Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Monday, 21 September 2015

ကိုယ်ရောင်ဖျောက် စောင်ကို အမေရိကန်တို့ တကယ်ဖန်တီးနိုင်ပြီ

ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာသာ မြင်တွေ့ခဲ့ရတဲ့ ကိုယ်ဖျောက်စောင် ဟာ အပြင်မှာ တကယ်ဖြစ်နိုင်ကြောင်း အမေရိကန်တို့ လက်တွေ့ပြ တီထွင်ပြသခဲ့ ပါတယ်။ ယင်းစောင်ကို အင်မတန်ပါးလွှာတဲ့ သတ္တု တစ်မျိုး (Ultrathin material) နဲ့ ပြုလုပ်ပြီး 1,300 square microns ကို အလင်းရဲ့ ထိရောက်မှုကနေ မမြင်ရအောင် ဖန်တီးခဲ့ ပါတယ်။

Monday, 4 May 2015

ရှစ်နာရီအသုံးခံမည့် အဆင့်မြင့်ဘက်ထရီ Tesla မိတ်ဆက် အိမ်သုံးနှင့်စီးပွားရေးလုပ်ငန်းသုံး နှစ်မျိုးထုတ်လုပ်၊ စွမ်းအင်နယ်ပယ်၏မျှော်လင့်ချက်အသစ်ဟုဆို


လျှပ်စစ်ကားများနှင့်နှစ်မျိုးစပ်ကားများ ထုတ်လုပ်မှုဖြင့်အောင်မြင်သည့်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သော Tesla သည် ယမန်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတစ်ရပ်ကျင်းပ ကာ ရှစ်နာရီကြာအသုံးခံမည့်အဆင့်မြင့် ဘက်ထရီကိုမိတ်ဆက်သွားခဲ့သည်ဟုကယ်လီ ဖိုးနီးယားနေ့စဉ်သတင်းစာကဖော်ပြသည်။

Thursday, 10 October 2013

မြန်မာကျပ် သိန်း ၄၀ ကျော်တန် ရွှေအစစ် HTC One

Photo: မြန်မာကျပ် သိန်း ၄၀ ကျော်တန် ရွှေအစစ် HTC One
Thursday, 10 October 2013

ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ HTC One ဖုန်းကို တကယ် ထုတ်လုပ် ရောင်း ချနေ ပါပြီ။ ဗြိတိန်နိုင်ငံက ဇိမ်ခံပစ္စည်း အလှဆင် ကုမ္မဏီ တစ်ခုနဲ့ ပါတနာ ဖွဲ့ပြီး HTC One တွေကို ရွှေဖုန်း ဖြစ်အောင် ဖန်တီးလိုက်ခြင်း ပါ။

ဗြိတိန်ပေါင် ၂၇၅၀ ကန်ကျပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၄၃၈၃ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်ကနေ မှာယူချင်ရင် ၄၅ သိန်း
တော့ ရှိနေဖို့ လိုပါလိမ့်မယ်။ 

၁၈ ကာရပ်အဆင့်ရှိတဲ့ တကယ့် ရွှေ အစစ်ကို အသုံးပြုလို့ အပြင် အခွံကို ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ အတွင်းက နည်းပညာနဲ့ ပစ္စည်းများကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ 

ဒါကိုမှ ဈေးကြီးသေးတယ်ဆိုရင် HTC က ပေးတဲ့ နောက်ထပ် Option တစ်ု ရှိပါသေးတယ်။ လက်ရှိ ကိုင်နေတဲ့ HTC One ကိုပဲရွှေအလွှာ ဖုံးပေးခြင်း ဖြစ် ပါတယ်။ 24ct gold ပမာဏနဲ့ ဖြစ်ပါတယ်။ ဒီတော့ ကုန်ကျ စရိတ်က
ဗြိတိန်ပေါင် ၉၈၇ ပါ။ အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၁၅၇၃ ဒေါ်လာ အထပ် ဖြစ်ပါတယ်။

