Sunday 3 August 2014

Master Sport ဖိနပ်စက်ရုံ လုပ်သား ၂၀၀ ကျော် အလုပ်ပြန်လည် ရရှိမည်

လုပ်သားများကို အသိမပေးဘဲ အလုပ်ရှင်က စက်ရုံပိတ်ခဲ့သည့် ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ် (၃) အတွင်းရှိ Master Sport ဖိနပ်စက်ရုံမှ လုပ်သား ၂၀၀ ကျော်ကို လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံ ၁၃ ရုံက အလုပ်ခန့်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus

Photo: အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus
Sunday, August 3, 2014

မြန်မာ နိုင်ငံ ကျန်းမာ ရေး ၀န်ကြီး ဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊
(1) EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
-------------------------------------------------
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့
ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်
ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံး
စေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ်
ရောပိုးဖြစ်သည် ။
အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက်
ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်ပိုး
တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင်
ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်
သည် ။
၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည်။.
အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်
သည်မှာအလွန်ကံကောင်းသည်ဟုဆိုရမည်။၎င်းသည်တုတ်ကွေးကဲ့သို့
ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေး
သား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရာဂါခံစားနေ
ရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား
ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့
စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သော
အရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။
ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ
ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး
ဆက်တိုက်ပျံ့ပွားသွားမည်ဖြစ်သည်ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း
သေဆုံးမည်ဖြစ်သည် ။
(2) ရောဂါလက္ခဏာတွေကဘယ်လိုလဲ
--------------------------------------
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း
မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း
ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး
ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည်။
ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်
ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်း
စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး
စေမည်ဖြစ်သည်။
ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊အိပ်ယာ
တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင်
TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့်
အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။
ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက
မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကို
စောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်
ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။
(3) ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
--------------------------------------------
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့်
ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်
နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်
အမြန် ကူးဆက်လျှက် ရှိသည်။
အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ
(၁၂၀၀) ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။
၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံး
မှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည်။
ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည်
အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်
ဗိုင်းရပ်ဖြစ်လာခဲ့သည်။
အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို
ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။
ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်းယနေ့သတင်းစာများတွင်
ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည်အဆိုပါအီဗိုလာရော
ဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်
သည် ။
(4)မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုရှီနေပြီလား
-------------------------------------------------------
ကျွန်တော်တို့မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုမတွေ့ရသေးပါဟုပြော
ရပေမည်။သို့သော်မြန်မာနိုင်ငံအနေဖြင့်အာဖရိကနိုင်ငံများနှင့်လေကြောင်းအ
ရဆက်သွယ်မှုတွေရှိသဖြင့်ဖြေရှင်းကိုင်တွယ်နိုင်ရန်အတွက်ထိုရောဂါနှင့်ပတ်
သည့်သည့်ကာကွယ်ရန်အသုံးအဆောင်များ၊ခေတ်မှီကရိယာများယခုအချိန်က
ကတည်းကကျန်းမာရေးဝန်ကြီးဌာနအနေနှင့်ပြင်ဆင်ထားရန်လိုအပ်နေပြီဖြစ်
သည်။
လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ်
The International Civil Aviation Organization (ICAO) နှင့်လည်း
ဆွေးနွေးဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်သည်။
(5) ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ
--------------------------------------------------
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူး
စက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည်။
အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများက
ကြော်ငြာနေသည် ။
အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။
Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော
ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ
သေဆုံးခဲ့ပြီးဖြစ်သည် ။
အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန်
လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ
ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည်
ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။
အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည်။
Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး
အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်း
ထားရပြီဖြစ်သည်။
Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY,
လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲ
ပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။
အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်
ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့်
ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်
ကဲမှုများပြုလုပ်နေရပြီဖြစ်သည်။
လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော
ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား
ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့်
နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း
နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်
ထုတ်ပြန်ခဲ့ရပြီဖြစ်သည်။
အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း
နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ
အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာ
နက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာမြန်မာ
နိုင်ငံသားများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။
ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ
သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန်
မြန်မာနိုင်ငံသားများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည်၊၊

ဆူးခင်းလမ်း သုတရသ
မြန်မာ နိုင်ငံ ကျန်းမာ ရေး ၀န်ကြီး ဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊

ဝင်ကြေးမြင့်ပြီး မိုးသည်းနေသည့်ကြားမှ 2NE1 အောင်ပွဲခံ

Photo: ဝင်ကြေးမြင့်ပြီး မိုးသည်းနေသည့်ကြားမှ 2NE1 အောင်ပွဲခံ
Sunday, August 3, 2014

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အနုပညာဖျော်ဖြေပွဲများတွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော 2NE1 အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်(ဓာတ်ပုံ − အေးဇော်မိုး(စက်မှု))
မြန်မာနိုင်ငံတွင် ဝင် ကြေးအမြင့်ဆုံး နိုင်ငံတကာဖျော် ဖြေပွဲအဖြစ် ကိုရီးယားကေပေါ့ပ် (K-Pop) အဖွဲ့ 2NE1 ၏ ဖျော် ဖြေပွဲကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ရာ ပရိသတ်များ ပွဲကျင်းပသည့် ခန်းမပြည့်လုနီးပါး လာရောက် အားပေးခဲ့ကြသည်။

ဝင်ကြေးဈေးနှုန်းမြင့်မား သော်လည်း မြန်မာ K-Pop ပရိ သတ်များ၏ အားပေးမှုသည် မိုး များမပြတ်ရွာသွန်းနေသည့်အချိန် ၌ပင် ပွဲကျင်းပသည့် Myanmar Event Park (M.E.P) ခန်းမပြည့် လုနီးပါး လာရောက်အားပေးခဲ့ကြ သည်။

ယင်းဖျော်ဖြေပွဲကို ဝင်ကြေး အနိမ့်ဆုံး ငွေကျပ် နှစ်သောင်းခွဲ မှ ကိုးသိန်းကျပ်အထိ အဆင့်များ သတ်မှတ်၍ ရောင်းချခဲ့သည်။

‘‘နှစ်သောင်းခွဲတန်းက လူ တွေဆိုရင် မနက် ၁၀ နာရီလောက်ကတည်းက လာပြီးတန်းစီနေကြ တာ’’ဟု ပွဲသို့ လာရောက်ကြည့်ရှု သူတစ်ဦးက ပြောသည်။

