Wednesday 1 July 2015

ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ

တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံးနည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်းသိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ်ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။
အောက်မှာ ကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းတွေ မလုပ်သင့်တဲ့အချက်လေးတွေကို လေ့လာကြရအောင်။

အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ

ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာသော်က အခြေခံဥပဒေပြင်ဆင်ရေးကို ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး စစ်တပ်က မထောက်ခံသည့်အတွက် ပြင်ဆင်ရန်အတွက် လိုအပ်သည့်ထောက်ခံမဲ မရနိုင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရေးနိမ့်ပြီးနောက် တစ်ပတ်အတွင်း တကသ ကျောင်းသားများ ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် စတင်ဆန္ဒပြရန်၊ ထို့နောက် ဆန္ဒပြပွဲများကို အခြားမြို့ကြီးအသီးသီးတွင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုဆန္ဒပြပွဲများကို NLD ပါတီအနေဖြင့် နောက်ကွယ်မှ ပံ့ပေးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်းမှာ လွှတ်တော်ပြင်ပ နည်းလမ်း ဖြင့် စစ်တပ်ကို ဖိအားပေးရန် ဖြစ်ပြီး လူထုထောက်ခံမှု မြင့်မားလာခဲ့ပါက တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ တကသ ကျောင်းသားများအနေဖြင့် ပြည်နယ်တိုင်းများသို့ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။

အချိန်ပိုလုပ်ခဥပဒေ ပြန်လည်ပြင်ဆင်ရန်အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ၎င်းအနေဖြင့် အမေ ရိကန်၏ အချိန်ပိုအလုပ်လုပ်ခြင်းဆိုင် ရာ လုပ်ထုံးလုပ်နည်းကို ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်လူလတ် တန်းစား များကို အကျိုးရှိစေရန်ဖြစ်ကြောင်း၊ သူ၏အစိုးရအနေဖြင့် နိုင်ငံရေးအောင် မြင်မှုများ ရရှိလာပြီး နောက် ယခုကဲ့ သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်

ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော် မတီ၏သဘောထား မှတ်ချက် အပေါ် မူတည်ပြီး မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင် စုလွှတ်တော်တွင် ဆက်လက်ဆွေး နွေးဆုံးဖြတ်မည်ဖြစ်ကြောင်း သိရ သည်။

မဟာတံတိုင်းကြီး တဖြည်းဖြည်းပျောက်ကွယ်နေပြီဟု တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြ

၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်က ပေကျင်းမြောက်ပိုင်း မူရှန်ယုရှိ မဟာတံတိုင်းတစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
တရုတ်နိုင်ငံတွင် မင်မင်းဆက်လက်ထက်က တည်ဆောက်ခဲ့သောမဟာတံတိုင်းကြီးသည် သဘာဝဘေးဒဏ်များနှင့် အိမ်ဆောက်ရန် အုတ်များခိုးယူခြင်း အစရှိသည့် မဆင်မခြင်လုပ်ရပ်များကြောင့် တံတိုင်းကြီး၏  ရာခိုင်နှုန်း ၃၀ ခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားစစ်လေယာဉ် လူနေရပ်ကွက်ပေါ် ပျက်ကျ၊ အနည်းဆုံး လူ ၅၅ ဦး သေဆုံး

အင်ဒိုနီးရှားစစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဟိုတယ် တစ်လုံးနှင့် နေအိမ်များပေါ်သို့ ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၅၅ ဦးခန့် သေဆုံးသွားခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထား သည်။

မန္တလေးမြို့တွင် Iron Cross Unplugged Show ပထမဆုံး ကျင်းပမည်

Show ပွဲပြုလုပ်မှု နည်းပြီး လက်မှတ်ပေါက်ဈေး အဆမတန် မြင့်တက်လေ့ရှိသည့် Iron Cross အဖွဲ့က မန္တလေး မြို့တော်တွင် ပထမဆုံးအကြိမ် Unplugged ရှိုးပွဲကို ဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ်၌ ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သည့် ဦးသူရက ပြောကြားသည်။

အနည်းဆုံးလုပ်အားခ ကျပ် ၃၆၀၀ သတ်မှတ်ရန် အဆိုပြုချက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကန့်ကွက်မည်

