Sunday 30 June 2013

တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး

Photo: တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး
Sunday, June 30, 2013

တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ
ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌
တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်နယ်စပ် ဒေသနှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ ပရာကျွတ်မြို့အတွင်း ပြုလုပ်ခဲ့သော အဆိုပါ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် ၄၄ ဦးနှင့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင် ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ "အဓိကအချက်
ကတော့ ပကျွတ်ဂိတ်ကို ဘယ်တော့ဖွင့်မလဲ၊ မြန်မာနိုင်ငံက ကုန်ကြမ်းတွေ
ကို ဘယ်လိုဝယ်ယူရမလဲ၊ ကုန်သွယ်ရေးအတွက် အရေးပါမယ့် သယ်ယူ
ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေးတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ စတဲ့အချက်တွေကို ဆွေးနွေးသွားကြတာ ဖြစ်
တယ်" ဟု MCCI အသင်းဝင် တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ မောတောင်နယ်စပ်နှင့် ထိုင်းနိုင်ငံရှိ ဆင်းခွန်ရွာတွင် ဖွင့်လှစ်
ထားသော ဆင်းခွန်-မောတောင်ဂိတ်ကို ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ စီးပွားကုန်သွယ်မှု တိုးမြှင့်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၌ ထိုင်းနိုင်ငံဘက်မှ အသင့်မဖြစ်သေး
သောကြောင့် ကုန်သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း ဆင်ခွန်းဂိတ်ကို အမြန်ဆုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ လုပ်ဆောင်နေကြောင်း ပြောကြား
ခဲ့သည်။

လက်ရှိအနေထားအရ မောတောင်နယ်စပ် ကုန်သွယ်ရေး အနေအထားမှာ မိုးရာသီလမ်းအနေထားများနှင့် ထိုင်းနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေး
သည့် အနေအထားများကြောင့် ကုန်သွယ်မှု ရပ်တန့်နေကြောင်း သိရသည်။

eleven media group
တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်း ရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

လားရှိုးပဋိပက္ခ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို တရားစွဲ

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဒေသခံ ၂၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင် တရားစွဲဆိုခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးမှ သိရှိရသည်။
ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူ ၆၁ ဦး အနက် ဒေသခံ ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့က တရားစွဲဆို ခဲ့ပြီးနောက် ယခုနောက်ထပ် ဇွန်လ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အမှုငါးခုဖြင့် လူ ၂၂ ဦးကို တရားစွဲဆိုခြင်း ဖြစ်သည်။

TIME မဂ္ဂဇင်းကို ဆန္ဒပြ

Photo
ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့   မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။

နိုင်ငံပြတင်းတစ်ပေါက်စနစ် အဆိုပြု ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေး

ကုန်သွယ်မှု ပြုရာတွင် အကောက်ခွန် ရှင်းလင်းမှု လွယ်ကူလျင်မြန်စေမည့် နိုင်ငံ ပြတင်းတစ်ပေါက်စနစ် (Nation Single Window -NSW) အတွက် အဆိုပြုထားသော ကုမ္ပဏီများအနက်မှ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးကာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း

Photo: နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း
Sunday, June 30, 2013

သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဆယ်စုနှစ် နှစ်စုအတွင်း ပုစွန်ထွက်နှုန်း ကျဆင်းခြင်းသည် ပင်လယ်ပြင်အတွင်း သဘာဝအလျောက် ဒီရေတောများ ပြုန်းတီးလာပြီး ငါးသယံဇာတ ရှားပါးလာခြင်းနှင့် ခေတ်မီကိရိယာများ သုံး၍ ငါး ၊ ပုစွန် အလွန်အကျွံ ဖမ်းဆီးမှုများကြောင့် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်ခန့်က သဘာဝနည်းဖြင့် ရေငန်ပုစွန် တစ်ဧကမွေးမြူလျှင် ပုစွန်အထွက်နှုန်း ၂၀ ကီလိုဂရမ်မှ ၄၀ ကီလိုဂရမ်ခန့် ရရှိခဲ့ရာမှ လက်ရှိတွင် ၄ ကီလိုဂရမ်မှ အများဆုံး ၁၀ ကီလိုဂရမ်ခန့်သာ ထွက်ရှိတော့သည်ဟု ၎င်းကဆိုသည်။

သဘာဝအတိုင်း ရေငန်ပုစွန် မွေးမြူသည့်နည်းမှာ ပင်လယ်ရေ တက်ချိန်တွင် ပင်လယ်ရေအတွင်း ပါရှိလာသည့် ပုစွန်များကို ရေကျချိန်တွင် ပြန်ပါမသွားစေရန် တားဆီးမွေးမြူသော နည်းစနစ် ဖြစ်ပြီး အစာအတွက် ရင်းနှီးမြှုပ်နှံမှု မပြုဘဲ သဘာဝ အစာဖြင့်သာ မွေးမြူသည့် လုပ်ငန်း ဖြစ်သည်ဟု ဒေသခံ ရေငန် ပုစွန် မွေးမြရေးလုပ်ငန်းရှင်များက ဆိုသည်။

အဆိုပါ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့တွင် မွေးမြူလျက် ရှိသည်ဟု ဒေသခံ မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ပုစွန်မွေးတဲ့ ကန်တွေက နှစ်တွေကြာလာတော့ ပြန်ပြင်ဖို့ လိုနေပြီ။ မွေးမြူရေး လုပ်ငန်းရှင်တွေက အရင်းအနှီးနဲ့ နည်းပညာ လိုအပ်နေတယ်” ဟု စစ်တွေမြို့တွင် ရေငန်ပုစွန်ကို သဘာဝအတိုင်း မွေးမြူနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝတရား ပြောင်းလဲလာမှုများကြောင့် ပင်လယ်ပြင်အတွင်း ပုစွန်သားပေါက်များ ရှားပါးလျက် ရှိပြီး သဘာဝနည်းဖြင့် ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများလည်း အထွက်နှုန်းများ သိသာစွာ ကျဆင်းလာလျက် ရှိကြောင်း ရေငန်ပုစွန် မွေးမြူရေး ပညာရှင် ဒေါက်တာ ကျော်ထွန်းမြင့်က ပြောကြားသည်။

ယင်းအခြေအနေ များကြောင့် ရေငန်ပုစွန် မွေးမြူရေး နည်းစနစ်ကို ပြောင်းလဲရန် လိုအပ်လျက်ရှိပြီး ပုစွန်ထွက်နှုန်း မြင့်တက်လာစေရန်အတွက် ခေတ်မီ နည်းပညာများဖြင့် မွေးမြူရန် လိုအပ်လျက် ရှိသည်ဟု ရေငန်ပုစွန် မွေးမြူရေးပညာရှင် ဒေါက်တာကျော်ထွန်းမြင့်က ပြောကြားသည်။

“သဘာဝအတိုင်း မွေးတဲ့ကန်တွေက ဧက ၁၀၀ ၊ ၁၅၀ လောက် ကျယ်တယ်။ ခေတ်မီနည်းနဲ့ မွေးတဲ့ ကန်တွေရဲ့ အကျယ်က နှစ်ဧက ဝန်းကျင်လောက်ရှိပြီး တစ်ဧကကို ပုစွန်အထွက်နှုန်းက သုံးတန်ခွဲနီးပါးလောက် ထွက်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ပင်လယ်ပြင် ငါးသယံဇာတ ရှားပါးလာမှုနှင့် ရေငန်ပုစွန် မွေးမြူရေးတွင် အထွက်နှုန်း ကျဆင်းလာမှုကြောင့် စစ်တွေမြို့ရှိ ရေထွက်ပို့ကုန် ပြုပြင်ထုတ်လုပ်သည့် အအေးခန်း စက်ရုံအချို့ကို ပိတ်ထားရလျက် ရှိပြီး ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ရေငန်ပုစွန် မွေးမြူရေး ဧက တစ်သိန်း နီးပါးခန့် ရှိကြောင်း ရခိုင်ပြည်နယ်ငါး လုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

The Voice Weekly
သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။

အေးရှားဝေါ(လ် )ကုမ္ပဏီနှင့်ဒေသခံ များမြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေ

Photo: အေးရှားဝေါ(လ်)ကုမ္ပဏီနှင့်ဒေသခံများမြေယာပိုင်ဆိုင်မှုအငြင်းပွားနေ
Sunday, June 30, 2013

လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံများနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ခါးသျှီးကျေးရွာတွင် ယခင်နှစ်ပေါင်းများစွာမှ နေထိုင်ကြသော လီဆူးတိုင်းရင်းသားများ ရွှေ့ပြောင်းလုပ်သားများမှာ ၀မ်းစာအတွက် တောင်ယာစိုက်ခြင်း၊ ထင်းခုတ်၊ မျှစ်ချိုး၊ ၀ါးတိုက်၊ ပြောင်းစိုက်ခြင်းနှင့် လမ်းခင်းကျောက် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရာ အေးရှားဝေါ(လ်) ကုပ္မဏီမှ ဒေသခံတိုင်းရင်းသားများ နေထိုင်လျှက်ရှိသော မြေဧက နှစ်ရာကျော်ကို ၎င်းတို့ ကုပ္မဏီပိုင်မြေအဖြစ် သတ်မှတ်ပြီး ဇွန်လ ၂၄ရက်နေ့ နံနက်ဆယ်နာရီခွဲ အချိန်တွင် တာဝန်ခံ ဦးမောင်မောင်လတ်မှ ဦးစီး၍ အလုပ်သမား (၁၅)ဦးခန့်နှင့် ကွန်ကရစ်တိုင်ဖြင့် ခြံစည်းရိုးများ ကာရံခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ခါးသျှီးရွာသားများက ပြောကြသည်။

“ကျနော်သိတာ အရင်ပိုင်ရှင်တရုတ်ကသူ့ခြံကို အေးရှားဝေါ(လ်)ကို ရောင်းလိုက်တာ အဲဒါ ဒီနေရာတွေမပါဘူး။ အခု
သူ့နေရာလို့ပြောပြီး ခြံတွေခတ်နေတယ်”ဟု ဒေသခံရွာမှ ပြည်သူ့စစ် လီဆူးတိုင်းရင်းသားတစ်ဦးက ပြောကြားသည်။

ယင်းနေရာတွင် ပုံစံ ၁၀၅ဖြင့် နေထိုင်သူ ဒေသခံ ဦးမင်းနိုင်က “ကျနော်မှာ ပုံစံ (၁၀၅)ရှိတယ် ဒါပေမယ့် ရှိလဲသူတို့က ခြံစည်းရိုးတောင် လာခတ်သွားပြီ။ လျော်ကြေးပေးတာတို့ ၊ အစားပြန်ပေးတာတို့လည်း မရှိဘူး။ ခြံစည်းရိုး လာခတ်တော့လည်း မြေတိုင်းတာတို့ စာရွက်စာတမ်းတွေကို စစ်တာတို့လည်း မရှိဘူး။ မြေစာရင်းရုံးတို့ မြို့နယ်က တာဝန်ရှိသူတွေ လည်းမပါဘူး၊ ရွာသူကြီး တောင်မပါဘူး။ ဘာလို့သိမ်းလို့ သိမ်းမှန်းကို မသိတာ။ ကျနော်တို့က စာမတတ်တော့ သူတို့လုပ်ချင်သလို လုပ်နေတာ။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ ကုပ္မဏီက မြေတွေကို သူတို့သိမ်းချင်တိုင်း သိမ်းလို့ ရတယ်လို့ ထင်နေလားမသိဘူး။ သူတို့ဘက်က တစ်ခုခုမလုပ်ပေးဘဲ ဒီနေရာကနေ ဘာဖြစ်ဖြစ် လုံးဝမရွှေ့ပေးနိုင်ဘူး။ အခုကျွန်တော်တို့မြို့နယ် ထွေအုပ်ရုံးကိုသွားပြီး စာတင်ဖို့ လုပ်နေတယ်”ဟု ပြောကြားသည်။

