
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ်
ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက်
နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက
သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည်
ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။