Monday 30 November 2015

ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်မည့် သက်ကြီးရွယ် အို များနှင့် ပြည် သူ များ လမ်းဖြတ်ကူးမှုအဆင်ပြေစေရန် ဗဟန်း (၃) လမ်း လူကူး ခုံးကျော် တံတားတွင် စက်လှေကားထည့်သွင်း တည်ဆောက်မည်

ရွှေတိဂုံစေတီ တော်သို့လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများနှင့် သက်ကြီး ရွယ်အိုများ လမ်းဖြတ် ကူး မှုအ ဆင် ပြေစေ ရန်အတွက် ဗဟန်း(၃)လမ်း တွင် ဆောက်လုပ်လျက်ရှိသည့် လူ ကူးခုံးကျော်တံတားအား စက်လှေ ကားထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ကော် မတီဝင်(၇) ဦးခင်လှိုင် (ဇောတိက)က ပြောသည်။
အဆိုပါလူကူး ခုံးကျော်တံတား ကို ၂၀၁၅ ခုနှစ် စက်တင်ဘာမှစတင် ၍ တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီး တည် ဆောက် သွားရန် သတ်မှတ်ထား ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ ကော်မတီဝင် (၇)ဦး ဦးခင်လှိုင် (ဇောတိက) က ''ဗဟန်း(၃)လမ်းမှာ တည်ဆောက် နေတဲ့ လူကူးခုံးကျော်တံတားကို အခု လာမယ့်ဘတ်ဂျက်မတိုင်ခင် မှာ ဖေ ဖော်ဝါရီ အတွင်း အပြီးတည်ဆောက် သွားမှာပါ။ ရွှေတိဂုံဘုရားကြီး ကို လာဖူးကြတဲ့ အနယ်နယ်အရပ်ရပ် က ဘုရားဖူးပြည်သူတွေသက်သောင့် သက်သာနဲ့ လမ်းဖြတ်ကူးနိုင်ဖို့အ တွက် လူကူးခုံးကျော်တံတားမှာ စက်လှေကားပါ တပ်ဆင်ပေးမှာပါ'' ဟုပြောသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့၌ လူကူးခုံးကျော်တံတား ခြောက်စင်း အား စက်တင်ဘာလမှစတင်၍တစ် ပြိုင်တည်း တည်ဆောက် လျက်ရှိပြီး ကမ္ဘာအေးဗဟန်း(၃)လမ်းမှတ်တိုင် တွင် တစ်စင်း၊ အနော်ရထာလမ်း နှင့် ဆူးလေလမ်းထောင့်တွင် တစ် စင်း၊ ပြည် လမ်းစိုက်ပျိုးရေးမှတ်တိုင် ဂျန်းရှင်းစကွဲရှေ့တွင်တစ်စင်း၊ ပြည် လမ်း မာလာဆောင်မှတ်တိုင် ရှေ့ တွင်တစ်စင်းနှင့် ပြည်လမ်း အင်းလျား ကန်ပေါင်ရှေ့တွင်တစ်စင်း၊ အနော် ရထာလမ်းနှင့် လမ်းမတော်လမ်း ထောင့်တစ်ခုသာ စတုဂံပုံစံတည် ဆောက် သွား မည်ဖြစ်ကြောင်း သိရ သည်။

''ဗဟန်း(၃)လမ်းကားမှတ်တိုင် နေရာက အမြို့မြို့အနယ်နယ်အရပ် ရပ်ကနေရွှေတိဂုံဘုရားကိုလာရောက် ဖူးမြော်ကြတဲ့ ဘုရား ဖူးပြည်သူတွေ၊ အများဆုံးဖြတ်သန်းသွားလာတဲ့နေ ရာပါ။ အခုလို လူစည်ကားတဲ့နေရာ မျိုးမှာ လူကူးခုံးကျော်တံတား ကိုစက် လှေ ကားပါ တည်ဆောက်ပေးတာ သက်ကြီးရွယ်အိုတွေအတွက်လည်း အရမ်းကိုကောင်းပါတယ်။ အခုလို လူကူးခုံးကျော် တံတားတည်ဆောက် ပေးတဲ့အတွက် ဘုရားဖူးပြည်သူတွေ၊ သက်ကြီးရွယ် အိုတွေနဲ့ ကျောင်း သား ကျောင်းသူတွေလည်းစိတ်အေးချမ်း သာ စွာလမ်းဖြတ်ကူးနိုင်မှာပါ''ဟု ဗဟန်း မြို့နယ်မှ ကိုမင်းမင်းက ပြော သည်။

ယခု လက်ရှိ ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ၁၄ စင်းတည် ဆောက်ပြီးစီးခဲ့ပြီး လာမည့်ဘဏ္ဍာ နှစ်များတွင် ပြည်သူများ လမ်းဖြတ် ကူးမှုအဆင်ပြေစေရေး တိုင်းဒေသ ကြီးအစိုးရမှ နေရာအနှံ့ လူကူးခုံး ကျော်တံတားများပြုလုပ်ပေးရန်ရည် ရွယ်ထားကြောင်းသိရသည်။

TST
‎Democracytoday‬

No comments:

Post a Comment