Thursday 30 July 2015

ဖုန်းနဲ့ ကွန်ပြူတာတွေကို အစိုးရက ဖောက်ထွင်းနေသလား



ပြည်တွင်းတွင် စောင့်ကြည့်မှုများ ပြုလုပ်ရန်အတွက် အီတလီနိုင်ငံမှ spyware ထုတ်လုပ်သည့် ကုမ္ပဏီတခုနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်မှ စတင်၍ ဆွေးနွေးနေခဲ့ကြောင်း WikiLeaks မှ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ဖော်ခဲ့သည့် အီးမေးလ်များအရ သိရသည်။

ဧရာဝတီမှ လေ့လာခဲ့သည့် WikiLeaks မှ အီးမေးလ်များ အရ Hacking Team ကုမ္ပဏီက မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့ကို “ဥပဒေနှင့်အညီ ကြားဖြတ်ဝင်ရောက်ခြင်း”နှင့် “သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကျူးကျော်မှုများ” ပြုလုပ်နိုင်ရန် ၀န်ဆောင်မှုများ ပေးမည်ဟု ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက် အထိ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

လူသတ်မှုဖြင့် မင်းအုပ်စိုးကို တစ်ကျွန်းချ၊ အယူခံမ၀င်ဟု ဆို

သရပါမဂ္ဂဇင်းအယ်ဒီ တာ မတေးနုယဉ်ကို သတ်ဖြတ်မှု ဖြင့်စွဲချက်တင်ထားသည့် သရုပ် ဆောင်မင်းအုပ်စိုးကို ဇူလိုင် ၂၉ ရက်တွင်ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
ယင်းပြစ်ဒဏ်မှာ မင်းအုပ်စိုး ကို စွဲချက်တင်ထားသည့်လူသတ် မှုပုဒ်မ ၃၀၂(၂)အရ အမြင့်ဆုံးချ မှတ်သည့်ပြစ်ဒဏ်ဖြစ်ပြီး အဆိုပါပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်ရန်အစီအစဉ်မရှိကြောင်း မင်းအုပ်စိုးက အမိန့်ချအပြီးတွင် တရားရုံးသို့လာရောက်သည့် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။

ပြည်နယ်သုံးခုရှိ ဒုက္ခသည်များအား အမေရိကန်က ကန်ဒေါ်လာလေးသန်းခွဲ ထောက်ပံ့မည်

ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ လေးသန်းခွဲထောက်ပံ့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါထောက်ပံ့ငွေကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့သို့ ယခုလတွင်ပေးအပ်ခဲ့ပြီး ကူညီထောက်ပံ့မှုများကို စက်တင် ဘာအထိ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒေသများ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြည်နယ်သုံးခုတွင်နေထိုင် ကြသည့် ပြည်တွင်းဒုက္ခသည်များ အတွက် စားနပ်ရိက္ခာထောက်ပံ့ ခြင်း၊ အလုပ်လုပ်၍ အစားအ သောက်ပေးခြင်းစနစ်တို့ဖြင့် ထောက်ပံ့ကူညီမည်ဖြစ်သည်။