Tuesday 31 December 2013

ထီးချိုင့်၊ မောင်းကုန်းနီကယ်စက်ရုံ အပူရှိန်လွန်ကဲပြီး မီးလောင်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်း နီကယ်စက်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျောက်မီးသွေး အမှုန့်ကြိတ်စက်ရုံ အဆောက်အအုံအချို့ မီးလောင်ကျွမ်းခဲ့သည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ၀န်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ငါး၊ ပုစွန်မွေးသူများ ပိုင်ဆိုင်မှု ပြနိုင်ရေး ညှိနှိုင်းပေးမည်ဟု လယ်/ဆည်ဝန်ကြီး ကတိပြု

ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေရယူရေးအတွက် အထောက်အထား တင်ပြ နိုင် ရန် ၀န်ကြီးဌာနအနေဖြင့် ညိှနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကတိပြုပြောလိုက်သည်။

ရဲဘက်ပြေးနှင့် ဇနီးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီး

အလုံမြို့နယ်တွင် ရဲဘက်ပြေးနှင့် သူ၏ဇနီးတို့ကို မူးယစ်ဆေးဝါးရောင်းချနေမှုဖြင့် ရန်ကုန်တိုင်း ရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို

ပြည်တွင်းလေဆိပ် ၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အား လုံးကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင်များ ဘက်မှ တင်ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေ ဆိပ် အား ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှ န်ကြားရေးမှူး ဦးဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။

ရပ်ကျေးမှူးနှင့် မြေစာရင်းဦးစီးဝန်ထမ်းများ လယ်ယာမြေမှတ်ပုံတင်ချပေးမှု မသမာမှုရှိဟုဆို

ဧရာဝတီတိုင်းရှိ ကျေးရွာအချို့တွင် လက်ရှိ လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးထားသည့် လယ်သမား များကို မူလလယ်ပိုင်ရှင်များက ကန့်ကွက်ထားပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦး စီးဌာနစာရေးများကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ တိုင်စာများပေးပို့ထားကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက မဇ္ဈိမကို ပြောသည်။

အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်

Photo: အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်
Tuesday, December 31, 2013

အာဆီယံအသိုင်းအ၀ိုင်းတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။

အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးပရောဂျက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် ဂဟေ၊ ကွန်ကရစ်ဖျော်၊ လေအေးပေးစက်စက်ပြင်၊ မွေးမြူရေးခြံလုပ်သားနှင့် ဧည့်လမ်းညွှန်အလုပ်အကိုင်များအတွက် လုပ်ရည်ကိုင်ရည်များကို ပရောဂျက်အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့် ရေးဆွဲခဲ့ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က " NSSA က ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။ အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေဆိုပြီးတော့ ယာယီဥပဒေနဲ့ ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို အဲဒါနဲ့ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ ကျွမ်းကျင်းမှုစံတွေကိုသိမယ်။ သိရင်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်သားကျွမ်းကျင်မှုနှင့် စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အား လုပ်ငန်းကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကမှ ကိုယ်စားလှယ်များဖြင့် ကော်မတီ (၁၄) ခု ဖွဲ့စည်းထားရှိပြီး နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) အား လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

လုပ်ငန်းအထောက်အကူပြုအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ်
လုပ်ငန်းအထောက်အကူပြုအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ်
အာဆီယံအသိုင်းအ၀ိုင်းတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရ ရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြ ဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။

ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) ပြည်ခိုင်ဖြိုး ပြင်ရန်ဆုံးဖြတ်

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ပါ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် ဒီဇင်ဘာ ၃၀ တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီ ဒုတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်ဦးလှဆွေက အဆိုပါနေ့ ညဦးပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ဖမ်းဆီးခံရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေး တွေ့ဆုံဆွေးနွေးရန် PCG အသင့်ဟုဆို

ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် PCG မှ ကူညီင်္ရန်အသင့် ရှိနေကြောင်း ကေအိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလမိုင် ဂွန်ဂျာက ပြောသည်။

စွန်ပလွံသီး၏ ကျန်းမာရေးစွမ်းပကား

စွန်ပလွံသီး၏ ကျန်းမာရေးစွမ်းပကား
စွန်ပလွံသီး အခြောက်ရော၊ လတ်လတ်ဆတ်ဆတ် စွန်ပလွံသီးမှာပါ အာဟာရဓာတ်အပြည့် ပါဝင်ပါတယ်။

