Thursday 16 January 2014

လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့

PhotoPhotoPhoto
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ် အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ

Photo: UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ
Thursday, January 16, 2014

ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆)မြို့နယ် ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။ အလားတူပဲ နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်တွေကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် ၂၀၀၈ဖွဲ့စည်းပုံဥပဒေ အာဏာစတင်တည်ခဲ့တဲ့၂၀၀၈ခုနှစ်၊မေလ ၂၉ ရက်နေ စပြီး သတ်မှတ်ခဲ့ပါတယ်။နာဂ၊ဓနု၊ပအိုဝ်း၊ပလောင်၊ကိုးကန့်စတဲ့ဒေသတွေက ဘာသံမှထွက်မလာခဲ့ပေမယ့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကတော့ ပေးထားတာထက်ပိုပြီး ထပ်တိုးပေးဖို့ တောင်းဆိုနေပါတယ်။

၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေသူတွေအနေနဲ့ ၀ တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့သင့်၊မသင့် စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ထပ်တိုးပြီး တောင်းဆိုထားတဲ့ နေရာဒေသ တွေမှာ နေထိုင်တဲ့လူဦးရေအရ ဆုံးဖြတ်မယ်ဆိုရင် ရှမ်းလူမျိုးတွေကပိုများနေပါတယ်။ လက်ရှိမှာလည်း ရှမ်းလူမျိုးတွေက ၀ တွေရဲ့တောင်းဆိုချက်ကို ကန့်ကွက်နေကြပါတယ်။ ၀တွေဟာ UWSA ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းပြီး သူတို့နယ်မြေကို ကာကွယ်ထားသလို ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ၀ မဟုတ်တဲ့ လူမျိုးတွေကိုလည်း မူးယစ်ဆေးဝါးနဲ့တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

ဟိုအရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) လက်အောက်မှာ နေစဉ်ကတည်းက ၀ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ စီးပွားရေးရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင် ဘ၀နဲ့ ဘိန်းကနေတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အဆင့်မြှင့်ထုတ်လုပ်လာခဲ့တာဒီကနေ့အထိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတာဟာ ၀ တွေ ကြောင့်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကနေရတဲ့ငွေကြေးတွေနဲ့ အဆင့်မြင့်လက်နက်တွေ၊ လေယာဉ်ပျံတွေ ၀ယ်ယူထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်နိမိတ်ကို တိုးမြင့်တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဝတွေရဲ့နောက်မှာ တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပါတယ်။ ၀ တွေမူးယစ်ဆေးဝါး ထုတ်လုပ်နေမှန်းသိလျက်နဲ့ မသိချင်ယောင်ဆောင်နေတာတရုတ်ရဲ့မူဝါဒဖြစ်ပါတယ်။ သူတို့မှာ အမြဲတန်း ရန်သူ၊အမြဲတန်းမိတ်ဆွေဆိုတာမရှိပေမယ့် အမြဲတန်းအကျိုးစီးပွားဆိုတာတော့ ရှိနေပါတယ်။မြန်မာပြည်ထဲ မှာ တရုတ်တွေ ၀င်ရောက်ခြယ်လှယ်နေသလို နယ်စပ်ဒေသတွေမှာလည်း သူတို့ချယ်လှယ်နေပါတယ်။ အထူးသဖြင့် UWSAလို့ ခေါ်တဲ့ ၀ တပ်တွေကိုလက်နက်တပ်ဆင်ပေးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုကို မသိချင်ယောင်ဆောင်နေတာဟာ ရှမ်းပြည်နယ်ကို တည်ငြိမ်မှုမရှိအောင်လုပ်နေတာဖြစ်ပါတယ်။

ဝ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေအနေနဲ့ မူးယစ်ဆေးဝါြးေ ကာင့် အလွန်အမင်းချမ်းသာကြွယ်ဝနေ ပေမယ့် ၀ ငယ်သားတွေကတော့ တောထဲတောင်ထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ အသေခံနေကြရပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ထောင်ကျတဲ့အကျဉ်းသားတွေမကြာမကြာပြန်လွှတ်ပေးနေတော့ အခုအခါ မှာ မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျနေတဲ့ ၀ တပ်ဖွဲ့ဝင်တွေလည်း ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ဒီလူ တွေအဖို့တော့ ငွေကြေးအမြောက်အများကို တစ်လုံးတစ်ခဲတည်းရတဲ့လုပ်ငန်းဟာ မူးယစ်ဆေးဝါးပဲဖြစ်တာမို့ လို့သူတို့ဟာမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ရေးတွေနဲ့ပဲ သံသရာလည်နေတော့မှာဖြစ်ပါကြောင်း တင်ပြ လိုက်ပါတယ်။

