Wednesday 29 April 2015

တိုင်းပြည်ခေါင်းဆောင် ဒေါ်စုလည်း ဖြစ်သင့်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြော


မြန်မာနိုင်ငံ အတွက် သမ္မတလောင်းရွေး ချယ်ရာတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့် ရရန် စဉ်းစား သင့်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော Yonhapနှင့်တွေ့ ဆုံဆွေးနွေးမှု အတွက် ဧပြီလ ၂၉ ရက်ကပြော ဆိုလိုက်သည်။

မသိချင်ယောင် ဆောင်နေကြတာလား

သစ်တစ်ပင် ခုတ်စရာမလို၊ မြေတစ်ကွက် ရောင်းစရာမလို၊ မီးခိုးတအူအူထွက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စရာမလိုဘဲ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံခြားငွေတွေ သောက်သောက်လဲရမယ့် သဘာဝသယံဇာတတွေ၊ ရှုခင်းတွေ၊ တောတောင်အလှအပတွေ ပြည့်စုံကောင်းမွန်ပါလျက်နဲ့ သစ်ပင်ခုတ်ပြီး သစ်အလုံးလိုက် တင်ပို့ပြီးမှ နိုင်ငံခြားငွေရှာရတာ ဘာကြောင့်ပါလဲ။
တကယ်ဆို ရှေးဟောင်းအမွေအနှစ် ဒေသတွေ၊ ဖော်ရွေတဲ့အပြုံး၊ ပျူငှာမှုတွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေ ပြည့်နေတဲ့ မြန်မာ့မြေမှာ သဘာဝရင်းမြစ်မကုန် မီးခိုးမထွက် သဘာ၀၀န်းကျင် မပျက်စီးဘဲ ဘာကြောင့် နိုင်ငံခြားငွေတွေ မရှာနိုင်ရမှာပါလဲ။ ကိုယ့်နိုင်ငံရဲ့ သဘာဝမြေမျက်နှာသွင်ပြင်၊ ရိုးရာဟန်၊ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ဆင်တူပြီး တချို့နေရာတွေမှာဆို ကိုယ့်နိုင်ငံက ရေမြေတောတောင် သဘာ၀၀န်းကျင် အလှအပက သာလွန်နေကာ တစ်ခေတ်တစ်ချိန်ကဆိုရင် ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်ခံ ဖြစ်ခဲ့ရတဲ့ ဒေသတွင်း ထိုင်းနိုင်ငံကတော့ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ နိုင်ငံတကာကြားမှာ သွားရောက်လည်ပတ်လိုတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေပြီး သဘာဝရင်းမြစ် မပြုန်းတီး မပျက်စီးသွားဘဲ တစ်နှစ်တစ်နှစ်ကို ဘတ်သန်းချီ နိုင်ငံခြားငွေတွေ ရနေပါတယ်။

သူပုန်နှင့်အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ကမ်းလှမ်းချက် ကိုလံဘီယာမယ် ပယ်ချ

ကိုလံဘီယာသူပုန်အဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး အကျိုးဆောင်ပေးဖို့ ကမ်းလှမ်းခံရတဲ့ ကိုလံဘီယာနိုင်ငံရဲ့ မယ်စကြာဝဠာက ဖိတ်ကြားမှုကို ပယ်ချလိုက်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

နီပေါငလျင်ဘေးအတွက် ကူညီကြရန် မြန်မာကြက်ခြေနီအသင်း ဖိတ်ခေါ်

နီပေါငလျင်ဘေးဒဏ်ခံရသူတွေအတွက် အလှူငွေထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖိတ်ခေါ်လိုက်ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ တို့ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ အသင်းရဲ့အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်က ဂျပန်စစ်တပ်၏ကျူးလွန်မှုများအတွက် တောင်းပန်ရန် အမေရိကန်တွင် ဆန္ဒပြ

ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တောင်းပန်ဖို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့မှာ ကိုရီးယား နွယ်ဖွား အမေရိကန် ၁၀၀ ကျော်ဟာ ဧပြီ ၂၈ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန်မှာ  ဆန္ဒပြကြတာဖြစ်ပါတယ်။

ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုတာကို ခံခဲ့ရတဲ့ လီယောင်ဆိုးကလည်း ဆန္ဒပြပွဲမှာ ပါဝင်ပါတယ်။
“ခံစားချက်တွေက အခုထိ နာကျင်နေတုန်းပဲ။ သေတဲ့ အထိ မေ့မှာ မဟုတ်ဘူး” လို့ ဆန္ဒပြပွဲမှာ သူက ပြောပါတယ်။

စစ်ကြီးအတွင်း ဂျပန်စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရားဝင် တောင်းပန်ဖို့ တောင်း ဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသမားတွေက ကိုင်ထားကြပါတယ်။

ဝါရှင်တန် အခြေစိုက် လိင်ကျွန်များ အဖွဲ့ရဲ့ဥက္ကဋ္ဌ ဂျွန် ဆေးလီက ၀န်ကြီးချုပ် အာဘေးဟာ ၀မ်းနည်းကြောင်းပဲ ပြောပြီး တောင်း ပန်ဖို့ ပျက်ကွက်နေ တယ်လို့ ပြောပါတယ်။

အမေရိကန် အရပ်သား အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး ဘရိုင်ယန် ဘက်ကာကလည်း ဒီလို သမိုင်းရေးရာ ပြဿ    နာတွေ ရှိနေလျက်၊ ဂျပန်က စစ်ရာဇ၀တ်မှုကို ၀န်ခံဖို့ ပျက်ကွက်နေပါလျက်နဲ့ အာရှပစိတ်ဖိတ် လွှမ်းခြုံ ကုန်သွယ်ရေး သဘောတူညီချက် ကိစ္စကို ရှေ့ဆက်လုပ်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။

ဂျပန် စစ်တပ်ထဲမှာ လိင်ကျွန်ဖြစ်ခဲ့ရတဲ့ အသက် ၈၇ နှစ်အရွယ် လီယောင်ဆိုးက သမိုင်းကို အမှန်အတိုင်း ရင်မဆိုင်ဘဲ အနာဂတ်ကို ဆက်သွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“အတိတ်ကို မေ့လို့ မရဘူး။ အမြဲတမ်း ခြောက်လှန့်နေတယ်။ ကျမတို့ သေတဲ့အထိ ဆက်တိုက်သွားမယ်။ ကျမတို့ပဲ နိုင်မှာပါ” လို့ လီက ပြောပါတယ်။
DVB

ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဝင်းအတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ ပိုက်တွင်း လက်ကျန် သဘာဝဓာတ်ငွေ့တွေကို ရှင်းနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဂက်စ်လိုင်းထဲမှာ ဂက်စ်အကျန်ကို ရှင်းတာပေါ့။ ဘယ်လိုရှင်းလဲဆိုရင် မီးရှို့ပြီးတော့ ရှင်းထုတ်တာ။ ခါတိုင်းလည်း ဒီလိုပုံစံပဲ သူက မီးရှို့ပြီး ရှင်းထုတ်တယ်။ အဲတော့ ရှင်းရင်းနဲ့ မီးကအထဲကို ပြန့်ဝင်ပြီး ပေါက်တဲ့သဘောဖြစ်သွားတာ။”

စက်ရုံတစ်ခုမှ နှစ်ပေါင်း ၂၀ လုံးလုံး ဖမ်းဆီးခိုင်းစေခံခဲ့ရတဲ့ အမျိုးသား

Guangdong ပြည်နယ် ရဲတပ်ဖွဲ့မှ အနှစ် ၂၀ လုံးလုံး မြေအောက်စက်ရုံတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်း ခံထား ရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အမျိုးသားတစ်ဦးကို ကယ်တင်ခဲ့ကြောင်း သိရပါတယ်။

နီပေါငလျင်လှုပ်ခတ်စဉ်ကာလအတွင်း ယင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၅ဦးရှိ၊ ယင်းတို့နှင့် အဆက်အသွယ် မရရှိသေးဟုဆို

နီပေါနိုင်ငံအ တွင်းအင်အားပြင်းငလျင်လှုပ်ခတ် ခဲ့သည့်ကာလအတွင်း နီပေါနိုင်ငံ သို့ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၆၅ ဦးရှိကြောင်း မြန်မာနိုင်ငံဆိုင် ရာနီပေါသံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ အဆိုပါ ခရီးသွားများသည် နီပေါ နိုင်ငံသို့ဧပြီ ၂ဝရက်မှ ၂၅ရက်အ တွင်းသွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်း တို့နှင့်ပတ်သက်ပြီးသတင်းရရှိမှုများ မရှိသေးကြောင်း သိရသည်။

