Monday 10 March 2014

တရုတ်သစ်မှောင်ခိုကားများအား လုံခြုံရေးလုပ်ပေးသော KIA အဖွဲ့က ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒေသခံဈေးသည် များထံမှ ဆက်ကြေးငွေတောင်းခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မိုးမိတ်-မိုးလိုလမ်းကြောင်းအတိုင်း ဆိုင်ကယ်များဖြင့် သွားလာ နေသောဒေသခံဈေးသည်များအား မတ်(၈)ရက်နေ့ တွင်တရုတ်သစ်မှောင်ခိုကားများအား လုံခြုံရေး လုပ်ပေး သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့မှ ဆက်ကြေးငွေများ တောင်းခံခဲ့ကြောင်း ယင်း ဒေသခံများ ထံမှ သိရှိရသည်။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

Photo: အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ
Monday, March 10, 2014

မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

မြ၀တီ
မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

လမ်းလျှောက်ပြီး ရေကူးနိုင်သည့် ခြေလေးချောင်းပါ ငါးတွေ့ရှိ

Photo: လမ်းလျှောက်ပြီး ရေကူးနိုင်သည့် ခြေလေးချောင်းပါ ငါးတွေ့ရှိ
Monday, March 10, 2014 

နေပြည်တော် ပျဉ်းမနားမြို့နယ် အလယ်ရွာကျေးရွာမှ ငါးဖမ်းသူလူငယ် တစ်ဦးသည် မတ် ၇ ရက်က ဆင်သေချောင်းအတွင်း ပိုက်ကွန်ပစ် ငါးဖမ်းစဉ်ရရှိသော ငါးများအတွင်းမှ ငါးရံ့ ခေါင်းတိုနှင့်တူ၍ အဖြူရောင် ဖြစ်ပြီး ခြေချောင်းလေးများဖြင့် ခြေထောက်လေးချောင်းပါရှိကာ ပါးဟက်အပြင်ဘက်မှ နားရွက်သဏ္ဌာန် ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါသော အမည်မသိ ငါးတစ်ကောင်အား အရှင်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါအမည်မသိငါးကို ပျဉ်းမနားမြို့ အလယ်ကျေးရွာနေ မောင်သန်းဦး (၁၄) နှစ်က မတ် ၇ ရက် နံနက် ၁ နာရီခွဲခန့်က ၎င်း၏ညီဖြစ်သူနှင့်အတူ ရွာအနီးရှိ ဆင်သေချောင်းအတွင်း ကွန်ပစ်ငါးရှာသွားရာမှ ငါးရံ့ဖြူနှင့် တူပြီး ခြေထောက်လေးချောင်းပါသော ငါးလက်မခန့်အရှည်ရှိ ငါးတစ်ကောင် ပိုက်ကွန်အတွင်းပါလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါငါး၏ ရှေ့ခြေထောက်များတွင် ခြေချောင်းလေးများ သုံးချောင်းစီ ပါပြီး နောက်ခြေထောက် များ၌ ခြေချောင်း ငါးချောင်းစီပါသည့်အပြင် ပါးဟက် နေရာ၌ နားရွက်သဏ္ဌာန်ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါပြီး ငါးကန်အတွင်း ရေကူး၍လည်းကောင်း၊ ခြေထောက်ဖြင့် လမ်းသွား၍လည်းကောင်း သွားလာလှုပ်ရှားလျက်ရှိသဖြင့် အထူးအဆန်းအဖြစ် လူအများက လာရောက်ကြည့်ရှုလျက်ရှိကြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
နေပြည်တော် ပျဉ်းမနားမြို့နယ် အလယ်ရွာကျေးရွာမှ ငါးဖမ်းသူလူငယ် တစ်ဦးသည် မတ် ၇ ရက်က ဆင်သေချောင်းအတွင်း ပိုက်ကွန်ပစ် ငါးဖမ်းစဉ်ရရှိသော ငါးများအတွင်းမှ ငါးရံ့ ခေါင်းတိုနှင့်တူ၍ အဖြူရောင် ဖြစ်ပြီး ခြေချောင်းလေးများဖြင့် ခြေထောက်လေးချောင်းပါရှိကာ ပါးဟက်အပြင်ဘက်မှ နားရွက်သဏ္ဌာန် ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါသော အမည်မသိ ငါးတစ်ကောင်အား အရှင်ဖမ်းဆီးရမိခဲ့သည်။

ဝိုင်နီ ဆေးပြားဖြင့် အိုမင်းမှု ဟန့်တားမည်

Photo: ဝိုင်နီ ဆေးပြားဖြင့် အိုမင်းမှု ဟန့်တားမည်
Monday, March 10, 2014

အညိုရောင် ချောကလက်နှင့် ဝိုင်နီတွင် ပါဝင်သည့် ဓါတုပစ္စည်းတစ် မျိုးသည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သော ကင်ဆာရော ဂါများကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တား ထားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် သုတေသီ များကဆိုသည်။

Science ဂျာနယ်၌ ဖော်ပြပါရှိသော အဆိုပါ သုတေသနကို ဟားဗတ် တက္ကသိုလ်မှ မျိုးဗီဇ ပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့် အဖွဲ့က ပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိက လေ့လာ ခဲ့ကြသည်။

SIRT1 အမည်ရှိ အင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါများ အပါအဝင် ရောဂါ(၂ဝ)မျိုး ခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့် ခန်းပြုလုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော် နိုင်သည်။ ထို့ပြင်အင်ဇိုင်း လှုံ့ဆော် ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေရန် ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင် ပမာဏ အနည်းငယ်စီ တွေ့ရပြီး ဆေးကုမ္ပဏီ များစွာကလည်း resveratrol ကို ဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက် ရှိကြသည်။

ကြွက်များတွင် စမ်းသပ်ချက် များအရ resveratrol ပေးထားသည့် ကြွက်များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင် မြန်စွာပြေး နိုင်ပြီး (၁၅) ရာခိုင်နှုန်း သက်တမ်းရှည် သည်ကို တွေ့ရသည်။

