Monday 1 February 2016

ဈေးဝယ်သူမလိုချင်လို့ထားခဲ့တဲ့ ထီလက်မှတ်နဲ့ ကန်ဒေါ်လာ ၇ သန်းဆုပေါက်တဲ့ စတိုးဆိုင်ဝန်ထမ်း

ဈေးဝယ်သူ မလိုချင်လို့ ထားခဲ့တဲ့ ထီလက်မှတ်ကို ၀ယ်ယူခဲ့တဲ့ စတိုးဆိုင် ၀န်ထမ်းတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၇ သန်းဆု ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Falls Church မြို့က စတိုးဆိုင် ၀န်ထမ်း မိုက်ကယ်ဒွန်နယ်လီဟာ သူ့သဘောနဲ့ သူဆိုရင် Cash4Life ထီ လက်မှတ်ကို ၀ယ်ထိုးဖို့ အစီအစဉ် မရှိပါဘူး။

ကျောက်မီးသွေး အသုံးပြုမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့် မွန်ပြည်နယ်ရှိ ဘိလပ်မြေစက်ရုံကို စောင့်ကြည့်မည်

စက်ရုံလည်ပတ်ရာတွင် ကျောက်မီးသွေး အသုံးပြုမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေ စက်ရုံကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေး အရပ်ဘက် မဟာမိတ်အဖွဲ့(MATA)မှ သိရှိရသည်။

UAE နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်း က ရေသန့်ဘူးထက်ပင် ဈေးနှုန်းချိုသာ

ကမ္ဘာတစ်ဝန်းတွင် ရေနံဈေးနှုန်းများ အဆမတန် ကျဆင်းပြီးနောက် အာရပ် စော်ဘွားများ ပြည်ထောင်စု UAE ရှိ ဓာတ်ဆီဈေးနှုန်း သည် ရေသန့်ဘူးများ အပါအဝင် အခြား အခြေခံ လူသုံးကုန် ပစ္စည်းများထက် ဈေးနှုန်း ချိုသာလျက် ရှိကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။


ကိုယ်ဝန်ဖျက်ချရန် ဝန်ဆောင်မှုပေးမည့် လက်ကမ်းစာစောင်ဝေငှသူများကို ရဲတပ်ဖွဲ့စုံစမ်းနေ

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကိုယ်ဝန်ဖျက်ချ ခြင်းနှင့် ပတ်သက်သည့် ဆေးကုသပေးမည့် လက်ကမ်းစာစောင်များ လိုက်လံဝေငှသူများကို စုံ စမ်းဖော်ထုတ်ရန် စီစဉ်လျက်ရှိ ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲမှူးဇော်ဝင်းက ပြောသည်။
‘‘မြန်မာပြည်မှာ ကိုယ်ဝန် ဖျက်ချဖို့အတွက် တရားဝင်ခွင့်ပြု ထားတဲ့ ဥပဒေမရှိပါဘူး။ ဒီလိုစာ စောင်တွေ ဝေနေတဲ့သူတွေကို လည်း လိုက်ပြီးရှာနေပါတယ်။ ဖမ်းဆီးရမိတဲ့အခါမှာလည်း တည်ဆဲဥပဒေပုဒ်မနဲ့ အရေးယူမယ်။ သူတို့ရေးထားတဲ့ ဖုန်းနံပါတ်တွေ ကိုလည်း စုံစမ်းနေပါတယ်’’ဟု ရဲမှူးဇော်ဝင်းက ပြောသည်။
ကိုယ်ဝန်ဖျက်ချရန် လက် ကမ်းစာစောင်များကို ၂၀၁၅ ဒီ ဇင်ဘာမှစတင်ကာ အမျိုးသားများအား လိုက်လံဝေငှပေးခြင်း ဖြစ်ကြောင်း မြောက်ဥက္ကလာပ မြို့နယ်နေ ကိုသားသားက ပြော သည်။

အမေရိကန် ရေတပ်သားများကို ဖမ်းဆီးခဲ့သည့် စစ်သားများကို အီရန်အစိုးရ ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်