နိုင်ငံရေးကြွေးကြော်သံများအဖြစ် တစ်ဖန်ပြန်မကျော့သင့်သည့် ၂၀၁၄

နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက် ဆက်တိုက်နေခဲ့ရသည့် မြန် မာ နိုင်ငံ သည် ယခင် စစ်အစိုးရ၀န်ကြီးချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ် အနေဖြင့် ၂၀၁၁ ခုနှစ်၊ မတ် လ ၃၀ ရက်က အာဏာရလာပြီးနောက် ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်း လဲရေး များ ဆက်တိုက် လုပ်လာသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအ၀န်းက ၀မ်းသာအားရ ကြိုဆိုခဲ့ကြ သည်။ အားပေးထောက်ခံခဲ့ကြသည်။ ပြည်သူများ၏ဘ၀ ဖူလုံစိတ်ချ၊ လုံခြုံမှုအတွက် မျှော် လင့်ချက် များ တစ်ဖန်ပေါ်ထွန်းလာခဲ့သည်။

ခရီးသည်များ အိပ်မောကျနေစဉ် ရထားတွဲ မီးစွဲလောင်သဖြင့် အများအပြား သေဆုံး

Photo: ခရီးသည်များ အိပ်မောကျနေစဉ် ရထားတွဲ မီးစွဲလောင်သဖြင့် အများအပြား သေဆုံး
Tuesday, December 31, 2013

ဒီဇင်ဘာ ၂၉ရက်က အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ် အန်န်တာပူရမ်ခရိုင်တွင် နန်ဒက်နှင့် ဘင်္ဂလောသို့ ပြေးဆွဲ နေသည့်ရထားတွင် မီးစွဲလောင်ခဲ့သဖြင့် အနည်းဆုံး ၂၆ဦးသေဆုံးပြီး၊ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ မီးလောင်စဉ် ခရီးသည် အများစုမှာ အိပ်ပျော်နေကြပြီး နိုးလာချိန်တွင် ရထားတစ်တွဲလုံး မီးခိုးလုံးများ ပိတ်မှောင်နေသည့်အတွက် အဖိတ်အဆင် မျာ ပြားရခြင်း ဖြစ်သည်။

ထိုနေ့ နံနက် ၃နာရီခွဲက အန်န်တာပူရမ်ခရိုင် ကိုသာချာရူဝီကဘူတာအနီးတွင် ရထားတွဲ မီးလောင်မှုဖြစ်ပွားသည်နှင့် ခရီးသည်အချို့က အရေးပေါ်သံကြိုးကိုဆွဲကို ရထားကို ရပ်တန့်စေခဲ့သည်။ ကယ်ဆယ်ရေးသမာတို့၏ အဆိုအရ မီးခိုးမွှန်နေသည့်အတွက် မူးမေ့ရာမှ သေဆုံးသည်အထိ ဖြစ်ရသူများပြားသွားခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို ဒါမန် ၀ါရမ၊ ပူတာပါသီ၊ အန်အန်တာပူရ် ရှိဆေးရုံမျာသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ရထားသည် သောကြာနေ့ည ၁၀နာရီ ၄၅မိနစ်က ဘင်္ဂလောမှ နန်ဒက်သို့ ထွက်လာခဲ့ပြီး စနေနေ့နံနက် ၃နာရီခွဲတွင် မီးလောင်မှု ဖြစ်ပွးခြင်းဖြစ်သည်။ ယင်းရထားတွဲတွင် ခရီးသည် ၆၄ဦး လိုက်ပါခဲ့ပြီး အများစုမှာ ကာနန်တာကာ မှ ဖြစ်ကြ သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ရထားပို့ဆောင်ရေးနှင့် ပြည်နယ်အစိုးရမျာကို ယခုဖြစ်ရပ်၏ သားကောင်ဖြစ်ရသူတိုင်း အတွက် ကယ်ဆယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို တပ်နိုင်သမျှ ဖြည့်တင်းပေးရန် ညွန်ကြားထားသည်။ မည်သည့်အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရသည်ကိုမူ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်
ဒီဇင်ဘာ ၂၉ရက်က အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ် အန်န်တာပူရမ်ခရိုင်တွင် နန်ဒက်နှင့် ဘင်္ဂလော သို့ ပြေးဆွဲ နေသည့်ရထားတွင် မီးစွဲလောင်ခဲ့သဖြင့် အနည်းဆုံး ၂၆ဦးသေဆုံးပြီး၊ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ မီးလောင်စဉ် ခရီးသည် အများစုမှာ အိပ်ပျော်နေကြပြီး နိုးလာချိန်တွင် ရထားတစ်တွဲလုံး မီးခိုးလုံးများ ပိတ်မှောင်နေသည့်အတွက် အဖိတ်အဆင် မျာ ပြားရခြင်း ဖြစ်သည်။