သီဟ
Source: MNT

အညိုရောင် ချောကလက်နှင့် ဝိုင်နီတွင် ပါဝင်သည့် ဓါတုပစ္စည်းတစ် မျိုးသည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သော ကင်ဆာရော ဂါများကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တား ထားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် သုတေသီ များကဆိုသည်။

လေးလသား အရွယ် ကလေးငယ်၏ ဦးနှောက် အတွင်းမှ သွားပုံစံ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့

Photo: လေးလသား အရွယ် ကလေးငယ်၏ ဦးနှောက် အတွင်းမှ သွားပုံစံ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့
Monday, March 10, 2014

အမေရိကန်ပြည်ထောင်စု ဆရာဝန်များသည် လေးလသား အရွယ် ကလေးငယ် တစ်ဦး၏ ဦးနှောက် အတွင်းမှ ဖြစ်ခဲလှသည့် သွားပုံစံ အကျိတ်တစ်ခုကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း New England ဆေးပညာဂျာနယ်၏ ခေါင်းကြီး ပိုင်းတွင် ဖော်ပြ ထားသည်။

အဆိုပါ အကျိတ်သည် Craniopharyngioma ဟု အမည်ပေး ထားသော ဦးနှောက် အကျိတ် တစ်မျိုး ဖြစ်ပြီး ပထမဆုံး အကြိမ် တွေ့ရှိခြင်း မဟုတ်ကြောင်း၊ ယခင်ကလည်း မျက်စိ ကဲ့သို့သော အရာများ၊ ဆံပင်များ၊ သွားနှင့် အရိုးပုံစံ တစ်သျှူး အမျိုးမျိုးကို တွေ့ရှိ ခဲ့ဖူးကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

ယင်းအကျိတ်သည် သန္ဓေသားလောင်း ပင်စည်ဆဲလ်မှ ကြီးထွား လာခြင်း ဖြစ်ပြီး အခြား ဆဲလ်များ အဖြစ်သို့ ပြောင်းလဲသွား နိုင်ဖွယ်ရှိကြောင်း၊ Craniopharyngioma ကို ဟော်မုန်းဓာတ် ထုတ်ပေးသော အကျိတ် ဟုလည်း ခေါ်တွင်ကြောင်း၊ ကလေးငယ်၏ ဦးနှောက် အတွင်းမှ သွားပုံစံ အကျိတ်ကို မဖယ်ရှားမီ ၎င်းဦးနှောက် အတွင်း ထုံးအရည် အနည် များကို တွေ့ရှိ ခဲ့ကြောင်း မေရီလန်း ဆေးတက္ကသိုလ် ဦးနှောက်နှင့် အာရုံကြော ဌာနမှ ဒေါက်တာ နာလင်ဘိတီးက ပြောကြားခဲ့သည်။ Craniopharyngioma အမည်ရှိ ဦးနှောက် အကျိတ်သည် အတော် အသင့် ကြီးထွား နိုင်ဖွယ် ရှိသော်လည်း ပြန့်ပွားခြင်း မရှိ သောကြောင့် ၎င်း ကလေးငယ်သည် အလွန် ကံကောင်းသူ ဖြစ်ကြောင်း ဆရာဝန် များက ပြောကြား ခဲ့သည်။

(YN)
မြ၀တီ
အမေရိကန်ပြည်ထောင်စု ဆရာဝန်များသည် လေးလသား အရွယ် ကလေးငယ် တစ်ဦး၏ ဦးနှောက် အတွင်းမှ ဖြစ်ခဲလှသည့် သွားပုံစံ အကျိတ်တစ်ခုကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း New England ဆေးပညာဂျာနယ်၏ ခေါင်းကြီး ပိုင်းတွင် ဖော်ပြ ထားသည်။

ဆံပင်သန်စွမ်းကျန်းမာရေး နည်းလမ်းများ

Photo: ဆံပင်သန်စွမ်းကျန်းမာရေး နည်းလမ်းများ
Monday, March 10, 2014

ဆံပင်သန်စွမ်းကျန်းမာရေး လိုက်နာဖွယ်ရာ
ဆံပင်သန်စွမ်းကျန်းမာရေးအတွက် အောက်ပါ အချက်များကို လိုက်နာ လုပ်ဆောင်သင့်ပါသည်။

(၁) နေရောင်ပြင်းပြင်းနှင့် ဆံပင်မထိတွေ့ စေရန် ထီး၊ဦထုပ် တို့ ကို နေပူထဲသွားတိုင်းဆောင်းပါ။

(၂)ပူလွန်းအေးလွန်း ရာသီဥတုဒဏ် မခံရစေရန် ပူလျှင်လေသလပ်သောဦးထုပ်၊ အေးလျှင် နွေးထွေးသောခေါင်းစွပ် စသဖြင့် အသုံးပြုပါ။

(၃)ဆံပင်ရဲ့ အဆီတင်လွှာ၊ အဆီလွှာတို့ ကို ပွန်းစားစေမည့် အပြင်းစားခေါင်းလျှော်ရည်များကိုမသုံးပဲ ခေါင်းလျှော်ရည်အပျော့စား သုံးပါ.။အထူးသဖြင့် ဆံပင်ကျွတ်နေချိန်တွင် Babay Shampoo များသာသုံးသင့်ပါသည်။

(၄)HairDryerကို အပူပြင်းပြင်းနှင့်မသုံးပါနှင့် ။

(၅)ခေါင်းဖီးသောဘီး ကို အမြဲသန့် ရှင်းစွားထားပါ။

(၆)ခေါင်းမကြာခဏ လျှော်ပေးပါ။ခေါင်းအလျှော်လွန်ရင်လည်း ဆံပင်ကျန်းမာရေးထိခိုက်တတ်ပါသည်။သတိပြု့ရန်မှာ သင့်ရဲ့ ခေါင်းအုံးစွပ် ညစ်ပတ်နေပြီဆိုလျှင် သင့်ခေါင်းသည် ထို့ ထက်မက ညစ်ပတ်နေပါပြီ၊ခေါင်းအုံးကိုလျှော်လိုက်ပါ ၊သင့်ခေါင်းကဆံပင်ညစ်ပတ်တွေကိုလဲ လျှော်လိုက်ပါ။

