Friday 15 August 2014

Bi မွန်းတည့်နေဂျာနယ် သတင်းသမားများအာမခံမရ

Photo: Bi မွန်းတည့်နေဂျာနယ် သတင်းသမားများအာမခံမရ
Friday, August 15, 2014

ပုဒ်မ ၅၀၅(ခ)ဖြင့်တရား စွဲဆိုခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက်၊ ထုတ် ဝေသူနှင့် အယ်ဒီတာငါးဦးအ တွက်အာမခံလျှောက်ထားမှုကို ပန်းဘဲတန်းတရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

အမှုမှာ အာမခံပေးရန် လုံ လောက်သည့်အဆင့်မဟုတ်သေး ၍ အာမခံပေးရန် စဉ်းစား၍မရ သေးကြောင်း ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ပြောကြားခဲ့ သည်ဟု Bi မွန်းတည့်နေဘက်မှ လိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးကျော် ၀င်းကပြောသည်။

‘‘အာမခံရအောင် လျှောက် ခဲ့တာပဲ။ အာမခံလိုချင်လို့ ကာယ ကံရှင်ငါးဦးလက်မှတ်ထိုးပြီး လျှောက်ခဲ့တာ။ ဒါပေမဲ့ ဥပဒေဘက်ကနေ မထောက်ခံဘူးဆိုပြီး တရားသူကြီးကပြောတယ်။ ဒါက  တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ့။ ဆိုလိုတာက တရားလိုပြသက် သေက တရားစွဲဆိုထားတဲ့တရား လိုရဲမှူးထွန်းသိန်းအပါအ၀င် ၃၇ ယောက်ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

ယခုအာမခံကို မြို့နယ်တ ရားရုံးတွင် ပယ်ချခံရခြင်းကြောင့် အထက်ရုံးအဆင့်ဆင့်သို့ဆက် လက်တက်ရောက်ရန်ရှိ၊မရှိကိုအ မှုသည်နှင့် တိုင်ပင်မည်ဟု ဦးကျော်ဝင်းကပြောသည်။

ထို့အပြင်စွဲဆိုခံထားရသူ ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင်မှာ အမှုလိုက်ပါဆောင်ရွက်ခြင်းမှ နုတ်ထွက်သွားခဲ့ပြီး၎င်းအစား တရားလွှတ်တော်ရှေ့နေဦးကျော်ဝင်းက လိုက်ပါဆောင်ရွက်ခဲ့သည်။

ပုဒ်မ ၅၀၅(ခ)မှာ အများ ပြည်သူအထိတ်တလန့်ဖြစ်စေရန် ဆူပူလှုံ့ဆော်မှုဖြစ်ပြီး ပုံမှန်အား ဖြင့် အာမခံပေးလေ့ပေးထမရှိ ကြောင်း၊ ထို့အပြင် အမှုမှာလည်း တရားလိုပြသက်သေများ မစစ် ရသေးသည့်အတွက် အာမခံမ လျှောက်ခြင်းဖြစ်ကြောင်း အမှုမှ  နုတ်ထွက်လိုက်သူ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်း အောင်ကပြောသည်။

‘‘ကျွန်တော်က တရားလိုပြ သက်သေတွေ မစစ်ရသေးလို့ အာမခံကို လောလောဆယ်မ လျှောက်သေးဘူးလို့ အမှုသည် တွေကိုပြောပါတယ်။ ဒါပေမဲ့အမှု သည်တွေက အာမခံလျှောက်ဖို့အ တွက် ပြောလာတဲ့အပြင်တခြား ရှေ့နေတစ်ယောက်လည်း ငှား လိုက်တဲ့အတွက် ကျွန်တော်အမှု ကနေ Withdraw နုတ်ထွက်လိုက် တာဖြစ်ပါတယ်’’ဟုဦးရောဘတ် စန်းအောင်ကပြောသည်။

ဇူလိုင် ၇ရက်ထုတ် Bi မွန်း တည့်နေဂျာနယ်တွင် ဒေါ်အောင် ဆန်းစုကြည်အားသမ္မတအဖြစ် ကြားဖြတ်အစိုးရတင်မြှောက် ကြောင်း MCDFအဖွဲ့ထုတ်ပြန်ဟု သတင်းရေးသားမှုကြောင့် သ တင်းထောက်နှင့်အယ်ဒီတာသုံး ဦး၊ ထုတ်ဝေသူနှစ်ဦးတို့ကို အရေး ပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ) (ည)ဖြင့် ရဲအထူးသတင်းတပ်ဖွဲ့ က တရားလိုပြုလုပ်၍ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်ရုံး  ထုတ်အပြီးတွင် အယ်ဒီတာကိုရဲ မင်းအောင်ကို အမှုမှ လွှတ်ပေးခဲ့ ပြီး ပုဒ်မကိုလည်း ၅၀၅(ခ)သို့ ပြောင်းလဲခဲ့သည်။

7Day Daily
ပုဒ်မ ၅၀၅(ခ)ဖြင့်တရား စွဲဆိုခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက်၊ ထုတ် ဝေသူနှင့် အယ်ဒီတာငါးဦးအ တွက်အာမခံလျှောက်ထားမှုကို ပန်းဘဲတန်းတရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ အာမခံပေးရန် လုံ လောက်သည့်အဆင့်မဟုတ်သေး ၍ အာမခံပေးရန် စဉ်းစား၍မရ သေးကြောင်း ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ပြောကြားခဲ့ သည်ဟု Bi မွန်းတည့်နေဘက်မှ လိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးကျော် ၀င်းကပြောသည်။‘‘အာမခံရအောင် လျှောက် ခဲ့တာပဲ။ အာမခံလိုချင်လို့ ကာယ ကံရှင်ငါးဦးလက်မှတ်ထိုးပြီး လျှောက်ခဲ့တာ။ ဒါပေမဲ့ ဥပဒေဘက်ကနေ မထောက်ခံဘူးဆိုပြီး တရားသူကြီးကပြောတယ်။ ဒါက တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ့။ ဆိုလိုတာက တရားလိုပြသက် သေက တရားစွဲဆိုထားတဲ့တရား လိုရဲမှူးထွန်းသိန်းအပါအ၀င် ၃၇ ယောက်ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။ယခုအာမခံကို မြို့နယ်တ ရားရုံးတွင် ပယ်ချခံရခြင်းကြောင့် အထက်ရုံးအဆင့်ဆင့်သို့ဆက် လက်တက်ရောက်ရန်ရှိ၊မရှိကိုအ မှုသည်နှင့် တိုင်ပင်မည်ဟု ဦးကျော်ဝင်းကပြောသည်။

ထိုင်းနိုင်ငံမှာ မော်ဒယ်အဖြစ် နာမည်ကြီးလာနေတဲ့ ရှမ်းပျိုမေ

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဘဝကနေ မော်ဒယ်တဦးဖြစ်လာသူ ရှမ်းပျိုမေ တဦး အကြောင်း ထိုင်း အွန်လိုင်းသတင်းတွေမှာ နာမည်ကြီးလာနေပါတယ်။



ထိုင်းမှာ နာမည်ကြီးလာတဲ့ စားပွဲထိုး ရှမ်းပျိုမေ၊ ဓာတ်ပုံ- khaosod

မလေးရှားတွင် ထောင်ဒဏ်တစ်နှစ်စီချခံရသည့် မြန်မာလုပ်သား ၅၂ဦးကိစ္စ သက်ရောက်မှုကြီးမား မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အနေအထားတွင်ရှိဟုဆို

မလေးရှား နိုင်ငံတွင် ထောင်ဒဏ်တစ်နှစ်စီကျ ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅၂ ဦးအရေးကို ထိရောက်စွာ ဖြေရှင်း မဆောင်ရွက်နိုင်ပါက မြန်မာ-မလေး ရှား နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြား နိုင်ဖွယ်ရှိ သဖြင့် ယင်းကိစ္စကို နှစ်နိုင်ငံ အစိုးရက ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာထားခဲ့ဟု ဖြောင့်ချက်ပေး

Photo: ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာထားခဲ့ဟု ဖြောင့်ချက်ပေး
Friday, August 15, 2014

ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိ သူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။

ယင်းသို့ဖြောင့်ချက်ပေးဖြေ ကြားရာတွင် အဓိကျူးလွန်သူဟု စွပ်စွဲထားသူ စောမြင့်လွင်(ခ) မောထက ‘‘ကျွန်တော်မထောင်ပါ ဘူး။ ကျွန်တော်ထားခဲ့တာပဲရှိတာ ပါ’’ဟု ဖြောင့်ချက်ပေးခဲ့သည်။

ထို့အပြင်ကျန်စွပ်စွဲခံထားရ သူနှစ်ဦးမှာ မိုင်းထောင်သည့်ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ ကြောင်း ဖြေကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ၁၀ လကျော် ကြာစစ်ဆေးလျက်ရှိပြီး လာမည့် သြဂုတ် ၂၇ ရက်၌ အဆိုပါစွပ် စွဲခံထားသူ စောမြင့်လွင်(ခ) မော ထ၊ ဦးမြဖူးနှင့် ဇော်လတ်မောင် တို့ကို တရားခွင်တွင်စတင် စစ်ဆေးမည်ဖြစ်သည်။

ထို့ကြောင့်စွပ်စွဲခံထားသူ ဘက်မှ တရားခံပြသက်သေများ ကို သြဂုတ် ၁၄ ရက်တွင် တောင်း ခံခဲ့ပြီး စောမြင့်လွင်အတွက် ဖြောင့်ချက်ပေးမည့် တရားခံပြ သက်သေမရှိခဲ့ပေ။ ထို့အပြင် လက်ရှိ၎င်းတို့သုံးဦးကို ပေါက်ကွဲ စေတတ်သော ပုဒ်မ-၃ ဖြင့် တရားစွဲဆိုထားလျက်ရှိပြီး ပြစ်မှုကျူး လွန်ထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည့်အတွက် ဇော်လတ်မောင် နှင့် မြဖူးတို့က ယင်းပုဒ်မမှာ ပြင်း ထန်၍ ပုဒ်မပြင်ဆင်ပေးရန် ရန် ကုန်တိုင်းတရားလွှတ်တော်ရုံးသို့ တင်သွင်းထားကြောင်း သတင်းရရှိသည်။

Western Park စားသောက် ဆိုင်တွင် ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့ သော  ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်၍ စွပ်စွဲခံထားရသူ စောမြင့် လွင်(ခ) မောထက တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သည်။

7day DAILY

ဗုံးဖောက်ခွဲမှုအတွက် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ - နစ်ကီ)
ဗုံးဖောက်ခွဲမှုအတွက် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ - နစ်ကီ)
ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက် ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက် ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့်ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။

တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံမေးမြန်းချက် တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်

Photo: တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံမေးမြန်းချက်
တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်
Friday, August 15, 2014 

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်နဲ့ ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဆင်းကတ်တွေ စတင်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

တယ်လီနောက မြန်မာနိုင်ငံအတွင်း ဘယ်လိုနည်းပညာနဲ့ ၀န်ဆောင်မှုတွေပေးမှာလဲ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး တယ်လီနော(မြန်မာ)ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် မစ္စတာ ပတ်တာ ဖော့ဘတ်ဂ် (Mr. Petter Furberg) ကို ဒီဗွီဘီလက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို ဘယ်အချိန်မှာ စတင်မလဲ။

“အခုချိန်ထိတော့ အတိအကျ ရက်သတ်မှတ်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် ပြောနိုင်တာတခုကတော့ ဝန်ဆောင်မှု အချို့ကို စက်တင်ဘာလထဲ စတင်မှာ ဖြစ်ပါတယ်။”

ဒါဆို ဘယ်နေ့ဆိုတာ အတိအကျပြောလို့မရဘဲ စက်တင်ဘာ ၃၁ မတိုင်ခင်လို့ပဲ ပြောရမှာပေါ့။

“ဟုတ်ပါတယ်။ စက်တင်ဘာလကုန်မတိုင်ခင် ထွက်ရှိလာမယ်ဆိုတာတော့ ကတိပေးနိုင်ပါတယ်။”

