Monday 13 August 2012

ပူပြင်းခြောက်သွေ့မှု ဒဏ်ခံနေရသော လယ်သမားများအား အိုဘားမား ကူညီမည်

အမေရိကန်တွင် ပူပြင်းခြောက်သွေ့မှုဒဏ် ခံစားနေရသော လယ်သမားများကို ကူညီထောက်ပံ့ရန် ဒေါ်လာ သန်း ၁၇၀ တန်ဖိုးရှိ ကြက်၊ ဝက်၊ သိုးနှင့် ငါးများကို စိုက်ပျိုးရေးဌာနက ဝယ်ယူသွားမည့် အစီအစဉ်အား သမ္မတအိုဘားမားက ယနေ့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း NBC News တွင် ဖော်ပြသည်။
 

ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးသွားမည့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း


သြဂုတ်(၁၃)ရက်၊၂ဝ၁၂ခုနှစ်။


မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအနေဖြင့်သတင်းထောက်ကျင့်ဝတ်များအား သိရှိနားလည် စေရန် အတွက် သင်တန်းများပို့ချသွားမည်ဖြစ်သလို သတင်းထောက်များအား ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များထံက သိရှိရသည်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကို ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပ ၍သြဂုတ် (၁၁)ရက်နေ့က ယုဇနဂါးဒင်းဟိုတယ်တွင် ဗဟိုဦးစီးကော်မတီဝင်များအား မဲစနစ်ဖြင့်ရွေးချယ် တင်မြှောက်ပြီး ဖွဲ့စည်းအတည် ပြုခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် စီမံကိန်းကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း

( ၂ဝ၁၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် )

ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေးကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို လေ့လာ ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

International Trade Service


 












Import (သွင်းကုန်လုပ်ငန်း)
  နိုင်ငံတကာဘဏ်လုပ်ငန်း (သွင်းကုန်လုပ်ငန်းဌာန) သည်နိုင်ငံတကာမှ ကုန်ပစ္စည်းများမှာယူလိုသော Importer များအတွက် အောက်ပါလုပ်ငန်းများအား ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုသမ္မတ လောင်းအဖြစ် ရွေးချယ်ခံရ


လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို   ရွေးချယ်လိုက်ပြီလို့ သတင်းရရှိပါတယ်။။ဗိုလ်ချုပ်ကြီး  ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက်  ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။ပြည်သူများနှင့် သမ္မတကြီး အားကိုးရသော ဒုသမ္မတ တစ်ယောက်ဖြစ်လာတော့မည် ဖြစ်ပါသည် ။










ရခိုင်ပြည်သူတွေအတွက် အင်္ကျီရောင်းချပွဲ ပြုလုပ်မည်

ရခိုင်ပြည်သူတွေအတွက် အင်္ကျီရောင်းချပွဲ ပြုလုပ်မည်




အထက်ပါ ဓာတ်ပုံများမှာ ရခိုင်အမျိုးသား အလံနောက်ခံနှင့် သမ္မတကြီး ဦးသိန်းစိန်ပုံ ဖြစ်ပါသည်။ ရခိုင်အရေးနှင့် ပတ်သက်ပြီး သမ္မတကြီး ဦးသိန်းစိန် ဆောင်ရွက်ချက် ရပ်တည်ချက် အလုံးစုံ မှန်ကန်ကြောင်း(√)အမှန်ခြစ်ကာ ထောက်ခံထားခြင်းဖြစ်ပြီး၊ အင်္ကျီရင်ဘက်မှာ ရိုက်နှိပ်ထားရန် ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်


တရုတ်နိုင်ငံတွင် တနင်္ဂနွေနေ့က ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာ   လေ့လာရေးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ငလျင်ကို တရုတ်နိုင်ငံကလည်း တိုင်းတာ သိရှိခဲ့ပြီး ပြင်းအားအဆင့် ရစ်ခ်ျတာစကေး (၆.၂)ရှိကာ တနင်္ဂနွေနေ့ ညနေပိုင်း အချိန်က လှုပ်ခတ် သွားခြင်းဟု သိရှိရသည်။ အဆိုပါ ငလျင်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဇီဂျီအန်း-အွိုင်ဂါ
 ဒေသကို ဦးတည်ခဲ့ပြီး မြေအနက် (၁၉)မိုင်ကို ဗဟိုပြုခဲ့ကြောင်းလည်း တိုင်းတာမှု စစ်တမ်းများက ညွှန်ပြနေသည်။ ငလျင်၏ လှုပ်ခတ်မှုကို တရုတ်၏ အိမ်နီးချင်းဖြစ်သော အိန္ဒိယမှလည်း သိရှိ ခံစား ခဲ့ရကြောင်း သတင်းများက ဖော်ပြသွားသည်။

