်ပွဲ ခရီးစဉ်၌ဒေသတွင်း လူထုနှင့်တွေ့ဆုံစဉ် ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောဆိုခဲ့သည်ဟု ဆိုပါသည်။

ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုတွေကို ထိန်းညှိ

နိုင်ငံတော် အခမ်းအနားတွေအတွက် လုံခြုံရေးကိုတော့ ရဲတပ်ဖွဲ့ကပဲ ယူပါသေးတယ်။ မြန်မာနိုင်ငံမှာ လုံခြုံရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အစိုးရနဲ့ ပုဂ္ဂလိကတွေ ပူးပေါင်းတဲ့အဖွဲ့ ပေါ်ပေါက်လာရေးနဲ့ လုံခြုံရေး လုပ်ငန်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေး အတွက် လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေက တာဝန်ရှိသူတွေ ရန်ကုန်မြို့ စဲန်ထရယ် ဟိုတယ်မှာ ဇန္နဝါရီလ ၁၃ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ

Photo: ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ တွေ့ဆုံ
Wednesday, January 14, 2015 

လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ရန်ကုန် အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအဖွဲ့တွေက လက်တွေ့ ရင်ဆိုင်နေရတဲ့ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို တင်ပြခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ တွေ့ဆုံခွင့်ရကြတဲ့ အဖွဲ့ ၉ ဖွဲ့ထဲမှာ Triangle အမျိုးသမီးအဖွဲ့လည်း ပါဝင်ပြီး သူတို့အဖွဲ့အနေနဲ့ တင်ပြဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကို အဖွဲ့ရဲ့အကြီးအကဲ ဒေါ်ခင်လေးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျမတို့ အမျိုးသမီးတွေအတွက်ဆိုပြီးတော့ သီးသန့်ပြဌာန်းမယ့် ဒီဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ - ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ နောက်ပြီးတော့ တလင်တမယားစနစ်၊ နောက် လူဦးရေထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေဆိုပြီးတော့ ဥပဒေကြမ်း ၄ ခုကို မကြာခင်က မကြာသေးခင်က အစိုးရက ပြဌာန်းလိုက်တာရှိတယ်လေ။ အဲ့ဒီဥပဒေကြမ်း ၄ ခုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ရဲ့ အမြင်တွေကို ဆွေးနွေးတယ်။ အဲ့ဒီမှာ ကျမတို့ တခုသိလာရတာက အမေရိကန်အစိုးရအနေနဲ့လည်း ဒီဥပဒေကြမ်း ၄ ခုအပေါ်မှာ သူတို့ရဲ့အမြင်သဘောထားတွေကို ထုတ်ပြန်သွားဖို့ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အစိုးရတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ တိုက်ရိုက် ဆွေးနွေးပြီးတော့မှ ကျန်တဲ့ လူထုကို အသိပေးမယ်လို့လည်း ပြောပါတယ်။”

မစ္စတာ Malinowski နဲ့ အမေရိကန်သံရုံးမှာ ၂ နာရီကျော်ကြာ တွေ့ဆုံကြတဲ့အထဲမှာ Equality Myanmar အဖွဲ့လည်း ပါဝင်ပြီး အဲဒီအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ -

“အဲ့ဒါ ကျနော်တို့ရဲ့ခေါင်းစဉ်ကတော့ ဒီနိုင်ငံရေးအကျဉ်းသားနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ အကြောင်းအရာကို ဆွေးနွေးပါတယ်။ အဓိကဆွေးနွေးတာကတော့ နိုင်ငံရေးအကျဉ်းသား ကိစ္စကိုတော့ ဆွေးနွေးပါတယ်။ ကိုဘိုကြည်က အဓိကထားပြီး ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ရှိနေတယ်။ အခု အသစ်ရွေးချယ်ပြီးတော့ တင်မြှောက်လိုက်တဲ့ ဒီနိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကော်မတီရဲ့အားနည်းချက်တွေ အထူးသဖြင့် ပါဝင်တဲ့နေရာမှာ ကျနော်တို့ လူထုအရပ်ဘက် အဖွဲ့အစည်းတွေ အားနည်းပြီးတော့ အစိုးရဘက်က များနေတာတွေ၊ နောက်တခုကတော့ အခုနောက်ပိုင်းမှာ အရင်ဥပဒေဟောင်းတွေရော၊ လက်ရှိ ဥပဒေအသစ်ကိုပါ အသုံးချပြီးတော့ ဆန္ဒပြတဲ့သူတွေအပေါ် ပိုပြီးတော့ ဖိနှိပ်မှုများလာနေတဲ့ကိစ္စကိုလည်း ကျနော် ပြောဖြစ်ပါတယ်။ ဥပဒေဟောင်းကတော့ အားလုံးသိတဲ့အတိုင်းပါပဲ အစိုးရကို အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဥပဒေသစ်ထဲမှာဆိုရင် ပုဒ်မ ၁၈၊ ပြီးရင် ပုဒ်မ ၁၉ ဒါတွေကို ပိုပြီးတော့ သုံးလာတဲ့ကိစ္စကို ကျနော် အဓိကတင်ပြဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ ဥပဒေတွေက တကယ်တမ်း ပြည်သူလူထုကို ကာကွယ်ပေးတာ မဟုတ်ဘဲနဲ့ ချုပ်နှောင်ဖို့ဖြစ်နေတဲ့ကိစ္စတွေ တင်ပြဖြစ်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ဆောက်ရွက်နေတယ်ဆိုပေမဲ့ တချို့ကိစ္စတွေမှာ ရိုးသားမှုမရှိတာ တွေ့ရကြောင်း ဒေါ်ခင်လေးက ထောက်ပြပါတယ်။

“နောက်တခါ လက်ရှိ ကော်မတီတွေ၊ ကော်မရှင်တွေပေါ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့တယ်။ နောက် အမှုမှန်ဖော်ထုတ်ရေး အဖွဲ့တွေ ဖွဲ့တယ်ဆိုတာသည်လည်း တကယ်တမ်း အမှုမှန် ဖော်ထုတ်ဖို့မဟုတ်ဘဲ၊ အဲ့ဒီကော်မရှင်တွေ၊ ကော်မတီတွေက ဘက်လိုက်ပြီးတော့ ဆောင်ရွက်ပြီးတော့ ဒီအမှုမှန်ကို ဖုံးကွယ်ဖို့ လုပ်နေတဲ့ဟာမျိုးတွေပေါ့နော်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ပဲဖြစ်ဖြစ် အရမ်းအားနည်းနေတယ်။ ကိုပါကြီးကိစ္စမှာဆိုရင်လည်း သူတို့ကနေ ဘာလုပ်ပါဆိုပြီး ရဲကို ပြန်လွှဲတယ်။ ရဲက နဂိုကတည်းကမှ အားနည်းပြီးသား ဖြစ်နေတယ်။ ဆိုတော့ မလုပ်နိုင်ဘူး။ နောက်တခါ လက်ပံတောင်းကိစ္စဆိုရင်လည်း ကော်မရှင်က လုပ်ထားတာသည် လုံးဝ အမှုမှန်ကို ဖုံးဖို့အတွက်၊ ဖော့ဖို့အတွက် လုပ်တဲ့ဟာမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျမတို့ကတော့ ထောက်ပြတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အဖွဲ့ဟာ မနက်ဖြန်၊ သန်ဘက်ခါနေ့တွေမှာ အစိုးရတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။

ကိုဥာဏ်ဝင်းအောင်
ဗွီအိုအေ (မြန်မာပိုင်း)
လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဟာ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ရန်ကုန် အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအဖွဲ့တွေက လက်တွေ့ ရင်ဆိုင်နေရတဲ့ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို တင်ပြခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုဥာဏ်ဝင်းအောင် တင်ပြ ထားပါတယ်။

လူကုန်ကူးမှုနှင့် အဓမ္မစေခိုင်းမှု ထိုင်းအစိုးရ တိုက်ဖျက်မည်

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်မှုရှိကြောင်းပြသရန် အမေရိကန်ပြည်ထောင်စုက သတ် မှတ်သော နောက်ဆုံးအချိန်မတိုင်မီ ကြိုးပမ်းချက်အနေဖြင့် ငါးဖမ်းသင်္ဘောများပေါ်တွင် ဂျီပီအက်(စ်)တပ်ဆင်ရမည် ဟုလည်းကောင်း၊ ဒဏ်ငွေအမြောက်အမြား ပေးဆောင်စေရမည်ဟုလည်းကောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဝန်ထမ်း ၇ဝဝ ခန့်ထားရန် ဘတ်ဂျက်ခွင့်ပြုပြီး ဖြစ်သည်ဟုလည်းကောင်း ထိုင်း အာဏာပိုင်များက တနင်္လာနေ့တွင် ပြောသည်။