(၇)အာဟာရဓာတ် ကြွယ်ဝစွာ စားသောက်ပါ။ ဆံပင်အာဟာရလဲ ပြည့်စုံပါစေ။

(၈)စိတ်ဖိစီးမှုကင်းစေရန် ယောနိသော၊မနသိကာရ စိတ်ထားမွေးမြူပါ၊ တရားအကျင့်ဖြင့် စိတ်ငြိမ်းချမ်းမှုရယူပါ။

(၉) ဆံပင်ကို မလိုအပ်ပဲ ကောက်လိုက်၊ဖြောင့်လိုက်ဖြင့် ဆံပင်ကိုမပျက်စီးပါစေနှင့်။

(၁၀)ဖြစ်နိုင်လျှင် ဆံပင်ကို ဆိုးဆေးမဆိုးပါနှင့် ၊ မဖြစ်နိုင်လျှင် ဆံပင်ကျန်းမာရေး မထိခိုက်မည့်နည်းလမ်းများ၊ဆိုးဆေးများကိုသာ အသုံးပြုပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
ဆံပင်သန်စွမ်းကျန်းမာရေး လိုက်နာဖွယ်ရာ
ဆံပင်သန်စွမ်းကျန်းမာရေးအတွက် အောက်ပါ အချက်များကို လိုက်နာ လုပ်ဆောင်သင့်ပါသည်။

အိမ်ထောင်တစ်ခုတွင် အမျိုးသားများ ပါဝင်နိုင်မှုအခန်းကဏ္ဍ

Photo: အိမ်ထောင်တစ်ခုတွင် အမျိုးသားများ ပါဝင်နိုင်မှုအခန်းကဏ္ဍ
Monday, March 10, 2014

အိမ်ထောင်ရှိ အမျိုးသားတစ်ဦးဆိုတာ ရုတ်တရက်ကြည့်ရင် မနှစ်မြို့ဖွယ်ရာ ဘက်လိုက်တတ်သူ၊ ထေ့ငေါ့တတ်သူ ၊ အငြင်းပွားတတ်သူတစ်ဦး ရယ်လို့ ထင်ချင်စရာပါပဲ။ တကယ်တမ်း သူတို့ဘ၀ကို အနီးကပ်လေ့လာကြည့်တဲ့ အခါ အိမ်ထောင်မရှိသူ လူပျိုလူလွတ်တို့ အတုယူဖွယ်ရာ စွန့်လွှတ် အနစ်နာခံတတ်တဲ့ စိတ်ထားတွေကို တွေ့ရမှာဖြစ်ပါတယ်။

(၁) လေ့ကျင့်ခြင်းဟာ အမျိုးသားတစ်ဦးကို ပြည့်စုံစေနိုင်တာ သိပါ။
လူပိန်းတွေအပေါ် အပြုံးတုတစ်ခုကို အမြဲတမ်း တပ်ဆင်ပေးထားရတဲ့ သင့်အလုပ်ကို သင်မုန်းချင် မုန်းနေနိုင်တယ်။ သင့်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့လည်း သိပ်ပြီး ဂရုမထားချင်တော့တဲ့ အနေအထားကို ရောက်လာပါလိမ့်မယ်။ ဒါပေမယ့် သင်မသိသေးတာတစ်ခုက အလုပ်တစ်ခုကို လုံလောက်တဲ့ အတိုင်းအတာတစ်ခုအထိ စွဲစွဲမြဲမြဲ လုပ်တဲ့အခါ သင့်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး အတော်လေး ကျွမ်းကျင် သွားလောက်ပါပြီ။ ဒီတော့ အိမ်ထောင်သည်တွေအတွက် အလုပ်တစ်ခု အမြဲရှိထားဖို့ လိုအပ်တာနဲ့အတူ သည်းခံမှုနဲ့အတူ ကျွမ်းကျင်မှုလည်း ပိုတိုးပွားလာနိုင်တာပေါ့။

(၂) သင့်ရဲ့ ဝေဖန်ပိုင်းခြားတတ်တဲ့ စိတ်ကို နားထောင်ပါ။
သင့်ရဲ့ ဝေဖန်ပိုင်းခြားတတ်တဲ့စိတ် ၊ အတွင်းစိတ်တို့ကို နားထောင်ကြည့်တဲ့ အလေ့အထ ရှိသင့်ပါတယ်။ သင့်ရဲ့ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်တို့က ပုခုံးနှစ်ဖက်ပေါ်ကနေပြီး သင့်ကို အာရုံထွေပြားအောင် လုပ်နေတဲ့အခါ သင့်ရဲ့ အတွင်း စိတ်သန္တာန်ကို အမိအရ နားထောင်တတ်ဖို့လိုပါတယ်။ ပြီးရင်တော့ ကောင်းတဲ့စိတ်ကို သေနတ်တလက်ကမ်းပေးပြီး မကောင်းစိတ်ကို အသေသာ ပစ်ချခိုင်းလိုက်ပါ။

(၃) သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။
အလုပ်ဆိုတာက လာပြီးပြန်သွားမှာပဲလေ။ ဒီတော့ သူငယ်ချင်းတွေနဲ့ ဘ၀ကို ပျော်ရွှင်အောင် ဖြတ်သန်းပါ။ ဒါကြောင့် ဘယ်တော့မှ သူငယ်ချင်းကို အလုပ် (ဒါမှမဟုတ်) အရေးကြီးပုဂ္ဂိုလ်တစ်ဦးကြောင့် တော့ အခင်အမင် မပျက်ပါစေနဲ့။ သူငယ်ချင်းတွေကိုလည်း တတ်နိုင်သလောက် အချိန်ပေးပါ။

(၄) ဘ၀ကို ပျော်အောင်နေပါ။
အသက်ရှင်နေထိုင်ခြင်းရဲ့ ပျော်ရွှင်မှုကို ဆိုလိုတာပါ။ ဘ၀ဆိုတာ တိုတိုလေးပါ။ နောက်တစ်ခဏနေရင် သင်သေခင်သေသွားနိုင်တယ်ဆိုတာမျိုး ဘယ်သူကများ ကြိုသိနိုင်မလဲ။ ဒါကြောင့် အသက်ရှင်နေထိုင်ပါ။ ပျော်ရွှင်စွာနဲ့ပေါ့။