မရမ်းကုန်း၌ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားကြောင်း သိရသည်။

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာ အကြောင်း

Photo: ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာ အကြောင်း
Tuesday, December 31, 2013

ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီး မိန်းကလေး တွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။ ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။

ဒါကို ရာသီအကြို ဝေဒနာလို့ ခေါ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ တွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ် ပြင်းပြတာတို့ ဖြစ်ကြ ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူး စိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာ မငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီ အကြို ဝေဒနာက မိန်းကလေး တစ်ဦး ရာသီ စမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာ သွားတတ်ပါတယ်။

ရာသီအကြို ဝေဒနာကို ဘာကြောင့် မိန်းကလေး တချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည် ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲ တွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေ ကြောင့်လည်း ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံ များများ၊ ဟင်းသီးဟင်းရွက် များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံ အလောက် မှီဝဲတာက တချို့ မိန်းကလေး တွေကို ရာသီ အကြိုဝေဒနာ မဖြစ်အောင် ကူညီ နိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာလို စိတ်ဖိစီးမှု သက်သာ စေရေး နည်းလမ်း တွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ် ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ် တင်ပေးတာကြောင့် ကြွက်သား တွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာ စေပါတယ်။

- ရာသီအကြို ဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင် ဆေးကို ဆောင် ထားပါ။

- ရာသီအကြို ဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်း နွမ်းနယ်ကာ ဘာကိုမှ လုပ်ချင် ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူ တွေကို ပြောပြပါ။

ရာသီသွေး ဆင်းမှုအတွက် ဘယ်လို ပြင်ဆင် ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်း တွေကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေး ဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါ နေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစား တွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူ တိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီ လာစဉ် ပင်ပန်း နွမ်းနယ်မှု ပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနား ယူပါ။

(၃)အာဟာရ ပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ် ဆုံးရှုံးမှု အဖြစ် များပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင် ဟင်းရွက်၊ အနီရောင် အသား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ် စုပ်ယူမှု အားကောင်းအောင် ဗီတာမင်စီ ပါဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီး လစဉ်သုံး ပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ အခက်အခဲ တွေ့ရ တတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်းလွယ် အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီး လစဉ်သုံး ပစ္စည်းကို ဘယ်လို အသုံးပြု ရမလဲ ဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ် ဖို့လည်း မမေ့ပါနဲ့။

News-Myanmar
ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီး မိန်းကလေး တွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။

တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား

စက်မှုဇုန်လုပ်သားများ
၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲကို များစွာမျှော်လင့်ထားခဲ့သော စက်မှုဇုန်အလုပ်သမားများအတွက် ယခုနှစ် သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ်သည်။ ဥပဒေသစ်များ ထွက်ပေါ်လာပြီး အလုပ်သမားအဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။

ကလေးငယ်များ တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သောက်သုံးပါက ဦးနှောက် ဖွံ့ဖြိုးမှုကို ထောက်ပံ့ ပေးကြောင်း ဆေးပညာ ရှင်များ အကြံပြု

Photo: ကလေးငယ်များ တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သောက်သုံးပါက ဦးနှောက် ဖွံ့ဖြိုးမှုကို ထောက်ပံ့ ပေးကြောင်း ဆေးပညာ ရှင်များ အကြံပြု
Tuesday, December 31, 2013

အသက်နှစ်နှစ်မှ ငါးနှစ်အရွယ် အကြားရှိ ကလေးငယ်များသည် တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သို့မဟုတ် ရှစ်အောင်စ ရှိသော နို့နှစ်ခွက်ကို သောက်သုံး သင့်ကြောင်း လေ့လာမှု တစ်ရပ်တွင် အကြံပြုထားသည်။