M.E.P ဝင်းအပြည့် လာ ရောက်အားပေးသော ပရိသတ် များကို ညနေ ၅ နာရီတွင် စတင် ဝင်ရောက်ရန် သတ်မှတ်ထားခဲ့ သော်လည်း ၆ နာရီကျော်မှသာ ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် အဆက်မပြတ်ရွာနေသည့် မိုးရေ ထဲ၌ ထီးများဆောင်း၍ နှစ်နာရီခန့် တန်းစီစောင့်ဆိုင်းခဲ့ရသည်။

ဖျော်ဖြေပွဲကို ည၇ နာရီကျော် တွင် စတင်ခဲ့ပြီး 2NE1 သည် ပရော်ဖက်ရှင်နယ်အဖွဲ့တစ်ဖွဲ့ ပီသစွာ သီချင်းများကို ၎င်းတို့၏ ဖျော်ဖြေနေကျပုံစံအတိုင်း မာန်ပါပါဖြင့် ဖျော်ဖြေခဲ့သောကြောင့် မြန်မာ K-Pop ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။

ဖျော်ဖြေရာတွင် 2NE1 ၏ နိုင်ငံတကာတွင် အောင်မြင်မှုရရှိ သော သီချင်းများဖြစ်သည့် I Don't Care, Fire, I am The Bast အပါအဝင် စုစုပေါင်း သီ ချင်း ၁၀ ပုဒ်ကျော် သီဆိုပြီးချိန် ၌ ပရိသတ်များကို နှုတ်ဆက်ခဲ့ သော်လည်း ပရိသတ်များ၏ တောင်းဆိုမှုကြောင့် နောက်ထပ် သီချင်းသုံးပုဒ် ထပ်မံဖျော်ဖြေပေး ခဲ့သည်။

လွန်ခဲ့သည့်ငါးနှစ်ခန့်က ၎င်းတို့အောင်မြင်ကျော်ကြားခဲ့သော I Don't Care သီချင်းကို ယခင် ပုံစံနှင့်မတူဘဲ ရော့ခ်ဆန်ဆန် သီ ဆိုဖျော်ဖြေမှုနှင့် I am The Bast သီချင်းကို ဆိုင်ကယ်စီးသည့် ဟန် ပါဖောမန့်ဖြင့် ဖျော်ဖြေမှုမှာလည်း ပရိသတ်များအတွက် ထူးခြား သည့်ခံစားမှုများ ပေးနိုင်ခဲ့သည်။

မကြာခင်က ထွက်ရှိထား သော Come Back Home သီချင်းနှင့် Gotta Be You သီ ချင်းများကို မြန်မာပရိသတ်များ အား ဖျော်ဖြေသီဆိုခဲ့ပြီး နောက်ဆုံးဖျော်ဖြေမှုအစီအစဉ်တွင် အဖွဲ့ခေါင်းဆောင် CL က အားပေးနေ သည့် ပရိသတ်များကို ဖုန်းဖြင့် မှတ်တမ်းတင်ခဲ့ရာ ပရိသတ်များ၏ အားပေးသံများ ဆူညံနေခဲ့ သည်။

ဖျော်ဖြေပွဲသို့ အနုပညာ လောကမှ နာမည်ကြီး သရုပ် ဆောင်၊ အဆိုတော်များလည်း လာရောက်အားပေးခဲ့ကြသည်။

‘‘မီးတွေသုံးထားတာတော့ မိုက်ပါတယ်။ ဒါပေမဲ့ စင်က နိမ့်နေတော့ ဖျော်ဖြေတဲ့သူတွေကို သေ သေချာချာ မမြင်ရဘူး’’ဟု ကျပ် လေးသောင်းတန် Gold Standing တွင် လာရောက်ကြည့်ရှုသူတစ် ဦးက သုံးသပ်သည်။

7Day DAILY
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အနုပညာဖျော်ဖြေပွဲများတွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော 2NE1 အဖွဲ့၏ ဖျော်ဖြေမှုကို တွေ့ရစဉ်(ဓာတ်ပုံ − အေးဇော်မိုး(စက်မှု))
မြန်မာနိုင်ငံတွင် ဝင် ကြေးအမြင့်ဆုံး နိုင်ငံတကာဖျော် ဖြေပွဲအဖြစ် ကိုရီးယားကေပေါ့ပ် (K-Pop) အဖွဲ့ 2NE1 ၏ ဖျော် ဖြေပွဲကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ရာ ပရိသတ်များ ပွဲကျင်းပသည့် ခန်းမပြည့်လုနီးပါး လာရောက် အားပေးခဲ့ကြသည်။

ကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ်များကို အော်ရီဒူးက လိုသလောက်ရောင်းချပေးသွားမည်

Photo: ကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ်များကို အော်ရီဒူးက လိုသလောက်ရောင်းချပေးသွားမည်
Sunday, August 3, 2014

တစ်ချိန်က လူနေမှုအဆင့်အတန်း ကို ပြသရာ ဇိမ်ခံပစ္စည်းတစ်ခု အဖြစ်ရှိခဲ့သည့် မိုဘိုင်းဖုန်းများသည် ယခုအချိန်မှာတော့ အော်ရီဒူးမြန်မာမှ ငွေကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ် များကိုလူထုလိုသလောက် ဝယ်ယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

အော်ရီဒူးက ဇူလိုင် ၃ဝ ရက်မှ စပြီးမန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ အော်ရီဒူးသီးသန့် ဆိုင်များနှင့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၆၅ဝဝ တို့တွင် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် တို့ဖြင့် လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်သည်။ 

''သြဂုတ် ၁၄ ရက်နေ့အထိ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အော်ရီဒူးဖုန်း အချင်းချင်းမိနစ် ၉ဝဝ ဖုန်းပြောနိုင် မယ်၊ စာတို ၉ဝဝ ပေးပို့နိုင်မယ်၊ အခြားကွန်ရက်များသို့ မိနစ်၉ဝ၊ စာတို ၉ဝ နဲ့ ဖေ့စ်ဘုတ်အခမဲ့၊ အင်တာနက် ၂ဝ MB အခမဲ့ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်'' ဟုအဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲ တွင် အော်ရီဒူးမှ အလုပ်အမှုဆောင် အရာရှိချုပ် ရော့စ်ကော်မက (Ross Cormack)က ပြောသည်။ 