(၅) စနောက်တတ်သူတစ်ဦး ဖြစ်ပါစေ။
ငြီးငွေ့ဖွယ်ကောင်းတဲ့ စာအုပ်ကြီးထဲက လူမျိုးမလုပ်ပါနဲ့။ ခံစားချက်ကို သစ်လွင်ဆန်းသစ်ပြီး မိသားစုကို သူငယ်ချင်းများနဲ့ ဆက်ဆံသလိုပဲ ပျော်ရွှင်မြူထူးစွာ ဆက်ဆံပါ။ စနောက်ပါ။ သားသမီးများကို ပွင့်လင်းနွေးထွေးစွာ လိုက်လျောတတ်သူ တစ်ဦးဖြစ်ပါစေ။

(၆) သင်ဘယ်သူဆိုတာ အတိအကျသိပါ။
အပြင်ပန်းက စကတ်တစ်ထည် ၊ ဂါဝန်တစ်ထည် ပြောင်းဝတ်လိုက်ရုံနဲ့သင့်စိတ်အခြေအနေ ပြောင်းလဲ သွားတာမဟုတ်ပါဘူး။ အဓိကက သင်တို့ဘ၀တစ်ခုကို စတင်တည်ထောင်ကတည်းက ရှိထားတဲ့ သင့်ရဲ့ စိတ်နေသဘောထားကို ထိန်းသိမ်းပါ။ သင့်ရဲ့အတွင်းစိတ် ကိုယ်ကျင့်တရားကို အရှက်ရအောင် မလုပ်မိပါစေနဲ့။ ပြီးတော့ မတိုက်ခိုက်ပါနဲ့။ သင့်မိသားစုအတွက် သင်ဟာ စံပြခင်ပွန်းကောင်း ၊ ဖခင်ကောင်း တစ်ယောက် ဖြစ်နေရပါမယ်။

Ref:mensxp.com
ထက်ဆု
Trend Myanmar
အိမ်ထောင်ရှိ အမျိုးသားတစ်ဦးဆိုတာ ရုတ်တရက်ကြည့်ရင် မနှစ်မြို့ဖွယ်ရာ ဘက်လိုက်တတ်သူ၊ ထေ့ငေါ့ တတ်သူ ၊ အငြင်းပွားတတ်သူတစ်ဦး ရယ်လို့ ထင်ချင်စရာပါပဲ။ တကယ်တမ်း သူတို့ဘ၀ကို အနီးကပ်လေ့ လာကြည့်တဲ့ အခါ အိမ်ထောင်မရှိသူ လူပျိုလူလွတ်တို့ အတုယူဖွယ်ရာ စွန့်လွှတ် အနစ်နာခံတတ်တဲ့ စိတ်ထားတွေကို တွေ့ရမှာဖြစ်ပါတယ်။

တက္ကဆက်စ်တွင် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် ဆယ်လီနာဂိုမက်ဇ်

Photo: တက္ကဆက်စ်တွင် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် ဆယ်လီနာဂိုမက်ဇ်
Monday, March 10, 2014

စနေနေ့က ဖျော်ဖြေပွဲ စင်မြင့်ပေါ် ပြန်လေည်ရောက်ရှိလာသော ဆယ်လီနာသည် သူမ၏ အနုပညာ ပျက်ကွက်မှုများနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဖျော်ဖြေလာနိုင်ခြင်း ဖြစ်သည်။

ဆယ်လီနာ ဂိုမက်ဇ်အနေဖြင့် ပြန်လည်ထူထောင်ရေး စခန်းတွင် သွားရောက် အနားယူရသည်အထိ စိတ်ရှုပ်ထွေးစရာ အခြေအနေများ ဖြတ်သန်းခဲ့ရသော်လည်း ယခုအခါ မွေးရပ်ဇာတိ တက္ကဆက်စ်သို့ သူမ၏ အမြူးကြွ အပျော်ရွှင်ဆုံး ပုံစံမျိုးဖြင့် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။ Disney၏ လူငယ်ကြယ်ပွင့်ဟောင်း အဆိုတော် မင်းသမီးလေးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က တက္ကဆက်စ်တွင် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့သည်။ စနေနေ့က ဖျော်ဖြေပွဲ စင်မြင့်ပေါ် ပြန်လေည်ရောက်ရှိလာသော ဆယ်လီနာသည် သူမ၏ အနုပညာ ပျက်ကွက်မှုများနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဖျော်ဖြေလာနိုင်ခြင်း ဖြစ်သည်။

အသက်(၂၁)နှစ်ရှိ ဆယ်လီနာသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုကို ပယ်ဖျက်ခဲ့သလို ဇန်နဝါရီလတွင်လည်း ပြန်လည်ထူထောင်ရေး စခန်းတစ်ခု၌ (၂)ပတ်ကြာ အချိန်ပေး အနားယူခဲ့ရသည်။ အနက်ရောင် ဆံပင်ရှည်ရှည်နှင့် မိန်းမချောလေးသည် တက္ကဆက်စ်တွင် သူမကို ဆူညံစွာ အော်ဟစ်အားပေးနေသည့် ပရိသတ်များ ရှေ့မှောက်၌ အင်တိုက်အားတိုက် သီဆိုကခုန် ဖျော်ဖြေသွားခဲ့သည်။

ထိုအတောအတွင်း ဆယ်လီနာသည် ချစ်သူဟောင်း ကနေဒါ Popဂီတ အဆိုတော် ဂျက်စတင်ဘီဘာနှင့်လည်း ပြန်လည်သင့်မြတ် အဆင်ပြေစ ပြုနေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ ဂျက်စတင်နှင့် ဆယ်လီနာတို့သည် သောကြာနေ့က နံနက်စာ အတူစားဖြစ်ခဲ့သလို နောက်ပိုင်းတွင် ဂျက်စတင်က Vanity Fair၏ အော်စကာ ပါတီပွဲမှ ဆယ်လီနာ၏ ဓာတ်ပုံနှစ်ပုံကို Twitterတွင် လွှင့်တင်ကာ “ကမ္ဘာပေါ်မှာ အကြော့ရှင်းဆုံး မင်းသမီးလေး”ဟု ပုံညွှန်းစာ ရေးထိုးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
စနေနေ့က ဖျော်ဖြေပွဲ စင်မြင့်ပေါ် ပြန်လေည်ရောက်ရှိလာသော ဆယ်လီနာသည် သူမ၏ အနုပညာ ပျက်ကွက်မှုများနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ဖျော်ဖြေလာနိုင်ခြင်း ဖြစ်သည်။