Credit to - လုံတ
ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း) မြို့နယ်(၆ )မြို့နယ်ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့် သွင်း သတ်မှတ်ထားပါတယ်။

သာသနာပြုခြင်းကို လူမှုရေးလုပ်ငန်းနှင့် တွဲလုပ်ခြင်းဖြင့် အမျိုးစောင့်နိုင်ဟု သီတဂူဆရာတော် အရှင်ဉဏိဿရမိန့်

ရဟန်းသံဃာတော်ပေါင်း သောင်းချီတက်ရောက်သော မန္တလေး သံဃညီလာခံတွင် သီတဂူဆရာတော် အရှင်ဉဏိဿရက အမျိုးဘာသာ သာသနာအရေးများနှင့် ပတ်သက်ပြီး သဘောထားများကို မိန့်ကြားခဲ့ သည်ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

ကားပေါ်တွင်ဆေးကုသမှုပေးမည့် NLD ကျန်းမာရေးကွန်ရက်၏ လူနာတင်ယာဉ် ဧပြီတွင် စသုံးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားကျန်းမာရေးကွန်ရက်၏ အရေးပေါ် ဆေးကု သမှုပြုလုပ် နိုင်သော (Emergency Medical Service) လူနာတင်ယာဉ်ကို လာမည့် ဧပြီလကုန်ပိုင်းတွင် စတင်အ သုံးပြုနိုင်ရန် စီစဉ်နေသည်ဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

လားရှိုးမြို့က အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသို့ရောင်းစားသူ ဖမ်းမိပြီ

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရှိ သစ်ခွခြံတွင် အလုပ်ရမည်ဟု စည်း ရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့်ကို အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဖမ်းမိပြီဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း

လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်းခံခြင်းလည်း ဖြစ်သည်။

NLD လူငယ်များ အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းရန် ဒေါ်စုပြော

NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့်အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမကို ပြောသည်။

နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရမည်

ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးနေသေးသည့် မြန်မာနိုင်ငံတွင်၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ဘဏ်များ စတင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းသည်ထိ ဆောင်ရွက်မည်ဟု သံဃာ့ညီလာခံ ထုတ်ပြန်

မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တွင် ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည် သံဃာ့ညီလာခံက အချက် ၁၁ ချက်ပါ ကြေညာချက်တစ် စောင်ကို ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

ကျူးကျော်များနှင့် ဒေသခံများ အပြန်အလှန်ရိုက်နှက်၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်း

လှိုင်သာယာ-တွံတေး တံတားအနီး ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲထိုးနေထိုင်သူများနှင့် ကျူးကျော်တဲ များကို ဖျက်သိမ်းသူ ဒေသခံရွာသားများအကြား အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားလာသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ထောင်ပစ်ကာ လူစုခွဲပြီး ကျူးကျော်နေထိုင်သူအချို့ကို ခေတ္တထိန်းသိမ်းထားသည် ဟု တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြုပြောသည်။

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်


 
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ခရီးသည်တင် ဘတ်စ်ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း JICA မှ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ တာကာရှိရှိုးယာမက ပြောကြားသည်။

မူးယစ်ဆေးပြဿနာတွင် အိမ်သုံးဆေး တရားမ၀င်သယ်ဆောင်ခြင်းလည်း ပါဝင်နေ

ပြည်တွင်းတွင် ဖြစ်ပွားနေသော မူးယစ်ဆေးပြဿနာများတွင် ဆူဒိုအက်ဖီဒရင်းပါဝင်သည့် အိမ်သုံးဆေး များ တရားမ၀င်သယ်ဆောင်ခြင်းက အဓိက ခြိမ်းခြောက်မှုများဖြစ်နေသည်ဟု မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ဇန်န၀ါရီ ၁၅ ရက်တွင် ပြောသည်။

