Monday 23 November 2015

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် အင်အား မဂ္ဂနီကျု ၅ ဒဿမ ၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ဒေသတွင်းသတင်းများ၏အဆိုအရ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်နိုင်ငံ နေရာအချို့တွင်ပါ သက်ရောက်မှုရှိခဲ့သော အင်အား ၅.၉ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု အာဖဂန်နစ္စတန် မြောက်ပိုင်း တွင် လှုပ်ခတ်ခဲ့ ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး ဌာနကပြောသည်။ 

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးမြို့မှ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာ၊ အာကာရှန်မြို့၏ အနောက်တောင်ဘက် ၂၂ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး မြေအောက်အနက် ၉၂.၄ ကီလိုမီတာခန့် ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု သတင်းတစ်စုံတစ်ရာ မရရှိသေး ပေ။

Ref : CNA
Democracy today

No comments:

Post a Comment