ယခင်ကလည်း အေးရှားဝေါ(လ်)တာဝန်ခံ ဦးမောင်မောင်လတ်မှ ၂၀၁၃ခုနှစ်၊ (၁)လပိုင်းက ၎င်းတို့လမ်းခင်းကျောက် ထုတ်လုပ်လျှက်ရှိသော ပတ်ဝန်းကျင်ဒေသတွင် နေထိုင်သူ အိမ်ထောင်စုများအား ပုံစံ (၁၀၅)နှင့် အရောင်းအ၀ယ် စာချုပ်များကို တောင်းသဖြင့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများမှ မိတ္တူကူးပြီး၊ တာဝန်ခံထံ သွားရောက် ပေးခဲ့ရသည်ဟု သိရသည်။

ယင်းမြေယာကိစ္စအား လားရှိုး အေးရှားဝေါ(လ်)ရုံးနှင့် တာဝန်ခံ ဗိုလ်ကြီးထွန်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်
လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံ များနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။

အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး

Photo: အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး
Sunday, June 30, 2013

အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။

ကာကွယ်ရေးဌာနက ၀န်ထမ်းထောင်ပေါင်းများစွာနဲ့ အင်ဒို-တိဘက်တန် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့၊ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကိုင်တွယ်ရေး တပ်ဖွဲ့ (NDRF) တို့ဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ၂၄ နာရီပတ်လုံး မနားမနေ လုပ်ဆောင်နေကြရပါတယ်။

ဟိမ၀န္တာတောင်တန်းတွေမှာ ဘုရားဖူးရောက်နေကြတဲ့ ဟိန္ဒူဘုရားဖူးတွေ၊ နိုင်ငံသွား ခရီးသွားတွေ အပါအ၀င် ဒုက္ခရောက် နေသူ အများအပြားကို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း တစ်သိန်းငါးထောင်ကို ကယ်ဆယ် ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယရဲ့အရှည်လျားဆုံး ဂင်္ဂါမြစ်ဝှမ်းက နေအိမ်တွေ၊ တိုက်ခန်းတွေ လည်း ရေထဲပြိုကျကုန်ပြီး ကားတွေ၊ ထရပ်ကားတွေ ပါ ရေနဲ့မျောပါ သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

VOA
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက် လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီးဖြစ်သလို လူပေါင်းထောင်သောင်းချီ ပျောက်ဆုံးနေပါတယ်။ သေဆုံးသူ ပမာဏ က အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။

မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်

Photo: မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်
Sunday, June 30, 2013

ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေး စနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက် ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချ မှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္ထုတူးဖော် ရေးလုပ်ငန်းများတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ကြရာ ပြီးခဲ့သည့် ဆယ်စုနှစ် ငါးနှစ် အတွင်း၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်း ရှိနေ သည်။ မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ပြန်၍ အဆင်ပြေ သင့်မြတ် လာသည့် အတွက်ကြောင့် ထိုကဏ္ဍများအပေါ်တွင် စိတ်ဝင်စားမှုများ ပို၍ပင် ရှိလာခဲ့သည်။ မြန်မာအစိုးရသစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ လုပ်ကွက် ၁၀ ခုအတွက် သဘောတူညီမှုများကို ယခုနှစ်တွင်ပင် ထပ်၍ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် လုပ်ကွက် ၂၃ ခုအတွက်လည်း ကမ်းလှမ်းထားသေးသည်။ ထိုမျှမက အစိုးရသစ်က သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး စီမံကိန်းများအတွက် မြေများကိုလည်း ကမ်းလှမ်းပေးအပ်ခဲ့သေးသည်၊ အချို့ သူများက တယ်လီကွန် ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ အပေါ်တွင် စိတ်ဝင်စားမှု ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ထုတ်ယူရောင်းချ သည့် လုပ်ငန်းသည်သာ ရင်းနှီးမြှုပ်နှံသူတို့အတွက် ဆွဲဆောင်မှုအဖြစ် ပိုမြင်နေကြသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် အာရှကျားနိုင်ငံများက သဘာဝ သယံဇာတ ရှားပါးကြပြီး ပြည်ပပို့ကုန် တိုးတက် ဖြစ်ထွန်းလာစေရေး အပေါ်သာ မှီခိုအားထားခဲ့ကြရသည်။ သူတို့ဆီကို လာရောက်ကြသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း လူသုံးကုန် ထုတ်လုပ်ရေးအတွက် လာရောက်ကြခြင်းဖြစ်ပြီး သဘာဝ သယံဇာတအတွက် လာရောက်ကြခြင်း မဟုတ်ပေ။ သူတို့က လုံးဝ မတူခြားနားသည့် နိုင်ငံတကာ အခင်းအကျင်း အနေအထားတခုတွင် ရှင်သန်ဖွံ့ဖြိုးလာခဲ့ရသူများ ဖြစ် သည်။ နိုင်ငံရပ်ခြား တင်ပို့ရန် ပြိုင်ဆိုင်မှု နည်းပါးနေသေးသော အခြေအနေတွင် ဖွံ့ဖြိုး လာခဲ့ခြင်း ဖြစ်သည်။ သူတို့က ထုတ်ကုန်များကို စားသုံးမှု အလွန်မြင့်မား သည့် အနောက်နိုင်ငံများသို့ ရောင်းချကြသည်။ အနောက်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ သက်ရောက် ရိုက်ခတ်မှုများကို ယခုလောလောဆယ်တွင် ရင်ဆိုင်နေရသည့် နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံအတွက်မူ ကံမကောင်း အကြောင်းမလှသည့် အချက်မှာ အခြေခံထွက်ကုန်များ အားထားမှီခို တင်ပို့နေကြရသည့် နိုင်ငံ များ ဖြစ်သောကြောင့် အာရှကျားနိုင်ငံများထက် ဖွံ့ဖြိုးမှုနှေးကွေးရန် အကြောင်း ရှိနေပါသည်။ တဖက်တွင်လည်း နိုင်ငံ့စီးပွားရေး၏ အခြားကဏ္ဍများတွင် တန်းတူညီမျှမှု မရှိသော ရင်းနှီးမြှုပ်နှံမှု ကို ဖြစ်ပေါ်စေသည်။ ဤသို့သော အခြေအနေမျိုးကို ဒတ်ခ်ျရောဂါ (Dutch disease) ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဤကဲ့ သို့သော ရောဂါ မျိုးကို ခံစားနေရပြီဖြစ်၍ လာမည့်နှစ်များတွင်လည်း နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အခက်အခဲ အဟန့်အတားများ ရှိနေစေဦးမည် ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပြည်ပ တင်ပို့ရောင်းချမှုမှ ရရှိလာသည့်ငွေကြောင့် နိုင်ငံ ၏ ငွေကြေး ကျပ်တန်ဖိုးကို မြင့်တက်လာစေသည်။ ၂၀၀၇ ခုနှစ်တွင် တဒေါ်လာလျှင် ၁၄၀၀ ကျပ်မှ၊ ၂၀၁၁ ခုနှစ်တွင် ၇၀၀ ကျပ်အောက် ကျဆင်းခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အဓိက အခက်အခဲတခု ဖြစ်စေသည်။ ဤသို့ ကျပ်ငွေဈေး ဆက်လက် မြင့်တက်နေမှု အတွက်ကြောင့် (တဖက်တွင်လည်း အထွေထွေလုပ်ငန်း စရိတ်စကများ မြင့်မားနေခြင်း၊ အခြေခံ အဆောက်အဦ ညံ့ဖျင်းခြင်း၊ ပြိုင်ဆိုင်မှု အားကောင်းသည့် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် နိုင်ငံတကာဝန်းကျင် အခြေအနေရှိနေခြင်း အတွက်ကြောင့်) မြန်မာနိုင်ငံ လူသုံးကုန်ထုတ်လုပ်ရေးနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကျန်သည့် ကျားနိုင်ငံများကို အတုယူ လုပ်ဆောင်နိုင်ရန် ခက်ခဲစေပါလိမ့်မည်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျှက် ရှိသည်

ဤအချက်မှာ ခက်ခဲရှုပ်ထွေးလှသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ မလိုအပ်သော နေရာများသို့သာ အများဆုံး ၀င်ရောက်လာကြလိမ့်မည်။ လိုအပ်မှု အနည်းဆုံး ကဏ္ဍများ၌ အများဆုံး ရောက်လာနေကြခြင်းဖြစ်ပြီး ပြောရလျှင် သဘာဝ သယံဇာတများ ထုတ်လုပ်ကြရန် လာရောက် ရင်းနှီးမြှုပ်နှံနေခြင်းပင် ဖြစ်သည်။ ဤသို့သော ရင်းနှီးမြှုပ်နှံမှုများသည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှကိုသာ ဖြစ်စေပါသည်။ သာမန်ပြည်သူများအတွက် အလုပ်အကိုင် အများအပြားကို ဖန်တီးပေးလိမ့်မည် မဟုတ်ပါ။ အဓိကအကျိုးရှိစေမည့်သူမှာ အစိုးရဖြစ်ပြီး အစိုးရအတွက် ၀င်ငွေများ ရရှိလာစေမည်။ သို့သော်လည်း အခြားနိုင်ငံ အစိုးရများကဲ့သို့ပင် မြန်မာနိုင်ငံရှိ အစိုးရကလည်း သဘာဝ သယံဇာတများမှ ရလာမည့် ၀င်ငွေကို တိုင်းပြည် ကုန်ထုတ်လုပ်ရေး တိုးတက်ကောင်းမွန်စေသည့် အရင်းမြစ်များကို ထုတ်လုပ်မှုဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှု အဖြစ်သို့ ပြန်လည် ပြောင်းလဲနိုင်စွမ်း မရှိကြပါ။

ဤအခြေအနေအစား နေပြည်တော်ရှိ လူအများစု လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် စီးပွားရေးအလိုလို တိုးတက်လာမည်” ဟူ၍ ဖြစ်သည်။ ဤအရင်းအနှီးများ အပေါ်တွင် လူများစုက လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုကို တန်းတူထား” မြင်နေကြသည်။ ဤအချက်မှာ မမှန်ကန်ပါ။ မတူကွဲပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးစနစ်အပေါ် မတူကွဲပြားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နည်းပညာနှင့် လုပ်နည်းကိုင်နည်းများ ဆောင်ကျဉ်းလာသည့်၊ လွှဲပြောင်းပေးလာမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးဖြစ်ထွန်းစေသော်လည်း သဘာဝ သယံဇာတများ အတွက် လာရောက်ကြသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်ရှိစေသည်။

အကြောင်းမှာ ပြန်လည် ဖြည့်ဆည်းနိုင်စွမ်း မရှိသည့် ပိုင်ဆိုင်မှုများကို ရောင်းစားခြင်းမှ ရလာသည့် ၀င်ငွေ ဖြစ်သောကြောင့်ပင်။ အစိုးရက ရရှိလာသည့် ငွေကြေးများကို ကုန်ထုတ်လုပ်မှု တိုးတက်စေသည့် အပေါ်တွင် ထုတ်လုပ်နိုင်စွမ်း ဖြစ်စေမည့် ကဏ္ဍများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်စွမ်း မရှိသေးသည့် ကာလတွင် ဤသို့သော ပိုင်ဆိုင်မှု သယံဇာတများကို မည်သည့် အတွက်ကြောင့် အလျင်စလို ရောင်းချလိုကြရပါသနည်း။

မြန်မာနိုင်ငံသည် မကြာသေးမီက သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းမှု Extractive Industries Transparency Initiative (EITI) အဖွဲ့ကြီးက ချမှတ်သော လမ်းညွန် သတ်မှတ်ချက်များကို သဘောတူလိုက်နာရန် ပြင်ဆင်လုပ်ကိုင်ခဲ့သည်။ ထိုသို့ သဘောတူ လိုက်နာမည်ဆိုလျှင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန် အထောက်အကူ ဖြစ်စေပြီး သဘာဝရင်းမြစ်များမှ ရရှိလာသည့် ထိုဝင်ငွေများကိုလည်း ပြည်သူအများ သိရှိအောင် စာရင်းဇယားများ ထားရှိလာစေမည် ဖြစ်သည်။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတို့ရှိလျှင် တိုင်းပြည်၏ စီးပွားရေးဟန်ချက် မညီလည်း အလုပ်ဖြစ်နိုင်သည်ဟု ပုံသေကားကျ ပြောမရပါ။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံဓနဥစ္စာ ကြွယ်ဝမှု ရန်ပုံငွေ (Sovereign wealth fund) တို့မှာ နိုင်ငံတခု၏ မျှတညီညွတ်သည့် စီးပွားရေးစနစ်အတွက် အစားထိုးနိုင်မည့် နည်းလမ်းများ မဟုတ်ကြပါ။ ဤသို့ သဘာဝ သယံဇာတ ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလျင်စလို အလုံးအရင်း မရောက်ရှိလာသေးသည့်တိုင် ပို၍ ကောင်းမွန်သည့် အခြေအနေတရပ် ဖန်တီးနိုင်ပါသေးသည်။

