Monday 4 May 2015

မိဘများအနေဖြင့် ကလေးများ၏ စိတ်ဓာတ်ကျမှုကို ဘယ်လိုသိရှိပြီး အားပေးသင့်သလဲ ဆိုတာ

ကလေးတွေနဲ့ဆက်ကျော်သက်မြီးကောင်ပေါက်အရွယ်များ စိတ်ဓာတ်ကျ ပုံဟာ လူကြီးများနှင့် ကွဲလွဲမှု ရှိနိုင်ပါတယ်။ ကလေးတွေက လူကြီးတွေကို "စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရတယ်။ ဘယ်လိုလုပ်ရမလဲ။"လို့ ပြောတတ်ကြပါတယ်။ ထိုစိတ်ခံစားမှု အသစ်ဖြစ်ပေါ်လာခြင်း၊ ရှက်ရွံ့မှုဖြစ်ခြင်းများကြောင့် တကယ်တမ်းမှာ ကလေးဆိုတာကတော့ မိမိဘာခံစားနေရသလဲဆိုတာကို တောင် ရေရေရာရာ မသိပါဘူး။ ထိုအခါမျိုးမှာ မိဘတွေ အနေနဲ့ ကူညီဖို့လိုအပ်ပါတယ်။
သာမန်ခံစားမှု တစ်ခုမှကြီးမားသောပြဿနာ မဖြစ်ပွားစေဖို့ မိဘတွေအနေနဲ့ အချိန်ယူပြီး စိတ်ရှည်ပေးဖို့ လိုပါတယ်။ များသောအားဖြင့် ကလေးတွေနဲ့မြီးကောင်ပေါက် ဆက်ကျော်သက်အရွယ်တွေဟာ သူတို့ခံစားချက်ကို ထုတ်ဖော်ပြလေ့ရှိပါတယ်။ (ဥပမာ- သူငယ်ချင်းတွေက မခေါ်လို့၊ ကျောင်းမှာ အဆင့်ကျလို့၊ အားကစားလုပ်ဖို့စိတ်မ၀င်စားတာ၊ အခြားလှုပ်ရှားမှုမျိုးတွေကို လိုက်မလုပ်ချင်တာစသည်ဖြင့်)ပေါ့။

ရှစ်နာရီအသုံးခံမည့် အဆင့်မြင့်ဘက်ထရီ Tesla မိတ်ဆက် အိမ်သုံးနှင့်စီးပွားရေးလုပ်ငန်းသုံး နှစ်မျိုးထုတ်လုပ်၊ စွမ်းအင်နယ်ပယ်၏မျှော်လင့်ချက်အသစ်ဟုဆို


လျှပ်စစ်ကားများနှင့်နှစ်မျိုးစပ်ကားများ ထုတ်လုပ်မှုဖြင့်အောင်မြင်သည့်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သော Tesla သည် ယမန်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတစ်ရပ်ကျင်းပ ကာ ရှစ်နာရီကြာအသုံးခံမည့်အဆင့်မြင့် ဘက်ထရီကိုမိတ်ဆက်သွားခဲ့သည်ဟုကယ်လီ ဖိုးနီးယားနေ့စဉ်သတင်းစာကဖော်ပြသည်။

သမီးတော်လေး မွေးဖွားလာမှုအတွက် အမြောက်ပစ်ဖောက် ဂုဏ်ပြုရန် ဗြိတိန် အမြောက်တပ်ဖွဲ့ စီစဉ်

ဗြိတိန် တော်ဝင်မိသားစုတွင် သမီးတော်တစ်ပါး ဖွားမြင်လာမှုကို ဂုဏ်ပြုသည့် အနေဖြင့် တော်ဝင် အမြောက်တပ်ဖွဲ့က လန်ဒန်မြို့တွင် အမြောက်များပစ်ဖောက် ဂုဏ်ပြုသွားမည်ဟု သိရှိရသည်။
ဟိုက်ဒ်ပါ့ခ်နှင့် လန်ဒန်မျှော်စင် အနီးတဝိုက်တွင် မေလ ၄ ရက် ညနေပိုင်းတွင် အမြောက်များ ပစ်ဖောက်ပြီး ကိန်းဘရစ်ဂ်ျ နယ်စား ဇနီးမောင်နှံ၏ ရင်သွေးလေးအတွက် ဂုဏ်ပြုမည်ဟု တော်ဝင် အမြောက်တပ်ဖွဲ့က ကြေညာခဲ့သည်။

