Wednesday 5 August 2015

ရခိုင်ရေဘေးသင့် ပြည်သူများ သောက်သုံးရေနှင့် အစားအစာ အရေးပေါ်လို

ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်နေသည့် ပေါက်တူးပေါက်နှင့် ယိုးတရုတ် ကျေးရွာတို့ကို တွေ့ရစဉ် (ဓာတ်ပုံ – မင်းအောင်ခိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးရှောင် စခန်းများနှင့် ကျေးရွာများ၌ အစိုးရ ကူညီထောက်ပံ့မှု နည်းပါးသဖြင့် မလောက်မငှ ဖြစ်နေပြီး လက်ရှိတွင် သောက်သုံးရေနှင့် ဆန်များ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးရှောင် စခန်းများသို့ ကူညီ ထောက်ပံ့ ပေးနေသည့် လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

“ရေကာတာကျိုးပြီဟူသော ကောလာဟလကြောင့် ဟင်္သာတမြို့ခံများ အထိတ်တလန့်ဖြစ်”

ဟင်္သာတမြို့ ဦးပါရဲဘုရားအနီးရှိ ရေကာတာ ယနေ့ နေ့လည် ၂ နာရီခွဲခန့်က အနည်ငယ် အိကျကာ တာကျိုးပြီဟူသော ကောလာဟလများထွက်ပေါ်လာပြီး မြို့များ ထိန့်လန့်မှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဇနီးဒေါ်မြရီ အမည်ဖြင့် ဖောင်ဒေးရှင်း ထူထောင်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ဇနီးဒေါ်မြရီတို့ အမည်ဖြင့် ဖောင်ဒေးရှင်း ထူထောင်မည် ဖြစ်ကြောင်း ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနုက The Voice သို့ ပြောကြားသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရန်ကုန်တွင် ယနေ့တွေ့မည်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် သြဂုတ်လ ၅ ရက်နေ့တွင် တွေ့ဆုံကာ ရခိုင်ပြည်နယ်၏ အခြေအနေများကို ရှင်းပြမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၌ ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ခြင်းအပေါ် ၀မ်းနည်းကြောင်း အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအဖွင့်၌ ပြောကြား

မြန်မာနိုင်ငံ၌ ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ခြင်းအပေါ် ၀မ်းနည်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်၌ ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် ရဟတ်ယာဉ် အသုံးပြုခွင့်ရရန် တိုက်ရိုက်လျှောက်ထားနိုင်

ရေဖုံးလွှမ်းနေသည့် မြို့များတွင် ရေဘေးနှင့် ရင်ဆိုင်နေရသည့် ပြည်သူများ အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရဟတ်ယာဉ် အသုံးပြု ခွင့်ရရှိရန် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လေကြောင်းထိန်းသိမ်းရေး ဌာနခွဲထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေဘေးရှောင်စခန်းများတွင် ဆန်နှင့် သောက်ရေ အရေးပေါ် လိုအပ်နေ

 ရေကြီးရေလျှံမှုကြောင့် ရေမြုပ်သွားခဲ့ရသော စပါးများကို ကျောက်တော်-မြောက်ဦးလမ်းတလျောက် သြဂုတ် ၄ ရက်နေ့က နေလှမ်းထားသည်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများနှင့်ကျေးရွာများတွင် ဆန်နှင့်သောက် သုံးရေ အရေးပေါ်လိုအပ်နေကြောင်း ရေဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများ ကပြောသည်။

မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Photo:AFP) 
မြန်မာရေဘေးဒုက္ခအတွက် အရေးပေါ်ကယ်ဆယ်ရေး အကူအညီ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးအပ်မည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

ညောင်တုန်းမြို့နယ်အတွင်း အိမ်ခြေ ၄၅၀၀ ကျော် ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့မနက်(၈)နာရီအချိန်တိုင်းထွာချက်များအရစိုးရိမ်ရေအမှတ်ဖြစ်သော၂၅.၇ပေသို့ရောက်ရှိလျက်ရှိပြီး မြို့နေပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိထားရကြောင်းသိရသည်။

ရေကြီးမှု ထပ်မံ မဖြစ်စေရန် ကြိုတင် ကာကွယ်ရေး ဦးထွန်းလွင်သတိပေး

ကျန်ရှိသော မိုးကာလ များအတွင်း မိုးကြီးနိုင် သောကြောင့် ရေကြီးမှု ထပ်မံ မဖြစ်ပွားစေရန် ကြိုတင်ကွယ်မှု အပိုင်းကို အထူး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့၊ ကြို့ကုန်း ရပ်ကွက်ရှိ ငါးလုပ်ငန်း အဖွဲ့ချုပ် အဏ္ဏာဝါ ခမ်းမတွင် ပြုလုပ်သည့် မိုးလေ၀သ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေဘေး ပြန်လည်ထူထောင်ရေး ဦးဝီရသူ ဆောင်ရွက်မည်

ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အထူး အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ၏ ဦးဆောင်ဆရာတော် ဦးဝီရသူထံမှ သိရသည်။