မြန်မာနိုင်ငံ၏ ပြဿနာမှာ အရင်းအနှီး မရှိခြင်းပင် ဖြစ်သည်

ဟုတ်ပါသည်။ သို့သော် အခြေခံ ပြဿနာမှာ အရင်းအနှီးမရှိ၊ ချို့တဲ့နေမှု မဟုတ်ပေ။ သို့သော် ရှိသည့် အရင်းအနှီးကို ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ထိထိရောက်ရောက် အသုံးမချနိုင်သည့် စီးပွားရေးစနစ်သာ အဓိက ပြဿနာ ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်မြေဈေးများ အဆမတန် တက်နေခြင်းမှာ မြန်မာနိုင်ငံ၏ လူကုံထံ လူနည်းစုတွင် သိသာထင်ရှားသည့် ငွေကြေးရင်းမြစ်များ မတန်တဆ ရှိနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မြို့လယ်ခေါင်ရှိ မြေ ၁ ဧက ဈေးနှုန်းမှာ ဒေါ်လာ ၁ သန်းကျော် ရှိနေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြေဈေးထက်ပင် များပြားနေပါသည်။ ဤသို့ ဈေးနှုန်းမြင့်နေစေသည့် အခြား အကြောင်းအချက်များလည်း ရှိနေပါသေးသည်။ အဓိက အကြောင်းအချက်တခုမှာ တခြား ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာမရှိခြင်းပင် ဖြစ်ပါသည်။ ဘဏ်များအပေါ် ယုံကြည်မှု မရှိကြဘဲ ငွေကြေးများကို နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းရန်လည်း ခက်ခဲလှသည်။ သို့အတွက်ကြောင့် လူအများက သူတို့ ပိုင်ဆိုင်မှုများကို မရွှေ့ပြောင်းနိုင်သည့် အိမ်ခြံမြေ၊ ရွှေနှင့် ကျောက်မျက်များဖြင့် စုဆောင်း သိုမှီးထားကြခြင်း ဖြစ်ပါသည်။

တချိန်တည်းမှာပင် နိုင်ငံ၏ ကျေးလက်ဒေသများ၌ ချေးငွေရရှိရန် ခက်ခဲနေကြပြန်သည်။ အပေါင်ထားစရာ ပစ္စည်း မရှိသူများက တရားမ၀င် ငွေချေးသည့် နေရာများမှ ချေးငွေရယူရန် ကြိုးပမ်းနေကြရပြီး တလလျှင် ၁၀ ရာခိုင်နှုန်းမျှ အတိုးပေးနေကြရပါသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ကလည်း လယ်သမားများကို စိုက်ပျိုးရေးစားရိတ် လိုအပ်ချက်၏ သုံးပုံတပုံမျှကိုသာ ထုတ်ချေးပေးနိုင်သည်။ ပုဂ္ဂလိက ဘဏ်များအနေဖြင့် လယ်သမားများကို ငွေမထုတ်ချေးရန် တားမြစ်ထားသည်။ ဤသည်မှာ ယခင် ဆိုရှယ်လစ် အစိုးရ လက်ထက်မှနေ၍ အမွေဆက်ခံ ကြွင်းကျန်နေရစ်သည့် မလိုအပ်တော့သော ဥပဒေတခုလည်း ဖြစ်သည်။ ဤစနစ်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်မှာ အရင်းအနှီးများသည် ကျေးလက်ဒေသသို့ မရောက်ရှိတော့ခြင်း ဖြစ်သည်။ ပိုက်ဆံငွေကြေးများ ပိုရလာခြင်းကြောင့်လည်း ဤပြဿနာကို ဖြေရှင်းနိုင်ဖွယ် မမြင်ပါ။

မြန်မာ့စီးပွာရေး ပြဿနာများ၏ လက်သည်တရားခံမှာ အရေးယူ ပိတ်ဆိုမှုများ ဖြစ်သည်

သေချာ လေ့လာကြည့်မည်ဆိုပါက မဟုတ်ပါ။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည်။ သို့သော်လည်း ပုဂ္ဂလိကဏ္ဍအတွက် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာ မဟုတ်ပါ။ ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြောဆိုကြည့်ရာ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့ရင်ဆိုင် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာမှာ လျှပ်စစ် ထောက်ပံ့ပေးမှု ပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက် ခြစားမှုများပင် ဖြစ်ပြီး ဤအကြောင်းအချက်များ အားလုံးမှာ အစိုးရ၏ ထိန်းချုပ်နိုင်မှုအတွင်း ရှိပါသည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ နောက်ထပ် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါသည်။ အကြောင်းမှာ အမေရိကန်ပြည်ထောင်စု ငွေကြေးဝန်ဆောင်မှုများ ပိတ်ပင်ထားမှု (U.S. Financial services ban) ကြောင့် အပိုကုန်ကျစားရိတ်များ ဖြစ်ပေါ်စေပြီး အမေရိကန်သို့ ပြည်ပပို့ကုန် ဈေးကွက် ပျောက်ဆုံးသွားစေသည်။ အခြားသော ပြဿနာများတွင် ညံ့ဖျင်းသည့် အခြေခံအဆောက်အဦ၊ အစိုးရ၏ တဖက်သတ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အတင်းအကျပ်သဘော စိတ်ထင်လျှင် ထင်သလို ဆုံး ဖြတ်ချက်များ ချမှတ်ခြင်း၊ သမာသမတ်ကျ ဘက်လိုက်မှုကင်းသည့် မျှတဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ် ရှိမနေခြင်း၊ စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် ကုန်ကျစားရိတ် မြင့်မားလာစေပါသည်။ ကုမ္ပဏီကြီး အများစုအဖို့ကား ဒဏ် ခတ်ပိတ်ဆို့မှု ဆိုသည်မှာ သူတို့စီးပွားရေး လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အငယ်စား အခက်အခဲ တခုသာ ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မူလက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ်သာ ရှုမြင်ထားခဲ့ကြပါသည်။ သို့သော်လည်း ၎င်းတို့သည် ယခုအခါတွင် မထိရောက် အသုံးမ၀င်တော့ပါ။ သို့သော်လည်း ၎င်းအသုံးဝင်သည့် အခန်းကဏ္ဍကို ဖော်ပြလာကြပါသည်။ ဒဏ်ခတ်အရေးယူမှုက ပစ်မှတ်ထားနေသည့် အကြီးမားဆုံးနှင့် ဆက်သွယ်မှု အကောင်းဆုံး ကုမ္ပဏီကြီးများမှာ ဤအရေးယူမှုကို ကျော်လွှားလုပ်ဆောင်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နိုင်ငံတကာ အဆက်အသွယ်များ ရှိနေကြပါသည်။

ဤသို့ အရင်းမြစ်များ မရှိကြသည့် အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (SMEs) မှာ ဒဏ်ခတ်ပိတ်ဆို့မှု ၏ နောက်ဆက်တွဲကို ခံကြရပြီး ၎င်းတို့မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါသည့် လုပ်ငန်းများ ဖြစ်ကြ ပါသည်။ ဒဏ်ခတ်အရေးယူမှုသည် မြန်မာနိုင်ငံ စီးပွားရေးအတွက် အဓိကပြဿနာ မဟုတ်ပါ။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက် ထိန်းသိမ်းထားခြင်းအားဖြင့် လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းကြရန် အထောက်အကူ ဖြစ်စေမည် မဟုတ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ရန်ပင် ရှိပါသည်။

(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော ဂျာရက် ဘစ်ဆင်ဂျာ (Jared Bissinger) ၏ Think Again: Burma’s Economy ကို ဘာသာပြန် ဆို ဖော်ပြပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီ တက္ကသိုလ် (Macquarie University) တွင် ပါရဂူဘွဲ့အတွက် ကြိုးပမ်းနေသည့် ကျောင်းသားတဦး ဖြစ်ပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် ယခင်က အမျိုးသား အာရှသုတေသနဆိုင်ရာ ဗျူရိုမှ ပညာရှင်တဦးလည်း ဖြစ်သည်။)
ဧရာဝတီ
ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေး စနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက် ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချ မှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။

ကော့သောင်း ရှိ ပင်လယ် ကျွန်းများ တွင် နိုင်ငံခြား ခရီးသွား များ အပန်းဖြေ လေ့ လာခြင်းမှ အမေရိ ကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ

Photo: ကော့သောင်းရှိ ပင်လယ်ကျွန်းများတွင် နိုင်ငံခြား ခရီးသွားများ အပန်းဖြေ လေ့ လာခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ
Sunday, June 30, 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကို လေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။

"ကော့သောင်းမှာရှိတဲ့ ကျွန်းတွေကိုသွားရင် တစ်ဦးကို ဒေါ်လာ ၁၀၀ ကောက်တယ်။ မြိတ်ကကျွန်းတွေကိုသွားရင် ဒေါ်လာ ၁၅၀ ကောက်တယ်။ လေးညအိပ် ငါးရက်ခွင့်ပြုပေးတယ်။ ကိုယ့်နိုင်ငံက စက်တပ်ရွက်လှေစီးရင် ကော့သောင်းကျွန်းတွေအတွက် ဒေါ်လာ ၅၀၊ မြိတ်ကကျွန်းတွေအတွက် ဒေါ်လာ ၈၀ ပေးရတယ်။ နိုင်ငံခြားက စက်တပ်ရွက်လှေတွေကျတော့ သတ်မှတ်ရက်ပိုရင် တစ်ရက်ကို ဒေါ်လာ ၂၀ ပေးရတယ်" လို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တိုင်းတာဝန်ခံ ဦးကျော်သန်းဝင်းက ဆိုသည်။

ဧည့်သည်များသည် ကျွန်းများရှိ သဘာဝ ဂေဟစနစ် လေ့ လာခြင်း၊ ရေငုပ်ခြင်း များနှင့် ဆလုံ လူမျိုးများ၏ သဘာဝအတိုင်း နေထိုင်စားသောက်ခြင်းများကို စိတ်ဝင်စားသည်ဟု ဆိုသည်။ ထင်ရှားကျော်ကြားသော ကျွန်းများမှာ ရေအောက်တွင် လှိုဏ်ဂူရှိသော အောက်ကျွန်းနီကျွန်း၊ တောင်တော်ဝင်ကျွန်းနှင့် မြောက်တော်ဝင်ကျွန်း၊ ငါးမန်းလှိုဏ်ဂူဟု တင်စားခေါ်ဝေါ်သော ကျောက်တောင် ငယ်၊ လေးကိုင်းသဏ္ဌာန် ကွေးညွတ်နေသော လေးကျွန်း၊ ရေပြင်ပေါ်တွင် လှိုဏ်ဂူ၊ လှိုဏ်ခေါင်းငယ်များရှိ၍ ပဲ့တင်သံကြားရသော မျှော် စင်ကျောက်တောင်၊ လှေလှော်ခြင်း၊ ရေကူးခြင်းနှင့် ဂေဟစနစ်များ လေ့လာနိုင်သော ညောင်ဝီးကျွန်း၊ ၁၁၅ ကျွန်း၊ ကျွန်းဖီလာ၊ လှိုင်းကြီးအော်၊ အရှေ့စူလာ၊ စူလာခမောက် စသောကျွန်းများရှိကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ သွားခွင့်မပြုသော ကျွန်းများမှာ သံကျွန်း၊ ဇာဒက်ကြီးတစ်ဝိုက်၊ ခရစ္စတီးကျွန်း၊ ဂျလန်းကျွန်း၊ ကျွန်းမဲကြီးကျွန်း၊ ပြင်စဘုကျွန်း၊ အနောက်စူလာ၊ တနင်္သာရီကျွန်းစု၊ မြိတ်ကျွန်းစုငယ် (ကျွန်းစုတစ်ဝိုက်)၊ သရောသဏ္ဌာန်ကြီးကျွန်း၊ ရွှေကျွန်းကြီး၊ ရွှေကျွန်းငယ်၊ ပလော်ကာကျွန်းတို့ ဖြစ်ကြောင်းကို ခရီးသွား မှတ်တမ်းများအရ သိရသည်။

ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ်
EMG
ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့ နိုင်ငံခြား ခရီးသွား ဧည့် သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကိုလေ့လာရင်း အပန်းဖြေခဲ့သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။

မိုးရွာသွန်းလျှင် ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်းခရီး သွားလာမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူများ ပြောကြား

Photo: မိုးရွာသွန်းလျှင် ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်းခရီး သွားလာမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူများ ပြောကြား
Sunday, June 30, 2013

ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။

ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးတွင်းကာလတွင် မိနစ်အနည်းငယ် မျှ မိုးသည်းထန်စွာ ရွာသွန်းလျှင် ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိနေပြီး ယင်းကဲ့သို့ ရေလျှံမှုများကြောင့် ယာဉ်ကြောများပိတ်ဆို့မှုများ ဖြစ်ပေါ်ပြီး ခရီးသွားလာသူ ပြည်သူများ ကြန့်ကြာမှုများနှင့် အခြားစီးပွားရေး လုပ်ကိုင်သူများ လုပ်ငန်းဝင်ငွေများ လျော့ကျကြောင်းကို ၎င်းတို့ပြောပြချက်အရ သိရသည်။

တာမွေမြို့နယ်၊ ၁၅၃ လမ်းတွင် နေထိုင်သူ ကိုမြတ်သူက "မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော်များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ်။ အဲ့လိုနေ့တွေဆို ကားတွေလည်းပိတ်ပြီ။ ဒီလိုနေ့တွေနဲ့ ကြုံရပေါင်းလည်း များနေပါပြီ" ဟု ပြောကြားသည်။

အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်လင်းထွန်းကလည်း "မိုးသဲသဲမဲမဲ ရွာတဲ့အချိန်က သိပ်မကြာဘူး။ ဒါပေမဲ့ လမ်းပေါ်မှာ ရေတွေက လျှံနေပြီ။ ရေမြောင်းစနစ်တွေ ပိတ်ဆို့နေတာတွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ဒီလိုရေလျှံတဲ့ နေ့တွေနဲ့ ကြုံရင်တော့ ၀င်ငွေသိသိသာသာ ကို လျော့ပါတယ်" ဟု ပြောကြားသည်။
မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော် များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ် . . . . .

တာမွေဈေးတွင်ဈေး ရောင်းချသူ တစ်ဦးကလည်း ရေလျှံသည့်နေ့တွင် အရောင်းအ၀ယ် မကောင်းကြောင်းကို "ကျွန်မက ဒီတာမွေဈေးမှာပဲ ဈေးရောင်းတာ သုံးနှစ်ကျော် ရှိပါပြီ။ လမ်းပေါ်ရေလျှံတဲ့နေ့က အရမ်းစိတ်ညစ်တဲ့ နေ့ပဲ။ ကိုယ်တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ။ ဈေးရောင်းမကောင်းတော့ မိသားစု စားဝတ်နေရေး ခက်ခဲတာပေါ့" ဟု ပြောကြားခဲ့သည်။

မိုးရွာသွန်းစဉ် ရေလျှံမှု အချိန်အကြာဆုံးဖြစ်သည့် နေရာများမှာ တာမွေမြို့နယ်တွင် တာမွေဈေးတစ်ဝိုက်၊ မင်္ဂလာဈေးတစ်ဝိုက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကန်တော်လေး စာတိုက်အနီးတစ်ဝိုက်၊ ပန်းဘဲတန်းမြို့နယ်တွင် အနော်ရထာလမ်းတစ်လျှောက်၊ အလုံမြို့နယ်တွင် ကမ်းနားလမ်းတစ်လျှောက် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မိုးရွာစဉ် လမ်းမပေါ်တွင် ရေလျှံရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဖြစ်သူ ဦးမျိုးလွင်က "ရေလျှံရခြင်းရဲ့အဓိက အချက်ကတော့ ရန်ကုန်မြို့မှာ လူဦးရေ များလာနဲ့အမျှ အမှိုက်တွေကို စည်းကမ်းတကျ မစွန့်ပစ်ကြတာကြောင့် ရေနုတ်မြောင်းတွေ ပိတ်ဆို့ပြီး မိုးရွာသွန်းတဲ့အခါ မြောင်းထဲကရေတွေက ဆက်ပြီးမစီးဆင်း နိုင်တော့တာကြောင့် လမ်းမပေါ်ရေတွေက လျှံလာရတာပါ" ဟု ဇွန် ၂၉ ရက် ညနေပိုင်းက သုံးသပ်ပြောကြားခဲ့သည်။

တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
EMG
တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။

Friday 28 June 2013

အ ဆိပ်သောက် သူကို ဘယ်လို ကယ်ဆယ် မလည်း

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း
ဆရာခင်ဗျ...ကျွန်တော်တို့ရွာတွေမှာ ခုတလောအဆိပ်သောက်မှု ပိုများလာပါတယ်။ တမင်တကာ သောက် သုံး မှု ရှိသလို တချို့ကလေးငယ်များက တော့ မှားယွင်း သောက်သုံး ကြတာပါ။

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတ မြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

Photo: အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြင်ပမှ အရပ်သူများ လျှောက်ထားနိုင်ကြောင်း စတင် ခေါ်ယူခဲ့သည်။

ယခင် အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီး၊ စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးတို့မှ ဘွဲ့ရအသက်ပြည့်မီသူ အမျိုးသမီးများအား ဒုတိယ ရဲအုပ် ခန့်ထားခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် အသက်မွေးဝမ်းကျောင်း ဘွဲ့ရသူများနှင့် နိုင်ငံခြား ဘာသာဘွဲ့ တစ်ခုခု ရရှိထားသူ အမျိုးသမီးများကို စတင် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဘာသာစကား ကျွမ်းကျင်သူ ခေတ်ပညာတတ်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ ဝင်လာပါက နိုင်ငံခြားသား များနှင့် ပတ်သက်သည့် အမှုအခင်းများကို ပိုမို ထိရောက်စွာ ကိုင်တွယ် နိုင်မည် ဖြစ်ကြောင်း၊

 နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ရင်ပေါင်တန်း နိုင်မည် ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက ပြောကြားသည်။ ဒုတိယ ရဲအုပ်လောင်း တစ်ဦး၏ အခြေခံ လစာနှုန်းမှာ ငွေကျပ် ၈၅ဝဝဝ ဖြစ်ပြီး နှစ်တိုး နှုန်းထား မှာ ငွေကျပ် ၁ဝဝဝ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြင်ပမှ အရပ်သူများ လျှောက်ထားနိုင်ကြောင်း စတင် ခေါ်ယူခဲ့သည်။

“ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု


Photo: “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု 

IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့
 UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။ 

Posted From Dawnmanhon
IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ
Friday, June 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများတွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း ရှိကြောင်း သိရသည်။

''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ပြီးပြတ်နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

EMG
မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝင်း၌ မူးယစ်ဆေးဝါးများကို မဖျက်ဆီးမီ တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

Photo: အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

28.6.2013

အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုး လိုက် ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို့ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ကတိပြုထားချက်ကို တရားဝင်ဖြစ်စေတဲ့ သဘောတူချက်ကို အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာနဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလုပ်နေတဲ့   ပြုပြင်ပြောင်းလဲမှုတွေကို ၂ နိုင်ငံလုံးက ဆက်ပြီး အားပေးသွားမယ်ဆိုတာကို အခုသဘောတူမှုက အာ မခံလိုက်တာပဲလို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ရှိသလို ရေရှည်ခံတဲ့ တိုးတက်မှုနဲ့ အလုံးစုံတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကပြောတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ကိုးကားဖော်ပြထားပါ တယ်၊ ဒီကနေ့ အမေရိကန်နဲ့ မြန်မာအစိုးရတို့ အပြန်အလှန် သဘောတူခဲ့တဲ့ သဘောတူချက်ထဲမှာ အစိုးရ ၂ ခုကြား ပူးပေါင်းကူညီမှုနဲ့ ပါတ်သက်တဲ့ အသေးစိတ်လမ်းညွှန်ချက်တွေကို အသေးစိတ်ဖော်ပြ ထားပါတယ်။

အထူးသဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စားရေရက္ခာဖူလုံရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ကူညီထောက်ပံ့မှုပေးမဲ့ကိစ္စတွေကို အသေးစိတ် သဘောတူခဲ့ကြတာဖြစ် ပါတယ်

VOA
အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုး လိုက် ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို

Thursday 27 June 2013

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

မန်းတွင် သက်တမ်းကျော် လေလံကားများ မှတ်ပုံတင်ခွင့် မရှိတော့

အစိုးရလေလံတင်ရောင်းချထားသော ကားများကို တင်ဒါအောင်ပြီး နှစ် နှစ်အတွင်း ပိုင်ရှင်ကမှတ်ပုံတင်ရန် သတ်မှတ်ထားရာ ယင်းကာလအတွင်း မှတ်ပုံမတင်ဖြစ်ပါက လိုင်စင်မဲ့ကား ဖြစ်သွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu-june27
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်

မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ

Photo: မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ
Thursday, June 27, 2013

ကမ္ဘာ့ရွှေဈေး တောက်လျှောက် ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေး တက်ရာ ကနေ အခု ရက်ပိုင်း အတွင်းမှာ တော့ တဖြည်းဖြည်း ကျဆင်း လာနေ ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော် သာ ရှိပါတော့တယ်။

မြန်မာ့ရွှေဈေး ဟာ ကမ္ဘာ့ ရွှေဈေး အတိုင်း အတက် အကျ မဖြစ်ရခြင်း အကြောင်းက ကမ္ဘာ့ ရွှေဈေး ကို ဒေါ်လာဈေး ထည့်တွက်ပြီးမှ မြန်မာကျပ်ငွေ အရ ရွှေဈေး ကို တွက်တဲ့ အတွက် ကမ္ဘာ့ ရွှေဈေး ကျပေမယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေဈေး မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာဈေး တက်ရင် မြန်မာ့ရွှေဈေး ဟာလည်း ငွေလဲနှုန်း ကို အမီပြုနေလို့ ရွှေဈေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ရွှေဈေး ဟာ ဈေးကစားတဲ့ အသွင် မဆောင်ဘဲ ရာသီ နဲ့ အချိန်အခါလိုက် ပြောင်းလဲ တတ်ပုံ၊ သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေဈေး အေးနေ တတ်သလို စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေဈေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC Burmese
ရွှေဈေး အတက်အကျ ဒေါ်လာဈေးနဲ့ ဆိုင်
ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေးတက်ရာကနေ အခုရက်ပိုင်း အတွင်းမှာ တော့တဖြည်းဖြည်း ကျဆင်း လာနေပါတယ်။

“ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

Photo: “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။
 
"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။
 
ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။ 

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

DYNAMO
#PlanetMyanmar
လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo) တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာ

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်
Thursday, June 27, 2013

ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

El Pais ၏အဆိုအရ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်း၏ ရာသီအကြို ခြေစမ်းပွဲစဉ်များ မတိုင်မီ အပြောင်းအရွေ့ ဖြစ်မြောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ မကြာသေးမီက အနားယူသွားပြီ ဖြစ်သည့် နည်းပြ ဖာဂူဆန်သလည်း စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ အောင်မြင်မည်ကို ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

စီရော်နယ်ဒိုကို ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မြင့်မားသော လုပ်ခနှုန်းထားဖြင့် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက ပယ်ချခဲ့သည်။ ပီရက်ဇ်သည် တစ်နှစ်လုပ်ခပေါင်(၁၂)သန်းဖြင့် နောက်ဆုံး အကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက (၁၇)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ စီရော်နယ်ဒိုက ပယ်ချလိုက်ပြီး နောက်ပိုင်း ပီရက်ဇ်ကမူ အရာရာတိုင်းတွင် အကန့်အသတ် ရှိကြောင်း တုန့်ပြန် ပြောကြား လိုက်သောကြောင့် စီရော်နယ်ဒို အနေဖြင့် ပိုမိုစိတ်ပျက်သွားကြောင်း သိရသည်။

football-cafe.com
ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေ ချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရ



မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရပါတယ်။

ဧည့်လမ်းညွှန် မှတ်ပုံတင်ကတ် အရောင်ရှစ်မျိုး သတ်မှတ်

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များအတွက် ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင်ကတ်ပြားကို ဒေသအလိုက် အရောင်ရှစ်မျိုး သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်

ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာ တွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။

ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း

Photo: ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကောင်းသော သမ္မတလောင်း ဖြစ်လာလိမ့်မည်ဟု အာရှအသင်းကကြိုတင်ခန့်မှန်း
Thursday, June 27, 2013

သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့ ကြိုတင်မှန်းဆခဲ့ခြင်းဖြစ်သည်။

''လာမည့် ရွေးကောက်ပွဲ တွင် မည်သို့သော အဖြေထွက်ပါ စေ။ မြန်မာနိုင်ငံတွင် ယင်း၏နိုင်ငံရေးအကူးအပြောင်းနောက် ကွယ်၌ အသိအမှတ်ပြုခံရသည့် ခေါင်းဆောင်သုံးဦး ရှိနေခဲ့ပြီဖြစ် သည်''ဟု အစီရင်ခံစာက ဖော် ပြထား သည်။ အဆိုပါ ခေါင်းဆောင်သုံး ဦးမှာ သမ္မတဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူ ရဦးရွှေမန်းတို့ဖြစ်ကြောင်းလည်း အစီရင်ခံစာက ညွှန်းဆိုသည်။ မြန်မာနိုင်ငံ ၏ ၂၀၁၅ရွေး ကောက်ပွဲသည်    မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် သော့ ချက်ကျမည့်ရွေးကောက်ပွဲတစ်ခု ဖြစ်ပြီး မျိုးဆက်သစ် နိုင်ငံရေး ခေါင်းဆောင်များအား နေရာ ထိုင်ခင်းပေး နိုင်ဖွယ် ရှိကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ကြိုတင် ဟောကိန်းထုတ်ရန်ခက်ခဲသော် လည်း အဆိုပါရွေးကောက်ပွဲ သည် အသည်းအသန်အကြံအဖန် လုပ်ထားရသည့် ၂၀၁ဝရွေးကောက် ပွဲနှင့် အထူးပင်ခြားနားသွားမည် ဟု ကြိုသိနိုင် ကြောင်း အာရှအ သင်းက ပြောသည်။ ၂၀၁၅ ရွေး ကောက်ပွဲသည် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲလိုပင် လွတ်လပ် ပြီးမျှတနိုင်မည်ဟု အာရှအသင်း က မျှော်လင့်ထားသည်။

အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်သည် အစိုးရဖွဲ့ထားသော ပါတီအတွက် ဖြုံလောက်သော ပြိုင်ဘက်ဖြစ်ပြီး  ပြည်ခိုင်ဖြိုးပါ တီက ပီအာရ်စနစ်ကို လာမည့်ရွေး ကောက်ပွဲတွင် ပြောင်းလဲကျင့် သုံးလိုနေကြောင်း အစီရင်ခံစာ ကရေး သည်။ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ယင်းစနစ်ကိုပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့သည်။ ပီအာရ် စနစ်သည် အင်အားကောင်း သော အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နှင့်ယှဉ်လျက် လွှတ်တော် တွင် ပြည်ခိုင်ဖြိုးက နေရာရရှိဖို့ ဖြစ်လာ နိုင်ရာ အဆိုပါကိစ္စကို ရွေးကောက်ပွဲနီးလာသည်အထိ ငြင်းခုံနေကြရဦးမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

ညီလတ်

Yangon Times Daily
သမ္မတ ဦးသိန်းစိန်သာ လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ထပ်မံဆောင် ရွက်လိုပါက သူသည် အားကောင်း သောသမ္မတလောင်းတစ်ဦးဖြစ် လာလိမ့်မည်ဟု အမေရိကန်၏ ဩဇာကြီးမားသော အာရှ အသင်း ကြီးက ခန့်မှန်းလိုက်သည်။ 'မြန်မာနိုင်ငံ၏ အကူးအ ပြောင်းကို စဉ်ဆက်မပြတ်ထိန်း သိမ်းခြင်း၊ အရေးအကြီးဆုံးစိန် ခေါ်မှု ၁ဝချက်' ဟူသောခေါင်း စဉ်ဖြင့်ထုတ်ပြန်ခဲ့သော ယင်း၏ အစီရင်ခံစာ အခန်း(၂) '၂၀၁၅ ရွေး ကောက်ပွဲသို့လှမ်းကြည့်ခြင်း'ဟူ သောသုံးသပ်ချက်တွင် ယင်းကဲ့သို့ ကြိုတင်မှန်းဆခဲ့ခြင်းဖြစ် သည်။

Wednesday 26 June 2013

"ပြည်တွင်းအထည်ချုပ်နှင့် အဲကွန်းစက်ရုံတို့ မလေးပြန်လုပ်သားတို့အား အလုပ်ပေးရန် လာရောက်ဆက်သွယ်"

မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံများမှ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ် ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်း သားပြည် သူများ ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံ တို့ သမ္မတ ထံ ပေးပို့ စာတွင် ဖေါ်ပြ

Photo: ရခိုင်ပြည်နယ် အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက် ကွယ် ပြုကြောင်း ဘူးသီးတောင် ဒေသခံတို့ သမ္မတထံ ပေးပို့ စာတွင် ဖေါ်ပြ
Wednesday, June 26, 2013

ဘူးသီးတောင်မြို့နယ် အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင်ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြထားသည်။

ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တိုင်းရင်းသားများ ရေးသားပေးပို့သော စာပိုဒ် အမှတ်စဉ် (၅) တွင် ထိုသို့ ဖေါ်ပြထားသည်။

လူပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံသို့ ရေး သားပေး ပို့သောစာထဲတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့ နယ် စည်ပင်သာယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို နိုင်ငံ သား မဟုတ်သူများက တိုက်ရိုက် လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမူ အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှ ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို ၂၃-၅-၂၀၁၃ ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံ စည်းကမ်းချက်တွင် နိုင်ငံသား မဟုတ်သည့် အမျိုးသား မှတ်ပုံတင်ကဒ် (သို့) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ၀င်ရောက် ဆွဲဝယ်ခြင်း ပြုခဲ့ကြောင်း၊ သို့အတွက် လေလံ မဆွဲမီ ၁-၃-၂-၁၃ နေ့တွင် ကြော်ငြာတွင် ပါဝင်သည့် စည်းကမ်းချက် အပိုဒ် (၁)နှင့် အပိုဒ်(၄) အချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့် အညီ ပြင်ဆင်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ တဆင့် တောင်းဆိုခဲ့ကြောင်း၊အဆိုပါ ကြေငြာချက်ပါ အချက် တချို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၄၉) နှင့် (၃၇၀) တို့ကို လုံးဝ ဆန့်ကျင်နေပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ သို့သော်လည်း ၂ လကျော် ကြာသည့် တိုင်အောင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ ပြည်သူလူထုမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ပြီးနောက် နှစ်လကျော်ကြာမှ ၁၇-၅-၂၀၁၃ ခု နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်သိန်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးမောင်စန်ရွှေတို့ နှစ်ဦးကို စေလွှတ် လိုက်ကြောင်း၊ သို့သော်လည်း အထက်ပါ ၀န်ကြီးနှစ်ဦးသည် ပြည်သူ လူထုများ ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ နိုင်ငံသား မဟုတ်သူများကို လေလံများဆွဲယူခွင့် ပြုပေးခဲ့ကြောင်း ဖေါ်ပြသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို သံသယ ဖြစ်မိကြောင်း ဖေါ်ပြသည်။

စာ၏ နိဂုံးချုပ်တွင် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများကို ချိုးဖေါက်ပြီး လေလံ ၀ယ်ယူခွင့် ရရှိထားသူ နိုင်ငံသား မဟုတ်သူများကို ပယ်ဖျက်ပြီး တိုင်းရင်းသားနှင့် နိုင်ငံသားများ လက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် စာထဲတွင် သမ္မတကို တင်ပြတောင်းဆိုထားသည်။
narinjara
ဘူးသီးတောင်မြို့နယ်အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင် ရွက် သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေး ပို့သော စာထဲတွင် ဖေါ်ပြ ထားသည်။

မုံရွာဆေးရုံ တိုးချဲ့ရန် အိန္ဒိယ ဒေါ်လာနှစ်သန်း လှူမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင်ဆေးရုံအဆောက်အအုံများတိုးချဲ့ရန်နှင့် ဆေး ပစ္စည်းအတွက် အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှသိရသည်။

" စီးပွားရေးကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန် ပြည်သူသိအောင် ထုတ်ပြန်တော့မည် "

နိုင်ငံ၏ စီးပွားရေး ကဏ္ဍအလိုက် ရသုံးငွေနှင့်အခွန်ကို ပြည်သူသိအောင် ချပြတော့မည်ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ထိုအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး၎င်းကိုယ်တိုင် ဦးဆောင်

မိုင်းယုလေး စစ်ဘေးရှောင် စခန်းသို့ စစ်ဘေးရှောင် သူများ ပိုမိုရောက် ရှိလာ

Photo: မိုင်းယုလေး စစ်ဘေးရှောင်စခန်းသို့စစ်ဘေးရှောင်သူများ ပိုမိုရောက်ရှိလာ
Wednesday, June 26, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ်တည်ဆောက်ထားသည့် စစ်ဘေးရှောင် စခန်းသို့
စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

မိုင်းယုလေးရွာ စစ်ဘေးရှောင် ရွာသူ/သားများသည် ဇွန်လ ၂၂ရက်နေ့၌ အစိုးရနှင့် လက်နက်ကိုင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲများ
ဖြစ်ပွားပြီးနောက် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

“အစကတော့ စခန်းအနေနဲ့ဖွင့်ဖို့ အစီအစဉ်မရှိဘူး။ ကနဦးက ရွာသားတွေဟာ တိုက်ပွဲဖြစ်လဲ ရွာမှာပဲ နေနေကြတာ။ နောက်ပိုင်း ရွာနားမှာဖြစ်လာတော့ဒီဘက်ကို ထွက်ပြေးလာကြရင်း တဖြည်းဖြည်း များလာတာ။ ဒါနဲ့ ကျွန်တော်ရယ်  ရပ်ကွက်စာရေးရယ် မူလတန်းကျောင်းအုပ် ဆရာမရယ် ၃ဦးတိုင်ပင်ပြီး၊ကော်မတီ နှစ်ခုခွဲပြီး ဆောင်ရွက်နေတာ၊ ဖွင့်တာကတော့ ဇန်န၀ါရီလထဲက ဖွင့်ထားတာ။ အခုမှ လူပို များလာတာ”ဟု စခန်းတာဝန်ခံ ဦးကျမ်ဆာက ဆိုသည်။

လက်ရှိစခန်းသို့ ရောက်လာသူများမှာ ပန်းပူး ကျေးရွာအုပ်စု၊ ပိန်ပွန်ကျေးရွာနှင့် မန်စိန်ရွာတို့မှ ပလောင်(၀်) တိုင်းရင်းသားများ
ဖြစ်ကြကြောင်း သိရသည်။

“မန်စိန်က အိမ်ထောင်စု လေးစုပါတယ် ၂၂ရက်နေ့က ရောက်လာတာ။ ကျန်တဲ့သူတွေကတော့ လုံကန် ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတယ်။
အဲဒီကလူတွေ ထပ်ရောက်လာရင် ကျနော်တို့တော့ တော်တော် ခက်ခဲလိမ့်မယ် ဟု ဦးကျမ်ဆာမှ ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အဆိုပါစခန်းရှိ စစ်ဘေးရှောင်ဦးရေမှာ ကျား/မပေါင်း (၃၇၈)ဦးရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၂)ဦးရှိကြောင်း သိရှိရသည်။

စစ်ဘေးရှောင် ဒေသခံများ ပိုမိုများပြားလာသဖြင့် ၎င်းတို့နေထိုင်ရန် အမိုးအကာနှင့် ကလေးငယ်များ အတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ် တည်ဆောက်ထားသည့် စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ဂိတ် အသစ် များ ထပ်မံ ဖွင့်လှစ် ရန် စီစဉ်

Photo: ထိုင်း-မြန်မာ နယ်စပ်ဂိတ် အသစ်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်
Wednesday, June 26, 2013

မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဒေသ ဂိတ် ၆ ခုကို ထပ်မံ ဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

ထို့အပြင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို နယ်စပ်တို့တွင်လည်း ဖွင့်လှစ်ရန် ရှိကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် Surapong Tovichakchaikul က ဇွန်လ ၂၄ ရက်နေ့က သတင်းထောက်များကို ပြောကြားသည်။

ယခု တပတ် အစောပိုင်းက ထိုင်း ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်က ခေါ်ယူသည့် ခရိုင်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် နယ် စပ်ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ၎င်းက ပြောဆိုကြောင်းလည်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

“နယ်စပ်ဂိတ် ၂၈ ခုအထိ ဖွင့်ဖို့ စီစဉ်ထားတယ်၊ လောလောဆယ် ၃ ခုဖွင့်ထားပြီး ၂၅ ခု ထပ်ဖွင့်ဖို့ ကျန်သေးတယ်၊ ကမ္ဘောဒီးယား နဲ့ မလေးရှားနယ်စပ်မှာ ၄ ဂိတ်စီ၊ မြန်မာနယ်စပ်မှာ ၆ ဂိတ်၊ လာအိုနယ်စပ်မှာ ၁၁ ဂိတ် ထပ်ဖွင့်ဖို့ကျန်တယ်”ဟု ထိုင်း ဒုဝန်ကြီး ချုပ် Surapongက ပြောသည်။

ယင်း နယ်စပ်ဂိတ်များကို ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဖွင့်လှစ် နိုင်ရန် ထိုင်း အစိုးရအနေနှင့် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ် ဂိတ်များ ဖွင့်လှစ်ပြီးပါက ကုန်သွယ်ရေး ပမာဏ တိုးမြှင့်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ထိုင်းနှင့်မြန်မာ နယ်စပ်ဂိတ် ၆ ခု ထပ်မံ ဖွင့် လှစ်မည့်အကြောင်း မသိရှိရသော်လည်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရက ကြိုးစားနေကြောင်း ဧရာဝတီ သို့ ပြောသည်။

“သူတို့ကတော့ ပြောနေတာပဲ၊ တရားဝင် ကုန်သွယ်မှု လုပ်ဖို့ပဲ လိုတယ်၊ တရားဝင် လမ်းကြောင်းနဲ့ လာမယ်ဆိုရင်တော့ ပိုကောင်း တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း ဘက်က ကုန်ပစ္စည်းအများစုကို တရားမ၀င်ဂိတ်များမှ တင်သွင်းနေပြီး မြန်မာဘက်က ကုန်ပစ္စည်းများကို ချစ်ကြည်ရေး တံတားပေါ်မှ တင်သွင်းကြောင်း သိရသည်။

ထိုင်းအစိုးရက နယ်စပ်ဂိတ်များ တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်ခြင်းသည် စီးပွားရေး ဈေးကွက် မပပျောက်ရေး အတွက် ကြိုးစားခြင်း ဖြစ်ကြောင်း ဒေါ်သင်းသင်းမြတ်က ဆိုသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း အဖြစ် လက်ရှိ အချိန်တွင် တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်းနှင့် တနင်္သာရီမြို့နယ်ရှိ မော့တောင် နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ထားသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အများဆုံး နှင့် အဓိက ဂိတ်ဖြစ်သည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်း အထိ တင်ပို့ကြသည်။

မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် ကုန်စည်စီးဆင်းမှု တန်ဖိုးမှာ ယခုနှစ် ဇန်န၀ါရီလမှ စတင်၍ ဇွန်လ အထိ တလတွင် ဘတ်ငွေ သန်း ၃၅၀၀ ခန့် ရရှိပြီး ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု တာခ့်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဌက ပြောကြောင်း မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ယခုနှစ် ၆ လအတွင်း ဘတ် သန်းပေါင်း ၂၃၀၀၀ ခန့် ရရှိထားပြီး ပြီးခဲ့သည့်နှစ်က သန်းပေါင်း ၂၀၀၀၀ သာ ရရှိကြောင်းလည်း မန်နေဂျာ အွန်လိုင်း၌ ပါရှိသည်။

ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ဂိတ်ကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား ဂိတ်ကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသဂိတ် ၆ ခုကို ထပ်မံဖွင့်လှစ်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း သိရှိရသည်။

အားနည်းချက်တွေ ရှိတဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး လမ်းမကြီးကို ပြင်မယ်

Photo: အားနည်းချက်တွေ ရှိတဲ့ ရန်ကုန် – နေပြည်တော် – မန္တလေး လမ်းမကြီးကို ပြင်မယ်
Wednesday, June 26, 2013

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ်သမားတွေ ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလအတွင်းမှာ ယာဉ် မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစုကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် လက်ရှိမှာတော့ သေဆုံးသူ ၁၇၀ ကျော် ရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

“အရင်အစိုးရရဲ့ လိုအပ်ချက်အရ နေပြည်တော်မြို့ ရွှေ့လာတော့ ရန်ကုန်နဲ့ နေပြည်တော် ကို ဆက်သွယ်ဖို့ လိုအပ်လာတယ်။ သွားလာလို့က အဆင်မပြေတော့ လမ်းမြန်မြန်ပြီးဖို့လိုတော့ လမ်းပိုင်းမှာ အားနည်းချက်တွေ ဖြစ်သွားရတာပါ။ အရေးပေါ် အနေအထားတွေကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိသွားတာကို ဝန်ခံပါတယ်။ အက်ဆီးဒင့်တွေ မဖြစ်အောင်လုပ်ဖို့က ကျနော်တို့မှာ တာဝန်ရှိပါတယ်” လို့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းတည်ဆောက်မှုပိုင်းကို တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သတင်းဌာနက ကို ပြောပါတယ်။

အမြန်လမ်းမကြီး စတင် တည်ဆောက်ခဲ့စဉ်က အချိန် လိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်တွေကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တဲ့ အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေ ကိုလည်း တောင်းခံထားကြောင်း သိရပါတယ်။

အဲဒီ Master Plan မှာတော့ အမြန်လမ်းမကြီးကို ရှစ်လမ်းသွား ဖောက် လုပ်မှာဖြစ်ပြီး ကုန်တင်ကားကြီးတွေလည်း ဖြတ်သန်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည် နားနေစခန်းတွေနဲ့ ရဲစခန်းတွေ၊ သန့်စင်ခန်းတွေကိုလည်း တိုးချဲ့ တည်ဆောက်မယ်လို့ သိရပါတယ်။

အမြန်လမ်းမကြီးမှာ အားနည်းချက်တွေ ရှိပေမယ့် နိုင်ငံတကာ အကူအညီမယူဘဲ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်တွင်းအင်ဂျင်နီယာတွေက လမ်းအရှည် ၃၆၆ မိုင်ကို ၆ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ အပေါ် မြန်မာပညာရှင်တွေကို နိုင်ငံတကာက အံ့သြခဲ့ရကြောင်း၊ ဒါကြောင့် အမြန်လမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာလမ်းမကြီး တခု လည်း ဖြစ်ကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

“နိုင်ငံတကာမှာ အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံက မြဝတီနဲ့ သင်္ဃန်း ညီနောင် လမ်း ကီလိုမီတာ ၂၀၊ ၃၀ ကို ၆ နှစ်ကျော် စိတ်ကြိုက် ဖောက်လုပ်ကြတယ်။ ကျနော်တို့က လမ်းအရှည် ၃၆၆ မိုင်ကျော်ကို ၆ နှစ်နဲ့ အပြီးဆောက်ခဲ့ ရတာကလည်း အနေအထားတွေကြောင့် အားနည်းချက်တွေ ရှိခဲ့ရတာ ဆိုတော့ အခု လမ်းကို ပြန်လုပ်မယ်ဆိုရင်တောင် လက်တန်း မလုပ်တော့ ဘူး၊ နိုင်ငံတကာ အကူအညီယူမယ်” လို့ ဦးကြည်ဇော်မြင့်က ဆက်ပြော ပါတယ်။

အစိုးရသစ် လက်ထက်အတွင်း အမြန်လမ်းမကြီး ပြုပြင်နိုင်ဖို့အတွက် ဘတ်ဂျက်ကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တခြား အရေးကြီး တဲ့ ပြည်ထောင်စု လမ်းတွေအတွက် ဦးစားပေးနေရတာကြောင့် လမ်းအတွက် ဌာနဆိုင်ရာ ဘတ်ဂျက် လုံးဝ မရသေးဘူးလို့လည်း သိရပါတယ်။ အမြန်လမ်းမကြီးကို ပြန်လည် ပြုပြင်ဖို့အတွက်က ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျ မယ်လို့လည်း သိရပါတယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကတော့ အမြန်လမ်း မကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေ အားနည်းတာ၊ လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှုမှာ အားနည်းတာ၊ လမ်းပေါ် ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန်တော့လည်း သေချာ မတပ်ထားတာ၊ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီတညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

“အမြန်လမ်းပေါ်က လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘယ်ရီယာတုံးတွေ ကြည့်လိုက်ရင် ရွဲ့ စောင်းနေတာပဲ၊ တချို့နေရာတွေမှာ လမ်းခင်း တာကျတော့လည်း တွေ့တဲ့ကျောက်သဲနဲ့ ဘိုင်ဘရိတ်တောင် မထည့်ဘဲ လုပ်တော့ ၆ လလောက်နေတော့ ပျက်စီးတာပဲ။ ဒါတွေက ငွေကြေးနဲ့ မဆိုင်ဘူးလေ၊ လူရဲ့အသိဥာဏ်၊ အင်ဂျင်နီယာတွေရဲ့ ကြီးကြပ်မှုနဲ့ ဆိုင်တယ်။ ခြံစည်းရိုး ခတ်တယ်၊ ဘယ်နေရာများ သပ်ရပ်သလဲ။ ပြောရ ရင်တော့ သိပ်ရှက်ဖို့ကောင်းတယ်” လို့ စက်မှုအင်ဂျင်နီယာတဦးက ဇွန်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ လုပ်ခဲ့တဲ့ အမြန်လမ်းဆိုင်ရာ ဆွေးနွေးပွဲမှာ သုံးသပ် ပြောဆိုသွားပါတယ်။

လမ်းအင်ဂျင်နီယာ တဦးဖြစ်သူ ဦးမောင်မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေက အကွေ့အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄ လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေမှာ လမ်းညွှန်ဆိုင်းဘုတ်တွေများလည်း မရှိကြောင်း၊ ထို့ကြောင့် လမ်းအနေ အထား မသိဘဲ အရှိန်ပြင်း မောင်းနေတဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ် ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့်လည်း ယာဉ်ထိခိုက်မှုတွေ အများအပြား ဖြစ်စေကြောင်း သုံးသပ်ပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း က “အမြန်လမ်းဆိုတာ တဖြောင့်တည်း ဖြစ်နေရမယ်ဆိုတာ မဟုတ်ဘူး။ လမ်းဆိုတာ အကွေ့အကောက်တော့ ပါရမယ်။ အစအဆုံး ဖြောင့်နေ ရမယ်ဆိုတာ လမ်းရဲ့ စံချိန်စံညွှန်း မဟုတ်ဘူး။ အခု အမြန်လမ်းမှာ အကွေ့အကောက်တွေ ပါနေတယ်ဆိုတာကလည်း လမ်းဖောက်တုန်းက ဆည်တွေကို ရှောင်ပြီးဖောက်ခဲ့ရတာ လည်းပါတယ်။ ငွေကြေး အခြေအနေအရ ဘယ်ရီယာတုံးတွေကို သေချာ မလုပ်နိုင်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံးဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁၀ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့လည်း ဦးကျော်လင်းက ဆိုပါတယ်။