မြေကွက် ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ ဝယ်ယူနိုင်မယ့် ပြင်သစ်တောင်ပိုင်းကမြို့

ပြင်သစ်နိုင်ငံတောင်ပိုင်းက Champ-du-Boult ဆိုတဲ့တဲ့မြို့လေးတစ်မြို့မှာ မြေကွက်ဝယ်ယူချင်သူတွေ အတွက် ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ရောင်းချမယ့် အစီအစဉ်တရပ် အဲဒီမြို့တော်ဝန်က ကြေငြာ လိုက်ပါတယ်။ အကြောင်းကတော့ ဒီမြို့လေးမှာ လူဦးရေးနည်းပါးနေပြီး စီးပွားရေးမဖွံ့ဖြိုးသေးတဲ့အတွက် လာရောက်နေထိုင်သူတွေ များလာအောင် ပြုလုပ်လိုက်တဲ့မြို့တော်ဝန်ရဲ့ အစီအစဉ်ဖြစ်ပါတယ်။

Baltimore ဆူပူမှုတွင်ပါဝင်သည့် လူငယ်တဦးအား မိခင်က လူလယ်ခေါင်တွင် ရိုက်နှက် ခေါ်ထုတ်၊ တနှစ်တာ မိခင်ဆုပေးသင့်ဟု ချီးကျုးစကားများဆို

အမေရိကန်ပြည်ထောင်စု ဘော်လ်တီမိုးတွင်ဖြစ်ပွားလျက်ရှိသော ဆူပူမှုတွင်ပါဝင်သည့် ကျောင်းသား အရွယ်လူငယ်တဦးအား မိခင်ဖြစ်သူက ငေါက်ငမ်းရိုက်ပုတ်၍ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ယင်း လုပ်ရပ်ကြောင့် အဆိုပါမိခင်ကို ယခုနှစ်အတွက် အကောင်းဆုံးမိခင်ဆု အပ်နှင်းသင့်ကြောင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားချီးကျုးကြကြောင်း သိရသည်။

တရားမ၀င် စကားပြောစက် များကို အသံလှိုင်း စောင့်ကြည့်ယာဉ်ဖြင့် လဲလှယ် ဖမ်းဆီးမည်

ပြည်တွင်းရှိ တရားမ၀င် စကားပြောစက်များကို အသံလှိုင်း စောင့်ကြည့်ယာဉ် (Spectrum Monitoring Vehicle)  များဖြင့် လှည့်လည်ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ တရားမ၀င် စကားပြောစက် များကြောင့် ဆက်သွယ်ရေး လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေနိုင်ခြင်းကြောင့် စတင် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီလ နောက်ဆုံးပတ်အတွင်း ဦးပိန် တံတာသို့ ခရီးသွား ၀င်ရောက်မှု ထက်ဝက်ကျော် လျော့ကျ

ဧပြီလ နောက်ဆုံးပတ် အတွင်း ဦးပိန်တံတားသို့ ပြည်တွင်း ပြည်ပမှ လာရောက် လည်ပတ်သူ ထက်ဝက် ကျော် လျော့နည်း သွားကြောင်း ဦးပိန် တံတား ပြုပြင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။  ခုသင်္ကြန် ပြီးချိန်မှာတော့ ဦးပိန်တံတားကို လာတာ တော်တော် နည်းသွား တယ်။ သင်္ကြန် မတိုင်ခင် ရက်က တစ်ရက်ကို တစ်သိန်းလောက် လာတယ်။ သင်္ကြန် မတိုင်ခင် တစ်လလောက်က တစ်ရက်ကို ငါးသောင်းခွဲလောက် ရှိတယ်။

အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ မိခင် ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်ပေးတဲ့ သားလိမ္မာ

