Tuesday 11 September 2012
(၁၁-၉-၂၀၁၂) ရက်နေ့ ညပိုင်း သတင်းများ
- ကချင်အရပ်သားများကို စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေ click
- လက်ပံတောင်းအရေး ပါဝင်သူများကို ရဲက ရှာဖွေဖမ်းဆီးနေ
click
- ဖမ်းဆီးခံထားရသည့် တောင်သူ ၁၂ ဦးထဲက ၉ ဦး လွတ်မြောက်
click
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဖို့ ထပ်မံဆန္ဒပြပြန်
click
- လယ်မြေသိမ်းမှု အာဏာပိုင်များ ပါဝင်ခဲ့သည့်အတွက် စုံစမ်းရေး အဟန့်အတားရှိ (မေးမြန်းခန်း)
click
- လယ်သမားတွေ ဘဝ ဒုံရင်းက ဒုံရင်း (ဆောင်းပါး)
click
- ရခိုင်တွင် လူသားချင်းစာနာထောက်ပံ့ရေး အခြေအနေ စိုးရိမ်စရာကောင်း
click
- စစ်သွေးကြွ အုပ်စုဝင်များအား ဘင်္ဂလားဒေ့ရှ် ရှာဖွေဖမ်းဆီး
click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သမ္မတထံ စာပို့တောင်းဆို
click
- ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီ ဥပဒေပြုရေးနှင့် ပယ်ဖျက်ရေး လုပ်ပါရန် ဦးရွှေမန်း တိုက်တွန်း
click
- မနန်းဝိုးဖန်အမှု လာမည့် လွှတ်တော်တွင် တင်မည်
click
- ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခန့်ထားရေး ဥပဒေနှင့် မညီမှုများရှိ
click
- ထိုးစစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးရန် ကေအန်ပီပီနှင့် ၈၈ ပူးတွဲတောင်းဆို
click
- ပြည်ထောင်စုစစ်စစ်ပေါ်ပေါက်ရေး လက်တွဲကြိုးပမ်းမည်ဟု ၈၈ နှင့် ကရင်နီပါတီ ပြော
click
- စီးပွားရေးတခုတည်း မကြည့်ရန် အိန္ဒိယအမတ်များကို ၈၈ တိုက်တွန်း
click
- မြန်မာတိုင်းရင်းသားအရေးညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်
click
- ဦးဥတ္တမ အောက်မေ့ဖွယ်အခမ်းအနား ပါတီများ ဦးဆောင်ကျင်းပ
click
- ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စိုက်ပျိုးနေရာပျောက်ပြီး နေအိမ်ပြောင်းရွှေ့ရ
click
- တံငါသည်လှေ လိုင်စင်အတွက် ရေဖြူဒေသခံများ အခက်ကြုံ
click
- ရန်ကုန်မြို့ ၃၈ လမ်း တိုက်ခန်းမီးလောင်မှု တဦး သေဆုံး
click
- မြန်မာမိန်းကလေး ၄၂ ဦး ထိုင်းတွင် ရောင်းစားခံရ
click
- မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ
click
- လေးလအတွင်း တရားမဝင် ခွေရောင်းဝယ်မှု ၉၀ နီးပါး ဖမ်းမိ
click
- ထားဝယ်စီးပွားရေးဇုန်အတွင်းရှိ မူဒူး-ထိန်ကြီး လမ်းတံတား ပြုပြင်ပေးပါ (ပေးစာ)
click
- မေတ္တာနန္ဒစာသင်ကျောင်းက အပြန် (အင်တာဗျူး)
click
- ပျော်ပျော်ပါးပါးပေါ့ဗျာ (ဆောင်းပါး)
click
- စစ်သားစိတ်ဓာတ် (ကဗျာ)
click
- အယ်လ်ကိုင်ဒါး ခေါင်းဆောင်တဦး ယီမင်တွင် သေဆုံး
click
- တရုတ် ဒု-သမ္မတ လူထုရှေ့မှောက်က ပျောက်နေ
click
- တရုတ်သင်္ဘောများ ၀င်မလာရန် ဂျပန်အစိုးရ သတိပေး
click
- အိန္ဒိယက သေဒဏ်ပေးတဲ့ စီရင်ချက်အပေါ် အငြင်းအခုံ (အသံ)
click
ref:Dr.lunswe
တိုင်းရင်းသားရေးရာညီလာခံနှင့် တောင်ကြီးသင်ခန်းစာ
ကျေညာချက်ကိုယ်စီထုတ်ကြသည်
၂၀၁၂ ခု၊ မေလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယင်း၏ သဘောထားအမြင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို -
  •  နိုင်ငံရေးပါတီများ ထူထောင်ကြရန်၊
  • ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံကြရန်၊
  •  ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန်၊
  • လွှတ်တော်တွင် အများသဘောတူညီချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်
အကြံပြုထားသည်။ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခြင်းကို မပြောသော်လည်း အထက်ဖော်ပြပါ သဘောထားအမြင်သည် သွားလေသည့် နအဖအစိုးရ၏ အမြင်နှင့် တထပ်တည်းပင် ဖြစ်သည်။
ဒေါက်တာနိုင်အောင်ရဲ့ မြန်မာပြည် ခရီး(၅)
ဒေါက်တာနိုင်အောင်အကြောင်းကို ကျမ ကောင်းကောင်းရေးနိုင်ဖို့ဆိုရင် သူ့ရဲ့ နောက်ခံ အကြောင်းအရာတွေကို သိထားဖို့ လိုတယ်ဆိုတာ ကျမ သိပါတယ်။
ဒါပေမဲ့ သူ့အကြောင်းကို ကျမက စုံစမ်းတော့ ဒေါက်တာနိုင်အောင်ဟာ ဆရာဝန် တယောက်ဖြစ်တယ်၊မန္တလေးသားဖြစ်တယ်။ ABSDFရဲ့ ခေါင်းဆောင်  တယောက်ဖြစ်ခဲ့တယ်။ ပြီးတော့လက်ရှိ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ Secretary General တာဝန်ယူ ထားတယ်ဆိုတာလောက်ပဲ သိရတယ်။
ဒါလောက်သိတာတောင်မှ   facebook သုံးစွဲရင်းနဲ့ နိုင်ငံခြားမှာနေတဲ့ သူတွေကို မေးရင်းမြန်းရင်း သိရတာပါ။ နိုင်ငံခြားမှာ နေတဲ့ သူတွေဆိုတာလည်း ကျမနဲ့ငယ်ပေါင်းကြီးဖော်တွေ မဟုတ်ပေမဲ့ facebook မှာ သူ့စာကိုယ့်စာဖတ်ရင်းနဲ့ ခင်မင်သွားကြတဲ့ သူတွေဖြစ်တယ်။ သူတို့လည်း သူတို့သိရသလောက်ပဲ ပြောပေးကြပါတယ်။
ဒေါက်တာနိုင်အောင်အကြောင်း၊ မိုးသီးဇွန်အကြောင်း စာအုပ်ရေးလည်း ကျမ မဖတ်ခဲ့ဖူးတော့ သိလည်းမသိခဲ့ပါဘူး။ သူ့အကြောင်း မသိ၊ သူ့ကို မတွေ့ဖူး၊ မမြင်ဖူးဘဲနဲ့ ကျမတော့ အင်တာ ဗျူးလုပ်ခဲ့ပါပြီ။
မေးခွန်းအချို့ကို ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့ မေးခွန်းအများစုကို ဒေါက်တာနိုင်အောင်ရဲ့ အဖြေကိုစောင့်နားထောင်ပြီး မေးခဲ့တာပါ။