စာနယ်ဇင်း သမားများ၏ လုံခြုံရေးကို ထိခိုက်ခြင်းသည် နိုင်ငံ့ပုံရိပ်ကို ထိခိုက်ကြောင်း ဦးရဲထွဋ်ပြော

          စာနယ်ဇင်း သမားများ၏ လုံခြုံရေးကို ထိခိုက် စေသော ယခင်က အဖြစ်အပျက် များမှာ နိုင်ငံ့ပုံရိပ်ကို ထိခိုက်မှု ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

           ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ NOVOTEL Hotel ၌ ပြုလုပ်သည့် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ၎င်းက အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်



ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

ပန်ဆန်းညီလာခံ ပြည်ထောင်စုအကျိုး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ဟု ဦးရဲထွဋ်ဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ တက်ရောက်ဆွေးနွေးနေသော ပန်ဆန်းညီလာခံသည် ပြည်ထောင်စုအကျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့တော် Novtal ဟိုတယ်တွင် ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ထိုင်းတွင် လုပ်အားခတောင်းသည့် မြန်မာလေးဦးကို အလုပ်ရှင်က သေနတ်ဖြင့် ပစ်ခတ်

ထိုင်းနိုင်ငံ ဆူရတ်ဌာနီမြို့ရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလေးဦးသည် ၎င်းတို့ရရှိမည့် လုပ်အားခကို တောင်းရာ အလုပ်ရှင်က လုပ်ခမပေးဘဲ သေနတ်ဖြင့် ပစ်ခတ်သဖြင့် မြန်မာတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။
ဆူရတ်ဌာနီလေဆိပ် အနောက်ဘက်ရှိ ရော်ဘာခြံတွင် အလုပ်လုပ်သည့် အဆိုပါ မြန်မာလေးဦးကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရှင်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် မြန်မာအလုပ်သမားတစ်ဦး၏ ပခုံး ထုတ်ချင်းပေါက်သွားခဲ့ပြီး အဆိုပါ လေးဦးမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

ဝယ်သူ မရှိသလောက်ဖြစ်နေ၍ အိမ်ခြံမြေလုပ်ငန်းများ ရပ်တန့်လုနီး ပါးဖြစ်နေ

ယခုနှစ် အိမ်ခြံမြေလုပ်ငန်း၌ ရောင်းသူသာရှိနေပြီး ဝယ်ယူသူ မရှိသလောက် ဖြစ်နေပြီး ရပ်တန့်လုနီးပါး ဖြစ်နေပြီဟု ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းများနှင့် အရောင်းကိုယ်စာလှယ်များက ပြောသည်။

အရောင်းအဝယ် မဖြစ်ခြင်းကြောင့် ဝယ်ရင်းစွဲဈေးထက် လျှော့ရောင်းသူများ ရှိနေသော်လည်း အရောင်း အဝယ်မဖြစ်ဟု အကျိုးဆောင် အိမ်ခြံမြေ လုပ်ငန်းမှ အရောင်းမန်နေဂျာ ကိုသက်ကိုက ဆိုသည်။

“အိမ်ခြံမြေက ဒီနှစ်မှာ အတော်ကိုအေးနေတာ၊ ဈေးလျှော့ရောင်းပေးတဲ့ သူတွေ ရှိနေပေမယ့် ဘယ်လို မှကို ပြန်မနိုးလာတော့တာ။ လက်ကြီး ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်ထဲမှာ မရှိသလောက်ဖြစ်နေတော့ ဈေး ကွက်တစ်ခုလုံး ဘာမှလုပ်လို့ မရတော့တဲ့ အခြေအနေပါ” ဟု ၎င်းက ရှင်းပြသည်။