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခသတ်မှတ်ရန် လုပ်အားခ သတ်မှတ်ရေးကော်မတီ ဖြစ်သည့် အမျိုးသားကော်မတီက အဆိုပြုသတ်မှတ်သည့် ကျပ် ၃၆၀၀ နှုန်းထားကို ကန့်ကွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF) မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝေက ပြောကြားသည်။

ယနေ့မှစတင်ကာ နှစ်နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင်ခွင့်ပြုလိုက်သည့် '၆ဂ'အက္ခရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ သတ်မှတ်သက် တမ်းကျော်လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ခ တစ်နှစ်စာ၏ ၅ဝ ရာ ခိုင်နှုန်းကို ပေးဆောင်ရမည်


ယနေ့မှစတင်ကာ နှစ်နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင် ခွင့်ပြုလိုက်သည့် '၆ဂ'အက္ခရာယာဉ် နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ သတ်မှတ်သက်တမ်းကျော် လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ခ တစ်နှစ် စာ၏ ၅ဝ ရာခိုင်နှုန်း ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံး မှ သိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် ကူညီဆောင်ရွက်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငရုတ်ကောင်းမြို့နယ်ခွဲ၊ ကျီးချောင်း ကျေးရွာအုပ်စု အတွင်းရှိ ငရုတ်ကောင်း တောင်ကျေးရွာ၊ ဆင်မှုန်ကျေးရွာနှင့် ၀က်ကော်ကျေးရွာများ၌ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တောင်ကျရေများခြင်း၊ ချောင်းရေတက်ခြင်းများကြောင့် ချောက်ကမ်းပါးများ ပြိုကျပြီး လူနေအိမ် ၁၄၈ လုံး ရေ၀င်ပျက်စီးခြင်း၊ အလျား ၂၀ ပေ၊ အနံ ၆ ပေရှိ သစ်သားတံတားနှင့် လမ်းများ ပျက်စီး ခြင်းများကြောင့် လူဦးရေ ၄၉၀ ဦးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများက ယာယီ ရွှေ့ပြောင်းပေးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ရေပြန်ကျသွား သဖြင့် ပျက်စီးနေသော နေအိမ်၊ လမ်း၊ တံတားများအား ပြန်လည် ပြင်ဆင် ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ

တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြ ပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုး တွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံး နည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်း သိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ် ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေ ကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ကဗျာရေးသည့် ထိုင်းလယ်သူမလေး လူမှုကွန်ရက်တွင် ရေပန်းစား (DVB)

ဓာတ်ပုံ – women.kapook.com
ခုရက်ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ကဗျာရေးတဲ့ လယ်သူမလေးတယောက် အကြောင်း လူကြိုက်များပြီး ရေပန်းစားနေပါတယ်။

ဖွဲ့စည်းပုံမှ ပုဒ်မ-၄၃၆(ခ)ကို ပြင်ဆင်နိုင်ပါက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အထောက်အကူပြုမည်ဟု သူရဦးရွှေမန်းဆို

ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံဆွေးနွေးဆုံးဖြတ် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်း အဆက် ပုဒ်မ-၄၃၆(ခ) ပါ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်နိုင်ပါ က တိုင်းရင်းသား စည်းလုံးညီညွတ် ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးအတွက် အထောက်အကူပြုနိုင် မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယင်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်လိုက် သည်။

ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ် လပ်ရေးအဖွဲ့ (KIA) တပ်တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကာ တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့သည်ဟု KIO နှင့် ဖားကန့် ဒေသခံများက ပြောသည်။

တန့်ဆည်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ

မန္တလေးမြို့တွင် ဖမ်းဆီး ရမိခဲ့သော လက်နက်များနှင့် ဆက်စပ် သက်သေ များကို စစ်ဆေးရာမှ တရားမ၀င် လက်နက်ကိုင်ဆောင်သူ တစ်ဦးအား တန့်ဆည်မြို့နယ်တွင် ယခုလ (၃၀)ရက်နေ့၌ ထပ်မံ ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ထံမှ သိရသည်။

အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရန် ပြည်ခိုင်ဖြိုး ပါတီထံ အကြံဉာဏ် တောင်းမည်

မကြာသေးမီက ထွက်ရှိလာသော အကျဉ်းထောင် ဥပဒေအား ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဖိတ်ကြား ဆွေးနွေး အကြံဉာဏ် တောင်းခံသွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သတင်း ရရှိသည်။

ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပူးတွဲပြုလုပ်နိုင်

အခုနှစ် နိုဝင်ဘာလဆန်းထဲမှာကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ရက်က လွှတ်တော်မှာ အတည်ပြုထားတဲ့ ပုဒ်မ ၅၉(ဃ)ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုပါ ပူးတွဲကျင်းပသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး အစပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

လက်နှစ်ဖက် မရှိပေမယ့် အရာအားလုံးကို လုပ်နိုင်သူ

လက်နှစ်ဖက်တော့ မရှိပါဘူး။ ဒါပေမဲ့ အရာရာကို လုပ်နိုင်စွမ်းရှိပါတယ်။ မွေးရာပါ လက်နှစ်ဖက် မပါဝင် ခဲ့တာ ဖြစ်ပေမယ့် ဘ၀ကို လုံးဝအရူံးပေး ခဲ့ခြင်းမရှိဘဲ အရာအားလုံးကို လေ့လာသင်ယူ ခဲ့တာကြောင့် လေ ယာဉ်မောင်း လိုင်စင်ကိုတောင် ရယူနိုင်ခဲ့ပါ တယ်။ ဒါဟာ ထူးခြားမူဖြစ်ပြီး လက်နှစ်ဖက် မရှိသူတွေ ထဲမှာ ပထမဆုံး လေယာဉ် မောင်းနှင်နိုင်သူအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင်  တိုက်ကွမ်ဒို ကစားနည်းမှာလည်း  ခါးပတ်နက်ကို ရယူထား ပါတယ်။

ရွှေစင်စကြ်ာ ယာဉ်တိုက်မှုတွင် ယာဉ်ပိုင်ရှင်များမှ တာဝန်ယူမှုမရှိ

ရွှေစင်စကြ်ာကား ယာဉ်တိုက်မှုတွင် ထိခိုက် ဒဏ်ရာရှိခဲ့သူ ခရီးသည်အား ရွှေစင်စကြ်ာ ဂိတ်ပိုင်၊ ယာဉ်ပိုင်ရှင် များမှ တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း ၎င်း၏ မိသားစုဝင်များက ဇွန်လ(၃၀)ရက်နေ့တွင် The Messenger Media သို့ ပြောကြားခဲ့သည်။

သမ္မတနှင့် ဒုသမ္မတများ ပါတီ လုပ်ငန်းများ၌ ပါဝင်မှုကို တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်

ပြည်ခိုင်ဖြိုး ပါတီမှ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ) ပြင်ဆင်ချက်တွင် သမ္မတနှင့် ဒုသမ္မတများမှ ပါတီ လုပ်ငန်းများ၌ ပါဝင်ပတ်သက်မှု မရှိစေရ ဆိုသည့် ပုဒ်မအား ပယ်ဖျက် ထားခြင်းကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ကန့်ကွက် ပြောဆိုသည်။

၃ နိုင်ငံ နယ်စပ် တာဝန်ခံတွေ မဲဆောက်လေ့လာ

မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေး အရေးပါ AEC အာဆီယံ စီးပွားရေး အသိုက်အဝန်း ကျင့်သုံး တဲ့အခါ တွေ့နိုင်တဲ့ ပြဿနာတွေပူးပေါင်းဖြေရှင်းနိုင်အောင် ထိုင်း ၊မြန်မာနဲ့ ကမ္ဗောဒီးယား ၃ နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး တာဝန်ရှိသူတွေ အင်္ဂါနေ့က မဲဆောက်မှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ ပါတယ် ။

" ၀ိုင်းဝန်းပဲ့ပြင်ထိန်းသိမ်းကြပါစို့"

လက်ရှိအစိုးရသစ် လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အတိုင်းအတာ တစ်ခု အထိ ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းမီဒီယာတွေက အစိုးရအပေါ် ၀မ်းမြောက် ၀မ်းသာကြိုဆိုခဲ့ကြသလို နိုင်ငံတကာမီဒီယာများကလည်း မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းမီဒီယာလွတ်လပ် ခွင့်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။

IS အကြမ်းဖက်အဖွဲ့ အမျိုးသမီး (၂)ဦးအား ခေါင်းဖြတ်အဆုံးစီရင်

အစ္စလာမ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားတွင် အမျိုးသမီး နှစ်ဦးအား ခေါင်းဖြတ် အဆုံး စီရင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့တွင် ပြောဆို ခဲ့သည်။