အီရန်ရေပိုင်နက်ထဲ လမ်းမှားဝင်ရောက်ခဲ့သည့် အမေရိကန်ရေတပ်သားများကို ဖမ်းဆီးခဲ့သည့်စစ်သားများကို အီရန်အစိုးရက ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပါရှန်းပင်လယ်ကွေ့တွင် လှုပ်ရှားနေသည့် အမေရိကန်ရေတပ်မှ လှေငယ်နှစ်စီးစက်ချွတ်ယွင်း
မျောပါပြီး အီရန်ရေပိုင်နက်ထဲ ဝင်ရောက်သွားရာ အီရန်ကမ်းခြေစောင့်တပ်က ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။ သို့သော်လည်း တစ်ရက်မျှအတွင်း အမေရိကန်နှင့်ညှိနှိုင်းကာ အမေရိကန်ရေတပ်သား ၁၀ ဦးစလုံးကို ပြန်လွှတ်ပေးခဲ့သည်။
အီရန်အစိုးရပိုင် Press TVက အစိုးရအဖွဲ့၏နာယကဖြစ်သူ အေယာတိုလာ အလီ ခါမေနီ ကိုယ်တိုင်က အီရန်စစ်သည် ၅ ဦးကို အဆိုပါလုပ်ဆောင်မှုအတွက် ယခုလအစောပိုင်းက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ခါမေနီသည် အမေရိကန်အပေါ် အလွန်စက်ဆုပ်မုန်းတီးသူအဖြစ် လူသိများပြီး ယခုလို ဆုတံဆိပ်များ ပေးအပ်ခြင်းဖြင့် အမေရိကန်အပေါ် ပိုမိုအရှက်ခွဲနိုင်သည်ဟု ယူဆနေဖွယ်ရှိကြောင်းလည်း သိရသည်။

တရုတ်ထိန်းချုပ်ထားရာ ကျွန်းများအနီး အမေရိကန်စစ်သင်္ဘော ခုတ်မောင်းမှုအပေါ် တရုတ်တွင် ဝေဖန်မှုများထွက်ပေါ်

တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားရာ ကျွန်းစုများအနီးသို့ အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်းခဲ့ခြင်းအပေါ် တရုတ်အစိုးရအနေဖြင့် အလေးအနက်တုံ့ပြန်သင့်ကြောင်း ပြည်တွင်း၌ တောင်းဆိုမှုများ
မြင့်တက်လာခဲ့သည်။

ဇန်နဝါရီ ၃၀ တွင် အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော USS Curtis Wilbar သည် တောင်တရုတ်ပင်လယ်အတွင်း၊ တရုတ်ရေတပ်ထိန်းချုပ်ထားရာ ထရွန်တန်ကျွန်းအနီး ရေမိုင် ၁၂ မိုင်အကွာမှ ဖြတ်သန်းခုတ်မောင်းခဲ့သည်။ အဆိုပါ ခုတ်မောင်းမှုကို အမေရိကန်က တရုတ်ထံ ကြိုတင်အသိပေးမှု မရှိခဲ့ချေ။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်းကြေညာကာ ကျွန်းများပေါ်တွင် စစ်စခန်းများ ဖြန့်ကျက်ဆောက်လုပ်ထားသော်လည်း အမေရိကန်က ယင်းကို အသိအမှတ်မပြုသလို
နိုင်ငံတကာရေပိုင်နက်အဖြစ်သာ သတ်မှတ်ပြီး စစ်သင်္ဘောများ စေလွှတ်လေ့ရှိသည်။
တရုတ်မှ South China Morning သတင်းစာက အဆိုပါဖြစ်ရပ်အပေါ် “ဒါဟာ အမေရိကန်က ရန်စတာပဲ။ ပြီးတော့ တရုတ်အနေနဲ့ ကိုယ့်ရဲ့အချုပ်အခြာပိုင်ဆိုင်မှုကို ဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတဲ့အပေါ် ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ” ဟု ဝေဖန်ရေးသားခဲ့သည်။ ထို့အပြင် တရုတ်အစိုးရက အရေးတယူမတုံ့ပြန်လျှင် နောက်ထပ်အလားတူ ရန်စမှုများ ရှိလာမည်ဟုလည်း သတင်းစာက ဆိုသည်။ အလားတူပင် တရုတ်အင်တာနက်သုံးစွဲသူများအကြားတွင်လည်း ယင်းကိစ္စအပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိနေသည်။ တရုတ်ရေတပ်တာဝန်ရှိသူတစ်ဦးကမူ အမေရိကန်၏လုပ်ရပ်သည်
ဒေသတွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးခဲ့သည်။

