Tuesday 21 May 2013

မိတ္ထီလာ လူသတ်မှု နှစ်ရှည် ထောင်ဒဏ်များချ

Photo: မိတ္ထီလာ လူသတ်မှု နှစ်ရှည် ထောင်ဒဏ်များချ
Tuesday, May 21, 2013

မိတ္ထီလာမြို့ အဓိကရုဏ်းတွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံရသူ ၇ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်းအပါအ၀င် ပြစ်ဒဏ် အသီးသီးကို ခရိုင်တရားရုံးက ချမှတ်လိုက်ပြီဖြစ်သည်။

တရားခံ ၇ ဦးကို ပြစ်ဒဏ် ချမှတ်လိုက်သော်လည်း ­­­အဓိက တရားခံ ၄ ဦးလွတ်မြောက်နေသေးခြင်းက အငြင်းပွားစရာဖြစ် နေသေးကြောင်း ၎င်းတို့၏ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။

“ အမိန့်ချတာမှာ ပြစ်ဒဏ်နဲ့ပြောစရာရှိတာဆိုလို့ တစ်ဖက်နဲ့ တစ်ဖက် ထွက်ဆိုတာချင်း မတူတာပဲ ရှိတယ်။ တရားရုံးရဲ့ စစ်ဆေးတာလည်း ပွင့်လင်းမြင်သာတယ်။ ဥပဒေနဲ့လည်း ညီပါတယ်။ ပြစ်ဒဏ်ချခံလိုက်ရတဲ့သူတွေထဲက ၁၀ နှစ်အထိ ချ မှတ်ခံရတဲ့သူတွေ မိတ္ထီလာထောင်မှာပဲ ထားမှာ။ ၁၀ နှစ်အထက်ကိုတော့ မြင်းခြံထောင်မှာထားမှာ” ဟု ၎င်းက ဆိုသည်။

အဓိက တရားခံ ကိုမြတ်ကိုကို(ခ) အဏ္ဏ၀ါကို ခရိုင်တရားရုံးမှ လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အလုပ်နှင့် ထောင်ဒဏ် တသက်တကျွန်း( နှစ် ၂၀ ) ၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်သည်။

တရားခံ မျိုးထွန်းထွန်း၊ မျိးချစ်(ခ)မျိုးညွန့်ဦး၊ ဖိုးချို တို့ ၃ ဦးကို လူသတ်မှု အားပေးကူညီမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၀၂/၁၁၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ သာသနာညှိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို ခရိုင်တရားရုံးမှ ချမှတ်လိုက်သည်။

ထို့အပြင် တခြားတရားခံ ဇော်ထက်နိုင်နှင့် မျိုးဝင်း(ခ)ဒါဂျိဂန်တို့ ၂ ဦးကို တရားမ၀င် လူစုလူဝေးဖြင့် ဆူပူဖန်တီးမှု ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်စီ ခရိုင်တရားရုံးမှ ချမှတ်လိုက်သည်။

မြို့နယ်တရားရုံးမှ အဆိုပါ တရားခံ ၇ ဦးထဲမှ ၃ ဦးကို ထပ်မံတရားစွဲဆို ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

မြို့နယ်တရားရုံးမှ တရားခံ ဇော်ထက်နိုင်နှင့် မျိုးထွန်းထွန်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်သောကြောင့် တရားခံ ဇော်ထက်နိုင်သည် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်၊ မျိုးထွန်းထွန်းသည် ထောင်ဒဏ် ၁၆ နှစ်ဖြစ်သွားကြောင်း၊ တရားခံ ဖိုးချိုကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၇ နှစ်၊ ပညာရေးမှူးရုံးကို မီးရှို့ရာ တွင် အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံရ ကြောင်း သိရသည်။

အသက်မပြည့်သေးသည် တရားခံ ညီညီနိုင်ကို ကလေးသူငယ်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၁၄၄ အရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၂၉၅(က) အရ ထောင်ဒဏ် ၂ နှစ် ကို ပြစ်ဒဏ် ၃ ရပ်လုံး တပေါင်းထဲ ကျခံစေရန် အမိန့်ချမှတ် ခဲ့သည်။

“ ညီညီနိုင်ကတော့ စုစုပေါင်း ၁၁ နှစ် ချမှတ်တယ်ဆိုပေမယ့် ကလေးသူငယ်တွေကို ၇ နှစ်ထက် အများဆုံး ပိုချလို့မရတဲ့ အတွက် သူက ၇ နှစ်ပဲ ကျခံရမှာပါ” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ထို့အပြင် အဓိကရုဏ်း ဖြစ်ပွားခဲ့သော ဒေသများတွင် ထုတ်ပြန်ထားသော အရေးပေါ်ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို ထပ်မံ သက်တမ်းတိုးရန်အတွက် ယနေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၏ အရေးပေါ် အစည်းအဝေးတွင် သက်တမ်းတိုးသင့် မသင့်နှင့် ပက်သက်ပြီး လွှတ်တော်ကိုယ် စားလှယ် ၁၃ ဦးမှ ဆွေးနွေးတင်ပြကြပြီး နောက်ဆုံး အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဆွေးနွေးကြသူ လွှတ်တော်ကိုယ်စားလှယ်များတွင် အများစုက သက်တမ်းတိုးရန် ထောက်ခံဆွေးနွေးခဲ့ကြကြောင်း၊ ထုတ် ပြန်ချက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သောကြောင့်  မိမိအနေဖြင့် ထောက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

