Tuesday 12 February 2013

ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အဓိက ဟု သမ္မတ ဦးသိန်းစိန် ပြော



ယနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့တာ ကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ဆက်လက် ရှင်သန်ဖို့ အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အဓိက ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်အတွင်း လုပ်ပြနိုင်ကြောင်း SSA ပြော

တစ်ချိန်က မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပတ်သက်မှုရှိကြောင်း စွပ်စွဲခံခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မြန်မာအစိုးရနှင့်ပူးတွဲလုပ်ဆောင်ခွင့် ရရှိပါက ၆ နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ပြနိုင်ကြောင်း ပြောဆိုလိုက်သည်။

နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည်

နယ်သာလန်နို့စားနွားမျိုးနဲ့ နွားအကောင်လိုက်မွေးမြူရေးလုပ်ငန်းကို မြန်မာပြည်မှာ စမ်းသပ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ မွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနက ပြောပါတယ်။

နယ်သာလန်နိုင်ငံက Royal Friesland ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေကြတာဖြစ်ပြီး လုပ်ဆောင်ဖို့ရှိတဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းအစီအစဉ်တွေနဲ့ ပတ်သက်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ခုလို ပြောပါတယ်။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်



ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများသည် NLD ကိုယ်စားပြု ကပြရခြင်းမဟုတ်ဘဲ သွေးစည်းရန်အတွက် ပါဝင်ကပြရခြင်းဖြစ်



AT 0အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တိုင်းရင်းသားေ ပါင်းစုံက ရိုးရာဓလေ့များဖြင့် ပါဝင်ကပြသီဆိုကြမည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရခိုင်တိုင်းရင်းသား များက NLD ကိုယ်စားပြုအနေဖြင့် ပါဝင်ကပြရခြင်းမဟုတ်ဘဲ တိုင်းရင်းသားများအချင်းအချင်း သွေးစည်းကြရန်အတွက်သာ ဖျော်ဖြေကပြရခြင်းဖြစ်ကြောင်း သိရှိရသည်။