လက်ရှိ အမြန်လမ်းမကြီးမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်အပြင် ယာဉ်အို ယာဉ်ဟောင်းတွေကို မောင်းနှင်ခွင့် ပိတ်ပင်လိုက်တာ၊ အရက်သောက် ထားခြင်း ရှိ မရှိကို ကိရိယာတွေနဲ့ စစ်ဆေးတာတွေနဲ့ အမြန်လမ်းပေါ်မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေကို သင်တန်းပေးတာတွေ လုပ်ဖို့အပြင် အမြန်လမ်းမကြီး ဥပဒေကို ပြဌာန်းဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာက ကားမောင်းရင် (လုံခြုံရေး) ခါးပတ် မပတ်ကြဘူး။ အဲဒီ ဥပဒေ ကလည်း ဒီနိုင်ငံမှာ မရှိသေးဘူး၊ အန္တရာယ်ကင်းဖို့ ဆိုရင် ခါးပတ် ပတ်သင့်တယ်၊ အရက်သောက်ပြီး ကားမမောင်းသင့်ဘူး” လို့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ အဖြစ်များနေတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေရဲ့ အဓိက အကြောင်းအရင်းတွေက ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ အရက်သေ စာ သောက်စားပြီး မောင်းနှင်တာ၊ သတ်မှတ်ရှိန်ထက် ပိုမိုမောင်းနှင်တာနဲ့ လမ်းကြော အခြေအနေကို နားမလည်တာတွေကြောင့် အဖြစ်များနေတာ လို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှာ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဦးမျိုးမြင့်ကလည်း “များသောအားဖြင့်က အိပ်ငိုက်လို့ ဘီးချော်ရာကနေ ထိခိုက်မှုဖြစ်တာပါ။ လမ်းမှာ မှတ်သားပေးထားတဲ့ လိုင်းတွေရယ်၊ အရှိန်နှုန်းနဲ့ သွားမယ် ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ အဓိက အားနည်းချက်ဖြစ်နေတာက ယာဉ်မောင်းသူကြောင့်ပါ။ ကျနော်တို့ကလည်း တာဝန်ရှိပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေး တဖက်တချက်စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ စတင်ဖောက်လုပ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့လျှင် ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်းသွား လာနေကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီ
နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ် မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ် သမားတွေ ဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။

ဆရာတော် ၀ီရသူအား Time Magazine မှ အခြေ အမြစ် မရှိ ပုတ် ခတ်စော် ကားမှု အပေါ် ကန့်ကွက်ခြင်း သဘော ထား ထုတ်ပြန်ကြေငြာ ချက် အမှတ် ၁/ ၂၀၁၃

 Photo: ဆရာတော်ဝီရသူအား Time Magazine မှ အခြေအမြစ်မရှိ ပုတ်ခတ်စော်ကားမှု အပေါ် ကန့်ကွက်ခြင်း
သဘောထားထုတ်ပြန်ကြေငြာချက်အမှတ် ၁/ ၂၀၁၃

Wednesday, June 26, 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင် ဆရာတော်ဝီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြ ခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူအဖြစ် ဆောင်းပါးရှင် Hannah Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။

ထိုသို့ ရေးသားဖော်ပြမှုသည် လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းမှု၊ ညီညွတ်မှုကို ထိခိုက်စေသည့်အပြင် ဆရာတော်ဝီရသူ၏ အမျိုးသားရေးစွမ်းဆောင်မှုများအပါအ၀င် ကျွန်ုပ်တို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကိုပါ အခြေအမြစ်မရှိ စော်ကားခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ အစည်းအရုံးမှ ယူဆပါသည်။

၉၆၉ ၏ ခံယူချက်၊ သဘောထားနှင့် ဆရာတော်ဝီရသူ၏ အမျိုးသားရေး ဦးဆောင်မှုများကို ဂဃနဏသိနားလည်ခြင်းမရှိဘဲ လိုရာဆွဲရေးသားခြင်း သည် ကျွန်ုပ်တို့၏အမျိုးသားရေးစိတ်ဓာတ်ကိုသာမက ငြိမ်းချမ်းအေးမြ လှသည့် ဘာသာတရားအပေါ် နကန်းတလုံးမျှ နားမလည်ဘဲ စော် ကားခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ဆောင်းပါးရှင် Hannah Beech ကိုယ်တိုင်သော်လည်းကောင်း၊ Time Magazine မှ တာဝန်ခံအယ်ဒီတာမှသော်လည်းကောင်း ကမ္ဘာသိ ပြန်လည်တောင်းပန်ရန် ကျွန်ုပ်တို့အစည်းအရုံးမှ တောင်းဆိုသည်။

ပြန်လည်တောင်းပန်ခြင်းမပြုပါက စတုတ္ထမဏ္ဍိုင်မပီသသော မီဒီယာဖြစ် သည့် Time Magazine အား နိုင်ငံတ၀ှမ်းလုံးမှ မဖတ်ရှုကြ ရန်နှင့် ဖြန့်ချိခြင်း မပြုနိုင်ရန် အကြမ်းမဖက်သောနည်းလမ်းများအားဖြင့် ဘက်စုံထောင့်စုံမှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။

သတင်းနှင့်ပြန်ကြားရေးအဖွဲ့
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး
၂၀၁၃ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့စွဲဖြင့် ထုတ်ဝေဖြန့်ချိခဲ့သည့် Time Magazine ၏ မျက်နှာဖုံးတွင် ဆရာတော် ၀ီရသူ၏ ဓာတ်ပုံကို The Face of Buddhist Terror ဟူသော ခေါင်းစီးစာတမ်းဖြင့် ယှဉ်တွဲဖော်ပြခဲ့ပြီး မြန်မာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၏ တာဝန်အရှိဆုံးသူ အဖြစ် ဆောင်း ပါးရှင် Hannah Beech မှ ပုံဖော်ရေးသားခဲ့ပါသည်။

ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်

Photo: ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်
Wednesday, June 26, 2013

ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။

“လေယာဉ်ကွင်းတွေက အစိုးရဘတ်ဂျက်နဲ့ပဲ လုပ်သွားမှာပါ။ လက်ရှိကတော့ လေယာဉ်ငယ် ပိုင်းတွေပဲ စပြီးဆင်းသက်သွားဖို့ စီစဉ်ထား တယ်။ ၂ နှစ်အတွင်း အပြီး ဆောင်ရွက်ဖို့ လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဆောက်လုပ်မည့် လေယာဉ်ကွင်းအသစ် ၃ ခုအတွက် ယခုအခါ မြေနေရာ စမ်းခြင်း၊ တံတိုင်း ကာရံခြင်း၊ ပြေးလမ်း တည်ဆောက်ခြင်း စသည်တို့ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့် ခရီးသွားတွေ လေ့လာချင်တဲ့ နေရာတွေ မရောက်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ရအောင် တည်ဆောက်တာပါ။ အခုဆောက်တဲ့ နေရာတွေက ခရီးသွားတွေအတွက် အကောင်းဆုံး လေ့လာကြမယ့် နေရာတွေ ဖြစ်လို့ အဆင်ပြေအောင် ဆောင်ရွက်တာပါ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။

လေယာဉ်ကွင်း အသစ်ဆောက်မည့် နေရာများမှာ ကချင်ပြည်နယ် တွင် နောင်မွန်းမြို့၊ ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့တို့တွင် ဖြစ်ပြီး လေယာဉ်ငယ် များသာ ဆင်းသက်စေ မည် ဖြစ်ကြောင်း၊ ပထမ အစတွင် ၁၈ ယောက်စီး လေယာဉ်သာ စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေရာတွေက အရင်က ဒုတိယကမ္ဘာစစ် ကတည်းက သုံးခဲ့တဲ့ လေယာဉ် ကွင်းတွေ ဆိုတော့ လေကြောင်းဌာန အနေနဲ့ ထိန်းသိမ်းထားတာကို အခုအချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်း လုပ်ဆောင်သွားတာပါ” ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။

ယခု ပြုပြင် ဆောက်လုပ်မည့် လေယာဉ်ကွင်းများမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ခရီးသွား လုပ်ငန်း တိုးတက်စေရန် အတွက် ရည်ရွယ်ဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်မျာဆိုလည်း ရေခဲတောင် တက်ဖို့အတွက်က ပူတာအိုကနေ သွားရ တယ်။ အခုနောက်ပိုင်းက သစ်ခွပန်းတွေ လာကြည့်တာ များတယ်။ ချင်းပြည် နယ် ဆို လည်း ရိဒ်ရေအိုင် သွားတာ များလာတယ်။ အခုလို လေယာဉ်ကွင်းတွေ ဆောက်ရင် ခရီးသွားတွေ များလာနိုင်တယ်။ စရိတ်စက သက်သာလာနိုင်တယ်” ဟု ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်သည့် ကိုသောင်းထိုက်ဇော်က ပြောသည်။

လက်ရှိ လေယာဉ်ကွင်းများ အတွက် မြေနေရာ စမ်းသပ်ခြင်း၊ ပြေးလမ်း ဒီဇိုင်း ရေးဆွဲခြင်း တို့လည်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းရာသီ အစတွင် စတင် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ၃ ခု၊ ပြည်တွင်းဆင်း လေယာဉ်ကွင်း ၂၇ ခုခန့်ရှိကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ရပ်နားထားစဉ် (ဓာတ်ပုံ – ထက်အောင်ကျော်)
ဧရာဝတီ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ရပ်နားထားစဉ် (ဓာတ်ပုံ – ထက်အောင်ကျော်)
ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ် သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။

ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (အဝိုင်း) များ စိစစ်


တရားဝင်ယာဉ် မှန်/မမှန် စစ်ဆေးခြင်းများကို (၁၁-၆-၂ဝ၁၃) အင်္ဂါနေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့၌ ရှောင်တခင် စစ်ဆေးခဲ့ရာ ၂၃-၆-၂ဝ၁၃ နေ့အထိ Saloon သုံးစီး၊ Station Wagon လေးစီး၊ Light Truck တစ်စီး စုစုပေါင်း ရှစ်စီးကို တရားဝင်ယာဉ် မဟုတ်ကြောင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါသည်။ 

ပီအာစနစ် မြန်မာနိုင်ငံအတွက် စောနေသေးကြောင်း သမ္မတ မှတ်ချက်ပြု

ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် လွှတ်တော်သို့ တင်ပြထားသော အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ် (PR) သည် မြန်မာနိုင်ငံတွင် ကျင့်သုံးရန် အချိန်စောနေသေးသည် ဟု နိုင်ငံတော်သမ္မတက မှတ်ချက်ပြုကြောင်း သတင်းရရှိသည်။ “သမ္မတကြီးကိုယ်တိုင်ကတော့ ပီအာစနစ် ကျင့်သုံးဖို့ အချိန်စောသေးတယ် မှတ်ချက်ချတယ် လို့ သတင်းကြားတယ်။ ဒီသတင်းကို ကြိုက်တယ်” ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇွန် ၂၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တစ်နှစ် လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ မြန်မာနိုင်ငံ အတွက် ရရှိမည်

petroleumandnaturalgas-june26
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း CNPC မှ ရရှိသော သတင်းများ အရ သိရှိရသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမည်ပြောင်းမည်

နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ တွင်ခေါ်ဝေါ်သည့် အမည်အတိုင်း ဖြစ်စေရန် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲရန် နိုင်ငံတော်သမ္မတက ဇွန်လ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာသည်။

ဘာကြောင့်အမျိုးသမီးတွေ လည်စလုတ်မရှိရတာလဲ

Photo: ဘာကြောင့်အမျိုးသမီးတွေ လည်စလုတ်မရှိရတာလဲ
Wednesday, June 26, 2013

လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်းတွေ များလာတာကြောင့် ယောက်ျားလေးတွေမှာ သိသာထင်ရှားစွာ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ လည်စလုတ်ကြီးတွေ ကြီးနေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးပေါ် ဆေးပညာနည်းတွေ၊ ခေတ်ပေါ် ပလတ်စတစ် ဆာဂျရီနည်းတွေနဲ့ ပြုပြင်လို့ ရနေပြီမို့ ပူစရာ မလိုတော့ပါဘူး။ လည်စလုတ်အရွယ် သေးငယ်အောင် လေပြွန်ရိတ်နည်း (Trachea Shave) လို့ ခေါ်တဲ့ ခွဲစိတ်ပြုပြင်နည်းတွေ ရှိပါတယ်။ နာမည်က မုတ်ဆိတ်ရိတ်သလို လွယ်ကူပုံ ပေါက်နေပေမယ့် မုတ်ဆိတ်ရိတ်သလို လမ်းဘေး ဆံသဆိုင်မှာ လုပ်လို့တော့ မရပါဘူး။ ခွဲစိတ်ခန်းထဲမှာ သေချာလုပ်ရမှာပါ။ လည်ချောင်းမှာ အနည်းငယ် ခွဲပြီးတော့မှ ထင်ရှားနေတဲ့ အရိုးနုကို ဖြတ်ပစ်ရတာပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းဟာ အမျိုးသားကနေ အမျိုးသမီးဘဝ ပြောင်းချင်သူတွေ အကြား အလုပ်အများဆုံး ခွဲစိတ် ပြုပြင်နည်း တစ်ခုပဲ ဖြစ်ပါတယ်။

