Monday 25 January 2016

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်မည်ဆိုသော ခြိမ်းခြောက်မှုကြောင့် ဆွီဒင်တက္ကသိုလ်တစ်ခု ပိတ်ခဲ့ရ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာမည်ဆိုသော ခြိမ်းခြောက်မှု သတင်းစကားကြောင့် ဆွီဒင်ရှိ တက္ကသိုလ် တစ်ခုကို အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။
နိုင်ငံအလယ်ပိုင်းရှိ အော်ရီဘရို တက္ကသိုလ်ကို ဇန်နဝါရီ ၂၅ ရက်တွင် ပိတ်ထားလိုက်ရပြီး လုံခြုံရေး တပ်ဖွဲ့များက တက္ကသိုလ် ပရဝုဏ်ကို ထိန်းချုပ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ “Jodel Appမှာ အော်ရီဘရို တက္ကသိုလ်ကို ရည်ရွယ်ထားတဲ့ ခြိမ်းခြောက်မှုတစ်ခု တင်ထားတာ တွေ့ရလို့ပါ”ဟု တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂၄ ရက်၌ ဖော်ပြထားသည်။

လေသန့်ဘူးတွေ ဝယ်ရဦးမှာလား

သဘာဝတရားကြီးက တစ် ခုနဲ့တစ်ခု ကွင်းဆက်မိမိ ချိတ်ဆက်နေတဲ့ ယန္တရားကြီးတစ်ခုပဲ ဆိုတာ လူသားတို့ သတိပြုမိချိန်က အလွန်နောက်ကျနေတဲ့အချိန်ပါ။ လူသားတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့လေက သဘာဝအတိုင်းဆိုရင်တော့ သန့်ရှင်းစင်ကြယ်ပြီးသားပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ပယောဂကြောင့် အမှုမဲ့ အမှတ်မဲ့ ဆင်ခြင်ကင်းမဲ့မှုကြောင့် သန့်စင်လှတဲ့လေတွေက ကြေးညှော်တွေ အထပ်ထပ်နဲ့ ညစ်ပတ်ပေရေကုန်ပါပြီ။

ဆည်မြောင်းတာတမံ ခံနိုင်ရည် စစ်ဆေးနိုင်မည့် စက်ကိရိယာ ၁၅၀ နယ်သာလန် လှူဒါန်း

နယ်သာလန် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကဆည်မြောင်း တာတမံများ ၏ မြေသားနှင့် ခံနိုင်ရည်ကို စစ် ဆေးနိုင်သည့် စက်ကိရိယာ ၁၅၀ ကို မြန်မာနိုင်ငံရှိ ဆည်မြောင်း ဦး စီးဌာနသို့ ဇန်န၀ါရီ ၂၀ ရက်က ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ပြီးခဲ့သည့် ၂၀၁၅ က ဖြစ် ပေါ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုအန္တ ရာယ်များ ကြုံတွေ့ခဲ့ရသည့် တာ တမံများနှင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ တမံများကိုစမ်းသပ် စစ်ဆေးနိုင်ပြီး ရေလွှမ်းမိုးမှုများ ကို တားဆီးကာကွယ်နိုင်ရန် Pri-kstok မြေသား အရည်အသွေး တိုင်းတာသည့် ကိရိယာများကို အကူအညီပေးခြင်းဖြစ်ကြောင်းနယ်သာလန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနက ထုတ်ပြန်သည်။ အဆိုပါကိရိယာများသည် တာတမံများရှိ မြေလွှာအတွင်း ရေစိမ့်လွှာများ၊ ကြွက်တွင်းနှင့်ခြ တွင်းများကို ရှာဖွေနိုင်ပြီးမြေသား ခိုင်မာမှုရှိ၊မရှိ တိုင်းတာနိုင်သည့် ကိရိယာများဖြစ်သည်။

အခွန်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

အခွန်မဆောင် ထားသော ကုန်စည်များ လက် ဝယ်ထားရှိမှုများကို သတင်းပေး သူအား ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ၊ရှာဖွေဖမ်းဆီးသည့်အဖွဲ့အား ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်းချီးမြှင့်မည့် အခွန်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။အထက်ပါအချက်ကို ပြင် ဆင်ဖြည့်စွက်ထားသည့် ၂၀၁၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အ တည်ပြုခဲ့ခြင်းဖြစ်သည်။

ခုတင် ၅၀၀ ဆံ့ဆေးရုံသစ်ကြီး ကျောက်ကပ်အစားထိုး ကုသမှု ၁၅ ခုအောင်မြင်စွာ ပြုလုပ်ပြီး

မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံကြီး ၌ ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသခြင်းကို လပိုင်းသာခြား၍ ဆက်တိုက်ပြုလုပ်ပေးလျက်ရှိပြီး ယခုအချိန်အထိ အစားထိုးခွဲစိတ် မှုပေါင်း ၁၅ ခုကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က ပြောသည်။
ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးကို ၂၀၁၄ သြဂုတ် အ တွင်း စတင်ဖွင့်လှစ်ပြီးနောက် အဆိုပါနှစ်အတွင်း ကျောက်ကပ် အစားထိုးကုသခြင်း လေးခု၊ ၂၀၁၅၌ အစားထိုးခွဲစိတ်ကုသခြင်း ၁၀ ခုနှင့် ယခု ၂၀၁၆ ဇန်န၀ါရီ အတွင်း ခွဲစိတ်ကုသမှုတစ်ခု ဖြစ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

