Friday 27 November 2015

စာသင်၊ စာချ သံဃာတော်များကို အင်တာနက် အသုံးမပြုရန် တားမြစ်

 မိုဘိုင်းဖုန်းများဖြင့် အင်တာနက် အသုံးမပြုရန် စာချ၊ စာသင် သံဃာတော်များကို ပုသိမ်မြို့ ပစ္ဆိမာရုံ ကျောင်းတိုက်က တားမြစ်ထားကြောင်း သိရသည်။ မြတ်စွာဘုရားက အစွန်အဖျား ကျတဲ့နေရာ လူသူဝေးတဲ့ နေရာမှာ သီတင်းသုံး နေထိုင်ရမယ်လို့ မူလကတည်းက ဟောထားတယ်။ ဘာလို့ ဒီလို ဟောထားလဲ စိတ်ဓာတ် ပူလောင်မှုတွေ ငြိမ်းအေးအောင် လူနဲ့ပတ်သတ်တဲ့ ပြဿနာ အရှုပ်အထွေးတွေ ကင်းအောင် နေခိုင်းတာ ဒီတော့ အင်တာနက် ဆိုတာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ထား တာဆိုရင် တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တာတွေ အရှုပ်ထုတ်တွေ ၀ိနည်းနဲ့ တားမြစ် ထားတဲ့ အရာတွေ မမြင်နိုင်ဘူးလား။ ဒါ ကြောင့် တားမြစ်ရတာ ဟု ပစ္ဆိမာရုံ တိုက်ကြပ် ဆရာတော် အရှင် ဉဏိဿရဘိဝံသက မိန့်သည်။
 အင်တာနက်တွင် သံသရာမှ လွတ်မြောက်ကြောင်း တရားနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများ မပါဝင်ဘဲမြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူလသံဃာတော်များ လုပ်ဆောင်ရမည့် ပရိယတ်၊ ပဋိပတ်လုပ်ငန်းများ ကျဆင်းသွားရခြင်း၏ မူလတရားခံသည် အင်တာနက်ကြောင့် ဖြစ်သည်ဟု ဆရာတော်က ဆက်မိန့်သည်။ သံဃာတော်များ အနေဖြင့် ဘာသာရေး၊ လူမှုရေး နိုင်ငံရေးတွင် မပါဝင်ရန်လည်း အဆိုပါ ကျောင်းတိုက်က တားမြစ် ထားည်။ ““ဒီခေတ်မှာ သံဃာတွေက ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်း၊ ဟိုပရဟိတ၊ ဒီပရဟိတတွေ ဆိုတဲ့ အဖွဲ့အစည်းတွေ အရမ်း များနေတယ် အဖွဲ့အစည်းတွေ အရမ်းများပြီးတော့ ကျန်တဲ့ လုပ်ငန်းတွေမှာပဲ လုံးပန်းနေကြတဲ့အတွက် ကိုယ့် မူလပရိယတ် ပဋိပတ် လုပ်ငန်းတွေ ကျတော့ ကျဆင်း သွားတယ်။ ကျန်တဲ့ အဖွဲ့အစည်း လုပ်ငန်းတွေ ဘယ်လောက် အောင်မြင်နေပါစေ။ ဒါဟာ ကိုယ့်အလုပ် မဟုတ်ဘူး။ ကိုယ့်နေရာ မဟုတ်ဘူး။ ဒါတွေ အောင်မြင်ဖို့အတွက် မူလဘုရား ပေးထားတဲ့ တာဝန်တွေ ပေးဆပ်လိုက်ရတယ် ဆိုတာတော့ သတိပြုစေချင်တယ်””ဟု ဆရာတ်ာက မိန့်သည်။ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် စာသင်တိုက်ပေါင်း (၇) ခုရှိ ပြီး ပုသိမ် မြို့  ပစ္ဆိမာရုံ စာသင်တိုက်တွင် စာချ၊ စာသင် သံဃာတော် (၁၀၀)ခန့် သီတင်း သုံးနေထိုင်လျက် ရှိသည်။
messenger

No comments:

Post a Comment