(ဗဟုသုတအနေဖြင့် ဝေမျှပေးလိုက်ပါသည်။)

Ref: Good Health
todaymyanmar
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက် ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့အသီးဖြစ်တဲ့ ပန်းသီးကိုစားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့အဖြစ်အပျက်ကိုရည်ညွှန်းကာ အမျိုး သားတွေရဲ့လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ ကို တိုက်ရိုက် ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ

Photo: မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
Wednesday, 26 June 2013

ထောက်ပံ့ကြေးတွေဟာ အရင်က ကုလသမဂ္ဂ ကနေ တဆင့် ပံ့ပိုးခဲ့
တာဖြစ်ပြီး အခု အခါမှာ မြန်မာ အစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေး
အေဂျင်စီက အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က
ABC ကို ပြောပြခဲ့ပါတယ်။

ရှေ့လထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ
နိုင်ငံကို လာရောက်ဖို့ရှိတဲ့ အတွက် မြန်မာနဲ့ သြစတြေးလျ ၂ နိုင်ငံ
အစိုးရ ကြားမှာ ဆွေးနွှေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အဓိက အားဖြင့် ပညာရေးမှာကဏ္ဍ ထောက်ပံ့သွားမှာ ဖြစ်ပြီး - ပြီးခဲ့ နှစ်က နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က ကျောင်းဆရာ ဆရာမတွေ အဖို့ သင်တန်းတွေ၊ ကျောင်းတက်
နှုန်းပိုပြီး ကောင်းလာအောင် ကျောင်းတွေမှာ နေ့လည်စာကျွေးတဲ့ အစီ အစဉ်တွေကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီလိုထောက်ပံ့ကြေးတွေကို အခု အချိန် အထိ NGO အဖွဲ့ တွေနဲ့သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကို ပညာတော်သင် ပိုမိုတိုးချဲ့ခေါ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂နှစ်က စတင်ခဲ့ပါတယ်။

Peter Baxter က သြစတြေးလျ နိုင်ငံအနေနဲ့ ပံ့ပိုးပေး နေတာတွေဟာ လိုအပ်တဲ့ နေရာတွေ ကို ရောက်မရောက် ထိ ရောက်မှု ရှိ မရှိဆိုတာတွေ ကို လဲ ကွင်းဆင်းလေ့လာမှု တွေကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး
ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကိုထောက်ပံ့နေတဲ့ သြစတြေးလျ ထောက်ပံ့ကြေးဟာ ဒီ နှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၄.၂ သန်း ဖြစ်ပြီး ၂၀၁၃-၁၄ခု နှစ်မှာ
ဒေါ်လာ ၈၂.၈ သန်း အထိ ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr ကတော့ မြန်မာ နိုင်ငံအဖို့ထောက်ပံ့ကြေး
တွေဟာ ပြည်တွင်း က တိုင်းရင်းသားလူမျိုးစုငယ်တွေ နဲ့ အစိုးရ ကြား
ဖြစ်နေတဲ့ပဋိပက္ခတွေ ကြောင့် ထိခိုက် နိုင်တယ်လို့လဲ ပြောသွားပါတယ်။
ABC Radio Australia
ထောက်ပံ့ကြေးတွေဟာ အရင်က ကုလသမဂ္ဂကနေတဆင့် ပံ့ပိုးခဲ့တာဖြစ်ပြီး အခု အခါမှာ မြန်မာအစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေး အေဂျင် စီ က အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က ABC ကို ပြောပြခဲ့ပါတယ်။

ပါတီ အားလုံးနှင့် လက် တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော ကြား

Photo: ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Wednesday, June 26, 2013

PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ) စနစ်ကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေး စနစ်တစ်ရပ် ထူထောင်ရန် ပါတီအားလုံးကို လက်တွဲနိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့က သတင်းထောက်များကို ပြော ကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေးမှာ တံခါးပိတ်ထားတာထက် တံခါးဖွင့်ထားတာက ကောင်း တယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် NLD ပါတီက အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရ မဖွဲ့စည်းနိုင်ကြောင်း၊ ပါတီထိပ်ပိုင်း ခေါင်းဆောင် အချို့ ပြောဆိုထားခြင်းမှာ ပါတီ၏ မူဝါဒမဟုတ်ကြောင်း၊ ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယခုအချိန်သည် အားလုံး ပါဝင်သော နိုင်ငံရေးတစ်ရပ် ထူထောင်ရန် အရေးကြီးသောကြောင့် မည်သူနှင့်မဆို ပူးပေါင်းရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို နာယကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရပါ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းမည်မဟုတ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က ကျင်းပ ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားတွင် ပြောကြား ထားသည်။

ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ သူရဦးရွှေမန်းက ၎င်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လိုပြီး NLD ပါတီနှင့် ညွန့်ပေါင်း အစိုးရအဖွဲ့ ထူထောင်ရန်ရှိကြောင်း၊ လက်ရှိ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ တွင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လိုကြောင်း၊ ၎င်းသမ္မတ အဖြစ် ရွေးချယ် တင်သွင်းခံရနိုင်ရန် အတွက်ဆိုလျှင် အခြေခံ ဥပဒေ ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော် တင်သွင်းထားသည့် PR စနစ်ကို လက်မခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တပ်မတော်ခေါင်းဆောင် များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ၏ ကန့်သတ်ချက် အချို့ ကို ပြင်ဆင်ပေးခဲ့သောကြောင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ကာ ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့သည်။

PR စနစ် ပြောင်းလဲကျင့်သုံးရန် စီစဉ်နေမှုကြောင့် အင်အားကြီးနိုင်ငံရေး ပါတီများနှင့် ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီ ၁၃ ပါတီက ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ပါတီကို ထူထောင်ရန် စီစဉ်နေသည်။

The Voice Weekly
PR (အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ) စနစ်ကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အားလုံး ပါဝင်သော နိုင်ငံရေး စနစ်တစ်ရပ် ထူထောင်ရန် ပါတီအားလုံးကို လက်တွဲနိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့က သတင်းထောက်များကို ပြော ကြားသည်။

ဖခင်ဖြစ် သူကိုယ် တရား ရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့် သည့် အတွက် ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေး မှုး စီးနင်း လာသော ကားရှေ့တွင် အသေခံ မည်ဟုဆို

Photo: ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်သည့် အတွက်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့တွင် အသေခံမည်ဟုဆို
Wednesday, June 26, 2013

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

“ ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာကနေ ဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်..” ဟု ၎င်း ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ၀ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်..” ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ mizzima သတင်းဌာနသို့ ပြောပြသည်။

ကိုတိုးကြီး

Mizzima News
မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့် က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

PC ကနေ အလွယ် ကူဆုံး WiFi ပြန်လွှင့် မယ်

Photo: PC ကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်မယ်
Wednesday, June 26, 2013

မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူ များအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို မျှဝေပေးလိုက်ပါတယ်... Download မှရလာတဲ့ VirtualRouterPlus 2.3.0 Folder လေးကို Local Disk C အောက်မှာ ထည့်ထားပြီး Folder ထဲမှ VirtualRouterPlus Icon လေးကို Right Click >>> Send To >>> Desktop လုပ်ပြီး ဖွင့် မိမိအသုံးပြုလိုတဲ့ Password ထည့်ပြီး WiFi ပြန်လွှင့်ပေးနိုင်ပါတယ်...
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

http://www.bluenavyblog.blogspot.com/2013/06/pc-wifi.html
မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူ များအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို

အိန္ဒိယ ဝန်ကြီးချုပ် မန်မို ဟန်ဆင်း အမေရိကန် သို့ သွားမည်

Photo: အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန်သို့ သွားမည် 
Wednesday, June 26, 2013

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်၍ အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံကာ  နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး ဆိုင်ရာများဆွေး နွေးသွားမည် ဖြစ်ကြောင်း  ဒေသတွင်း မီဒီယာ တစ်ခုက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆင်း၏ ခရီးစဉ်သည် ဇူလိုင်လတွင် လာရောက်မည့် အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘီဒင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ် ပြီးနောက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ဆင်းအား အမေရိကန် နိုင်ငံသို့ လာရောက် လည်ပတ်ရန် အတွက် အမေရိကန် သမ္မတက   အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဘန်းမှ တစ်ဆင့် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

မြ၀တီ
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်၍ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး ဆိုင်ရာများဆွေး နွေသွားမည် ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေး လေ့လာ စီစစ် တဲ့ ကော်မတီ ဖွဲ့ဖို့ရှိ

Photo: ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာ စီစစ်တဲ့ ကော်မတီဖွဲ့ဖို့ရှိ
Wednesday, 26 June 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာ
စီစစ်သုံးသပ်ရေးကော်မတီ အဖွဲ့ဖွဲ့ဖို့အတွက် ရှေ့လာမယ့်တပတ် လွှတ်တော် အစည်းအဝေးအတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့မတ်လကနေစပြီး ၃လကြာ ရပ်နားထားတဲ့ခဲ့တာ ဖြစ်ပြီးတော့ မနေ့က ပြန်လည်စတင်ကျင်းပ
ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ လေ့လာစီစစ်သုံးသပ်ရေး ကော်မတီ
ကို ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းဖို့ရှိနေတယ်လို့ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လေ့လာစီစစ်သုံးသပ်ရေး ကော်မတီဆိုတာကို အရင်ဖွဲ့မှာပါ၊ အဲဒီကော်မတီက ဖွဲ့ပြီးမှ အဲဒီကော်မတီရဲ့ လုပ်ငန်းဆောင်
တာတွေကို သတ်မှတ်မှာပါ၊ ဇူလိုင် ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပမှာ လေ၊ အဲဒီအချိန်ကျမှ လေ့လာစီစစ်သုံး သပ်ရေးကော်မတီကို ဘယ်လိုဖွဲ့မယ်ဆိုတာ သိရမှာပါ။”

ဒီကနေ့စတင်တဲ့ ပြည်သူ့လွှတ်တော်အစည်းဝေးမှာ အဆိုတခုတင်သွင်းခဲ့ပြီး ဥပဒေကြမ်းတခု ဆွေးနွေးခဲ့တယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုဆက်ပြောပါတယ်။

“ဒီနေ့ကတော့ အဆိုတခုတင်တယ်၊ ပြီးတော့ဥပဒေကြမ်းတခုဆွေးနွေး
တာပေါ့၊ အထူးဇုံဒေသ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အရင်တပတ်က မပြတ်ပဲကျန်နေတဲ့ကိစ္စကို ဒီနေ့လွှတ်တော်မှာ ပြန်ပြီး တော့ အတည်ပြုချက်
ယူတာပါ၊ ပြီးတော့ ဥပဒေကြမ်းပြင်တာပါ၊ ဖျာပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးလွင်က တင်ပြခဲ့တာပါ၊ သူ့အဆိုကို ပြည်သူ့လွတ်တော်
က လက်ခံဆွေးနွေးဖို့ သဘောတူပြီးပါပြီ။”

အဲ့ဒါအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်တင်ပြခဲ့တဲ့ တောင်သူလယ်သမား အကျိုးစီးပွား မြင့်တင်ရေး ဥပဒေကြမ်းကို ဆွေးနွေးသွားဖို့ လက်ခံဆုံးဖြတ်ခဲ့ပြီးတော့ ဒီအဆိုကို ဥပဒေကြမ်းကော်မတီကိုပို့ပြီး ဥပဒေကြမ်းကော်မတီရဲ့ သုံးသပ်ချက်နဲ့ လွှတ်တော်ကို တင်ပြသွားမှာ ဖြစ်
တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့
ထားပါတယ်။

ABC Radio Australia
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာ စီစစ်သုံးသပ်ရေးကော်မတီ အဖွဲ့ဖွဲ့ဖို့ အတွက် ရှေ့လာမယ့်တပတ် လွှတ်တော် အစည်းအဝေးအတွင်းမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။