Tuesday 17 June 2014

မြန်မာနိုင်ငံရှိ လူဦးရေတစ်သိန်းတွင် လူ(၁၅၀)ကင်ဆာရောဂါဖြစ်နေ

မြန်မာနိုင်ငံတွင် တစ်နေ့တခြား ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမြင့်တက်နေပြီး ခန့်မှန်းလူဦးရေတစ်သိန်း တွင် ကင်ဆာရောဂါဖြစ်ပွားသူ(၁၅၀)လောက် ရှိသည်ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ကင်ဆာ ရောဂါကုသ ကာကွယ်ရေးအဖွဲ့မှ ပါမောက္ခဆရာဝန်ကြီး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ချင်းပြည်နယ်တွင် အပူဒဏ်ကြောင့် ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပူချိန်မြင့်တက်ခဲ့သည့် ဒဏ်ကြောင့် ငါးလအတွင်း ကျွဲအကောင်ရေ ၅၀၀ ခန့် သေဆုံးခဲ့ကြောင်း ဒါရ်ခိုင်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးဂင့်တုန်းထန်က ပြောကြားသည်။

ထိုင်းရောက် တရားဝင်မြန်မာများ အဖမ်းခံရလျှင် သံရုံးက ဖြေရှင်းပေးမည်

ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေသည့် ထိုင်းနိုင်ငံတွင် အထောက်အထား အပြည့်အစုံ ရှိသော်လည်း ဖမ်းဆီးခံရပါက မြန်မာအလုပ်သမား သံအရာရှိကို ဆက်သွယ် အကူအညီ တောင်းနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကယန်းစာသင်သည့် ဆရာ၊ ဆရာမ များကို ထောက်ပံ့ကြေးပေးရန် အစိုးရထံ စာတင်

ကယားပြည်နယ်ရှိ ကယန်းတိုင်းရင်းသားစာပေများ သင်ကြားပေးလျှက်ရှိသော ဆရာ၊ ဆရာမ များကို လစာ ထောက်ပံ့ပေးရန် ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြည်ထောင်စု အစိုးရထံ ဇွန် ၁၇ ရက်တွင် စာတင်လိုက်သည်ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးနုန်းရီက မဇ္ဈိမကို ပြောသည်။ 

ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦး အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးတွင် အခွန်ထမ်းဆောင်ရမည်

ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးခန့်သည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ကာ အခွန်ထမ်းကြီးများဆိုင်ရာအခွန် ရုံးတွင် စတင် အခွန်ထမ်းဆောင်ရမည်ဟု ယင်းအခွန်ရုံး၏ ညွှန်ကြားရေးမှူး ဦးဇေယျကြည်ညွန့်က မဇ္ဈိမကို ပြောသည်။ 

သံရုံးဝန်ထမ်းများ လုံခြုံရေး အီရတ်နိုင်ငံသို့ အမေရိကန်စစ်သည်များ စေလွှတ်

Photo: သံရုံးဝန်ထမ်းများ လုံခြုံရေး အီရတ်နိုင်ငံသို့ အမေရိကန်စစ်သည်များ စေလွှတ်
Tuesday, June 17, 2014

အမေရိကန် အစိုးရသည် အီရတ်နိုင်ငံရှိ ကန်သံရုံးဝန်ထမ်းများကို ကာကွယ်ရန် စစ်သည် ၂၇၅ ဦးကို စတင်ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ISIL စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုကို ခံနေရသည့် ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် စစ်သည်များ စတင်တပ်စွဲမည် ဖြစ်သော်လည်း သံရုံးဝန်ထမ်းများ ကာကွယ်ရေးအတွက်သာ အဓိက ရည်ရွယ်ကြောင်း အိမ်ဖြူတော်က ကြေညာသည်။

“ဘဂ္ဂဒက်ကို ပို့လွှတ်လိုက်တဲ့ စစ်သည် ၂၇၅ ဦးဟာ သံရုံးလုံခြုံရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ဘာဆာရာနဲ့ အာဘီလ်မြို့တေမှာရှိတဲ့ ကောင်စစ်ဝန်ရုံးတွေက သံအမှုထမ်းတွေကို ရွှေ့ပြောင်းရေးမှာလည်း ကူညီသွားပါမယ်”ဟု အိမ်ဖြူတော်၏ ဖော်ပြချက်တွင် ပါရှိသည်။ အမေရိကန်သည် လေဆိပ်လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍအတွက်လည်း နောက်ထပ်စစ်သည် ၁၀၀ ကို အားဖြည့်ပို့ဆောင်သွားမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဂျွန်ကယ်ရီက အမေရိကန် အစိုးရ အနေဖြင့် အီရတ်အရေးနှင့် ပတ်သက်ပြီး ကောင်းကျိုးဖြစ်စေမည် ဆိုပါက မည်သည့်အခြေအနေကိုမဆို စဉ်းစားမည်ဟု ပြောဆိုထားသည်။ အီရတ်တွင် စစ်သွေးကြွများ အုံကြွတိုက်ခိုက်နေမှုအတွက် အမေရိကန်က အီရန်နိုင်ငံနှင့် ဆွေးနွေးဖွယ် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

စစ်သားများ စေလွှတ်ခြင်းနှင့် ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “အမေရိကန် စစ်မှုထမ်းတွေက အီရတ်အစိုးရရဲ့ ခွင့်ပြုချက်အရ အီရတ်နိုင်ငံထဲ ဝင်ရောက်သွားပါပြီ။ ဘဂ္ဂဒက်က အမေရိကန် သံရုံးကိုတော့ ဆက်ပြီး ဖွင့်လှစ်ထားဆဲပါ။ အမေရိကန် စစ်သည်တွေကတော့ နိုင်ငံသားတွေရဲ့ လုံခြုံရေး ကဏ္ဍအတွက် အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အီရတ်စစ်တပ်နှင့် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဘဂ္ဂဒက်မြို့တော် အနောက်ဘက် ၄၅ မိုင်မျှ အကွာတွင် စစ်သွေးကြွများ ပစ်ချမှုကြောင့် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

BBC

၂၀၀၉ ခုနှစ်က အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် စစ်သားတစ်ဦးကို တွေ့ရစဉ် (Photo - AFP)
၂၀၀၉ ခုနှစ်က အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် စစ်သားတစ်ဦးကို တွေ့ရစဉ် (Photo - AFP)
အမေရိကန် အစိုးရသည် အီရတ်နိုင်ငံရှိ ကန်သံရုံးဝန်ထမ်းများကို ကာကွယ်ရန် စစ်သည် ၂၇၅ ဦးကို စတင်ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်

Photo: သမ္မတမှစ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်ပုဂ္ဂိုလ်များ ၀င်ငွေခွန်ပေးဆောင်ရမည်
Tuesday, June 17, 2014 

 နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်  ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထားကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်များ၏ ချီး မြှင့်ငွေ၊ စရိတ်နှင့် အဆောင်အ ယောင်များဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း ငါးခုကို အမျိုးသားလွှတ်တော်တွင် ဆွေး နွေးအတည်ပြုပြီးနောက် ပြည် သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း လွှတ် တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအတည်ပြုချက်ကို ပြည်သူ့လွှတ်တော်တွင်လည်း ထပ်မံအတည်ပြုခဲ့ပါက အဆင့် အသီးသီးမှ အုပ်ချုပ်သူ အစိုးရအ ဖွဲ့ဝင်အားလုံးသည် ပြည်သူများ နှင့် နည်းတူလစာချီးမြှင့်ငွေမှ ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။

အဆက်ဆက်သော အစိုးရ များလက်ထက်မှ ယခုအစိုးရသစ်လက်ထက်ထိအဆင့်အသီးသီးမှ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင် အားလုံးသည် ၀င်ငွေခွန် မပေးဆောင်ခဲ့ရပေ။

အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းလိုက် သော ၀င်ငွေခွန်ဥပဒေသစ်အရ တစ်နှစ်ဝင်ငွေ ကျပ် ၁၈ သိန်းနှင့် အ ထက်ရရှိသော သူများသည် ၀င် ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရပြီး ယခု ၂၀၁၄ ဘဏ္ဍာနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့သော ဥပဒေအရ တစ်နှစ်လျှင် အနည်းဆုံးဝင်ငွေကျပ်ငါးသိန်းရရှိသူပင်လျှင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

လက်ရှိဥပဒေအရ နိုင်ငံ တော်သမ္မတ၏ လစာငွေသည် တစ်လလျှင် ကျပ်သိန်း ၅၀ ဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးများသည် သိန်း ၃၀၊ ၀န်ကြီးဌာန ဒုတိယ၀န် ကြီးများသည် သိန်း ၂၀၊ ပြည်နယ် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် များနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃၀၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ဥက္ကဋ္ဌများသည် ကျပ် ၁၀ သိန်း လစဉ်ချီးမြှင့်ငွေအဖြစ် ရရှိသည်။