သမ္မတအရည်အချင်းသတ်မှတ်ချက် စစ်ရေးအမြင်ရှိရုံဖြင့် မပြည့်စုံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဖြစ်သည့် သမ္မတလောင်းအရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် စစ်ရေးအမြင်ရှိရမည်ဆိုသည်မှာ ပြည့်စုံမှုမရှိကြောင်း၊ ၎င်းပုဒ်မကို ရွေးချယ်မှု သုံးခုတို့ဖြင့် တဖြည်းဖြည်းပြင်သွားနိုင်ရန် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာ တင်သွင်းခဲ့သော ပြည် ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာရေး သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်

ပညာရေးကဏ္ဍတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ရုပ်ပတ်ဝန်းကျင် ကောင်းများ ဖြစ်ပေါ်လာရေးအတွက် သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေ သည်ဟု ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းရေးအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် (၂)ဖြစ်သူ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရည်က မဇ္ဈိမကို ပြောသည်။

သဘာဝသယံဇာတထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး ဧရာဝတီတွင် တိုင်းအဆင့်ဖွဲ့စည်း

သဘာဝသယံဇာတတူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေး အရပ်ဘက် လူမှုအဖွဲ့အ စည်းများ အမြင်ဖွင့်ခြင်းနှင့် ဧရာဝတီတိုင်း အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ပုသိမ်မြို့၊ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရုံးတွင် ဇန်န၀ါရီလ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပခဲ့သည်။

RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် တာဝန်မှ အနားယူလို

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတပ်မတော်ဟု လူသိများသလို ရှမ်းပြည် တောင်ပိုင်း တပ်မ တော်ဟုလည်း လူသိများသည့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က မိမိ၏နေရာကို ၀င် ရောက် တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင်ရှိခဲ့ပါက RCSS/SSA ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုသည်ဟု ဌာနချုပ်၌ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

အလုပ်ရပ်စဲမှုဆိုင်ရာညွှန်ကြားချက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကန့်ကွက်မည်

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်ရပ်စဲမှုဆိုင်ရာ ဆောင်ရွက်ရန် ညွှန် ကြားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ (ယာယီ) အနေဖြင့် ကန့်ကွက်စာပေးပို့သွား မည်ဟု ဇန်န၀ါရီ ၁၅ ရက်တွင် ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ)ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားသမဂ္ဂ(ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

တစညပါတီ ၁၈၉ မြို့နယ်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးစီ ၀င်ပြိုင်မည်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အ နည်းဆုံး ၁၈၉ မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တစ်မြို့နယ် အမျိုးသမီးကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းရီက မဇ္ဈိမကို ဇန်န၀ါ ရီ ၁၅ ရက်တွင် ပြောသည်။

★ ★ ★ ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒ ★ ★ ★ (ကောက်နှုတ်ချက်အချို့)

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။

“ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်”

“ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်”
★★★★★★★★★★★★★★★★★★★★★★★★★★★★★

တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမိုပျော်ရွှင်နေ တတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။

(၁) 'အကောင်းမြင်တတ်ပါတယ်'
+++++++++++++++++++++
ပျော်ရွှင်စွာနေတတ်သူတွေဟာ မကောင်းတဲ့အရာတွေ ဖြစ်ပေါ်လာတာကို
လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။
အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံးမှားမှာပဲလို့
ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

(၂ ) 'အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ်ကြပါတယ်'
+++++++++++++++++++++++++++++++
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ(Negative)အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။
ချီးကျူးရမှာက ၁၀ခု ရရှိပြီး မကျေနပ်တာ တစ်ခုရှိနေမယ်ဆိုရင်
သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ရှိသလဲ။ ပျော်ရွှင်စွာနေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။
အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

(၃) 'ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်'
+++++++++++++++++++++++++++
ပျော်ရွှင်စွာနေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။
လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။
သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။
သင့်ကိုယ်သင် မေတ္တာပို့ပါ။

ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့်သူတွေကို မေတ္တာပို့ပါ။
ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။
အန္တရာယ်ကင်းစေ။ ကြင်နာတတ်ပါစေ…. အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။
အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

(၄) 'မိမိ ၀ါသနာပါရာအလုပ်ကို လုပ်တတ်ကြပါတယ်'
++++++++++++++++++++++++++++++++++
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ
သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်။

နည်းစနစ်ကျကျအတွေးအခေါ်' 

တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမိုပျော်ရွှင်နေ တတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။

(၁) 'အကောင်းမြင်တတ်ပါတယ်'
+++++++++++++++++++++