ကယ်ဆယ်ရေးဆန်များ ရွံ့ထဲကျမှု တပ်ပြန်ရှင်း

တပ်မတော်မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေး ပစ္စည်းများအား အောက်သို့ ပစ်ချခဲ့ရာ ရွှံ့နွံများ ပေးကျန်လျက်ရှိသည်ကို  Facebookု စာမျက်နှာပေါ်တွင် ဝေဖန်ရှုံ့ချ မှုများရှိခဲ့သဖြင့် ယင်းကိစ္စကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပြန်လည် ဖြေရှင်းခဲ့သည်။

ညောင်တုန်းမြို့နယ်အတွင်း ရပ်ကွက်ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး မြို့နေပြည်သူ များအား ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိ

သဘာဝဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင်အဆင့် အဖြစ် သတ်မှတ်ထားရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမှာ ယနေ့ ည (၈)နာရီအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ်ဖြစ်သော ၂၅.၇ ပေသို့ ရောက်ရှိလျက် ရှိပြီး မြို့နယ်အတွင်း အောက်ပါ ရပ်ကွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်-

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒေသတွင်းကိစ္စ ရပ်များအပြင် မြန်မာနိုင်ငံမှ ရေလွှမ်းမိုးမှုအခြေအနေကိုလည်း ထည့်သွင်းဆွေးနွေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို သြဂုတ် ၄ ရက်ကပြုလုပ်စဉ်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေး၌ ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပြင် မြန်မာနိုင်ငံမှ ရေလွှမ်းမိုးမှုအခြေအနေကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝဒေသ ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေဆဲ

ချင်းပြည်နယ် ပလက်ဝမြို့နယ် လေးမြို့ ချောင်းနှင့် ၀က်ချောင်းရွာ မှ ကျောင်း တကျောင်းနှင့် အိမ်ခြေ ၅၀ ခန့် ရေထဲမျောပါသွားသည့်အတွက် အရေးပေါ် အကူအညီလိုအပ်နေကြောင်း သံထောင်အုပ်ချုပ်ရေးမှူးကိုကိုးကား၍ ခူမီးမီဒီယာ ကဖော်ပြသည်။

ရေဘေးဒေသများကို ကူညီရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အာရှလမ်းမကြီး တွင် အလှူငွေကောက်မည်

အာရှလမ်းမကြီးတွင် အလှူငွေကောက်ခံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ− ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့) 
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသများကို ကူညီရန် အာရှလမ်းမကြီးပေါ်တွင် အလှူငွေ ကောက်ခံနေကြောင်း သတင်းရရှိသည်။

ကုန်းဘောင်မင်းဆက် အနွယ်တော်များ ရေဘေးကူညီရန် ဖောင်ဒေးရှင်းဖွဲ့မည်

သဘာဝဘေးဒဏ်ရေ လွှမ်းမိုးမှုခံရပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ် ဆောင်ရန် ကုန်းဘောင်မင်းဆက် အနွယ်တော်များက တော်ဝင်မင်း သားဖောင်ဒေးရှင်းဖွဲ့စည်း၍ ရေ ဘေးသင့်ပြည်သူများအား ကူညီ မည်ဟု သတင်းရရှိသည်။

ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ခဲ့သည့် ဒေါက်တာညိုညိုသင်းကို ပါတီအချို့ ကမ်းလှမ်းဟုဆို

အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ရစ်ခဲ့ပြီးနောက် ပါတီအချို့က ကမ်းလှမ်းမှုများ ပြုလုပ်လာ ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။

ဇေကမ္ဘာဝင်း စိတ်ကြွဆေးအမှုနှင့် ဆက်စပ်သည့် စိတ်ကြွဆေးပြား ၁၅ သိန်းထပ်မံဖမ်းမိ

မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်မဲ့ စိတ် ကြွရူးသွပ်ဆေးပြား ၂၆ သန်းကျော်သယ်ဆောင်လာသော ယာဉ်ပိုင် ရှင်ကို ရှာဖွေစုံစမ်းရာမှ မြောက် ဒဂုံမြို့နယ်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွဆေးပြား ၁၅ သိန်းထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။

ငမိုးရိပ်ဆည် ရေလျှံဖွယ်ရှိနေပြီး ရန်ကုန်မြို့နယ်အချို့ ရေကြီးနိုင်ကြောင်း တိုင်းဆည်မြောင်းဦးစီးဌာနပြောကြား

ဓာတ်ပုံ − ဟိန်းသာ
ရန်ကုန်မြို့၏ အကြီးဆုံး ဆည်ဖြစ်သော ငမိုးရိပ်ဆည်သည် ရေပိုလွှဲမှ မကြာမီ ရေကျော်ကျ တော့မည်ဖြစ်ပြီး လက်ရှိအချိန်ထိ စိုးရိမ်ဖွယ်ရာ မရှိသေးသော်လည်း ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ရေ တက်လာပါက ရန်ကုန်မြို့ရှိ မြို့ နယ်အချို့ ရေကြီးနိုင်ကြောင်း ရန်ကုန်တိုင်း ဆည်မြောင်း ဦးစီးဌာန မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း ရေဘေးအတွက် ကျပ်သိန်း ၃၀၀ လှူဒါန်း