တိုရွန် တိုမြို့ စိန့်မိုက်ကယ် ဆေးရုံမှ သုတေသန ပညာရှင် တစ်ဦးဖြစ်ပြီး ကလေး အထူးကု ဆရာ ဝန် တစ်ဦးလည်း ဖြစ်သူ ဒေါက်တာ ဂျိုနသန် မာဂူရီက ဦးဆောင်၍ ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ရပ်အရ ကလေးငယ်များသည် နွားနို့ကို လုံလုံလောက်လောက် မသောက်သုံးပါက ဗီတာမင်ဒီ ချို့တဲ့မှု ကို ဖြစ်ေ ပ်ါစေမည် ဖြစ်ပြီး ကလေးများ တစ်နေ့လျှင် နွားနို့ တစ်လီတာခန့် သောက်သုံးပါက ၎င်းတို့၏ အရိုး များကို ကျန်းမာသန်စွမ်း စေနိုင်ကြောင်း အချို့ သုတေသီများက ပြောကြားထားသည်။ နွားနို့သည် ကလေးငယ်များ အတွက် အရေးကြီးသော အစာ အာဟာ ရ ဖြစ်ကြောင်း မာဂူရီက ပြောကြားသည်။ သို့သော်လည်း ကလေးများ တစ်နေ့တွင် နွားနို့ မည်မျှ သောက်သုံးသင့်သည် ဆိုသည့် ပမာဏနှင့် စပ်လျဉ်း၍ အငြင်း ပွားမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ယခု စမ်းသပ်မှုတွင် ဒေါက်တာ ဂျိုနသန် မာဂူရီနှင့် အဖွဲ့များက အသက် နှစ်နှစ်မှ ငါးနှစ် အရွယ်ရှိ ကလေးငယ် ၁၃၁၁ ဦးကို လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အသက်နှစ်နှစ်မှ ငါးနှစ်အရွယ် အကြားရှိ ကလေးငယ်များသည် တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သို့မ ဟုတ် ရှစ်အောင်စ ရှိသော နို့နှစ်ခွက်ကို သောက်သုံး သင့်ကြောင်း လေ့လာမှု တစ်ရပ်တွင် အကြံပြုထား သည်။

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ

Photo: အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ 
Tuesday, December 31, 2013

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်းအဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော် ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင်နှုန်း ကျော် နေရာရ ထားတဲ့ အခုလို အာဏာရ ပါတီ ကိုယ်တိုင်က တနင်္လာနေ့ မှာ ဆုံးဖြတ်ခဲ့ ကြတာပါ။

နိုင်ငံ တလွှား က ကိုယ်စားလှယ် ပေါင်း ၂၀ဝ လောက် တက်ရောက် ခဲ့တဲ့ ဒီ အစည်းအဝေးက သဘောတူ လိုက်တဲ့ ၂၀ဝ၈ အခြေ ခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်တွေ အထဲ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့် အတား ဖြစ် နေတဲ့ အချက် လည်း ပါဝင် ပါတယ် ။

ပါတီက အဆိုပြုတဲ့ အတိုင်း ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ အခက် အခဲ မရှိ နိုင်ဘူးလို့ ညီလာခံ တက်ရောက် ခဲ့တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော် မတီဝင် မကွေးတိုင်း ဒေသကြီး ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

အလားတူ တိုင်း ဒေသကြီး ဝန်ကြီးချုပ် တွေကို အစိုးရက တိုက်ရိုက် ရွေးတဲ့ စနစ် အစား တိုင်း ဒေသကြီး လွှတ်တော် ကနေ ရွေးကောက် ဖို့ကို အကြိတ် အနယ် မဲခွဲ ပြီး ပြင်ဆင်မယ့် အချက်တွေ ထဲမှာ ထည့်နိုင် ခဲ့တယ် လို့လည်း ဦးလှဆွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်း အဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ

 Photo: နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ 
Tuesday, December 31, 2013

 မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ်ချခံထားရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြပါတယ်။