မေးရင်းနဲ့လည်း  အားမလိုအားမရတဲ့စိတ်ဖြစ်ရသလို ။ ကျမက ဒီလူအကြောင်းကို ခုမြင်သလောက်ပဲ သိလို့ မမေးဖူးဆိုရင် သူ့အကြာင်းကို ကောင်းကောင်းသိမှ မေးမယ်လို့ ဆုံးဖြတ်ရင် မှန်ရဲ့ လားဆိုတာတွေးပြီးတော့ ကိုယ့်ကိုယ်ကို အားပေးတဲ့စိတ်နဲ့နောက်မေးခွန်းတွေကို ဆက်မေးဖြစ်ခဲ့တယ်။
ကရင်ဝတ်စုံနှင့်ကရင်ဒုက္ခသည်စခန်းရောက် ဟောလိဝုဒ်မင်းသမီး အင်ဂျာလီနာ ဂျိုလီ
မေလ ၁၉ရက်၊၂၀၀၂ က ထိုင်း-မြန်မာနယ်စပ်ရှိ ထန်ဟင်းကရင်ဒုက္ခသည်စခန်းသို့ နာမည်ကျော်ဟော လိဝုဒ်မင်းသမီး အင်ဂျာလီနာ ဂျိုလီသည် ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များမဟာမင်းကြီးရုံး အစီအစဉ်အစဉ်ဖြင့်လာရောက်ပြီး ကရင်ဒုက္ခသည်များကိုလည်းတွေ့ဆုံ အားပေးစကားပြောခဲ့သည်။
လက်ပတောင်းတောင် မှ ကြေးနီ သံ
၂၀၁၂၊ စက်တင်ဘာ ၁၁ ရက်၊ မုံရွာမြို့ ဆုတောင်းပြည့်ဘုရားတွင် လက်ပတောင်းတောင်၊ ကြေးနီစီမံကိန်း လယ်ယာမြေကိစ္စနှင့်ပတ်သက်ပြီး ၀တ်ပြုဆုတောင်းခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခံနေရသော ကျန်သူများ လွတ်မြောက်ရေး အတွက် မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ညနေ ၆း၃၀ ၀န်းကျင်အချိန်တွင် ချီတတ်ဆန္ဒပြနေကြောင်း သိရှိရသည်။ ချီတတ်ဆန္ဒပြရာတွင် အာဏာပိုင်များမှ လမ်းများ ပိတ်ဆို့ ထားသဖြင့် မြို့တွင်းသို့ လှည့်လည်နိုင်မည်မဟုတ်ကြောင်းလဲ သိရှိရသည်။
တရုတ်က ဂျပန်သံအမတ်ကိုခေါ်သတိပေး၍ ပိုင်နက်အငြင်းပွားကျွန်းသို့စစ်သဘောင်္နှစ်စင်းစေလွှတ်
တရုတ်နှင့်ပိုင်နက်အငြင်းပွားနေသော ကျွန်းများကို ဂျပန်အစိုးရကဝယ်ယူမည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံဘေဂျင်းရှိ ဂျပန်သံအမတ်ကို တရုတ်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီး ပိုင်နက် အငြင်းပွားဒေ သသို့ တရုတ်စစ်သဘောင်္ နှစ်စင်းကိုစေလွှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ ဆင်ဟွာ သတင်းတွင်ဖော်ပြထားသည်။
ဒေးဗစ်ထန်း သွင်းဂိုးဖြင့် စင်ကာပူကို သရေကျသည့် မြန်မာ
စက်တင်ဘာ ၁၁ရက်နေ့ ညနေပိုင်းက ရန်ကုန်၊ သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် မြန်မာနှင့် စင်ကာပူ တို့၏ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာနှင့် စင်ကာပူတို့ တစ်ဖက် တစ်ဂိုးစီ သရေပွဲ အဖြစ် ပြီးဆုံးခဲ့သည်။
““ကလေးမြို့ နိုင်ငံတော်သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်ရသော်လည်း ကင်တားနားအမည်သုံးစွဲခွင့်မပေး””
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ကလေးမြို့၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင် ကျင်းပ  ပြုလုပ်သွား မည်ဖြစ်ပြီးဆန္ဒဖော်ထုတ်ရာတွင် ဦးသိန်းစိန်ဟု သုံးစွဲခွင့်မပေးဘဲ နိုင်ငံတော် သမ္မတဟုသာ သုံးစွဲရမည်ဖြစ်ကာ ကင်တားနားအမည်ကိုလည်း သုံးစွဲခွင့်မပြု ကြောင်း သိရသည်။
ခွင့်ပြုမိန့်ကို ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက
စက်တင်ဘာ ၁၀ ရက်နေ့တွင် ချပေးခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်စီတန်း လှည့်လည်မည့် လမ်းကြောင်း လျှော့ပေးရခြင်းနှင့် ဟောပြော မည့်ပုဂ္ဂိုလ် အရေအတွက် လျှော့ပေးရခြင်းတို့သာရှိခဲ့ပြီး ဦးသိန်းစိန်နှင့် ကင်တားနားတို့ အမည်များ မသုံးစွဲရသည်မှအပ အခက်အခဲသိပ်မရှိကြောင်းသိရသည်။
ကလိုထူးဘောကရင်အစည်းအရုံး(KKO) နှင့်ပတ်သက်၍ နာယကကြီး ဗိုလ်ချုပ်စောလားပွယ်၏ သဘောထားထုတ်ပြန်ချက်
ရေရှားပါးမှုက ကမ္ဘာကြီးမငြိမ်မသက်ဖြစ်အောင် ခြိမ်းခြောက်ဟု ကုလသမဂ္ဂသတိပေး
အလွန်အမင်းဆိုးရွားလာသည့် ရေရှားပါးမှုအကျပ်အတည်းသည် ကမ္ဘာကြီးမငြိမ်မသက်ဖြစ်စေရန် ခြိမ်းခြောက်လျက်ရှိရာ အဆိုပါကိစ္စကို လုံခြုံရေးကောင်စီနှင့် ကမ္ဘာ့ခေါင်းဆောင်များ ဦးစားပေးဖြေ ရှင်းရမည်ဖြစ်သည်ဟု ကုလသမဂ္ဂပညာရှင်များအဖွဲ့က အစီရင်ခံစာတစ်ရပ်ထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကရေးသားဖော်ပြသည်။
ဒေါက်တာ အေးမင်းနှင့် မိုးသီးဇွန် .... NLD လူကြီးများအား ဂါရ၀ပြု
ဒေါက်တာ အေးမင်းနှင့် မိုးသီးဇွန် .... NLD လူကြီးများအား သွားရောက် ဂါရ၀ပြုကြကြောင်း သိရှိရပါသည်။
အိမ်ဖော်မလေး သေဆုံးတဲ့အမှုအား လူသေမှုမှ လူသတ်မှု သို့ပြောင်း
အိမ်ဖော်မလေး သေဆုံးတဲ့အမှုမှာ MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန် ကို သေမှုသေခင်းဖြင့် အမှုဖွင့်ရာမှ လူသတ်မှုသို့ပြောင်းလဲ အမှုဖွင့်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အိမ်ဖော်မလေး အလောင်း အားဆေးစစ်ရာမှ ဆေးစစ်ချက်များအရ ဒဏ်ရာကြောင့် သေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက် လူသတ်မှု သို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။မေဇွန် (ခ) မျိုးဇာနည်ဇွန်မှာ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် လျာထားခြင်းခံထားရသူဖြစ်ကြောင်း စုံးစမ်းသိရသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ  ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့  မြန်မာအမျိုးသမီးငယ် ၄၂ ဦးကို   ထိုင်းရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့  ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။
ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအြဖစ် ခိုင်းစေခံနေရြပီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ဆက်သွယ် တောင်းဆိုလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှာ အဲဒီ ဘန်ဂလိုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
တိုင်းပြည်ကို ဘယ်လို ဒီမိုကရေစီ ပုံစံမျိုး တည်ဆောက် သင့်ပါသလဲ
ဒီမိုကရေစီ ဆိုတာ လူတိုင်း လိုချင် တောင့်တ နေတဲ့ အုပ်ချုပ်ရေး စနစ်ပါ။ ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ ဟာ ဆိုကရေးတီး၊ ပလေတို၊ အရစ္စတိုတယ် စတဲ့ အတွေးအခေါ် ပညာရှင်ကြီးတွေ လက်ထက် ( လွန်ခဲ့တဲ့   နှစ်ပေါင်း ၂၄၀၀ ကျော်) လောက်ကတည်းက ပေါ်ပေါက် လာခဲ့ပြီး ကမ္ဘာ့ နိုင်ငံများ အသုံးပြု လာခဲ့ပါတယ်။
၈၈မျိုးဆက်ကျောင်းသားများ ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPPနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောထားထုတ်ပြန်ချက်တစ်ခု ပူးတွဲ ထုတ်ပြန်
၁၀၊၉၊၂၀၁၂ နေ့က ကိုမြအေးဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ သို့ရောက်ရှိကြသည်။၁၁၊၉၊၂၀၁၂နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPPနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောထားထုတ်ပြန်ချက်တစ်ခုကို ပူးတွဲထုတ်ပြန်ကြေညာလိုက် သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP မှ
၁။ ခူဒယ်နီရယ် - ပါတီဗဟိုကော်မတီဝင်၊ ဆက်ဆံရေးတာဝန်ခံ
၂။ ခွန်းစမ်းရှိုင်း - တွဲဖက်တာဝန်ခံ
၃။ အေးမွန် - ရုံးဝန်ထမ်း တို့ တက်ရောက်ခဲ့ကြပြီး၊
ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲဆိုထားသည့် အန်အယ်လ်ဒီ အမတ် ဒေါ်ဖြူဖြူသင်းအား ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှ အနိုင်ပေးလိုက်ပြီ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားမဲ့ပြုကျင့်ကာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် တရားစွဲ ဆိုခြင်း အားပြည်ထောင် စုရွေးကောက် ပွဲကော် မရှင်ခုံရုံးမှ စက်တင်ဘာ ၁၁ရက် တွင် အနိုင်ပေး လိုက်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင် ရောက်အရွေးခံခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်ပါတီမှဒေါ်ဖြူဖြူသင်း အားပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါ်လဲ့လဲ့ဝင်း ကတရားမဲ့ပြုကျင့် ကြောင်းစွဲ ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အရပ်သားအဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပ ။
အရပ်သားအဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် ကို (၁၁-၉-၁၂) နေ့ နံနက် (၉)နာရီ အချိန်မှစ၍ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပန်ဒါ ဟိုတယ် အထပ်(၁၂)ခန်းမဆောင်တွင် စတင် ကျင်းပခဲ့သည်။
""ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ""
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိ-တိုင်းရင်း သားလဲ မဟုတ်-  အမေရိကပြည်ထောင်စု မှာ ပြောပြီအမေရိကပြည်ထောင်စုအစိုးရက ( Managing Media  and Rupblic )
အစီအစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။
""နော်ဝေးကို ကူးစက်သွားပြီဖြစ်တဲ့ ဘင်္ဂါလီမီး ""
နော်ဝေးနိုင်ငံ အခြေဆိုက် အစ္စလာမ္မစ် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အန်ဆာ-အယ်-ဆွန်နားအဖွဲ့ က သူတို့လို   ပြည်တွင်းနေ မုတ်စ်လင် တွေအနေဖြင့် ရှားရီးယား ဥပဒေနဲ့ အညီ လွတ်လပ်စွာ နေထိုင်နိုင် ရန်အတွက် မြို့တော် အော်စလို ကို အပိုင်းခွဲပြီး သူတို့အတွက်သီးခြား နိုင်ငံသတ် မှတ်ပေးဖို့နဲ့ မလိုက်လျှောပါက အမေရိကန်နိုင်ငံ မှာလူပေါင်း သုံးထောင်နီးပါး သေဆုံးခဲ့ရတဲ့ နိုင်းအီလဲဗင်း အကြမ်းဖက်မှု လိုမျိုး နော်ဝေးနိုင်ငံကို လက်စားချေ တိုက်ခိုက် သွားမယ်လို့ နော်ဝေအစိုးရကို   ငြိမ်းချမ်းစွာ တောင်းဆို လိုက်ပါတယ်။
သစ္စာမဲ့အမျိုးသမီးများစာရင်းမှာ ထိုင်းနဲ့မလေး ထိပ်တန်းကပါဝင်
ကွန်ဒွန်ကုမ္ပဏီ Durex ရဲ့ စစ်တမ်း ကောက်ချက်အရ သစ္စာမရှိဆုံး အမျိုးသမီးတွေစာရင်းမှာ   မြန်မာပြည်ရဲ့  အိမ်နီးချင်းတိုင်းပြည်တွေ ပါဝင်နေတယ်လို့ မနေ့ကနဲ့ဒီကနေ့    တက်လာတဲ့ သတင်းတွေက ဆိုပါတယ်။
ထိပ်ဆုံးမှာ ဗိုလ်စွဲသူကတော့ အာဖရိကတိုက် ဂါနာနိုင်ငံက အမျိုးသမီးများ
 ဖြစ်ပါတယ် တဲ့။
အဆင့် ၁။ ဂါနာ
အဆင့် ၂။ ထိုင်း
အဆင့် ၃။ မလေးရှား
အဆင့် ၄။ ရုရှား
အဆင့် ၅။ စင်္ကာပူ
စစ်တွေတွင် လူငယ် တစ်ဦးကို သေနတ်ပစ် ဖမ်းဆီးပြီး ရိုက်ပုတ်ရာမှ လုံထိန်းနှင့် ရပ်ကွက်သားများ စကားများ
စစ်တွေမြို့တွင် အချိန် ၇ နာရီကျော်ပြီးမှ  ဆေးရုံက ပြန်လာသူ လူငယ် တစ်ဦးကို လုံခြုံရေး  တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ရမိပြီးနောက် ရိုက်ပုတ် ထိုးကြိတ် သဖြင့်
 ရပ်ကွက်နေ လူထုနှင့် လုံခြုံရေး ယူထားသူ လုံထိန်းတပ်ဖွဲ့အကြား ပဋ္ဋိပက္ခ ဖြစ်ကာ အခြေအနေ တင်းမာခဲ့သည်ဟု သိရသည်။
ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ် ဆေးလိပ်မသောက် ကွမ်းမစားရဇုန် သတ်မှတ်
ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်၌ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရဇုန်အဖြစ် သတ်မှတ်ထားပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ စေတီတော် ရင်ပြင်ပေါ် တွင် ဂေါပကရုံး ဝန်ထမ်းများက အသံချဲ့စက်များဖြင့် ဆေးလိပ်မသောက်ရန်၊ ကွမ်းမစားရန် တားမြစ်သတိပေး လျက်ရှိသည်။   ဆေးလိပ်သောက်သူ၊ ကွမ်းစားသူများ တွေ့ရှိပါက ယင်းသို့ မပြုလုပ်ရန် ရှင်းလင်းပြောကြား ပေးလျက်ရှိသည့် အပြင် လိုဂိုများဖြင့်လည်း ချိတ်ဆွဲ အသိပေး ထားသည်။ စေတီတော် ရင်ပြင်ပေါ်သို့ လာရောက်ကြသော ဘုရားဖူး ပြည်သူများ အနေဖြင့် စေ တီတော် ရင်ပြင်ကို သန့်ရှင်းစင်ကြယ် စေရန် တားမြစ်ချက် တို့ကို လိုက်နာ ကြခြင်းဖြင့် ကုသိုလ်ယူကြစေ လိုကြောင်း အသိပေး နှိုးဆော်ထားသည်။
" အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင် "
Facebook ဆိုရှယ် နက်ဝပ် သုံးစွဲ သူမျာuးser အနေဖြင့် မိမိတို့၏ Facebook User Account   များကိုသုံးစွဲရာတွင် အများသုံး   ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာ များတွင် သုံးစွဲ ခြင်းဖြင့်Hack ခံရမှု အန္တရာယ် ပိုမိုနီးစပ် ကြောင်း သိရှိရသည်။
အ များသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံး စွဲသူများ၏Facebok အကောင့် များကိုHack ပြုလုပ်ရန်  အတွက် ပိုမိုလွယ်ကူပြီး ထိုသို့Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများလည်းရှိကြောင်း သိရှိရသည်။
ဘယ်သူ့မှာ တာဝန် ရှိသလဲ
အသက်ကယ် အရေးပေါ်လှေခါးပေါ် ဖုန်းတက်ပြောခါမှ ပြုတ်ကျသေရတာ ဘယ်သူ့အပြစ်လဲ။ ရန်ကုန်နဲ့ စိမ်းတဲ့သူတွေ အတွက်တော့ အိမ်ထဲမှာ မပြောဘဲ ရှည်ချင်ဦးလေလို့ ထင်စရာ ရှိပေမယ့် ကျွန်တော်တို့ အမြင်မှာတော့ တစ်မျိုးပါ။
အလုံမြို့နယ်ဟာ နာမည်နဲ့လိုက်အောင် လုံနေပြီး ဖုန်းလိုင်း အတော့်ကို မမိပါဘူး။ အိမ်မှာလည်း ဘယ်သူမှ မရှိတဲ့အတွက် သူ့အနေနဲ့ တခြားအကြောင်းနဲ့ အဲဒီနေရာမှာ ထွက်ပြောစရာ မရှိပါဘူး။ ဒါကြောင့် ဆက်သွယ်ရေး အနေနဲ့ တိုက်ရိုက်မဟုတ်တောင် ဒီအမှုဖြစ်မြောက်စေသူထဲ သွယ်ဝိုက်ပြီးတော့ ပါနေတယ်လို့ ထင်ပါတယ်။
မစားကောင်းသော အသီး
ဗီလိမ် သရုပ်ဆောင် ဦးကျောက်လုံးကို မှတ်မိကြလိမ့်မည်။ သူ့ရဲ့ ခနဲ့တဲ့တဲ့စကားတွေ၊ ယုတ်မာမှုတွေနှင့် အမြင်ကပ်နိုင်စွမ်းရှိအောင် လုပ်နိုင်သည့် သူ့အမူအယာတွေက တခေတ်မှာ တယောက်၊ အသိအမှတ်ပြုရမည်။ ရုပ်ရှင်ကားကို မမှတ်မိ။ ဇာတ်ဝင်ခန်းတခုမှာ မင်းသမီးကြီး ဒေါ်စံရှားတင်က   သေနတ်ကြီး တကားကားနှင့် ဒေါသူပုန်ထနေသည်။ ဦးကျောက်လုံးကထုံးစံအတိုင်း သောက်မြင်စ ရာကောင်း  သည့်မျက်နှာပေးဖြင့်
ဒေါ်စံရှားတင် ခင်ဗျားမှာလည်း ရှုပ်ရှုပ်ရှက်ရှက်- ခင်ဗျားသေနတ်ကြီး ဘေးဖယ်ထားလိုက်စမ်းပါဗျာ။ ဒီမယ် ဒီမယ် သေနတ်ဆိုတာ ပစ်တတ်မှ ကိုင်ရတယ် ဗျ တဲ့ သေနတ်ဆိုတာ ပစ်တတ်မှ ကိုင်ရသတဲ့။
ဒါဖြင့် သေနတ်လည်း မပစ်တတ်၊ ရည်းစာလည်းမပေးတတ်သည့် သူတွေကို ဘယ်လိုပြောရမည်မသိ။
ဇာတ်လမ်းအဆုံးသတ်ခါနီးကို စပြီးပြောမှ ယ္ခုမြင်နေရသည့်မြင်ကွင်းကို ဇာတ်ရည်လည်တော့မည်။
တရုတ်အစိုးရ လိုလားသူတွေ ဟောင်ကောင်မှာ အနိုင်ရ
ဟောင်ကောင်ဥပဒေပြုကောင်စီ ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံကို လိုလားတဲ့အစိုးရက အနိုင်ရ သွားပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အပါအ၀င် အနာဂတ် မူဝါဒ ချမှတ်တာတွေကို ကန့်ကွက်ပယ်ချနိုင်တဲ့ ကိုယ်စားလှယ် အရေအတွက်ကို ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေက ရသွားပါတယ်။
ဒုတိယမြောက် အငြင်းအခုံ
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ဩဂုတ်လ အတွင်းက အခြေခံ ဥပဒေ ခုံရုံး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များကြား စတင် ဖြစ်ပေါ် လာခဲ့သော သဘောထား ကွဲလွဲ တင်းမာမှုသည် ယခုအခါ အရှိန် ပိုမြင့်မား လာနိုင် သည့် အခြေအနေ တစ်ခု ထပ်မံ ဖြစ်ပေါ်လာလျက် ရှိသည်။
ဘင်္ဂလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မကို ထောက်ခံ သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ကလေးမြို့တွင် ပြုလုပ်မည်
ဘင်္ဂလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ပြောကြားသည့် စကားများကို   ထောက်ခံဆန္ဒပြပွဲ တစ်ရပ်ကို စစ်ကိုင်းတိုင်ဒေသကြီး ကလေးမြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့ တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 
ချင်းနွယ်ဖွား အမျိုးသမီးတာဇံ ချိုင်ဒီ
ရုပ်ရှင်တွေထဲမှာသာ လူတွေကြားသာကြားဖူးပြီး မမြင်ဘူးတဲ့ တာဇံအကြောင်းပါ။ အခုတင်ပြမှာကတော့ အမျိုးသမီး တာဇံ အကြောင်းပါ။ သူ့နံမည်က ချိုင်ဒီလို့ ခေါ်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဒေသက ချင်း တိုင်းရင်းသားအုပ်စုတခုက ပေါက်ဖွားလာသူဖြစ်ပါတယ်။
ချိုင်ဒီ ဆိုတဲ့ အမျိုးသမီးတာဇံကို ဘယ်လိုဖြစ်ပြီး ဘယ်လို လူတွေက တွေ့သလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ပိုစိတ်ဝင်စားဖို့ ကောင်းတာက တာဇံအမျိုးသမီးဟာ မြန်မာနိုင်ငံဘက်မှာ တွေ့ခဲ့ရတာကြောင့်ပါ။
တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့ အငြင်းပွား ကျွန်းပိုင်ဆိုင်ရေး လှုပ်ရှားမှုများ ပိုမိုအရှိန်မြှင့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကျွန်းပိုင်ဆိုင်မှု အငြင်းပွားလျက် ဆက်ဆံရေး တင်းမာနေခြင်းအပေါ် ညှိနှိုင်းဆွေးနွေး သည်းခံကြရန် တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့အား   ပြောကြားအပြီး ရက်ပိုင်းအကြာတွင် အဆိုပါနှစ်နိုင်ငံက ကျွန်းပိုင်ဆိုင်ရေး ပြိုင်ဆိုင်မှုကို ပိုမိုအရှိန်မြှင့်လိုက်ကြသည်။
မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းကြောင့် သိမ်းဆည်းခံ ထားရသည့် ယာမြေများ ပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ရွှေလှေနှင့် ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၂ ဦး အား စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း တွင် မုံရွာ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေး အဖွဲ့အစည်း လေးခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဆောင်ရွက်သွားမည်
ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေး အဖွဲ့အစည်း ၄ခုအား ကော်ပိုရေးရှင်းအဖြစ်   ပြောင်းလဲ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် ၏ ပြောကြားချက်အရ သိရပါသည်။ ယင်းသို့ ကော်ပိုရေးရှင်း အသွင်ပြောင်းလဲ လုပ်ဆောင်မည့် စီးပွားရေးအဖွဲ့အစည်း ၄ခုမှာ မြန်မာ့လေကြောင်း၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းနှင့် ပြည်တွင်း ရေကြောင်းတို့ဖြစ်သည်။
ယုဇနကုမ္ပဏီက တရားစွဲဆိုထားသူများ၏ မြေဧက(၁၀၀၀)နီးပါးအား ပြန်ပေး
ယုဇနကုမ္ပဏီကို တရားစွဲဆိုထားသည့် တောင်သူများ၏ လယ်ယာမြေဧက (၁၀၀၀)နီးပါးကို ယုဇနကုမ္ပဏီ ပိုင်ရှင်က စက်တင်ဘာ (၁၀)ရက်နေ့က  ပြန်လည်ပေးအပ်လိုက်ပြီဖြစ်သည်။
“ ဒီယုဇနက ဆောင်ရွက်ပေးမဲ့သူနဲ့ တိုက်ရိုက်ချိတ်ပေးတယ်၊ ဦးဋ္ဌေးမြင့်က မကျေနပ်တာရှိရင် အချိန် မရွေး ပြန်ပြောဖို့ ပြောပါတယ်၊ တစ်ရက်နှစ်ရက်နေရင် သိမ်းဆည်းခံ လယ်မြေတွေသွားကြည့်မယ်၊ ဦးဋ္ဌေးမြင့်ကတော့ တောင်သူကော်မတီဖွဲ့ဖို့လည်း အကြံပေးထားတယ်”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြသနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ
ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု ပြသနာများမှာ နယ်စပ်ဒေသများတွင်သာ အများဆုံးဖြစ်ပွားနေပြီး   မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနည်းပါး နေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။
“ငွေစက္ကူအတုတွေ အများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကို အကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်း အရ ညွှန်ကြားထားတာတွေ ရှိ ပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိတွေ့နေရတာက သာမန်တွေ့ ရှိမှုပါ။ သာမန်ထက်ပိုလာလို့ အလုံးအရင်းတွေ့လာပြီဆိုရင် လက်ရှိ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း ထက်ပိုပြီး စုံစမ်းစစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုး ရိမ်စရာမဟုတ်သေးတဲ့ အတွက် ဗဟိုဘဏ်အနေနဲ့ အထူးတလည် စီစဉ်မှု မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်။
ဘာစီလိုနာဘောလုံးအသင်း ဝတ်စုံအရောင် ပြောင်းလဲဖွယ်ရှိ
ရာစုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့သည့်နောက် ဘာစီလိုနာ ဘောလုံးအသင်းသည် ၎င်းတို့၏ ဂျာစီအရောင်ကို အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အနီနှင့် အပြာရောင် အကျားဖြစ်သော ဂျာစီကိုသာ အစဉ်တစိုက် ဝတ်ဆင်ခဲ့သော ဘာစီလိုနာသည် လာမည့်ရာသီမှ အစပြုကာ ရွှေရောင်နှင့် အနီရောင် အကျား ဂျာစီကို ဝတ်ဆင်ဖွယ် ရှိနေကြောင်း Sportသတင်း ဌာနက ဖော်ပြခဲ့သည်။
စစ်တွေတက္ကသိုလ် ဆရာ၊ဆရာမများ လစာဖြတ်တောက် ခြင်း ကိစ္စမေတ္တာရပ်ခံစာ သမ္မတထံပို့
တက္ကသိုလ်ဆရာ၊ဆရာမများအသင်း ( ရန်ကုန်တက္ကသိုလ် ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ် )မှ စစ်တွေတက္ကသိုလ်ရှိ ဆရာ၊ဆရာမများအား လစာ ဖြတ်တောက်လိုက်ခြင်းနှင့် ပတ်သတ်သည့် မေတ္တာ ရပ်ခံလွှာတစ်စောင်အား ယနေ့ ထုတ်ပြန် လိုက်ကြောင်းသိရသည်။
မိုးထိမိုးမိဒေသမှ BLACK LIST မကြောက်သည့် ကုမ္ပဏီကြောင့် အခက်အခဲများရှိနေဆဲ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသတွင် ရွှေလုပ်သားများ လုပ်ကိုင်သည့်   ရွှေ့ပြောင်း ထားသော ရွှေကြိတ်စက် (ဗြုန်းကြိတ်စက်)တစ်ချို့ သတ်မှတ်ရက်အတွင်းပြန်လည် လည်ပတ်ခွင့်မရသော ကြောင့် စက်ပိုင်များနှင့် ဗြုန်းလုပ်သားများ အဆင်မပြေဖြစ်နေကြောင်း   ရွှေလုပ်သားတို့က ဆိုသည်။
""မလေးရှားနိုင်ငံရှိ Apple စက်ရုံမှ မြန်မာအမျိုးသမီး လုပ်သားများ ခေါ်ယူနေပြီ""
မလေးရှားနိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင်
