Friday 26 September 2014

တရုတ်တွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် ကလေးငယ် လေးဦး သေဆုံး

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကြောင့် မူလတန်း ကျောင်းသူကျောင်းသား ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုကာ လုံခြုံရေး ဆောင်ရွက်ပေးရန် မုံရွာတက္ကသိုလ် ကျောင်းသား (၃) ဦးက ပါမောက္ခချုပ်ထံ တင်ပြ တောင်းခံ

မုံရွာ တက္ကသိုလ်တွင် ယခုလက်ရှိ ဖြေဆိုခဲ့ပြီးသည့် စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် မှုများနှင့် တွေ့ ကြုံနေသည်ဟု ဆိုကာ လုံခြုံမှုပေးရန် မုံရွာတက္ကသိုလ် ကျောင်းသားသုံးဦးက တက္ကသိုလ် ပါမောက္ခချုပ် ထံသို့ တင်ပြ တောင်းခံ ထားကြောင်း သိရသည်။

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား

Photo: လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား
Friday, September 26, 2014

ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန်လည်ဖွဲ့စည်း လိုက်ပါတယ်။ 

လူဟောင်း၊ နာမည်ဟောင်းနဲ့ ပြန်ဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ သမ္မတရဲ့ ဘက်တော်သားတွေဖြစ်တယ်လို့ ဘယ်သူတွေက စွပ်စွဲလိုက်လဲ။
အရင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂစင်မြင့်ထက်ကနေ အကာအကွယ်ပေးခဲ့သူတွေနဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေမပါဘဲ လွတ်လပ်တဲ့ ပြောဆိုအစီရင်ခံမှုတွေ မလုပ်နိုင်တာဟာ ဒီကော်မရှင်ရဲ့ အားနည်ချက်ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံး ကျုးလွန်တာမို့ ဒီကိစ္စတွေကို လူ့အခွင့်အရေးကော်မရှင်က မကိုင်တွယ်ရဲသလို မြေယာသိမ်းဆည်းမှုတွေ၊ မုန်းတီးမှုအခြေခံတဲ့ ပြောဆိုမှုတွေ၊ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေကို တရားဝင်ကန့်ကွက်ပြောဆိုတာလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ NGO များကွန်ရက်ရဲ့ ၂ဝ၁၄ခုနှစ် အစီရင်ခံစာဖြစ်တဲ့ "သမ္မတ၏ ဘက်တော်သားများသာဖြစ်သည်”တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အကြောင်း ရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ 

ဒီအစီရင်ခံစာမှာ မြန်မာကဏ္ဍကိုတော့ Equality Myanmarနဲ့ Burma Partnership အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းထုတ်ဝေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလို သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တဲ့အပြင် ချိုးဖောက်မှုပုံစံအသစ်တွေပါ တွေ့လာရတယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ 

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတကို ဗဟိုပြုတာမျိုးမဖြစ်သင့်ဘဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြအစီရင်ခံစာမျိုးပဲ ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။

Kamayut Media
ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန် လည် ဖွဲ့စည်း လိုက်ပါတယ်။

နိုင်ငံရေးမူဘောင် ချမှတ်ရန် သုံးပွင့်ဆိုင် ဆွေးနွေးမှု ဒုတိယအကြိမ် ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ချမှတ်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယအကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

PR စနစ် ကျင့်သုံးမှုကို ထောက်ခံကြောင်း တစညပါတီ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာ

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးရန် လွှတ်တော်နှစ်ရပ်က ပြင်ဆင်နေမှု ကို ထောက်ခံကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ၏ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးထုပါဝင်မှုနည်းပါးနေဟုဆို


မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အမျိုးသမီးထုပါ ဝင်မှု အလွန်တရာ နည်းပါးနေကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒုဥက္ကဌ-၁ ဖြစ်သူ စောစံငြိမ်းသူ က ထောက် ပြပြောဆိုသည်။

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ၊ ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

Photo: ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ

ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

Friday, September 26, 2014

 ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀  လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ခေါင်းလောင်းကြီး ရှာဖွေရန် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပြီးနောက် ဆယ်ယူကုန်ကျစရိတ်အတွက် အလှူငွေ လှူဒါန်းပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားတွင် ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ပြီး အလှူရှင်များ စာရင်းကို ယင်းရှင်းလင်းပွဲသို့  တက်ရောက်ခဲ့သော ဒေသခံ သတင်းထောက်တစ်ဦးက ပြောသည်။