အဆိုပါလစဉ်ချီးမြှင့်ငွေများ အပြင် အဆင့်အလိုက် စရိတ်နှင့် အဆောင်အယောင်များဖြစ်သည့် အသုံးစရိတ်၊ ကားနှင့် နေအိမ် စ သည့်တို့ကို ရရှိသော်လည်း အ ဆိုပါစရိတ်နှင့် အဆောင်အ ယောင်များအတွက် အခွန်ပေး ဆောင်ရန်မလိုကြောင်း ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ က တင်သွင်းထားသည်။

ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက်ကို ပြည်သူ့လွှတ် တော်တွင် ဇွန်လ ၂၀ ရက်၌ ဆွေး နွေးမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ပြီး ပါက ဥပဒေအဖြစ် အသက်ဝင် ကာ သတ်မှတ်ထားသည့် ပမာဏ များအတိုင်း အစိုးရအဖွဲ့ဝင်များ သည် အခွန်ပေးဆောင်ရမည်ဖြစ် သည်။

7Day DAILY 

သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရ တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး)
သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရ တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး)
 နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်  ဒေသဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ချီးမြှင့်ငွေများကို ၀င်ငွေခွန်ပေးဆောင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံထားကြောင်း သတင်းရရှိသည်။

e-Government စနစ် ပိုကောင်းရန် ဆောင်ရွက်မည်ဟုဆို

အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်မှု ပိုမိုမြန်ဆန် ထိရောက်စေသည့် e-Government စနစ်ကို ပြည်သူ များ ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ 

စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး

Photo: စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး
Tuesday, June 17, 2014 

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်နေသော ကားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို  စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

 ယခင်က စက်သုံးဆီ အ ရောင်းဆိုင်နှင့် သိုလှောင်ကန် စခန်း တည်ဆောက်ရာတွင် လျှောက်ထားသော လုပ်ငန်းရှင် က တည်ဆောက်မည့်နေရာ၏ မြေယာပိုင်ဆိုင်မှု၊ စာချုပ်စာတမ်း များ၊ စက်သုံးဆီ ၀ယ်ယူသည့် ကုမ္ပဏီ၏ စာချုပ်စာတမ်းများနှင့် ထောက်ခံချက်များကို စွမ်းအင်ဝန်ကြီးဌာနသို့ ပူးတွဲတင်ပြရသည်။

‘‘တချို့အချက်အလက်တွေ က မလိုအပ်ဘဲ ပါနေတာတွေ ရှိ တယ်။ တကယ့်လက်တွေ့မှာ သူ တို့အတွက် မကိုက်ဘူး။ စက်သုံး ဆီဝယ်ယူရတဲ့ ကုမ္ပဏီရဲ့ ထောက် ခံချက်ကိုတောင်းတော့ နောက် ပိုင်း အဲဒီကုမ္ပဏီက မ၀ယ်တော့ ဘူးဆိုရင် လိုင်စင်ကိစ္စမှာ ပြဿ နာတက်တော့ အဲဒီအချက်ကို ပယ်ဖျက်လိုက်တာပါ။ အဲဒီအစား လိုအပ်တာတွေ အသေးစိတ် ထပ်လုပ်လိုက်တယ်’’ ဟု မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသစ်ပြင်ဆင်လိုက်သည့် စက်သုံးဆီ အရောင်းဆိုင်လိုင်စင် လျှောက်ထားမှု ပုံစံသစ်သည် လျှောက်ထားသူ၏ အမည်၊ မှတ် ပုံတင်၊ ကုမ္ပဏီအမည်၊ မှတ်ပုံ တင်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်း နံပါတ်၊ တည်နေရာနှင့် အကျယ် အ၀န်း၊ လျှောက်ထားလိုသည့် လုပ်ငန်းလိုင်စင်အမျိုးအစား၊ သို လှောင်ဖြန့်ဖြူးရောင်းချမည့် စက် သုံးဆီအမျိုးအစားနှင့် ၀င်ဆံ့နိုင် သည့် ဆီဂါလန်ပမာဏ၊ အရောင်း ဆိုင်၊ သိုလှောင်စခန်း၏ဒီဇိုင်းပုံစံ၊ အကွက်ပုံစံ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်စသည်တို့ ပါဝင်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍ ၂၀၁၄ ခုနှစ်အထိ ပုဂ္ဂလိက စက် သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ခွင့် လျှောက်ထားသော ဆိုင် ၁၃၀၀ နီးပါးရှိရာမှ ၂၀၁၃ နှစ်ကုန်ပိုင်း တွင် ဆိုင်ပေါင်း ၈၀၁ ဆိုင် လိုင် စင်ချထားခဲ့သည်။ ယခု နှစ်ဆန်း ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် စက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ်ရန် ဆိုင်ပေါင်း ၆၁ ဆိုင်ကို ထပ်မံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာတစ်နိုင်ငံ လုံးတွင် စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ပုဂ္ဂလိက စက် သုံးဆီဆိုင်ပေါင်း ၁၁၃၂ ဆိုင်ရှိ  ပြီး ပုဂ္ဂလိက စက်သုံးဆီသိုလှောင် စခန်း ခုနစ်ခုရှိလာပြီဟု သတင်း ရရှိသည်။

စက်သုံးဆီ ရောင်းချခြင်းကို စွမ်းအင်ဝန်ကြီးဌာနက လုပ် ဆောင်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် တွင် ပုဂ္ဂလိကသို့ စတင်လုပ်ကိုင် ခွင့်ပေးခဲ့သည်။ ယခင် စွမ်းအင် ၀န်ကြီးဌာနက ရောင်းချနေသည့် စက်သုံးဆီဆိုင်  ၂၆၁  ဆိုင်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် လွှဲ ပြောင်းပေးခဲ့သည့်အပြင် စက်သုံး ဆီဆိုင် အသစ်ရောင်းချလိုသူများ လိုင်စင်လျှောက်ခွင့်ကိုလည်း ခွင့် ပြုခဲ့သည်။

7Day DAILY
ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်နေသော ကားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို  စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေထွက်ပြီး ခုနစ်နှစ်ကြာမှ နည်းဥပဒေ ရေးဆွဲလျက်ရှိဟု ဒု-၀န်ကြီးပြော

အသက် ၁၈ နှစ်မပြည့်သေးသော လူငယ်များအကြား ဆေးလိပ်သောက်ခြင်း ခေတ်စားလာနေမှုအပေါ် ထိရောက်စွာ တားဆီးနိုင်ရန် နည်းဥပဒေများ ညှိနှိုင်း ရေးဆွဲလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန ဒု- ၀န်ကြီး ဒေါက်တာသန်းအောင် က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

မွန်ပြည်သူ့ဖိုရမ် သုံးရက်ကြာ ကျင်းပမည်

မွန်ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့ အစည်း ကိုယ်စားလှယ်များ ပါဝင်မည့် မွန်ပြည်သူ့ဖိုရမ်ကို မော်လမြိုင်မြို့၌ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါဖိုရမ် ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ဦးကျော်လင်းဦး က ပြောဆိုသည်။

ပီအာရ်စနစ်ရေးဆွဲမည့် ကော်မရှင်တွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များဆက်လက်ပါဝင်သင့်၊ မသင့်စဉ်းစားနေ

အမျိုးသားလွှတ်တော် တွင် ကျင့်သုံးမည့်အချိုးကျကိုယ် စားပြုရွေးကောက်ပွဲစနစ်(ပီအာရ်)ကို ရေးဆွဲမည့်ကော်မရှင်တွင် ပါဝင်သည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆက်လက်ပါဝင်သင့်၊မသင့်ကို စဉ်းစားနေကြကြောင်းယင်းကိုယ်စားလှယ်များထံမှ  
သ တင်းရရှိသည်။

သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံရသူများအနက် ၁၃ ဦး ပြန်လွှတ်

သံတွဲပဋိပက္ခတွင် ပါဝင်ခဲ့သူဟု ဆိုကာ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ရွာသား ၂၃ ဦးအနက် ၁၃ ဦးကို ဇွန်လ ၁၆ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးမှ တရားရှင် ပြန်လွှတ်ပေး လိုက်ကြောင်း သံတွဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ညီညီဌေးက ပြောကြားသည်။

လန်ပိအဏ္ဏ၀ါအမျိုးသား ဥယျာဉ်လုပ်ကိုင်လိုသော လုပ်ငန်းရှင်လေးဦး လျှောက်ထား

လန်ပိအဏ္ဏ၀ါ ဥယျာဉ် တွင် အပန်းဖြေစခန်း တည် ဆောက်ခွင့်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ် တောရေးရာ     ၀န်ကြီးဌာနမှ လျှောက်လွှာဝယ်ယူသူ ၂၂ ဦးရှိ ခဲ့သော်လည်း 
လျှောက် ထားသူ မှာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ရှင်လေးဦးရှိကြောင်း သစ်တော ဦးစီးဌာနမှ သတင်းရရှိသည်။

စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်

Photo: စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်
Tuesday, June 17, 2014

ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

“ကောင်မလေးတွေက ဒီနှစ် ၁၀ တန်းကျပြီး မိဘတွေကလည်း စီးပွားရေး အဆင်မပြေလို့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အကြွေးစနစ်နဲ့ စင်ကာပူမှာ အိမ်ဖော်အလုပ် သွားလုပ်မှာ။ ဒါပေမဲ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ ဟိုရောက်ရင် မိမိကိုယ်ကိုယ် ကာကွယ်ပေးနိုင်မယ့် ဥပဒေ အကြောင်းအရာတွေ နားမလည်သေးတော့ ကြုံသလို ဘဝတွေ ဖြတ်သန်းရင်းနဲ့ လမ်းမှားရောက်မှာ စိုးရိမ်လို့ အုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ပြန်လည်ခေါ်ဆောင်ပေးရန် ၎င်းတို့ ပညာသင်ကြားခဲ့သော တောင်ကြီးမြို့နယ် ရေကြည်စမ်း ဘကကျောင်းမှ ဆရာတော်နှင့် စင်ကာပူနိုင်ငံတွင် သီးတင်းသုံးနေသူ ဦးထေရဝသင်္တတို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာ ဌာနသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇွန် ၁၅ ရက် ညနေပိုင်းက စင်ကာပူကို ပို့ပေးမယ့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးကို ဝင်စစ်ဆေးခဲ့တာ။ အိမ်အကူ စေလွှတ်ဖို့ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ် ၁၃ ယောက်ကို တွေ့ခဲ့တယ်။ အေဂျင်စီက လိုင်စင်ရှိတယ်။ ပြီးတော့ အခုပို့မယ့် အမျိုးသမီးတွေက သူတို့ရဲ့ သဘောတူဆန္ဒနဲ့ ပြည်ပမှာ အိမ်ဖော်သွားလုပ်ချင်တာကြောင့် လူကုန်ကူးမှု မမြောက်ပါဘူး။ အသက် ၁၆ နှစ်အရွယ် ကလေးမ နှစ်ယောက်ကို အုပ်ထိန်းသူတွေက ပြန်ခေါ်ချင်တယ် ဆိုလို့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့တာပါ” ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စင်ကာပူသို့ အိမ်ဖော်စေလွှတ်မည့် အမျိုးသမီး ၁၃ ဦးမှာ ရှမ်းပြည်နယ်မှ အမျိုးသမီးကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသော အမျိုးသမီးငယ် သုံးဦး ပါရှိကြောင်း၊ ယခု အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးမည့် မိန်းကလေးနှစ်ဦးမှာ ပြည်ပနိုင်ငံတွင် ဒုက္ခရောက်မည်ကို ၎င်းတို့၏ အုပ်ထိန်းသူများက စိုးရိမ်သောကြောင့် ပြန်လည် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သွားလုပ်နေရတာ။ ဒါပေမဲ့ အရွယ်မရောက်တော့ ကိုယ်ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကို ကလေးတွေက မသိကြဘူး။ တချို့အေးဂျင့်တွေကလည်း လွှတ်ပေးရုံသက်သက် တာဝန်ယူတာ။ ကျန်တာ ဘာမှ တာဝန်ယူပေးတာ သိပ်မရှိတော့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးတွေ ပြည်ပနိုင်ငံမှာ ကြုံသလို ဘဝတွေ ရင်ဆိုင်ရတာ အများကြီးရှိတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

The Voice Weekly
ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူ နိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်း က ပြောကြားသည်။

ပေါ်တူဂီနှင့်ပွဲတွင် ရော်နယ်လ်ဒိုကို လှုပ်မရအောင် ထိန်းထားနိုင်ခဲ့ကြောင်း ဂျာမနီနည်းပြပြောကြား

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လှုပ်မရအောင် စနစ်တကျ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြောကြားခဲ့သည်။

မယ်ဆိုင်မြို့ တရား မဝင် ဖုန်း အော်ပရေတာ လုပ်ငန်းမှ နိုင်ငံခြားသားများ နှင့် အတူ မြန်မာ နိုင်ငံသား နှစ်ဦး ဖမ်းဆီး ခံရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် တရားမဝင်ရုံးဖွင့်ကာ တယ်လီဖုန်း အော် ပရေတာ လုပ်ငန်း လုပ်ကိုင်နေသူ လူ ၅၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းရာ မြန်မာနိုင်ငံသား ၂ ဦး ပါဝင် ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, June 17, 2014

  မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လေးရက်ကြာ နီပေါနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ မြန်မာနိုင်ငံကိုပြန်လည် မထွက်ခွာခင် ခတ္တမန္ဒူမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၄၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို ထိပါးတဲ့ စကားတွေ မပြောကြား ဖို့ ရွေးကောက်ပွဲကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြီးခဲ့တဲ့လက အသိပေးစာ ပေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိ အပါအဝင် တခြား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကို ဒါတွေ မပြောသင့်ဘူး၊ ဟိုဟာတွေပြောသင့်တယ် ဆိုတာမျိုး သတိပေးဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင် ရဲ့အလုပ်မ ဟုတ်ကြောင်း လည်း သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ် ထားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒေါ်အောင်ဆန်း စုကြည်က - ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို - မရွေးလို ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာသာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓမွေးဖွားရာ လုမ္ပဏီ ဒေသ နဲ့ ပတ်သက်ပြီးတော့လည်း - ဗုဒ္ဓမြတ်စွာကို အခု နီပေါနိုင်ငံထဲမှာ ပါဝင်နေတဲ့ လုမ္ပဏီ မှာ ဖွားမြင်ခဲ့တယ်လို့ အားလုံးသိကြတယ်၊ ဒါပေမဲ့ သိဒ္ဓတ္ထ မင်းသားဟာ အိန္ဒိယတိုက်ငယ် တခုလုံး ရဲ့ မင်းသားပါ၊ ဗုဒ္ဓကိုယ်တော်တိုင်ကတော့ သူ့ကို အိန္ဒိယတိုင်းသား၊ နီပေါနိုင်ငံသား ဆိုတာမျိုး အခေါ်ခံလိုမယ် မထင်ပါဘူး၊ တကယ်တော့ ဗုဒ္ဓရှင်တော် အပေါ် လူသားအားလုံးက ဂုဏ်ယူသင့်တဲ့၊ မဟာလူသား တစ်ဦး အဖြစ် ရှုမြင်ကြဖို့ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

RFA Burmese
မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး

Photo: အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး
Tuesday, June 17, 2014

တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထား တဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှောင်းမင်ဆု လို့ အမည်ရတဲ့ အဘွားအိုဟာ သူမရဲ့ အခန်းကျဉ်းထဲမှာ အစာအာဟာရ အနေနဲ့ သူမရဲ့ အိမ်နီးချင်းတွေက ပစ်ပေးတဲ့ ရေနဲ့ ဆန်ပြုတ်ခြောက်ကိုသာ စားပြီး တစ်လကြာ အသက်ရှင်နေခဲ့ရပါတယ်။ အဆိုပါ အစားအစာနဲ့ ရေကိုတော့ သူမရဲ့ ကလေးတွေ အပြင်သွားတဲ့အခိုက် အိမ်နီးချင်းတွေက သူမရဲ့ အခန်းထဲကို ပစ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတော့ သူမရဲ့ အကြောင်းကို အင်တာနက် စာမျက်နှာတစ်ခုမှာ ဖြော်ပခြင်း ခံရတဲ့ အတွက် ရဲများ သွားရောက်ကြည့်ရှုရာကနေ အဖြစ်မှန်ကို သိရှိခဲ့ကြခြင်း ဖြစ်ပါတယ်။

အဘွားရဲ့ သားနဲ့ သမီးဖြစ်သူကိုတော့ သွေးအေးအေးနဲ့ လူသားတစ်ဦးကို အစာရေစာ မကျွေးဘဲ အသက်ဆုံးရှုံးစေလိုမှု နဲ့ ဖမ်းဆီးထားပါတယ်။ ဖမ်းမိတဲ့ သားနဲ့ သမီးကတော့ လူတစ်ယောက်ကို အစာကျွေးရတာဟာ   ငွေကုန်ကြေးကျများပြီး ပင်ပန်းတဲ့ အတွက် ယခုလို လုပ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဘွားကြီးက နေမကောင်းဖြစ်နေတယ်ဗျ။ နောက်ပြီး ဘယ်သူမှလည်း ဂရုစိုက် ပြုစုစောင့်ရှောက်ခြင်း မရှိကြဘူး။ အဲဒီ အတွက် သူတို့မှာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ ဒါ့ကြောင့် သူမကို အခန်းတံခါး သော့ခတ်ပြီး အစာငတ်ခံထားလိုက်ရင် အာဟာရပြတ်ပြီး သေသွားဖို့ ကြံစည်ထားတာ လို့ ရဲသားတစ်ဦးက ပြောပါတယ်။