ဝန်ဆောင်မှုတွေက တချို့ မြို့ကြီးတွေမှာပဲလား၊ ဒါမှမဟုတ် တနိုင်ငံလုံး သုံးနိုင်မှာလား။

“အစမှာတော့ တချို့နေရာတွေမှာပဲ သုံးနိုင်ဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ မိုဘိုင်းနက်ဝပ်က် တည်ဆောက်ဖို့ အချိန်ယူရဦးမှာမို့ပါ။ မြန်မာတနိုင်ငံလုံး သုံးနိုင်ဖို့အတွက် ၅ နှစ်အတွင်း နက်ဝပ်က်တည်ဆောက်နိုင်ဖို့ကို ကျနော်တို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် ဒီထက်စောပြီးမယ်လို့လည်း ထင်ပါတယ်။ အစမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ သုံးနိုင်မှာဖြစ်ပါတယ်။

မြို့ကြီး ၃ မြို့မှာပဲပေါ့။

“အစပိုင်းမှာပါ။ ဒါပေမယ့် နေရာအနှံ့ သုံးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်မှာပါ။”

ဒါဆို ခင်ဗျားတို့ ၅ နှစ်အတွင်းမှာ တနိုင်ငံလုံး သုံးနိုင်အောင် လုပ်မှာပေါ့။

“ဟုတ်ပါတယ်။”

ကျေးလက်က သူတွေကတော့ သုံးနိုင်ဖို့ နှစ်တွေ ထပ်စောင့်ရဦးမှာပေါ့။

“အဲ့လောက်စောင့်ဖို့ မလိုပါဘူး။ ဘာလို့လဲဆို့တော့ တနှစ်အတွင်း နိုင်ငံအနှံ့ကို ကာဗာဖြစ်အောင်လို့ လုပ်နေပါတယ်။ လူဦးရေ ထူထပ်တဲ့ဒေသတွေမှာ သုံးနိုင်အောင် အရင်ဆုံးလုပ်ဆောင်မှာပါ။ ဘာပဲပြောပြော တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို နေရာအနှံ့မှာ ၁ နှစ်အတွင်း သုံးနိုင်အောင် လုပ်နေပါတယ်။

တယ်လီနောက ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုဝန်ဆောင်မှုတွေ ပေးမှာလဲ၊ ဥပမာ ခင်ဗျားတို့ရဲ့ ပြိုင်ဘက်တွေက 3G၊ 4G တွေ သုံးနေတာလေ၊ ခင်ဗျားတို့ရဲ့ ဈေးကွက်ထိုးဖောက်ဖို့ ဗျူဟာကိုလည်း ပြောပါဦး။

“ကျနော်တို့ အရင်ဆုံး ဒီနေ့ခေတ်မှာ မြန်မာပြည်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ 2G ကော 3G ကော စနစ် ၂ မျိုး ထုတ်မှာပါ။ ဘာလိုလဲဆိုတော့ စမတ်ဖုန်းတွေနဲ့ ဒေတာ အရမ်းသုံးတဲ့ သူတွေအတွက်ကတော့ 3G စနစ်ပေါ့။ ပြီးတော့ ဝင်ငွေနည်းတဲ့ သူတွေကတော့ 2 G ကို ရွေးချယ်နိုင်မှာပါ။ 2G က ဈေးနည်းတဲ့ ဖုန်းတွေမှာလည်း သုံးနိုင်တယ်လေ။ ဒါကြောင့် တယ်လီနောဆင်းကတ်တွေဟာ ဘယ်ဖုန်းမှာမဆို အလုပ်လုပ်မှာ ဖြစ်ပါတယ်။

အင်တာနက်အခြေအနေကရော ဘယ်လိုလဲ၊ ဆင်းကတ်ထဲမှာ တပါတည်းပါမှာလား။

တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်
တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်

“ဟုတ်ပါတယ်။ အင်တာနက်ကတော့ ဘယ်ဆင်းကတ် အမျိုးအစားမဆို တခါတည်းပါမှာပါ။ ဒါကြောင့် ဒီကတ်ကို သုံးပြီဆိုရင် ပထမဆုံးနေ့မှာပဲ အင်တာနက်သုံးလို့ ရမှာပါ။ အပိုကြေးပေးစရာ မလိုပါဘူး။ သုံးသလောက်ပဲပေး ရမှာပါ။ အင်တာနက်က 2G ကတ်ရော၊ 3G ကတ်မှာရော ပါမယ်ဆိုပေမယ့် 3G က ပိုမြန်နှုန်းမြင့်ပါမယ်။ ဗီဒီယို ဒေါင်းလုဒ်ဆွဲတာတွေ youtube ကနေ ကြည့်မှာတွေဆိုရင် 3G ကို ရွေးဖို့လိုပါမယ်။ ဒါပေမယ့် ပုံမှန်ရိုးရိုးပဲ fb သုံးမယ်။ website တွေပဲကြည့်မယ်၊ မေးလ် သုံးရုံပဲ ဆိုရင်တော့ 2G စနစ်ရဲ့ အင်တာနက် အမြန်နှုန်းကလည်း ကောင်းပါတယ်။”

နောက်တခုသိချင်တာက မြန်မာပြည်မှာ အင်တာနက်အမြန်နှုန်းနဲ့ ပတ်သက်ပြီး လူတွေက စိတ်ပျက်ကြတယ်လေ။ တအားကိုနှေးတယ်။ အချိန်တိုင်းလည်း လိုင်းကျနေတတ်တယ်။ ဒါကြောင့် တယ်လီနောကကော သူတို့လို မဖြစ်အောင် လုပ်နို်င်ပါမလား။

“ဟုတ်ပါတယ်။ ကျနော်မြင်တာကတော့ အင်တာနက်ကောင်းကောင်း သုံးနိုင်ဖို့အတွက် အနေအထား ၂ ခု ရှိပါတယ်။ ပထမတခုက အရမ်းကို တိုးတက်ကောင်းမွန်နေပြီဖြစ်တဲ့ နိုင်ငံတကာလိုင်းတွေနဲ့ ချိတ်ဆက်နို်င်ဖို့ပါ။ တယ်လီနောက အဲဒီလို ချိတ်ဆက်မှာပါ။ လိုင်းတခုကတော့ ထိုင်းနိုင်ငံက လိုင်းနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ချိတ်လို့ မပြီးသေးပါဘူး။ နောက်လထဲမှာတော့ အပြီး ချိတ်ဆက်နိုင်မှာပါ။ နောက်ထပ် လိုင်းတခုကိုလည်း မြန်မာနိုင်ငံရဲ့ ပြင်ပမှာပဲ ချိတ်ဆက်ထားပါတယ်။ ဒါမှ လိုင်းတခုပြတ်သွားတဲ့အခါ၊ မနှစ်ကလိုမျိုး ရေအောက်ဆက်ကြောင်း လိုင်းပြတ်သွားတဲ့အခါမှာ ကြုံရသလိုမျိုး မဖြစ်မှာပေါ့။ အဲဒီမှာ အရေးကြီးတဲ့တခုက တနိုင်ငံလုံး သုံးနိုင်ဖို့အတွက် အင်တာနက်ချိတ်ဆက်မှု လိုအပ်ချက်ကြီးမားပါတယ်။ ဒုတိယက အင်တာနက် နက်ဝပ်က် အရည်အသွေး ကောင်းကောင်း ဖြစ်ဖို့လိုပါတယ်။ မြန်နှုန်းမြင့် 3G ကွန်ရက်ကို သုံးနိုင်ဖို့ဆိုရင် ရန်ကုန် ဒါမှမဟုတ် တခြားမြို့တွေမှာ တာဝါအများကြီး လိုအပ်ပါတယ်။”

ဒါဆို မြန်မာနိုင်ငံပြင်ပ ထိုင်းနိုင်ငံလိုနေရာမှာ လင့်တွေကို တည်ဆောက်နေတယ်။ ဒါဆို ဆောက်လို့ မပြီးမချင်း အင်တာနက်အမြန်နှုန်းက ငြိမ်နိုင်ပါ့မလား။ ဘယ်လို ဖြစ်မလဲ။

“သေချာတာကတော့ 3G အင်တာနက် အမြန်နှုန်းကတော့ ကောင်းပါလိမ့်မယ်။ ဒီမှာရှိတဲ့ လူတွေရဲ့ အင်တာနက်သုံးမှုက တဖြည်းဖြည်း များလာတယ်။ အခုဆိုရင် သန်း ၆၀ ရှိတဲ့ ဒီနိုင်ငံမှာ လူ ၇ သန်း၊ ၈ သန်းလောက်ဟာ တယ်လီဖုန်းကတဆင့် အင်တာနက် သုံးကြပါတယ်။ ဒီတော့ ကျနော်တို့ နေရာအလုံအလောက် ရှိဖို့ လိုတယ်ဆိုတာကို ပြတာပါ။ အပြင်ကလည်း ချိတ်မယ်။ ပြည်တွင်းမှာလည်း တာဝါတိုင်တွေ ဆောက်မယ်။ ဒါကြောင့် ၂ မျိုးဖြစ်သွားတဲ့အတွက် တာဝါတိုင်တွေ အများကြီး ဆောက်စရာ မလိုတော့ဘူးပေါ့။”

ဒါဆို တာဝါတိုင်တွေက ကိုယ့်ဘာသာကို ဆောက်တာလား၊ ဒါမှမဟုတ် တခြားသူတွေစီက တဆင့် ငှားတာလား။

“ကျနော်တို့ ကိုယ်တိုင်မဆောက်ပါဘူး။ ကျနော်တို့ကတော့ အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနောတို့ တာဝါတိုင်တွေကို ခွဲဝေသုံးတာက ပိုကောင်းမယ်လို့ ထင်လို့ပါ။ ဒါကြောင့် ကျနော်တို့ တခြားသူတွေလိုပဲ တာဝါပိုင်တဲ့ သူတွေဆီက ငှားသုံးပါတယ်။”

ဖုန်းပြောခ ပေးချေတဲ့စနစ်ကကော pre-paid ကတ်စနစ်လား၊ တခြားစနစ်လား။

“အများစုကတော့ pre-paid ကတ်စနစ်သုံးတာကို အသားကျနေပါပြီ။ ဒါပေမယ့် ကျနော်တို့ဆီမှာ post-paid စနစ်လည်း ရှိပါမယ်။ တချို့ သုံးစွဲသူတွေဟာ ဘဏ်ကနေတဆင့် ပေးတာ ဒါမှမဟုတ် တနည်းနည်းပေါ့၊ ငွေကြိုသွင်းထားပြီး သုံးတာမျိုးလည်း ရှိမှာပါ။ ဒါတော့ အနည်းစုပဲ သုံးမယ်ထင်ပါတယ်။ ဖောက်သည်အများစုကတော့ pre-paid ကတ်စနစ်ကို ပိုကြိုက်ကြမယ် ထင်ပါတယ်။”

တခြားဘယ်လို ဆားဗစ်တွေရော ပါမလဲ။ ဥပမာ – တခြား အော်ပရေတာတွေက သတင်းတွေ ပို့ပေးတာတွေလိုမျိုးပေါ့။ အပိုဝန်ဆောင်မှုတွေက ဘာတွေပါမလဲ။

“ကျနော်တို့ကတော့ 2G စနစ်နဲ့ 3G စနစ်တွေမှာ အင်တာနက် ကောင်းကောင်းနိုင်ဖို့ပါ။ ပြီးတော့ အသံကြည်ကြည်လင်လင် ကြားရဖို့ပေါ့။ ပြီးရင် ကျနော်တို့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်တဲ့ စနစ်တွေ ပါလာပါမယ်။ ခင်ဗျား နိုင်ငံခြားကို ခရီးသွားမယ်ဆိုရင် တယ်လီနော ဆင်းကတ်ကိုယူသွားပြီး သင့်တော်တဲ့ ဈေးနှုန်းနဲ့ နိုင်ငံတကာကို ဖုန်းခေါ်နိုင်ပါမယ်။ ပြီးရင် နိုင်ငံတကာကို SMS လည်း ပို့နိုင်ပါမယ်။ လက်ခံလို့လည်း ရပါမယ်။ တခါ ပုံတွေလည်း ပို့နိုင်ပါမယ်။”