အလုပ်လုပ် ကိုင်ရန် မြန်မာ အမျိုးသမီး လုပ်သား များအား ခေါ်ယူနေလျက်ရှိကြောင်း တာမွေမြို့နယ် အခြေစိုက် မြန်မာ လုပ်သားစီ မံခန့်ခွဲမှုဆိုင်ရာ ဝန် ဆောင်မှုကုမ္ပဏီကတာဝန်ရှိသူ တစ်ဦး၏   ပြောကြားချက်အရ သိရ သည်။
အိုင်ဖုန်း(Apple) စက်ရုံ တွင် အလုပ်လုပ်ကိုင်မည်ဆိုပါက လစာ ၅၆၄ ရင်းဂစ် ရရှိမည်ဖြစ်ပြီး တစ် ရက်စာ လစာမှာ ၂၁ ရင်းဂစ်ရရှိ မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ “OT ကြေးလဲရှိတယ်။ OT ကြေးကတော့ ဘယ်လောက်ရ တယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူ တည်တယ်။ နာရီပိုင်းပဲ လုပ်မယ် ဆိုရင် နာရီပိုင်းစာပဲရမယ်၊ တစ်ရက် လုံးလုပ်မယ်ဆိုရင် တစ်ရက်စာ ၂၁ ရင်းဂစ်ရမှာပါဟု ၄င်းကဆက် လက်ပြောသည်။
ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ
မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က လာမည့် အောက်တိုဘာတွင် နိုင်ငံတကာ ခရီးစဉ် များတိုးချဲ့ပျံသန်းရန် အတွက် ဘူဂေးရီးယား နိုင်ငံမှ ငှားရမ်းလိုက်သော အဲဘတ်စ် လေယာဉ် နှစ်စင်း သည် ရန်ကုန် မြို့သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း (MAI) မှ ပြောရေးဆိုခွင့်ရှိ သူ ဒေါ်အေးမရသာ က The Voice Weekly သို့ ပြောကြားသည်။
မြန်မာ စတော့ရှယ်ယာ ဈေးကွက် ၂ နှစ်အတွင်း အကောင်အထည် ဖော်မည်
နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် စတော့ရှယ်ယာ ဈေးကွက်ကို မြန်မာနိုင်ငံ၌ လာမည့် ၂၀၁၄ ခုနှစ်တွင် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အပြီးသတ် ရေးဆွဲကာ စတင် အကောင် အထည်ဖော် သွားတော့မည် ဖြစ်ကြောင်း Myanmar Securities Exchange Centre မှ အမှုဆောင် ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။
စက်တင်ဘာလ ၃ ရက်နေ့က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနတွင်ပြုလုပ်သော ငွေကြေး ဝန်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အခမ်းအနားတွင် 'Capital Market Development in Myanmar' ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားရာတွင် ၎င်းက အထက်ပါ အတိုင်းပြောကြား လိုက်ခြင်းဖြစ် သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆုအား သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အားပေးအပ်ရန် ဦးဥာဏ်ဝင်းနှင့်ဆွေးနွေး
ဟားဗတ်တက္ကသိုလ်(Schlor)များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Tran Nhan Tong Academy မှကိုယ်စားလှယ် Mr.Dam Duc Anh သည် ၁၀.၉.၂၀၁၂ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား လာရောက်တွေ့ဆုံပြီး Tran Nhan Tong Reconciliation prize,2012အား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား    ပေးအပ်မည့်အကြောင်း လာရောက်ဆွေးနွေးခဲ့သည်။
ယမန် ယမန် နေ့က ဖမ်းဆီးခံရသူ မသွဲ့သွဲ့ဝင်းနှင့် မအေးနက်အားထောင်ကြီးချုပ်သို့ ပြောင်းေ၇ွှ့
မသွဲ့သွဲ့ဝင်းနှင့် မအေးနက်အားထောင်ကြီးချုပ်သို့ ပြောင်းေ၇ွှ့ပို့ဆောင်ထားကြောင်းနှင့် ကျန်သူ များဖြစ်သည့်   မမိရွှေ၊ မဖြူဖြူဝင်း၊ မစန်းစန်းလှ၊ မစန်းဝင်း၊ မ၀င်းမာ၊ မမဲတူ၊ မစန်းစန်းလှ၊ စန်းစန်းဝင်း၊ ဒေါ်သန်းမီ၊ မ၀င်းမာ၊ မမဲတူ၊ မမာမာအေး၊ ဒေါ်မိဖြူ၊ မညိုစန်းအား ဒီနေ့ မနက်တွင် လွှတ်ပေးကြောင်းနှင့် လွှတ်မြောက်လာသူများထဲတွင် အချို့မှာ ဆံပင်များ စောင့်ဆွဲခံရခြင်း ရိုက်နှက်ထားခြင်းများ တွေ့ရှိရဟု သိရှိရပါသည်။
မီဒီယာ ဥပဒေမူကြမ်းသစ်ရေးဆွဲဖို့ ပြန်ကြားရေးဝန်ကြီးသစ်ပြင်ဆင်
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်က ရေးဆွဲထားခဲ့တဲ့ မီဒီယာဆိုင်ရာ ဥပဒေမူကြမ်းကို အသုံးမပြုတော့ပဲ ဥပဒေသစ် အစကနေ ပြန်ရေးဆွဲဖို့ ပြန်ကြားရေး ၀န်ကြီးအသစ်ကစီစဉ်နေပြီဖြစ်  ပါတယ်။ သတင်းမီဒီယာလောကမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ မကြာခင်မှာ ဖွဲ့စည်းတော့မယ့် စာနယ်ဇင်းကောင်စီကနေ ဦးဆောင်ပြီး အဲဒီ မီဒီယာ ဥပဒေမူကြမ်းကို   ရေးဆွဲကြမှာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးက သတင်း မီဒီယာလောကက တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လိုက်လံတွေ့ဆုံပြီး အခုလို စီစဉ်နေတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
လွိုင်ကော်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
လွိုင်ကော်မြို့ ၊ နောင်ယားရပ်ကွက် မှာနေတဲ့ ဦးခင်မောင်စိုးနေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ တယ်လို့နောင်ယားရပ် ကွက်မှာနေထိုင်တဲ့သူတစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။
ဦးခင်မောင်စိုးဟာ စိတ်ကြွဆေးပြားတွေကိုရောင်းချနေသူဖြစ်ကြောင်းနဲ့ တာဝန်ရှိတဲ့ ပြည်သူ့ရဲတွေကနေ ဖမ်းဆီးလိုက်တဲ့အတွက် ပြည်သူတွေကို ဒုက္ခပေးမယ့် မူးယစ်ဆေးဝါးအန္တရာယ်က ကင်းဝေးသွားပြီဆိုတဲ့ အကြောင်းထပ်ပြောပါတယ်။ ရူးသွပ်စိတ်ကြွဆေးပြားပေါင်း ၆၀၀ကျော်နဲ့ ရောင်းထားလို့ရတဲ့ငွေ ၂၄ သိန်း လောက် သိမ်းဆည်းရမိတယ်လို့ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်လို့ဒေသ ခံတစ်ဦးကို မေးကြည့် တဲ့အခါ.