ထိုသို့ မိတ္ထီလာမြို့နယ်တွင် အရေးပေါ်ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးရန်လိုအပ်မည်ဟု ထင်မြင်ကြောင်း၊  လက်ရှိအနေအ ထားအရ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး  ဦးတင်မောင်စိုးက  ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အစ္စလမ်ဘာသာဝင် ဒုက္ခသည်များ နေရပ်ပြန်ရာတွင် ဒေသခံတချို့၏ လက်မခံသော အခြေအနေကြောင့် နေရပ် မပြန်နိုင်ခြင်းများလည်း ရှိနေသေးကြောင်း၎င်းက ဆက်ပြောသည်။

“ ဘုန်းကြီးကျောင်းနဲ့ နီးတဲ့နေရာတို့၊ အဓိကရုဏ်းဖြစ်ခဲ့တဲ့ နေရာတို့က ဒေသခံတွေက အစ္စလမ်ဒုက္ခသည်တွေကို လက်မခံသေးဘူး။ နောက်ပြီး  ကြောက်လန့်တကြားနဲ့ တခြားနေရာတွေကို ထွက်ပြေးသွားတဲ့သူတွေကိုလည်း ပြန်လက်ခံဖို့လုပ်ရဦးမယ်” ဟု ဦးတင်မောင်စိုးက ဆိုသည်။

လက်ရှိ မိတ္ထီလာပဋိပက္ခကြောင့် ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင် စုစုပေါင်း ၇၄ ဦးကိုဖမ်းဆီးကာ ဥပဒေအရ တရားရုံးတင် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ အမှုများတွင် လူသတ်မှုက အများဆုံးဖြစ်ကြောင်း၊ နေအိမ်များ၊ ဆိုင်ခန်းများကို ဖျက်ဆီးမှု၊ မီးရှို့မှုများလည်း ပါဝင်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထို့အပြင် ယနေ့အချိန်အထိ ဖမ်းဆီးထားသူများထဲမှ အမိန့်ချ အရေးယူခဲ့သူများမှာ ရွှေဆိုင်ပိုင်ရှင်အပါအ၀င် ၃ ဦးနှင့် ယခု ဘုန်းတော်ကြီးကို သတ်သည့်အမှုမှ ၇ ဦးတို့သာရှိသေးပြီး တခြားသူများကိုလည်း မကြာခင်အချိန်အတွင်း အမိန့်ချ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ
မိတ္ထီလာမြို့ အဓိကရုဏ်းတွင် ဘုန်းတော်ကြီး ဦးသောဘိတကို သတ်မှုဖြင့် တရားစွဲဆိုခံရသူ ၇ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်းအပါအ၀င် ပြစ်ဒဏ် အသီးသီးကို ခရိုင် တရားရုံးက ချမှတ်လိုက်ပြီဖြစ်သည်။

မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး

မန္တလေးတွင် ဖုန်းတန်းစီရာမှ လူခြောက်ဦး မူးလဲ၊ တစ်ဦးသေဆုံး
.......................................................................
မန္တလေး၊ မေလ ၂၀

မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီတန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။

သေဆုံးသူမှာ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ပုရစ်နှင့် အရက် သောက်စားထားပြီး ည ၇ နာရီခန့်တွင် ၁၅၀၀ တန်ဖုန်းတန်းစီရန် ထိုင်နေစဉ် မူးလဲခဲ့သဖြင့် ဆေးခန်းသွားပြပြီးနောက် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းရပ်ကွက် ဒေသခံ များက ဆိုသည်။

အဆိုပါ ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်း ဝယ်ယူခွင့်ရရေး တန်းစီစောင့် ဆိုင်းရာ မေလ ၂၀ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ် မာလာအရှေ့ရပ်ကွက် တွင်လည်း အမျိုးသမီး ခြောက်ဦးခန့် မူးလဲခဲ့ကြောင်း အဆိုပါ ရပ်ကွက်ဒေသခံ အချို့နှင့် ရပ်ကွက်မီးသတ် အရန်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၁၅၀၀ ကျပ်တန်ဖုန်းကတ် ရရှိရေးအတွက် မေလ ၁၉ ရက်နေ့ ညပိုင်းက စတင်၍ လူရာချီ တန်းစီစောင့်ခဲ့ပြီးနောက် နေရာလု ရန်ဖြစ်ခြင်းကြောင့် ယင်းကဲ့သို့ အမျိုးသမီး အချို့ မူးလဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

"ရှူဆေးနဲ့ ပြုစုပေးလိုက်တာ ကောင်းသွားတယ်။ ဆေးရုံပို့စရာမလိုလို့ မပို့ပါဘူး"ဟု မာလာအရှေ့ရပ်ကွက် အရန်မီးသတ်ရုံးမှ ဦးစိုးပြေဝင်းက ပြောဆိုသည်။