ဒီဝန်ဆောင်မှုတွေက စက်တင်ဘာမှာ ထွက်လာမယ့် ဖုန်းကတ်တွေမှာ တပါတည်း ပါလာမှာလား။

“ဟုတ်ပါတယ်။ Roming က အရင်ဆုံးတော့ တချို့နိုင်ငံတွေမှာပဲ ခေါ်နိုင်မှာပါ။ ဘာလို့လည်းဆိုတော့ သဘောတူ စာချုပ်ချုပ်ရဦးမှာမို့ပါ။ ပြီးတော့ ဒီ rominy system လုပ်မယ့် နိုင်ငံချင်းလည်း sim card ချင်း စမ်းသပ်ရဦးမယ်။ ဒီက ကတ်ကို ဟိုပို့၊ ဟိုကဟာကို ဒီယူပြီး စမ်းရမယ်။ ဒါကြောင့် roming စနစ် တကမ္ဘာလုံးအပြည့်သုံးဖို့ အချိန်နည်းနည်းတော့ ယူရဦးမယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံတော်တော်များများ ဆက်သွယ်နိုင်အောင် လုပ်ပေးထားပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ဧရိယာချဲ့သွားမှာပါ။ ဒါပေမယ့် ဖုန်းကတော့ နိုင်ငံတကာကို ခေါ်ဆိုနိုင်မှာပါ။ ပြီးတော့ ကျနော်တို့က telecom အော်ပရေတာ ကုမ္ပဏီဆိုတော့လေ သတင်းတွေ ပေးပို့ဖို့လည်း သတင်းဌာနလိုမျိုးတွေနဲ့လည်း ချိတ်ဆက် ထားမှာပါ။ သူတို့တွေက သတင်းတွေလည်း ရောင်းနိုင်ပါတယ်။ ကျနော်တို့က မျှဝေမယ်၊ သုံးစွဲသူတွေစီက ပိုက်ဆံကို လက်ခံပေးမယ်။ ဒီလိုပဲ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းဝန်ဆောင်မှုနဲ့ သီချင်းဝန်ဆောင်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဒါက လုပ်ငန်းတွေအတွက် ကောင်းမယ်လို့ ထင်ပါတယ်။ တယ်လီနောမှာ အင်တာနက်လိုင်း ကောင်းမယ်။ တယ်လီဖုန်းလိုင်းကလည်း ကောင်းတယ်လေ။ ဒါတွေကို ကျနော်တို့ launch လုပ်တဲ့အခါ တခါတည်း ကြေညာမှာပါ။”

telecom စီးပွားရေးလုပ်ငန်းအပါအဝင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ လုပ်ကိုင်ကြရပါတယ်။ ဒီနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ဆိုရင် ဥပဒေတွေ သတ်မှတ်ချက်တွေက အများကြီး ရှိတယ်လေ။ ခင်ဗျားတို့ကော ဒီက တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုကော ကျေနပ်မှုရှိရဲ့လား၊ ဒါမှာမဟုတ် ပိုပြီးကောင်းအောင်လို့ အကြံပေးချင်တာများ ရှိလား။

“အခု မြန်မာနိုင်ငံက ဆက်သွယ်ရေးကဏ္ဍမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဥပဒေသစ်တွေ ထွက်ဖို့ မြန်မြန်ဆန်ဆန်လုပ်တာကို တွေ့ရပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ အဓိကအခြေခံဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေသစ်ကို လွှတ်တော်က မနှစ်က အောက်တိုဘာလမှာ ခွင့်ပြုလိုက်ပါပြီ။ အခုနည်းဥပဒေကိုလည်း ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲနေတာ ပြီးတော့မှာပါ။ နည်းဥပဒေထွက်လာတာနဲ့ တပြိုင်နက် ကျနော်တို့ သဘောတူစာချုပ်ချုပ်ဆိုမှာပါ။ ဒါကြောင့် အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေနဲ့ နည်းဥပဒေဟာ နိုင်ငံတကာအဆင့် မီတယ်လို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံက အမှားတွေကို သင်ယူတယ်လို့ မြင်ပါတယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ တယ်လီနောက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတာဟာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ မြင်နေရတဲ့ အတိုင်းပဲ တိုးတက်ကောင်းမွန်တာကြောင့်ပါ၊ အစိုးရကလည်း နို်င်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေကို အထောက်အကူပေး တာကို မြင်နေရပါတယ်။”

ဒီဗွီဘီ 

တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်
တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားတဲ့ နော်ဝေပိုင် တယ်လီနော ကုမ္ပဏီဟာ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်နဲ့ ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဆင်းကတ်တွေ စတင်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

ကမ္ဘာပတ်လို့ ၆၆ ကြိမ် မင်္ဂလာဆောင်ပြီးတော့ အတည်ဆောင်တော့မယ် လင်မယား

Photo: ကမ္ဘာပတ်လို့ ၆၆ ကြိမ် မင်္ဂလာဆောင်ပြီးတော့ အတည်ဆောင်တော့မယ် လင်မယား
Friday, August 15, 2014 

Alex Pelling နဲ့ Lisa Gant တို့ရဲ့ ကမ္ဘာပတ် မင်္ဂလာဆောင်ခဲ့ကြတဲ့ သတင်းကို ဖတ်ဖူးသူများလည်း ရှိကြမှာပါ။ ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ သူတို့ဟာ ၈ နှစ်ကြာ ချစ်သူ ရည်းစား ဖြစ်ပြီးမှ အိမ်ထောင်ပြုကြခြင်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာကိုလည်း အခြား သာမန်လူများနဲ့ မတူပဲ ၃ နှစ်တာ ကာလ အတွင်း ကမ္ဘာပတ်လို့ မတူကွဲပြားတဲ့ ၆၆ မျိုးသော နည်းလမ်းနဲ့တောင် မင်္ဂလာ ဆောင်ခဲ့ကြ ပါတယ်။

Lisa ဟာ ကုမ္ပဏီတစ်ခုမှ မန်နေဂျာ အဖြစ် လုပ်ကိုင်ပြီး Alex ကတော့ ကားပြင်ဆင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှိသူ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး ခရီးထွက် မင်္ဂလာဆောင်နိုင်ဖို့အတွက် ကိုယ်ပိုင်အိမ်ကော၊ လုပ်ငန်းများကိုရော ရောင်းချ ခဲ့ပြီး ၂၀၁၁ ခုနှစ်ကနေ ခရီးထွက် မင်္ဂလာဆောင်လာလိုက်တာ ၂၀၁၄ ခုနှစ် မေလ လောက်မှာပဲ ပြီးဆုံးသွား ပါတယ်။ ကုန်ကျစရိတ် ဘယ်လောက်ရှိတယ် ဆိုတာ မဖော်ပြပေမယ့် သူတို့ ရောက်ခဲ့တဲ့ နိုင်ငံ က နိုင်ငံပေါင်း ၃၀ ကျော် ပါတ်။ ပါစ္စတန်လို နိုင်ငံငယ်တောင် မချန်ပါဘူး။ မင်္ဂလာပွဲ တစ်ခုတိုင်း အတွက် ဓာတ်ပုံများကို ရိုက်ကူးမှတ်တမ်းတင်ပြီးတော့ သူတို့ရဲ့ ဝဘ်ဆိုဒ်မှာ ပြန်တင်ပါတယ်။ ဒါကြောင့်မို့ ၃ နှစ်တာ သူတို့ လုပ်လာတဲ့ ဘလောဂ်လေးဟာ ကြည့်ရှုသူ သန်းကျော် ရှိပြီး ကြော်ငြာစီးပွားလုပ်ငန်း လုပ်စရာ နေရာ တစ်ခုလည်း ဖြစ်လာပါတယ်။ 

အင်္ဂလန်ကို ပြန်ရောက်လာပြီးတေ့ ယခု မန်ချက်စတာမှာပဲ နောက်ဆုံးပိတ် မင်္ဂလာဆောင် ပြုလုပ်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ကမ္ဘာပတ် မင်္ဂလာဆောင်ထားတဲ့ ချစ်စဖွယ် ဓာတ်ပုံများကို http://www.dailymail.co.uk/femail/article-2724738/We-crazy-romantics-Globe-trotting-British-couple-wed-66-TIMES-traditional-marriage-ceremony-place-theyve-visited-three-years.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

အောင်ခမ်း (ရိုးရာလေး)
Alex Pelling နဲ့ Lisa Gant တို့ရဲ့ ကမ္ဘာပတ် မင်္ဂလာဆောင်ခဲ့ကြတဲ့ သတင်းကို ဖတ်ဖူးသူများလည်း ရှိကြမှာပါ။ ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ သူတို့ဟာ ၈ နှစ်ကြာ ချစ်သူ ရည်းစား ဖြစ်ပြီးမှ အိမ်ထော င်ပြုကြခြင်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာကိုလည်း အခြား သာမန်လူများနဲ့ မတူပဲ ၃ နှစ်တာ ကာလ အ တွင်း ကမ္ဘာပတ်လို့ မတူကွဲပြားတဲ့ ၆၆ မျိုးသော နည်းလမ်းနဲ့တောင် မင်္ဂလာ ဆောင်ခဲ့ကြ ပါတယ်။

ပြည်သူ့တပ်မတော် ဆိုသည်မှာ

Photo: ပြည်သူ့တပ်မတော် ဆိုသည်မှာ
Friday, August 15, 2014 

ကချင်ပြည်နယ် ကာမိုင်းမြို့နယ်အတွင်းရှိ ကွမ်စိုင်ဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နယ်မြေခံ တပ်မ (၆၆) လက်အောက်ခံ တပ်မတော် အရာရှိတစ်ဦးက ရိုက်နှက် စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မ (၆၆) တပ်မမှူးကိုယ်တိုင် ကာယကံရှင်ကို တောင်းပန်ကာ ဆေးကုသပေးရန် ဖားကန့်သို့ ခေါ်ဆောင်သွားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

တပ်မတော်သားတစ်ဦး အထူးသဖြင့် တပ်မမှူးအဆင့်ရှိ တပ်မတော် အရာရှိတစ်ဦးက နယ်မြေခံ ပြည်သူတစ်ဦးကို ၎င်း၏ လက်အောက်ငယ်သား အရာရှိတစ်ဦး၏ အပြုအမူနှင့် ပတ်သက်၍ တောင်းပန်ခြင်းမှာ မြန်မာ့တပ်မတော် သမိုင်းတွင် နှစ်ပေါင်း ၅၀ အတွင်း တရားဝင် သိရှိသမျှ ပထမဦးဆုံးဟု ဆိုနိုင်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးအင်အားစု တစ်ရပ်အဖြစ် အခိုင်အမာ တည်ရှိ ဖြတ်သန်းလာခဲ့သော မြန်မာ့တပ်မတော်သည် ခေါင်းဆောင်တို့၏ ခံယူချက်၊ အရည်အချင်း၊ စေတနာ၊ ရိုးသားဖြောင့်မတ်မှု၊ ပရော်ဖက်ရှင်နယ် ပီသမှုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအပေါ် ထားရှိသည့် သဘောထားတို့အပေါ် မူတည်ကာ တပ်မတော်၏ ဂုဏ်သိက္ခာ မြင့်မား၊ ကျဆင်းခြင်းတို့ ကြုံခဲ့ရသည်။

ကုန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တပ်မတော်သည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အပါအဝင် နိုင်ငံရေးအင်အားစု အားလုံး၏ အပေါ်စီးတွင် ရှိနေခဲ့သည်ဟု ရှုမြင်ခံထားရပြီး ယနေ့အထိလည်း ထိုနေရာကို တစ်စိတ်တစ်ပိုင်း ရယူထားဆဲဟု ယူဆခံထားရသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဖြစ်လဲ ပြည်သူတစ်ဦးကို ဤသို့ လူသိရှင်ကြား တောင်းပန်ခြင်းမှာ များစွာ ထူးခြားလှသည်။