အမျိုးသားရေးလှုပ်ရှားမှုအဖြစ်ပြောင်းလဲလာတော့မည့် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း
လက်ပန်တောင်းတောင်ကြေးနီသထ္တုတွင်းစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကြောင့် ဒေသခံပြည်သူလူထုနှင့်   ကျေးရွာများ ပျက်စီးဆုံးရှုံရခြင်းမှာ မြန်မာတစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် သဘာ ၀တောတောင် ရေမြေများပျက်စီးဆုံးရှုံးနေခြင်းကို အချိန်မှီကာကွယ်နိုင်ရန်  မြန်မာပြည်သူအပေါင်းမှ လက်မှက်ရေးထိုး တောင်းဆိုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်က သိရသည်။
“ကျွန်တော်တို့ အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ်နဲ့ တစ်ပြည်လုံး အတိုင်းအတာ လက်မှတ်ထိုး လှုပ်ရှား   ဆောင်ရွက်မှုတွေကို စတင် ဆောင်ရွက်ပါပြီ။ နိုင်ငံတော်သမ္မတဆီကို ဒီလက်မှတ်တွေ တင်ပြပြီး စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုသွားမှာပါ ” ဟု မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံကိုဟန်ဝင်းအောင်က ပြောသည်။
ကျွန်ုပ် နှင့် နိုင်ငံရေး
ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ ဆရာကြီးဦးညာဏ၏ အတတ် လက်ရာကောင်း ဆောင်းပါးတပုဒ်ရဲ့ “ကျွန်ုပ်နှင့် နိုင်ငံရေး”ဟူသော ဆောင်းပါး ကို ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ ရှုဒေါင့်ဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ   ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများ ဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီပေးလိုက်ပါ ပါသည်။ (ဟေသီမိုး)
ရှုဒေါင့်ဂျာနယ်အမှတ် ( ၁၀)၊ ၁၃၃၁-ခု ၊ ဝါခေါင်လဆန်း( ၂ )ရက်။ ၁၅.သြဂုတ်. ၁၉၆၉။ စာမျက်နှာ ၃၀-၃၁-၃၈မှ။
အနောက်နိုင်ငံနဲ့ အမေရိကန်က ကုမ္ပဏီတွေ ဘာလို့ မြန်မာပြည်မှာမှာ တိုက်ရိုက်ရင်းနှီးမြုပ်မှု သိပ်မလုပ်ကြသေးသလဲ
အနောက်နိုင်ငံနဲ့ အမေရိကန်က ကုမ္ပဏီတွေ ဘာလို့ မြန်မာပြည်မှာမှာ တိုက်ရိုက်ရင်းနှီးမြုပ်မှု သိပ်မလုပ်ကြသေးသလဲဆိုတာ သိကြမှာပါ??? ရင်းနှီးမြုပ်နှံမှု ဥပဒေ (Investment Law) မထွက်သေးတာက တစ်ကြောင်းပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံကို သူတို့တွေက အိမ်နီးချင်း ထိုင်းနိုင်ငံမှ တစ်ဆင့် Export လုပ်လို့ကောင်းတဲ့ Export Market တစ်ခုအနေနဲ့ပဲ မြင်ကြသေးတယ် ဆိုတာပါပဲ။ တိုက်ရိုက်ဝင်ရောက် ရင်းနှီးမြုပ်နှံကြဖို့ မစဉ်းစားကြသေးပါဘူး။ ထိုင်းနိုင်ငံကနေ Operation ထိုင်ပြီးတော့ သူတို့ရဲ့ ကုန်ပစ္စည်းကို မြန်မာဈေးကွက်ထဲမှာ (Agents သို့မဟုတ် Distributors) တွေကနေ တစ်ဆင့် ဘယ်လို ၀င်ရောက်ထိုးဖောက်မလဲလို့ပဲ ခပ်ပေါ့ပေါ့ စဉ်းစားကြသေးတယ်။
ပျောက်ဆုံးနေတဲ့ မြို့တော်
စိတ်ဝင်စားမိတဲ့အကြောင်းအရာထဲကတစ်ခုမို့ လက်လှမ်းမီသလောက်အကြောင်းအရာတွေစုစည်းပြီး   ရေးလိုက်ပါတယ်။
------------------------------------------------------------------
The Atlanta ဆိုတဲ့ရှေးမြို့ဟောင်းအကြောင်း ကြားဖူးပါတယ်..။
ဒီမြို့တော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ကျော် (BC ၉၆၀၀) ခန့်တုန်းက Pillars of Hercules
(ယခုခေတ် ဂျီဘရော်တာ ရေလက်ကြားဖြစ်ပေါ်စေသောကုန်းမြေမြင့်ထိပ်) ရဲ့
အနောက်ဖက်ယွန်းယွန်းမှာ ရှိခဲ့တယ်လို့ ယူဆကြတဲ့ ရှေးခေတ်ရဲ့ အသိဥာဏ်ပိုင်းနဲ့
နက်နဲမှုတို့နဲ့အတူပျောက်ဆုံးနေတဲ့မြို့တော်ဖြစ်တယ်။
 တည်နေရာမှန်းဆချက်ဂြိုလ်တုဓါတ်ပုံ
ဒီသမိုင်းကြောင်းကိုပြောတဲ့အခါ ချန်လှပ်ထားလို့မရတဲ့လူနှစ်ယာက် ရှိနေပါတယ်။ပထမ
တယောက်ကတော့ဂရိကဗျာစာဆိုဟိုးမား (Homer) ဖြစ်ပါတယ်။ဟိုးမားကိုဘီစီ ၈ ရာစုနှစ်
လောက်မှာမွေးဖွားခဲ့တယ်လို့ ယူဆကြပါတယ်။သူရေးခဲ့တဲ့ အီလီယာဒ် (ILIAD) နဲ့ အိုဒက်ဆေ
(Odyssey)ကဗျာရှည်ကြီးနှစ်ပုဒ်ဟာ ကမ္ဘာကျော်ပါတယ်။(အီလီယာဒ် ကဗျာရှည်ကြီးဟာ
ထရိုဂျန်စစ်ပွဲရဲ့နောက်ဆုံးနှစ်အကြောင်း ရေးဖွဲ့ထားတာဖြစ်ပြီး အိုဒက်ဆေ ကတော့ ထရိုဂျန်စစ်ပွဲပြန်
ဂရိသူရဲကောင်းအိုဒက်စီးယူစ် (Odysseus)အိမ်ပြန်ခရီးကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။)
လူကုန်ကူးသူ မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးမိ
ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (MAT) တို့ ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို သောကြာနေ့ ညက ဘန်ကောက်မြို့   တောင်ဘက် စမုတ်ဆောင်ခရမ်ခရိုင်၊ မဲခေါင် တံတားအနီးမှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်၊
