Friday 18 October 2013

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက် ၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများ တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

8.1.1
ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)  
အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။

ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း သတင်း ထွက်ပေါ် ခဲ့သည်။