ဖုန်းဆိုင်၊ ကြက်ကြော်ဆိုင်နှင့် ကွမ်းယာဆိုင်တို့အား ၀င်တိုက်မိခဲ့သော ကွန်တိန်နာယာဉ်အား ကရိန်းဖြင့် ရွှေ့ပြောင်းမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်
တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက် သံသုမာလမ်းနှင့် သစ္စာလမ်းထောင့် ဥက္ကလာပ စေတီတော်အနီး တွင် ကွန်တိန်နာ ၁ဝ ဘီးယာဉ်မှ ပလက်ဖောင်းကျော်လွန်ကာ ဖုန်းဆိုင်၊ ကြက်ကြော်ဆိုင်နှင့် ကွမ်းယာ ဆိုင်အား ဝင်တိုက်မှု ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။