နောက်ပြီး သူတို့ အဘွားကြီးကို အစာမကျွေးရုံတင် မကဘူး။ ရေချိုးခန်းလည်း ပေးမသုံးဘူး။ ဒါ့အပြင် ဘယ်သူနဲ့မှလည်း အတွေ့မခံဘူးလို့ ပြောပါသေးတယ်။

အိမ်သူ အိမ်သားတွေရဲ့ ပစ်ပယ်အကျဉ်းချခံထားရ ပေမယ့် အဘွားနေထိုင်ရာ ယန်ကျွန်းရွာက အိမ်နီးချင်းတွေကတော့ သူမကို ဂရုစိုက်ကြပါတယ်။ သူမ အစာမစားရလောက်ဘူး ထင်တဲ့ အိမ်နီးချင်းတွေရဲ့ ကောင်းမှုကြောင့် အဘွားဟာ ရေနဲ့ ဆန်ပြုတ်ခြောက်တွေ စားရပြီး တာဝန်သိသူ တစ်ဦးက အင်တာနက်မှာ တင်ခဲ့တဲ့ အတွက် ရဲတွေ သတိထားမိခဲ့ခြင်း ဖြစ်ပါတယ်။

အဘွားနဲ့ သူမရဲ့ ကလေးတွေ ကြားထဲမှာလည်း ဆက်ဆံရေး အတိမ်းအစောင်းတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သူမက အိမ်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်လို့ ထင်ကြတဲ့အတွက် အစာမကျွေးဘဲ ထားလိုက်ခြင်း ဖြစ်တယ်လို့ အဆိုပါ ရဲသားကပဲ ပြောပါတယ်။ အကယ်၍ အစာအာဟာရဟ ပြတ်လို့ သူမသေဆုံးသွားရင်တော့ တာဝန်ရှိသူတွေကို သူမဘာသာ အစာမစားဘဲ နေတာလို့ ပြောဖို့ သူတို့ တိုင်ပင် စီစဉ်ခဲ့ကြပါတယ်။

အဲဒီ မိသားစုဝင်တွေက တကိုယ်ကောင်းဆန်ပြီး အသက်ကြီးလာတဲ့ အဘွားအိုကို ကြည့်ရှူစောင့်ရှောက်ချင်စိတ် မရှိတာနဲ့ သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာလို့လည်း ပြောခဲ့ပါတယ်။

ref: dailymail.co.uk
World Myanmar News
တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထား တဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၁ဝနှစ်သားအရွယ် ကောင်လေး အသက်အငယ်ဆုံး ဘွဲ့ရဖြစ်လာ

Photo: ၁ဝနှစ်သားအရွယ် ကောင်လေး အသက်အငယ်ဆုံး ဘွဲ့ရဖြစ်လာ
Tuesday, June 17, 2014

အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ၁ဝနှစ်သား အရွယ် ကောင်လေးတစ်ယောက်ဟာ အထက်တန်းကျောင်းကနေ ဒီပလိုမာဘွဲ့ရရှိခဲ့တယ် လို့ AP သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါမြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အထက်တန်းကျောင်းတစ် 
ကျောင်းမှ ယင်း၁ဝနှစ်သားအရွယ်ကောင်လေး ကတော့ ဒီပလိုမာဘွဲ့ရရှိခဲ့လို့ အခမ်းအနား ပွဲတွေ ကျင်းပခဲ့ပါတယ်။ ¤င်း ၁ဝနှစ်သား ကောင်လေးဟာ Tanishq Abraham လို့ အမည်ရှိပြီး အထက်တန်းကျောင်းမှ အသက် ငယ်ရွယ်ဆုံး ဘွဲ့ရရှိသူတစ်ဦး ဖြစ်လာခဲ့ပါ တယ်။ 

၁ဝနှစ်သားအရွယ်သာရှိသော်လည်း အထက်တန်းကျောင်းကနေ ထူးထူးချွန်ချွန် ဒီပလိုမာဘွဲ့ကိုရရှိခဲ့လို့ အိမ်ဖြူတော်ကနေ တောင်မှ ချီးကျူးဂုဏ်ပြုတဲ့စာရရှိခဲ့ပါသေးတယ်။ 

''ကျွန်တော့်ရဲ့ဦးနှောက်က Topic တွေကို နှုတ်တိုက်ကျက်လာခဲ့တာပါ။ ကျွန်တော် ဘာတစ်ခုကိုမှ အတိအကျ မသိပါဘူး''လို့ Tanishq က ဆိုခဲ့ပါတယ်။ 

Ref: AP
Yangon Media Group
အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ၁ဝနှစ်သား အရွယ် ကောင်လေး တစ်ယောက်ဟာ အထက်တန်းကျောင်းကနေ ဒီပလိုမာဘွဲ့ရရှိခဲ့တယ် လို့ AP သတင်းဌာနက ရေးသား ဖော်ပြ ခဲ့ ပါတယ်။

ဟားခါးတွင် တရားဝင်သစ်ခုတ်နေသည့် ကုမ္ပဏီနှစ်ခု ခွင့်ပြုတော့မည်မဟုတ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ကျန်ဗားကျေးရွာအုပ်စုမှ ကျေးရွာခုနစ်ရွာတွင် ကုမ္ပဏီနှစ်ခုက အဖိုးတန်ကျွန်းနှင့် သစ်မာများ တရားဝင်ထုတ်ယူနေခြင်းကို ဒေသခံတို့ ကန့်ကွက်လာသဖြင့် ယခုနှစ်တွင် ထုတ်ယူခွင့်ပြုတော့မည်မဟုတ်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးအေးမြင့်မောင်က မဇ္ဈိမကို ပြောသည်။ ထို့ပြင် ယခုနှစ်မှစ၍ တစ်နိုင်ငံလုံး၌ ကျွန်းသစ်တန်ချိန် ခြောက်သောင်းသာ ထုတ်ယူခွင့်ပြုထားသည်ဟု ၎င်းက ဆိုသည်။

မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက်ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း

Photo: မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက်ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း
Tuesday, June 17, 2014

အာဏာသိမ်းထိုင်း စစ် အစိုးရက တရားမ၀င်မြန်မာလုပ် သားများကို ဆက်တိုက်ဖမ်းဆီး နေသည့် သတင်းများထွက်ပေါ် နေသဖြင့် မြန်မာအစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် မြန်မာအပါ အဝင် တရားမဝင်အလုပ်သမား များကို ယခုလဆန်းပိုင်းမှစ၍ ဆက်တိုက်ဖမ်းဆီးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထိုကြောင့် မြန်မာအစိုးရက ယင်း ဖြစ်ရပ်အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းနေပြီး မှန်ကန်မှုရှိပါက နှစ် နိုင်ငံညှိနှိုင်းဆွေးနွေးမှု ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သံအရာရှိကို အသေးစိတ် မေးခိုင်းထားတယ်။ အခုကြားနေ တာက လူမှုအဖွဲ့အစည်းတွေ ဘက်ကပဲ သတင်းတွေ တက်သေးတယ်။ အစိုးရဘက်က သတင်းမတက်သေးဘူး။ အခုမှ နိုင်ငံခြား က ပြန်လာတာဆိုတော့ သိပ် တော့ သတင်းအတိအကျမရ သေးဘူး။ ခိုင်မာမှုရှိအောင်တော့ လုပ်ရမယ်။ ကိုယ့်နိုင်ငံသားအ တွက်ပဲ။ တကယ်အဖမ်းခံနေရရင်တော့ ဆောင်ရွက်ရမှာပေါ့။ လောလောဆယ် သေချာမသိ သေးဘူး။ သိရင်တော့ အထက်ကို တင်ပြပြီး လုပ်မှာပေါ့’’ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြော ကြားသည်။

ထိုင်းရောက် မြန်မာအလုပ် သမားများ ဖမ်းဆီးခံရမှုသည် ဇွန် လ ဆန်းမှစ၍ ဖမ်းဆီးနေမှု သိသိသာသာ ဆောင်ရွက်လာကြပြီး ဇွန်လ ၁၆ ရက်အထိ မြန်မာအလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံနေရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ သတင်းရရှိသည်။