ကိုယ်ချစ်ကိုရှာခဲ့သည့် ဆောင်းယွန်းစံ အသည်းကွဲနေသည်ဟု ဖွင့်ဟ

Photo: ကိုယ်ချစ်ကိုရှာခဲ့သည့် ဆောင်းယွန်းစံ အသည်းကွဲနေသည်ဟု ဖွင့်ဟ
Monday, March 10, 2014

ကြော်ငြာ၊ ဗီဒီယို ရိုက်ကူးမူများဖြင့် အနုပညာခြေလှမ်း စိပ်နေသည့် တက်သစ်စမော်ဒယ် သရုပ်ဆောင် ဆောင်းယွန်းစံသည် ကိုယ်ချစ်ကို ရှာခဲ့မိသည့်အတွက် အသည်းကွဲနေသည်ဟု မဇ္ဈိမ၏ မေးမြန်မှုကို ဖြေ ကြားခဲ့သည်။

“ဆောင်း အခု အသည်းကွဲနေတယ်။ သူချစ်ထက် ကိုယ်ချစ်ကို ရှာခဲ့မိတဲ့အတွက် အသည်းကွဲနေတယ်။ ဆောင်းကို ရုပ်သံဇာတ်လမ်းတွဲအတွက် လာပြီးကမ်းလှမ်းထားတာ ရှိတယ်။ ဒါကလည်း ပြည်ပနိုင်ငံ တစ်ခုက ရုပ်သံနဲ့ မြန်မာနိုင်ငံအတွင်းက ရုပ်သံတစ်ခုတို့ ပူးပေါင်းပြီး ရိုက်ကူးမှာပါ” ဟု ၎င်းက ပြောသည်။

၎င်းအနေဖြင့် နှလုံးသား၏ စိတ်ဒဏ်ရာကို အနုပညာအလုပ်များဖြင့် ကြိုးစားကာ ကုသလုပ်ဆောင်သွား မည်ဖြစ်ကာ အချစ်နှင့်ပတ်သက်သည့် အရာအားလုံးကို ကြိုးစားမေ့ပျောက်သွားရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

၎င်းအနေဖြင့် နောင်တစ်ချိန်တွင် ချစ်သူတွေ့ပါက ကိုယ်ချစ်ထက် သူချစ်ကိုသာရှာပြီး သင်ခန်းစာယူကာ လက်တွဲဖော်ကို သေချာစိစစ် ရွေးချယ်သွားမည်ဖြစ်သည်။ ၎င်း၏ချစ်သူကိုလည်း စံသတ်မှတ်ချက်များဖြင့် ရွေးချယ်သွားမည် မဟုတ်ဘဲ ကိုယ့်ကိုချစ်သူသည် ရိုးသားပြီး အကျင့်စာရိတ္ထကောင်းသူသာ ဖြစ်ရန်လို ကြောင်း ရင်ဖွင့်ပြောကြားခဲ့သည်။

ဆောင်းယွန်းစံသည် အနုပညာလောကထဲ၌ ရေရှည်ရပ်တည်နိုင်ရန်အတွက် ပရိသတ်များဖြင့် အဆက် မပြတ်အောင် ကြိုးစားခဲ့ရပြီး စိတ်ဓာတ်ကျစရာများကိုလည်း ဘာသာရေးစာအုပ်များ ဖတ်ခြင်းဖြင့် စိတ် ဓာတ်ကို မြှင့်တင် ခဲ့ကြောင်း ဆိုသည်။

၎င်းသည် ၂၀၁၁ ခုနှစ်တွင်ကျင်းပသည့် ကိုရီးယားရုပ်တူပြိုင်ပွဲတွင် ကိုရီးယားသရုပ်ဆောင် ဆောင်းဟေ ကို (အွန်စော)နှင့် ရုပ်အတူဆုံးဆုရရှိခဲ့ပြီး အနုပညာလောကထဲသို့ ၀င်ရောက်လာခဲ့သူ ဖြစ်သည်။

ဆောင်းယွန်းစံသည် ကြော်ငြာများနှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၅ ကားခန့် ရိုက်ကူးထားသူဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် ရန်ကုန်လမ်းညွှန်ကြော်ငြာဖြင့် ၎င်းင်းကို ပရိသတ်သိခဲ့သူ ဖြစ်သည်။

မေနှင်းကြည်
Mizzima - News in Burmese
ကြော်ငြာ၊ ဗီဒီယို ရိုက်ကူးမူများဖြင့် အနုပညာခြေလှမ်း စိပ်နေသည့် တက်သစ်စမော်ဒယ် သရုပ်ဆောင် ဆောင်းယွန်းစံသည် ကိုယ်ချစ်ကိုရှာခဲ့မိသည့်အတွက် အသည်းကွဲနေသည်ဟု မဇ္ဈိမ၏ မေးမြန်မှုကို ဖြေ ကြားခဲ့သည်။

မီးနီကို ဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်

၉.၃.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း အတိုင်း အရှေ့မှအနောက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဦးသက်ထွန်း မောင်းနှင်လာသည့် 4F----MAZADA DEMIO ၀က်ဂွန်အ၀ါရောင်အငှားယာဉ်သည် သစ္စာမီးပွိုင့်အရောက်တွင် မီးနီကိုဖြတ်မောင်းစဉ် ဝေဇယန္တာလမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဦးမျိုးမြင့် မောင်းနှင်လာသည့် CC---- CHERRY QQ အနီရောင် အငှားယာဉ်အား ၀င်ရောက်တိုက်မိပြီး သစ္စာလမ်းတွင် မီးနီမိ၍ ရပ်ထားသော ယာဉ်မောင်း ကိုအောင်ကျော်စိုး မောင်းနှင်သည့် ၇က/---- မတ်တူးခဲ့ရောင်ယာဉ်အား ဆက်လက်ဝင်ရောက်တိုက်မိခဲ့ ပါသည်။