ဦးဇော်ဌေး။ ။ ၂၀၁၃၊ ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ၃၁ ရက်မတိုင်မီ ပြစ်မှုပြစ်ရပ်နဲ့ စပ်လျဉ်းပြီးတော့ပေါ့- ပြစ်ဒဏ်ပုဒ်မတွေပေါ့နော်၊ အဲဒီပုဒ်မတွေက ဘာတွေလဲဆိုတော့ - မတရားအသင်း အက်ဥပဒေ၊
နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)- နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊
နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၄/က)- နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု၊
နောက် အရင်တုန်းက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊
နောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ- ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅)၊
အများပြည်သူအကျိုး ပျက်စီးစေမှု၊
နောက်တစ်ခုက ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ- အဲဒီဥပဒေတွေအရပေါ့နော် ပြစ်ဒဏ်ကျခံနေရသူတွေအားလုံး၊ နောက် အဲဒီ ဥပဒေတွေအရ တရားရုံးတွေမှာ ကြားနာဆဲအမှုတွေကို ပိတ်သိမ်းပြီး တရားခံတွေကို ချက်ခြင်းလွှတ်။ နောက် အဲဒီဥပဒေအရ စုံစမ်းအရေးယူဆဲဖြစ်တဲ့ အမှုတွေကို အရေးမယူဘဲနဲ့ ပိတ်လိုက်ပြီ။ အဲဒီတော့ တရားရုံးတွေမှာ စီရင်ဆဲ၊ စစ်ဆေးဆဲဟာတွေလည်း လွှတ်လိုက်ပြီ၊ အဲဒီတော့ ထောင်ကျနေတဲ့လူတွေ အကုန်လုံးလည်း လွှတ်လိုက်ပြီ။ အဲဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့လူတွေလည်း လွှတ်လိုက်ပြီပေါ့။

မေး။ ။ အခုလို သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေါ့နော်- အားလုံးကိုပေးလိုက်တဲ့ ရည်ရွယ်ချက်က အဓိက-က ဘာပါလဲရှင့်။

ဦးဇော်ဌေး။ ။ အဓိက-ကတော့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်၊ နံပါတ် (၂) အချက်ကတော့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက်၊ နံပါတ် (၃) က နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ All Inclusive ဖြစ်ဖို့ အတွက်၊ နံပါတ် (၄) အချက်က လူသားချင်းစာနာထောက်ထားမှု၊ နောက် နံပါတ် (၅) အချက်က နိုင်ငံတော်တည်ဆောက်ရေးမှာ တဘက်တလမ်းမှ အထောက်အပံ့ပြုစေမယ့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲစေဖို့အတွက်- အဲဒီရည်ရွယ်ချက်တွေအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၀၄)၊ ပုဒ်မခွဲ (က) အရ အခုလို လွှတ်ပေးလိုက်တာပါ။

မေး။ ။ ဟုတ်ကဲ့။ အခု ဒီ ပုဒ်မ (၁၈) နဲ့ပတ်သက်ပြီး တောင်းဆိုနေတဲ့ ပုဒ်မ (၁၈) ဖျက်သိမ်းပေးဖို့ဆိုတဲ့ ကိစ္စကျတော့ရော အဲဒီတောင်းဆိုချက်အပေါ်မှာ သမ္မတကြီးရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲရှင့်။

ဦးဇော်ဌေး။ ။ အဲဒါက Executive နဲ့ မဆိုင်တော့ဘူး။ သူကတော့ ပါလီမန်ပေါ် မူတည်သွားပြီပေါ့နော်။ ပါလီမန်မှာလည်း သူတို့ ဒါတွေကို အဆိုတင်သွင်း ထားပြီ။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်၊ တရားဝင် တရားဥပဒေတင်သွင်းမယ်ဆို တဲ့အဆိုက လွှတ်တော်မှာ သဘောတူထားပြီး ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ လွှတ်တော်အလှည့် ပေါ့နော်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ပုဒ်မ (၁၈) ကို ပြင်ဆင်တယ်ဆိုရင် အဲဒီပြင်ဆင်တဲ့အတိုင်းပဲ အစိုးရက လုပ်သွားမယ်။ အကယ်၍ လွှတ်တော်က ဒီပုဒ်မကို မပြင်ဘူးဆိုရင်တော့ ဥပဒေအရ ပြောဆို ဆောင်ရွက်ရမယ့်သဘောပေါ့။ သို့သော်လည်းပဲ ဒီဟာနဲ့ပတ်သက်ပြီးတော့ တော့ လွှတ်တော်ကတော့ Ongoing Procress ပေါ့နော်။ လာမယ့် session မှာ သူတို့ ဆွေးနွေးပါလိမ့်မယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အား လုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ် ချခံ ထားရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြပါတယ်။