ဒုတိယအကြိမ် ရောင်းချပေးခဲ့သည့် ၁၅၀၀ ကျပ်တန်ဖုန်းကတ် တန်းစီဝယ်ယူ သူများကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် မန္တလေးတိုင်းဒေသကြီး ရပ်ကွက်အချို့တွင် မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည် ရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice သို့ ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွက် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းကတ် ၆၈၃၉၅ ခုခွဲတမ်းရရှိရာ မန္တလေးခရိုင် အတွင်းရှိ မြို့နယ်တစ်မြို့နယ်လျှင် ၁၅၀၀ တန်ကတ်ခွဲတမ်း လေးထောင် သတ်မှတ် ပေးထားပြီး ဖုန်းကတ်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များမှ တစ်ဆင့် မေ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် စတင် ရောင်းချပေးခဲ့သည်။

The Voice Weekly

မန္တလေးတိုင်းဒေသကြီးရှိ ရပ်ကွက် နှစ်ခုတွင် ဒုတိယအကြိမ် ထပ်မံရောင်းချ ပေးသည့် ကျပ်၁၅၀၀ တန်ဖုန်းဝယ်ယူရန် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်မှစတင်၍ ရပ်ကွက်ရုံးရှေ့တွင် လူထောင်ချီ တန်းစီ စောင့်ဆိုင်းရာမှ လူခြောက်ဦး မူးလဲပြီး တစ်ဦးသေဆုံးမှု မေလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူများက ပြောကြားသည်။

" ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် မက်ဆီ မပါဝင်"

" ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် မက်ဆီ မပါဝင်"
 ==================================

ယနေ့ မေလ ၂၁ နေ့က နာမည်ကျော် အားကစားသတင်းစာမျက်နှာဖြစ်သော The Sun Football မှရွေးချယ်သော ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်ကို ထုတ်ပြန်ကြေငြာလိုက်ပြီး ဘာစီလိုနာအသင်း၏ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီ ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့၇သည်။ 

ယခုနှစ် ချန်ပီယံလိဂ်တွင် All-German 
Champions League final ဖြစ်ခဲ့ပြီးနောက် ဖိုင်နယ်ရောက် ဂျာမန်အသင်းများမှကစားသမားများဖြစ်ကြသော လီဝန်ဒေါစကီး၊ဖီးလစ်လမ်း၊ ရှဝိုင်းစတိုင်ဂျာ 
စသောနာမည်ကြီးကစားသမားများပါဝင်ပြီး စပိန်ကလပ်များမှ   ရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)၊  ဇာဗီ (ဘာစီလိုနာ) တို့သာ အရွေးချယ်ခံရသည်။ 

၎င်း ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်တွင် ရီးရဲမက်ထရစ်မှ (၁) ဦး၊ ဘာစီလိုနာမှ (၁)ဦး၊ ဂါလာတာစာရေးမှ (၁)ဦး၊ ဒေါ့မွန်မှ (၃)ဦး၊ ဘိုင်ယန်မြူးနစ်မှ(၃)ဦးနှင့်  မာလာဂါအသင်းမှ (၂)ဦး ပါဝင်ခဲ့သည်။ z

photo - the sun
ယနေ့ မေလ ၂၁ နေ့က နာမည်ကျော် အားကစားသတင်းစာမျက်နှာဖြစ်သော The Sun Football မှရွေး ချယ်သော ချန်ပီယံလိဂ်အကောင်းဆုံး ၁၁ ယောက်ကို ထုတ်ပြန်ကြေငြာလိုက်ပြီး ဘာစီလိုနာအသင်း၏ နာမည်ကျော်ကစားသမား လီယွန်နယ်မက်ဆီ ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့၇သည်။

တရုတ်သံ အမတ်ကြီး မဒေးကျွန်း ကို လာေ ရာက်လေ့ လာ

Photo: တရုတ်သံအမတ်ကြီး မဒေးကျွန်းကို လာရောက်လေ့လာ

မေလ ၂၁ ရက် ၂၀၁၃ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီးနဲ့အတူ အဖွဲ့ဝင် ၂၀ ခန့် လိုက်ပါလာပြီး မဒေးကျွန်းမှာရှိတဲ့ တရုတ်နိုင်ငံပိုင် CNPC ရုံးကနေတစ်ဆင့် ပြိန်ရွာ မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံ ၅၀ လောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ မဒေးကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ မဒေးကျွန်းကို သူကစိတ်ဝင်စားတယ်၊ မဒေးကျွန်းက ရေမြေရေခံကောင်းတယ်တဲ့၊ သူတို့ မဒေးကျွန်းကအရမ်းကို တိုးတက်လာမယ်ပေါ့၊  နောက်မှာ မဒေးကျွန်းဟာ တော်တော်လေး အဆင်ပြေလာမယ်ပေါ့ပြောတယ်၊ ကျနော်တို့ ကမေးတယ်၊ မဒေးကျွန်းကို လာရင်းကိစ္စ ဘာကိစ္စလဲမေးတယ်၊ သူကဒီဟာမဖြေဘူးဗျ၊ မဒေးကျွန်းကို ရောက်ဖူးချင်လို့လာတာ ဒီလိုပုံစံမျိုးပြောတယ် "