မြန်မာငွေနဲ့တွက်တော့ ၁၃ သိန်းလောက်တော့ အောက်ထစ် ရှိပါတယ်။ 
ဖုန်း တန်ဖိုးနဲ့ပါ တွက်မယ်ဆိုရင် စုစုပေါင်း သိန်း ၂၀ ရှိရင်လည်း ရွှေအလွှာ အစစ်ဖုန်းထားတဲ့ HTC One ကို ပိုင်ဆိုင်နိုင်ပါသေးတယ်။

ဒီအတွက် HTC ကနေ အော်ဒါမှာယူသူများ အတွက် ပြုလုပ် ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ။်

Ref: pocketlint
Aung Kham ( K & N Mobile and Online Store )
ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ HTC One ဖုန်းကို တကယ် ထုတ်လုပ် ရောင်း ချနေ ပါပြီ။ ဗြိတိန်နိုင်ငံက ဇိမ်ခံပစ္စည်း အလှဆင် ကုမ္မဏီ တစ်ခုနဲ့ ပါတနာ ဖွဲ့ပြီး HTC One တွေကို ရွှေဖုန်း ဖြစ်အောင် ဖန်တီးလိုက်ခြင်း ပါ။

Tuesday, 17 September 2013

၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းသွားမည်



Photo: ၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းသွားမည်
Tuesday, September 17, 2013

၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့်ချရပ်ဆိုင်းသွားမည်ဟု စက်တင်ဘာ ၁၆ရက်က အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်ဟု သိရသည်။

အထက်ပါ ကာလအတွင်း ဟိုက်ဒဂိုကလိုရိုဖလူရို ကာဗွန်သုံးစွဲမှုကို ရပ်ဆိုင်းရန်အတွက် သုံးစွဲမှု လျော့ချရပ်ဆိုင်းရေးလုပ်ငန်း စီမံကိန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်နှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်းပါဝင်၍ ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလကစပြီး ရေးဆွဲခဲ့သည်။ စီမံကိန်းကို ၂၀၁၃ခုနှစ်၊ မတ်လတွင် ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ၀န်ကြီးဦးဝင်းထွန်းက “ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အဓိက ပြဿနာတွေကို ကြည့်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှု၊ အိုဇုန်းလွှာ ပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထု ယိုယွင်းမှု၊ မြေဆီလွှာ ပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တရ ဖြစ်ထွန်းမှုနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးပျောက်ကွယ်မှုတွေပဲ ဖြစ်ပါတယ်။ အိုဇုန်းလွှာ အရေးပါပုံကို ပြောရမယ်ဆိုရင်ဖြင့် အင်မတန် စွမ်းအင်မြင့်မားပြီး ဘေးအန္တရာယ်ရှိတဲ့ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် လှိုင်းတွေဟာ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက်အောင် အိုဇုန်းလွှာက စုပ်ယူပေးထားနိုင်တဲ့အတွက် သဘာဝ အကာအရံတစ်ခုအဖြစ် ကမ္ဘာပေါ်က သက်ရှိတို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်”ဟု ပြောကြားသည်။

ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် ပံ့ပိုးမှုနှင့် သက်ဆိုင်ရာဌာများ ပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံတွင် မွန်ထရီလယ် နောက်ဆက်တွဲ စာချူပ်အကောင်အထည်ဖော်ရန် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခြင်း အမိန့် (မူကြမ်း) တစ်ရပ် ရေးဆွဲထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေများ ထုတ်ပြန်ပြီးစီးသည့်အခါတွင် အဆိုပါ အမိန့်ဆက်လက် ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

“ကမ္ဘာမြေပြင်အပေါ်မှာ အိုဇုန်းလွှာ ပျက်ဆီးမှုကြောင့် အရေပြား ကင်ဆာရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံအထွက် ကျဆင်းမှု၊ အဏ္ဏဝါဂေဟ စနစ်ပျက်စီးစေမှုနဲ့ ရုပ်ဝတ္ထု ပစ္စည်းများ ယိုယွင်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ဆက်လက ပြောကြားခဲ့ပါသည်။