အထူးသဖြင့် နိုင်ငံတစ်ဝန်း မြေသိမ်း၊ ယာသိမ်း ပြဿနာများနှင့် မြေသိမ်းခံ တောင်သူများအပေါ် ဒေသအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့အချို့က ယနေ့အထိ အပေါ်စီးက ဆက်ဆံဆဲ၊ ခြိမ်းခြောက်၊ အရေးယူဆဲ၊ ထောင်အချခံ လယ်သမားများကို ဝေးလံထောင်များသို့ ရွှေ့ပြောင်းစေရန် တရားရုံးများကို ဖိအားပေးဆဲ အချိန်မျိုးတွင် အကြီးတန်း တပ်မတော်အရာရှိတစ်ဦးက ပြည်သူကို တောင်းပန်ခြင်းကို များစွာ အသိအမှတ် ပြုထိုက်လှသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ် ရယူထားသည့် တပ်မတော်သည် တစ်ဖက်တွင်လည်း ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်နေချိန်တွင် လယ်သမားများအပေါ် မလျော်သြဇာသုံး ဖိအားပေးခြင်းကဲ့သို့ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေသော အပြုအမူများ တတ်နိုင်သမျှ ရှောင်ကြဉ်ကာ မှားယွင်းသည့် လုပ်ရပ်အတွက် ပြည်သူကို ဝန်ချတောင်းပန်ရဲသော သတ္တိမျိုး မွေးမြူခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံးက အားကိုးယုံကြည်အပ်သည့် ပြည်သူ့တပ်မတော် ဖြစ်လာရေး တပ်မတော်သား အားလုံးက ဝိုင်းဝန်း ကြိုးပမ်းပါမည့်ကြောင်း တိုက်တွန်း အကြံပြုအပ်ပေသည်။

The Voice Weekly
ကချင်ပြည်နယ် ကာမိုင်းမြို့နယ်အတွင်းရှိ ကွမ်စိုင်ဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နယ်မြေခံ တပ်မ (၆၆) လက်အောက်ခံ တပ်မတော် အရာရှိတစ်ဦးက ရိုက်နှက် စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မ (၆၆) တပ်မမှူးကိုယ်တိုင် ကာယကံရှင်ကို တောင်းပန်ကာ ဆေးကုသပေးရန် ဖားကန့်သို့ ခေါ်ဆောင်သွားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကျောင်းအပြန်လမ်းကြုံစီးသည့် ကားမှောက်၊ ကျောင်းဆရာမ နှစ် ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

အထက်တန်းကျောင်းမှ ကျောင်းဆရာမ ရှစ်ဦး ကျောင်းမှအပြန် ကားမှောက် ရာမှ နှစ်ဦးသေဆုံးခဲ့ပြီး ခြော က်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် တစ်ခု ပြည်မြို့နယ်တွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု လက်ထော က် မြို့နယ်၊ ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။

နာဆာဂြိုဟ်တုမှ ပုံများတွင် မြောက်ကိုရီးယား ထူးဆန်းစွာ ပျောက်ကွယ်နေ

Photo: နာဆာဂြိုဟ်တုမှ ပုံများတွင် မြောက်ကိုရီးယား ထူးဆန်းစွာ ပျောက်ကွယ်နေ
Friday, August 15, 2014

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အကျယ်အ၀န်းစတုရန်းမိုင်ပေါင်း ၄၇၀၀၀ ရှိသော်လည်း နာဆာဂြိုဟ်တုမှ ရိုက်ကူးထားသော ပုံများတွင် ယခုအခါ ထူးဆန်းစွာ ပျောက်ကွယ်နေကြောင်း သိရသည်။

အိမ်နီးချင်း ရုရှား၊ တရုတ်နှင့် ၃၅ မိုင်သာ ကွာဝေးသော တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တို့တွင်  အလင်းရောင်များ တွေ့ရသော်လည်း မြို့တော်ပြုံယမ်း တွင် ညဘက်အလင်းရောင်အနည်းငယ် ကို  တွေ့ရသည်မှလွဲ၍ တစ်နိုင်ငံလုံးတွင် မည်သည့်အလင်းရောင်ကိုမှ ဂြိုလ်တုဓာတ်ပုံတွင် မတွေ့ရှိခဲ့ရပေ။

ဥရောပ အာကာသအေဂျင်စီ၏ NightPod နည်းပညာအကူအညီကြောင့် နာဆာအနေဖြင့် အဆိုပါ ဓာတ်ပုံများကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးယူနိုင်ခဲ့သည်။ 

Ref:Daily Mail
Mizzima - News in Burmese
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အကျယ်အ၀န်းစတုရန်းမိုင်ပေါင်း ၄၇၀၀၀ ရှိသော်လည်း နာဆာဂြိုဟ်တုမှ ရိုက်ကူးထားသော ပုံများတွင် ယခုအခါ ထူးဆန်းစွာ ပျောက်ကွယ်နေကြောင်း သိရသည်။

ကလေးတွေကို ဘယ်အချိန်မှာ iPad ပေးမလဲ

Photo: ကလေးတွေကို ဘယ်အချိန်မှာ iPad ပေးမလဲ
Friday, August 15, 2014

အက်ဒမ်က  အမေရိကန်နိုင်ငံ ဆန်အန်တိုနီယိုမြို့မှ တက္ကဆက်ပြည်နယ် ဒါးလ်စ်မြို့ဆီသို့ ငါးနာရီ ကြာခရီးကို ကားမောင်းလာသည်မှာ လမ်းတစ်ဝက်သာ ရောက်ပါသေးသည်။ သူနှင့်အတူ ဇနီးဖြစ်သူလာရာ နှင့် သမီးလေးနှစ်ဦးလည်းပါသည်။ နောက်ခုံမှာထိုင်နေ သော (၂)နှစ်အရွယ်သမီးငယ် ဗစ်တိုရီးယားကစပြီး ကျူကျူ ပါအောင် ငိုပါတော့သည်။

သူကအရုပ်တွေကိုလည်း ဆော့ပြီးပြီ၊ တစ်ရေးလည်းအိပ်ပြီးပြီ။ နောက်ထပ်ချော့စရာနည်းလမ်းကမကျန်တော့။

‘‘ကျွန်တော့်မိန်းမနဲ့ ကျွန် တော့်မှာလည်း ချော့စရာနည်းက ကုန်ပြီ။ အဲဒီတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ပြောလိုက်ရတယ်။ သူ့ကို အိုင်ပက်သာပေးလိုက်တော့ဟေ့’’

တကယ်လည်း ကလေးကို သူတို့က အိုင်ပက်(iPad)ထုတ်ပေးလိုက်သည်။ တကယ်ပင် ကားအတွင်းမှာ ငိုသံတွေက ချက်ချင်းတိတ်ဆိတ်သွားပါတော့သည်။

မိဘတွေအတွက် ကလေးများကို ချော့မော့ရန်  လျှပ်စစ်ပစ္စည်း မသုံးမိအောင်နေဖို့က သိပ်ခဲယဉ်းလှသည်။ လျှပ်စစ်ခေတ်ပေါ်ကိရိယာမျိုးစုံကို ယခင်ကထက် ဈေးချိုချိုဖြင့်ရနေသည့်အပြင် ကလေးတွေနှင့်နေရာတိုင်းလို ထိတွေ့နေသည်။ မိသားစုတိုင်းအတွက် ကားဖြင့်ခရီးသွားရာတွင် ဂျီကျနေသောကလေးများကို ကြာရှည်အာရုံ ဆွဲဆောင်နိုင်တာ၊ နောက်ခုံမှာငြိမ်ငြိမ်လေးနေဖို့လုပ်နိုင်တာ အိုင်ပက်လိုအရာတွေသာ ဖြစ်သည်။

လျှပ်စစ်ခေတ်ပေါ် အသုံးအဆောင်ပစ္စည်းများအပေါ် တပ်မက်လာကြခြင်းက ကလေးငယ်များရှိသော မိဘများအတွက် ပြဿနာအသစ်တစ်ခုဖြစ်လာပြီဟု စိတ်ရောဂါပညာရှင်များက ဆိုပါသည်။

‘‘နည်းပညာတွေက နေ့ချင်း ညချင်းဆိုသလိုဖြစ်နေတော့ မိဘတွေက ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါတွေကို သူတို့ဘဝထဲမှာ ဘယ်လိုပုံစံနဲ့ သွင်းရမှန်းမသိတော့ဘူး’’

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် အင်တာနက် စွဲလမ်းမှုပြဿနာဖြေရှင်းရေးဌာနကို တည်ထောင်သူမစ္စကင်ဘာ လေရမ်းက ပြောကြားခြင်းဖြစ်၏။ မိသားစုများအနေဖြင့် နည်းပညာ မသုံး၊ ကွန်ပျူတာမသုံးသည့် အချိန်ကို ညီမျှအောင်ချင့်ချိန်ပြီး အချိန်ဖြုန်းကြဖို့ သူက အကြံပြုပါ သည်။

လမ်းခရီးသွားသည့်အခါ မိဘများအနေဖြင့် ကလေးများနေအောင် ရှေးယခင်နည်းလမ်းဟောင်းများကို ပိုသုံးသင့်သည်ဟု သူကဆိုပါသည်။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအပြင် အရုပ်၊ စာအုပ်နှင့် စတစ်ကာလို ကလေးများကြိုက်သည့်အရာမျိုးဖြင့် ဆွဲဆောင်ပါဟု မိသားစုနှင့် ကလေးစိတ်ပညာရှင်ဒေါက်တာကရင်ဝက်စကင်ကလည်း အကြံပေးသည်။

ထို့အပြင် တတ်နိုင်ပါက ကလေးများကို သူတို့ကြိုက်သည့် ဆောင်ရွက်မှုများကို ခရီးမထွက်မီ မိဘကအတူပူးပေါင်းလုပ်ဆောင်သင့်သည်ဟု ဆိုပါသည်။ ထိုနည်းက ကလေးများသည် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များကို အားမကိုးဘဲ သူတို့ဘာ သာ ပျော်ရွှင်မှုဖန်တီးနိုင်အောင် မိဘက သင်ကြားပေးရမည်ဟု ဒေါက်တာကရင်က ပြောပါသည်။

အမေရိကန်ကလေးကျန်းမာရေးဌာနကမူ ကလေးများ ကွန်ပျူတာ (သို့မဟုတ်)တီဗီဖန်သားပြင်ကြည့်ရှုမှုကို တစ်နေ့ တစ်နာရီ (သို့မဟုတ်)နှစ်နာရီထက်ပိုနည်းသင့်သည်ဟု ဆို သည်။ ထို့အပြင် (၂)နှစ်မပြည့်သော ကလေးများကို ထိုကဲ့သို့ ကွန်ပျူတာဖန်သားပြင်များနှင့် ထိတွေ့ရန်အားမပေးသင့်ပါဟု ပြောကြားထားသည်။

ကွန်ပျူတာဖန်သားပြင်က ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေသည်မဟုတ်။ ကွန်ပျူတာသုံးရန်ထိုင်လွန်းရာမှ ကလေးများသည်ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပြီး အဝလွန်လာမည်။ ထိုအခါ နှလုံးရောဂါဖြစ်လာနိုင်သည်ဟု အမေရိကန် ကလေးကျန်းမာရေးဌာနက သတိပေးထား သည်။

ယခုအခါ မိဘအများစုသည် ကလေးများကို အန္တရာယ် ကင်းသော ဖျော်ဖြေမှုပေးရေးနှင့် နောက်ဆုံးပေါ်လျှပ်စစ်အသုံးအဆောင်များကို အားကိုးပြီး ကလေးကို ကြီးပြင်းစေခြင်း အကြားတွင် ရောက်နေသည်ဟု ခံစားနေရသည်။

‘‘ပထမတော့ နည်းပညာတွေ အသုံးပြုတာကို ဆန့်ကျင်တာပေါ့လေ’’ဟု နယူးယောက်မြို့မှ (၆)နှစ်နှင့် (၃)နှစ်အရွယ်  သမီးနှစ်ဦးမိခင် ဖာဘီနာဆူတန်က ပြောသည်။ ဆူတန်နှင့် ခင်ပွန်းသည်က ခရီးသွားလျှင် ကလေးများငြိမ်ငြိမ်နေအောင် စတစ်ကာနှင့်ပုံစာအုပ်များကို ပထမပေးကြသည်။သို့သော်လည်း အချို့အခြေအနေများတွင် နည်းပညာပစ္စည်းများကူမှသာရသည်ဟု ဆူတန်က ပြောသည်။