အိပ်ခ်ျအိုင်ဗွီနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီလူနာများအား ကုသရန် နယ်စည်းမထား ဆရာဝန်များ အဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာန ဆွေးနွေး

အိပ်ခ်ျအိုင်ဗွီနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီလူနာများအား ဆေးကုသမှုပေးရန် နယ်စည်းမထား ဆရာဝန်များ အဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာန ဆွေးနွေးနေကြောင်း သိရသည်။

ပြင်းထန်ဆေးယဉ်ပါး တီဘီ ကုသသည့် ဆေးသည် ဆေးအာနိသင် ပြင်းထန်ပြီး ဘေးထွက်ဆိုးကျိုးများသည့်အတွက် အိပ်ခ်ျအိုင်ဗွီနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီတွဲဖက် ဖြစ်ပွားနေသူများအား ကုသပေးရန် မည်သည့်ဆေးကုသမှု ပုံစံ၊ စနစ်၊ ကုထုံးများဖြင့် ကုသပေးသင့်သည်ကို ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

"ပြင်းထန်ဆေးယဉ်ပါး တီဘီကုသမှုတွေကို အမျိုးသားတီဘီ တိုက်ဖျက်ရေး စီမံကိန်းကပဲ လုပ်ပေးနေတာပါ။ ကျွန်တော်တို့ ဘက်မှာရှိတဲ့ အိပ်ခ်ျအိုင်ဗွီနဲ့ ပြင်းထန်ဆေးယဉ်ပါး တွဲဖြစ်နေတဲ့သူတွေကို ကုပေးဖို့ လက်ရှိမှာ ဆွေးနွေးနေတယ်။ အခု တွေ့ထားတာကတော့ ပြင်းထန်ဆေးယဉ်ပါး (XDR-TB) ဖြစ်နေတဲ့သူရော၊ ပြင်းထန်တဲ့ အခြေအနေ မရောက်ခင် (Pre XDR-TB) လူနာတွေပေါ့။ အဲဒီပြင်းထန်ဆေးယဉ်ပါး တီဘီဆေးက ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတယ်ဆိုတော့ သူတို့တွေကို ဘယ်လိုဆေးနဲ့ ဘယ်လိုကုမလဲဆိုတာတွေကို ဆွေးနွေးနေပါတယ်" ဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) မှ ဒုတိယကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာဘုန်းသစ်က ပြောကြားသည်။

စကတည်းက ယဉ်သကို ဖြစ်နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဆီးရီးယားက ရက်စက်ကြမ်းကြုတ်လှတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ အခုအချိန်အထိ အကြီးမားဆုံး တွန်းအားပေးမှုလို့ ဆိုရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အနာဂတ်ဟာ ဇန်န၀ါရီ ၃၁ ရက်မှာ အကြီးအကျယ် မရေမရာ ဖြစ်သွားပုံရပါတယ်။ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စိတ်အားထက်သန်စွာနဲ့ စမယ်မှ မကြံသေး၊ အဓိက အတိုက်အခံအုပ်စုက ဆွေးနွေးပွဲကနေ ထွက်သွားမယ်လို့ ခြိမ်းခြောက်နေပါတယ်။

ဇန်န၀ါရီ ၃၀ ရက် အနှောင်းပိုင်းမှာ ဂျီနီဗာကို ရောက်လာတဲ့ ပင်မအတိုက်အခံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ရဲ့ အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ကို ငြင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့ဟာ ဆီးရီးယားက အဓိက အတိုက်အခံအဖွဲ့တွေကို ကိုယ်စားပြုပါတယ်။


အဆင့်မြင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (HNC) က ဇန်န၀ါရီ ၃၁ ရက်မှာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖင်ဒီမစ်တူရာနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ပိတ်ဆို့ဝန်းရံခံထားရတဲ့ မြို့တွေထဲကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပထမဆုံးရောက်ရှိရေး၊ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေမှု ရပ်စဲရေးနဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးတွေအတွက် တောင်းဆိုမှာဖြစ်ပါတယ်။