ခေါင်းလောင်း မတွေ့ဘဲ တွေ့သည်ဟု ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ‘‘သူ ဒီလက်ရှိ သန်း၅၀ ကို လိမ်တယ်။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်လို့ပြောတယ်’’ဟု ခေါင်းလောင်းဆယ်ယူရန် ကျပ် ၅၂ သိန်းကျော် လှူဒါန်းခဲ့သည့် ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

ဦးစံလင်းဦးဆောင်သည့်ခေါင်း လောင်းဆယ်ယူရေးမှာ ပဲခူးမြို့ရွှေအုန်းပင် စားသောက်ဆိုင်မှ စတင်ခဲ့သည့်အတွက် ထိုနေရာမှာပင် အဆုံးသတ်လို၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင်ငွေစာရင်းကိုပါ တာဝန်ယူကိုင်တွယ်ခဲ့သောဦးဝင်းမြင့်က ပြောသည်။  ဓမ္မစေတီ  ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက သြဂုတ်၂၆ ရက်တွင် ခေါင်းလောင်းတွေ့ရှိပြီဟု ကြေ ညာခဲ့ပြီး အမှန်တကယ်တွေ့ရှိခဲ့ သော အရာမှာ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်သာဖြစ်နေသည်။

‘‘ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ခိုင်းထားတယ်။ သင်္ဘောက နေ အပြင်ထွက်လို့ မရဘူး။ ကျွန်တော် အဓိဋ္ဌာန် ၂၀ ရက်မြောက်နေ့မှ သူကထုတ်ပြန်သွားတာ။ အဓိဋ္ဌာန်က ၂၅ ရက်ဆိုတော့ ပြောလို့ မရခဲ့ဘူး။ အဓိဋ္ဌာန်က ထွက် ကုန်းပေါ်မှာ ရက် နှစ်ဆယ်နေခဲ့ပေမယ့် ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မပြောခဲ့ဘူး’’ ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ဦးဝင်းမြင့်က ခေါင်းလောင်း တွေ့ရှိသည်ဟု ကြေညာသည် မှာ ဦးစံလင်းဖြစ်ပြီး ၎င်းတို့ကို မတိုင်ပင်ဘဲ လိမ်လည်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွား သည်။

‘‘အဲဒီမှာ အရမ်းတုန်လှုပ် သွားတယ်။ မနက်ဖြန်ပဲ ကိုယ်တို့ အဖမ်းခံရတော့မလား စိုးရိမ်တယ်ပေါ့။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်ပြောမယ်ဆို အများ ကြီးချောက်ချားကုန်တယ်။ သင်္ဘောသား တစ်ဖွဲ့လုံး။ ကိုယ်ဒါ ပြီးရင် ဒါနိုင်ငံတော်သမ္မတကြီးဆီ တင်ပြမယ်။ ဒီဖြစ်စဉ်အားလုံးကို တင်ပြမယ်’’ ဟု ဦးစံလင်း လိမ် လည်ခဲ့သည်များကို သမ္မတထံသို့ ပါတင်ပြမည်ဟု ၎င်းကဆိုသည်။

 သတင်းမထုတ်ပြန်မီ သြဂုတ် ၂၅ ရက်ညတွင် ဦးစံလင်း က ၎င်းကို အိပ်ရာမှ နှိုးပြီး မြစ် သုံးစင်းဆုံရာသို့  ကြည့်ရှုစေ၍ ရွှေရောင် နဂါးဆီမီးပူဇော်သည်ကို တွေ့လားဟု မေးမြန်းခဲ့ကြောင်း၊ ၎င်းက မတွေ့ရှိဟု ပြန်လည်ဖြေ ကြားရာတွင် သီလသမာဓိမရှိ၍ မတွေ့ရှိခြင်းဖြစ်သည်ဟု မူမမှန် စွာပြောခဲ့ကြောင်း ဦးဝင်မြင့်က ဆိုသည်။

ခေါင်းလောင်းတွေ့ရှိခြင်း မရှိဘဲ တွေ့ရှိသည်ဟု လိမ်လည်ခဲ့ သော အဖွဲ့နှင့်ပတ်သက်၍ အလှူ ရှင်တစ်ယောက်အနေဖြင့် မည်သို့ခံစားရကြောင်း မေးမြန်းရာ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မိုးက ‘‘လှူတာပဲ လုပ်လိုက်တာပါ။ ကျန်တာဘာမှ မရှိဘူး။ ဘာပြောစရာမှ မရှိပါဘူး’’ဟု စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

‘‘ဘာညာအဆက်အသွယ် တွေ မရှိပါဘူး။ ဒီအတိုင်း လှူလိုက်တာပါ။ လှူတာက ကျွန်တော့်အစ်ကိုပါ။ ဘာမှပြောစရာမရှိပါဘူး’’ဟု ၀မင်းကုမ္ပဏီအုပ်စု ဒါရိုက်တာ နောင်ခွန်မြင့်ဝေက ပြောကြားသည်။