ယခု စတင်ရောင်းချနေသည့် အော်ရီဒူးဆင်းကတ်များနှင့် သုံးစွဲရန် ဟန်းဆက်နှင့် ပတ်သက်သည့် ပြောဆိုမှုများရှိနေရာ အသစ်ဝယ်စရာမလိုဘဲ Apple၊ HTC၊ LG၊ Nokia၊ Sony၊ Samsung စသဖြင့် UMTS 900 ရှိသည့် မည်သည့်ဖုန်းနှင့်မဆိုသုံးနိုင် ကြောင်း၊ အခက်အခဲရှိပါကသီးသန့် ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ထားကြောင်း၊ သုံးစွဲသူများသိလိုသည်များ ကို၂၄ နာရီ ပိတ်ရက်မရှိ ဖုန်း-ဝ၉-၉၇ဝဝဝ၂၃၄၊ ဝက်ဘ်ဆိုက် www. Ooredoo.com နှင့် အော်ရီဒူး အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စုံစမ်းနိုင်ကြောင်းလည်း သိရသည်။ 

ဖုန်းခေါ်ဆိုခများမှာ အော်ရီဒူး ဖုန်းအချင်းချင်းဖြစ်ပါက တစ်မိနစ် ၂၅ ကျပ်၊ စာတို sms တစ်စောင် ၂၅ ကျပ်၊ အင်တာနက် 1 MB 25 ကျပ်၊ အခြားကွန်ရက်မှ ဖုန်းများသို့ တစ်မိနစ် ၃၅ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ ငွေဖြည့်ကတ်များကိုငွေ ကျပ်တစ်ထောင်၊ သုံးထောင်၊ ငါးထောင်၊ တစ်သောင်း၊ နှစ်သောင်း စသည်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။ 

ဆင်းကတ် ဝယ်ယူခအဖြစ်ပေးသွင်း ခဲ့ရသည့် ငွေကျပ် ၁၅ဝဝ အား ပြန်လည်အကျိုးခံစားရမည်ဖြစ် ကြောင်းကို ''လက်ဆောင်ကာလ ပြီးဆုံးရင် သုံးစွဲသူတွေရဲ့ စာရင်းထဲကိုလစဉ် ကျပ် ၅ဝဝ ထည့်ပေါင်းပြီး သုံးကြိမ် ပြန်ထည့်ပေးသွားမှာဖြစ် ပါတယ်'' ဟု တက်ရောက်လာသည့် စာနယ်ဇင်းသမားများနှင့် သီးသန့် တွေ့ဆုံစဉ် အလုပ်အမှုဆောင် အရာရှိချုပ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ၂ဝ၁၃ ခုနစ် ဧပြီလတွင် ဆင်းကတ်တစ်ကတ် လျှင် ကျပ် ၁၅ဝဝ နှုန်း မဲစနစ်ဖြင့် ရောင်းချပေးခဲ့သော်လည်း လိုချင်သလောက် မရခဲ့သဖြင့် ပြည်သူတို့မှာ မျှော်တလင့်လင့်ရှိနေခဲ့ကြရသည်။

အော်ရီဒူးကုမ္ပဏီက ၎င်းနှင့် စာချုပ် ချုပ်ဆိုထားသော ကိုယ်စားလှယ် ဖုန်းအရောင်းဆိုင်များအားရွှေ၊ ငွေ၊ ကြေးဟူ၍ အဆင့်သုံးဆင့်သတ်မှတ် ထားပြီး လိုသလောက်ရောင်းချပေး သွားမည်ဟုလည်း သိရသည်။

''ဇူလိုင် ၃၁ ရက်မှာ အော်ရီဒူး ဖုန်းဆင်းကတ် တစ်ခုကို ကျပ် ၁၅ဝဝ နဲ့ စတင်ရောင်းချပေးပါတယ်။ ဘာမှ မလိုပါဘူး။ မှတ်ပုံတင်ပါရင် ရပြီ။ ကိုယ်ရေးအချက်အလက်တော့ ဖြည့်ပေးရပါမယ်။ အော်ရီဒူးကချပေးမယ့် ကတ်တွေပေါ် မူတည်ပြီး ရောင်းပေး သွားမှာပါ။ 3G ရှိတဲ့ ဘယ်ဟန်းဆက် နဲ့မဆိုသုံးလို့ရပါတယ်'' ဟုလည်း မဟာဗန္ဓုလလမ်းရှိအောင် မိုဘိုင်း အရောင်းဆိုင်မှ ကိုသန်းထိုက်က ပြောသည်။

အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီ က ယခုစမ်းသပ်ကာလတွင် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့နှင့်အနီး ဝန်းကျင်တို့တွင်သာ သုံးစွဲနိုင်သေး မည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ယင်းမြို့ကြီးများအပါအဝင် ပြည်၊ မကွေး၊ မိတ္ထီလာစသည့် မြို့ကြီး ၆၈ မြို့တို့တွင် ကွန်ရက်ချဲ့ထွင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ နော်ဝေ အခြေစိုက်တယ်လီနောနှင့် ကာတာအခြေစိုက် အော်ရီဒူးတို့ကိုလုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ ပွဲဦးထွက်အနေဖြင့် အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီက ဆင်းကတ်များကို ဇူလိုင် ၂၉ ရက်တွင် နေပြည်တော်နှင့် မန္တလေးရှိအရောင်းဆိုင်အချို့က စတင် ရောင်းချပေးခဲ့သလို ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်လည်း ဇူလိုင် ၃ဝ ရက်မှ စတင်၍ ရောင်းချပေးခဲ့သည်။ ဖုန်းကတ် ဝယ်ယူသူများသောကြောင့် ငွေကျပ်ငါးထောင်၊ ခြောက်ထောင်အထိပေးကာ ဝယ်ယူခဲ့ရသူများရှိသလို အင်တာနက်အသုံးပြုခမှာဈေးနှုန်း မြင့်နေသည်ဟု ဝေဖန်မှုများလည်း ပြည်သူများအကြားတွင် ပျံ့နှံ့လျက် ရှိသည်။ 