သံအမတ်ကြီးရဲ့ အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့လက မဒေးကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ CNPC ရုံးရှေ့ ဆန္ဒပြတောင်းဆိုမှုတွေအပြီး ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံတွေအနေနဲ့ မဒေးကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ တရုတ်ရေနံပိုက်လိုင်း စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုတွေအတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က CNPC ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အခု လက်ရှိမှာ တောင်းဆိုချက်ထဲမှာပါဝင်တဲ့ ကျေးရွာချင်းဆက် မြေသားလမ်းတွေကို အစိုးရက စတင်ဖောက်လုပ်ပေးနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စစ်ပြင် ဆင် မှု ကြား ထဲ က KIA နှင့် အစိုး ရ ဆွေးနွေး ပွဲ

Photo: စစ်ပြင်ဆင်မှု ကြားထဲက KIA နှင့် အစိုးရ ဆွေးနွေးပွဲ

မေလ ၂၁ ရက် ၂၀၁၃ 

အစိုးရ တပ်ဖွဲ့များသည် ကချင် လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ်  တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ ချထား လာနေသဖြင့် သဘော တူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက် သွားဖွယ်ရာ ရှိနေကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။ 

“တွေ့ဆုံပွဲက မေလ ၂၅ ရက်နေ့လဲ ပြောတယ်။ ၂၈ ရက်နေ့လဲ ပြောနေကြတယ်။ ကျနော့် အမြင်က ဖြစ်လာနိုင်ချေ နည်းလာနေတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အစိုးရ ကားတန်းတွေ မန္တလေး ကနေ ကသာ- ဗန်မော် နဲ့ မြစ်ကြီးနား ဘက်ကို တက်လာနေတာ တွေ့နေရတယ်။ ဒါတောင် မကဘူး မြစ်ကြီးနား မြို့မှာလဲ ခါတိုင်းထက် လုံခြုံရေး တင်းကြပ် ထားတယ် ဆိုတော့ KIA ကို ဖိအားပေး သလို ဖြစ်နေမလားပေါ့” ဟု ဆိုပါသည်။

အဆိုပါ စစ်ကားတန်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သံချပ်ကာ အပါဝင် စစ်ကား အစီးပေါင်း များစွာ တက်လာ ခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ထိုစစ်ကားများသည် မန္တလေးမှ တဆင့် မြစ်ကြီးနား မြို့သို့ လည်းကောင်း၊ မန္တလေးမှ ဗန်မော်မြို့သို့ လည်းကောင်း ပို့ဆောင် ထားသည်ဟု ဆိုပါသည်။

သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ထိုစစ်ကား တန်းများသည် ပုံမှန် တပ်များ လဲလှယ်ရေး အတွက်သာ ချီတက် သွားနေခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ်တွင် မီဒီယာများအား ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ လေ့လာ စောင့်ကြည့် သူများကမူ သံချပ်ကာ ကားသည် ပုံမှန် တပ်ပြောင်းလဲရန် အတွက် မဖြစ်နိုင်ကြောင်း ဆိုပါသည်။  

“ သူတို့က တပ်ဖလှယ်တယ်ဘဲ ပြောတယ်။ အခု ချီတက်နေတဲ့ သံချပ်ကာ ကားတွေကို မိုးကောင်းဖက် ပို့ထားပြီး ဖားကန့်ဖက်က KIA တွေကို တိုက်ဖို့ ပြင်ဆင် ထားသလိုမျိုး ဖြစ်နေတယ်။  အဲဒီလိုပါဘဲ လိုင်ဇာ ဘက်ကို ဦးတည် တက်သွားနေတဲ့ သံချပ်ကာ ကားတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါတွေကို ကြည့်ခြင်း အားဖြင့် လိုင်ဇာကို အပြီး သိမ်းဖို့လား ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ် ” ဟု မျက်မြင် တစ်ဦးက ဆိုပါသည်။

ထို့အပြင် လိုင်ဇာ အနီး ပတ်ဝန်းကျင်၌ ရှိသော အစိုးရ တပ်စခန်းများ တွင်လည်း ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ ကတည်းက တပ်အင်အားများ ဖြည့်တင်းထား သည်ဟု KIO/KIA အရှိများက ဆိုပါသည်။

ဤကဲ့သို့ KIA နယ်မြေ ထဲတွင် အကြီးစား စစ်ရေး ပြင်ဆင်မှု ပြုလုပ်ပြီး ကာမှ လာမည့် မေလ ၂၈ ရက်နေ့တွင် KIO နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း အဆိုပြုခြင်းသည် စစ်မှန်သောငြိမ်းချမ်းရေး အတွက် ရည်ရွယ်ခြင်း မဖြစ်နိုင်ဘဲ အကြပ်ကိုင် လိုခြင်းသာ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်က ဆိုပါသည်။