မက္ကစီကိုတွင် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံထားရသူ သတ်ဖြတ်ခံရ

မက္ကစီကိုနိုင်ငံတွင် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံထားရသူ တစ်ဦးအား သေနတ်သမားများက ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲတွင် အောင်မြင်မှု လောလောလတ်လတ် ရရှိပြီး အိမ်အပြန်တွင်ပင် ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းမှုပါတီမှ နိုင်ငံရေးသမားဖြစ်သူ အဂ္ဂါမိုရာလက်စ်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။ ပူပူနွေးနွေး မြို့တော်ဝန်၏ ရုပ်အလောင်းကို လမ်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး တစ်ဦးက အတည်ပြုခဲ့သည်။ 

 

"နိုင်ငံတကာသို့ ကြွေးမြီး ဆပ်ရန် မြန်မာနိုင်ငံအား ဂျပန်ဘဏ်များအုပ်စု ကန်ဒေါ်လာသန်း(၉၀၀) စီစဉ်ပေး"

မြန်မာနိုင်ငံက နိုင်ငံတကာဘဏ်များသို့ ပေးဆပ်ရန် ကျန်ရှိနေသော အကြွေးများပေးဆပ်နိုင်ရန် အတွက် ဂျပန်ဘဏ်များ အုပ်စုက အမေရိကန် သန်း(၉၀၀) ကို စီစဉ်ပေးသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အဖွဲ့ အစည်း( IDA) သို့ ကန်ဒေါ်လာ သန်(၇၈၀) ခန့် ၊ ကမ္ဘာဘဏ်(WB) သို့ သန်း(၃၉၇) နှင့် အာရှဖွံဖြိုးရေး ဘဏ်( ADB) သို့ သန်း(၅၀၀) ခန့် ပေးအပ်ရန် ကျန်ရှိနေသေးရာ ဂျပန် ဘဏ်များအုပ်စု ထဲမှ ချေးငွေ ရရှိပြီး ပေးဆပ်လိုက်ပါက ကမ္ဘာ ဘဏ်နှင့် အာရှ ဖွံ ဖြိုး ရေးဘဏ်တို့ ထံမှ ထပ်မံ၍ အတိုးနည်း ချေးငွေများ ထပ်မံရယူနိုင်မည် ဖြစ်သည်။

''UNHCR ရုံးရှေ့  သမ္မတထောက်ခံဆန္ဒထုတ်ဖော်သူ လေးဦးတရားစွဲခံရ''

သြဂုတ်လ ၃ ရက်နေ့က UNHCR ရုံးရှေ့  ရခိုင်အရေး သမ္မတဦးသိန်းစိန် မိန့်ခွန်းအား ထောက်ခံဆ္ဒပြ ပွဲပြုလုပ်ခဲ့သည့်        လူငယ် လေးဦးအား ယနေ့စမ်းချောင်းရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခဲ့ကြောင်းသိရသည်။

မြစ်ရေကြီးမှု အခြေအနေသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက် (၁၃း၀၀) နာရီအချိန် ထုတ်ပြန်ချက်) -မိုးဇလ


ဧရာဝတီမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ ဟင်္သာတမြို့ တွင် (၁၃၅၅) စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၃) စင်တီမီတာ (၀.၄-ပေခန့်)   ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့ မွန်းတည့်မှ နောက် (၄၈) နာရီ အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၁၃၄၂) စင်တီမီတာ အောက်သို့ ကျဆင်း နိုင်ပါသည်။

အမေရိကန်-မြန်မာဆက်ဆံရေး၊ ရိုဟင်ဂျာအရေးနှင့် တွေးမိသမျှ

မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို တစ်နှစ်သက်တမ်းထပ်တိုးလိုက်တဲ့အခါမှာ အမေရိ ကန်အောက် လွှတ်တော်အမတ်ဂျိုးဆက်ဖ်ခရောင်လေရဲ့မှတ်ချက်တွေကိုဗွီအိုအေ မြန်မာပိုင်းသတင်းထဲ မှာဖတ်ရှုရ တယ်။

တောင်ကိုရီးယားနှင့် အငြင်းပွားနေရသော ကျွန်းစုအရေးနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာခုံရုံး (ICJ) သို့ ဂျပန် အကူအညီတောင်းခံသွားဖွယ်ရှိ