‘‘ကလေးတွေကို ခဏခဏ ခုံမှာငြိမ်ငြိမ်ထိုင်ကြနော်လို့ ပြောလွန်းအားကြီးတော့လည်း မကောင်းတော့ဘူး။ သူတို့မှာလည်း အကြာကြီးကို’’

နောက်ဆုံးတော့ ကလေးများကို ဖုန်းနှင့် တက်ဘလက်များ ထုတ်သုံးပြီးဂိမ်းကစားခွင့်၊ ကာတွန်းကြည့်ခွင့်ပေးလိုက်ရတော့ သည်ဟု ဆူတန်ကဆိုပါသည်။ သို့သော်လည်း အချိန်သတ်မှတ် ကာ ပညာရေးအတွက် ပြုလုပ်ထားသည့် ဂိမ်းများကိုသာ ကစားခွင့်ပေးသည်ဟု သူက ရှင်းပြသည်။

အရီဇိုးနာပြည်နယ် ဘာရတ်မာဆန်ကတော့ ကားမောင်းနေစဉ် သားလေးဂျက်ကော့ ဂျီကျငိုယိုတိုင်း ကားပြတင်းပေါက်ကို ဖွင့်ခြင်း၊ ကားရေဒီယိုအသံကျယ်ကျယ်ဖွင့်ခြင်းတို့ကို လုပ်တတ်သည်။ ထိုစဉ်က ဂျက်ကော့က (၅)နှစ်သားသာရှိသေး၏။

‘‘ဒါပေမဲ့ဗျာ ဘယ်လိုမှချော့လို့မရဘူးဗျ’’

တစ်ချိန်မှာတော့ မစ္စတာမာဆန်က သူ၏စမတ်ဖုန်းကို ကလေးကိုပေးလိုက်သည်။ ထိုအခါ ကလေးက ချက်ချင်းတိတ်သွားပြီး ဖုန်းထဲကဂိမ်းများကို စိတ်တိုင်းကျကစားနေတော့သည်။

ယခုအခါ ဂျက်ကော့က (၁၀)နှစ်ရှိပြီ။ သူက ကိုယ်ပိုင်အိုင်ပက်ဖြင့် မိသားစုခရီးထွက်သည့်အခါတိုင်း စိတ်ကြိုက်ကစားပြီး လိုက်ပါလာတတ်သည်။ တစ်ချိန်တည်းမှာပဲ မစ္စတာမာဆန်၏ သမီးအကြီး (၁၄)နှစ်အရွယ် ဟန်နာကလည်း အိုင်ဖုန်းဖြင့် ဂိမ်းကစားသည်။ ကလေးများ၏ အိုင်ဖုန်း၊ အိုင်ပက်တွေသုံးပြီး ကစားချိန်ကို သူကမတားမြစ်ပါဟု မစ္စတာမာဆန်က ဆိုသည်။

‘‘ဘက်ထရီမကုန်မချင်း သူတို့ကို စိတ်ကြိုက်ကစားခွင့်ပေးထားတယ်။ အဲ.. ဘက်ထရီလည်းကုန်ရော အားသွင်းတဲ့ကြိုးကို သူ့ထက်ငါရဖို့ နှစ်ယောက်သား အသေသတ်ကြတော့တာပါပဲ’’

(ဝေါစထရိဂျာနယ်ပါ When it is ok to give the kids a tablet ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)ဒမ်က  အမေရိကန်နိုင်ငံ ဆန်အန်တိုနီယိုမြို့မှ တက္ကဆက်ပြည်နယ် ဒါးလ်စ်မြို့ဆီသို့ ငါးနာရီ ကြာခရီးကို ကားမောင်းလာသည်မှာ လမ်းတစ်ဝက်သာ ရောက်ပါသေးသည်။ သူနှင့်အတူ ဇနီးဖြစ်သူလာရာ နှင့် သမီးလေးနှစ်ဦးလည်းပါသည်။ နောက်ခုံမှာထိုင်နေ သော (၂)နှစ်အရွယ်သမီးငယ် ဗစ်တိုရီးယားကစပြီး ကျူကျူ ပါအောင် ငိုပါတော့သည်။

သူကအရုပ်တွေကိုလည်း ဆော့ပြီးပြီ၊ တစ်ရေးလည်းအိပ်ပြီးပြီ။ နောက်ထပ်ချော့စရာနည်းလမ်းကမကျန်တော့။

‘‘ကျွန်တော့်မိန်းမနဲ့ ကျွန် တော့်မှာလည်း ချော့စရာနည်းက ကုန်ပြီ။ အဲဒီတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ပြောလိုက်ရတယ်။ သူ့ကို အိုင်ပက်သာပေးလိုက်တော့ဟေ့’’

တကယ်လည်း ကလေးကို သူတို့က အိုင်ပက်(iPad)ထုတ်ပေးလိုက်သည်။ တကယ်ပင် ကားအတွင်းမှာ ငိုသံတွေက ချက်ချင်းတိတ်ဆိတ်သွားပါတော့သည်။

မိဘတွေအတွက် ကလေးများကို ချော့မော့ရန်  လျှပ်စစ်ပစ္စည်း မသုံးမိအောင်နေဖို့က သိပ်ခဲယဉ်းလှသည်။ လျှပ်စစ်ခေတ်ပေါ်ကိရိယာမျိုးစုံကို ယခင်ကထက် ဈေးချိုချိုဖြင့်ရနေသည့်အပြင် ကလေးတွေနှင့်နေရာတိုင်းလို ထိတွေ့နေသည်။ မိသားစုတိုင်းအတွက် ကားဖြင့်ခရီးသွားရာတွင် ဂျီကျနေသောကလေးများကို ကြာရှည်အာရုံ ဆွဲဆောင်နိုင်တာ၊ နောက်ခုံမှာငြိမ်ငြိမ်လေးနေဖို့လုပ်နိုင်တာ အိုင်ပက်လိုအရာတွေသာ ဖြစ်သည်။

လျှပ်စစ်ခေတ်ပေါ် အသုံးအဆောင်ပစ္စည်းများအပေါ် တပ်မက်လာကြခြင်းက ကလေးငယ်များရှိသော မိဘများအတွက် ပြဿနာအသစ်တစ်ခုဖြစ်လာပြီဟု စိတ်ရောဂါပညာရှင်များက ဆိုပါသည်။

‘‘နည်းပညာတွေက နေ့ချင်း ညချင်းဆိုသလိုဖြစ်နေတော့ မိဘတွေက ဘာလုပ်ရမှန်းမသိတော့ဘူး။ ဒါတွေကို သူတို့ဘဝထဲမှာ ဘယ်လိုပုံစံနဲ့ သွင်းရမှန်းမသိတော့ဘူး’’

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် အင်တာနက် စွဲလမ်းမှုပြဿနာဖြေရှင်းရေးဌာနကို တည်ထောင်သူမစ္စကင်ဘာ လေရမ်းက ပြောကြားခြင်းဖြစ်၏။ မိသားစုများအနေဖြင့် နည်းပညာ မသုံး၊ ကွန်ပျူတာမသုံးသည့် အချိန်ကို ညီမျှအောင်ချင့်ချိန်ပြီး အချိန်ဖြုန်းကြဖို့ သူက အကြံပြုပါ သည်။

လမ်းခရီးသွားသည့်အခါ မိဘများအနေဖြင့် ကလေးများနေအောင် ရှေးယခင်နည်းလမ်းဟောင်းများကို ပိုသုံးသင့်သည်ဟု သူကဆိုပါသည်။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအပြင် အရုပ်၊ စာအုပ်နှင့် စတစ်ကာလို ကလေးများကြိုက်သည့်အရာမျိုးဖြင့် ဆွဲဆောင်ပါဟု မိသားစုနှင့် ကလေးစိတ်ပညာရှင်ဒေါက်တာကရင်ဝက်စကင်ကလည်း အကြံပေးသည်။

ထို့အပြင် တတ်နိုင်ပါက ကလေးများကို သူတို့ကြိုက်သည့် ဆောင်ရွက်မှုများကို ခရီးမထွက်မီ မိဘကအတူပူးပေါင်းလုပ်ဆောင်သင့်သည်ဟု ဆိုပါသည်။ ထိုနည်းက ကလေးများသည် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များကို အားမကိုးဘဲ သူတို့ဘာ သာ ပျော်ရွှင်မှုဖန်တီးနိုင်အောင် မိဘက သင်ကြားပေးရမည်ဟု ဒေါက်တာကရင်က ပြောပါသည်။

အမေရိကန်ကလေးကျန်းမာရေးဌာနကမူ ကလေးများ ကွန်ပျူတာ (သို့မဟုတ်)တီဗီဖန်သားပြင်ကြည့်ရှုမှုကို တစ်နေ့ တစ်နာရီ (သို့မဟုတ်)နှစ်နာရီထက်ပိုနည်းသင့်သည်ဟု ဆို သည်။ ထို့အပြင် (၂)နှစ်မပြည့်သော ကလေးများကို ထိုကဲ့သို့ ကွန်ပျူတာဖန်သားပြင်များနှင့် ထိတွေ့ရန်အားမပေးသင့်ပါဟု ပြောကြားထားသည်။

ကွန်ပျူတာဖန်သားပြင်က ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေသည်မဟုတ်။ ကွန်ပျူတာသုံးရန်ထိုင်လွန်းရာမှ ကလေးများသည်ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပြီး အဝလွန်လာမည်။ ထိုအခါ နှလုံးရောဂါဖြစ်လာနိုင်သည်ဟု အမေရိကန် ကလေးကျန်းမာရေးဌာနက သတိပေးထား သည်။

ယခုအခါ မိဘအများစုသည် ကလေးများကို အန္တရာယ် ကင်းသော ဖျော်ဖြေမှုပေးရေးနှင့် နောက်ဆုံးပေါ်လျှပ်စစ်အသုံးအဆောင်များကို အားကိုးပြီး ကလေးကို ကြီးပြင်းစေခြင်း အကြားတွင် ရောက်နေသည်ဟု ခံစားနေရသည်။

‘‘ပထမတော့ နည်းပညာတွေ အသုံးပြုတာကို ဆန့်ကျင်တာပေါ့လေ’’ဟု နယူးယောက်မြို့မှ (၆)နှစ်နှင့် (၃)နှစ်အရွယ်  သမီးနှစ်ဦးမိခင် ဖာဘီနာဆူတန်က ပြောသည်။ ဆူတန်နှင့် ခင်ပွန်းသည်က ခရီးသွားလျှင် ကလေးများငြိမ်ငြိမ်နေအောင် စတစ်ကာနှင့်ပုံစာအုပ်များကို ပထမပေးကြသည်။သို့သော်လည်း အချို့အခြေအနေများတွင် နည်းပညာပစ္စည်းများကူမှသာရသည်ဟု ဆူတန်က ပြောသည်။

‘‘ကလေးတွေကို ခဏခဏ ခုံမှာငြိမ်ငြိမ်ထိုင်ကြနော်လို့ ပြောလွန်းအားကြီးတော့လည်း မကောင်းတော့ဘူး။ သူတို့မှာလည်း အကြာကြီးကို’’

နောက်ဆုံးတော့ ကလေးများကို ဖုန်းနှင့် တက်ဘလက်များ ထုတ်သုံးပြီးဂိမ်းကစားခွင့်၊ ကာတွန်းကြည့်ခွင့်ပေးလိုက်ရတော့ သည်ဟု ဆူတန်ကဆိုပါသည်။ သို့သော်လည်း အချိန်သတ်မှတ် ကာ ပညာရေးအတွက် ပြုလုပ်ထားသည့် ဂိမ်းများကိုသာ ကစားခွင့်ပေးသည်ဟု သူက ရှင်းပြသည်။