အဲဒီမနက်က ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က အသက် ၃၀ အရွယ် ကိုဇော်နိုင်ဦးနဲ့ ကိုဦးဆိုသူတို့က ဆက်သွယ်အကြောင်းကြား လာတာကြောင့် မြန်မာနိုင်ငံသား (၂) ဦးကို ငွေပေးပြီး   ပြန်ရွေးမယ်လို့   ပြောဆိုစီစဉ်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
(၁၁-၉-၂၀၁၂) ရက် မနက်ပိုင်း သတင်းများ
- အယ်ကိုင်ဒါး ဒုခေါင်းဆောင် သေဆုံး  Link
- လူငယ် နိုင်ငံရေး ကာတွန်းဆရာ လွှတ်တော်ကို ဝေဖန်လို့ အဖမ်းခံရ  Link
- လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြ   Link
- ရခိုင်နဲ့ ကချင်အရေးကြောင့် စိတ်အနှောက်အယှက်ဖြစ်    Link
- Bagram ထောင် အာဖဂန်အစိုးရကို အမေရိကန်လွှဲပေး    Link
- ရိုဟင်ဂျာအရေးမကျေနပ်သူ အင်ဒိုနီးရှားအကြမ်းဖက်သမား အဖမ်းခံ   Link
- ပြည်တွင်းတွင် ငြိမ်းချမ်းရေးသင်တန်း HREIB ဖွင့်မည်  Link
- တောင်ပိုင်း SSA/ RCSS နှင့် အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ် click
- တရားရုံးအဆောက်အအုံများ ပုဂ္ဂလိကလွှဲပေးမှု ရှေ့နေများ ကန့်ကွက် click
- ဆရာတော် ဦးဥတ္တမနေ့ ပြည်နယ်အစိုးရ ဦးဆောင်ကျင်းပ click 
- ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးမှု စတင် click 
- ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ခရီးစဉ်အပြီး ဘင်္ဂလာသို့ လာမည် click 
- စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး သတင်းစာဆရာများနှင့် ၀န်ကြီး တွေ့ click 
- စာနယ်ဇင်းကောင်စီသစ်ဖြင့် မီဒီယာဥပဒေ ရေးဆွဲမည် click 
- လိုင်ဇာအနီး 105 မမ ရောက်နေပြီဖြစ်ကြောင်း သမ္မတအား အကြောင်းကြား click
- တရားရုံးအဆောက်အအုံများ ပုဂ္ဂလိကလွှဲပေးမှု ရှေ့နေများ ကန့်ကွက် click 
- ဆရာတော် ဦးဥတ္တမနေ့ ပြည်နယ်အစိုးရ ဦးဆောင်ကျင်းပ click 
- ဒေါ်အောင်ဆန်းစုကြည် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေး click 
- တိုင်းရင်းသားရေးရာညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည် click 
- နိုင်ငံတည်ဆောက်ရေးကွန်ဖရင့် ကျင်းပမည် click 
- ပိုလန်၌ လေ့လာရေးလူငယ်များ ရင်တွင်းစကား တင်ပြခွင့်ရ click 
- ကော့လှိုက်ကျွန်း ကမ်းပါးပြိုသဖြင့် ကိုင်းသမားများ မြေယာမဲ့ဘ၀ တွေ့ကြုံ click 
- ထိုင်းနိုင်ငံမြောက်ပိုင်း သျှမ်း ၄ မျိုး ယဉ်ကျေးမှုဓလေ့ပွဲတော် ချင်းမိုင်၌ ကျင်းပ click 
- ခူးထဲဘူးဖဲ စာပေသင်ကြားရေးကို ကရင်နီလူထုများ ပိုစိတ်ဝင်စားလာ click
- ဒုက္ခသည်စခန်းထဲက အလွမ်း (ဆောင်းပါး) click
ref:dr lunswe
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်
ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ အမေရိကန် လက်ထောက်   နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Joseph Yun တို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ နေရာတွေကို နှစ်ရက်ကြာ သွားရောက် ကြည့်ရှု လေ့လာခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခဒဏ်ကို နှစ်ဖက်စလုံး အကြီးအကျယ် ခံခဲ့ကြရပြီး စာနာမှုကူညီရေး အခြေအနေက လည်း စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ကြောင်း လိုအပ်နေတာတွေကို ချက်ခြင်းအမြန် ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အပြင် ရေရှည်အတွက် အခြေခံကျတဲ့အလုပ်တွေ၊ တည်တံ့ခိုင်မြဲပြီး တရားမျှတတဲ့   ဖြေရှင်းမှုတွေ ချမှတ်ဖို့လည်း လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ Joseph Yun ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စ ဆက်လက် ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ အမေရိကန်သံရုံးမှထုတ်ပြန်ချက်
တရုတ်နိုင်ငံလုပ် ဆန်အတုများ သတိထား ရှောင်ကြဉ်ရန်လို
တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်း လုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Coca Cola အချိုရည် ကြော်ငြာ
ကမ္ဘာအကြီးဆုံး အချိုရည်ထုတ်လုပ်သူဖြစ်တဲ့ Coca Cola ဟာ မြန်မာပြည်အတွင်းမှာ အခုအပတ်ကစပြီး အချိုရည်များ စတင်ဖြန့်ချီနေပြီ ဖြစ်ပါတယ်။ ပြိုင်ဖက် ကုမ္ပဏီဖြစ်တဲ့ Pepsi ကလဲ မြန်မာပြည်မှာ စတင် အပြိုင်အဆိုင် ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများဟာ U.S ရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထား တဲ့ sanctions ဖြေလျော့အပြီးမှ ဝင်ရောက်လာတာဖြစ်ပါတယ်။