Monday 22 October 2012

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်မှု များ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရပါသည်။

''ကလေးမြို့နယ်အတွင်းကို စက်တင်ဘာလကနေစပြီး အခုအချိန်အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ ။ အောက်တိုဘာလ ၂၀ ရက်နေ့
ညကပဲ ခိုးဝင်ဘင်္ဂါလီအ    မျိုးသမီး တစ်ဦး မိ တယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ ကနေပြီး ဒီကနေ့ အထိ တစ်လကျော်ကျော်ကာလအတွင်းမှာ ၃၁ ယောက် ရှိပါပြီ ။ဒါ့ကြောင့် ဒေသခံတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးနိုင်အောင် အသိပညာပေးခြင်းလုပ်ငန်းတွေကို တချို့ အဖွဲ့အ စည်းတွေက ဆောင်ရွက်နိုင် ပါတယ်။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ၀င်ရောက်လာသူတွေကို ချင်းတောင်ခြေဒေသကနေ ဖြတ်သန်း ၀င်ရောက် လာရင် သူတို့ကို ဖမ်းဆီး ဆောင် ရွက်နိုင်အောင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြား ရမယ်ဆိုတဲ့အသိ ရအောင်ပြောဆိုကြတာပါ ။ ဒီလိုဥပဒေနဲ့မညီပဲ ခိုးဝင်လာတဲ့ ဘယ်လိုလူ မဆို နိုင်ငံတွင်း မှာ လက်မခံ နိုင်ပါဘူး '' ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။

အင်တာနက် အကောင့် အဖောက်ခံရသူ အများစုမှာ တက္ကသိုလ် ကျောင်းသူများ ဖြစ်လာ

ကွန်ပျူတာ ဟက်ကာ များသည် တက္ကသိုလ် ကျောင်းသူများ၏ အင်တာနက် အကောင့်များကို ပစ်မှတ် ထား ဖောက်ထွင်း လျက်ရှိကြောင်း လေ့လာ တွေ့ရှိချက် အသစ်တစ်ရပ် အရ သိရ သည်။

၂ဝဝ၆ ခုနှစ်မှစပြီး လေ့လာ မှတ်တမ်း တင်ရာတွင် ဝက်ဘ်ဆိုက် များ၌ ညစ်ညမ်း ဓာတ်ပုံများ ပျံ့နှံ့ခြင်းနှင့် ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ချိုးဖောက်ခံနေ ရသော ထင်ရှားသည့် ကိစ္စရပ် ၁ဝ ခုကို တွေ့ရှိရ ကြောင်း တရုတ် နိုင်ငံ နိုင်ငံရေး သိပ္ပံနှင့် ဥပဒေ တက္ကသိုလ်၏ ပြဿနာများ စီမံဖြေရှင်းမှု ဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးနှင့် တွဲဖက် ပါမောက္ခ ကျန်ယုံလီ ထုတ်ပြန်သော သုတေသန စာတမ်းတစ်စောင် တွင် ဖော်ပြ ထားသည်။

အမေရိကန်နိုင်ငံ အလှပြင်ဆိုင်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား




အမေရိကန် နိုင်ငံ၊ ဝစ်ကွန်ဆင် ဒေသရှိ အလှပြင်ဆိုင် တစ်ခုတွင် သေနတ်သမား တစ်ဦးက လူ(၃)ဦးကို ပစ်သတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မစ်ဝေါ့ကီရှိ အလှပြင်ဆိုင်သည် အဆိုပါ သေနတ်သ မား၏ ဇနီးဖြစ်သူ အလုပ်လုပ်နေသော နေရာလည်း ဖြစ်သည်။ တနင်္ဂနွေနေ့က အသက် (၄၆)နှစ်ရှိ ရက်ကလစ်ဖ် ဟောက်တန်သည် လူ(၃)ဦးကို ပစ်သတ်ကာ လူ(၄)ဦးကို ဒဏ်ရာ ရစေခဲ့သည့်နောက် မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်သွားကြောင်း ရဲများက ပြောကြားခဲ့သည်။ ၎င်းသည် ယခုပစ်ခတ်မှု မတိုင်မီ (၂)ပတ်ကလည်း ဇနီးဖြစ်သူ၏ ကားတာရာများကို လှီးဖြတ်ထားကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ရက်ကလစ်ဖ်သည် ဇနီးသည်အား ရန်ပြုမှုအတွက် သတိပေးခံထား ရသလို ၎င်းကိုင်ဆောင်ထားသည့် လက်နက်ကို အပ်နှံရန် ယခုလအတွင်း အမိန့်ချမှတ် ခံထားရသေး သည်။