မိခင်တိုင်းဟာ သာသမီးတိုင်းကို ရင်အုပ်မကွာ ပြုစု စောင့်ရှောက်လေ့ရှိ ပါတယ်။ ဒါပေမဲ့ သားသမီးတွေ ကလည်း မိခင်ဖြစ်သူကို ရင်အုပ်မကွာ ပြန်လည်ပြုစုစောင့်ရှောက်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang  အရပ်ဒေသ မှာဖြစ်ပြီး သားဖြစ်သူဟာ အသက် (၈၄) နှစ် ရှိပြီဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင် မိခင်ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်နေခြင်း ဖြစ်ပါတယ်။

ရေပိုင်နက် အငြင်းပွားမှု အာဆီယံ ထုတ်ပြန် ကြေညာချက်ကို တရုတ် ချေပ

တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစု အချို့တွင် တရုတ်က အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ကြောင့် ရေကြောင်း လွတ်လပ်ခွင့် ထိပါးမည်ကို စိုးရိမ်မိကြောင်း အာဆီယံ အဖွဲ့ ကြီးက ထုတ်ပြန် ကြေညာမှုကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြန်လည် ချေပ ပြောကြားကြောင်း သိရသည်။

ဆောင်းခိုငှက်တို့ လမ်းမ မှားဖို့ နယူးယောက်မြို့ကြီး မီးမှိန်ပေး ထားမည်

နွေဦးနှင့် ဆောင်းဦးပေါက် ကာလများတွင် ဆောင်းခိုငှက် များသည် နယူးယောက် မြို့ကြီးကို ဖြတ်ပြီး ဦးတည် ရာ ဒေသများသို့ သွားရောက် ကြသည် ဖြစ်ရာ ဆောင်းခိုငှက်များ နယူးယောက် မီးရောင် များ ကြောင့် အာရုံထွေပြား လမ်းမှားခြင်း မဖြစ်စေရန် အတွက် နယူးယောက်မြို့ကြီးကို ညပိုင်း သတ်မှတ်ချိန် များတွင် မီးမှိန်ပေး ထားမည်ဟု သိရသည်။

နီပေါငလျင်ကြောင့် ပြည်သူ (၈) သန်းနီးပါး ထိခိုက် နစ်နာရ

နီပေါငလျင်ကြောင့် ပြည်သူရှစ်သန်းနီးပါးထိ ထိခိုက် နစ်နာခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ပြော ကြားသည်။ ရှစ်သန်း အနက် (၁ ဒသမ ၄) သန်းသည် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်းလည်း သိရသည်။ နီပေါ ငလျင်ဒဏ်ခံ ပြည်သူများအတွက် နိုင်ငံတကာ အကူအညီများစတင် ရောက်ရှိနေ ပြီဖြစ် သော်လည်း ဆေးပစ်္စည်း၊ စားသောက် စရာမှ အစစောင်၊ ခြင်ထောင်များထိ အများ အပြား လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ စနေနေ့ နေ့လယ်ပိုင်းကခတ်္တမန်္ဒူ ချိုင့်ဝှမ်း ဒေသတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချတ် တာစကေး (၇ ဒသမ ၈) အဆင့်ရှိ ငလျင်ကြီး ကြောင့် ခတ္တမန္ဒူ မြို့တွင် အဆောက်အဦး ပေါင်း များစွာထိခိုက်ပျက်စီးခဲ့သလို၊ ကျေးလက် ဒေသများတွင်လည်း ပျက်စီးမှု များပြားခဲ့သည်။ အင်္ဂါနေ့ထိ နောက်ဆုံးရ စာရင်း များအရ သေဆုံးသူ (၄၃၁၀) ဦးနှင့် ဒဏ်ရာရသူ (၈၀၀၀) ကျော်သွားပြီဖြစ်ကြောင်း နီပေါ ပြည်ထဲရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လက်စမီပရာ ဆတ်ဒ်ဒါကယ်က ပြောသည်။

ရက် (၅၀) ဂါဇာ စစ်ပွဲအတွင်း ကုလ စာသင်ကျောင်း များကို အစ္စရေး တိုက်ခိုက်ခဲ့

ဂါဇာ၌ ယမန်နှစ် နွေရာသီတွင် ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ဟာ့မာ့စ်အဖွဲ့တို့ကြား တိုက်ပွဲတွင် အစ္စရေး၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ စာသင်ကျောင်း များတွင် ခိုလှုံနေသူ (၄၄) ဦး သေဆုံးခဲ့ ရကြောင်း ကုလ၏ စုံစမ်း စစ်ဆေးမှု တစ်ခုက ဖော်ပြသည်။ ပါလက်စတိုင်းသားများ သေဆုံးခဲ့ရမှု အတွက် ၀န်းနည်း သလို ကုလ လက်အောက်ရှိ အဆောက်အဦများအား တိုက်ခိုက်မှု ကိုလည်း လက်သင့်ခံပေး နိုင်စရာ မရှိကြောင်း ကုလ ထွေချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ မတိုင်ခင် တင့်ကားသစ်များ ရုရှား ထုတ်ပြ