(ဝင်းဝင်း)
The Mirror Daily
တစ်ချိန်က လူနေမှုအဆင့်အတန်း ကို ပြသရာ ဇိမ်ခံပစ္စည်းတစ်ခု အဖြစ်ရှိခဲ့သည့် မိုဘိုင်းဖုန်းများသည် ယခုအချိန်မှာတော့ အော်ရီဒူးမြန်မာမှ ငွေကျပ် ၁၅ဝဝ ဖြင့် ဖုန်းဆင်းကတ် များကိုလူထုလိုသလောက် ဝယ်ယူ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပ သည့် မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

မြန်မာပြည်သွားမယ့် ၀န်ကြီး ဂျွန်ကယ်ရီ၊ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရ

Photo: မြန်မာပြည်သွားမယ့် ၀န်ကြီး ဂျွန်ကယ်ရီ၊ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရ
Sunday, August 3, 2014

မြန်မာနိုင်ငံကို ARF အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကွန်ဂ ရက် လွှတ်တော် အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁ဝ ရက်နေ့ ကျင်းပမယ့် ASEAN Regional Forum – ARF အစည်းအဝေးတက်ဖို့သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် ကွန်ဂရက် အမတ် ၇ဝ ကျော်က ဂျွန်ကယ်ရီဆီ ပေးပို့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေ အနေဟာ အဆိုးဘက်ကို နောက်ပြန်ဆုတ်သွားနေတာကြောင်၊့ မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက် စီးစေတယ်ဆိုတာ မြန်မာအစိုးရကို သတိပေးဖို့ ဝန်ကြီး ဂျွန်ကယ်ရီကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်က အစပြုကာ မြန်မာနိုင်ငံ အနှံ့အပြား လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ၊ အထူးသဖြင့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုအကြမ်းဖက်မှုတွေ ဖြစ်တာ၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေနဲ့ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာအပါအဝင်၊ မြန်မာသတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတာတွေဟာ အခြေအနေဆိုးတွေဖြစ်တယ်လို့ ကွန်ဂရက်အမတ်တွေက ထောက်ပြထားပါတယ်။

ဒါအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ ပျက်ကွက်နေပြီး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်အခဲဆုံးနဲ့အဟန့် အတား ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စတွေ အရာမထင်သေးတာတွေလည်း ထောက်ပြထားပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အရေးအပါဆုံး ခြေလှမ်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာဟာ မှေးမှိန်နေဆဲဖြစ်တဲ့ အပြင်၊ လာမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စတွေမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ချုပ် ချယ်မှုတွေ လုပ်ဖို့ ကြိုးစားလာတာကိုလည်း ကွန်ဂရက်အမတ်တွေက ထောက်ပြပါတယ်။

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအကောင်အထည်ဖော်နေပေမယ့် အခု ထိ အာမခံချက်ရှိတဲ့ အခြေအနေတခုကို မရောက်သေးတဲ့ အပြင်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာ စစ်တပ် က အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ လုပ်ရပ်တွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေသေး တာကို လည်း ထောက်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို နိုင်ငံရေးအကျဉ်းသားအားလုံးကို လုံးဝ ခြွင်းချက်မရှိ လွှတ်ပေး မယ် လို့ ကတိပေးထားပေမယ်၊့ အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက်ကျန်ရှိနေသေးတာလည်း ကွန်ဂရက်အမတ်တွေက ထောက်ပြပါတယ်။

ယခု စာကို လက်မှတ်ရေးထိုး ထောက်ခံတဲ့ ကွန်ဂရက်လွှတ်တော် အမတ် ၇ဝ ကျော်ဟာ ဒီမိုကရက်ပါတီရော၊ ရီပတ်ဗလီကန်ပါတီတွေက ထင်ရှားသူတွေ လည်း ပါဝင်ပါတယ်။

အထက်ကဖော်ပြထားသလို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင် စုက အရင်က ပိတ်ပင်ကန့်သတ်ထားချက်တွေကို နောက်ထပ် ဖြေလျှော့ပေးဖို့ စဉ်းစားချက်တွေကို ပြန်သုံးသပ်ပြီး ရပ်ဆိုင်း ထားဖို့ ကွန်ဂရက်အမတ်တွေက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံက အပြစ်မဲ့ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်သူတွေကိုလည်း ထိရောက်တဲ့အရေးယူမှုတွေကို အမေရိကန်ရဲ့ လုပ်ပိုင်ခွင့်အပြည့်အဝသုံးပြီး အရေးယူဒဏ်ခတ်ဖို့လည်း ကွန်ဂရက်အမတ်တွေက တိုက်တွန်းပါတယ်။

ဒါအပြင် မြန်မာနိုင်ငံကို သွားရောက်တဲ့ အခါမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေရှိနေတာကို မြန်မာ အစိုးရနဲ့ အလေးအနက် ဆွေးနွေးတိုက်တွန်းဖို့လည်း အမေရိကန် အခြေစိုက်တဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသင်း အဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီးတောင်းဆိုခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးဟာ သိသာတဲ့ မြန်မာပြည် အပြောင်းအလဲတွေ ကြောင့်၊ ကောင်းမွန်တဲ့အနေအထားရှိခဲ့ပေမယ့် အခုလို ပြုပြင်ပြောင်းလဲရေးကို သွေဖီတဲ့ ဖြစ်ရပ်တွေကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ပါ ထိခိုက်တာဖြစ်တယ်လို့ အမေရိကန် အမတ်တွေက ဆိုကြပါတယ်။

ဧရာဝတီ

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၃ ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတူတွေ့ရစဉ် (ဓာတ်ပုံ – ဆိုင်မွန်ရော့က္ကနီး)
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတူတွေ့ရစဉ် (ဓာတ်ပုံ – ဆိုင်မွန်ရော့က္ကနီး)
မြန်မာနိုင်ငံကို ARF အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ ကွန်ဂ ရက် လွှတ်တော် အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။

ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

Photo: ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
Sunday, August 3, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မြို့နယ်ပေါင်း ၃၂ ခုမှ အခြေခံပညာ ၆၉ ကျောင်းရှိ စားသောက်ကုန် ၅၄၃ မျိုးကျော်ကို နမူနာကောက်ယူပြီး ၁၇၇ မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ ယင်းသို့ စားသုံးရန် မသင့်သော အစားအသောက် နှစ်မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စားသောက်ကုန်များကို တစ်နိုင်ငံလုံးရှိ ကျောင်းများသို့ ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မုန့်တွေရှိတဲ့ ကျောင်းကို ကွင်းဆင်းမယ်၊ ပညာပေးမယ်၊ ပစ္စည်းသိမ်းမယ်။ တစ်နိုင်ငံလုံးက ကျောင်းတွေမှာလည်း ဒီလိုမုန့်တွေ ရှိနိုင်တဲ့အတွက် အများပြည်သူသိအောင် သတင်းစာက ကြေညာချက်ထုတ်မယ်” ဟု ဒေါက်တာထွန်းဇော်က ဆိုသည်။

အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးပါသော စားသောက်ကုန်များ၊ အန္တရာယ်ရှိ ဓာတုပစ္စည်းပါသော အစားအသောက်များ ရောင်းချခြင်း မပြုရန်နှင့် မြန်မာမုန့်များ အစားထိုး ရောင်းချကြရန် အခြေခံပညာ ဦးစီးဌာနများက စာသင်ကျောင်းများထံ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစပိုင်းကတည်းက ညွှန်ကြားထားသည်။

ယင်းအပြင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့က လိုက်လံစစ်ဆေးမှုများ ရှိကြောင်း ရန်ကုန်မြို့နေ မူလတန်းပြ ဆရာမတစ်ဦးထံမှ သိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ FDA နည်းတူ စားသုံးသူ ကာကွယ်ရေးအသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့ကလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပါဝင်ပစ္စည်း အမျိုးအမည် မသိသော တရုတ်နိုင်ငံမှ တင်သွင်းသည့် မုန့်များကို ကျောင်းမုန့်ဈေးတန်းများတွင် မရောင်းချရန် ပညာပေး အစီအစဉ်များ လိုက်လံပြုလုပ်ခဲ့သည်။

The Voice Weekly
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

မြောက်ကိုရီးယား ဝန်ကြီး မြန်မာပြည် လာမယ်

Photo: မြောက်ကိုရီးယား ဝန်ကြီး မြန်မာပြည် လာမယ်
Sunday, August 3, 2014

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su - yong ဟာ ရှေ့တပတ် ထဲမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို တက်ဖို့ အတွက် မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီ က ရေးပါတယ်။

သြဂုတ်လ ၂ ရက်နေ့ စတင်မယ့် သူ့ရဲ့ ခရီးစဉ် အတွင်း လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ စင်ကာပူ နိုင်ငံ တွေကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဘူးတဲ့ မစ္စတာ Ri ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်း အဲဒီမှာ ပညာသင် ခဲ့စဉ်က အုပ်ထိန်းသူ အဖြစ် ဆောင်ရွက်ခဲ့ ဘူးတယ် လို့ ယုံကြည်ရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su - yong ဟာ ရှေ့တပတ် ထဲမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင် ရာ ဆွေးနွေးပွဲ ARF ကို တက်ဖို့ အတွက် မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြောက်ကိုရီး ယား သတင်းဌာန ကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီ က ရေးပါတယ်။

ကယ်ရီ မြန်မာနိုင်ငံကို လာမယ်

Photo: ကယ်ရီ မြန်မာနိုင်ငံကို လာမယ်
Sunday, August 3, 2014

 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ဟာ၊ ဒီ သြဂုတ်လ အတွင်းမှာပဲ၊ မြန်မာ၊ ဩစတြေးလျ နဲ့ ဆော်လမွန် ကျွန်းစုတွေကို၊ သွားရောက်မယ့် ခရီးစဉ် ရှိတယ်လို့၊ အမေရိကန် နိုင်ငံခြားရေး ဌာနက၊ ထုတ်ပြန် လိုက်ပါတယ်။

ဒီ ခရီးစဉ်ရဲ့ အစဦး အဖြစ်၊ ဝန်ကြီး ကယ်ရီဟာ၊ မြန်မာ နိုင်ငံကို ဩဂုတ်လ ၈ ရက်ကနေ ၁၃ ရက် နေ့ အထိ၊ လာရောက်မှာ ဖြစ်ပါတယ်။

၉ ရက်နေ့ နေပြည်တော်မှာ၊ မြန်မာ အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ စီစဉ်ထား သလို၊ မြန်မာပြည် မှာ ရှိနေစဉ်၊ အာဆီယံ ဒေသတွင်း ဖိုရမ် နဲ့၊ အရှေ့အာရှ ဝန်ကြီးများ အဆင့် ထိပ်သီး ဆွေးနွေးပွဲ တွေကို၊ ဝန်ကြီး ကယ်ရီ တက်ရောက်မယ် လို့ သိရပါတယ်။

မြန်မာပြည်ကနေ တဆင့်၊ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီကို ထွက်ခွာမှာ ဖြစ်ပြီး၊ အဲဒီ့မှာ ကျင်းပဖို့ ရှိတဲ့ အမေရိကန်နဲ့ ဩစတြေးလျ ၂ နိုင်ငံ ဝန်ကြီးများ အဆင့် နှီးနှော ဖလှယ်ပွဲ ကို ၊ မစ္စတာ ကယ်ရီ တက်ရောက် ပါလိမ့်မယ်။

အဲဒီ့ပွဲကို၊ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန်ရဲ့ အကြီးအကဲ ချာ့ခ် ဟေဂယ်လ်လည်း တက်ရောက် လာပါလိမ့်မယ်။

ဘီဘီစီ (မြန်မာပိုင်း)

 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ဟာ၊ ဒီ သြဂုတ်လ အတွင်းမှာပဲ၊ မြန်မာ၊ ဩစတြေးလျ နဲ့ ဆော် လမွန် ကျွန်းစုတွေကို၊ သွားရောက် မယ့် ခရီးစဉ် ရှိတယ်လို့၊ အမေရိကန် နိုင်ငံခြားရေး ဌာနက၊ ထုတ်ပြန် လိုက်ပါတယ်။

မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်

Photo: မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်
Sunday, August 3, 2014

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။

Himachal Pradesh University ဇီဝသိပ္ပံ ဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသော ဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရ တန်ဖိုးများက ကျန်းမာရေး အာနိသင်ကို ပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ် မဆိုစလောက် နည်းပါးစွာ ပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကို မဖြစ်စေကြောင်း၊ သို့သော် အန္တရာယ်ရှိသော၊ အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်း မဟုတ်ဘဲ ပြည်သူများ လွယ်လင့်တကူ စားသုံးနိုင်သော ကောက်ရိုးမှို၊ တောင်ပို့မှိုနှင့် နွားရွက် မှိုများကိုသာ ဆိုလိုခြင်း ဖြစ်ကြောင်း ယခုစာတမ်းတွင် ဖော်ပြထားသည်။

လေ့လာမှု စာတမ်းတွင် ဖော်ပြထားချက် အရ မှိုများတွင် အဆီဓာတ်မပါ ၀င်ကြောင်း၊ ထို့ကြောင့် အ၀လွန်နေသော ဆီးချို ဝေဒနာရှင်များ စားသုံးပေး နိုင်ကြောင်း သိရှိရသည်။ ထို့ပြင်မှို (Mushrooms) ၏ ကင်ဆာနှင့် HIV အပေါ် အကျိုး သက်ရောက်မှုကို ဆက်လက် လေ့လာနေကြောင်း၊ ဆေးဘက်ဝင် အာနိသင်အပြင် မှိုကို စားသုံး ပေးခြင်းသည် အစား ရှောင်နေရသော ဆီးချို ဝေဒနာရှင်များကို အဆင်ပြေ စေမည်ဟု Dr. TN Lakhanpal က ပြောကြားခဲ့သည်။

Dr. TN Lakhanpal က ယခုလေ့လာမှု စာတမ်းကို အကြိမ် တစ်ရာမြောက် အိန္ဒိယ သိပ္ပံပညာ ကွန်ဂရက်တွင် တင်ပြထားခြင်း ဖြစ်သည်။

 Health Updates Journal
မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြော င်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။

အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ၀န်ခံ

Photo: အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ၀န်ခံ
Sunday, August 3, 2014

 အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် သမားတွေကို ထောက်လှမ်းရေး အဖွဲ့တွေက အမေရိကန်နိုင်ငံ ရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်းပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ၀န်ခံ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ တကယ် ပြုလုပ် လာမလားဆိုတာကို လုံခြုံရေး အရာရှိတွေ အတိအကျ မသိနိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ ကြီးမားတဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက သောကြာနေ့ မှာ ပြောပါတယ်။

"9/11 ဖြစ်ပြီးပြီးချင်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ မမှန်ကန်တဲ့ လုပ်ရပ် တချို့ကို လုပ်ခဲ့ကြောင်း၊  မှန်ကန်တဲ့လုပ်ရပ် အများအပြားကို လုပ်ခဲ့ကြပေမယ့် လူတချို့ကို ညှဉ်းပမ်း နှိပ်စက်တာမျိုး အမေရိကန်အစိုးရအနေနဲ့ လုပ်ခဲ့" တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမားအနေနဲ့ သူသမ္မတဖြစ်လာတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဲဒီလို လုပ်ဆောင်မှုတွေဟာ တရားမ၀င်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ညှဉ်းပန်း နှိပ်စက်တယ်ဆိုတဲ့ စကားလုံးကို အသုံးပြုခြင်းက ရှောင်ရှားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် တိုက်ခိုက်မှုနောက်ပိုင်း ဖမ်းမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်း မှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို အမေရိကန် အထက်လွှတ်တော်က လျှို့ဝှက် သတ်မှတ်ထားတဲ့အဆင့်က လျော့ချပြီး အစီရင်ခံစာထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန် သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
 အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် သမားတွေကို ထောက်လှမ်းရေး အဖွဲ့တွေက အမေရိကန်နိုင်ငံ ရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်းပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ၀န်ခံ ပြောကြားလိုက်ပါတယ်။

Ooredoo ဖုန်းအချင်းချင်းခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထား

Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားအော်ပရေတာ များ၏ ဖုန်းများသို့ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထားကြောင်း သတင်းရရှိသည်။ မက်ဆေ့ခ်ျပို့ခမှာ တစ်စောင်လျှင် ၂၅ ကျပ်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို 1 MB လျှင် ၂၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု

Photo: နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု
Sunday,  August 3, 2014

နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာများ တွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းမှာ ကူးစက်ရောဂါတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး ကြက်ငှက်တုပ်ကွေးH5N1၊ ၂ဝဝ၉ မှာ လူတုပ်ကွေးကပ်ရောဂါ။ အဲဒီနောက်ပိုင်းH7N9 ကြက်ငှက်တုပ်ကွေးရောဂါ။ နောက်မားစ်ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါစတဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်လာတယ်။ အခု အီဘိုလာဗိုင်းရပ်စ်က ၂ဝ၁၄ မတ်လမှ စဖြစ်ခဲ့တာဆိုတော့ ဒီမှာမေလလောက်ကတည်းက ရောဂါစောင့်ကြပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ WHO အနေနဲ့ ဆားရ်စ်ရောဂါဖြစ်တုန်းကဆိုရင် ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတွေကို အသေးစိတ် ညွှန်ကြားခဲ့တယ်။ အခု အီဘိုလာကျတော့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး အဲလိုညွှန်ကြားချက် မထုတ်ထားဘဲ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ပဲ ပြောထားတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်အားလုံးကို စောင့်ကြပ်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု မရှိသေးပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါသံသယလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် နိုင်ငံတကာ ဝင်ပေါက်/ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ သင်္ဘော ဆိပ်များရှိ ကျန်းမာရေးဌာနများတွင် ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါများအတွက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနှီးနွှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနမှ သိရသည်။

အီဘိုလာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက “အခုဒီဗိုင်းရပ်စ်ပိုးက လက်ရှိ မြန်မာနိုင်ငံမှာလည်း မတွေ့ရသေးဘူး။ ပြီးတော့ ဒီဗိုင်းရပ်စ်ပိုးက သဘာဝတိရစ္ဆာန်တွေက ကူးစက်တာဖြစ်တဲ့အတွက် ဒီလိုတိရစ္ဆာန်တွေကို မြန်မာတွေက စားသုံးလေ့မရှိဘူး။ ဒါကြောင့် ကူးစက်နိုင်ခြေရာနှုန်း နည်းတယ်လို့ဆိုရမှာပါ။ တကယ်လို့ဖြစ်လာခဲ့မယ် ဆိုရင်လည်း အရင်တိရ စ္ဆာန်ကတစ်ဆင့် ကူးစက်မြန်ရောဂါတွေတုန်းကလို အရေးပေါ်စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ဆိုသည်မှာ သဘာဝတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရပါက အသက်ဆုံးရှုံးနိုင်ခြေမှာ ရာနှုန်းပြည့်ရှိနေပြီး ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် အာဖရိကတိုက် အနောက်အလယ်ပိုင်းနိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံစသည့် တိရစ္ဆာန်များတွင် တွေ့ရှိရပြီး ယင်းရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို စားသုံးမိရာမှ လူသို့ကူးစက်နိုင်ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရ သူ ၁၃၂ဝ ကျော်၊ သေဆုံးသူ ၇ဝဝ ကျော်ရှိပြီဟု နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။

ယင်းဗိုင်းရပ်စ်ကို ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိက အနောက်ခြမ်းနိုင်ငံဖြစ်သည့်Guinea တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေရသူများသည် ခရီးသွားလာမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်Liberia၊ Sierra Leone နိုင်ငံများသို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအဆိုပါ သုံးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄ဝ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်လည်း အနောက်အာဖရိကတွင် ဖြစ်ပွားနေသည့် အဆိုပါ ရောဂါကိုတိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်စီမံကိန်းတစ်ခု စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့သည့် နိုင်ငံသုံးနိုင်ငံမှ အကြီးအကဲများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ တွေ့ဆုံကာ ရောဂါပြန့်ပွားမှုနှုန်း၊ ထိန်းချုပ်ကာကွယ်နိုင်မှု အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရောဂါစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံများသို့ ဆေးကုသရန်ရောက်ရှိနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လုပ်အားပေးဆရာဝန်နှင့် လုပ်အားပေးများ ကူးစက်ခံရခြင်းကြောင့် ယင်းနိုင်ငံသုံးနိုင်ငံသို့ အမေရိကန်မှ လုပ်အားပေးရောက်ရှိနေသော အမေရိကန်နိုင်ငံသား ၃ဝဝ ခန့်ကို အမေရိကန်က ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမေရိကန်၊ လန်ဒန်၊ ဥရောပနိုင်ငံများ အပါအဝင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့်ဖိလစ်ပိုင် နိုင်ငံများတွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိ နေရပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အီဘိုလာဗိုင်းရပ်စ်သည် ရောဂါရှိသော တိရစ္ဆာန်များ၏ အရည်၊ သွေး၊ သလိပ် စသည်တို့အား ထိတွေ့ကိုင်တွယ်မိခြင်း၊ အသားများကို စားသုံးမိခြင်း၊ ရောဂါခံစားနေရသောသူနှင့် ထိတွေ့မိခြင်း၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ သွေးသားခြင်းထိတွေ့ခြင်း၊ ရောဂါရှိသူ၏ အသွေးသား၊ သွေး၊ အချွဲ၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့ကို လက်ဖြင့်ထိတွေ့ရုံဖြင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရပါက ကူးစက်ပြီးရက်ပေါင်း ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရပြီး ထိုမှတစ်ဆင့် လူအများသို့ ဆက်လက်ကူးစက်နိုင်ကာ ရောဂါခံစားရပြီး ရက်ပိုင်းအတွင်း သေဆုံးတတ်ကြောင်းနှင့် ရောဂါလက္ခဏာများမှာ အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မကြာခဏအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ စသည်တို့ ဖြစ်တတ်ရာ ထိုမှတစ်ဆင့် ရောဂါပြင်းထန်လာကာ ကျောက်ကပ်၊ အသည်းများကို ပျက်စီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစသည့် ဒွာရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားပေါက်ပြဲကာ သွေးထွက်ခြင်း၊ ခန္ဓာကိုယ်အတွင်းအပြင်တို့မှ သွေးထွက်ကာ အသက်ဆုံးရှုံး စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Eleven Media Group 

ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်း မထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာ ကွယ်ရေး ၀တ်စုံ ၀တ်ဆင်နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံ တကာ ဝင်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါ နှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရ သည်။

သမ္မတနှင့် စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှု သတင်းဖော်ပြရာ၌ ပုဂ္ဂလိကသတင်းစာများနှင့် အစိုးရသတင်းစာများ၏ ဖော်ပြချက် ကွဲလွဲမှုရှိ

သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တွေ့ဆုံမှု သတင်းကိုဖော်ပြရာ၌ ပုဂ္ဂလိက သတင်းစာ များနှင့် အစိုးရသတင်းစာများ၏ ဖော်ပြချက် ကွဲလွဲမှုရှိနေကြောင်း တွေ့ရှိရသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

Photo: ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်
Sunday, August 3, 2014

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီအထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

