Tuesday 15 September 2015

ဆီးရီးယားတွင် ရုရှား လေတပ်စခန်းတစ်ခု တည်ဆောက်နေဟု အမေရိကန်ပြောကြား



ဆီးရီးယားတွင် ရုရှားက ရှေ့တန်းထိုးစစ်အတွက် လေတပ်အခြေစိုက် စခန်းတစ်ခုကို ပြင်ဆင် ဆောက်လုပ်နေကြောင်း အမေရိကန်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာသလို စစ်လက်နက် ထောက်ပံ့မှုများ အရှိန်မြှင့်လာခဲ့သည်။ အမေရိကန်က ဆီးရီးယား ပြည်တွင်းရေးတွင် ရုရှား ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသော်လည်း ရုရှားကမူ ယခုအခါ ဆီးရီးယားတွင် ပိုမိုကျယ်ပြန့်သည့် စစ်ရေးဖြန့်ကျက်မှုမျိုး ပြုလုပ်ရန် ခြေလှမ်းပြင်လာခဲ့သည်။

ဧရာဝတီမြစ်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံး


စက်တင်ဘာ ၁၂ ရက် က မန္တလေးခရိုင်ရှိ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ တစ်ရက်တည်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။အမရပူရမြို့နယ် ဧရာဝတီ မြစ်အတွင်းရှိ ရှမ်းကလေးကျွန်း ကျေးရွာသို့ ၀င်ရောက်သည့် တံ တားအနီးရှိ မြစ်ထဲသို့ ညနေ ၅ နာရီက အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်နေသဖြင့် အနီးရှိ အမျိုးသားတစ်ဦးက ဆင်းကယ်ရာ ယင်းအမျိုးသားပါ ရေနစ်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။‘‘ရှမ်းကလေးကျွန်းမှာ မိုးရာ သီဆိုရင် ရေတက်တယ်။ နောက် ပြီး လေးယောက်နစ်တယ်လို့ ပြောနေကြတယ်။ နှစ်ယောက်ပဲ ရေ နစ်သေဆုံးသွားတာဖြစ်တယ်’’ဟု စခန်းမှူး ဦးမြင့်လွင်က ပြောသည်။အလားတူ ယင်းနေ့တွင်ပင် မဟာအောင်မြေမြို့နယ် သန်လျက်မှော်  အနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်ကမ်း   ပေပင် သဲဆိပ် ၌လည်း အမျိုးသားတစ်ဦး သည် ညအချိန်အရက်မူးပြီး  ရေ ဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့သည်။အဆိုပါအမျိုးသားရေနစ် သေဆုံးမှုနှင့် ပတ်သက်၍ အမရပူရနှင့် မဟာအောင်မြေမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းများတွင် သေမှုသေ ခင်းဖြင့် အမှုဖွင့်ခဲ့သည်။
7 day

DUO အမ်တီဗီထွက်ပြီးမှ ကျောင်းပြန်တက်မယ့် ကိကိ


ဘန်နီဖြိုးနှင့် ကိကိတို့ နှစ်ဦးပေါင်း၍ ပုံစံနှစ်မျိုးဖြင့် စီ စဉ်ထားသည့် DUO စီးရီး၏ အမ် တီဗီထွက်ရှိပြီးမှသာ ပြည်ပတွင် ကျောင်းပြန်တက်ရန် စီစဉ်ထား ကြောင်း အဆိုတော်ကိကိကပြော သည်။
‘‘ကျွန်တော်ကျောင်းပြန်သွား တက်ဖို့ကို အစောကြီးကတည်းက စီစဉ်နေတာ။ ဗီဇာအခက်အခဲနဲ့ ကိစ္စလေးနည်းနည်းရှိလို့ နှောင့် နှေးသွားတဲ့အချိန်မှာ ကျွန်တော်နဲ့ ဘန်နီနဲ့ပေါင်းပြီး ဒီအခွေကို ထုတ်ဖြစ်သွားတာပါ။ ဒါကြောင့် VCDထွက်မယ့်အချိန်ထိ ကျွန် တော်ဒီမှာပဲနေပြီး လုပ်သွားချင် လို့ ကျောင်းကို နောက်ဆုတ်လိုက် တာပါ’’ဟု ကိကိကပြောသည်။ကိကိနှင့်ဘန်နီဖြိုးတို့ နှစ် ဦးပေါင်းဖန်တီးထားသော DUO စီးရီးမှာ ပြီးခဲ့သည့်နှစ် အောက် တိုဘာတွင် အော်ဒီယိုစီဒီအဖြစ် ထွက်ရှိထားခဲ့သည်။

ပါတီတွင်း မဲခွဲမှုအရ အက်ဘော့တ်ကို ဖြုတ်ချပြီး ဩစတြေးလျ ဝန်ကြီးချုပ် ရာထူးကို တန်ဘူးလ်ရယူ