ရုရှားအစိုးရသည် Armata T-14 ဟုခေါ်သည့် မျိုးဆက်သစ် တင့်ကားများကို  ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ မေလ (၉) ရက် မတိုင်ခင်တွင် ထုတ်ဖော် ပြသ လိုက်ကြောင်း သိရသည်။  ထိုတင့်ကားများမှာ မေလ(၉) ချီတက် ပွဲတွင် ပါဝင်နိုင်သည့် လက်နက်သစ်များ ထဲမှ တစ်ခု ဖြစ်ကာ ရုရှား ကာကွယ်ရေး ဌာနက ထိုတင့်ကားပုံ များကို ဓာတ်ပုံများဖြင့် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။ ရုရှားတွင် ယခုနှစ်၌ ပြုလုပ်မည့် ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ များအား စစ်အောင်နိုင်သည့် အခမ်းအနားတွင် ဥရောပ ခေါင်းဆောင် အများစုမှာ ယူကရိန်းကို ရုရှား ကျူးကျော်မှုအား ကန့်ကွက်သည့် အနေဖြင့် တက်ရောက်မည် မဟုတ်ပေ။

နီပေါတွင်လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဗုဒ္ဓဂယာရှိ သာသနိက အဆောက် အအုံများ တစ်စုံတစ်ရာထိခိုက်မှုမရှိဟု သိရ

နီပေါတွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဗုဒ္ဓဂယာရှိ သာသနိက အဆောက်အအုံ များတစ်စုံတစ်ရာ ထိ ခိုက်မှု မရှိခဲ့ကြောင်း ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး ကော် မတီမှ သိရသည်။

အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် ဇူလိုင်လ နောက်ဆုံးထား ကြေညာမည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ဇူလိုင်လ နောက်ဆုံးထား ကြေညာထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအ၀င် ပြည့်တန်ဆာပုဒ်မများနှင့် ဖမ်းဆီးခံရသူများကို ကျောက်တံတားတရားရုံးတွင် ရုံးထုတ်

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအ၀င် ပြည့်တန်ဆာပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသည့် အခြားအမျိုးသမီး များကို ဧပြီ ၂၈ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် ဧပြီ ၂၈ ရက်နေ့က ရုံးထုတ် စစ်ဆေး ခဲ့ကြောင်း သိရသည်။

စားသုံးသူ အခွင့်အရေး အပြည့်အဝ ပေးပါ

ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့် မသင့်လျော်သည့် စားသောက်ကုန်များကို ကလေးငယ် ကျောင်းသား များကို ရောင်းချနေသည်ဟု သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။

ကမ္ဘာ ဆွဲဆောင်မှု အရှိဆုံးအမျိုးသမီး “The Most Sexiest Woman 2015” အဖြစ် Michelle Keegan သတ်မှတ်ခံရ

FHM ရဲ့ “The Sexiest Woman In the World 2015” အဖြစ် Michelle Keegan ရွေးချယ်ခံခဲ့ရ ပါတယ်။ယခင် Coronation Street  အမျိုးသမီး ဇာတ်ဆောင်ဖြစ်တဲ့ သူမဟာ Mark Wright နဲ့လက်ထပ်ဖို့ လက်ရှိ စေ့စပ်ထားသူဖြစ်ပြီး Kendall Jenner နဲ့ Jennifer Lawrence ကို ကျော်တက်ကာ အားပေး ကြိုက်နှစ်သက်မှု အများဆုံး ရရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒုတိယနေရာနဲ့ ၂၀၀၃ မှ စတုတ္ထနေရာ ရရှိပြီးတဲ့နောက် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ ဒီဂုဏ်ပြုမှုကို ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ် ကမ္ဘာဆွဲဆောင်မှု အရှိဆုံး Top Ten အမျိုးသမီးတွေ စာရင်းမှာတော့