ကုမ္ပဏီများ လှူဒါန်းသော ငွေကျပ် သိန်းတစ်ထောင့်ငါးရာသည် ယတိပြတ်လှူဒါန်းခြင်း ဖြစ်သောကြောင့် ပြန်အမ်းမည် မဟုတ်သော်လည်း အလှူရှင်များ လှူဒါန်းသော ငွေကြေးများကို ပြန်လည်ပေးအပ်သွားမည်ဟု ဓမ္မ စေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

‘‘ငွေကြေးအများဆုံး လှူခဲ့ တဲ့ အလှူရှင်တွေက အသုံးစရိတ် တွေ ဘာတွေလာမပြနဲ့ မီးရှို့ လိုက်တောင် ရတယ်လို့ ပြော တယ်။ သူတို့ကိုလည်း ပြန်မပေး နဲ့ ယတိပြတ်လှူတာလို့ ပြော တယ်။ ကျန်တဲ့ပိုက်ဆံကို ဦးစံ လင်း၊ ဦးကြည်လင်းတို့ကို ပြန် ပေးခဲ့ပါတယ်။ ဦးစံလင်းက ပါမစ် ကိုင်ထားတဲ့သူဆိုတော့ တူးဖော် ခွင့်ရနေသေးပါတယ်။ ဒီငွေတွေ ကို ဆယ်ယူရေးမှာ သုံးချင်သုံး မှာပါ’’ဟု ဦးဝင်းမြင့်ကပြောသည်။

ထို့အပြင် ခေါင်းလောင်း ဆယ်ယူရေးအတွက် အများပြည် သူများမှ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ သိန်းကျော်ရှိသည်။ အဆိုပါအလှူငွေများကို ပြန်ပေးမည်ဟုဆိုသည်။ လုပ်ငန်းရှင် ခုနစ်ဦးနှင့်ဦးဝင်းမြင့်အပါအ၀င် အခြားလုပ်ငန်းရှင်အချို့က လှူခဲ့သော စုစုပေါင်း ငွေကျပ် ၁၅၈၃ သိန်းကျော်မှ တစ်ထောင်ကျော်ကို ခေါင်းလောင်း ဆယ်ယူရေးအတွက် အသုံးပြုခဲ့ပြီး ပိုသောငွေကျပ်သိန်းငါးရာကျော်ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားကြောင်း သတင်းရရှိသည်။

အလှူငွေများကို ၎င်းတို့က အလှူခံခဲ့ခြင်း မဟုတ်ဘဲ ဦးစံလင်းနှင့် အဖွဲ့ဆယ်ယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက် အလှူရှင်များက ဆက်သွယ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်း မြင့်က ဆိုသည်။

‘‘ရန်ကုန်  အစိုးရအဖွဲ့ကို ပါမစ်ကြေး ဘာမှမပေးရပါဘူး။ ဒီပါမစ်ခွင့်တောင်းတဲ့ စာရွက်ကို ဖတ်ပြီးပေးလိုက်တာပါ။ သောင် တူးစက်ငှားရင် ပုံမှန်ဆိုရင် တစ် ရက် ၄၁ သိန်းလောက်ပေးရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငါးသိန်းပဲ ပေးရပါတယ်။ စက် သုံးဆီဝယ်တာ၊ သင်္ဘောငှားတာ တွေက ကုန်ကျစရိတ်များခဲ့ပါ တယ်’’ ဦးဝင်းမြင့်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရေးအဖွဲ့ဝင်များက ကျပ် သိန်း ၁၅၀၀ လှူ ဒါန်းခဲ့သူများ၏ စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိဘဲ လှူဒါန်းသူများ၏ သဘောဆန္ဒအရ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

‘‘ပိုက်ဆံတွေ  အားလုံးကို ရွှေအုန်းပင်က ဦးဝင်းမြင့်က ငွေ ကိုင်တယ်။ အားလုံးသူကိုင်တယ်။ ပိုက်ဆံက သူ့ဆီက ပြန်တောင်းရတာ။ အခု ရှင်းလင်းပွဲလုပ်တာ ဘာမှ မပြောချင်ဘူး။ ဦးလည်း ရှင်းလင်းသွားဖို့ ရှိပါတယ်။ ပွဲစီ စဉ်ဖို့ နေရာအတိအကျသိရရင် ကြေညာပေးမယ်’’ ဟု ဦစံလင်းက ပြောခဲ့သည်။