ရေဘေးသင့်ပြည်သူ များအတွက် မြန်မာနိုင်ငံဆရာဝန် အသင်းက မြန်မာနိုင်ငံကြက်ခြေ နီအသင်းမှ တစ်ဆင့် ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သည်။

ဧရာဝတီတွင် စာသင်ကျောင်း ၆၀ ခန့် ယာယီပိတ်ထားရ

ဧရာဝတီတိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများဖြစ် ပွားနေသောကြောင့် စာသင် ကျောင်း ၅၉၂ ကျောင်းကို ယာယီ ပိတ်ထားခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

မစ္စရန်ဟီးလီ ရခိုင်ပြည်နယ်အစိုးရနှင့် စစ်တွေဒေသခံများကို ရန်ကုန်တွင် တွေ့မည်

မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ကုလလူ့အခွင့် အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီနှင့် ရခိုင်ပြည်နယ်အစိုး ရအဖွဲ့၊ စစ်တွေမြို့မိမြို့ဖအဖွဲ့တို့ သြဂုတ် ၅ ရက်တွင် ရန်ကုန်မြို့၌ သီးခြားစီ တွေ့ဆုံမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ဟားခါးတွင် ရိက္ခာပြတ်သည့် ပြဿနာဖြေရှင်းရန် ပျက်စီးလမ်းများကို ၁၀ ရက်အတွင်းပြုပြင်မည်ဟု ချင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြော

ချင်းပြည်နယ်တစ်နေရာတွင် မြေပြိုမှုကြောင့် ပြတ်တောက်သွားသော လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဦးတေဇ)
ဟားခါးမြို့တွင် ဆန်နှင့် အစားအသောက်များ ပြတ်လပ်နေသည့် ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဟားခါး နှင့် ကလေးမြို့ကြား ပျက်စီးသွား သောလမ်း၊တံတားများကို ၁၀ ရက်အတွင်း သွားလာနိုင်အောင် ပြုပြင်မည်ဟု ချင်းပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန် ဆန်းအောင်က ပြောသည်။

စည်ပင်ဆိုတာ ဘာကို ခေါ်ပါသလဲ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်မာလာထွန်း ရေး သားပေးပို့ခဲ့တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ စာရေးခဲ့သူက လမ်းဘေးဈေးသည်တွေရဲ့ စည်းကမ်းမဲ့ဈေးရောင်းချမှုကြောင့် လမ်းသွားလမ်းလာတွေ အနှောင့် အယှက်ဖြစ်ရတဲ့အကြောင်းနဲ့ စည်ပင်တာဝန်ရှိသူတွေအနေနဲ့ စည်းကမ်းထိန်းသိမ်းရေး သာမက သန့်ရှင်းရေးလုပ်ငန်းကိုပါ ထိထိရောက်ရောက် လုပ်ပေးစေချင်လို့ ရေးလိုက်တဲ့စာလို့ ဆိုပါတယ်။ သူပြောချင်တာက သူနေတဲ့ တာမွေမြို့နယ်သာမက ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့လယ်ကောင် ကနေရာတွေမှာ စည်းကမ်းနဲ့လုပ်ငန်းဆောင်ရွက်ချက်တွေ အားနည်းနေတာကို ထောက်ပြ ရေးသားခဲ့တာ ဖြစ်ပါတယ်။

သဘာဝဘေးကြီးများ ဆက်လက် သတိပြုစရာ

နောက်ပိုင်း၌ ကိုမန်(Komen) မုန်တိုင်းကြီးဖြစ်လာမည့် ဘင်္ဂလားပင်လယ်အော်ထဲမှ မုန်တိုင်းငယ်ကြောင့် ဇူလိုင်လ ၂၄ ရက် မတိုင်ခင်ကတည်းက မြန်မာနိုင်ငံတစ်ဝှမ်း အထူးသဖြင့် မြန်မာနိုင်ငံ အထက် ပိုင်း၌ မိုးကြီးကာ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်ရှိ နေရာအချို့တွင် ရေကြီး ရေလျှံမှုများ မြေပြိုမှုများ ဖြစ်ခဲ့သည်။

အရေးပေါ် ရေဘေးကယ်ဆယ်ရေး မြန်မာအတွက်လိုအပ်

အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅) 
မြန်မာနိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေအတွက် အစာရေစာ၊ နေရာထိုင်ခင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အရေးပေါ် ကယ်ဆယ်ရေး တွေကို ချက်ချင်းလက်ငင်းဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ UNHCR က မနေ့က သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ တနိုင်ငံလုံး ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ ထိရောက်အောင် အကူအညီပေးနိုင်ရေး ကုလသမဂ္ဂအေဂျင်စီအဖွဲ့တွေအနေနဲ့ အလျင်အမြန် စီစဉ် ဆောင်ရွက်နေတယ်လို့လည်း UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards ကပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။