“ မေလ ၂၈ မဟုတ်ရင် ၃၀ ရက်နေ့ မှာ တွေ့ကြဖို့ KIO က ကမ်းလှမ်း ထားပါတယ်။ အစိုးရ ဖက်ကတော့ ၂၈ ရက်နေ့မှာ တွေ့ကြမယ်လို့ အကြောင်းပြန်ပါတယ်။ ဒါပေမဲ့ KIA က တောင်းဆို ထားတဲ့ ပြည်ပကြားလူတွေ ပါရေးမပါရေး ကိစ္စရယ်၊ ပြီးတော့ ဒီလောက်တောင် စစ်ရေး အင်အားတွေ တိုးချဲ့နေမှတော့ ဆွေးနွေးပွဲဖြစ်လာပါ့ မလားကိုတော့ သဲသဲကွဲကွဲ မသိရသေးဘူး။” ဟုဆိုပါသည်။

၎င်းအပြင် ယင်းတွေ့ဆုံဆွေးနွေး ပွဲသို့ မည်သည့် ပုဂ္ဂိုလ်များ တက်ရောက် မည်ကိုလည်း မသိရသေး ကြောင်း အကျိုးတော်ဆောင် တဦးဖြစ်သူ လမိုင်ခွန်ဂျာက ဆိုပါသည်။

ဤကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု သတင်းဖြစ်ပေါ်နေသော်လည်း KIO ဖက်မှ တရားဝင် ထုတ်ဖေါ်ပြော ကြားခဲ့ခြင်း မရှိသေးဟု KIA အရာရှိ တစ်ဦးက ဆိုပါသည်။

အစိုးရ တပ်များသည် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် KIA အား ကမ်းလှမ်းနေသလို တဖက်တွင်လည်း စစ်ပြင်ဆင်မှုများ တိုးချဲ့ထားသည့် အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဒေသ တွင် နေ့စဉ်နှင့် အမျှ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေပါသည်။

ရွှေဟင်္သာ
အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေး KIO/ KIA အဖွဲ့အပေါ် တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ချထား လာနေသဖြင့် သဘောတူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်သွားဖွယ်ရာ ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးက ဆိုပါသည်။

တောင်ကိုရီးယား အခြေစိုက် KIA ကား ကုမ္ပဏီ ၏ တရားဝင် ကားအရောင်းပြခန်း မေ ၁၉ ရက်တွင် ဖွင့်လှစ်

Photo: တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ တရားဝင် ကားအရောင်းပြခန်း မေ ၁၉ ရက်တွင် ဖွင့်လှစ်

မေလ ၂၁ ရက် ၂၀၁၃ 

တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။

KIA ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် ကိုယ်စားလှယ်အဖြစ် Super Seven Star Co.,Ltd (SSS) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခုပထမဦးဆုံး ကားအရောင်းပြခန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

''ကားအသစ်တွေချည်းပဲ ရောင်းချမှာပါ။ Saloon, SUVs နဲ့ Truck ကားတွေ ရောင်းမှာပါ။ အဲဒီအရောင်းပြခန်းမှာ KIA ရဲ့ ကမ္ဘာ့အဆင့်စံနှုန်းအတိုင်း ၀န်ဆောင်မှု ပေးသွားမှာပါ'' ဟု Super Seven Star Motors Industry Co.,Ltd ဒါရိုက်တာ ဦးကျော်သူရက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တောင်ကိုရီးယား နိုင်ငံထုတ် မော်တော်ယာဉ်များသည် ဈေးကွက်ဝေစု အနည်းအကျဉ်းသာ ရရှိထားသော်လည်း KIA ထုတ် SUVs ကားများကို မြန်မာပြည်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ SSS မှ တင်သွင်းရောင်းချ လျက်ရှိသော KIA ကားအမျိုးအစား အချို့မှာ Cerato, Quoris, Optima, Picanto, Rio, Sorento, Sportage, Mohave, Soul နှင့် K 2700 စသည့် မော်တော်ယာဉ်များ ဖြစ်သည်။ SSS သည် မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများ၊ တင်သွင်းမှု လုပ်ငန်းများကို ၁၉၉၃ ခုနှစ်ကတည်းက လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒဂုံအရှေ့ပိုင်း စက်မှုဇုန်တွင်လည်း နိုင်ငံတကာ အဆင့်မီ မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ SSS ကားအရောင်း ပြခန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ မိတ္ထီလာ၊ လားရှိုးမြို့ များတွင် ဖွင့်လှစ်ထားပြီး SSS မှထုတ်လုပ်သော ကားများနှင့် KIA, Hyundai, Foton, King Long ကားများ တင်သွင်းရောင်းချ လျက်ရှိသည်။

KIA ၀န်ဆောင်မှုနှင့် အပိုပစ္စည်း ရောင်းချမှုစင်တာကို SSS ၏ ၀န်ဆောင်မှုစင်တာတွင် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုစင်တာမှာ တောင်ဥက္ကလာပမြို့နယ် ရတနာလမ်း (ကျိုက္ကဆံအနီး) တွင် တည်ရှိကြောင်း သိရသည်။

KIA သည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပြီး ကမ္ဘာ့ကား အရောင်းရဆုံး စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် KIA ကားများကို ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး ၂၀၁၂ ခုနှစ်အတွင်း ယာဉ်စီးရေ ၁ ဒသမ ၆သန်း ကျော် ရောင်းချခဲ့ရသည်။