သို့သော် ဦးဝင်းမြင့် ကိုယ်တိုင်ဦးဆောင်၍ ကျပ်သိန်းတစ်ထောင်မတည်ကာ ခေါင်းလောင်းကို ဆက်လက်ရှာဖွေမည်ဟုဆိုသည်။

7Day DAILY
 ခေါင်းလောင်းတွေ့ရှိပြီဟုဆိုကာ လူထုကိုလိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး

Photo: ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး
Friday, September 26, 2014

မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် သီရိမန္တလာအနောက်ပွဲ ကုန်းရပ်ကွက်၊ လမ်း ၉၀၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားတွင်  နံနက် ၄ နာရီ မိနစ်၄၀ ခန့်က ဈေး သည် တစ်ဦး  ၎င်းနေအိမ်၌   မီးသွေး မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှတစ် ဆင့် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး ပျက် စီးဆုံးရှုံးခဲ့ပြီး တန်ဖိုး ကျပ်သိန်းလေးဆယ်နှင့် ငါးသောင်းခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီး ဌာနက ခန့်မှန်းတွက်ချက်သည်။

မီးလောင်ချိန်သည် နံနက်မိုးမလင်းမီအိပ်ချိန်ဖြစ်၍ ကိုယ်ပေါ်မှ အ၀တ်အစားမှ တစ်ပါး အခြားပစ္စည်းအသုံးအဆောင်များ  သယ် ယူနိုင်ခဲ့ခြင်းမရှိကြောင်း မီးလောင် ကျွမ်းသွားသည့်နေအိမ်ရှင်များကပြောသည်။ ‘‘ဈေးချိုမှာ အထည်ဆိုင် ဖွင့်ထား တာလည်း   မကြာသေးပါဘူး။ မီးထဲပါသွားတဲ့ အထည်တွေကလည်း မနေ့ကမှ ငွေရှင်းပေးလိုက်တာ။ အခုကိုယ်ပေါ်က အ၀တ်အစားတောင် သူများပေးလို့ ၀တ်ထားရတာ။ ဘာမှကိုမရလိုက်ဘူး’’ဟု   မီးဘေးဒုက္ခ သည် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

မီးလောင်ရာသို့ မန္တလေးမြို့ မှ မီးသတ်ယာဉ်အစီးလေးဆယ် နှင့် မီးသတ် အင်အား ၂၅၀ ကျော်ငြှိမ်းသတ်ပေးခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာအနီးရှိ ဘုန်း တော်ကြီးကျောင်းများမှ သံဃာ တော်များနှင့် ရပ်ကွက်သူ၊ ရပ် ကွက်သား များကလည်း ၀ိုင်းဝန်း ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင် သူများ က ပြောသည်။

မန္တလေးမြို့တွင် မိုးရာသီ ကာလဖြစ်သော်လည်း ပေါ့ဆ သည့်အတွက် မီးလောင် ကျွမ်းမှု များ မကြာခဏဖြစ်ပွားနေပြီး ယခုစက်တင်ဘာလ အတွင်း မွေ့ရာ ပေါ်ခြင်ဆေးခွေ ထွန်းရာမှ ထရံသို့ ကူးစက်လောင်ကျွမ်းခြင်း၊ ပန်ကာအပူလွန်ကဲ ရာမှ လောင်ကျွမ်း ခြင်း၊ အိပ်ခန်းအတွင်း ဆေးလိပ် သောက် ရာမှ မွေ့ရာပေါ်ကျကာ လောင်ကျွမ်းခြင်းများ  ဖြစ်ပွားခဲ့ ကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

7Day DAILY 

မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်

Photo: စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်
Friday, September 26, 2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ စတင်တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုတပ်ဆင်ပေးမည့်နေရာသုံးခုမှာ စစ်တွေမြို့ရှိ ဦးဥတ္တမလမ်းနှင့် လမ်းမကြီးလမ်းဆုံ၊ ကုန်သည် လမ်းနှင့် လမ်းမကြီးလမ်းဆုံနှင့် လောကာ နန္ဒာစေတီ အနီးရှိ လမ်းဆုံတို့ဖြစ်ကြကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင် မော်တော်ကားများ၊ ဆိုင်ကယ်များများပြားလာပြီး ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမှုကြောင့် ယခုကဲ့သို့မီးပွိုင့်များတပ်ဆင်ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက ကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူး။ စည်ပင်ကိုပဲ မေးလိုက်ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်စည်ပင်ရုံးကိုဆက်သွယ်မေးမြန်းရာ ယင်းမှတာဝန်ရှိသူတစ် ဦးက “ဒီကိစ္စက လျှပ်စစ်ဌာနနဲ့ပဲဆိုင်ပါတယ်။ လျှပ်စစ်ကိုမေးပြီးမှ ကျွန်တော်တို့ အတည်ပြုပြောလို့ ရမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်တပ်ဆင်ပေးမည့်အဆိုပါမီးပွိုင့်များမှာ ဘဏ္ဍာရေးအခြေအရ ဒီဂျီတယ်မီးပွိုင့်များမဟုတ်သေးဘဲ ရိုးရိုးမီးပွိုင့်များသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုနောက်ပိုင်း ယာဉ်များရှုပ်ထွေးလာနေပြီး မီးပွိုင့်စနစ်များမရှိသည့် အတွက် ယာဉ်မတော်တဆမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပွားနေရခြင်းမှာ ယာဉ်မောင်းသူများ၏ အရက်သေစာသောက် စားမူးယစ်ကာ စည်းကမ်းမဲ့စွာမောင်းနှင်ကြမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှတ်(၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(စစ်တွေ)မှ ရဲအုပ်မောင်မောင်ထွန်းက သုံးသပ်ပြောသည်။