အရီဇိုးနာပြည်နယ် ဘာရတ်မာဆန်ကတော့ ကားမောင်းနေစဉ် သားလေးဂျက်ကော့ ဂျီကျငိုယိုတိုင်း ကားပြတင်းပေါက်ကို ဖွင့်ခြင်း၊ ကားရေဒီယိုအသံကျယ်ကျယ်ဖွင့်ခြင်းတို့ကို လုပ်တတ်သည်။ ထိုစဉ်က ဂျက်ကော့က (၅)နှစ်သားသာရှိသေး၏။

‘‘ဒါပေမဲ့ဗျာ ဘယ်လိုမှချော့လို့မရဘူးဗျ’’

တစ်ချိန်မှာတော့ မစ္စတာမာဆန်က သူ၏စမတ်ဖုန်းကို ကလေးကိုပေးလိုက်သည်။ ထိုအခါ ကလေးက ချက်ချင်းတိတ်သွားပြီး ဖုန်းထဲကဂိမ်းများကို စိတ်တိုင်းကျကစားနေတော့သည်။

ယခုအခါ ဂျက်ကော့က (၁၀)နှစ်ရှိပြီ။ သူက ကိုယ်ပိုင်အိုင်ပက်ဖြင့် မိသားစုခရီးထွက်သည့်အခါတိုင်း စိတ်ကြိုက်ကစားပြီး လိုက်ပါလာတတ်သည်။ တစ်ချိန်တည်းမှာပဲ မစ္စတာမာဆန်၏ သမီးအကြီး (၁၄)နှစ်အရွယ် ဟန်နာကလည်း အိုင်ဖုန်းဖြင့် ဂိမ်းကစားသည်။ ကလေးများ၏ အိုင်ဖုန်း၊ အိုင်ပက်တွေသုံးပြီး ကစားချိန်ကို သူကမတားမြစ်ပါဟု မစ္စတာမာဆန်က ဆိုသည်။

‘‘ဘက်ထရီမကုန်မချင်း သူတို့ကို စိတ်ကြိုက်ကစားခွင့်ပေးထားတယ်။ အဲ.. ဘက်ထရီလည်းကုန်ရော အားသွင်းတဲ့ကြိုးကို သူ့ထက်ငါရဖို့ နှစ်ယောက်သား အသေသတ်ကြတော့တာပါပဲ’’

(ဝေါစထရိဂျာနယ်ပါ When it is ok to give the kids a tablet ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

7Day DAILY
အက်ဒမ်က  အမေရိကန်နိုင်ငံ ဆန်အန်တိုနီယိုမြို့မှ တက္ကဆက်ပြည်နယ် ဒါးလ်စ်မြို့ဆီသို့ ငါးနာရီကြာ ခရီးကို ကားမောင်းလာသည်မှာ လမ်းတစ်ဝက်သာ ရောက်ပါသေးသည်။ သူနှင့်အတူ ဇနီးဖြစ်သူလာရာ နှင့် သမီးလေးနှစ်ဦးလည်းပါသည်။ နောက်ခုံမှာထိုင်နေ သော (၂)နှစ်အရွယ်သမီးငယ် ဗစ်တိုရီးယားကစပြီး ကျူကျူ ပါအောင် ငိုပါတော့သည်။

Samsung Galaxy Note 4 ၏ အချက်အလက်များ အွန်လိုင်းတွင်ပေါက် ကြားပေါ်ထွက်လာ

Photo: Samsung Galaxy Note 4 ၏ အချက်အလက်များ အွန်လိုင်းတွင်ပေါက် ကြားပေါ်ထွက်လာ
Friday, August 15, 2014

စက်တင်ဘာလ ၃ ရက်တွင် Samsung မှ မိတ်ဆက်ပေးဖွယ်ရှိသည့် Galaxy Note 4 နှင့် ပတ်သက်သည့် အချက်အလက်များသည် အွန်လိုင်းစတိုး တစ်ခုတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။

အင်ဒိုနီးရှား အင်တာနက် လက်လီအရောင်းဆိုင် Erafone ၏ ထုတ်ကုန် စာမျက်နှာတွင် Note 4 နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် အပြည့်အစုံကို ဖော်ပြခဲ့ပြီး ၎င်းထုတ်ကုန်ကို ရောင်းချမည့် ဈေးနှုန်းကိုလည်း အင်ဒိုနီးရှား ငွေကြေးဖြင့် ဖော်ပြခဲ့သည်။

Erafone စာမျက်နှာတွင် ဖော်ပြထားချက်အရ Galaxy Note 4 တွင် ၅.၇ လက်မ Super AMOLED 1440x2560-pixel display, 16-megapixel ကျောဘက် ကင်မရာနှင့် 4GB memory တို့ ပါဝင်ကြောင်း သိရသည်။ သိုလှောင်မှုစနစ် အနေဖြင့် 16GB, 32GB, 64GB တို့ကို ရွေးချယ်နိုင်ပြီး microSD card မှတစ်ဆင့် 128GB အထိ သိမ်းဆည်းနိုင်မည် ဖြစ်သည်။

စွမ်းဆောင်ရည်ပိုင်းအရ Note 4 တွင် CPU နှစ်မျိုးအနက်မှ နှစ်သက်ရာ အမျိုး အစားဖြင့် ဝယ်ယူနိုင်ကြောင်း Erafone စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဝယ်ယူသူများသည် 2.5GHz quad-core Snapdragon 805 ချစ်ပ်နှင့် 1.3GHz Cortex-A53 core လေးလုံး၊ Cortex-A57 core လေးလုံးပါဝင်သည့် octa-core Exynos 5433 တို့ကို ရွေးချယ် ဝယ်ယူနိုင်သည်။ အချို့သော သတင်းဌာနများကမူ Snapdragon ချစ်ပ်ကို အမေရိကန်သို့သာ တင်ပို့ရောင်းချဖွယ်ရှိပြီး Exynos processor ကို နိုင်ငံတကာ ဈေးကွက် သို့ ရောင်းချဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အပြင် Note 4 တွင် Google ၏ Android KitKat 4.4.3 operating system ကို အသုံးပြုထားပြီး Wi-Fi 802.11ac ကို ထောက်ပံ့ပေးထားကြောင်းနှင့် တန်ဖိုးမှာ အင်ဒိုနီးရှား ရူပီယာ ၉,၄၉၉,၀၀၀ (အမေရိကန်ဒေါ်လာ ၈၁၃) ဖြစ်ကြောင်း Erfone မှ ဖော်ပြခဲ့သည်။

Samsung သည် Galaxy Note 4 ကို စက်တင်ဘာလ ၃ ရက်တွင် ဘေကျင်းနှင့် ဘာလင်မြို့၌ တစ်ပြိုင်နက် ကျင်းပမည့် Samsung Unpacked ပွဲ၌ တရားဝင် မိတ်ဆက်ပေးဖွယ်ရှိသည်။

Ref: CNET
7Day DAILY
စက်တင်ဘာလ ၃ ရက်တွင် Samsung မှ မိတ်ဆက်ပေးဖွယ်ရှိသည့် Galaxy Note 4 နှင့် ပတ်သက်သည့် အချက်အလက်များသည် အွန်လိုင်းစတိုး တစ်ခုတွင် ပေါက်ကြား ပေါ်ထွက်လာခဲ့သည်။

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ နွေရာသီလူငယ်အိုလံပစ်အားကစားပွဲမှာ သီချင်းဆိုမယ့် ကင်ဆူဟွန်း

Photo: တရုတ်နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ နွေရာသီလူငယ်အိုလံပစ်အားကစားပွဲမှာ သီချင်းဆိုမယ့် ကင်ဆူဟွန်း
Friday, August 15, 2014

 တောင်ကိုရီးယားနာမည် ကျော်သရုပ်ဆောင် ကင်ဆူဟွန်းသည် တရုတ်နိုင်ငံနန်ဂျင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ နွေရာ သီလူငယ်အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနား၌ ပွဲတော်သီ ချင်းသီဆိုပေးသွားမည်ဖြစ်သည်။

‘‘ကင်ဆူဟွန်းကို နွေရာသီ လူငယ်အိုလံပစ်အားကစားပွဲမှာ ပါဝင်ဖျော်ဖြေပေးဖို့နဲ့ အားကစား ပွဲတော်သီချင်းသီဆိုပေးဖို့ ဖိတ် ထားပါတယ်။ ကင်ဆူဟွန်းနဲ့ အတူတူ ကမ္ဘာ့နိုင်ငံအသီးသီး ကနေလာတဲ့ အနုပညာရှင်များစွာ လည်း ပါဝင်ဖျော်ဖြေကြမှာပါ’’ ဟု ကင်ဆူဟွန်း၏ အေဂျင်စီက သြဂုတ် ၁၄ ရက်တွင်ပြောသည်။

ကေဒရာမာစတား ကင်ဆူ ဟွန်းသည် သြဂုတ် ၁၆ ရက် အိုလံပစ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ရန် သြ ဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ လူ ငယ်အိုလံပစ်  အားကစားပွဲ၌ ကင်ဆူဟွန်းပါဝင်ဖျော်ဖြေမည့်သတင်းမှာ တရုတ်နိုင်ငံတွင် လူကြိုက်များသော  အကြောင်း အရာဖြစ်နေသည်။

နွေရာသီလူငယ်အိုလံပစ် အားကစားပွဲမှာ ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်အားကစားပွဲကို သြဂုတ် ၁၆ ရက်မှ ၂၈ ရက်အထိ တရုတ် နိုင်ငံ နန်ဂျင်းမြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

Ref:Soompi
7Day DAILY
တောင်ကိုရီးယားနာမည် ကျော်သရုပ်ဆောင် ကင်ဆူဟွန်းသည် တရုတ်နိုင်ငံနန်ဂျင်းမြို့တွင် ကျင်းပပြု လုပ်မည့် ၂၀၁၄ နွေရာ သီလူငယ်အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနား၌ ပွဲတော်သီ ချင်းသီဆိုပေး သွားမည်ဖြစ်သည်။

ဂေါ်ရခါးသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

Photo: ဂေါ်ရခါးသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ
Friday, August 15, 2014

ဈေးသက်သက်သာသာနဲ့ ၀ယ်စားနိုင်တဲ့ စားဖိုဆောင် သီးနှံဂေါ်ရခါးသီး နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းကျိုး ဘာတွေရှိသလဲ လေ့လာကြည့် ရအောင်ပါ။

ဂေါ်ရခါးသီးက နှလုံးရောဂါသမားတွေအတွက် ကောင်းကျိုးပြုပြီး ကင်ဆာရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒါ့ အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ဖို့အတွက်လည်း ကူညီပေးပါတယ်။

အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ၀မ်းချုပ်တာတွေကိုလည်း ကာကွယ်နိုင်တဲ့အပြင် သိုင်းရွိုက်အကျိတ်ကြီး ကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ နောက်ပြီး အရေပြားမှာ အဖုအပိမ့််ဖြစ်တာတွေ၊ ၀က်ခြံပေါက်တာတွေကိုလည်း ကာကွယ်ပေးပြီး အရိုးတွေ သန်မာဖို့အတွက်လည်း ကူညီပေးပါ တယ်။

ဂေါ်ရခါးသီးမှာပါတဲ့ သတ္တုဓာတ်က သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းကျိုးပြုပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကယ်လိုရီပမာဏလည်း နည်းတဲ့အတွက် ပုံမှန်စားပေးနိုင်ပါတယ်။

ဂေါ်ရခါးရွက်၊ အညွန့်၊ အသီး၊ အမြစ်အကုန်လုံးအသုံးဝင်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် သက်တော်စောင့်သဖွယ် အကျိုးပြုပါတယ်။

healthbenefitstimes.com
ဈေးသက်သက်သာသာနဲ့ ၀ယ်စားနိုင်တဲ့ စားဖိုဆောင် သီးနှံဂေါ်ရခါးသီး နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်း ကျိုး ဘာတွေရှိသလဲ လေ့လာကြည့် ရအောင်ပါ။