အခြေခံဥပဒေနှင့်အညီ ပါတီဥက္ကဋ္ဌ တာဝန်ဆက်ယူထားကြောင်း သမ္မတပြော



သမ္မတဦးသိန်းစိန်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန် ယူထားမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်သည်ဟု ပြောဆိုသည်။

စင်္ကာပူ သင်ခန်းစာ


 
 မြန်မာ့ အုပ်ချုပ်ရေး ယန္တရား အရည်အသွေး မြှင့်တင်ရေး အတွက် သမ္မတ ဦးသိန်းစိန် ခရီးစဉ် တွင် စင်ကာပူ နှင့် မြန်မာတို့ သဘော တူညီခဲ့ကြ ပြီး မြန်မာအစိုးရ အရာရှိကြီး များ စင်ကာပူ နိုင်ငံတွင် သင် တန်း များ တက်ရောက်လျက် ရှိကြပြီ။ စင်ကာပူမှ ရရှိခဲ့သော အကြံဥာဏ် များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး ကို တစ်နည်းနည်းဖြင့် သြဇာ သက်ရောက်တော့မည် ဖြစ်သည့် အတွက် စင်ကာပူ ပုံစံနိုင်ငံ    တည်ဆောက်ရေး (Singapore Model) မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင် မဖြစ်နိုင်ကို လေ့လာရန်လိုသည်။ မည်သည့် နေရာတွင် မြန်မာနိုင်ငံ နှင့်အပ်စပ်သည်၊ မည်သည့်နေရာတွင် မအပ်စပ်နိုင် တို့ကို ခွဲခြမ်း စိတ်ဖြာရန် လိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့၏ တစ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်(၄)ချက်ပါဝင်သော နှစ်ပါတီပူးတွဲကြေညာချက် ထုတ်ပြန်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့၏ တစ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်(၄)ချက်ပါဝင်သော နှစ်ပါတီပူးတွဲကြေညာချက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။

မင်းပြားမြို့နယ်၊ သရက်အုပ်ကျေးရွာ ဘင်္ဂလီများ ကိုယ့်အိမ်ကိုယ်မီးရှို့

 
 
မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာတွင် ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ဦးအစ္စမန် ၏ နေအိမ်အ အဆိုပါကျေးရွာနေ ဘင်္ဂလီ(၁၀၀) ဦးခန့်မှ ၀ိုင်းဝန်းမီးရှို့ခဲ့ကြောင်း သိရှိရသည်။ ထိုသို့မီးရှို့ရခြင်းမှာ သရက်အုပ်ကျေးရွာမှာ သိမ်းတောင်(ရခိုင်)ရွာနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေ ရာ သိမ်းတောင် (ရခိုင် ) ရွာသို့ မီးကူးစက်လောင်ကျွမ်းစေရန် ရည်ရွယ်မီးရှို့ခဲ့ကြောင်း သိရှိရ သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်

 
 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၂ ရက်နေ့ (ယနေ့) နံနက် ၉ နာရီက ပုဂံ ညောင်ဦးမြို့ တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာဝက်ဘ်ဆိုက် လွှင့်တင်မည်

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဆိုင်ရာဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။

လှိုင်သာယာတွင် တရားမဝင် အနှေးယာဉ် ပပျောက်ရေး ဆန္ဒပြ

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာမြို့ နယ်တွင် တရားမဝင် လိုင်စင်မဲ့ အနှေးယာဉ် ပပျောက်ရေး အတွက် အနှေး ယာဉ် လုပ်သား ၁၅ဝ ကျော် ယနေ့ နံနက် ၉နာရီမှ ၁၁နာရီအထိ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့သည်။ဆန္ဒ ထုတ်ဖော်သူ များသည် လှိုင်သာယာ မြို့နယ် ဘီအိုစီ မှတ်တိုင် မှ အောင်မြေ သာယာ အားကစားကွင်း သို့ ချီတက် ဆန္ဒ ပြကြခြင်း ဖြစ်သည်။