ယခုတပ်ဆင်ရန်ပြင်ဆင်နေသည့် မီးပွိုင့်များကို မည်သည့်အချိန်တွင်စတင်တပ်ဆင်ပေးသွားမည်ဆို သည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

 နိရဉ္စရာ

ယာဉ်ကြောများ ပိတ်ဆို့နေသော စစ်တွေမြို့မှ ကုန်တန်းလမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ယာဉ်ကြောများ ပိတ်ဆို့နေသော စစ်တွေမြို့မှ ကုန်တန်းလမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ စတင်တပ်ဆင်ပေး သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သိန်းကိုးဆယ်ဖြင့် ဂျပန်ပို့မည်ဟု တရားမ၀င်လုပ်သားခေါ်ယူ မှုများ အေဂျင်စီ အသင်းချုပ် သတိပေး

အွန်လိုင်းပေါ်တွင် ဂျပန်နိုင်ငံသို့ ကျပ်သိန်း ၉၀ ဖြင့် လုပ် သားပို့ဆောင်နေ သည်ဟု ခရီး သွားလုပ်ငန်း အချို့က တရားမ၀င် ကြော်ငြာထားသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသင်းချုပ်က သတိပေး တားမြစ်မှုများ ဆောင် ရွက်နေကြောင်း  သတင်းရရှိ သည်။

အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော

Photo: အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော
Friday, September 26, 2014

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာဥပဒေ တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် ရေးဆွဲနေသော အဆိုပါ မြေယာအသုံးချ မူဝါဒကို စတင်ရေးဆွဲနေပြီ ဖြစ်ပြီး ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်နိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ မူဝါဒ ရေးဆွဲပြီးပါက ရေအရင်းအမြစ် အသုံးချမှု စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန် ဘီလျံနာတစ်ဦးကမူ မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှုများ ဆက်လက် ကျန်ရှိနေပြီး အမေရိကန် ကုမ္ပဏီများဘက်က အမေရိကန်အစိုးရ၏ သတ်မှတ်ချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သတိပြုရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော မြေယာအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြေယာအသုံးချ စီမံခန့်ခွဲရေးအတွက် မြေယာမြေပုံနှင့် စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ယင်းစီမံကိန်းများတွင် မြို့ပြစီမံကိန်းများ၊ စီးပွားရေးဇုန်များ အပြင် အိမ်ခြေရာမဲ့များအတွက် မြေယာပံ့ပိုးရေး အစီအစဉ်များ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
“ဘယ်လောက်တောင်လဲဆို ဒီစီမံကိန်းတွေထဲမှာ မြေယာအငြင်းပွားမှု ကိစ္စတွေအထိ မျှော်မှန်းထားတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုလာရင် ဒီစီမံကိန်းကြည့်ပြီး ဘယ်နေရာ ဘာလုပ်မယ်ဆိုတာ သိသွားမယ်။ အဲဒီနေရာတွေ သူတို့သိရင် ရင်းနှီးမြှုပ်နှံမှု လုပ်ရုံပဲ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကို လာမည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည့် အစီအစဉ်များအတွက် နိုင်ငံတကာ စီးပွားရေး အင်အားစုများက မြန်မာနိုင်ငံကို အာရုံစူးစိုက်လျက် ရှိကြောင်း Open Society Foundations အကြီးအကဲ George Soros က ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း၊ ငွေကြေးနဲ့ လယ်ယာကဏ္ဍတွေမှာ ပိုရင်းနှီးမြှုပ်နှံစေချင်တယ်။ ဒီနေရာတွေက နိုင်ငံ နဲ့ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အလိုအပ်ဆုံး အရာတွေပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ရန်နှင့် အစိုးရ၏ မြို့ပြစီမံကိန်းများကို ပွင့်လင်းမြင်သာမှု ပိုရှိစေရန် မြေယာအသုံးချ စီမံကိန်းများမှာ အလွန်အရေးပါကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဝေဖန် ထောက်ပြ ထားဖူးသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မြေယာနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့သာ တရားဝင် ပြဋ္ဌာန်းထားသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာ ဥပဒေ တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မှုခင်းကြီးများပေါ်ပေါက်ရေး ကူညီခဲ့သော အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ်ပြုမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် မှုခင်းကြီးများ၌ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဖြေရှင်းပေးခဲ့သည့် အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးရဲထွဋ် ပြောဆိုမှုအချက်အလက်စု၍ တုံ့ပြန်ရန် ဦးခင်အောင်မြင့်စီစဉ်