KIA ကားကုမ္ပဏီကို ၁၉၄၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေစိုက်ထားသည်။ KIA ကုမ္ပဏီ၏ အစုရှယ်ယာ ၃၃ ဒသမ ၉၉ ရာခိုင်နှုန်းကို တောင်ကိုရီးယား အခြေစိုက် ကမ္ဘာ့စတုတ္ထအကြီးဆုံး ကားကုမ္ပဏီဖြစ်သည့် Hyundai က ပိုင်ဆိုင်ထားပြီး ၂၀၁၂ ခုနှစ်အတွင်း ၀င်ငွေအမေရိကန် ဒေါ်လာ ၄၂ ဒသမ ၄၅ ဘီလျံ ရရှိခဲ့သည်။

Eleven 
တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။

ပင်လယ် ကမ်းခြေမှာ မြင်း ထိန်းပြီး ငွေရှာတဲ့ ကလေးများ

Photo: ပင်လယ်ကမ်းခြေမှာ မြင်းထိန်းပြီး ငွေရှာတဲ့ ကလေးများ

မေလ ၂၁ ရက် ၂၀၁၃ 

မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူတို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ  ဖြစ်သည်။

"ဒီမှာလာတဲ့ဧည့်သည်တွေစီးဖို့ မြင်း ထိန်းရတယ်။ မြင်းတခါစီးရင် ၁ဝ မိနစ်စာအတွက်  ၁,ဝဝဝ ယူတယ်" ဟု အသက် ၁၂ နှစ်အရွယ် မြင်းထိန်းလုပ်သားလေးတယောက်က ရှင်းပြသည်။

ဝင်ငွေအများစုကို မြင်းပိုင်ရှင်က ယူသည်။
မြင်းပိုင်ရှင်များက ကမ်းခြေတွင် စားသောက်ဆိုင်နှင့် တည်းခိုခန်းအသေးစားဖွင့်ထားသူများဖြစ်သည်။

ထို့ကြောင့် မြင်းထိန်း ကောင်လေး၏  ဝင်ငွေက တရက် ၂,၅ဝဝ ဝန်းကျင် ရှိသည်ဟု ဆိုသည်။ 

ကမ်းခြေတလျှောက် မြင်းကောင်ရေ ၄၀ ခန့်ရှိသောကြောင့် မြင်းထိန်းအလုပ် လုပ်ကိုင်နေသူ ကလေး အရေအတွက်ကလည်း ၄၀ ခန့် ရှိကြောင်း ဒုတိယတန်းကျောင်းသားဟောင်း ကလေးငယ်တယောက်က ပြောသည်။ 

"မြင်းပိုင်ရှင်တွေက ခုနောက်ပိုင်း ကလေးတွေပဲ သုံးကြတော့တယ်။  ကလေးတွေက လူကြီးတွေလို ခံစားခွင့်တွေ ဘာတွေ ပေးဘို့မလိုဘူး။ သူတို့ပေးချင် သလောက်ပေးလို့ရတယ်" ဟု သက်ကြီးမြင်းထိန်းသမားဟောင်းတဦးက  ပြောသည်။

မြင်းထိန်း ကလေးငယ်တယောက်က "ဧရာဝတီတိုင်းက လာတာပါ။ မိဘတွေ မရှိတော့ဘူး။ အကို အမတွေနဲ့ နေတယ်။ ဒီမှာက သားတို့အရွယ်အလုပ်က ဒါပဲ ရှိတယ်။
နည်းပေမဲ့ ရွေးစရာ အလုပ်မရှိဘူး။ ဆူဆဲလည်း ခံရတာပဲ။ ဒီကမ်းခြေမှာက သားတို့လို အခြေမဲ့တွေများတယ်။ ကိုယ်မလုပ်ရင် အစားဝင်မဲ့လူက အများကြီးပဲ" ဟု လုပ်ငန်း အခြေအနေကို ပြောပြသည်။

မြင်းထိန်းကလေးငယ်များ နေထိုင်မကောင်းဖြစ်ပါက မြင်းပိုင်ရှင်က တစုံတရာတာဝန်ယူမှု မရှိသည့်အပြင် မြင်းကို အခြား ကလေးငယ်များထံသို့ လွှဲပြောင်းပေးလိုက်သည်ဟုလည်း ပြောသည်။

 ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကလေးအခွင့်အရေး ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိ အာဏာပိုင်တို့က ကြပ်ကြပ်မတ်မတ် စစ်ဆေးလာပါက ဤဒေသတွင် မြင်းထိန်းကလေးငယ်များကို တွေ့နိုင်မည်မဟုတ်ဟု ယူဆရသည်။

မော်လမြိုင်မြို့ တောင်ဘက်မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသော စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တခုတည်းသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ 

ဧရာဝတီ Blog 
 မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူ တို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ ဖြစ်သည်။