မန္တလေးမြို့ ဧရာဝတီမြစ်တစ်လျှောက် လူအုပ်စုဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူသူ ၁၈ ဦးဖမ်းမိ

Photo: မန္တလေးမြို့ ဧရာဝတီမြစ်တစ်လျှောက် လူအုပ်စုဖြင့် ဓားပြဆန်ဆန် ပစ္စည်းလုယူသူ ၁၈ ဦးဖမ်းမိ
Monday, March 10, 2014

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် ကုန်တင် စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
“သူတို့တွေက ဒီလိုမျိုးပြစ်မှုတွေ ကျူးလွန်လို့ စစ်ကိုင်းတိုင်းဘက်မှာ နေလို့ မရတဲ့အတွက် ရှမ်းကလေးကျွန်း အနီးမှာရှိတဲ့ သဲသောင်မှာ လာနေတယ်။ တံငါသည်၊ တောင်ယာ လုပ်တယ်ဆိုပြီး အယောင် ဆောင်နေတယ်။ ညဘက်ကျမှ ဒီလိုမျိုး လုယက် ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ဝန်ခံတယ်။ အရင် လုယက်ခံရတာတွေက သူတို့ကျူးလွန်လား ဆိုတာကို စစ်ဆေးနေတယ်” ဟု ခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

မြစ်ကြောင်း တစ်လျှောက်ရှိ ရေယာဉ်ပေါ်များတွင် ပစ္စည်းခိုးယူ ခြိမ်းခြောက်လုယူမှုများ ဖြစ်ပွားနေသဖြင့် ပူးပေါင်းဗဟို အဖွဲ့သုံးဖွဲ့၊ ပိတ်ဆို့ရေးအဖွဲ့ ငါးဖွဲ့နှင့်အတူ ညပိုင်းအချိန်တွင် ပူးပေါင်း ဖမ်းဆီးရေး လုပ်ဆောင် ခဲ့ကြောင်း၊ အဆိုပါ သဲသောင်ပြင်တွင် နေထိုင်သူ ၁၆ ဦးကို မတ်လ ၇ ရက် နေ့ နံနက် ၆ နာရီအချိန်တွင် စက်လှေခုနစ်စီး၊ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၆ ဦးဖြင့် ဖမ်းဆီးရမိကာ ၎င်းတို့နှင့်အတူ စက်လှေနှစ်စီး၊ သင်္ဘောအခွံ လေးစီး၊ ဆိုင်ကယ်ငါးစီး၊ နို့ဆီးဘူး ခုနစ်လုံး၊ ဆန်အိတ် ငါးအိတ်တို့ပါ ဖမ်းဆီးရမိပြီး အမရပူရမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ ၃၈၀/၅၄ အရ မသင်္ကာမှုဖြင့် အမှုဖွင့် အရေးယူထားလျက် ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

“သူတို့ကို ဖမ်းမိပေမယ့်လည်း လုံခြုံရေးကို ဆက်တိုက် ချမှတ်သွားမှာပါ။ စစ်ကိုင်းတိုင်းထဲမှာ ရှိတဲ့ နောက်ကြည့် ကျွန်းမှာလည်း တစ်ရွာလုံးနီးပါး ရှိတယ်။ အဲဒီဘက်တွေ ကနေပြီးတော့ ရောက်လာနိုင်တယ်” ဟု အဆိုပါရုံးမှ တာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့ဂေါဝိန် ဆိပ်ကမ်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း လုယက်မှုများ စတင်ဖြစ်ပွား ခဲ့သဖြင့် ယင်းလပိုင်းမှ စတင်၍ လုံခြုံရေး ကြီးကြပ် လုပ်ဆောင်လျက် ရှိကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီဌာနခွဲမှ တာဝန်ရှိသူထံမှ သိရသည်။

“ခုနောက်ပိုင်းတော့ ဂေါဝိန် ဆိပ်ကမ်းမှာ ခိုးယက်မှုတွေ နည်းသွားသလောက်တော့ တွေ့ရပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင်စက်လှေ၊ သင်္ဘောများကို လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှ စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်းရှိ လူအုပ်စု တစ်စုတို့မှ ဓားပြဆန်ဆန် ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ လုယူမှုများ ဖြစ်ပွားလေ့ ရှိသဖြင့် မဟာအောင်မြေမြို့နယ် မြစ်ကြောင်း တစ်လျှောက် စက်လှေသုံးစီး၊ အောင်မြေသာစံမြို့နယ် တစ်စီး၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်တွင် စက်တပ်လှေများ နယ်မြေရဲတပ်ဖွဲ့မှ လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်းပတ်၍ ဆောင်ရွက် နေရကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် ကုန်တင် စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဖမ်းဆီးရမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်

Photo: ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်
Monday, March 10, 2014

၁၀.၃.၂၀၁၄ရက်နေ့ ၀၂၁၀အချိန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ ရွှေတောင်ကြား(၅)လမ်းရှိ အေးရတနာသံနန်းဆွဲလုပ်ငန်း အဆောက်အအုံအတွင်း အသုံးပြုထားသော ဟောင်းနွမ်းဆွေးမြေ့နေ
သည့် လျှပ်စစ်ဝါယာကြိုးများအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး လုပ်ငန်းသုံးဖွဲများသို့ကူးစက်လောင်ကျွမ်းကာ အဆောက်အအုံကို မီးစွဲလောင်ခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၂၅၆အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးငွေကျပ်(၁၁)သိန်းခန့်ဆုံးရှုံးခဲ့ပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုပ်ငန်း၊အဆောက်အအုံပိုင်ရှင် ဦးခင်မောင်လွင်(ဘ)ဦးတင်အေး၊ ပုဇွန်တောင်မြို့နယ်နေသူကို ဒဂုံတောင်မြို့မရဲစခန်း (ပ)၂၅၀/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၀.၃.၂၀၁၄ရက်နေ့ ၀၂၁၀အချိန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ ရွှေတောင်ကြား(၅)လမ်း ရှိ အေးရတနာသံနန်းဆွဲလုပ်ငန်း အဆောက်အအုံအတွင်း အသုံးပြုထားသော ဟောင်းနွမ်းဆွေးမြေ့နေသည့် လျှပ်စစ်ဝါယာကြိုးများအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး လုပ်ငန်းသုံးဖွဲများသို့ ကူးစက်လောင်ကျွမ်း ကာ အဆောက်အအုံကို မီးစွဲလောင်ခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၂၅၆အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးငွေကျပ်(၁၁)သိန်းခန့်ဆုံးရှုံးခဲ့ပါသည်။

ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ

Photo: ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်မှု ပိုများလာ
Monday, March 10, 2014

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

ကော့ဂွန်းဂူသို့ လစဉ် နိုင်ငံခြားသား လာရောက်လည်ပတ်မှု တဖြည်းဖြည်း များပြားလာပြီး ယခုနှစ် ဇန်နဝါရီလမှ စပြီး တစ်လလျှင် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ထိ လာရောက်ခဲ့သည်ဟု ယင်းဆရာတော်က မိန့်သည်။

“တစ်ရက်ကို ပျမ်းမျှ အယောက် ၃၀ လောက် လာကြတယ်။ တချို့ရက်မှာဆို အယောက် တစ်ရာကျော် လာတာလည်း ရှိတယ်။ အများဆုံးကတော့ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံသားတွေ” ဟု ဆရာတော် အရှင် ဦးဓမ္မပါလက မိန့်သည်။

သံလွင်မြစ်၏ အနောက်ဘက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၁၆ ခန့် အမြင့်တွင် တည်ရှိကာ သဘာဝ ထုံးကျောက်ဂူ အမျိုးအစား ဖြစ်သည့် ကော့ဂွန်းဂူကို ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ပြန်လည် ထိန်းသိမ်းထားသည်။

ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး နောက်ပိုင်း ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ ယဉ်ကျေးမှုဇုန် နယ်နိမိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် မြန်မာငွေ ၃၀၀၀ ကျပ် ဝင်ကြေး ကောက်ခံခဲ့သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိမြစ်နှင့် အတ္ထရံမြစ်တို့ ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ် မြေနုလွင်ပြင်တွင် ထင်ရှားသည့် သဘာဝ ထုံးကျောက်ဂူများ ဖြစ်ကြသည့် နိဒုံရဂူ၊ ဖားဘောင်ဂူ၊ ရေပူဂူ၊ ခရုံဂူ၊ ဓမ္မသဂူ၊ ဆန္ဒန်ဂူ၊ ဖားပျံဂူ၊ တောင်ဘလွဲဂူ၊ ရသေ့ဂူ၊ မောင်ဒီဂူ၊ ဝဲပျံဂူ၊ ဝေပုလဂူ၊ ကော့ကသောင်ဂူ၊ မင်းလွင်ဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဝင်းဆုံဂူ၊ ဖားကပ်ဂူ၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံ ဂူတို့တွင် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတော်များနှင့် ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိသည့် ဂူများဖြစ်ပြီး ၎င်းအနက် ကော့ဂွန်းဂူသည် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အထင်ရှားဆုံး ဂူတစ်ခု ဖြစ်သည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ပိုင်း နံရံများပေါ်တွင် ရှေးဟောင်း မြေမီးဖုတ် အုတ်ခွက် ဘုရားများ၊ ဗုဒ္ဓဆင်းတုတော်များ၊ ထုံးကျောက်သားကို ထွင်းထုထားသည့် ရုပ်လုံးရုပ်ကြွများ၊ သဲကျောက်သား များဖြင့် ထွင်းထုထားသည့် ကျောက်ဆစ် ရုပ်တုများ၊ နံရံဆေးရေးစာများ၊ မင်စာများ၊ ကျောက်စာများနှင့် ရှေးမွန်စာ အရေးအသား များကို တွေ့ရှိရသည်။

ကော့ဂွန်းဂူတွင် တွေ့ရသည့် ရှေးဟောင်း မွန်ကျောက်စာသည် စာကြောင်း ၂၃ ကြောင်း ရှိပြီး ကျောက်စာပါ ရှေးမွန် အက္ခရာစာလုံးကို ပုဂံခေတ် ရှေးမွန်ကျောက်စာများနှင့် နှိုင်းလျှင် ခရစ်နှစ် (၁၁) ရာစုခန့်က ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနက ခန့်မှန်းထားသည်ဟု ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူ သမိုင်းစဉ် အကျဉ်းစာအုပ်တွင် ဖော်ပြထားသည်။

The Voice Weekly
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရှေးခေတ် မွန်ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ တည်ရှိရာ ရှေးဟောင်း သမိုင်းဝင် ကော့ဂွန်းဂူသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှု ယမန်နှစ်ထက် ပိုများလာသည်ဟု ကော့ဂွန်းဂူ သဒ္ဓမ္မရတနာ ဓမ္မာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။

EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ

Photo: EU ရဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးသွားနေရာဆု မြန်မာရရှိ
Monday, March 10, 2014

EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကြီးထွားဖွံ့ဖြိုးလာနေတာ၊ အာရှတိုက်မှာသာမက ကမ္ဘာမှာပါ တမူထူးခြားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာဒေသတွေကို ဆွဲဆောင်အားကောင်းတဲ့ လည်ပတ်ကြည့်ရှုစရာ ခရီးသွားနေရာတွေအဖြစ် ဖန်တီးနိုင်တာတွေကြောင့် ဆု ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေ၊ ခရီးသွားတွေ လုံခြုံရေး၊ ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု စာရင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်တွေကို အခြေခံပြီး ချီးမြှင့်ကြောင်း သိရပါတယ်။

ဒါပေမဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ ပုဂံဒေသဟာ အခုထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ အသိအမှတ်ပြု မခံရသေးဘဲ ရှိနေပါတယ်။ ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကိုကို ပထမအကြိမ် တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပုဂံဘုရားတွေကို ထိန်းသိမ်းပြုပြင်ရာမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ၊ မူလလက်ရာတန်ဖိုးတွေ ဆုံးရှုံးကုန်တဲ့အတွက် ယူနက်စကိုက ပယ်ချခဲ့ပါတယ်။