ဇွန်လ ၃ ရက်က ထိုင်း နိုင်ငံ မဲဆောက်မြို့ရှိ တရားမ၀င် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး တို့က ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ၀င်နေထိုင်သော မြန်မာ လုပ်သား ၁၆၃ ဦးဖမ်းဆီးခံခဲ့ရ သည်။ ထိုဖမ်းဆီးခံရသူများကိုနေ့ချင်း မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။

ထို့နောက် ဇွန်လ ၁၁ ရက်တွင် ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင် သော တရားမ၀င် မြန်မာနိုင်ငံ သားများကို ထိုင်းနိုင်ငံစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ထပ်မံ ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ ၀င်နေထိုင်သော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံခဲ့သည်။ ထို့ အပြင် ဇွန်လ ၁၃ ရက်ကလည်း မဲဆောက်မြို့အနီးတွင် မြန်မာ အားလုံး ၁၈၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ စုစုပေါင်းလေးရာကျော် ပြီဖြစ်သည်။ ဖမ်းဆီးနေမှုများကြောင့် မြန်မာလုပ်သားများလည်း နေရပ်ပြန်မှုပိုများလာသည်။

မြန်မာ အလုပ်သမားများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မြန်မာအ လုပ်သမားသံအရာရှိက ဖမ်းဆီးခံရမှုတွင် အထောက်အထားရှိသော မြန်မာအလုပ်သမားများဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်သည်ဟု ဇွန် လ ၁၆ ရက်က ထုတ်ပြန်သည်။ သို့သော်ယင်းကိစ္စနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံမှ မြန်မာသံအရာရှိ ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

‘‘ထိုင်းလက်ရှိအာဏာရှိတဲ့ သူက တရားမ၀င်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ် လို့ ပြောထားတယ်။ ဟိုနေ့က လည်း မြန်မာ ၃၀ အဖမ်းခံရတယ် လို့ သိရပါတယ်။ သူတို့နေထိုင်တဲ့ နေရာတွေလည်း ဖျက်ဆီးသွား တယ်လို့ ထိုင်းသတင်းစာတွေက ရေးထားပါတယ်။ ပြီးခဲ့တဲ့အပတ် ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်’’ ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော် သောင်းကပြောသည်။

‘‘ဟိုတစ်လောတုန်းက ဆန္ဒ ပြတုန်းက မြန်မာတွေက ရှေ့ကပါ တယ်လေ။ ဒီတော့ အခုကျတော့ အငြိုးနဲ့ လိုက်ဖမ်းနေတာလို့ ထင်တယ်။ အခုဗီဇာရှိနေတဲ့ သူတွေတောင် ပြေးနေရတယ်။ တချို့တွေဆိုရင် တောတောင် တွေထဲမှာနေနေရတယ်။ ကျွန် တော်တောင် ပြေးရသေးတယ်။ အလုပ်တွေကို ခဏနားပြီး ရှောင်နေတယ်ဗျ။ နေရေးထိုင်ရေးကတော့ အခက်အခဲလေးတွေရှိတာပေါ့။ မြန်မာသံရုံးကို ဖုန်းဆက်တာမရပါဘူး။ အခု ဒုက္ခဖြစ်နေတာတောင် မရဘူး’’ဟု လုပ်သက်သုံးနှစ်ကျော် ရှိသော ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

လက်ရှိထိုင်းနိုင်ငံတွင် မြန် မာအလုပ်သမား သုံးသန်းနှင့် အထက်ရှိပြီး တရားဝင်လုပ်သား စာရင်းမှာ ၁ ဒသမ ၇ သန်းခန့်သာရှိသည်။ မြန်မာအလုပ်သ မား အများစုသည် နယ်စပ်မှတစ် ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် လမ်းကြောင်းဖြင့် သွားရောက်မှု အများဆုံးဖြစ်သည်။ ယခုအခါ ထိုင်းအလုပ်ရှင်များက နိုင်ငံရေး ပဋိပက္ခကို အကြောင်းပြုပြီး လုပ် သားများကို လုပ်ခလစာ အပြည့် အ၀မပေးဘဲ ခေါင်းပုံဖြတ်လျက် ရှိကြောင်း သတင်းရရှိသည်။

ထို့အပြင်ထိုင်းအစိုးရက တ ရားမ၀င်မြန်မာအလုပ်သမားများ ကို လက်ခံထားသည့် အလုပ်ရှင် များကိုပါ တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံတွင် အာဏာ သိမ်းမှု မဖြစ်ပွားမီ မေလဆန်း က မြန်မာအစိုးရက ထိုင်းအစိုး ရထံသွားရောက်၍ လက်ရှိမြန်မာ အလုပ်သမားများ ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုနှင့် ထိုင်းရဲတို့ ဖမ်း ဆီးငွေညှစ်တောင်းခံမှုများကို တားဆီးပေးရန် ကတိတောင်းခံခဲ့ ကြောင်း ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

ထိုင်းအစိုးရက မြန်မာသာမက နိုင်ငံအတွင်းရှိ တရားမ၀င်ပြည်ပအလုပ်သမားများကို အရှိန်မြှင့်ဖမ်းဆီးအရေးယူနေရာ ကမ္ဘောဒီးယားမှ လုပ်သားတစ်သိန်းကျော်မှာ ရက်ပိုင်းအတွင်း နေရပ်ပြန်သွားသည်။

7Day Daily

ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နယ်စပ်ကိုဖြတ်၍ နေရပ်သို့ပြန်ရန် လမ်းလျှောက် လာကြသည်ကို ဇွန်လ ၁၅ ရက်က တွေ့ရစဉ်။ ထိုင်းနိုင်ငံမှ နေရပ် သို့ပြန်သွားသော ကမ္ဘောဒီးယားလုပ်သားဦးရေမှာ ရက်ပိုင်းအတွင်း ၁၂၀,၀၀၀ ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်းလုပ်သားအဖွဲ့ချုပ်က ခန့်မှန်းသည်။
ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နယ်စပ်ကိုဖြတ်၍ နေရပ်သို့ပြန်ရန် လမ်းလျှောက် လာကြသည်ကို ဇွန်လ ၁၅ ရက်က တွေ့ရစဉ်။ ထိုင်းနိုင်ငံမှ နေရပ် သို့ပြန်သွားသော ကမ္ဘောဒီးယားလုပ်သားဦးရေမှာ ရက်ပိုင်းအတွင်း ၁၂၀,၀၀၀ ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတကာရွှေ့ပြောင်းလုပ်သားအဖွဲ့ချုပ်က ခန့်မှန်းသည်။

ဒိုင်၏ ဆုံးဖြတ်ချက်များကို စိတ်ပျက်မိကြောင်း ပေါ်တူဂီနည်းပြ ပြောကြား

Photo: ဒိုင်၏ ဆုံးဖြတ်ချက်များကို စိတ်ပျက်မိကြောင်း ပေါ်တူဂီနည်းပြ ပြောကြား
Tuesday, June 17, 2014

ပေါ်တူဂီနည်းပြ ပေါ်လိုဘင်တိုက ဂျာမနီကို အရေးနိမ့်သည့် ပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ညည်းတွား ပြောဆိုခဲ့သည်။ 

ကမ္ဘာ့ဖလား အုပ်စု(G) အဖွင့်ပွဲစဉ်တွင် ဂျာမနီက ပေါ်တူဂီအား (၄-၀)ဖြင့် အနိုင်ရရှိခဲ့ပြီး သောမတ်စ်မူလာ တစ်ဦးတည်းက Hat-Trick သွင်းယူနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဆာဘီးယား ဒိုင်လူကြီး မီလိုရက်ဒ် မက်ဇစ်က စောစောစီးစီး ပင်နယ်တီ တစ်လုံးကို ဂျာမနီဘက် ကန်ခွင့်ပေးခဲ့ပြီး ပေါ်တူဂီ နောက်ခံလူ ပီပီကိုလည်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက် နှစ်ခုလုံးသည် ဒိုင်၏ လွန်ကဲသော ယိမ်းယိုင်မှုများ ဖြစ်နေကြောင်း ဘင်တိုက ဆိုသည်။ 