နိုင်ငံသား နှစ်ဦးကို အင်ဒိုနီးရှားက မူးယစ်မှုဖြင့် ကွပ်မျက်လိုက်၍ သံအမတ်ဖြစ်သူကို သြစတြေးလျနိုင်ငံက ပြန်ခေါ်

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ဖမ်းမိထားသည့် သြစတြေးလျနိုင်ငံသား နှစ်ဦးကို ကွပ် မျက် လိုက်၍ သြစတြေးလျ သံအမတ်ဖြစ်သူကို သြစတြေးလျနိုင်ငံက ပြန်လည်ခေါ်ယူလိုက်သည်။

ရဲဌာနအားလုံး အာဖရိကန်နွယ်ဖွားအရေး ကိုင်တွယ်မှု ပြန်သုံးသပ်ရန် အိုဘားမားတိုက်တွန်း


အမေရိကန်ပြည်ထောင်စုတ၀ှမ်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဌာနတွေအားလုံး အာဖရိကန်နွယ်ဖွား အမေရိကန်တွေအရေးနဲ့ ပတ်သက်လို့ လေးလေးနက်နက် ပြန်သုံးသပ်ကြဖို့ သမ္မတ အိုးဘားမားက တိုက်တွန်းလိုက်ပါတယ်။

မူးယစ်တရားခံ ၈ ဦး အင်ဒိုနီးရှား ကွပ်မျက်

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ပြစ်ဒဏ် စီရင်ခံ ထားရသူ နိုင်ငံခြားသား (၇) ဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား တဦးတို့ကို ကွပ်မျက် လိုက်ပြီ လို့ အင်ဒိုနီးရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါ တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သူတို့ကို မသတ်ဖို့ အတွက် အပြင်းအထန် ကန့်ကွက်နေတဲ့ကြားကပဲ ကွပ်မျက် လိုက်တာ ဖြစ်ပါတယ်။

AA သောင်းကျန်းသူများ ကိုင်ဆောင်သည့် လက်နက်များ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် AA သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းလျက်ရှိခြင်းကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေ ရှင်း လင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ AA သောင်းကျန်းသူအချို့နှင့် လက်နက်ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိ လျက်ရှိသည်။

လွတ်တော်နယက သူရဦးရွှေမန်းအား ကိုးကန့်တိုက်ပွဲများမှ ကျည်များ တရုတ်နိုင်ငံအတွင်း ထပ်မံကျရောက်နေမှု အပေါ် တရုတ်သမ္မတ ဇီကျန်ပင်း သတိပေးကန့်ကွက်

မြန်မာတပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့ များ တိုက်ခိုက်ရာမှာ တရုတ် နယ်စပ်ကို ကျော်ပြီး တိုက်ခိုက်တာကို မလုပ်ရန် တရုတ်အစိုးရက ထပ်ထလဲလဲ တောင်းဆိုလိုက်ပါသည်။ မြန်မာနှင့်ကိုးကန့် တပ်ဖွဲ့ များ အပြန် အလှန် တိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ကျည်ဆန်များ တရုတ်နိုင်ငံ ပိုင်နက်ထဲသို့ ကျရောက်လာအပြီးမှာ ယခုလို ထပ်မံ ပြောကြားတာဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို လ၀ကအက်ဥပဒေဖြင့် ထောင်ခြောက်လစီချမှတ်ခဲ့ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်သော အပက ၃ ပုဒ်မဖြင့် နေ့စဉ်စစ်ဆေးနေ

၂၀၁၅ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်းဖမ်းမိသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ပုဒ်မဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှစတင်ကာ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆/၁ ဖြင့် ရှေးဦးစွာအမှုဖွင့်အရေးယူခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အစား နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၁၀ တွင် ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လိုင်စင်မရှိဘဲ အမျိုးသမီး တစ်ဦးကို စင်ကာပူ ပို့ဆောင်သူကို အရေးယူ

ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မရှိဘဲ အမျိုးသမီးငယ် တစ်ဦးကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သူ တစ်ဦးကို ပြည်ပ အလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲစခန်းက ဧပြီ ၂၇ ရက်တွင် အမှုဖွင့် အရေးယူထားသည်ဟု မင်္ဂလာတောင်ညွှန့်  မြို့မရဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