Myanmar ICT
၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့်ချရပ်ဆိုင်းသွားမည်ဟု စက်တင်ဘာ ၁၆ရက်က အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း က ပြောကြားခဲ့သည်ဟု သိရသည်။

Tuesday, 5 March 2013

Samsung Galaxy S4 လာတော့မယ်

Samsung Galaxy S4 လာတော့မယ်
Tuesday, March 5, 2013

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

Samsung ဟာ ပြီးခဲ့တဲ့လတုန်းက နာမည်ကြီး နည်းပညာဝက်ဆိုဒ် ၊ မဂဇင်း အယ်ဒီတာတွေကို ဖိတ်ကြားစာတွေ ပေးပို့ခဲ့ပြီး "Be Ready 4 the Next Galaxy." ဆိုတဲ့ စာသားပါတဲ့ ဗူးလေးတွေကို ပေးပို့ခဲ့ပါတယ်။

အသစ်ထွက်မယ့် မျိုးဆက်သစ် ဂလက်ဆီဖုန်းတွေကို နယူးယောက်မှာ သီးသန့်မိတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဘယ်လိုနည်းပညာအသစ်တွေ ပါမလဲဆမ်ဆောင်းက ထွက်ရှိမယ့် မျိုးဆက်သစ် Galaxy S 4 မှာ eye-tracking software လို့ ခေါ်တဲ့
နည်းပညာ အသစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နယူးယောက် တိုင်းမ် သတင်းစာကတော့ ဒီဖုန်းဟာ အသုံးပြုသူရဲ့ မျက်လုံးစေစားရာကိုကြည့်ပြီး အလိုအလျောက် အလုပ်လုပ်ပေးနိုင်လိမ့်
မယ်လို့ ဆိုပါတယ်။ဥပမာပြောရရင်တော့ အသုံးပြုသူတစ်ယောက်က စာဖတ်နေတုန်း အောက်ဆုံးနားရောက်သွားရင် ၊ လက်နဲ့  နှိပ်စရာ မလိုဘဲနဲ့  eye-tracking software ကနေပြီး သူ့ အလိုလို အောက်ဘက် ရွေ့သွား
တာမျိုး၊ နောက်စာမျက်နာတခုကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။

ဒီနည်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း Samsung ဟာ အမေရိကမှာ မူပိုင်ခွင့် ပြုလုပ်ပြီးကြောင်း သတင်းထွက်နေပါတယ်။

ဒါကြောင့် Samsung ဟာ သူ့ရဲ့နည်းပညာသစ်တွေဖြစ်တဲ့ "Samsung Eye Scroll" and "Eye Pause" တို့ကို Galaxy S 4 မှာ ထည့်သွင်းဖွယ်ရှိကြောင်း သိရပါတယ်။

ပါဝင်နိုင်မယ့် နည်းပညာများ
1.eight-core Exynos processor, a separate eight-core graphics processing unit
2.4.99-inch Super Amoled display, 2GB of RAM
3. 13-megapixel rear camera with 1080p video capability, a 2-megapixel front-facing camera
4. the latest version of Android, known as 4.2.2 Jelly Bean.

ဆမ်ဆောင်းရဲ့Galaxy S 4 ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=dIEfNaNCkKM

http://blog.irrawaddy.org/2013/03/samsung-galaxy-s4.html#sthash.uXhDSPpT.dpuf
 
 
Tuesday, March 5, 2013

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

Tuesday, 11 September 2012

" အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင် "

