Sunday 17 May 2015

၂၀၁၅ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်ကို မဲစာရင်းပြုစုပြီးမှသာ ဆုံးဖြတ်မည်

၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တည်ဆောက်မည့် မဲရုံအရေ အတွက်ကို မဲစာရင်း ပြုစုပြီးသည့် အချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။

ပါလက်စတိုင်းခေါင်းဆောင်ကို ပုပ်ရဟန်းမင်းကြီး ချီးကျူး

ပုပ် Francis နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ဗာတီကန်မှာ တွေ့ဆုံစဉ်။ (မေ ၁၆၊ ၂၀၁၅)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ စနေနေ့က ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။ ပါလက်စတိုင်းတွေနဲ့ ပထမဆုံး သဘောတူစာချုပ်တခုကို သိပ်မကြာခင်မှာ လက်မှတ်ရေးထိုးဖို့  ပြင်ဆင် နေတယ်လို့ ဗာတီကန်နန်းတော်က ကြေညာအပြီး ရက်ပိုင်း အတွင်းမှာပဲ အခုလိုတွေ့ဆုံတာပါ။

ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို

သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ) 
အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက် တွန်းပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ရေး တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ အစိုးရ ကြိုးပမ်းနေချိန်မှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းဒေသအချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သလို မြန်မာစစ်တပ် ဘက်က စစ်အင်အား အလုံးအရင်း ထပ်မံတိုးချဲ့ချနေလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မန်းကျောက်စိမ်းဈေးကွက်အပွင့်လိုင်း အရောင်းအဝယ်သွက်

မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ် ဈေးကွက်တွင် အပွင့်လိုင်းကျောက်များသာ လတ်တလော အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရ သည်။

ထင်းခုတ်နေသော ဒေသခံ ၁၅ ဦးထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ စက ကျေးရွာ(ဟောင်း)မှ ထင်းခုတ်နေ သော ဒေသခံများအား မေလ ၁၄ ရက် နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်တောင်း ခံသွားကြောင်း သိရ သည်။

ဆေးခြောက်သုံးတာ ဆယ်ကျော်သက်တွေမှာ စိတ်ဝေဒနာ လုံးဝမဖြစ်စေပါ

မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး သမားတွေအတွက် သတင်းဆိုးလေးပါ။  လေ့လာမှု အသစ်တစ်ခုက ဆေးခြောက်ရှူတာ ဆယ်ကျော်သက်တွေမှာ စိတ်ဝေဒနာဖြစ်စေနိုင်တယ်ဆိုတဲ့ အမြင်ပေါ် သံသယဖြစ်မှုကို ဖယ်ရှားပစ်ခဲ့ပါတယ်။

အိုင်အက်စ်စစ် သွေးကြွများ ဥရောပသို့ ဒုက္ခသည်များနှင့်ရောနှော ခိုးဝင်လျှက်ရှိ

ရွှေ့ပြောင်းအခြေချဒုက္ခသည်များ လိုက်ပါလာသည့် လှေတစ်စင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters) ဒုက္ခသည်များကြားတွင် အိုအက်စ်များ ပုန်းဝှက်ပါလာလေ့ ရှိသည်ဟု ဆိုသည်။
လစ်ဗျား အရာရှိ တစ်ဦး၏ ဘီဘီစီသို့ ပြောကြားချက်အရ အိုင်အက်စ် တိုက်ခိုက်ရေးသမားများမှာ မြေထဲ ပင်လယ် ဒေသအတွင်းရှိ ဂိုဏ်းများမှတစ်ဆင့် ဥရောပသို့ ခိုးဝင်လာလျှက်ရှိသည်ဟု ဆိုသည်။ အစိုးရ အကြံပေး အက်ဗဒယ်ဘစစ် ဟာရွန်း၏ ပြောကြားချက်အရ လူမှောင်ခိုသမားများက ရွှေ့ပြောင်းအခြေချ များနှင့် ပြည့်ကျပ်နေသည့် လှေများပေါ်တွင် အိုင်အက်စ်စစ်သွေးကြွများကိုဝှက်ထည့်လာခဲ့သည်ဟုဆို သည်။