“အစိုးရက ဒီပြစ်မှုတွေကို ဆက်ပြီးကျူးလွန်နေတာနဲ့ ပတ်သက်ပြီး အခိုင်အမာ ရပ်တည်နေမယ်ဆိုရင် HNCကိုယ်စားလှယ်တွေ ဂျီနီဗာမှာရောက်နေတာ တရားမျှတမှာ မဟုတ်ပါဘူး”လို့ စေ့စပ်ညှိနှိုင်းရေးမှူး ရီအက်ဟီဂျက်က ဇန်န၀ါရီ ၃၀ ရက်မှာ အွန်လိုင်းကို တင်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာ သတိပေးထားပါတယ်။

“ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအနေနဲ့ ဒီလိုချိုးဖောက်နေမှုတွေကို ရပ်တန့်သွားအောင် လုပ်နိုင်စွမ်းမရှိရင် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီမစ်တူရာကို သူ့ရဲ့စေ့စပ် ညှိနှိုင်းရေးအဖွဲ့ကို ရုပ်သိမ်းဖို့ ရည်ရွယ်တာတွေနဲ့ ပတ်သက်ပြီး အကြောင်းကြားရမှာဖြစ်ပါတယ်”လို့လည်း သူက ဆိုထားပါတယ်။

လူသားချင်း စာနာထောက်ထားမှု အနေအထားက ဆိုးဆိုးရွားရွား ဖြစ်နေတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အစိုးရတပ် ဒါမှမဟုတ် သူပုန်တပ်တွေက ပိတ်ဆို့ထားတဲ့ မြို့ပေါင်း ၁၂ မြို့ထက် မနည်းထဲက တစ်မြို့ဖြစ်တဲ့ မာဒါယာမြို့မှာ နောက်ထပ်လူပေါင်း ၁၆ ဦး အစာငတ်ပြီး သေသွားတဲ့အကြောင်း ဇန်န၀ါ ရီ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ လူပေါင်း ၄ ဒသမ ၅ သန်းကျော်ဟာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အရမ်းကို ၀င်ထွက်ရခက်တဲ့ နေရာတွေမှာ နေထိုင်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပြောကြားခဲ့ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်မှာ ခြောက်လကြာ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစဖို့ ပြင်နေတုန်းမှာ ဂျီနီဗာက ဆန္ဒပြသူတွေက မြက်ပင်တွေနဲ့ သစ်ရွက်တွေကို ပိတ်ဆို့ ၀န်းရံခံထားရတဲ့ စွပ်ပြုတ်ရယ်လို့ သာမန်ဆီးရီးယားနိုင်ငံသားတွေရဲ့ အာမခံချက်ကို မီးမောင်းထိုး ပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး လူပေါင်း ၂၆၀,၀၀၀ ထက် မနည်း သေဆုံးခဲ့တဲ့ ဆီးရီးယားစစ်ပွဲဟာ အလွန်ရှုပ်ထွေးတဲ့ ပဋိပက္ခကြီးဖြစ်ပြီး ကွဲပြားခြားနားတဲ့ဘက်တွေ အများကြီး ပါဝင်နေပါတယ်။ ပြည်ပနိုင်ငံတွေ အများကြီးလည်း ပါဝင်နေရာမှာ တူရကီ၊ အီရန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပြင် အနောက်တိုင်းနိုင်ငံတွေလည်း ပါဝင်နေပါတယ်။ စက်တင်ဘာလကစပြီး ရုရှားနိုင်ငံပါ ပါဝင်လာပါတယ်။

တူရကီဟာ ရုရှား ဂျက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး နှစ်လအကြာမှာ တူရကီက ရုရှားက သူ့ဝေဟင်ပိုင်နက်ကို ထပ်ပြီးကျုးကျော်တယ်လို့ ဇန်န၀ါရီ ၃၀ ရက်မှာ ထပြီး ပေါက်ကွဲခဲ့ပြန်ပါတယ်။ ဒါကြောင့် ဆီးရီးယားပဋိပက္ခမှာ ပါဝင်နေတဲ့ ပြည်ပအင်အားကြီးနိုင်ငံတွေ အများကြီးထဲက ရုရှားနဲ့ တူရကီတို့ အကြားမှာ ထပ်မံ ရန်စပွားလာပြန်ပါတယ်။