အင်ဒိုနီးရှား လေယာဉ်ပျက်ကျ၊ ၁၀၀ ကျော် သေဆုံးနိုင်

အင်ဒိုနီးရှား နိုင်ငံ၊ မက်ဒန် မြို့က လူနေ ရပ်ကွက်ထဲကို စစ်သုံး ပို့ဆောင်ရေး လေယာဉ် တစ်စီး ပျက်ကျ ခဲ့ရာမှာ သေဆုံးသူ တစ်ရာကျော် အထိ ရှိနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမဖြစ်မြောက်အောင် KIA ကြံစည်နေပြီ

၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေသူတွေ၊ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်း ကို မဲပေးနိုင်ဖို့ မဲစာရင်းထဲမှာပါ၊ မပါ ကြည့်ရှုသူတွေနဲ့ လှုပ်ရှားသက်ဝင်လျက် ရှိပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံ သားတိုင်းမလွဲမသွေ လုပ်ဆောင်ရမယ့် ၀တ္တရားလည်းဖြစ် ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေတဲ့အဖွဲ့တွေလည်းရှိနေပါတယ်။ တော်တော်လေး စိတ်မကောင်းစရာပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တိုးတက် ကြီးပွားမှာကို မလိုလားတဲ့ သဘောလို့ပြောနိုင်ပါတယ်။

တိုင်းရင်းသား အဖွဲ့များ DDR လုပ်ငန်းစဉ်ကို လက်ခံရန်အရေးကြီးဟု ကာချုပ်ပြော

 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ အာရှရေးရာ ဌာနမှ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang တို့ ဇွန်လ ၂၉ ရက်က တွေ့ဆုံစဉ်
(ဓာတ်ပုံ – မြဝတီ)ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ အာရှရေးရာဌာနမှ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang တို့ ဇွန်လ ၂၉ ရက်က တွေ့ဆုံစဉ်(ဓာတ်ပုံ – မြဝတီ)
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ အနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကဏ္ဍတွင် လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည်ပေါင်းစည်းရေး ဆိုသည့်(DDR) လုပ်ငန်းစဉ် ကို လက်ခံကြရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။

အလုပ်သမားများ အားလုံးအတွက် အဆိုပြုအခြေခံလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ် ချက် ကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကန့်ကွက် မည်

မြန်မာနိုင်ငံရှိပုဂ္ဂလိကအလုပ်သမားများအားလုံးအတွက် အဆိုပြုအခြေခံလုပ်ခကို တစ်နာရီလျှင် ကျပ် ၄၅ဝနှုန်းဖြင့် တစ်နေ့အလုပ်ချိန် ရှစ်နာရီအတွင်း ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(MTUF)မှ ကန့်ကွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Tai Khun တိုင်းခင်ခေါ် ဂုံရှမ်းအမည်နာမ ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသက္ကရာဇ်၃၂၇(BC-216)မှစ၍မြန်မာသက္ကရာဇ်၆၁၅အထိ တိုင်း(Tai)ခေါ်ရှမ်းလူမျိုးတို့သည် တရုတ်ပြည်အလယ်ပိုင်းမှစတင်ဆင်းသက်လာရာရေမြေရာသီဥတုကြောင့် နေထိုင်ရာဒေသပေါ်မူတည်ပြီး စကားအသုံးနှုန်းအခေါ် အဝေါ်ကွဲးလွဲးသွားကြသည်။

ဝ ကို အစိုးရတပ်မတော် တကယ်တိုက်နိုင်မှာလား

ဓါတ်ပုံ- ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် အစိုးရတပ်မတော်
(ဆောင်းပါး)
ဆောင်းပါးရှင်- ခမ်းမိဏ်းဟွမ်
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - သျှမ်းပြည်နယ်စပ် တလွှားမှာ အစိုးရတပ်မတော် နဲ့ ဝ ပြည်သွေး စည်း ညီညွှတ်ရေးတပ်တော် တို့ သစ်ပြဿနာကြောင့်တွေ့ဆုံဖြေရှင်းမှု ပြေလည်သွားပြီ။ စစ်ရေးတင်းမာ မှုပြေ လျှော့ သွားပြီ- စသဖြင့်သတင်းတွေ ထွက်နေပေမယ့် လက်တွေ့က မီးခဲပြာဖုံး ကြိမ်မီးအုန်း သလို အချင်း ချင်း လက်သီးဆုတ် အိပ်ကပ်ဖုံး အပြုံးမျက်နှာနဲ့ ဟန်ဆောင်ဆက်ဆံနေကြတယ်ဆိုရင် လည်းမှားမယ် မထင် ပါဘူး။

