စားသုံးသူ အခွင့်အရေးကို ထိရောက်စွာ ဖော်ထုတ်နိုင်ရန်နှင့် လုပ်ငန်းရှင်များ အနေနှင့် မိမိတို့ ထုတ်ကုန်ကို တာဝန်ယူမှု ရှိစေရန် ရည်ရွယ်၍ စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ ကုန်ပစ္စည်း အညွှန်းများကို ဖတ်ရန် မြန်မာ့စားသုံးသူသမဂ္ဂ ဥက္ကဋ္ဌ ဦးရန်လင်းက တိုက်တွန်း ပြောကြားသည်။
စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ အညွှန်းများကို ဦးစွာ ဖတ်သင့်ပြီး ဝယ်ပြီးပါကလည်း အညွှန်းတွင် ဖော်ပြထားသည့် အချက်အလက်နှင့် ကုန်ပစ္စည်း ညီညွတ်မှု မရှိပါက စားသုံးသူ ကာကွယ်ရေး အသင်းများနှင့် ဗဟိုအစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ အသိပေး တိုင်ကြားလိုသည်ဟု ၎င်းကဆိုသည်။