အိန္ဒိယမှ ပင့်ဆောင်လာသည့် မြတ်စွာဘုရားအရိုးဓာတ်တော် အပူဇော်ခံရာမှရရှိသည့် အလှူငွေအချို့ ပြန်လည်လှူဒါန်းမည်

မြတ်စွာဘုရားအရိုးဓာတ်တော်များ ပင့်ဆောင်လာစဉ် (ဓာတ်ပုံ − သီတဂူသာသနာပြုအဖွဲ့ဝင်များ)
မြတ်စွာဘုရား အရိုး ဓာတ်တော်များကို အိန္ဒိယနိုင်ငံဟိ မ၀န္တာတောင်တန်းဒေသမှ ဘုန်း တော်ကြီး ၆၃ပါးက ပထမအကြိမ် ပင့်ဆောင်အပူဇော်ခံ၍ ရရှိသည့် အလှူငွေအချို့ကို ပြန်လည်လှူ ဒါန်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံတွင် သီတင်းသုံးနေသော သီ တဂူဓမ္မ၀ိဟာရကျောင်းတိုက်ဆ ရာတော်ဒေါက်တာအရှင်သြသဓ သာရကမိန့်ကြားသည်။

မန္တလေးခရိုင်အတွင်း ရွေးကောက်ပွဲ မသမာမှုကိုးမှုကို တရားရုံးတွင် စစ်ဆေးနေ

မန္တလေးခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲမသ မာမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားမှု ကိုးမှုရှိခဲ့ ပြီး ယင်းအမှုများအားလုံးကို တရား စွဲဆိုစစ်ဆေးနေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
‘‘အမှုတွေအားလုံး တရားရုံး ရောက်နေပြီ။ တရားရုံးမှာ စစ် ဆေးနေပါတယ်။ ရဲအရေးပိုင်မှု အနေနဲ့ တိုင်ကြားတဲ့ ကိုးမှုစလုံး တရားစွဲဆိုထားပြီး ပလပ်လိုက်တဲ့ အမှုမရှိပါဘူး’’ဟု ဒုရဲမှူးကြီးစိန်ထွန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးနှစ်ရက်ကျင်းပမည်

ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ အ ထူးအစည်းအဝေးကို ဇန်န၀ါရီ ၂၆ ရက်မှစတင်ကာ နှစ်ရက်ကြာ ကျင်းပမည်ဟု သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရ အသုံးဘတ်ဂျက်နှင့်ဒေသန္တရ စီမံကိန်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဇန်န၀ါရီ ၂၆ ရက် နှင့် ၂၇ ရက်တွင် လွှတ်တော်အ ထူးအစည်းအဝေးကျင်းပမည်ဖြစ် ပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီကို အသိပေး အကြောင်းကြားထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ထိုင်းကမ်းခြေမှ သတ္တု အစိတ်အပိုင်း MH370မှ ဟုတ်မဟုတ် စစ်ဆေးနေ

MH370 ဝေဟင်ရှာဖွေရေး လုပ်ငန်း ပါဝင်ဆောင်ရွက်နေသူများ။
ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အပျက်အစီး အစိတ်အပိုင်း အချို့သည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှ ဟုတ်မဟုတ် ကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း သိရသည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်က ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီး လေယာဉ်၏ ကံကြမ္မာကို ယနေ့တိုင် တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။ ယခုတွေ့ရှိသည့် အစိတ်အပိုင်းများသည် အဆိုပါ Boeing 777 လေယာဉ်မှ ဟုတ်မဟုတ်ကို ထိုင်းနှင့် မလေးရှား တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးနေခြင်း ဖြစ်သည်။

ရာဇာထွန်းရေယာဉ်တိမ်းမှောက်မှု သေဆုံးသူများအား လျော်ကြေးပေးရန် ကျန်ရှိနေသေး

ကလေးဝမြို့နယ်ဂဇက် ကျေးရွာအနီး ချင်းတွင်းမြစ် လောင်းဂရိတ်ဝဲတွင် နစ်မြုပ်ခဲ့ သော ရာဇာထွန်းရေယာဉ် တိမ်း မှောက်မှု၌ သေဆုံးသူများနှင့်ပတ် သက်၍ ကျန်ရစ်သူများထံသို့ မည်သူတစ်ဦးတစ်ယောက်မျှလာ ရောက်တွေ့ဆုံရှင်းလင်းခြင်းမရှိ သဖြင့် သက်ဆိုင်သူများ လာ ရောက်ရှင်းလင်းပေးရန် ကျန်ရစ် သူမိသားစုများက ဌာနဆိုင်ရာ များသို့ ဇန်န၀ါရီ ၂၄ ရက်၌ တိုင် ကြားစာပေးပို့တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။၂၀၁၅ နိုဝင်ဘာ ၁ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ များအနက် အလောင်းတွေ့သူ များကိုသာ ရေယာဉ်အသင်းက သဂြုင်္ိဟ်စရိတ်အဖြစ် တစ်ဦးလျှင် ကျပ်သုံးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ် နှစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း၊ အ လောင်းမတွေ့သူများကိုမူမည်သူ တစ်ဦးတစ်ယောက်မှ အကျိုးအ ကြောင်း လာရောက်တွေ့ဆုံပြော ကြားခြင်းမရှိသည့်အတွက် မထီမဲ့ မြင်ပြုနေသည်ဟု ခံစားရကြောင်း ယာဉ်မှောက်မှုတွင် သား၊ သမီး၊ ချွေးမမိသားစုဝင်သုံးဦး ဆုံးရှုံးခဲ့ သည့် ဦးဝင်းကျော်ကပြောသည်။