လွှတ်တော်အမတ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ပုဒ်မ သျှမ်းလွှတ်တော် ကိုယ်စားလှယ်ဆွေးနွေး

ဓါတ်ပုံ-ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနု
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၃၉၆ (ခ) လွှတ်တော် ကိုယ် စားလှယ်အား တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်း ပုဒ်မနှင့်ပတ်သက်၍ သင့်ေ တ်ာသည့် ရာခိုင်နှုန်းကို တိုးမြင့်ပြီး အဆိုပါပုဒ်မအား ဆက်လက် ထားရှိရန် သျှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးမှ ဂျွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ် တော်အစည်းအဝေးတွင် တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။

မင်းကိုနိုင် ပြင်သစ် National Order of Merit ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

ပြင်သစ်နိုင်ငံက ပေးအပ်တဲ့ အမြင့်ဆုံး ဆုတံဆိပ်တခုဖြစ်တဲ့ National Order of Merit စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင် တဦးဖြစ်သူ ကိုမင်းကိုနိုင်ကို ချီးမြှင့် အပ်နှင်းလိုက်ပါတယ်။

KIA အဖွဲ့မှ မိုင်းထောင်နေမှုများကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ လခြမ်းတောင်အနီးတစ်ဝိုက်၌ ဇွန်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်ချက်အရ သိရသည်။

လူကို ပတ်ဝန်းကျင်မှာ ပျောက်သွားအောင် ဆွဲတဲ့ ပန်းချီ

ဆွစ်ဇာလန်မှ ပန်းချီပညာရှင် Filippo Ioco ဟာ Body painting ကို အထူးပြု တတ်မြောက်ကျွမ်းကျင်ပါ တယ်။ သူ့ရဲ့တီထွင်ဖန်တီးမှုများကို ယခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်နိုင်ရေး သူရဦးရွှေမန်း လူမှုကွန်ရက်တွင် ရေးသားဝေမျှ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်နိုင် ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအပါအ၀င် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သားပြန်လည် သင့်မြတ်ရေးကို အထောက်အကူပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ ကသူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှခဲ့သည်။
လက်ရှိလွှတ်တော်တွင် ပုဒ်မ၄၃၆(ခ) ပြင်ဆင်နိုင်ရေးကို စ တင်ဆွေးနွေးမှုများပြုလုပ်နေပြီး ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့သော ပုဒ်မ၄၃၆ (က)ကဲ့သို့ပင် အရေးကြီးပုဒ်မများသည် ပုဒ်မ ၄၃၆ (ခ)တွင်လည်း ပါဝင်ကြောင်း ပြည်သူများအား သူရဦးရွှေမန်းက ၎င်းသုံးစွဲနေ သော ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ဇွန်လ ၃၀ ရက်တွင် အသိပေးလိုက်ခြင်းဖြစ်သည်။

မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ သမဂ္ဂ ဖွဲ့စည်း

ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်း လိုက်ကြောင်း မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံများ ကုန်ကျစရိတ်လျှော့ချနိုင်ရန် အလုပ်သမားဖယ်ရီများငှားရမ်းပေးရန် အစိုးရစီစဉ်

စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ကျစရိတ်လျှော့ချပေးနိုင်ရန် အလုပ်သမားများအတွက် ကြို/ပို့ယာဉ်(ဖယ်ရီ)များကို ဈေး နှုန်းသက်သာစွာဖြင့် ငှားရမ်းပြေး ဆွဲပေးသွားရန် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း သ တင်းရရှိသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် စက်ရုံများ ကုန်ကျမှုစရိတ်လျော့နည်းသက် သာစေရန်နှင့် အလုပ်သမားများ အား လစာတိုးပေးနိုင်ရန်ရည်ရွယ် ၍ ယင်းသို့ဖယ်ရီပေးရန် စီစဉ်နေ သည်ဟု အလုပ်ရုံ၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
‘‘အလုပ်ရုံတွေအတွက် ဖယ် ရီတွေလုပ်သွားဖို့ရှိတယ်။စီစဉ်နေ တယ်ပေါ့။ လောလောဆယ်တော့ စက်မှုဇုန်ဥက္ကဋ္ဌတွေဆီကနေ သ ဘောထားမှတ်ချက် တောင်းခံ ထားတယ်’’ဟု ဦးဝင်းရှိန်က ပြော သည်။