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်း အဆောက် အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းမမီသည့် အချက်အလက်များစုဆောင်းပြီး အမျိုးသားလွှတ်တော်မှ သမ္မတထံသို့ တိုက်ရိုက်တင်ပို့ သွားမည်ဖြစ်သည့်အတွက် သီတင်းကျွတ်ကာလ အပြီး လွှတ်တော်ညွှန် ကြားရေးမှူးချုပ်ထံ ပေးပို့ရန် ပန်ကြားလွှာထုတ်ခဲ့သည်။

အာရှယူ- ၁၉ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် လက်မှတ်များကို ၅သောင်းကျပ်ဖြင့် ရောင်းချသွားမည်


၂၀၁၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ ၂၃ရက်နေ့ အထိ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း များတွင် ကျင်းပပြုလုပ်မည့် အာရှယူ- ၁၉ပြိုင်ပွဲအတွက် လက်မှတ် များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်၍ ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ လက်မှတ် အရောင်း ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အာရှယူ-၁၉ ပြိုင်ပွဲမှ အုပ်စု (က)နှင့် အုပ်(ခ) ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ပွဲစဉ်များကို နေပြည်တော်၊ ဇေယျာသီရိ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြင်

Photo: ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြင်
Friday, September 26, 2014

ဆီးသီးဗန်းမှောက်ကျ သည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲ အဖြစ် နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်းမရှိပါက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကြေ ညာချက်ထုတ်ပြန်လိုက်သည်။ 

အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အ ဆောက်အအုံများ၊ လမ်း၊ တံတား များအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက ဆောက်လုပ်သည့်ကုမ္ပဏီ အဖွဲ့ အစည်းအမည်အပါအ၀င် ဓာတ်ပုံမှတ်တမ်းအထောက်အထားပြည့် စုံစွာဖြင့် သီတင်းကျွတ်ကာလအ ပြီး လွှတ်တော်သို့ ပြန်လာသည့် အခါ ယူဆောင်တင်ပြကြရန် ယခုလ ၂၅ ရက်တွင် အမျိုးသားလွှတ် တော်က ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။
‘‘ဒီကိစ္စက ဆီးသီးဗန်း မှောက်ကျတယ်ဆိုတဲ့ တင်ပြချက်နဲ့ ပတ်သက်တယ်ဗျ။ ဥက္ကဋ္ဌအနေ နဲ့ ကန်ထရိုက်တွေကိုဆိုလိုတဲ့ သဘောမှာရှိတယ်။ အဲဒီတော့ ဒါ တွေကို စုစည်းပြီး သမ္မတဆီကို သ၀ဏ်လွှာပို့ရင် ပိုပြီးထိရောက် မယ်လို့ ဥက္ကဋ္ဌက ပြောတယ်’’ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေက ပြောသည်။

မိမိမဲဆန္ဒနယ်မြေတွင် စံချိန် မမီသည့် အဆောက်အအုံကိစ္စ ရပ် ၃ ခုရှိပြီး ချက်ချင်းပင်တင်ပြ နိုင်သည့် အထောက်အထားများ ရှိကြောင်း ဦးလှဆွေက ပြော သည်။
‘‘အဲဒီလိုလုပ်ရင် သမ္မတရုံး လည်း သူ့လူတွေက အောက်ခြေအဆင့်မှာ မမှန်မကန်လုပ်ရင် တိုက်ရိုက်သိသွားနိုင်တာပေါ့။ အောက်ခြေအဆင့်နဲ့ သမ္မတရုံးအဆင့်နဲ့က တအားကွာနေတော့ သမ္မတရုံးက အမှန်မသိနိုင်ဘူး။ဒါကို လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဆင့်တိုက်ရိုက်တင်ပေးတာပေါ့’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