နည်းပြလောကသို့ ဝင်ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီ ပေါင်းထားသည့် နည်းပြအဖြစ်နှင့် ပြန်လာမည်ဟု ဂျရတ်ဆို

ကစားသမားဘဝမှ အနားယူပြီး နည်းပြလောကသို့ ဝင်ရောက်ဖြစ်ခဲ့ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီ ပေါင်းစပ်ထားသည့် နည်းပြ တစ်ယောက် အဖြစ်နှင့်ပြန်လာမည်ဟု လီဗာပူးလ်မှ ထွက်ခွာတော့ မည့် အသင်းခေါင်းဆောင် ဂျရတ်က ပြောသည်။

အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်ကို အမေရိကန်ဝင်ရောက် သတ်ဖြတ်

IS ခေါ် အစွန်းရောက်အစ္စလမ်သူပုန်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ကို အမေရိကန် Delta Force အထူးတပ်ဖွဲ့ဝင်တွေက ဆီးရီးယားနိုင်ငံအတွင်းထိ သောကြာနေ့ ညနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် ပြီး သတ်ဖြတ်လိုက်ပါတယ်။

ဓာတုဆေးဂိုဒေါင်မီးလောင်မှု ငြှိမ်းသတ်စဉ် မီးသတ်သမား ၁၀ဦး အသက်ရှူကျပ်၍ ဆေးရုံရောက်

မီးလောင်မှုဖြစ်ပွားရာဓာတုဆေးဂိုဒေါင်သို့ လာရောက်ငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး အသက်ရှူကျပ်နေစဉ် (ဓာတ်ပုံ−ညီညီဇော်) 
မန္တလေးစက်မှုဇုန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဓာတုဆေးဂိုဒေါင်ကို မီးငြှိမ်းသတ်ရာမှ မီးသတ်သမား ၁၀ဦး အသက်ရှူကျပ်   ဝေဒနာကြောင့် ဆေးရုံသို့အရေးပေါ်တင်ပို့ကုသ ခဲ့ရကြောင်းသတင်းရရှိသည်။

ဆစ်ဒနီက မြန်မာ အင်ဂျင်နီယာကျောင်းသား အတန်းထဲမှာ အထူးချွန်ဆုံး ဖြစ်ခဲ့

မြန်မာကျောင်းသား သိင်္ဂါအောင်သန်းဟာ အသိပညာကို တောင့်တမှု၊ တီထွင်ဥာဏ်နဲ့ ဇွဲလုံ့လတွေနဲ့အတူ ဆစ်ဒနီကထိပ်တန်းကောလိပ်တစ်ခုဖြစ်တဲ့ UTS:INSEARCH ရဲ့ UTS Foundation Studies က ပေးအပ် တဲ့ Semester 3 ရဲ့ အထူးချွန်ဆုံး ကျောင်းသားဆု Outstanding Graduate Prize ကို ရရှိခဲ့ပါတယ်။

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦးသည် မေလ ၁၃ ရက်နေ့၌ တောင်ယာလုပ်ကိုင် နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံ မှ သတင်းရရှိသည်။

ကျား/မ တန်းတူညီမျှရေး ရည်ရွယ်သည့် ရုန်းမထွက်သာ အစဉ်အလာ ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူစာရင်း ကြေညာ

ကျား/မ တန်းတူညီမျှရေးအတွက် ရည်ရွယ်ကာ ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်က ကျင်းပသည့် အမျိုးသမီးများ ဘာသာရေးနှင့် ယဉ်ကျေးမှု အစဉ်အလာများမှ ရုန်းမထွက်သာသည်ကို ဖော်ကျူးသည့် “ရုန်းမထွက်သာ အစဉ်အလာ” မှတ်တမ်းဓာတ်ပုံပြိုင်ပွဲ၏ ဆုရရှိသူများစာရင်း ကြေညာခြင်းကို မေ ၁၆ ရက်က ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပသည်။