တောင်ကိုရီးယားနှင့် အငြင်းပွားနေရသော ကျွန်းစုအရေးနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာခုံရုံး (ICJ) သို့ အကူအညီတောင်းခံသွားဖွယ်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂျင်ဘာက သြဂုတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ယနေ့ အပြီးသတ်ဆွေးနွေးမည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တစ်ပိုဒ်ချင်းစီအလိုက် အစီအစဉ်အမှတ်(၈) တွင် အပြီးသတ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က   ကြေညာလိုက်သည်။

ဒုသမ္မတကို သြဂုတ် ၁၇ တွင် အပြီးသတ်ရွေးချယ်မည်ဟု သတင်းများ ထွက်ပေါ်

ပြည်ထောင်စုလွှတ်တော် ကျင်းပပြုလုပ်မည့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဒုတိယသမ္မတရွေးချယ်ရေး ကိစ္စ ပါဝင်လာမည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Windows အသုံးပြုသူများအတွက် Ubuntu အခြေခံ Zorin OS 6


အခြားသော Linux distro များထက် Windows အတွေ့အကြုံကို ပြန်လည်ဖန်တီးပေးနိုင်သည့် Ubuntu အခြေခံ Zorin OS 6 ဖြစ်သည်။ Windows ကဲ့သို့သော interface ကိုအသုံးပြုထားသည့်အတွက် screen ၏ဘယ်ဘက် အောက်ထောင့်တွင် Start ခလုတ်ကိုတွေ့ရမည်ဖြစ်ပြီး Screen ၏ ညာဘက် အောက် ထောင့်တွင် notification area, clock, volume control စသည်တို့ကို တွေ့ရမည်ဖြစ်သည်။ Start ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် program စာရင်းနှင့် search tool တို့ပေါ်လာမည်ဖြစ်သည်။


အစ္စရေးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Asian Science Camp ၌ မြန်မာလူငယ်များ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိ

အာရှဒေသမှ သိပ္ပံပညာကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ပါဝင်ဆင်နွှဲခွင့်ရှိသည့် Asian Science Camp 2012 ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အစ္စရေးနိုင်ငံ ဟီဗရူး တက္ကသိုလ် အက်ဒ်မွန်ဂျေဆာ ဖရာနယ်မြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

World of Warcraft ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်


နာမည်ကျော် ဗီဒီယိုဂိမ်းကိုအခြေခံထားသည့် World of Warcraft ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ Sam Raimi သည် Oz, The Great and Powerful ရုပ်ရှင်ဇာတ်ကားကို ပိုမိုအာရုံစိုက်နိုင်ရန်အတွက် World of Warcraft ရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်မှ နှုတ်ထွက်သွားသော်လည်း အဆိုပါနာမည်ကျော်ဗီဒီယို ဂိမ်း အခြေခံ ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၉၀၀ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံတွင် လေဖိအားနည်းရပ်ဝန်း KAI-TAK(14W) နှင့် မြန်မာနိုင်ငံပေါ်မှ တိမ်ဖြစ်ပေါ်မှု အခြေအနေ ..

လေဖိအားနည်းဆဲလ် 93W ဟာ အခုဆိုရင် လေဖိအားနည်းရပ်ဝန်း 14W(ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှာ ၁၄ လုံးမြောက် မုန်တိုင်း) ဖြစ်လာပါပြီ။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲ့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၄၇၀ ခန့်မှာ ဗဟိုပြုနေပြီး အဲဒီနေရာမှာပဲ ဖြည်းညှင်းစွာရွေ့လျားနေတဲ့ အခြေအနေရှိပါတယ်။

14W KAI-TAK
13 Aug 2012 0000Z
Location: 16.5 127.8
Winds: 30 knots
Central Pressure: 1000 hPa
 
 

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် နှင့် ချိတ်ဆက်၍ လူစီးမော်တော်ယာဉ် (ယာဉ်ငယ်) များကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် နှင့် ချိတ်ဆက်၍ လူစီးမော်တော်ယာဉ် (ယာဉ်ငယ်) များကို အရစ်ကျစနစ်ဖြင့် ဖော်ပြပါ နေရာများတွင် ဝယ်ယူရရှိနိုင်ပါပြီ။

Fuji Yama Service Co.,ltd
၁။ အမှတ်(၉)၊အေးရိပ်မွန်လမ်း၊ (၃)ရပ်ကွက်၊လှိုင်မြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း ၀၁ ၅၃၁၃၇၃၊ ၀၁ ၅၁၂၉၂၁