“ဒီကိစ္စ နှစ်ခုလုံးမှာ ဘက်လိုက်တဲ့ အရိပ်အယောင်တွေ မြင်နိုင်ပါတယ်။ ပြီးတော့ ဒိုင်ရဲ့ ချဉ်းကပ်ပုံက အရမ်း တင်းမာလွန်းတယ်”ဟု ဘင်တိုက မှတ်ချက်ပြုခဲ့သည်။ “ပင်နယ်တီ ပေးလိုက်ရတဲ့အပြင် ပီပီ့ကို ချက်ချင်း ထုတ်ပစ်လိုက်တာကလည်း အရင်က သူ့ရဲ့ နာမည်ဆိုးတွေကြောင့်လားလို့ ကျွန်တော် တွေးမိသေးတယ်။ ရှုံးနိမ့်မှုမှာတော့ ဒိုင်ရဲ့အမှား သက်သက်လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အမှားတွေ ရှိခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့ နောက်တန်းတွေတင် မကဘဲ တိုက်စစ်ကလည်း ထက်မြက်မှု ပျောက်နေခဲ့တယ်လေ”ဟုလည်း ဘင်တိုက မှတ်ချက်ပြုခဲ့သည်။
၎င်းက “အရှုံးအတွက် စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုပြီး အားထည့် ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ပွဲက အဖြေပေါ်နှင့်နေပြီလေ။ ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ပြောရရင် ပထမပိုင်း စကစားပြီး (၅)မိနစ်ကတည်းက ဒါဟာ ကျွန်တော်တို့ပွဲ မဟုတ်တော့ပါဘူး”ဟုလည်း ပြောဆိုသွားသည်။

SCORE MYANMAR
ပေါ်တူဂီနည်းပြ ပေါ်လိုဘင်တိုက ဂျာမနီကို အရေးနိမ့်သည့် ပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ညည်းတွား ပြောဆိုခဲ့သည်။ 

မကွေးတိုင်း ဒီချုပ် အတွင်းရေးမှူးကို ဒေသအာဏာပိုင်များ တရားစွဲ

မကွေးမြို့တွင် ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလူထု ဟောပြောပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူးကို ဒေသအာဏာပိုင်များက တရား စွဲဆိုလိုက်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ သိရှိနိုင်ပါရန်

Photo: ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ သိရှိနိုင်ပါရန်
Tuesday, June 17, 2014

● မြန်မာနိုင်ငံအစိုးရမှ ထိုင်းအစိုးရအား ဖမ်းဆီးခြင်းများ မပြုပါရန် ပန်ကြားထားပါသည်။ 

● Work Permit နှင့် Passport များကို သတိတရ ကိုယ်နှင့်မကွာ ဆောင်ထားကြပါရန် လိုအပ်ပါသည်။

● အကယ်၍ ဖမ်းဆီးမှုများ ရှိပါက၊ ဖမ်းဆီးခံရခြင်းများ ကြုံတွေ့ရပါက ဖော်ပြပါ တယ်လီဖုန်းနံပတ်များသို့ အမြန်ဆုံးဆက်သွယ်ကြပါရန် ဖြစ်ပါသည်။ 

● ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာသံရုံး၊ ဘန်ကောက်၊ ထိုင်းနိုင်ငံမှ ဆောင်ရွက်လျက် ရှိပါသည်။ 

[သံရုးနှင့် မြန်မာအလုပ်သမားများ ဆက်သွယ်ပြောဆိုမှု မှတ်တမ်းဗီဒီယိုဖိုင်-https://www.facebook.com/photo.php?v=637875612969122&set=vb.100002400662703&type=2&theater]

Hmuu Zaw Facebook
● မြန်မာနိုင်ငံအစိုးရမှ ထိုင်းအစိုးရအား ဖမ်းဆီးခြင်းများ မပြုပါရန် ပန်ကြားထားပါသည်။ 

သံတွဲပဋိပက္ခတွင် ဖမ်းဆီးစစ်ဆေး ခံရသူများထဲမှ ၁၃ ဦးကို ပြန်လွှတ်

သံတွဲပဋိပက္ခတွင် သံသ ယရှိသူဟု ယူဆ၍ ဖမ်းဆီးစစ် ဆေးခံနေရသူများအနက် ၁၃ ဦး မှာ ဇွန်လ ၁၆ ရက်က တရားသေ လွတ်မြောက်လာကြောင်း သ တင်းရရှိသည်။

ဘော့စနီးယားကို အနိုင်ရခဲ့သော်လည်း အာဂျင်တီးနား တိုးတက်မှုရှိရန် လိုအပ်နေသေးသည်ဟု မက်ဆီပြော

Photo: ဘော့စနီးယားကို အနိုင်ရခဲ့သော်လည်း အာဂျင်တီးနား တိုးတက်မှုရှိရန် လိုအပ်နေသေးသည်ဟု မက်ဆီပြော
Tuesday, June 17, 2014

ဘော့စနီးယားနှင့် ကစားခဲ့သည့် အုပ်စုအဖွင့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့သော်လည်း မိမိတို့အသင်း အနေနှင့် တိုးတက်မှုရှိရန် လိုအပ်နေဆဲ ဖြစ်ကြောင်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားခဲ့သည်ဟု Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ 

အဆိုပါပွဲစဉ်တွင် မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး သွင်းဂိုးများအနက် တစ်ဂိုး အပါအဝင်အဖြစ် သတ်မှတ်နိုင်သော သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့သည်။ 

သို့သော် ပထမပိုင်းတွင် အာဂျင်တီးနားအသင်း၏ ကစားပုံမှာ စိတ်ပျက်စရာ ကောင်းနေခဲ့ပြီး အဆုံးသတ်၌ ၂-၁ ဖြင့် အနိုင်ရသောကြောင့် စိတ်သက်သာရာ ရမိသည်ဟု မက်ဆီက ဝန်ခံခဲ့သည်။ 

မက်ဆီက “သုံးမှတ်အပြည့် ယူနိုင်ခဲ့ပြီး တာထွက်ကောင်းခဲ့တာက အရေးကြီးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဖြစ်မနေ တိုးတက်မှု ရှိအောင် လုပ်ဆောင်ရမယ့် အရာတွေ ရှိနေသေးတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ၊ စိုးရိမ်စရာတွေနဲ့ ကစားရတာက မလွယ်ဘူး။ ဒါပေမဲ့ အရေးကြီးတာကတော့ ရလဒ်ပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုတွေရော အခွင့်အရေး ဖန်တီးနိုင်မှုတွေပါ ပိုပြီး လုပ်နိုင်ခဲ့ကြတယ်” ဟု ပြောဆိုခဲ့သည်။

The Voice Weekly
ဘော့စနီးယားနှင့် ကစားခဲ့သည့် အုပ်စုအဖွင့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့သော်လည်း မိမိတို့အသင်း အနေနှင့် တိုးတက်မှုရှိရန် လိုအပ်နေဆဲ ဖြစ်ကြောင်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားခဲ့သည်ဟု Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ 

အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများရှိနေ

 Photo: အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများရှိနေ
Tuesday, June 17, 2014

အင်တာနက် အသုံးပြုရာတွင် လိုအပ်သော အချက်အလက်များ ရယူနိုင်သကဲ့သို့ မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများလည်း ရှိကြောင်း MIDO (Myanmar ICT For Development Organization) မှ တာဝန် ရှိသူများက နည်းပညာ တက္ကသိုလ်ဘားကမ့် (မိတ္ထီလာ) တွင်ပြောသည်။
 
“ကျွန်မတို့ အနေနဲ့ အင်တာနက် သုံးတဲ့အခါ ဘာမှ ဆုံးရှုံးမှုမရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ ဆုံးရှုံးတယ်။ ဖုန်းနဲ့ သုံးမယ်ဆိုရင်လည်း ကျွန်မတို့ရဲ့တည်နေရာ ဘယ်နေရာက သုံးတာလဲ ဆိုတာတွေကို လိုက်ကြည့်လို့ရတယ်” ဟု MIDO မှ မရတနာကပြောသည်။ ဒီဂျစ်တယ် လုံခြုံရေးတွင် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိကြောင်း ယင်းကပြောသည်။ “အင်တာနက်သုံးတဲ့အခါ ကိုယ့်ဘက်ကပေးလိုက်ရတာတွေက အချိန်၊ ငွေအပြင် တခြားအရာတွေလည်း ရှိပါတယ်။ သတိမထားမိတာတွေ ရှိပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်အသုံးပြုလိုက်လို့ ကျန်ခဲ့တဲ့အရာတွေ၊ ကိုယ့်ရဲ့ခြေရာတွေ ဘယ်လောက်ကျန်ခဲ့တာလဲ၊ ကိုယ့်ရဲ့ အချက်အလက်က သူများကို ဘယ်လောက် ပေးလိုက်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်က ကိုယ့်ဆီကို ဘယ်လောက် ပြန်ရောက်လာသလဲ ဆိုတာကို သိရှိနိုင်ပါတယ်” ဟု မရတနာကပြောသည်။
 