နိုင်ငံပိုင် ရေနံချက်စက်ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ မက်သနေစက်ရုံနှင့် ဓာတ်မြေသြဇာစက်ရုံများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် စတင်ပြင်ဆင်

စွမ်းအင်ဝန်ကြီးဋ္ဌာန လက်အောက်ရှိ နိုင်ငံပိုင် ရေနံချက်စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ၊ မက်သနော စက်ရုံများနှင့် ဓာတမြေသြဇာစက်ရုံများအား အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ဖက်စပ်လုပ်ကိုင် သွားရန် ပြင်ဆင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စွမ်းအင်စီမံရေးဦးစီးဋ္ဌာနမှ သတင်း ရရှိပါ သည်။

ကင်မရွန်း လက်ရွေးစင် အသင်း နှင့် ခြေစမ်းပွဲ ကစားရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ကမ်းလှမ်း

ဆူဇူကီး ဖလား အုပ်စု ပွဲစဉ်များ မကစားမီ နိုင်ငံတကာ ခြေစမ်းပွဲ များ ကစား နိုင်ရန် အတွက် မြန်မာ အသင်း အနေဖြင့် အာဖရိက နိုင်ငံ တစ်ခုဖြစ်သော ကင်မရွန်း လက်ရွေးစင် အသင်းကို အောက်တိုဘာ လ ၁၉ ရက် နေ့ က တရားဝင် ကမ်းလှမ်း ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ မီဒီယာ တာဝန်ခံ ဦးစိုးမိုး က ပြောကြား သည်။ "မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ကနေ စာနဲ့ တရားဝင် ကမ်းလှမ်း ထားတာပါ။ လာ ကစား မယ် ဆိုရင်တော့ အာဖရိက အသင်း တစ်သင်း အနေနဲ့ မြန်မာနိုင်ငံ ကို လာ ကစားတာ ပထမဆုံး ဖြစ်လာ မှာပါ" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှရငွေအား မှန်မှန်ကန်ကန် သုံးစွဲရန်လိုအပ်ဟု သမ္မတ၏စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် ပြောကြား

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ရငွေအား မှန်ကန်မှုရှိစွာ အသုံးပြုစေ လိုေ ကြာင်း နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဒါက်တာဦးမြင့် က ပြောကြားသည်။

အဆိုပါ ပြောကြားချက်အား အောက်တိုဘာလ ၂၀ ၇က်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ကျင်းပခဲ့သည့် Myanmar and the FDI Issue ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မင်းပြားမြို့ပိုက်သည်ရပ် တွင် နေအိမ် ၁၈ ဆောင်မီးလောင်

မင်းပြားမြို့ပိုက်သည်ရပ် တွင် နေအိမ် ၁၈ ဆောင်မီးလောင်သွားခဲ့ရကြောင်း သတင်းများအရသိရသည်။

တစ်ဘက်နှင့် တစ်ဘက် လူအုပ်၏ အလယ်ကြားတွင် ရဲများ၊တပ်များက တား ဆီးထားခဲ့ရာ တစ်ဘက်မှ တစ်ဘက် သို့ မသွားနိုင်ခဲ့သော်လည်း ဘင်္ဂလီ များသည် ကိုယ့်အိမ်ကိုယ်မီးရှို့လိုက်ခြင်းကြောင့် မီးလောင် ခဲ့ရခြင်းဖြစ် ကြောင်း တာဝန်ကျရဲတစ်ဦးမှ အခိုင်အမာပြောဆိုပါသည်။