“အခုဆန္ဒထုတ်ဖော်မှုမှာ ဒေသခံအလုပ်သမားအင်အား ၂ဝဝ ကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အလုပ်သမားအားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ဧပြီ ၁ဝ ရက်နဲ့ ဧပြီ ၁၁ ရက် တွေကစပြီး ဆက်တိုက်ဆန္ဒ ပြလာကြတာ အခုအကြိမ်ဆိုရင် ၁၃ ကြိမ်မြောက် ဆန္ဒပြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဆန္ဒထုတ်ဖော် သွားဦးမှာပါ။ တောင်းဆိုတာတွေကို ရရှိအောင်တွေ့ဆုံညှိနှိုင်းတာ တစ်ဖက်ဆန္ဒ ထုတ်ဖော်တာ တစ်ဖက်လုပ်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ မြန်မာ-ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီ အလုပ်သမားများမှာ အခြေခံလစာ တိုးမြင့်ရှိရေးအတွက် ဆန္ဒပြကာ လုပ်ခလစာတိုးမြင့် ရရှိရေးတောင်းဆိုခဲ့ရာတွင် “မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှာ လက်တွေ့အလုပ်သင်အလုပ်သမား အနေနဲ့ ၂၃၄ ယောက်က လက်ရှိလစာ အနေနဲ့ ဒေါ်လာ ၁၂ဝ ပေးတာကို စာချုပ်ချုပ် မယ်ဆိုရင် ၂၄ဝ ရချင်တယ်။ အခြေခံလစာအတွက် စာချုပ်ချုပ်ရင် ၁၂ဝ နဲ့ အချုပ်မခံနိုင်လို့ ၁၂ဝ နဲ့ စာချုပ်ချုပ်မယ်ဆိုတဲ့ သတင်းကြောင့် မတ် ၂၂ ရက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတယ်။ အဲဒီအလုပ်သမားတွေက ဒေသခံ ၂၆ ရွာက ဘွဲ့ရတဲ့သူတွေဖြစ်တယ်။ မြန်မာ-ယန်စီ ဘက်မှာဆိုရင် အထွေထွေလုပ်သား တစ်ယောက်ကို လစာ ၁၁ဝ ရပြီး အနိမ့်ဆုံးအဆင့် ရှစ်တန်းအောင် ကားကြီးမောင်း လုပ်သားတစ်ယောက်ကို လစာ ၁၈ဝ ရတယ်” ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

“မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ vacancy announcement ခေါ်ကတည်းက အခြေခံလစာ ၁၂ဝ နဲ့ခေါ်ခဲ့သလို အင်တာဗျူးတုန်းကလည်း သေချာပြောခဲ့တာပါ။ ပထမအသုတ်တုန်းက ခေါ်လိုက်တဲ့သူတွေက supervisorအနေနဲ့ခေါ်ခဲ့လို့ အခြေခံလစာ ၃ဝဝ ရခဲ့တယ်။ ပညာရှင်တန်းအနေနဲ့ ခေါ်ခဲ့တာပါ။ အခု ဒုတိယအသုတ်အနေနဲ့ ခေါ်တာက junior operator အနေနဲ့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ကြပြီဆိုမှ အခြေခံဝန်ထမ်းတွေလည်း ၁၂ဝ လောက်ရတာရှိတော့ သူတို့ကဘွဲ့ရတွေမို့ နစ်နာတယ်ဆိုပြီး အသံတွေထွက်လာတာ” ဟု မြန်မာ- ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ-ဝမ်ပေါင် အလုပ်သမားများက ဆန္ဒပြတောင်းဆိုရာတွင် တောင်းဆိုထားသော လုပ်ခလစာများ အပြည့်အဝရရှိရေး၊ ဒေသခံအလုပ်သမားများ အခွင့်အလမ်းအပြည့်အဝရရှိရေး၊ အလုပ်သမားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေး၊ ဒေသခံများ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဒေသခံအလုပ်သမားများအပေါ် ဖိနှိပ်ခြင်းမှ ချက်ချင်းရပ်ဆိုင်းရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ လူသားချင်းစာနာထောက်ထားရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေးတို့ကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group 

လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီ အထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများမှာ နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် နိုင်ငံ၏လမ်းကြောင်းကို အဆိုးဘက်သို့ ပြောင်းလဲသွားနေ စေသည့်အတွက် နှစ်နိုင်ငံကြားဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း မြန်မာအစိုးရအား သတိပေးရန် အမေရိကန်ပြည်ထောင်စုမှ လွှတ်တော်အမတ် ၇ဝ ကျော်က နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီအား တောင်းဆိုလိုက်သည်ဟု အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်

Photo: တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်
Sunday,  August 3, 2014

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့(ဩဂုတ် ၃ရက်)တွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ UPWC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး NCCTဘက်မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုကွယ်ထူးဝင်းနှင့် ဒုတိယအဖွဲ့ခေါင်း ဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအဝင် NCCT အဖွဲ့ဝင်ကိုယ်စားလှယ်အားလုံး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

UPWCနှင့် NCCT တို့သည် တစ်နိုင်ငံ လုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA)တစ်ခုရေးဆွဲနိုင်ရေးအတွက် တရားဝင်တွေ့ ဆုံဆွေးနွေးမှုလေးကြိမ်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လေးကြိမ်ပြုလုပ်ထားပြီး NCA ဒုတိယမူကြမ်းကို ရေးဆွဲပြုစုထား နိုင်ခဲ့သော်လည်း အရေးကြီးသည့် မူဝါဒပိုင်း ဆိုင်ရာနှင့် ဝေါဟာရပိုင်းဆိုင်ရာ အချက်များ ညိ§နှိုင်းရန် ကျန်နေသေးသည်။

NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ်လိုင်ဇာမြို့၌  ပြုလုပ်ခဲ့ပြီး UPWC နှင့် NCCT တို့မှ နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းရေးသား ပြုစုထားသည့် NCA မူကြမ်းကို ဆွေးနွေးခြင်း၊ သဘောထားရယူခြင်းနှင့် NCCT အဖွဲ့အား လမ်းညွှန်မှုများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၃ဝ ရက်နှင့် ၃၁ ရက်များ တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် အစည်းအဝေးကို လိုင်ဇာ၌ပင် ပြုလုပ်ခဲ့သည်။

NCA မူကြမ်းကို အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးများမှ NCCT အား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်ရန် ညှိနှိုင်းရမည့် တာဝန်အပြင် အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ လုပ်ငန်းစဉ်အတွက်လိုအပ်သည့် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး စသည်တို့ဖြစ်သည်။

UPWC နှင့် NCCTတို့မှ ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းကို အချောသပ်ရေးဆွဲရန် ယခုဩဂုတ်လ ဒုတိယအပတ်အတွင်း ရန်ကုန်မြို့၌ တွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်သည်။    

Eleven Media Group 

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်း အဝေး ကို တွေ့ရစဉ်
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့ (ဩဂုတ် ၃ရက်)တွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။