၂။ အမှတ် (၁၅၈)၊ ရန်ကုန်-အင်းစိန်လမ်း၊ကမာရွတ်မြို့ နယ်။ (ဆင်ရေတွင်းမှတ်တိုင်အနီး) ဖုန်း ၀၁ ၅၃၆၉ ၅၉
၃။ အမှတ်(၆၈)၊ ဒီပဲယင်း ဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့ နယ်၊ ရန်ကုန်မြို့ ။ဖုန်း ၀၁ ၆၈၅၀၄၉

Hire Purchase အကြောင်း

၁။  ပစ္စည်းများ ၀ယ်ယူလိုသူသည် -
(၁) ပထမဦးစွာ သက်ဆိုင်ရာ အရောင်းဆိုင်သို့ သွားရောက်ပြီး ၀ယ်ယူလိုသည့် ပစ္စည်း အမျိုးအစားနှင့်
ဈေးနှုန်းအား ရွေးချယ် ရပါမည်။
- ပစ္စည်းတန်ဖိုး အနည်းဆုံး ကျပ်(၁)သိန်းဖိုး ၀ယ်ယူရပါမည်။

မန္တလေးအောင်မြေသာစံ ညောင်ကွဲရပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ရတနာဂီရိဂူကြီးတိုက်နှင့် မျက်နာခြင်းဆိုင်တွင်ရှိသည့် ပလပ်စတစ်၊ စက္ကူ၊ ပုလင်း အဝယ်လုပ်ငန်းတစ်ခုတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျှက်ရှိပြီး ပေါက်ကွဲမှုကြောင့် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် ရေကြီးမှုဒဏ် ကာကွယ်ရေး တမံကို စမ်းသပ်

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှာ သောကြာနေ့က စက်မှုဇုံတွင် ဆောက်လုပ်ထားသည့် ရေကြီးမှု ဒဏ်ခံ တမံကို စမ်းသပ်မှု ပြုလုပ်လိုက်ကြောင်းသိရသည်။ Nava Nakorn  စက်မှုဇုံမှာ    ဘန်ကောက်မြို့ အပြင်ဘက်တွင် ရှိခြင်းဖြစ်ကာ ယမန်နှစ်က ပြင်းထန်သည့် ရေကြီးမှုနှင့် ကြုံခဲ့ရပြီးနောက် ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသဖြင့် ယခုလို အကာအကွယ်များကို ပြုလုပ်ရခြင်းပင် ဖြစ်သည်။


လိုင်စင်မဲ့ အကျိးဆောင် ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကို ပုဇွန်တောင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်

ပြည်ပ အကျိုးဆောင်လိုင်စင်မရှိပဲ မလေးရှားနိုင်ငံသို့တရားမဝင်စေ လွှတ်သည့် ကုမဏီတစ် ခု၏ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကိုပြည်ပ အလုပ် အကိုင်ဆိုင်ရာဥပဒေ ဖြင့်ဇူလိုင်၂ဝ ရက်တွင် ပုဇွန်တောင် တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်ခဲ့ကြောင်းအရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။

(၁၃.၈.၂၀၁၂) မနက်ပိုင်း သတင်းများ

၂၀၁၂ လန်ဒန် အိုလံပစ်ပိတ်ပွဲ ကျင်းပ Link
တိုင်းရင်းသားများ ညီလာခံ စက်တင်ဘာလတွင် ကျင်းပမည်  Link
တက္ကသိုလ်လိုင်းကားများ စည်းကမ်းဖောက်မှု အရေးယူတော့မည်  Link

ထိုင်ဝမ်တွင် အမျိုးသမီး နှစ်ဦး ပထမဆုံးအကြိမ် လက်ထပ်

ထိုင်ဝမ်တွင် အမျိုးသမီးနှစ်ဦး ပထမဆုံးအကြိမ်အဖြစ် လိင်တူချင်း လက်ထပ်ခဲ့ကြသည်။ Fish Huang နှင့် You Ya-ting အမည်ရှိ အမျိုးသမီးနှစ်ဦးသည် ထိုင်ဝမ်ေ မြာက်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းတွင် သြဂုတ် ၁၁ ရက်က လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ဧည့်ပရိသတ် ၃၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်သည် အာရှဒေသတွင် လိင်တူချင်း လက်ထပ်မှုကို တရားဝင်ခွင့်ပြုသော နိုင်ငံဖြစ်လာစေရန် လူ့အခွင့်အရေးအုပ်စုများက မျှော်လင့်ထားကြောင်း Daily Mail သတင်းတွင် ဖော်ပြသည်။
 
 ref:planet