Rakhine Straight Views ၏ မင်းပြားမြို့သတင်းစုစည်းတင်ပြခြင်း

လက်ရှိ အရေးကြီး မင်းပြားမြို့သတင်း
-----------------
၂၁.၁၀.၂၀၁၂ ရက် ညဥ့် ၁၁း၀၀ နာရီပတ်ဝန်ကျင်တွင် မင်းပြားမြို့ အဝေးပြေး ကားဂိတ်နားအနီ ပိုက်သည်ရွာ တွင် ဘင်္ဂလီကုလား မိမိရွာကို မီးရှုံးပြီး ထွက်ပြေးလျှက်ရှိပါသည်။ ယခုအခါ မီးသည် အချိန်ပြင်းစွာ လောင်းလျှက်ရှိပြီး မင်းပြားမြို့ တခုလုံးမှာ စိုးရိမ်းလျှက်ရှိပါသည်။ အခြေအနေကို လုံခြုံရေး ရဲများမှ သေနပ်များ ပစ်ဖောက်ပြီး ထိန်းသိမ်းနေရသည်ဟု သိရှိရပါသည်။ ၁၂း ၀၀ နာရီတွင် စစ်တပ်မှ လုံခြုံရေးကို ၀င်ယူလာသည်ဟု သိရှိရပါသည်။ ယနေ့ ညနေ ၁၀ နာရီလောက်တွင် မင်းပြားမြို့ မာရမာကြီးကျောင်းတိုက်တွင် ဘင်္ဂလီကုလားတကောင်ကို လောင်းစာဆီများဖြင့် ဖမ်းဆီရရှိသည်ဟု မင်းပြားမြို့မှ RSV သတင်းထောက်မှ သတင်းပို့လာပါသည်။

ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီး၏ နှုတ်ခွန်းဆက်စကား


ကျွန်တော်တို့ ပြည်ပခရီးစဉ်တွေ တော်တော်သွားရပါတယ်။ ပြည်ပခရီးစဉ်ဆိုတာက အလုပ်ကိစ္စ နဲ့သွား ရတာ ပါသလို တစ်ချို့လဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားရ တာတွေ လဲပါပါတယ်။ ပြည်ပခရီးစဉ်တွေကို သွားရတယ်ဆိုတာ မလွယ်ပါဘူး။ နားချိန် မရပါဘူး။ အင်မ တန်မှ လည်း ပင်ပန်းပါတယ်။ အထူးသဖြင့် နယူးယောက်ကို UN Assembly တက်ဖို့သွားတဲ့ ခရီးစဉ် အတွင်းဆိုရင် သုံးရက်လုံးလုံးဟာ နားခဲ့ရတဲ့အချိန် မရှိသလောက် များပါတယ်။



အဲဒီလိုသွားတဲ့ အခါမှာ ကျွန်တော်တို့ရောက်တဲ့ နိုင်ငံတွေမှာ သတင်းထောက်တွေ၊ မီဒီယာတွေ သူတို့တွေ ကလဲ တွေ့ချင်ပြုချင်တယ်ဆိုတော့ ကိုယ်ကလဲ ငြင်းလို့မကောင်းဘူး။ ဒီတော့ အားလုံးနီး ပါးလောက် ပဲ တွေ့လိုက်ပါတယ်။ တွေ့လိုက်တော့လဲ တချို့မေးခွန်းတွေက ဖြေရပြုရတာတွေ သိပ်အခက်အခဲ မရှိသလို တစ်ချိ့မေးခွန်းတွေကလည်း ဖြေရတာတွေ အကျပ်အတည်းတွေတွေ့တာတွေ၊ ခက်တာတွေ ကြုံတွေ့ ရပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် နယူးယောက်မှာ နောက်ဆုံးပိတ်မှာ BBC World News ကေ နပြီးတော့ မစ္စတာစတီဗင်ဆိုတာ အင်တာဗျုးလာပြီးတော့လုပ်ပါတယ်။ ဒါမျိုး အင်တာဗျုးကို ကျွန်တော် က တစ်ခါမှ မကြုံဖူးဘူး။ ရုပ်ရှင်ရိုက်နေသလိုပဲ။ မီးတွေက ထိုးနဲ့ မျက်နှာကိုမထားတတ်အောင်ဖြစ်ပါတယ်။