နာဂသူပုန်နှိမ်နင်းတဲ့ အောင်မြင်မှုသတင်း အိန္ဒိယအပေါ် သံသယ၀င်

မြန်မာနယ်စပ် ဖြတ်ကျော်ပြီး နာဂသူပုန်တွေကို အိန္ဒိယစစ်တပ်က တိုက်ခိုက်ခဲ့ရာမှာ သေဆုံး၊ ဒဏ်ရာ ရမှုတွေ ကြီးမားခဲ့တယ်လို့ ကြေညာခဲ့အပြီး ရက်ပေါင်းအတော်အကြာမှာပဲ အခုလို နာဂသူပုန်တွေကို အပူတပြင်း ပစ်မှတ်ထား တိုက်ခိုက်မှုမှာ အမှန်တကယ် သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ အိန္ဒိယ ထောက် လှမ်းရေး အရာရှိတဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shaikh Azizur Rahman နယူးဒေလီမြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန်အသင်း နှစ်ဂိုး ဂိုးမရှိနဲ့ ဗိုလ်လုပွဲတက်

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဖိုင် နယ် ပထမ အကြိုဗိုလ်ပွဲအဖြစ် အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့ ဒေသ စံတော်ချိန် အင်္ဂါနေ့က ကစားကြတာမှာ အမေရိကန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

တည်ထောင်ပြီး တစ်နှစ်ကြာချိန်အထိ အိုင်အက်စ်အဖွဲ့ အင်အားကောင်းနေ

အယ်လ်ကိုင်ဒါအဖွဲ့ ၀င်ဟောင်းများ ဖွဲ့စည်းထားသည့် အိုင်အက်စ်အဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် ၎င်းတို့ သိမ်းပိုက်ထားသော ဒေသများ၌ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ကြောင်း ကြေညာပြီး နောက် တစ်နှစ်အကြာတွင် အမေရိကန်ဦးဆောင်သည့် စစ်ဘက်ဆိုင်ရာဖိအားများနှင့် ရင်ဆိုင် နေရသော် လည်း အင်အားအလွန် ကောင်းနေဆဲဖြစ်ကာ အဓိကမြို့ များကို ထိန်းချုပ်ထားနိုင်ဆဲဖြစ် ကြောင်း ကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောသည်။

အာရှလမ်းမကြီးပေါ်ရှိ ငွေကောက်ခံနေသည့် နယ်ခြားစောင့်ဂိတ်စခန်းတစ်ခု ပိတ်သိမ်း

အာရှလမ်းမကြီးတစ်နေရာတွင် ငွေကောက်ခံနေသည့် ဂိတ်တစ်ခု (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အာရှလမ်းမကြီးပေါ် တွင် ငွေကြေးကောက်ခံနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ လုံခြုံရေး ကင်းစခန်းတစ်ခု ကို ဇွန်လ ၃၀ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ထွက်ခွာပေးရန် ဆန္ဒပြတောင်းဆို ====== ဆန္ဒပြအဖွဲ့နှင့် ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့ဆုံ

ဇွန်လ၃၀ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်တွေ့နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
 ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ထွက်ခွာပေးရန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှကျောင်းသား ၅၀ခန့်က ရန်ကုန်မြို့တွင် ကန့် ကွက်ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ ၀င်များ ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ပြပွဲတွင်ရောင်းချသည့် ပတ္တမြားကို ယူရိုရှစ်သိန်းကျော်ဖြင့် မြန်မာကုန်သည်တစ်ဦးဝယ်ယူ