ထိုကဲ့သို့ မိမိဘက်မှ ပေးလိုက်ရသော အချက်များကို ဝက်ဘ်ဆိုက် တစ်ခုတွင် အလွယ်တကူ စစ်ဆေး ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ www.myshadow.org တွင် မိမိအသုံးပြုသော အချက်အလက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ကြောင်း ပြောကြားသည်။ “myshadow.org မှာ သွားစစ်လိုက်လို့ ရတယ်။ myshadow.org ကို ဝင်လိုက်တယ်ဆိုရင် ဒီနောက်ပိုင်းမှာ ကျွန်မတို့သုံးတဲ့အခါမှာ သုံးလိုက်တဲ့ စက်ပစ္စည်း အမျိုးအစားတွေ၊ နောက်ထပ် ဘယ်လိုအွန်လိုင်း ဝန်ဆောင်မှု အမျိုးအစားတွေကို သုံးထားသလဲဆိုတာတွေ ဥပမာ ဂျီမေးလ်ကို ကွန်ပျူတာမှာ သုံးတာလား၊ အင်တာနက်ဆိုင်မှာ သုံးတာလား၊ ဖုန်းနဲ့ သုံးတာလား ဆိုတာ အဲဒါတွေကိုရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။
 
အင်တာနက် အသုံးပြုရာတွင် အဓိကအချက်တစ်ခု အနေဖြင့် Update ဖြစ်နေသော AntiVirus များကို သုံးရန်လည်း အရေးကြီးသည်ဟု MIDO မှ မနှင်းနုနုနိုင်က ပြောသည်။ “AntiVirus က ဘာပဲဖြစ်ဖြစ်၊ ဘာပဲ သုံးသုံး Update ဖြစ်နေဖို့ လိုတယ်။ ပိုက်ဆံပေးပြီး ဝယ်သုံးတာ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေ ဒေါင်းလုပ် ဆွဲတာပဲဖြစ်ဖြစ် Update ဖြစ်ဖို့က အဓိကပါ” ဟုပြောသည်။ မိမိအသုံးပြုသော ဂျီမေးလ်၊ ဖေ့စ်ဘုတ် စသည် တို့တွင် link ဝင်ရောက်လာတတ်ကာ ယင်းအလွယ်တကူ မဝင်ရောက်ဘဲ Virus ဟုတ်၊ မဟုတ် စစ်ဆေးရန်လည်း လိုအပ်ကြောင်း မနှင်းနုနုနိုင်က ပြောသည်။
 
“ကိုယ့်ဆီရောက်လာတဲ့ Link တွေဟာ ဗိုင်းရပ်စ်ဟုတ်၊ မဟုတ်မသေချာရင် www.virustotal.com မှာ သွားစစ်လိုရပါတယ်။ နောက်တစ်ခုက Password တွေကို သတိထားဖို့နဲ့ အများအလွယ်တကူ သိစေနိုင်တဲ့ Password တွေကို မသုံးမိစေဖို့ လိုအပ်တယ်” ဟု မနှင်းနုနုနိုင်ကပြောသည်။ “ကိုယ့်ဘက်ကပေးလိုက်ရတဲ့ ဟာတွေက အချက်အလက်တွေ၊ စက်ပစ္စည်းနံပါတ်တွေ၊ ကိုယ်က ဘယ်နေရာကနေ သုံးနေသလဲဆိုတဲ့ Location တွေ အဲဒါတွေပေါ့” ဟု မရတနာက ဆိုသည်။ နေ့စဉ်အင်တာနက် အသုံးပြုနေသော်လည်း မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများကို သတိမထားမိကြောင်း၊ မိမိအချက်အလက် ကာကွယ်ရေး အတွက် ဆောင်ရွက်ခြင်း နည်းပါးကြောင်း နေ့စဉ်အင်တာနက် အသုံးပြုနေသူတစ်ဦး ဖြစ်သည့် ကိုမင်းဇေယျာကပြောသည်။
 
7Day DAILY
အင်တာနက် အသုံးပြုရာတွင် လိုအပ်သော အချက်အလက်များ ရယူနိုင်သကဲ့သို့ မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများလည်း ရှိကြောင်း MIDO (Myanmar ICT For Development Organization) မှ တာဝန် ရှိသူများက နည်းပညာ တက္ကသိုလ်ဘားကမ့် (မိတ္ထီလာ) တွင်ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်ခဲ့ဖူးသည့် ကနေဒါ အခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီကို Justice Trust အဖွဲ့နှင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်တို့မှ တရားစွဲရန်စီစဉ်

လက်ရှိတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပူးပေါင်းလုပ်ကိုင်လျက် ရှိသည့် ဦးပိုင်နှင့် တရုတ် နိုင်ငံ ပိုင် ၀မ်ပေါင်ကုမ္ပဏီမတိုင်မီ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခဲ့သည့် ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီကို Justice Trust အဖွဲ့နှင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်တို့က တရားစွဲရန် စီစဉ်နေ ကြောင်း ဇွန် ၁၆ ရက်တွင် Justice Trust အဖွဲ့နှင့် မြန်မာနိုင်ငံရှေ့နေ များကွန်ရက် ပူးပေါင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဥရောပ၏ ရေပန်းအစားဆုံး ဂျာမနီအသင်း သောမတ်စ်မူလာ၏ ဟက်ထရစ် ဂိုးဖြင့် ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းပြသခဲ့

Photo: ဥရောပ၏ ရေပန်းအစားဆုံး ဂျာမနီအသင်း သောမတ်စ်မူလာ၏ ဟက်ထရစ် ဂိုးဖြင့် ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းပြသခဲ့
Tuesday, June 17, 2014

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု(ဆ) အဖွင့်ပွဲစဉ်များကို တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဥရောပဒေသခံ အသင်းများထဲမှ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်း ပြသခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီအသင်းသည် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပါဝင်ခဲ့သည့်အပြင် နာနီ၊ မေရဲလက်စ်၊ ပီပီ၊ ကွန်ထရာအို၊ မော် တင်ဟို စသည့် ထိပ်တန်းကစားသမားများ ပါဝင်ကစားခဲ့သော်လည်း ဂျာမနီအသင်းကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ဂျာမနီအသင်းက အမာ ခံကစားသမား ရှဝိန်းစတိုင်ဂါ မပါဝင်နိုင်ခဲ့သလို၊ ၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခဲ့သော်လည်း ပေါ်တူဂီအသင်းကို အသာစီးယူကစားသွား နိုင်ခဲ့သည်။ သို့သော် အဓိကအဆုံးအဖြတ် ပေးခဲ့သည်မှာ ပွဲချိန်(၃၇)မိနစ်တွင် ပေါ်တူဂီ နောက်ခံလူပီပီ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ တစ်ယောက်အသာ ရခဲ့ခြင်းကြောင့်လည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ ခြင်းဖြစ်သည်။ ဂျာမနီအသင်းက ပွဲအစ(၁၂) မိနစ်တွင်ပင် ပယ်နယ်တီအခွင့်အရေးရရှိခဲ့ သည်။ ဂျာမနီအသင်းအတွက် ပွဲ(၅၀)ပြည့် အဖြစ် ပါဝင်ကစားခဲ့သည့် တောင်ပံကစား သမားသောမတ်စ်မူလာက ဂေါ့ဇီကြောင့် ရရှိသည့် ပယ်နယ်တီကို ကန်သွင်းခဲ့ခြင်း ဖြစ်ပြီး (၃၂)မိနစ်တွင် နောက်ခံလူဟမ်း မဲလ်စ်က တိုနီကရူးစ်၏ ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ (၃၇)မိနစ်တွင် သောမတ်စ်မူလာကို ခေါင်းဖြင့်တိုက် ခဲ့သည့်အတွက် ပေါ်တူဂီနောက်ခံလူပီပီ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဂျာမနီအသင်း တစ်ယောက်အသာရရှိသွားခဲ့သည်။ ထို့ ကြောင့် လက်ကျန်ပွဲစဉ်များတွင် ဂျာမနီ အသင်း စိတ်ကြိုက်ဖိကစားသွားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းအနေဖြင့် စီရော်နယ်လ်ဒို၏ ဖရီးကစ်များကိုသာ အားကိုးခဲ့ရသည်။ ဂျာ မနီအသင်းအတွက် ကျန်ဂိုး(၂)ဂိုးကို ပထမ ပိုင်းပြီးခါနီး နာကျင်အချိန်ပိုနှင့် (၇၈)မိနစ်တို့ တွင် သောမတ်စ်မူလာကပင် သွင်းယူခဲ့ပြီး ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဟက် ထရစ်ဂိုးသွင်းနိုင်သူလည်း ဖြစ်ခဲ့သည်။

Eleven Media Group 

ဂျာမနီအသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သည့် သောမတ်စ်မူလာ၏ ဂိုးကန်သွင်းမှု (Photo - AFP)
ဂျာမနီအသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သည့် သောမတ်စ်မူလာ၏ ဂိုးကန်သွင်းမှု (Photo - AFP)
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု(ဆ) အဖွင့်ပွဲစဉ်များကို တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဥရောပ ဒေသခံ အသင်းများထဲမှ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်း ပြသခဲ့ကြောင်း သိရှိရသည်။

အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

Photo: အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား
Tuesday, June 17, 2014

အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

7Dai DAILY
အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူ မိန်း ကလေး အား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက် ဆိုင် ရာ ရဲစခန်းက စုံစမ်းသိရသည်။

5G နည်းပညာ ဖွံ့ဖြိုးမှုအတွက် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မည်

Photo: 5G နည်းပညာ ဖွံ့ဖြိုးမှုအတွက် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မည်
Tuesday, June 17, 2014

မျိုးဆက်သစ် networking နည်းပညာဖြစ်သော 5G ဖွံ့ဖြိုးတက်မှုအပေါ် အာရုံစိုက် လုပ်ဆောင်ရန်အတွက် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားတို့ ပူးတွဲဆောင်ရွက်မည်ဟု Wall Street Journal က ဖော်ပြခဲ့သည်။
 
တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂသည် 5G စနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးတွဲ သုတေသနအဖွဲ့တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ပြီး ၎င်းအဖွဲ့သည် 5G နည်းပညာကို အနာဂတ်တွင် ထောက်ပံ့ပေးနိုင်ရန်အတွက် နည်းပညာ စံသတ်မှတ်ချက်များနှင့် ရေဒီယိုလှိုင်းနှုန်း ပြင်ဆင်ခြင်းတို့ကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။
 
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဥရောပ၏ 5G PPP နှင့် တောင်ကိုရီးယား 5G Forum အဖွဲ့နှစ်ခုက စီမံဆောင်ရွက်ခြင်း ဖြစ်သည်။
 
ဥရောပသမဂ္ဂ၏ အဆိုအရ တစ်နာရီစာ ကြာမြင့်သည့် high-definition ရုပ်ရှင်တစ်ခုကို 4G ကွန်ရက်များပေါ်မှ download ပြုလုပ်ရာတွင် ၆ မိနစ်ခန့် ကြာမြင့်မည် ဖြစ်သော်လည်း 5G နည်းပညာဖြင့် download ပြုလုပ်ရာတွင် ၆ စက္ကန့်သာ ကြာမြင့်မည်ဟု သိရသည်။ အဆိုပါ 5G နည်းပညာ၏ အမြန်နှုန်းသည် 1Gbps အထိ ရှိလာရန် မျှော်မှန်းထားပြီး မိုဘိုင်း 3D ပုံရိပ်များ၊ Ultra-HD နှင့် နောက်ဆုံးပေါ် အဆင့်မြှင့် လူမှုရေးကွန်ရက် ဝန်ဆောင်မှုများကို အထောက်အပံ့ပေးနိုင်မည်ဟု ဆိုသည်။
 
လက်ရှိတွင် LTE ကို အသုံးပြုသည့် နိုင်ငံ ၇၆ နိုင်ငံရှိကြောင်း၊ သို့သော်လည်း ကွန်ရက်လွှမ်းခြုံမှုနှင့် သုံးစွဲသူ၏ အတွေ့အကြုံတို့မှာ ကွာခြားကြောင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက OpenSignal မှ ထုတ်ပြန်ခဲ့သည့် ကွန်ရက်စောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
 
တောင်ကိုရီးယား အစိုးရသည် 5G ကွန်ရက်နည်းပညာ မိတ်ဆက်ပေးရန် စီစဉ်နေကြောင်းနှင့် ၎င်းနည်းပညာကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုရန် အသင့်ရှိနေမည်ဟု မျှော်လင့်ထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြားခဲ့သည်။ ထို့အပြင် Samsung နှင့် LG ကဲ့သို့သော နည်းပညာ ကုမ္ပဏီများ အပါအဝင် ပြည်တွင်း ကုမ္ပဏီများကလည်း အစိုးရနှင့် ဆွေးနွေးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် 5G အသုံးပြုနိုင်ရန် အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံ ရင်းနှီးမြှုပ်နှံဖွယ်ရှိကြောင်း သိရသည်။
 
Ref: ZDNet
7Day DAILY
မျိုးဆက်သစ် networking နည်းပညာဖြစ်သော 5G ဖွံ့ဖြိုးတက်မှုအပေါ် အာရုံစိုက် လုပ်ဆောင်ရန်အတွက် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားတို့ ပူးတွဲဆောင်ရွက်မည်ဟု Wall Street Journal က ဖော်ပြခဲ့သည်။

အစိုးရစီမံခန့်ခွဲမှု ညံ့၍ ဘိန်းစိုက်ပျိုးမှု လျော့နည်းခြင်း မရှိဟု သူရဦးရွှေမန်း ပြောကြား

ကမ္ဘာပေါ်တွင် ဘိန်းဒုတိယ အများဆုံး စိုက်ပျိုး နေသည်ဟု ဝေဖန်ခံ နေရသော မြန်မာနိုင်ငံတွင် ဘိန်း စိုက်ပျိုး မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှု ပြဿနာများကို ရေရှည် စီမံကိန်းများ ရေးဆွဲ၍ လျှော့ချ တိုက်ဖျက်ရေး ပြုလုပ် နေသော်လည်း လျော့နည်းပပျောက်မှု မရှိခြင်းမှာ အစိုးရ အဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း၍သာ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

Mobile Money ဝန်ဆောင်မှု ပေးရန် Ooredoo က CB Bank နှင့် ပူးပေါင်းထားကြောင်း ထုတ်ဖော် ပြောဆို

Photo: Mobile Money ဝန်ဆောင်မှု ပေးရန် Ooredoo က CB Bank နှင့် ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆို
Tuesday, June 17, 2014

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo မြန်မာသည် ၎င်းတို့၏ Mobile Money ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်နိုင်ရန် ပြည်တွင်း ဘဏ်တစ်ခုဖြစ်သည့် CB Bank နှင့် လက်တွဲ ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
 
ဘဏ်စာရင်း မရှိသူများအနေဖြင့် ငွေကြေး လွှဲပြောင်းခြင်း၊ ငွေကြေး လက်ခံခြင်းများ ပြုလုပ်နိုင်ရန် Mobile Money ဝန်ဆောင်မှုကို စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာနှင့် ဘဏ်လုပ်ငန်းများ မဖြစ်မနေ ပူးပေါင်းရန် လိုအပ်ကြောင်း သိရသည်။
 
“Mobile Money ဆိုတာ ဘဏ်နဲ့ဆက်သွယ်စရာ မလိုဘဲ ငွေကြေးတွေ လွှဲနိုင်တယ်။ လက်ခံနိုင်တယ်။ ဈေးဝယ်ခြင်း၊ လခ လက်ခံခြင်းတွေလည်း လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုပါ။ မိုဘိုင်းဖုန်းထဲက ပိုက်ဆံအိတ်လို့လည်း ပြောလို့ရတယ်။ ဒီအတွက် Ooredoo က CB Bank နဲ့လက်တွဲထားပါတယ်” ဟု Ooredoo မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။
 
CB Bank သည် လက်ရှိအချိန်၌ ဘဏ်နှင့် ပတ်သက်သည့် တိုးချဲ့ လုပ်ကိုင်ခွင့် အများအပြားကို လုပ်ကိုင်ခွင့် ရရှိနေသည့် ပြည်တွင်းအခြေစိုက် ဘဏ်တစ်ခု ဖြစ်ပြီး မကြာမီက Mobile Banking စနစ်ကိုလည်း မိတ်ဆက် ပြသခဲ့သည့် ပထမဦးဆုံး ဘဏ်လည်း ဖြစ်သည်။
 
၎င်းသည် မိုဘိုင်းဖုန်း အသုံးပြု ၍ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ဝန်ဆောင်မှုကို ပေးအပ်နေသည့်အပြင် နိုင်ငံတကာ၌ အသုံးပြုနေသည့် visa ကတ်နှင့် Master ကတ်ဝန်ဆောင်မှုများကို လည်း ပြည်တွင်း၌ ဝန်ဆောင်မှု ပေးအပ်နေသည့် ဘဏ်ဖြစ်သည်။
 
နိုင်ငံခြား ငွေလွှဲလက်ခံသည့် လုပ်ငန်းများ၊ e Banking ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး ယခုအခါ၌ ပြည်တွင်းသို့ ဝင်ရောက် လာသည့် အင်အားကြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့်ပူးပေါင်း၍ Mobile Money ကို ဝန်ဆောင်မှုပေးရန် စတင်ခဲ့ခြင်းဖြစ်သည်။
 
7Day DAILY
ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo မြန်မာသည် ၎င်းတို့၏ Mobile Money ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်နိုင်ရန် ပြည်တွင်း ဘဏ်တစ်ခုဖြစ်သည့် CB Bank နှင့် လက်တွဲ ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။