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ သေဒဏ်ချမှတ်ခံရ

၂၀၁၁ခုနှစ်က အစုလိုက်အပြုံလိုက်ထောင်ဖောက်မှုဖြင့် ဖြုတ်ချခံရသောသမ္မတဟောင်း မိုဟာမက်မော်စီ ကို အီဂျစ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်။ ခေါင်းဆောင်ဟောင်းမော်စီမှာ ၄င်းအာဏာရစဉ် ကာလက ဆန္ဒပြသူများကို ဖမ်းဆီးနှိပ်စက်ရန် အမိန့်ပေးမှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရပြီးဖြစ် သည်။ မော်စီ၏အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် မော်စီသည် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ တွင် စစ်တပ်၏ဖြုတ်ချခြင်းကို ခံခဲ့ရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့် ပေါင်းလုပ်သင့်ဟု ဆို

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် တပြိုင်တည်းပေါင်းပြီး ပြုလုပ်သင့် သည်ဟု ခြောက်ပွင့်ဆိုင်တွင် ပါဝင်သည့် လွှတ်တော်တွင်းရှိ တိုင်းရင်းသားပါတီများ ခေါင်းဆောင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အများအော်သလို လိုက်မအော် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပုံစာ-  မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွပ် အ.ထ.က(၂) အားကစားကွင်းတွင် မေလ ၁၆ ရက် ညနေ ၄နာရီက လူထုတွေ့ဆုံပွဲ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို) 
အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး အချေအတင်ပြောနေကြသည့် အချိန်တွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က အများအော်သကဲ့သို့ လိုက်အော်မည် မဟုတ်ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မော်လမြိုင်မြို့ လှိုင်အားကစားကွင်းတွင် မေ ၁၆ရက်က လူထုနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်အပြုအမူများကြောင့် စိုးရိမ်မိသည်ဟု ကယ်ရီ ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ။ (ဓာတ်ပုံ - ရိုက်တာ)
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ဧရိယာများတွင် တရုတ်၏ မြေယာဖော်ယူရေး စီမံကိန်းများ၏ နေရာ အကျယ်အဝန်း နှင့် ပတ်သက် ၍ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက  ပြောကြား လိုက်သည်။

၂၀၁၅ နွေရာသီကာလ အတွင်း ဂူးဂဲလ်၏ မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်မည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲလ်က ၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့၏ မောင်းသူမဲ့ ကားများကို စတင် စမ်းသပ် မောင်းနှင်မည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။ ဂူးဂဲလ်၏ မောင်းသူမဲ့ကားများကို ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ လမ်းမများပေါ်တွင် ၂၀၁၅ ခုနှစ် နွေရာသီကာလ များအတွင်း စတင်စမ်းသပ် မောင်းနှင်သွားမည်ဟုလည်း သတင်းများက ဆိုသည်။

အလုပ်အကိုင်ရှားပါး၍ မြန်မာလူငယ်များ နိုင်ငံခြားထွက်ခွာနေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ သယံဇာတ ထွက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော်လည်း စနစ်တစ်ခု အားနည်းနေခြင်းကြောင့် မြန်မာနိုင်ငံရှိ လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေရကြောင်း မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

အင်ဒိုနီးရှားတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သား ၁၃၇ ဦး မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိမည်

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သားများအနက် ၁၃၇ ဦး မေလ ၁၇ ရက် ည ၇ နာရီခွဲခန့်တွင် MAI လေကြောင်း လိုင်းဖြင့် ရောက်ရှိမည်ဟု မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီး ကာကွယ် ရေး ဗဟိုအဖွဲ့ထံမှ သိရသည်။