မန်စီမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် KIA ဆက်ကြေးကောက်ခံ

မြန်ပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြို့တွင် ဂျိန်းဖောမြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဒင့်မှတဆင့် ရပ်ကွက်အတွင်း နေအိမ် တစ်အိမ်လျှင် ငွေကျပ်(၃၀၀၀၀ိ)စီ KIA မှ ဆက်ကြေးကောက်ခံနေတယ်လို့ သိရှိရသည်။

ကသည်းလက်နက်ကိုင်များ ဖမ်းဆီးနေ၍ တမူးဒေသခံများ ထိတ်လန့်

ကလေး - တမူးမြို့တွင် ဧပြီ ၁၂ ရက်က ကသည်းလက်နက်ကိုင် တပ်ရင်းစခန်းအနီးသို့ လမ်းမှား ရောက်ရှိသွားသည့် ဒေသခံကျေး ရွာသားလေးဦး ဖမ်းဆီးခံရပြီး နောက် တမူးဒေသခံများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သတင်းရရှိသည်။
တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ ရှိ မွှာလ်လင်းကျေးရွာ သားလေးဦးသည် ဧပြီ ၁၂ ရက် ညကတောတွင်းသို့ ငှက်ပစ်ထွက်ရာမှ လမ်းမှား၍ကသည်း လက်နက်ကိုင်တပ်ရင်း စခန်းချထားရာအနီးသို့ ရောက်ရှိခဲ့သည်။
အဆိုပါရွာသားများကို က သည်းလက်နက်ကိုင်များက မိမိ တို့စခန်းသို့ လာရောက်စုံစမ်းသူ များဟု ယူဆကာ ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို လ၀ကအက်ဥပဒေဖြင့် ထောင်ခြောက်လစီချမှတ်ခဲ့ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်သော အပက ၃ ပုဒ်မဖြင့် နေ့စဉ်စစ်ဆေးနေ

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများအား အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ရစဉ်
၂၀၁၅ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်းဖမ်းမိသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ပုဒ်မဖြင့် ဧပြီ ၂၂ ရက် နောက်ပိုင်းမှစတင်ကာ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Baltimore အခြေအနေ ငြိမ်သက်

အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်၊ Baltimore မြို့မှာ ရဲက ထိန်းသိမ်းထားစဉ် ဆယ်ကျော်သက် လူမဲအမျိုးသားတဦး သေဆုံးသွားတာကြောင့် တနင်္လာနေ့က အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း အင်္ဂါနေ့ကတော့ အခြေအနေတွေဟာ သိသိသာသာ ငြိမ်းချမ်းမှု ရှိနေတယ်လို့ Baltimore ရဲတပ်ဖွဲ့ က ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများကို ဧပြီ ၃၀ တွင် စတင်စစ်ဆေးမည်

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာလုပ်သားနှစ်ဦး၏ အမှုမှတရားလိုပြသက်သေများကို ဧပြီ ၃၀ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည့် အဆိုပါ ရုံးချိန်းကို ယခင်သတ်မှတ်ထားသည့် ရက်ထက် သုံးလစော၍ စစ်ဆေးခြင်းဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုကို ပထမဆုံးအကြိမ် စစ်ဆေးမည့် ရုံးချိန်းဖြစ်ကြောင်း မြန်မာသံရုံးအဖွဲ့ကပြောသည်။

ပြည်မြို့တွင် နှစ်ချို့လိပ်ကြီးတစ်ကောင်သေဆုံး

သေဆုံးသွားသောလိပ်ကြီးအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ− သန်းအောင်ဌေး)
ပြည်မြို့ ဗဟိုမီးသတ် တပ်ဖွဲ့နောက်ကျောရှိ ရေကန်တွင် နှစ်ချို့လိပ်ကြီးတစ်ကောင် ဧပြီ ၂၈ရက် နံနက်က သေဆုံး နေသည်ကို ဒေသခံများတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