လက်ရှိကျင်းပနေဆဲဖြစ် သော(၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး ကာလတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ ၎င်း၏ မဲဆန္ဒနယ် မြေအတွင်း ဆောက်လုပ်ထား သော ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အအုံတစ်ခုမှာ သတ် မှတ်စံချိန်စံညွှန်းပြည့်မီခြင်းမရှိ သဖြင့် ဓာတ်ပုံအထောက်အထား ဖြင့် လွှတ်တော်သို့ တင်ပြကာ မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါတင်ပြမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်မှ ချ မှတ်ပေးသော ဘတ်ဂျက်များ သည် အောက်ခြေသို့ ရောက်သောအခါ ဆီးသီးဗန်းမှောက်ကျသကဲ့ သို့ ဟိုလူနှိုက်၊ ဒီလူနှိုက်ဖြင့် ထက် ၀က်ခန့်သာကျန်တော့သည့် အ ခြေအနေသို့ ရောက်ရှိနေကြောင်း ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့ သည်။

၎င်းပြောကြားချက်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ထိုကဲ့သို့ ပြောဆိုလိုပါက အ ထောက်အထားတိတိကျကျ ခိုင် ခိုင်မာမာဖြင့် ပြောကြားမှသာ သင့်လျော်မည်ဟု တုံ့ပြန်ခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ က အချက်အလက်များတောင်းခံ ခြင်းသည် ပြန်ကြားရေးဝန်ကြီး၏ တုံ့ပြန်ချက်အပေါ် ပြန်လည်ချေ ပသည့် ဆောင်ရွက်ချက်ဖြစ်နိုင်ပြီး အထောက်အထားနှင့် တင်ပြမည့်ကိုယ်စားလှယ်အများစုရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အချို့က ဆိုသည်။ 

‘‘အချက်အလက်ခိုင်ခိုင်မာ မာနဲ့ ထောက်ပြလာရင် ဘယ်သူပဲ ထောက်ပြလာလာ ကျွန်တော်တို့ က ကြိုဆိုပါတယ်။ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်နေတဲ့အချိန် အခါဖြစ်တဲ့အတွက် ဘယ်သူပြော တယ်ဆိုတာ အရေးမကြီးပါဘူး။ အထောက်အထားခိုင်မာဖို့ အရေးကြီးပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြလာရင် ကျွန် တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ’’ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောသည်။
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သော ဆောက်လုပ်မှုကိစ္စ ရပ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ သို့ လွှဲပြောင်းပေးထားသဖြင့် အ မျိုးသားလွှတ်တော်မှ အထောက် အထားများဖြင့် တင်ပြလာပါက မည်သို့ဆောင်ရွက်ခွင့်ပေးထား သည်ကို စိစစ်ရမည့် လုပ်ငန်းများ ရှိသဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို လတ် တလောတွင် မပြောနိုင်သေး ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

7Day Daily

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆီးသီးဗန်းမှောက်ကျ သည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲအဖြစ် နိုင်ငံတော် ဘတ် ဂျက်နှင့် ဆောက် လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်း မရှိပါက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကြေ ညာချက်ထုတ်ပြန်လိုက်သည်။

U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး


ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

NLD က သူရဦးရွှေမန်းကို ဒု-သမ္မတ စာရင်းတင်မယ်ဆိုတဲ့ သတင်း အခုမှ ထွက်လာတာလား

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး နိုင်ငံရေးသတင်းကို ပြောပါဆိုရင် ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ပြီး နောက် ပိုင်း ပြည်တွင်း သတင်းဌာနတွေကလည်း ထပ်ဆင့်ဖော်ပြ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့သွားတဲ့ အင်န်အယ်လ်ဒီ က ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ် ခွင့်မရရင်၊ ဒု-သမ္မတလောင်းအဖြစ် သူရဦးရွှေမန်းကို တင်ဖို့ သဘောထား ရှိနေတယ်ဆိုတဲ့ သတင်း ပါ။ နောက်ပိုင်း ဒီသတင်းဖော်ပြချက် မမှန်ပါဘူး ဆိုပြီး သတင်းဖော်ပြခံရတဲ့ အင်န်အယ်လ်ဒီခေါင်းဆောင် ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်း တို့က ငြင်းကြသလို ပါတီအနေနဲ့လည်း ရိုက်တာသတင်းဌာနကို ဖြေရှင်းဖို့ စာပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဒီပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ စူးစမ်းကြည့် ကြရအောင်။

Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ မောင်သစ္စာဆိုတဲ့ ကလောင် အမည်နဲ့ ရေးသားထားတဲ့ 'အကြမ်းဖက်ဝါဒသည် နိုင်ငံတော်၏ ရန်သူဖြစ်သည်' ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြလာပါတယ်။ ဆောင်းပါးထဲမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေရဲ့ သမိုင်းကြော င်း၊ မြန် မာ့နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ နိုင်ငံသား မွတ်စလင်တွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ အခန်းကဏ္ဍ စတာတွေ ဖော်ပြပြီး နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့ ဖော်ပြထားတဲ့ ဆောင်းပါးပါ။ တစ်ဆက် တည်းပဲ အခုကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အယ်လ်ခိုင်ဒါရော ISIL ဆိုတဲ့အဖွဲ့တွေ ဆိုတာဟာ သူတို့ရဲ့ ဘာသာကို ကိုယ်စားမပြုတဲ့အကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း၊ အကြမ်းဖက် အယူအဆ ဖြစ်တဲ့ အကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံအနေနဲ့ အဲဒီအကြမ်းဖက် အဖွဲ့အစည်းတွေ ရဲ့ သွေးထိုး လှုံ့ဆော်မှု ထောင်ချောက်ထဲ ကျမသွားဖို့လိုအပ်တဲ့အကြောင်း ရေးသားထားပါတယ်။

အဓမ္မပြုကျင့်မှုဖြင့် ချောင်းသာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ခရိုင်၊ ချောင်းသာ ကမ်းခြေ နယ်မြေရဲစခန်း၌ ခယ်မဖြစ်သူအား အဓမ္မပြု ကျင့် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်း ဆီးစစ်ဆေး ခံနေရသော ဦးနိုင်ဝင်းသည် စက်တင်ဘာ လ(၁၂) ရက်နေ့ ညတွင် ချောင်း သာနယ် မြေ ရဲစခန်း အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း တရားလိုများက မြန်မာသံတော်ဆင့် သို့ ပြော သည်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်မူကြမ်းပါ အခန်းအားလုံး ဆွေးနွေးပြီးဖြစ်

Photo: တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်မူကြမ်းပါ အခန်းအားလုံး ဆွေးနွေးပြီးဖြစ်
Friday, September 26, 2014 

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်(မူကြမ်း)ပါအခန်း ခုနစ်ခန်းလုံး ဆွေးနွေးနိုင်ခဲ့ပြီး စတုတ္ထမူကြမ်းကို စက်တင်ဘာ၂၆ ရက်တွင် အချောသပ် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်နေသော ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ဆွေးနွေးပွဲ စတုတ္ထနေ့အထိ တိကျသည့် သဘောတူညီချက် မရရှိသေး သော်လည်း စာချုပ်တတိယ (မူကြမ်း)ပါအချက်အားလုံးကို ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ၂၆ရက် ဆွေးနွေးပွဲနောက်ဆုံးရက်တွင် စတုတ္ထ(မူကြမ်း)ကို အချောသပ်မည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးစောလုံလုံကပြောသည်။

‘‘ပြီးခဲ့တဲ့ လေးရက်အတွင်း ဆွေးနွေးခဲ့တာကို ပြန်ပြီးချုံ့မှာ ပေါ့’’ဟု ဗိုလ်မှူးစောလုံလုံကဆို သည်။

စတုတ္ထ(မူကြမ်း) စာချုပ်ကို အချောသပ်ပြီးပါက နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် အထက်သို့ပြန်လည်တင်ပြမည် ဖြစ်ပြီး ဆက်လက် ညှိနှိုင်းမည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင်ဗိုလ်မှူး ကြီးခွန်ဥက္ကာကဆိုသည်။

မူလက ယခုဆွေးနွေးပွဲတွင် စာချုပ်(မူကြမ်း)မှ နှစ်ဖက်ညှိနှိုင်း ရန်ကျန်ရှိနေသည့် အချက်လေး ချက်ကို အဓိကဆွေးနွေးမည် ဆိုသော်လည်း ဆွေးနွေးပွဲ ပထမ နေ့မှစတင်၍ ယခင်သဘောတူ ညီပြီးသားအချက်တချို့ကို ပြန် လည်ဆွေးနွေးခဲ့ရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေး နွေးပွဲတွင် နှစ်ဖက်ညှိနှိုင်းရန်ခက် ခဲနေသည့်အချက်များမှာ ဖက် ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးအပါအဝင် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲပုံစံ၊ ကြားကာလ အစီ အစဉ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည့်ကိစ္စရပ်များဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily
တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်(မူကြမ်း)ပါအခန်း ခုနစ်ခန်း လုံး ဆွေးနွေးနိုင်ခဲ့ပြီး စတုတ္ထမူကြမ်းကို စက်တင်ဘာ၂၆ ရက်တွင် အချောသပ် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။