အီရတ် ဗုံးခွဲ တိုက်ခိုက် မှု လူ အများ အပြား သေ ဆုံး

Photo: အီရတ်ဗုံးခွဲ တိုက်ခိုက်မှု လူအများအပြား သေဆုံး
Tuesday, May 21, 2103

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာ ရရှိသွားကြပါတယ်။

ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင်တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်။
မြို့တော်မှာ အနည်းဆုံး ဗုံး ၉ လုံးပေါက်ကွဲ ခဲ့ပြီး၊ ဘတ်စကား ဂိတ်တွေနဲ့ လေဟာပြင် ဈေးတွေကို ပစ်မှတ်ထား ဖေါက်ခွဲ ခဲ့ကြတာ ဖြစ်ပါ တယ်။

တောင်ပိုင်း ဘာစရာ မြို့မှာတော့ ကားဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ၊ စားသောက်ဆိုင် တဆိုင်နဲ့ ဘတ်စကား ဂိတ် တခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ တာပါ။

စနေနေ့ ကတော့ နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်မှာ ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ ရဲ ၁၀ ဦးလည်း သေဆုံးလျက် ပြန်တွေ့ရ ပါတယ်။

ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ အခု ဖြစ်ပွား နေတဲ့ ဂိုဏ်းဂဏကွဲ တိုက်ခိုက် မှုတွေဟာ ငါးနှစ် အတွင်း ဒါ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင် တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင် တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်နဲ့ ဘာစရာမြို့တို့မှာ ကားဗုံးခွဲတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးသွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာရရှိသွားကြပါတယ်။

တေးသီချင်း နားထောင်ခြင်းဖြင့် လေဖြတ် ခံရသည့် လူနာများ ရောဂါ သက်သာ စေနိုင်

Photo: တေးသီချင်း နားထောင်ခြင်းဖြင့် လေဖြတ် ခံရသည့် လူနာများ ရောဂါ သက်သာ စေနိုင်

မေလ ၂၀ ရက် ၂၀၁၃ 

လေဖြတ် ခံရသည့် လူနာများ၏ အခြေအနေ တိုးတက် ကောင်းမွန် လာစေ .ရေး အတွက် သီချင်းများ နားထောင်ခြင်းက အကျိုး သက်ရောက်မှု ထင်ထင် ရှားရှား ရှိကြောင်း လန်ဒန်ရှိ ပညာရှင် များက ပြောကြား လိုက်သည်။
လေဖြတ် မှု ခံစား ထားရသူများသည် တိတ်ဆိတ်နေမှုကို နှစ်ခြိုက်လေ့ မရှိကြောင်း London Imperial Collegeမှ ဒေါက်တာ ဒေးဗစ် ဆော့တိုက ရှင်းပြခဲ့သည်။ အာရုံကြော အထူးကု တစ်ဦးဖြစ်သည့် ဒေါက်တာ ဆော့တို သည် လေဖြတ်ခံ လူနာများ အနေနှင့် အနှစ်သက်ဆုံး သီချင်းများကို ကြားရပါ က မည်သို့သော အကျိုး ကျေးဇူးများ ရရှိ နိုင်သည်ကို အသေးစိတ် လေ့လာသည့် သုတေသန အဖွဲ့အား ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်။

လူတစ်ဦးချင်းစီ အလိုက် အကြိုက် ကွာခြားသော သီချင်းများကို စမ်း ဖွင့် ပေးခဲ့ပြီး မှတ်တမ်း မှတ်ရာများ စနစ်တကျ ပြုစုခဲ့ရာ လေဖြတ်မှု အခြေ အနေမှ နာလံ ထလာသူများ အတွက် စိတ်ကြိုက် သီချင်းများ နားထောင်ခွင့် ရခြင်းက အလွန် အကျိုး ကျေးဇူးများကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။
ဒေါက်တာ ဆော့တိုက အချို့သော လူနာများသည် Kenya Rogers ကို နှစ်သက်ကြောင်း၊ အချို့ကလည်း Frank Sinatra၏ သီချင်းများကို သဘော ကျကြောင်း၊ ၎င်းတို့ အကြိုက် သီချင်းများ အလိုက် နားဆင် ခွင့် ပေးခြင်းက အကျိုးထူးများ ပေါ်ပေါက် စေခဲ့ကြောင်း ရှင်းပြ ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လေဖြတ်သူ (၁၅၀၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် (၆၀) ရာခိုင်နှုန်းသည် အခြေအနေ ဆိုးရွားလေ့ ရှိကြောင်း သိရသည်။ ဒေါက်တာ .ဆော့တို က သီချင်းဖွင့် ပေးရာတွင် လူနာ တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှု အလိုက် ရွေးချယ်ရန် လိုအပ်ကြောင်း သတိ ပေးခဲ့သည်။ ကြိုက်နှစ် သက် .သော သီချင်းများကို နားထောင်ခွင့် ရခြင်းကြောင့် လူမမာ ဖြစ်သူ၏ ဦးနှောက်ကို လှုံ့ဆော်မှုများ ပေါ်ပေါက် လာစေပြီး ထိုအခြေအနေ သည် ပျော်ရွှင် ကျေနပ်နေသော လူနာအတွက် ရောဂါဝေဒနာမှ သက်သာ ပျောက်ကင်း စေရေး အလွန် အရေးကြီးသော သော့ချက် တစ်ခု ဟု ညွှန်းဆို သွားသည်။