 
Facebook ဆိုရှယ် နက်ဝပ် သုံးစွဲ သူမျာuးser အနေဖြင့် မိမိတို့၏ Facebook User Account   များကိုသုံးစွဲရာတွင် အများသုံး   ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာ များတွင် သုံးစွဲ ခြင်းဖြင့်Hack ခံရမှု အန္တရာယ် ပိုမိုနီးစပ် ကြောင်း သိရှိရသည်။
အ များသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံး စွဲသူများ၏Facebok အကောင့် များကိုHack ပြုလုပ်ရန်  အတွက် ပိုမိုလွယ်ကူပြီး ထိုသို့Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများလည်းရှိကြောင်း သိရှိရသည်။

Monday, 10 September 2012

Facebook တွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်


Facebook တွင်လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။


ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။

၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

Wednesday, 5 September 2012

iPhone 5 မိတ်ဆက်တော့မည်


လပေါင်းများစွာ ကောလာဟလသတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် iPhone 5 မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၂ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီမှ အတည်ပြုကြေညာခဲ့သည်။ ဆဋ္ဌမ မျိုးဆက် iPhone ဖြစ်လာမည့် iPhone 5 ကို အခြားအမည်တစ်မျိုး (New iPhone) ဖြင့်လည်း မိတ်ဆက်ပေးဖွယ်ရှိသည်။ အဆိုပါ iPhone သစ်ကို ဒီဇိုင်းအသစ်ဖြင့်   တွေ့မြင်ရဖွယ်ရှိပြီး အသုံးပြုထားသည့် screen မှာလည်း ယခင် iPhone 4S ထက် screen အရွယ်အစား ကြီးမားကာ ပိုမို ပါးလွှာပြီး 640 x 1,136 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည်ဟု သိရသည်။

Friday, 17 August 2012

အမေရိကန် ဈေးကွက်အတွင်း Samsung Glaxy Note 10.1 များ စတင်ဖြန့်ဖြူး

တောင်ကိုရီးယား အခြေစိုက် Samsung အီလက်ထရောနစ် ကုမ္ပဏီဟာ အသစ် ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း တက်ဘလက် ကွန်ပျူတာ အဖြစ်ပါအသုံးပြုနိုင်တဲ့ Samsung Glaxy Note 10.1 ကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ယမန်နေ့က စတင်ဖြန့်ဖြူး ရောင်းချခဲ့ပါတယ်။ အဆိုပါ Samsung Glaxy Note ကို ဥရောပနိုင်ငံတွေနဲ့ တောင်ကိုရီး ယား နိုင်ငံတို့မှာပါ ရောင်းချ သွားမှာဖြစ်ပြီး ဂျာမနီနဲ့ ယူအေအီးနိုင်ငံတို့မှာ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

Wednesday, 15 August 2012

အသိအမှတ်ပြု အကောင့် ပုံစံသစ်ကို Google ၏ လူမှုကွန်ရက်ဆိုက်တွင် ထပ်ဆောင်း ထည့်လာ

Google ကုမ္ပဏီမှာ ၎င်း၏ အွန်လိုင်း လူမှုကွန်ရက် ဝက်ဆိုက်အတွင်း အသုံးပြုသူများကို Facebook နှင့် Twitter  တို့တွင် ပေးထားသည့် အသိအမှတ်ပြုအကောင့် ပုံစံကဲ့သို့သော ပုံစံသစ် တစ်မျိုးကို  စတင် ဝန်ဆောင်မှု ပေးလိုက်ပြီ ဖြစ်ကာ အသုံးပြုသူ အချို့ အနေဖြင့် ၎င်းတို့၏ သီးသန့် Google+ စာမျက်နှာထက် တွင် အမည်များကို တင်နိုင်တော့မည် ဖြစ်သည်။


လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် ခရီးသည်တင်လေယာဉ်

လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် မျိုးဆက်သစ် ခရီးသည်တင် လေယာဉ် အမျိုး အစား တစ်ခုကို အမေရိကန်တွင် သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ မြန်နှုန်း Mach 6ထိ ပျံသန်းနိုင်ပြီး တစ်နာရီလျှင် မိုင်ပေါင်း(၄၅၀၀) ခရီးပေါက်မည့် လေယာဉ် တစ်စင်းသည် အနာဂတ်ကာလ ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အသုံးပြုလာနိုင်ဖွယ် ရှိနေသည်။ လေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၅)ကျော် မောင်းနှင်နိုင်ခြင်းဖြင့် လက်ရှိ လေယာဉ်များ ပျံသန်းနေသည့် ခရီးတာ အချိန်ရှည်လျားမှု ကို လျှော့ ချနိုင်မည် ဖြစ်သည်။ အသံလွန်နှုန်းဖြင့် မောင်းနှင်သော X-51A WaveRider လေယာဉ်သည် အမေရိကန် စစ်တပ်က ပိုင်ဆိုင်ပြီး နောက်ဆုံးပေါ် Scarmjet နည်းပညာသုံး အင်ဂျင်ဖြင့် မိုင်နှုန်းမြင့် မားစွာ   မောင်းနှင်နိုင်ကြောင်း သိရသည်။

Tuesday, 14 August 2012

Samsung Galaxy Tab 2 (7.0) Student Edition ထွက်ရှိ

Samsung က သူ တို့ ရဲ့ ထုတ်ကုန်တွေထဲ က တစ်ခုဖြစ်တဲ့ Samsung Galaxy Tab 2 ကို ကျောင်း သားကျောင်းသူတွေ အသုံးပြုဖို့ အတွက် မျက်နှာပြင် အရွယ်အစား ၇ လက်မနဲ့ ထပ်မံ ထုတ်လုပ်ဖြန့် ချိ လိုက်ပါတယ်။ 

Ubuntu ပေါ်တွင် Torrent File များ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Application ထည့်သွင်းခြင်း


Ubuntu OS အသုံးပြုသူတွေအနေနဲ့လည်း Microsoft Windows မှာအသုံးပြုသလိုမျိုး Torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲယူနိုင်ဖို့အတွက် Application တွေရှိပါတယ်။ ဒီအထဲကမှ Ubuntu User တွေ အလွယ်ကူဆုံး နဲ့ စွမ်းရည်ပြည့် အသုံးပြုနိုင်တဲ့ qBittorent ဆိုတဲ့ Application ကို ထည့်သွင်း အသုံးပြုပုံ ကိုရွေးချယ် တင်ပြလိုက်ပါတယ်။ qBittorrent ကိုအသုံးပြုဖို့အတွက် Ubuntu OS ကို ယခုမှစတင် တင်ထားသူများ အနေနဲ့ ပထမဦးစွာ OS ကို Update  ကိုမဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပါက တစ်ဆက်တည်း Upgrade ကိုပါပြုလုပ်ရမှာဖြစ်ပါတယ်။ Update နဲ့ Upgrade ပြုလုပ်ပြီးပြီဆိုပါက အလိုရှိတဲ့ Application ကို သင်အသုံးပြုမယ့် Ubuntu OS ပေါ်မှာ စတင်ထည့် သွင်းနိုင်ပြီဖြစ်ပါတယ်။

အချက်အလက်များကို သိုလှောင်သိမ်းဆည်းနိုင်မယ့် အကောင်းဆုံး Cloud သိုလှောင်မှုစနစ်များ



Cloud သိုလှောင်မှုစနစ်ဟာ အချက်အလက်တွေကို back up ပြုလုပ်ရာမှာ thumb drive နဲ့ external hard drive တို့ပေါ်မှာ ပြုလုပ်သကဲ့သို့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ cloud သိုလှောင်မှုစနစ်ရဲ့ ထူးခြားချက်ကတော့ ကွန်ပျူတာများ၊ လက်တော့ပ်များ၊ စမတ်ဖုန်းများနဲ့ tablet များကဲ့သို့ ထုတ်ကုန်အများ အပြားကနေ ချောမွေ့စွာ synchronize ပြုလုပ်နိုင်စေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ချိတ်ဆက်မှု ရှိရုံနဲ့ အချက်အလက်များကို အခမဲ့ သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ ဝန်ဆောင်မှု မြောက်များစွာအနက်မှ အကောင်းဆုံး Cloud သိုလှောင်မှုစနစ်များကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