နာမည်ကျော်အဆိုတော်၏မိခင် လိမ်လည်မှုနှစ်ခု ပ,လပ်ခံရ

ငွေကြေးလိမ်လည်သည် ဟုဆိုကာ တရားစွဲဆိုခံထားရသူ နာမည်ကျော်အဆိုတော်တစ်ဦး ၏မိခင်အား လိမ်လည်မှုနှစ်မှုကို မြို့နယ်တရားရုံးက ပလပ်ပေး လိုက်သောကြောင့် တိုင်းတရားရုံး များသို့ တက်ကာ အဆင့်ဆင့် တ ရားစွဲဆိုမည်ဟု တရားလိုများက ပြောသည်။

ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို ပြည်သူများ တိုင်ကြားနိုင်ဟုဆို

အနှိပ်ခန်းတစ်ခုမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်နေ ပြည်သူများအနေဖြင့် ရဲစခန်းသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို မြို့နယ် ရဲတပ်ဖွဲ့ ဖမ်းဆီး

ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ မင်းပြားမြို့နယ် လဟာကျယ်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် အရပ်ဘက်အဖွဲ့အစည်း များထံမှ သတင်းရရှိသည်။ 

ကသည်းလက်နက်ကိုင်များ ဖမ်းဆီးနေ၍ တမူးဒေသခံများ ထိတ်လန့်

ကလေး - တမူးမြို့တွင် ဧပြီ ၁၂ ရက်က ကသည်းလက်နက်ကိုင် တပ်ရင်းစခန်းအနီးသို့ လမ်းမှား ရောက်ရှိ သွားသည့် ဒေသခံကျေး ရွာသားလေးဦး ဖမ်းဆီးခံရပြီး နောက် တမူးဒေသခံများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့အစိုးရနှင့် ကေအိုင်အို ကွင်းဆင်းစစ်ဆေးမည်

လတ်တလောတိုက်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဒေသများသို့ အစိုးရနှင့် ကေအိုင်အိုတို့ပူးတွဲ ၍ ကွင်းဆင်းလေ့လာ မည် ဖြစ် ကြောင်း သတင်းရရှိသည်။

ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းကြတဲ့ ဗောဓိသမိုင်း

မြန်မာတို့၏ လတကာတွင် ကဆုန်လသည်အ မြတ်ဆုံးလဟု အသိအမှတ် ပြုကြသည်။ ဤသို့ အသိ အမှတ်ပြုရာ၌ အကြောင်းတရား ငါးပါးရှိသည်။ ပထမအကြောင်းမှာ ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ် ခံယူ ရရှိသည့်နေ့။ ဒုတိယ အကြောင်းမှာ မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့ နံနက် တစ်ချက်တီး အချိန်တွင် ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ဘုရားအလောင်း ဖွားမြင်တော်မူသည့်နေ့။ တတိယ အကြောင်း မှာ ဘုရားအလောင်းတော်သည် သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သစ္စာ လေးပါး သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့။ စတုတ္ထအကြောင်းမှာ ဖွားဖက်တော် ဖြစ်သော ဗောဓိပင်သည် ကဆုန်လပြည့်နေ့ တွင် ပေါက်ရောက်ခဲ့သည်။ ပဉ္စမအကြောင်းမှာ သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်။

နီပေါ ငလျင် သေဆုံးသူ တစ်သောင်းအထိရှိနိုင် ဟု နီပေါ ၀န်ကြီး ချုပ် ပြော

နီပေါနိုင်ငံတွင် ဧပြီလ ၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀၀ ထိ ရှိလာနိုင်သည် ဟု နီပေါဝန်ကြီးချုပ်ကပြောကြောင်း ဧပြီလ ၂၈ ရက် CNN သတင်း တွင်ဖော်ပြသည်။

ရခိုင်စစ်ဘေးသင့်ဒုက္ခသည်များ ကူညီခွင့် ရရန်မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကပြည်နယ် အစိုးရနှင့် ညှိနှိုင်းမည်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ရခိုင်ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီနိုင်ရန် ရခိုင် ပြည်နယ် အစိုးရနှင့် မင်းပြားမြို့၌ မေ ၁၀ ရက်တွင် ညှိနှိုင်းမှုများပြုလုပ်ပြီး သွားရောက်လှူဒါန်းမည်ဖြစ် သည်။ ရခိုင်စစ်ဘေးသင့် ဒုက္ခသည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကျန်းမာရေးဆိုင်ရာ စောင့် ရှောက်မှုများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။