နေပြည်တော်ကျောက်မျက်ပြပွဲသို့ လာရောက်သည့် ကုန်သည်များ ကျောက်များကို ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ−နန်းအောင်)
နေပြည်တော်တွင်  ကျင်းပနေသည့်(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ပြပွဲ၌အခြေ ခံဈေးအမြင့်ဆုံး ယူရိုငွေ ခြောက် သိန်းဖြင့် တင်ရောင်းချခဲ့သည့် ပတ္တမြားကို ယူရိုရှစ်သိန်းကျော် ဖြင့် ပြည်တွင်းရတနာ ကုန်သည် တစ်ဦးက   ၀ယ်ယူသွားကြောင်း ကျောက်မျက်ပြပွဲ  ကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။

လားရှိုးတွင် နေအိမ်တစ်လုံးမီးလောင်ရာမှ သားအမိနှစ်ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ (၁)ရပ်ကွက်ရှိ အိမ်တစ်လုံးတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်း တိုင်မှတစ် ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထဲတွင် ရှိနေသည့် သားအမိနှစ် ဦးစလုံး မီးလောင်သေဆုံး သွားကြောင်း  သတင်းရရှိသည်။

KFC ဆိုင်ခွဲစတင်ဖွင့်လှစ်သည့်နေ့တွင် ၀ယ်ယူအားပေးသူများပြား၍ လူဦးရေအကန့်အသတ်ဖြင့်ရောင်းချရ

KFC ဆိုင်ရှေ့တွင် တန်းစီနေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)  
မြန်မာနိုင်ငံတွင် ပထမ ဆုံးဖွင့်လှစ်သည့်    အမေရိကန် တံဆိပ်  KFC  ကြက်ကြော်ဆိုင် သည် စတင်ဖွင့် လှစ်သည့် နေ့၌ပင် ၀ယ်ယူအားပေး သူများပြားခဲ့သဖြင့်ဆိုင်တံခါးများပိတ်၍ အလှည့်ကျစနစ်ဖြင့် လူဦးရေ ကန့်သတ် ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။

အမျိုးသမီးများကို အိုင်အက်စ်တို့ ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ခေါင်းဖြတ် ကွပ်မျက်မှုများ ပြုလုပ်နေပြီဟု သတင်းရရှိသည်။
ဆီးရီးယားတွင် အိုင်အက်စ်တို့သည် အနည်းဆုံး အမျိုးသမီး နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် ကမ္ဘာကျော် အစွန်းရောက် အကြမ်းဖက်သမားများသည် ယခင်က ၎င်းတို့၏ ရန်သူသုံ့ပန်းများနှင့် ဖမ်းဆီးထားသည့် ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ရက်ရက်စက်စက် သတ်ဖြတ်လာခြင်းဟု သိရသည်။

ပါလက်စတိုင်းသားဟု သံသယရှိသူတစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသားလေးဦး ဒဏ်ရာရ

ပါလက်စတိုင်းသား ဟု သံသယရှိသူတစ်ဦးက ကား ဖြင့် ဖြတ်မောင်းစဉ် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သိမ်းပိုက် ထားသော အနောက်ဘက်ကမ်း ခြေဒေသတွင် အစ္စရေးတို့ ဆောက်လုပ်ထားသည့် အိမ်ရာတစ်ခုအနီး၌ အစ္စရေးနိုင်ငံသားများ အုပ်စုတစ်ခုကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်ဘက်ကပြောသည်။
ဒဏ်ရာဆိုးဆိုးရွားရွား ရရှိ ထားသူတစ်ဦး အပါအ၀င် အ သက် (၂၀) ကျော်အရွယ် လူလေးဦးအား ဆေးကုသပေးနေရသည်ဟု အစ္စရေးလူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂန်ဒေးဗစ်အဒွမ်က ပြောသည်။

ဂျပန် ကျည်ဆန်ရထားပေါ် မိမိကိုယ်ကို မီးရှို့သူ တစ်ဦးနှင့် အခြားခရီးသည် တစ်ဦး သေဆုံး

ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား တစ်စီးပေါ်၌ လူတစ်ဦး မိမိကိုယ်ကို  မီးရှို့သတ်သေခဲ့ရာ ၎င်းနှင့်အတူ အခြား ခရီးသည် တစ်ဦးပါ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက် ဖြစ်စဉ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားကိုပါ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ဆီလောင်းပြီး မီးတင်ရှို့ခဲ့ရာမှ ပတ်ဝန်းကျင်ကို မီးကူးစက်ခဲ့ခြင်းဟု သိရသည်။