Sunday 22 December 2013

ပုဂ္ဂိုလ်ရေး အားပြိုင်မှုများ ရှိသော်လည်း မြန်မာ့နိုင်ငံရေး တိုးတက်မှုရှိဟု အမေရိကန်သုံးသပ်

မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေသည် အာဏာသုံးရပ်နှင့် နယ်ပယ်အလိုက် အဓိက တာဝန်ရှိသူများအကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ မဏ္ဍိုင်အချင်းချင်း အားပြိုင်မှုများ ရှိနေသော်လည်း အတိတ်ကာလများနှင့် နှိုင်းယှဉ်လျှင် ပုံမှန် တိုးတက်မှု ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက သုံးသပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

သမ္မတကိုယ်တိုင် ကားပါမစ်ကို စာအိတ်ဖြင့်ပေးခြင်း မဟုတ်မှန်ဟု ဦးအောင်မင်းဆို

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကားတင်သွင်းခွင့် ပါမစ်ကို စာအိတ်ဖြင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပေးခဲ့သည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ICRC အဖွဲ့အား ဒေသခံများ ကန့်ကွက်

နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အဖွဲ့အား ပေါက်တောမြို့ခံ ၁၀၀ ခန့်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဒီဇင်ဘာ ၁၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ICRC အနေဖြင့် ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေး ခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

မကြာမီကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူများ ပြန်လည်လွတ်မြောက်လာဖွယ်ရှိ

DSC 0089mmk
ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး အပြီး ကော်မတီဝင်များအား တွေ့ရစဉ်
မကြာမီ ကာလအတွင်း နိုင်ငံရေးအကျဉ်းသားအချို့ အပါအ၀င် နှစ်ရှည်ထောင်ဒဏ် ကျခံနေရ သူများ ပြန် လည်လွတ်မြောက်လာဖွယ်ရှိကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် များ၏ ပြောကြားချက်အရ သိရသည်။
ဒီဇင်ဘာ ၂၁ ရက်က Myanmar Peace Centre တွင် ပြုလုပ်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ၏ အပတ်စဉ်အစည်းအဝေးအပြီးတွင် ကော်မတီဝင်များက ထို့သို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။