ဆရာကြီးဖိုးသောကြာ၊ ဦးမြတ်ခိုင်တို့၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်




(ဆရာကြီးဖိုးသောကြာ၏ မေးခွန်းကို နိုင်ငံတော်သမ္မတကြီးက ဖတ်ကြားပြပါသည်)

မေးခွန်း (၂) ခုနော်၊ တစ်ခုက တစ်ပါတီစနစ် အုပ်ချုပ်ရေး (၁၉၇၄) ခု အခြေခံဥပဒေ အစိုးရ လမ်းစဉ်ပါတီ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ (၁၉၈၈) ခု စက်တင်ဘာလ အုပ်ချုပ်ရေး စနစ်များမှ ဒီမိုကရေစီ စနစ်အုပ်ချုပ်ရေး သို့ ပြောင်းလဲ ကျင့်သုံး ဆောင်ရွက်ရာတွင် (၂၉-၅-၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော် အတွက် တပ်မတော်၏ အင်အားကို ထိုစဉ်က အခြေအနေအရ မုချလိုအပ်ချက်တစ်ခုဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကျင့်သုံးရာတွင် ပါဝင်ရန် ထည့် သွင်း ပြဌာန်း ထားသည်ဟု နားလည်ခဲ့ပါသည်။ သို့ပါ၍ ဒီမိုကရေစီစနစ်ကို လျှင်မြန်စွာ ကူးပြောင်း လာနိုင် သည် နှင့် အမျှ လွှတ်တော်အဆင့်ဆင့်သည် အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမြင့်ဆုံး တင်သွင်းသော တပ်မတော်သားကိုယ်စားလှယ်များက အလိုအလျှောက် ပါဝင်မှု ရာခိုင်နှုန်းကို တစ်ချိန်တည်း လျော့ချပေးရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ လည်းကောင်း ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တွင် လည်းကောင်း စဉ်းစားနိုင်ပါမည်လား ဆိုတာ -

(၂) ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောတိုက်ပွဲများနှင့် ပတ်သက်ပြီး 7 Days Journal မှ မေးမြန်းချက်။

ဒုတိယအချက် အနေနဲ့ ကချင်ပြည်နယ် မှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်ပြီးတော့ ဒီမှာ အားလုံးလည်း ကျနော်တို့သိပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေဟာ ကျနော်တို့ နိုင်ငံမှာ များပါတယ်။ တရာကျော် လောက် ရှိတဲ့ အတွက်ကြောင့် ပြဿနာတွေလည်း အထိုက်အလျှောက် များပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက လက်နက်စွဲကိုင်ပြီး ဆန့်ကျင်လာခဲ့တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေက ကျနော်တို့ အစိုးရ တက်လာပြီး ကတည်းက ရှိနေဆဲပဲဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ရှိနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တော်တော်လေး ကျနော်တို့ ခက်ပါတယ်။ ကျနော်တို့ အစိုးရ တက်လာတဲ့ အခါမှာ နှစ်ပေါင်း ၆၀ လောက် ပြောကြမယ်ဆိုရင်တော့ ကမ္ဘာမှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခ ပါပဲ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းေ အာင် ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုပြီးတော့ ကျနော်တို့ အစိုးရ တက်လာလာခြင်းပဲ၊ ဒီလိုကြေညာပြီး ကျနော်တို့ဆောင်ရွက်ခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ၁၁ ဖွဲ့ရှိပါ တယ်။ ငြိမ်းချမ်းေ ရးဆောင် ရွက်တဲ့ နေရာမှာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်ပါတယ်။ ပထမ အဆင့်ကတော့ ဒီအဖွဲ့တွေ ရှိနေတဲ့ နယ်စပ်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားအောင် လုပ်ဖို့၊ ဒုတိယအဆင့်ကတော့ ကျနော်တို့ ပြည်ထောင်စု အဆင့်ကနေ လုပ်ဖို့ စံနစ်တကျ ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မ တီဆိုတာ ကျနော်ကိုယ်တိုင် ဥက္ကဌ တာဝန်ယူပြီးလုပ်နေတာဖြစ်ပါတယ်။