ပါတီတွင်း မဲခွဲဆုံးဖြတ်ချက်ဖြင့် အာဏာရ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်ကို ဖြုတ်ချပြီးနောက် မယ်လ်ကွမ် တန်ဘူးလ်သည် ဩစတြေးလျ နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက် ညပိုင်းက လစ်ဘရယ်ပါတီတွင် ခေါင်းဆောင်ပိုင်း နေရာအတွက် စိန်ခေါ်မဲခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အက်ဘော့တ် အရေးနိမ့်သွားခဲ့သည်။ စက်တင်ဘာ ၁၅ ရက်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် ရှေ့နေတစ်ဦးဖြစ်သူ တန်ဘူးလ်သည် ဩစတြေးလျ၏ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

အာကာသထဲ ဒုံးကျည်လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း မြောက်ကိုရီးယား ကြေညာ


တာဝေးပစ် ဒုံးကျည်အသစ်တစ်စင်း လွှတ်တင်နိုင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။
လာမည့်လတွင် ကျရောက်မည့် အာဏာရပါတီ ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဂြိုဟ်တုတစ်လုံးနှင့် တာဝေးပစ် ဒုံးကျည်တို့ လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း ပါတီက ကြေညာသည်။
တောင်ကိုရီးယား၊ အမေရိကန်တို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက ၎င်းတို့၏ ဒုံးကျည်နည်းပညာကို သွယ်ဝိုက်သည့် နည်းလမ်းမျိုးဖြင့် ပြသခြင်းဟုလည်း ယုံကြည်ရသည်။ အလုပ်သမားပါတီ ထူထောင်မှု နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် မိမိတို့၏ ခမ်းနားတောက်ပသော သိပ္ပံပညာ အောင်မြင်မှုများကို ပြသသွားဖွယ် ရှိနေကြောင်း အမျိုးသား လေကြောင်း ဖွံ့ဖြိုးမှု စီမံကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံရေးရောဂါ ကာကွယ်ဆေးအမြန်ဆုံးထိုးကြပါ


ယခုလို ရွေးကောက်ပွဲနီး လာတဲ့ အခါသမယမှာ စာရေးသူကို မိတ် ဆွေအချို့က ဘယ်ပါတီကိုလော် ဘီ(Lobby)လုပ်မှာလဲလို့မေးကြ ပါတယ်။ စာရေးသူကတော့ဘယ် ပါတီကိုမှ လော်ဘီမလုပ်နိုင်ပါ ဘူး။ မဲဆန္ဒရှင်ပြည်သူတွေအ တွက်သာ လော်ဘီလုပ်ချင်တာပါ။

ဘာဖြစ်လို့လဲဆိုတော့ရွေး ကောက်ပွဲတစ်ရပ်ကျင်းပတယ် ဆိုတာ အစိုးရတစ်ဖွဲ့ပြောင်းလဲ ချင်လို့ ကျင်းပတာဖြစ်ပြီး တိုင်း ပြည်တိုးတက်အောင်အကောင် အထည်ဖော်နိုင်မယ့်သူတွေကို ရွေးချယ်ရတာဖြစ်တဲ့အတွက် မှန် မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ ပြည် သူ့ဘက်ကသာ ရပ်တည်ရခြင်း ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည် မှာ အစိုးရဆိုတာက အမြဲရှိနေမှာ ဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ဝင်တွေကို သာ လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ငါး နှစ်တစ်ကြိမ်ဖြစ်စေပြောင်းလဲဖို့ ပြည်သူ့ဘက်က အခွင့်အရေးရ တာဖြစ်ပါတယ်။ တိုင်းပြည်တိုး တက်အောင်မလုပ်နိုင်တဲ့သူတွေ ကိုပဲ ဆက်ရွေးချယ်နေမယ်ဆိုရင် တော့ တစ်ပါတီအာဏာရှင်စနစ် နဲ့ ထူးခြားမှာမဟုတ်ပါဘူး။

ရက် ၆၀ တော်လှန်ရေး


၂၀၁၅ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခြင်းကိုစတင် ခွင့်ပြုပေးလိုက်တဲ့နေ့ဖြစ်တဲ့ စက်တင်ဘာ ၈ ရက်မှာပဲအင်အားကြီးပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ရဲ့အလှပြယာဉ်တွေ မန္တလေးမြို့ရဲ့လမ်းမထက်မှာစတင်မြင်တွေ့ကြရပြီး ပါတီဝင်တွေဟာလည်း ဆိုင်းဘုတ်တွေလွှင့်ကိုင်လို့ မိမိတို့ပါတီ အောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေ စတင်အသက်ဝင်လာတာကိုပြည်သူအများသတိပြုမိခဲ့ကြပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားတဲ့အတွက် အဲဒီရက်၆၀ အတွင်းမှာ ပါတီအသီးသီးက မိမိတို့ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်လာကြပြီ ဖြစ်သလိုတစ် သီးပုဂ္ဂလအမတ်လောင်းများကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို စတင်အကောင် အထည်ဖော်လာကြပြီဖြစ်ပါတယ်။