မြေနီကုန်း ခုံးကျော်တံတား ပြီးစီးမည့်ကာလ မပြောနိုင်သေး

 ငွေကျပ် ၁၇ ဘီလီယံခန့် အကုန်အကျခံတည်ဆောက် မည့် မြေနီကုန်းခုံးကျော် တံတားစီမံ ကိန်းသည် မြေ စမ်းသပ် အဆင့် သာရှိသေး၍ ရှစ်လနှင့် အပြီး တည်ဆောက်မည်ဟု မပြောနိုင် သေးကြောင်း၊ တံတား တည် ဆောက်မည့် Capital Develop-ment ကုမ္ပဏီမှ မန်နေဂျာ ကိုညီ ညီမျိုးမြင့်က ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကော့မှူးတွင် ဟိုတယ်သင်တန်းဖွင့်၍ အခမဲ့သင်ကြားပေးရန် စီစဉ်

ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက ကော့မှူးမြို့တွင် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာ သင်တန်း ကျောင်းတစ်ခု ဖွင့်လှစ် ၍ အခမဲ့ သင်ကြားပေးရေး အစီအစဉ်ကို အောက်တိုဘာတွင် စတင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ရာတွင် ခက်ခဲမည်ဟု စံဇာဏီဘို ဟော

Photo: ဓမ္မစေတီခေါင်းလောင်းဆယ်ရာတွင် ခက်ခဲမည်ဟု စံဇာဏီဘို ဟော
Friday, August 15, 2014

မြစ်သုံးခုဆုံရာနေရာတွင် ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခြင်းလုပ်ငန်းသည် စတင်ခဲ့သည့်နေ့ (သြဂုတ် ၁၀) ရက်သည် မြန်မာအယူအဆအရ မကောင်းသည့်နေ့ဖြစ်သည့်အတွက် ဆယ်ယူရာတွင် အခက်အခဲများဖြစ်တတ်သည်ဟု ဗေဒင်ဆရာ စံဇာဏီဘိုက သြဂုတ် ၁၄ ရက်တွင် ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူခဲ့သည်မှာ လေးရက်ရှိပြီဖြစ်ကာ ထူးခြားမှုမရှိသေးဘဲ စတင်ဆယ်ယူခဲ့သည့် နေ့သည် မြန်မာအယူအဆအရ ၀ါခေါင်လပြည့်နေ့ (သမားညိုနေ့)ဖြစ်သည့်အတွက် နေ့ကောင်းမဟုတ်ဟု စံဇာဏီဘိုက ဆိုသည်။

သမားညိုနေ့တွင် ပြုလုပ်ခြင်းကြောင့် “အခက်အခဲတွေ ဖြစ်တတ်တယ်။ တစ်ပိုင်းတစ်စ ဖြစ်တတ်တယ်။ အပြည့်အ၀မရသလို ဖြစ်တတ်တယ်”ဟု စံဇာဏီဘိုက ဆိုသည်။

လတ်တလောအခြေအနေအရ ခေါင်းလောင်းရှိနိုင်သည်ဟု ယူဆသည့်နေရာတွင် နုန်းဆယ်ယူခြင်းများ ပြုလုပ်နေသော်လည်း ထူးခြားမှု မရှိသေးပေ။

တူးဖော်ရာတွင် ဦးဆောင်သူဦးစံလင်းက “လောကီ လောကုတ္တရာနှစ်ဖြာသော အစီအရင်နဲ့ လုပ်တာတွေကို မယုံကြတာတွေလည်း ရှိတာပေါ့။ တချို့ကိစ္စများကို တွေ့ရှိချက်များကို သတင်းမထုတ်ပြန်ပါဘူး”ဟု ပြောသည်။

စံဇာဏီဘိုက “ဆယ်ယူပြီး ကုန်းပေါ်တက်တဲ့ အချိန်ကို ကြည့်ပြီးရင်တော့ ပြန်လည် မွေးဖွားခြင်းရဲ့နောက်ကွယ်မှာ ဘာတွေဖြစ်မယ်ဆိုတာကို ဟောပြောနိုင်လိမ့်မယ်”ဟု ထပ်မံပြောဆိုသည်။

Mizzima - News in Burmese 

ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့် ဆယ်ယူရန် အတည်ပြုထားသည့် နေရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက် ( မဇ္ဈိမ)
ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့် ဆယ်ယူရန် အတည်ပြု ထားသည့် နေရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက် ( မဇ္ဈိမ)
မြစ်သုံးခုဆုံရာနေရာတွင် ပြုလုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူခြင်းလုပ်ငန်းသည် စတင်ခဲ့သည့် နေ့ (သြဂုတ် ၁၀) ရက်သည် မြန်မာအယူအဆအရ မကောင်းသည့်နေ့ဖြစ်သည့်အတွက် ဆယ်ယူရာတွင် အခက်အခဲများဖြစ်တတ်သည်ဟု ဗေဒင်ဆရာ စံဇာဏီဘိုက သြဂုတ် ၁၄ ရက်တွင် ပြောဆိုသည်။

ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို

Photo: ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို
Friday, August 15, 2014

ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

၂၀၁၃ ဇူလိုင် ၁၂ ရက်က နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန (နစက)ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခင်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)၊ အကောက်အခွန်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နစကအဖြစ် ရေကြောင်းလုံခြုံရေးကို နယ်မြေစခန်း ၁၁ ခုတွင် စခန်း ၃၁ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ဖူးသည်။

ရေကြောင်းတပ်ဖွဲ့အသုံးပြုရန် အမြန်ရေယာဉ်နှစ်စင်းကို ပြည်ပမှ ၀ယ်ယူမည်ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ရခိုင်မှာက ရေကြောင်းက အဓိကကျတယ်။ အခုက လုံခြုံရေးအတွက် အထူးအလေးထားရမယ့် အခြေအနေ၊ဒါကြောင့်လည်း တိုးဖို့ပြောတာ”ဟု ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ပင်လယ်ရေထွက်ပေါက်များရှိသော်လည်း မြို့နယ်အားလုံးတွင် ရေကြောင်းရဲတပ်ဖွဲ့များ ချထားခြင်းမရှိသေးဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူးတိုးတိုးက ပြောသည်။

“ဘူးသီးတောင်၊ မောင်တောမှာတော့ ရေကြောင်းရဲတပ်ဖွဲ့ မရှိသေးဘူး။ တပ်ဖွဲ့ရှိလာမယ်ဆိုရင် လုံခြုံရေးအတွက် ပိုအားရှိတာပေါ့”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေပြီး မောင်တောနယ်စပ် ဂိတ်ပေါက်များတွင် အဆိုပါရေကြောင်း တပ်ဖွဲ့များထားသင့်သည်ဟုလည်း စခန်းမှူးတိုးတိုးက သုံးသပ်သည်။

ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်သည် ပင်လယ်ရေကြောင်းကို အဓိကအားထားရပြီး ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဓိကကုန်စည်ကူးသန်းနေခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘော တစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘောတစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူး
ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အစ္စရေး ပါလက်စတို်င်း ယာယီ အပစ်ရပ်မှု အသက်ဝင်ဆဲ

Photo: အစ္စရေး ပါလက်စတို်င်း ယာယီ အပစ်ရပ်မှု အသက်ဝင်ဆဲ
Friday, August 15, 2014

အစ္စရေးနဲ့ ဟားမတ်အကြား ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး လိုက်တာကြောင့် ဂါဇာ ကမ်းမြောင်နဲ့ အစ္စရေးတောင်ပိုင်း သန်းနဲ့ချီပြည်သူတွေ အတွက် အခြေအနေတွေ ကြာသာပတေးနေ့မှာ အေးအေးချမ်းချမ်းရှိနေပါတယ်။ ဂါဇာဒေသ စစ်ပွဲအပြီးသတ်ရေးမှာ အခြေခိုင်တဲ့ သဘောတူညီချက်ရဖို့အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမှာ ဆွေးနွေးညှိုနှိုင်းနေကြတာမို့၊ နောက်ထပ်ငါးရက် အပစ်ရပ်ချိန် သက်တမ်းတိုးဖို့ အီဂျစ်ညှိုနှိုင်းရေးမှုးတွေ ကြိုးပမ်းနိုင်ခဲ့တာပါ။

သက်တမ်းတိုးချိန်ကိုတော့ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ယံမှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီညပိုင်းမှာပဲ အပြန်အလှန် ဒုံးကျည်နဲ့ တိုက်ခိုက်တာ လေကြောင်း တိုက်ခိုက် တာတွေတော့ရှိခဲ့ပါတယ်။ အထိအခိုက်တော့ သတင်း မရပါဘူး။ အစ္စရေးမြို့တော်မှာတော့ လူထောင်ဂဏန်း စုဝေးပြီးတော့ အစ္စရေးကို ပါလက်စတိုင်းဖက်က ဒုံးကျည်တွေ ပစ်ခတ်နေတာ ရပ်ဆိုင်းဖို့ အစ္စရေး အစိုးရနဲ့ စစ်တပ်ကို တောင်းဆိုတိုက်တွန်းနေပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခအတွင်းမှာ အစ္စရေးဖက်ကို ဂါဇာဖက်က စစ်သွေးကြွတွေက ဒုံးကျည် အစင်းရေ ထောင်ချီ ပစ်ခတ်ခဲ့ကြတာပါ။ ဒီအတွက်လည်း တလကျော်ကြာ တင်းမာမှုတွေ အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး ဂါဇာမှာတော့ ပါလက်စတိုင်း တစ်ထာင့်ကိုးရာကျော် သေဆုံးခဲ့ရပါတယ်။ အများစုဟာ အရပ်သားတွေဖြစ်ကြပါတယ်။ အစ္စရေးဖက်ကတော့ ၆၇ ဦး သေဆုံးပြီး အများစုကတော့ စစ်သားတွေပါ။

ဗွီအိုအေ (မြန်မာပိုင်း)
အစ္စရေးနဲ့ ဟားမတ်အကြား ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး လိုက်တာကြောင့် ဂါဇာ ကမ်းမြောင်နဲ့ အစ္စရေးတောင်ပိုင်း သန်းနဲ့ချီပြည်သူတွေ အတွက် အခြေအနေတွေ ကြာသာပတေးနေ့မှာ အေးအေးချမ်းချမ်းရှိနေပါတယ်။ ဂါဇာဒေသ စစ်ပွဲအပြီးသတ်ရေးမှာ အခြေခိုင်တဲ့ သဘောတူညီချက် ရဖို့ အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမှာ ဆွေးနွေးညှိုနှိုင်းနေကြတာမို့၊ နောက်ထပ်ငါးရက် အပစ်ရပ်ချိန် သက်တမ်း တိုးဖို့ အီဂျစ်ညှိုနှိုင်းရေးမှုးတွေ ကြိုးပမ်းနိုင်ခဲ့တာပါ။

ဆယ်ကျော်သက် လူမည်း ပစ်ခံရမှု သီးခြားစုံစမ်းမည်

Photo: ဆယ်ကျော်သက် လူမည်း ပစ်ခံရမှု သီးခြားစုံစမ်းမည်
Friday, August 15, 2014

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Missouri ပြည်နယ် St.Louis မြို့ ဆင်ခြေဖုံးတခုမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တယောက်ကို ရဲအရာရှိတဦးက ပစ်သတ်ခဲ့တာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ အပေါ်၊ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိကြဖို့ဆိုပြီး ဒေသခံတွေကို သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

လူမည်းအများစုရှိတဲ့ Ferguson အရပ်မှာ တင်းမာမှုတွေ အရှိန်မြင့်နေတာကြောင့်၊ အခြေအနေကို ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာကို နောက်တလှမ်းဆုတ်ပြီး အသေအချာ ပြန်စဉ်းစားကြဖို့ နိုင်ငံသားတွေကိုရော အာဏာပိုင်တွေကိုပါ သမ္မတအိုဘားမားက တိုက်တွန်းခဲ့တာပါ။ အခုအဖြစ်အပျက်နဲ့အတူရှိလာတဲ့ တင်းမာမှုတွေမှာ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးတာကိုရော၊ ဒေသခံအချို့က ဖျက်ဆီးမှုတွေ လုပ်တာကိုပါ ခွင့်ပြုလို့မရဘူးလို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