ဆီးရီးယားက မငြိမ်မသက်မှုတွေကြောင့် အစွန်းရောက် IS အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်က နယ်မြေတွေ အများကြီးကို သိမ်းယူဖို့ အခွင့်သာသွားပြီး အဲဒီကနေ ခြေကုပ်ယူလို့ ကမ္ဘာတစ်လွှားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာပါတယ်။ အထင်ရှားဆုံးကတော့ လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က ပါရီတိုက်ခိုက်မှုပါပဲ။

ဆီးရီးယား အဓိကအတိုက်အခံအုပ်စုမှ HNC ပြောရေးဆိုခွင့်ရှိသူ ရီအက်နာဆန်အဂ္ဂါ (ယာ-အနောက်) က ဇန်န၀ါရီ ၃၀ ရက်တွင် ဂျီနီဗာသို့ ရောက်ရှိလာစဉ် သတင်းထောက်များအား စကားပြောကြားနေပုံ

ဆီးရီးယားလူဦးရေရဲ့ ထက်ဝက်လောက်က နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး သန်းနဲ့ချီတဲ့လူတွေဟာ အိမ်နီးချင်း နိုင်ငံတွေမှာသာမက ဥရောပတိုက်မှာပါ ဒုက္ခသည်အဖြစ် ခိုလှုံဖို့ ကြိုးပမ်းနေရပါတယ်။ ဥရောပတိုက်မှာ ဆီးရီးယား ဒုက္ခသည်တွေ တဖွဲဖွဲ ၀င်ရောက်လာခြင်းဟာ အဓိက နိုင်ငံရေးနဲ့ လူမှုရေး အကျပ်အတည်းကြီး ဖြစ်လာပါတယ်။

ဇန်န၀ါရီ ၃၀ ရက်မှာ ဆီးရီးယာနိုင်ငံသားတွေ ပါဝင်တဲ့ ရွှေ့ပြောင်းလာသူပေါင်း ဒါဇင်ပေါင်းများစွာဟာ တူရကီကမ်းလွန်မှာ သင်္ဘောနစ်မြုပ်ပြီး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ဥရောပကိုရောက်ရှိဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ၄၀၀၀ နီးပါး ရှိပါတယ်။

ဆက်ပြီး လုပ်ဖြစ်မယ်ဆိုရင် ဆီးရီးယားနိုင်ငံသားတွေအကြား စေ့စပ်ဆွေးနွေးမှုဟာ ပြည်ပက အင်အားကြီးနိုင်ငံတွေအားလုံးက နိုဝင်ဘာ ဗီယင်နာ ဆွေးနွေးပွဲမှာ ရည်မှန်းချက်ကြီးစွာ ချမှတ်ထားတဲ့ လမ်းပြမြေပုံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။

အဲဒီလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲတွေကို ၁၈ လအတွင်း ကျင်းပပေးဖို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်ထဲမှာ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှမဆုံးဖြတ်ဘဲ ချန်ထားခဲ့ပါတယ်။ စက်တင်ဘာလကစပြီး ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကူအညီ ပေးလာတာမို့ အာဆတ်ရဲ့တပ်တွေဟာ စစ်မြေပြင်တွေမှာ အောင်ပွဲတွေ ရရှိလာပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နောက်ထပ် ခက်ခဲတဲ့ အကြောင်းအရာတစ်ခုကတော့ သူပုန်တွေထဲက ဘယ်အဖွဲ့တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်မလဲဆိုတာပါပဲ။ ဆီးရီးယားအစိုးရအပြင် သူပုန်အဖွဲ့တွေ အားလုံးကတော့ အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ IS နဲ့ အယ်ကေးဒါးအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အယ်နုဆရာ တပ်ဦးတွေကို ဖယ်ရှားပစ်ဖို့ သဘောတူထားကြပါတယ်။

အခု HNC ထဲမှာ ပါဝင်တဲ့ အဖွဲ့တွေထဲ မှာ အယ်နုဆရာတပ်ဦးနဲ့ ဆက်နွှယ်နေတာမို့ အငြင်းပွားဖွယ် အကောင်းဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်နေတဲ့ အာရာအယ်ရှမ်းအဖွဲ့ကတော့ ဂျီနီဗာ ဆွေးနွေးပွဲမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ HNC ပြောရေးဆိုခွင့်ရှိသူ ရီအက်နာဆန်အဂ္ဂါက ပြောကြားခဲ့ပါတယ်။

