Friday 18 November 2011

NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ

သို့
NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ
သမိုင်းစဉ်လာတလျှောက် လေ့လာဆန်းစစ်လျှင် ရခိုင်တို့၏သမိုင်းမှတ်တမ်းများတွင် “ရိုဟင်ဂျာ” လူမျိုးဟူသော အသုံးအနှုံးဖြင့် မှတ်တမ်းတင်ခဲ့မှု စိုးစဉ်မျှမရှိခဲ့ပါ။ သူတို့၏မူရင်းဒေသဖြစ်သည့် ဘင်္ဂလား ဒေခ်ျ့နိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရပေ။ နောက်ထပ် အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရသည့်အပြင်။ မြန်မာနိုင်ငံသမိုင်းတွင်ရော ရိုဟင်ဂျာလူမျိုးဟူ၍ ရှိခဲ့ပါသလား။ D.G.E. HallA History of South-East Asia စာအုပ်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူသော ဝေါဟာရ အသုံးအနှုန်းကို တလုံးတပါဒမျှ မတွေ့ရှိရပေ။
ထို့အပြင် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီပြုအုပ်ချုပ်ခဲ့သည့် အင်္ဂလိပ်တို့၏ အလွန်တိကျသော ဂေဇက် မှတ်တမ်းများတွင် ယင်းအမည် ထည့်သွင်းမှတ်တမ်းတင်ထားခြင်း အလျဉ်းမရှိပါ။ ဗြိတိသျှဂေဇက်တီယာ Gazetteers မှတ်တမ်းများတွင် Arakanese Muslim ဟူ၍ မှတ်တမ်းတင် ပါရှိသူများသည် ကိုးကွယ်ယုံကြည်မှု မှလွဲ၍ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားတို့၌ ရခိုင်လူမျိုးနှင့် တူညီကြသည်။ ၄င်းတို့သည် ရခိုင်မင်းများ လက်ထက်ကပင် ဒေသတွင်းအပြန်အလှန် ဆက်ဆံရေးများကြောင့် ရခိုင်ဒေသသို့ ရောက်ရှိအခြေစိုက် နေထိုင် ခဲ့ကြသူများ ဖြစ်ကြသဖြင့် နေထိုင်မှုသက်တမ်း ကြာရှည်လာသည်နှင့်အမျှ ဘင်္ဂလီဘာသာစကား ပြောဆိုခြင်း အလျဉ်းမရှိသော ရခိုင်ဒေသတွင် ၄င်းတို့သည်လည်း ဘင်္ဂလီစဘာသာစကား လုံးဝမပြောတတ်ကြပေ။