အသက် ၁၈နှစ်အရွယ် Michael Brown သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ်မှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်သွားဖို့ တရားရေးဌာနနဲ့ FBI ပြည်ထောင်စုထောက်လှမ်းရေးဗျူရိုတို့ကို သူ တာဝန်ပေးထားတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက Michael Brown သေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှာ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်မှု ရှိမရှိဆိုတာကို စုံစမ်းသွားဖို့ဖြစ်ပါတယ်။ သေဆုံးသူ Brown ဟာ ရဲကားထဲမှာ ရဲအရာရှိနဲ့ ခိုက်ရန်ဖြစ်ပြီးတဲ့နောက် ပစ်သတ်ခံရတာလို့ Ferguson ရဲအရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် မျက်မြင်တွေ အပြောမှာတော့ သူဟာ အဖမ်းခံဖို့ လက်မြောက်ပြချိန်မှာပဲ အချက်ပေါင်းများစွာ ပစ်ခံခဲ့ရတာလို့ ပြောနေပါတယ်။  ပစ်ခဲ့တဲ့ ရဲအရာရှိဟာ ဘယ်သူလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့ အကြီးအကဲ Thomas Jackson က ထုတ်ဖော်မပြောပါဘူး။ အဲဒီရဲအရာရှိကိုလည်း ခုချိန်အထိ ရာဇ၀တ်မှုနဲ့ အရေးယူတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

ဒီလူငယ်သေဆုံးတဲ့ကိစ္စကြောင့် Ferguson ရပ်ကွက်မှာ လေးညဆက်တိုက် ဆန္ဒပြမှုတွေဖြစ်နေရာမှာ ဗုဒ္ဓဟူးနေ့ညကတော့ ရာဂဏန်းရှိတဲ့ ဒေသခံ ဆန္ဒပြသူတွေကို လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူအချို့ဟာ ဈေးဆိုင်တွေကို ဖျက်ဆီးလုယက်မှုတွေရှိလာတာကြောင့်လည်း၊ ဆန္ဒပြမှုကနေ အကြမ်းဖက်တဲ့ပုံစံ ရောက်လာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန်သမ္မတ အိုဘားမား လူမည်းလူငယ် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ပြည်သူကို မိန့်ခွန်းပြော။ (သြဂုတ် ၁၄၊ ၂၀၁၄)
အမေရိကန်သမ္မတ အိုဘားမား လူမည်းလူငယ် ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ပြည်သူကို မိန့်ခွန်းပြော။ (သြဂုတ် ၁၄၊ ၂၀၁၄) 
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက Missouri ပြည်နယ် St.Louis မြို့ ဆင်ခြေဖုံးတခုမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တယောက်ကို ရဲအရာရှိတဦးက ပစ်သတ်ခဲ့တာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ အပေါ်၊ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိကြဖို့ဆိုပြီး ဒေသခံတွေကို သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

လူအများ စိတ်ဝင်တစားစောင့်ကြည့်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးအား ခြောက်ရက်ကြာသည်အထိ ရေငုပ်ရှာဖွေနေဆဲဖြစ်

ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆရသည့် မြစ်ကြမ်းပြင်သို့ ရေငုပ်ရှာဖွေအပြီး ပြန်တက်လာသော ရေငုပ်သမားတစ်ဦးကို တွေ့ရစဉ်
တစ်နိုင်ငံလုံးရှိ လူအများစိတ်ဝင်စားနေသည့် ဓမ္မစေတီခေါင်းလောင်းကြီးကို ခြောက်ရက်ကြာသည်အထိ ရေငုပ်ရှာဖွေနေဆဲဖြစ်ပြီး ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ ထူးခြားမှုမရှိသေးကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၄ ရက်က ပြောကြားသည်။

ဂျွန်ကယ်ရီက မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဖိအားပေး ဝေဖန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဩဂုတ် ၁၄ ရက်တွင် တရုတ် နှင့် မြန်မာနိုင်ငံအပါအဝင် အခြားအာရှနိုင်ငံများအား ဒေသအတွင်း၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုမြှင့်တင်ရန် တောင်းဆိုခဲ့ပြီး ယင်းသည် အမေရိက၏ ထိပ်တန်းအကြောင်း အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ခဲ့ခြင်းကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေပြီး ပြင်ဆင်ချိန် တစ်လခန့်ကြာမည်

စင်ကာပူနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှ ဩဂုတ် ၁၂ ရက် ည ၁၂  နာရီ ၈ မိနစ်ခန့်တွင် ကေဘယ်ကြိုး ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး အင်တာနက်လိုင်းများ နှေးကွေးကာ ပြင်ဆင်ချိန် တစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Oversea Department ဌာနမှ ဦးဝင်းအောင်က ပြောကြားသည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှ တောင်သူများအား ရဲတပ်ဖွဲ့က ကျည်ဆန် အစစ်အသုံးပြု ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူ ပေးရန် ရွာသားများ တောင်းဆို

Photo: စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှ တောင်သူများအား ရဲတပ်ဖွဲ့က ကျည်ဆန် အစစ်အသုံးပြု ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူ ပေးရန် ရွာသားများ တောင်းဆို
Friday, August 15, 2014

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ တောင်သူများအား ရဲတပ်ဖွဲ့မှ ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူပေးရန် ရွာသားများက တောင်းဆိုခဲ့ကြကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီကျော်တွင် ညောင်ဝန်းစံပြကျေးရွာ အလယ်တန်းကျောင်းအနီးရှိ ဘောလုံးကွင်းအတွင်း လယ်မြေသိမ်းဆည်းခံတောင်သူများမှ စုဝေးမှုများပြုလုပ်နေမှုကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ်ရှိ ဈေးသည်အမျိုးသမီးတစ်ဦး၏ ဘယ်ခြေသလုံးကို သေနတ်ထိမှန်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ 
 
“ပြီးခဲ့တဲ့ ဇွန် ၆ ရက်က ဘိုးဘွားပိုင်လယ်မြေတွေ ပြန်လည်ရရှိဖို့အတွက် ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ရွာရဲ့ဘောလုံးကွင်းထဲမှာ မကြာခဏလူစုပြီး ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့တဲ့ လယ်ယာမြေတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ကြမယ်ဆိုတာ တိုင်ပင်နေတဲ့အချိန် ရဲတွေဝင်လာပြီး သေနတ်နဲ့ ပစ်ကုန်တာ။ အဲဒီအချိန်မှာ အခု သေနတ်ထိမှန်တဲ့ အမျိုးသမီးက အလုပ်ကိစ္စတစ်ခုနဲ့ ဘောလုံးကွင်းထဲဖြတ်အသွားမှာ ခြေထောက်ကို သေနတ်ထိမှန်ခဲ့တာပဲ။ ခြေထောက်ဒဏ်ရာက ထုတ်ချင်းပေါက်ထွက်သွားတယ်”ဟု သေနတ်ဒဏ်ရာရရှိသူ အမျိုးသမီး၏ အစ်ကို ဦးကြည်သန်းက ဆိုသည်။
 
ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲပြုလုပ်နေစဉ် ကျေးရွာအတွင်းမှ သပိတ်စခန်းရှိ တောင်သူများအား စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ရဲအင်အား ၅ဝ ခန့်ဖြင့် ရွာအတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့ပြီးနောက်  သုံးထပ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ရဲတပ်ဖွဲ့ဝ များနှင့် ဒေသခံများညှနှိုင်းရာတွင် ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
 
ထို့အပြင် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်း၊ အိမ်ပျက်စီးမှုကို ပြင်ဆင်ပေးရန်၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်းပြီး တရားစွဲပေးရန်၊ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည့် ဒေါ်စန်းကျင်နုအား ဘဝအာမခံချက်ရှိအောင် ဆောင်ရွက်ပေးရန်၊ နောင် မည်သည့်အခါမျှ ဤကဲ့သို့အင်အားသုံး အကြမ်းဖက်မှုမျိုး မလုပ်ပါဟု မန္တလေးတိုင်းဒေသကြီး ဒုတိယရဲမှူးကြီး မြင့်ဦးနှင့် စဥ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးတို့က လက်မှတ်ရေးထိုးပြီး ဝန်ခံကတိပေးခဲ့သည်။
 
ရဲတပ်ဖွဲ့က ဒေသခံများအား ပစ်ခတ်ခဲ့ရာတွင် သေနတ်သံအနည်းဆုံး အချက် ၃ဝ ခန့် ကြားခဲ့ရပြီး ဒေသခံလေးဦးဒဏ်ရာရရှိကာ တစ်ဦးမှာ ခြေထောက်ထုတ်ချင်းပေါက် သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများဆိုသည်။ ထို့အတူ ဒေသခံများ၏ ပြန်လည်ခုခံမှုကြောင့် စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲမေတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့အချို့ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
 
တောင်သူများအား ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ခံကတုတ်အဖြစ် အသုံးပြုခံခဲ့ရသော အိမ်ပိုင်ရှင်ဖြစ်သူ ဦးမောင်အောင်က “ကျွန်တော်တို့မရှိခင် အိမ်ကိုဝင်စီးပြီး အိမ်ထဲဝင်ပြီး မှန်တွေခွဲပြီး သေနတ်နဲ့ပစ်ကြတာ။ 
ကျွန်တော့် လေးနှစ်အရွယ်ကလေးတစ်ယောက် ပျောက်နေလို့ ဝင်ရှာမယ်ဆိုတော့ သေနတ်နဲ့ ချိန်ပြီး ဝင်ခွင့်မပေးဘူး။ ကျွန်တော်လည်း ပစ်ချင်ပစ်ဗျာဆိုပြီး ဝင်ရတယ်။ ကျွန်တော့်အိမ်ထဲမှာ ကျည်ဆန်ခွံ ၁၃ ခုနဲ့ မအောင်တဲ့ ကျည်ဆန်နှစ်ခု ကျန်ခဲ့တယ်”ဟု ဆိုသည်။
 
ဒေသခံများက ရဲတပ်ဖွဲ့ဝင်များကို ပိတ်ဆို့တားဆီးပြီး ထိန်းသိမ်းထားသောကြောင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးကိုယ်တိုင်သွားရောက်၍ လေးနာရီအကြာ ညှိနှိုင်းခဲ့ပြီး ရွှေဘုံသာဆရာတော် ဦးနန္ဒမာလာနှင့် ဦးရေဝတတို့က သက်သေအဖြစ် ဆောင်ရွက်ခဲ့သည်။
 
လက်ရှိဖြစ်စဉ်နှင့် ပတ်သက်၍ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးအား ဒေသခံများနှင့် မီဒီယာများက မည်သူက ပစ်မိန့်ပေးခိုင်းသည်၊ မည်သည့်အတွက်ကြောင့် အင်အားသုံးလာရောက်သည်ဟု မေးမြန်းရာ မည်သို့မျှ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
 
ယခုဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရရှိခဲ့သော အမျိုးသမီးအား စဥ့်ကူးမြို့နယ်ဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေပြီး ဒဏ်ရာအား ခွဲစိတ်ကုသမှုပြုလုပ်ထားကြောင်း သိရသည်။

Eleven Media Group  

သြဂုတ် ၁၄ ရက် ညနေပိုင်းက ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်
သြဂုတ် ၁၄ ရက် ညနေပိုင်းက ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ တောင်သူများအား ရဲတပ်ဖွဲ့မှ ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူပေးရန် ရွာသားများက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အူရီဒူး၏ အင်တာနက်အသုံးပြုခအား နေ့စဉ် 30MB အတွက် ကျပ် ၅၀၀ မှ တစ်လလျှင် 1GB သုံးစွဲမှုအတွက် ကျပ် ၁၂၀၀၀ သတ်မှတ်

အူရီဒူး၏ ဖုန်းအင်တာနက်အသုံးပြုခအား 1 Mb လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ဩဂုတ် ၁၄ ရက်တွင် အခြား Package Plan များကို နေပြည်တော်၌ ပြုလုပ်သော အူရီဒူးမြန်မာ၏ ဈေးကွက်စတင် မိတ်ဆက်ခြင်း အထိမ်းအမှတ်ပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။