AP News
လေဖြတ်ခံရသည့်လူနာများ၏ အခြေအနေတိုးတက် ကောင်းမွန်လာစေ .ရေးအတွက် သီချင်းများ နားထောင်ခြင်းက အကျိုးသက်ရောက်မှု ထင်ထင်ရှားရှားရှိကြောင်း လန်ဒန်ရှိပညာရှင်များက ပြောကြား လိုက်သည်။

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် ကူညီမည်ဟု ကတိပြု

Photo: သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် ကူညီမည်ဟု ကတိပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူအညီပေးရန် ကတိပြု ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည် ဖော်မှုများကို အမေရိကန်က ထောက်ခံသော လက္ခဏာ တစ်ရပ်ဖြစ်သည့် အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများအတွက် ချီးကျူးခဲ့ပြီး မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ပထမဆုံး လာရောက်သည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုရင်း အိုဘားမားက မြန်မာနိုင်ငံကို ယခင်က ခေါ်ဝေါ်သုံးစွဲခဲ့သော ''ဘားမား'' အစား တရားဝင်နာမည် ''မြန်မာ'' ဟု သုံးနှုန်းခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်မှု အပြည့်အ၀ အကောင်အထည် ပေါ်လာရေး တွန်းအားပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများ ရှေ့ဆက်ဖြစ်ပေါ်ရေး ကတိပြုခဲ့သည်။

အိမ်ဖြူတော်ရှိ နာမည်ကျော် ဘဲဥပုံ ရုံးခန်းတွင် အတူယှဉ်ထိုင်ရင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ဆက်လက် လွှတ်ပေးရေးတို့ကို ဆွေးနွေးခဲ့သည်။ သမ္မတနှစ်ဦး၏ တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန်က စကားပြန်မှတစ်ဆင့် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားမည့် မူဝါဒသည် မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီရာရောက်ကြောင်း၊ ယင်းအတွက်ကြောင့် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၄၇ နှစ်အတွင်း အိမ်ဖြူတော်၌ ကြိုဆိုခံရသည့် ပထမဆုံး မြန်မာသမ္မတ ဖြစ်လာခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရာမှ သံတမန်ရေး မှတ်တိုင်တစ်ခု ပြန်လည်ထူထောင် လာနိုင်ခြင်းလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတ ဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည်။

ယခုကဲ့သို့ မြန်မာသမ္မတတစ်ဦး အနေဖြင့် အမေရိကန်သမ္မတ အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးနိုင်သည့် အနေအထားသည် ပြီးခဲ့သည့်နှစ်များက စဉ်းစား၍ပင် မရသည့် အရာတစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီးသွားရောက်သည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန် စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့သည်။

ယင်းသည် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ပြီး ခြောက်လအကြာတွင် မြန်မာသမ္မတ အမေရိကန်သို့ ယခုလို သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီကြီးများ လာရောက်ရင်းနှီး မြှုပ်နှံရန်၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

သမ္မတဦးသိန်းစိန်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်းသည် စောလွန်းရာရောက်ပြီး အချိန်မတန် သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စအချို့နှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အချို့က ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး တို့တွင် ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသော်လည်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများတွင် တိုးတက်မှုများ ရှိနေသည်ကို လျော့တွက်၍ မရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက မေ ၁၇ ရက်တွင် ပြောကြားသည်။

''ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မတို့အနေနဲ့ လျော့တွက်လို့ မရပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ်လို့ သူတို့ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေဟာ သိသာထင်ရှား လွန်းပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီးက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးအား မြန်မာအစိုးရက လွှတ်ပေးအပြီးတွင် ပြောကြားသည်။

၎င်းက မြန်မာအစိုးရက နောက်ထပ်နိုင်ငံရေး အကျဉ်းသားအချို့အား မေ ၁၆ ရက် တွင် လွှတ်ပေးခဲ့မှုကို အမေရိကန်အနေဖြင့် ကြိုဆိုပါကြောင်းလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးသည့် အနေဖြင့် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၄ သန်းတန်ဖိုးရှိ ကူညီထောက်ပံ့မှုကို လာမည့် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ရန် အဆိုပြုထားသည်။

ယင်းပမာဏသည် ၂၀၁၂ ခုနှစ်တွင် ပေးအပ်ခဲ့သည့် ပမာဏထက် အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၈ သန်း သိသိသာသာ တိုးမြင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် (မေ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီခန့်) က တွေ့ဆုံစဉ် (Photo: AFP)
သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် မေ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် (မေ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီခန့်) က တွေ့ဆုံစဉ် (Photo: AFP)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့သည် ၀ါရှင်တန်ရှိ အိမ်ဖြူတော်၌ မေ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့် (မြန်မာစံတော်ချိန် မေ ၂၁ ရက် နံနက်အစောပိုင်း) က သမိုင်းဝင်တွေ့ ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်သမ္မတ အိုဘားမား က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကူ အညီပေးရန် ကတိပြု ပြောကြားခဲ့သည်။