စစ်အစိုးရလက်ထက်က ပုဂံ ဘုရားတွေကို ပြုပြင်ခဲ့ရာမှာ ဘုရားတစ်ဆူလုံးကို အသစ်ပြန်ပြင် ရွှေချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့ပြင် ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ပုဂံဂေါက်ကွင်း စတာတွေကြောင့် ပုဂံရဲ့တန်ဖိုးကျဆင်းရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

RFA Burmese
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီ ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွား လည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။

ကုန်ပစ္စည်း အတုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် မူပိုင်ခွင့် ဥပဒေရေးဆွဲနေ

မြန်မာနိုင်ငံမှာ ​ကုန်ပစ္စည်းအတုတွေ ​တင်သွင်းဖြန့်ဖြူး ​ထုတ်လုပ်ရောင်းချနေတာကို ​ထိရောက်စွာ ​အရေးယူဆာင်ရွက်နိုင်ဖို့အတွက် ​ဥာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို ​ရေးဆွဲနေပြီး ​နောက်ဆုံးအဆင့်ကို ​ရောက်ရှိနေပြီလို့ ​ဒီဥပဒေကို ​ရေးဆွဲနေတဲ့ ​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ​ပြောပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော

Photo: လက်နက်ကိုင် တပ်ဖွဲ့များ တပ်မတော်ကို ယုံကြည်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့ ထုတ်ပြော
Monday, March 10, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၉ ရက်နေ့က ပြုလုပ်သော ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံအပြီး ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“တစ်ချိန်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိဘူးလို့ ပြောကြတာ အခုကတော့ တကယ် ပါလာပြီလို့ ခံစားရပါတယ်” ဟု (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

ဘားအံပွဲ အကြို ဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လေးဦးနှင့် ဗိုလ်ချုပ်အဆင့် နှစ်ဦး ပါဝင် ဆွေးနွေးသည့် အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကျေနပ် အားရမှုရှိပြီး တပ်မတော် ကိုယ်စားလှယ်များ၏ တင်ပြချက်များမှာ အလားအလာ ကောင်းမွန်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ပဒိုကွယ်ထူးဝင်းက သုံးသပ်သည်။

“ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ်ချင်တဲ့ ဆန္ဒကို ဖော်ပြတဲ့ အပေါ်မှာ အများကြီး ဝမ်းသာတယ်” ဟု တပ်မတော်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့အပြင် တပ်မတော် ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုကို များစွာ အသိအမှတ်ပြုကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် မဖြစ်မနေ ချုပ်ဆိုရမည် ဆိုသော ဆန္ဒပြင်းပြမှု တပ်မတော်တွင် ရှိနေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

NCCT အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးနိုင်ဟံသာကလည်း “ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသားနဲ့ ဆွေးနွေးကြတယ်။ ပိုပြီးတော့ နားလည်မှု ရကြတယ်” ဟု ပြောကြားသည်။

လော်ခီးလာ ထိပ်သီးညီလာခံ အပြီး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တပ်မတော်က ပထမဆုံးအကြိမ် အဖြစ် ထိပ်သီးခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်လာခြင်း ဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားပြု NCCT ခေါင်းဆောင် အများအပြား ပါဝင် တက်ရောက်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသို့ တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ ပါဝင် တက်ရောက်ခြင်း ဖြစ်သည်။

The Voice Weekly
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်စဉ်က တပ်မတော်၏ ပါဝင်မှုကို သံသယ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တပ်မတော်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပိုမို ယုံကြည်လာကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ခေါင်းဆောင် အချို့က ပြောကြားသည်။

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်း အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်မြှုပ်နှံ

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းများ အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်

Photo: အောင်ဇေယျတံတား အဆင်းတွင် ဟီးနိုးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ရှေ့မှယာဉ်တစ်စီးကို တိုက်မိပြီး အခြားအငှားယာဉ် တစ်စီးပေါ် တိမ်းမှောက်
Monday, March 10, 2014

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ်အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် အင်းစိန်ဘက်မှ လှိုင်သာယာ ရွှေလင်ဗန်းဘက်သို့လာသော ယာဉ်အမှတ် 1G...... ဟီးနိုးအဖြူရောင်ယာဉ်မှာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှတ် တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေသော Isuzu အပြာရောင်ယာဉ်၏ ဘယ်ဘက်ဘန်ကာ တိုက်မိခဲ့ကြောင်း သိရသည်။

၎င်းယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ လမ်းဘေး၌ရပ်ထားသော အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေး၌ ရပ်နေသော အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦး အပါအ၀င် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အငှားယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးက ကံကောင်းတယ်လို့ ပြောရမယ်။ သူတို့က လမ်းဘေးကွမ်းယာဆိုင်မှာ ကွမ်းထွက်ဝယ်တုံး ခုလိုဖြစ်တာ၊ ဒါတောင် ဒဏ်ရာတွေ ရသေးတယ်။ အငှားယာဉ်ကတော့ ပြန်ပြင်လို့တောင် ရတော့မယ်မထင်ဘူး” ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် လှိုင်သာယာ မြို့မရဲစခန်းမှ ကျူးလွန်သူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ 

Eleven Media Group

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ပျက်စီးခဲ့သည့် အငှားယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အဆင်းတွင် ဟီနိုးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ ရှေ့ယာဉ် အားတိုက်မိပြီး ထိုယာဉ်မှတစ်ဆင့် အရှိန်လွန်ကာ အငှားယာဉ်တစ်စီးပေါ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးမည်

ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ် ပြေးဆွဲနေသော သမ္ဗန်ငယ်တစ်စီးအား တွေ့ရစဉ်

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister Councilor Mr.Maruyama ၏ ပြောကြားချက်အရ သိရသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ဆွီဒင်နှင့်ဂျပန်တို့ စိတ်ဝင်စား

နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိရာ ဆက် သွယ်ရေး ကဏ္ဍ၌ ဆွီဒင်၊ ဂျပန်နှင့် စင်ကာပူ နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်၏အရှေ့ ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်း စခန်းတစ်ခု၌ ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နာမည်ကျော် သရုပ်ဆောင် မီရှဲယိုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ မရရှိသေးကြောင်းနှင့် မြန်မာမီဒီယာများ အနေဖြင့် လည်း လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါရှိအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံ ပလာဇာတွင် ကျင်းပသော စုဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။