၂၀၁၇ တွင် AT&T က 2G ကွန်ရက် အသုံးပြုမှု ရပ်ဆိုင်းမည်


AT&T ကုမ္ပဏီသည် EDGE ဟုလူသိများသည် 2G ကြိုးမဲ့ကွန်ရက်ကို  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ရပ်ဆိုင်းရန်စီစဉ်ထားပြီး 3G နှင့် 4G ကြိုးမဲ့ဝန်ဆောင်မှုများကိုသာ အသုံးပြု မည်ဖြစ်ကြောင်း အမေရိကန် လုံခြုံရေးကော်မရှင်ထံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

PNG ဓာတ်ပုံများ၏ ဖိုင်အရွယ်အစားကို PNGGauntlet ဖြင့် ချုံ့ခြင်း

PNG ဆိုတာဟာ အချက်အလက် ဆုံးရှုံးမှုမရှိစေဘဲ အချက်အလက်များကိုချုံ့ပေးထားတဲ့ lossless image format တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ screenshot များကဲ့သို့ စာသားနဲ့ ဂရပ်ဖစ်များအတွက် အလွန်သင့်တော်   ပေမယ့် JPEG ဓာတ်ပုံများထက် ဖိုင်အရွယ်အစား ကြီးမားနိုင်တဲ့ အားနည်းချက်ရှိပါတယ်။ ဒါကြောင့် PNG ဓာတ်ပုံတွေကို လျင်မြန်စွာဖွင့်နိုင်ပြီး သိုလှောင်မှုပမာဏအနည်းငယ်နဲ့ သိမ်းဆည်းနိုင်စေရန်အတွက် အခမဲ့ Windows program တစ်ခုဖြစ်တဲ့ PNGGauntlet နဲ့ ဖိုင်အရွယ်အစား လျှော့ချပုံကို ဖော်ပြလိုက်ပါတယ်။ 

Monday, 13 August 2012

Windows အသုံးပြုသူများအတွက် Ubuntu အခြေခံ Zorin OS 6


အခြားသော Linux distro များထက် Windows အတွေ့အကြုံကို ပြန်လည်ဖန်တီးပေးနိုင်သည့် Ubuntu အခြေခံ Zorin OS 6 ဖြစ်သည်။ Windows ကဲ့သို့သော interface ကိုအသုံးပြုထားသည့်အတွက် screen ၏ဘယ်ဘက် အောက်ထောင့်တွင် Start ခလုတ်ကိုတွေ့ရမည်ဖြစ်ပြီး Screen ၏ ညာဘက် အောက် ထောင့်တွင် notification area, clock, volume control စသည်တို့ကို တွေ့ရမည်ဖြစ်သည်။ Start ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် program စာရင်းနှင့် search tool တို့ပေါ်လာမည်ဖြစ်သည်။


World of Warcraft ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်


နာမည်ကျော် ဗီဒီယိုဂိမ်းကိုအခြေခံထားသည့် World of Warcraft ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ Sam Raimi သည် Oz, The Great and Powerful ရုပ်ရှင်ဇာတ်ကားကို ပိုမိုအာရုံစိုက်နိုင်ရန်အတွက် World of Warcraft ရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်မှ နှုတ်ထွက်သွားသော်လည်း အဆိုပါနာမည်ကျော်ဗီဒီယို ဂိမ်း အခြေခံ ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

Friday, 10 August 2012

Apple Siri နှင့် ယှဉ်ပြိုင်မည့် အသံနှင့်ရှာဖွေမှုပြုလုပ်နိုင်သော app သစ်ကို Google မိတ်ဆက်

Google ကုမ္ပဏီက Google Search ကို အဆင့်မြှင့်ထားသည့် iPhone app သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်း app သည် Apple ၏ Siri software နှင့် ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း သိရသည်။