မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၃ ခု နှစ် နှစ်ကုန်အထိ နိုင်ငံတကာနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း ၁၉ ခုဆီက ချေးယူထားတဲ့ ချေးငွေပမာဏဟာ ဒေါ်လာ ၉ ဒသမ ၆ ဘီလျံနီးပါး ရှိပါတယ်။
၁၉၈၈ ခုနှစ်မတိုင်မီ ဦးနေဝင်း လက်ထက်အထိ ပြည်ပကြွေးမြီက အမေရိကန်ဒေါ်လာ ၅ ဘီလျံတင်ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ၂ဝ၁၁ ခုနှစ်အတွင်း ဒေါ်လာ ၃ ဘီလျံကျော်တင်ခဲ့သလို အခုအစိုးရ လက်ထက်မှာတော့ ဒေါ်လာတစ်ဘီလျံအောက်ဆက်ပြီး ချေးထားတဲ့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလျံနီးပါး မြန်မာနိုင်ငံ အကြွေးတင်နေတာပါ။
အဲ့ဒီအထဲမှာမှ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက အများဆုံးချေးယူခဲ့ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံကိုပြန်ဆပ်ရမယ့် အကြွေးပမာဏဟာ ဒေါ်လာလေးဘီလျံကျော် (ကျပ်သန်းပေါင်း ၄,ဝဝဝ,ဝဝဝ ကျော်) အထိ ရှိပါတယ်။