Sunday 24 February 2013

မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ

Photo: မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ
Sunday, February 24, 2013 

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်
 ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း က အမှာ စကား ပြောကြား၍ ခရိုင် တရားရုံး နှင့် မြို့နယ် တရားရုံး တို့မှ တရားသူကြီး ၁၂၁ ဦး၊ မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်မှ တရားရေး အရာရှိ ၇ ဦး ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် မှ တရားရေး အရာရှိ ၁၀ ဦး ၊ စုစုပေါင်း ၁၃၈ ဦးတို့က မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် တရားသူကြီး ချုပ် ဦးစိုးသိန်း ၏ ရှေ့မှောက် တွင် ကျမ်းသစ္စာ ဆိုကြသည်။

ယင်းနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၌ တိုင်းဒေသကြီး / ပြည်နယ် တရား လွှတ်တော်များ ၊ ခရိုင် တရားရုံး များ၏ စတုတ္တ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ နှင့် မှာကြားချက် များကို ထပ်ဆင့် ရှင်းလင်း ဆွေးနွေးသည့် အခမ်းအနား အား ဆက်လက် ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာဆိုပွဲအခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ အဖွဲ့ဝင်များ မင်းမဲ့စရိုက် ဆန်ဆန် လုပ်ဆောင်ခဲ့မှုအား အချိန်မီထိန်းသိမ်းနိုင်ခဲ့

Photo: ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ အဖွဲ့ဝင်များ မင်းမဲ့စရိုက် ဆန်ဆန် လုပ်ဆောင်ခဲ့မှုအား အချိန်မီထိန်းသိမ်းနိုင်ခဲ့
Sunday, February 24, 2013 

၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အစိုးရနှင့်အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ    (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သော
အဖွဲ့ဝင် ၁၈ ဦးသည် မင်းမဲ့စရိုက် ဆန်ဆန်ဖြင့် ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများအားယူဆောင်လာပြီး တာဝန်ထမ်းဆောင်
နေသော ပြည်သူ့ ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်
သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ   (ဗိုလ်ထိန်မောင်)
အဖွဲ့မှ စောဝင်းမြင့် ဦးစီး ၂၀ ဦးခန့်သည် ခွင့်ပြုချက်မရဘဲ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် လက်နက် ခဲယမ်းများနှင့် လက်ပစ်ဗုံးများ သယ်ဆောင်လာပြီး ဝင်ရောက်လာကြောင်း၊ ဒေသခံ
ပြည်သူများမှ တာဝန်ရှိသူ များအား သတင်းပို့ခဲ့ပြီး တာဝန်ရှိ သူများမှ 
၎င်းတို့အားသွားရောက်တွေ့ဆုံပြီး လက်နက်များယူလာ၍ မရကြောင်း 
ရှင်းလင်းပြောဆိုပြီး ပါလာသော လက်နက်ခဲယမ်းများကို အပ်နှံစေခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့အဆင်ပြေ စေရန်အတွက် ပုသိမ်မြို့မှတာဝန် ရှိသူများနှင့်
တွေ့ဆုံပေးခဲ့ကြောင်း သိရှိရသည်။ 

၎င်းအဖွဲ့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ယာဉ်လေးစီးဖြင့် ပုသိမ်-ရန်ကုန်ကားလမ်းအတိုင်းထွက်ခွာခဲ့ပြီး ကန်ကြီးထောင့်မြို့ လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် (၁) ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးတို့အား အတင်းအဓမ္မ ကားပေါ်သို့ဆွဲတင်ကာဖမ်းဆီး ခေါ်ဆောင်သွားပြီး ၎င်းဝန်ထမ်း(၂)ဦးအား အသက်ရှင်လျက် ပြန်လိုချင်ပါက ၎င်းတို့ထံမှ
သိမ်းဆည်းထားသော လက်နက်များအားပြန်ပေးရန် ဆက်သွယ်ပြောကြား
ခဲ့ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့အင်အား ၁၈ ဦးနှင့် ကား ၃ စီးအား အင်းတိုင်မြို့တွင် တာဝန်ရှိသူများမှ တားဆီးနိုင်ခဲ့ပြီး ဖမ်းခေါ်သွားသော
နိုင်ငံ့ဝန်ထမ်း(၂)ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။

“ အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့
အမည်ခံပြီး မြို့ပေါ်မှာလာပြီး သောင်းကျန်းနေတယ်။ တစ်ကယ့်မင်းမဲ့ စရိုက်ဆန်ဆန်ပါပဲ။ နိုင်ငံ့ဝန်ထမ်း(၂)ဦး ဓါးစာခံအဖြစ်ဖမ်းလာတယ်။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကားတွေတားတော့ သူတို့ကို
မလွှတ်ပေးရင် ဘေးနားမှာရပ်ထားတဲ့ ဓါတ်ဆီတင်ကားကို မီးရှို့မယ်လို့
လည်း ခြိမ်းခြောက်တယ်၊ ဒါပေမယ့် တာဝန်ရှိသူတွေ ရောက်လာပြီး 
အခြေ အနေကို ထိန်းသိမ်းလိုက်နိုင်ပါတယ်ဟု ” ၎င်းယာဉ်တန်းအား တားဆီးရာတွင် ပါဝင်ခဲ့သူ ယာဉ်ထိန်းရဲ တစ်ဦးမှ ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်အောက်
ငယ်သားတွေကို စနစ်တကျ ထိန်းသိမ်း သင့်ပါတယ်။ အခုဟာက အထက်ကခေါင်းဆောင်ကမသိဘူး အောက်ကတပ်သားတွေက ကိုယ့် သဘောကိုယ်ဆောင်ပြီး လုပ်ချင်တာလုပ်နေကြတယ်ဟု ကရင်နယ်ခြား
စောင့်တပ်မှ တပ်မှူးတစ်ဦးကလည်း ပြောကြားခဲ့သည်။

၎င်း ကိစ္စနှင့်ပတ်သက်၍ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံအား မေးမြန်းခဲ့ရာ ဥပဒေချိုးဖောက်
ခဲ့သော စောဝင်းမြင့်နှင့် အဖွဲ့အားပြန်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ခေါင်းဆောင်ဖြစ်သော ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့်ဆိုသူသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဝင်တစ်ဦးဖြစ်ပြီး ငွေကြေးအလွဲသုံးစားမှုဖြင့် ခွင့်မဲ့ ပျက်ကွက် ဖြစ်ပွား
ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောင်ချထုတ်ပယ်ခဲ့ကြောင်း၊ ထောင်မှ
ထွက်ပြီးနောက် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ(ဗိုလ် ထိန်မောင်)
အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဆက်ဆံရေး တာဝန်ခံမှ
ပြောကြားခဲ့သည်။

KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်)အဖွဲ့သည်
KNU အဖွဲ့ထံမှ(၂၀၀၇)ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရသစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

၎င်းအဖွဲ့သည် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချကာ ထိုင်းနိုင်ငံမှမှောင်ခိုပစ္စည်း
များအား အကောက် ကောက်ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုးထုတ်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့တစ်ဖွဲ့
ဖြစ်ကြောင်း သိရသည်။

သန်းနိုင်

သတင်းအား မေးလ်ဖြင့် ပေးပို့လာသော ကိုသန်းနိုင်အား ကျေးဇူး 
တင်ရှိပါသည်။
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းတွင် အစိုးရနှင့် အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦးသည် မင်းမဲ့စရိုက် ဆန်ဆန်ဖြင့်ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများအားယူဆောင်လာပြီး တာဝန် ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖိတ်ခေါ်သည့်နေရာများကို အဓိကဦးစားပေးလုပ်ဆောင်ပေးသွားမည့်  မိုးပွင့် ၅ လာပြီ

Photo: ဖိတ်ခေါ်သည့်နေရာများကို အဓိကဦးစားပေးလုပ်ဆောင်ပေးသွားမည့် 
မိုးပွင့် ၅ လာပြီ
Sunday, February 24, 2013 

မန်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁ရက်နေ့မှ၊ မေလ ၃၁ရက်နေ့
အထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား နှစ်သောင်းကျော် ပြုလုပ်ပေးမည့်
မိုးပွင့် ၅အစီအစဉ် လာမည်ဖြစ်ကြောင်း မန်းတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ သိရသည်။

ယခုမိုးပွင့်၅အစီအစဉ်တွင် ဖိတ်ခေါ်သည့်နေရာများကို အဓိကဦး စားပေးလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ယခင်မိုးပွင့်အစီစဉ်များတွင် ဌာနအစီအစဉ်ဖြင့်သာ သွားရောက်လုပ် ဆောင်ပေးခြင်းဖြစ်ပြီး မိုးပွင့်၁တွင် နှစ်သိန်းကျော်၊ မိုးပွင့်၂တွင် ၇၈၀၀၀ကျော်၊ မိုးပွင့် ၃တွင်လေးသောင်းကျော်၊ မိုးပွင့်လေးတွင် သောင်းသောင်းခွဲကျော်
နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို စိစစ်ထုတ်ပေးခဲပြီးဖြစ်ကြောင်း မန်း တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။ 

သတင်း-ဖိုးလပြည့်၊ဓာတ်ပုံ -သက်နိင်
Popular Myanmar News Journal
မန်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁ရက်နေ့မှ၊ မေလ ၃၁ရက်နေ့ အထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား နှစ်သောင်းကျော် ပြုလုပ်ပေးမည့် မိုးပွင့် ၅အစီအစဉ် လာမည်ဖြစ်ကြောင်း မန်းတိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ သိရသည်။