သူပုန်အဖွဲ့တွေထဲမှာ အင်အားကောင်းတဲ့ စစ်တပ်ရှိတဲ့ အယ်အစ္စလာမ်အဖွဲ့ ရောက်ရှိနေပြီး စေ့စပ်ညှိနှိုင်းရေးမှူး တစ်ဦး ပါဝင်တယ်လို့ အဂ္ဂါက သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ HNC စေ့စပ်ညှိနှိုင်းရေး အကြီးအကဲနဲ့ အယ်အစ္စလာမ်အဖွဲ့ရဲ့ စစ်တပ်ကိုယ်စားလှယ် မိုဟာမက်အယ်လူရှာကတော့ အခုထိ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။

ယခုနှစ် နွေရာသီတွင် အယ်နီညို ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု၌ ပုံမှန်ထက် ပိုမို ပူပြင်းနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ယခုနှစ် နွေရာသီတွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု၌ ပုံမှန်ထက် ရာနှုန်းပြည့် ပိုမို ပူပြင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် တစ်ပြည်လုံးတွင် ပျမ်းမျှအပူချိန် (ပုံမှန်အပူချိန်) ထက် ပိုနိုင်ပြီး သေချာမှု ရာခိုင်နှုန်း အနေဖြင့် ရာခိုင်နှုန်း ၆၀ မှ ရာခိုင်နှုန်း ၇၀ အထိရှိသည့် ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ‌လေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (‌မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြပြီး ပိုမိုပူပြင်းရန် ရာခိုင်နှုန်း ၇၀ မှ ၁၀၀ ရာခိုင်နှုန်းအထိ သေချာမှုရှိသည့် ဒေသများသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

မြေအောက်ခန်းတွင် လက်နက်ခဲယမ်းများရှိသော နေအိမ်ကို ၀င်ရောက်စီးနင်း ဖမ်းဆီး

မော်လမြိုင်မြို့ရှိ နေအိမ် တစ်အိမ်၏ မြေအောက်ခန်းအ တွင်း လက်နက်ခဲယမ်းများသိမ်း ဆည်းထား၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီး အိမ်ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးစစ်ဆေးနေကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပဲစင်းငုံအနီ လှောင်သူမရှိသော်လည်း အရောင်းအဝယ်ဖြစ်နေဟုဆို

ပဲစင်းငုံအနီဈေးနှုန်း များ ယခင်နှစ်ကထက် ဈေးမြင့်နေ၍ ဒေသတွင်းသီးနှံဝယ်စုသူ (ကုန်လှောင်သူ)မရှိ ဖြစ်နေခဲ့ သော်လည်း ပြင်ပအဝယ်လိုက် နေခဲ့ပြီး အရောင်းအဝယ် ဖြစ်နေ ကြောင်း အောင်လံပွဲရုံများမှ သ တင်းရရှိသည်။

မြန်မာများ ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေ ၀မ်တစ်သိန်းနှင့် အချုပ်ကျခံရမည်ဖြစ်ကြောင်း ကိုရီးယားရဲတပ်ဖွဲ့ သတိပေး

ကွမ်းစားသော မြန်မာအချို့ ကွမ်းတံတွေးထွေးထားသည့် နေရာတစ်နေရာ (ဓာတ်ပုံ − စိုးမိုးသူ)
ကိုရီးယားနိုင်ငံရောက် မြန်မာများ လမ်းမများပေါ်တွင် ကွမ်းတံတွေးမထွေးရန်နှင့် ယင်းသို့ထွေးပါက ၀မ်ငွေတစ်သိန်း ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး အချုပ်ကျခံရမည်ဖြစ်ကြောင်း ကိုရီးယားရဲတပ်ဖွဲ့က သတိပေး စာထုတ်ပြန်ထားသည်။

ဒီချုပ်အမတ်များ ဦးဆောင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ယနေ့စတင်

လွှတ်တော်အစည်းအဝေးများ စတင်လျှင် အဆင်ပြေစေရန် ဇန်နဝါရီ ၃၀ ရက်က လွှတ်တော်အစည်းအဝေးကျင်းပပုံ အစမ်းလေ့ကျင့်ရာသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရွေးကောက်ပွဲအ နိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားလှယ်များဦးဆောင် မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၁ ရက်(ယနေ့)စတင်ပြီဖြစ်သည်။