ကျေးရွာပေါင်း ၅၉၀ တွင် ဆင်းရဲနွမ်းပါးမှု စစ်တမ်းကောက်

ကျေးရွာပေါင်း ၅၉၀ တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န် ကြီးဌာနက ဆင်းရဲနွမ်းပါးမှု စစ် တမ်းကောက်နေပြီး ဖွံ့ဖြိုးမှုအ နည်းဆုံးနိုင်ငံများစာရင်းမှ လွတ် မြောက်ရေးအတွက် ကုလသမဂ္ဂ သို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆင်းရဲနွမ်းပါးမှုစစ် တမ်းကို ၂၀၁၅ မှ ၂၀၁၈ အတွင်း သုံးနှစ်စီမံကိန်းချမှတ်ကာ မြို့နယ် ၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၅၉၀ တွင် စတင်ကောက်ယူနေခြင်း ဖြစ်သည်။ မေလပထမပတ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စတင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ စစ်တမ်းကောက်ပြီးပါက ရလဒ်ကို ကုလသမဂ္ဂသို့ တင်ပြမည် ဖြစ်သည်။

ကိုးကန့်ဒေသတွင် ပြန်လည်အခြေချသူများအား ကူညီရန် အဖွဲ့တစ်ခုဖွဲ့

ကိုးကန့်ဒေသအုပ်ချုပ် ရေးဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ခေါင်းဆောင်သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖွဲ့စည်းလိုက်ပြီး ဒေသတွင်း ပြန်လည်အခြေချနေထိုင်သူများအနက် ရပ်တည်ရန် ခက်ခဲသူ များအား ကူညီရေးလုပ်ဆောင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ကိုးကန့်ဒေသကို တပ်မ တော်က စစ်အုပ်ချုပ်ရေးကြေညာ ပြီးနောက် ဦးပယ်စောက်ချိန်ဦး ဆောင်သော ကိုးကန့်ဒေသအုပ် ချုပ်ရေးဦးစီးအဖွဲ့မှာ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ အကျုံးမဝင်တော့ သော်လည်း ဒေသခံများအား ကူ ညီရေး အရပ်ဘက်အဖွဲ့အစည်း အနေဖြင့် တရားဝင်ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်နီနိုင်က ပြောသည်။ ‘‘ရပ်တည်ဖို့ ခက်ခဲတဲ့လူ တွေ အတွက်ပေါ့။ ဒေသဦးစီးအဖွဲ့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပျက်သွားပြီလေ။ ရပ်မိရပ်ဖ အနေနဲ့ သူတို့ပြန်ဖွဲ့တာ’’ဟု ၎င်းကပြောသည်။

Baltimore ညမထွက်ရ အမိန့် ချိုးဖေါက်သူတွေ ရဲဖမ်း

အမေရိကန် ပြည်ထောင်စု ဘော်တီမိုးမြို့မှာ ည ၁၀ နာရီ ညမထွက်ရ အမိန့်ကို ချိုးဖောက်တဲ့ အနည်းဆုံး လူ ၁၂ ယောက်တို့ကို စနေနေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။
စနေနေ့ အစောပိုင်းကတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ Freddie Gray သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ရဲ ၆ ဦးတို့ကို တရားစွဲဆိုမယ့် ကြေညာချက် သောကြာနေ့က ထွက်ပေါ်လာပြီး စနေနေ့မှာတော့ အများအပြားက ဒီကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသလို ဆန္ဒပြသူတွေကလည်း တရားမျှတမှု မရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးလို့လည်း ကြွေးကြော်ခဲ့ကြတာပါ။

မြန်မာ သတင်းသမားများ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ လမ်းညွှန်

မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန် မြန်မာ သတင်း မီဒီယာသမားတွေ လက်စွဲ ကိုင်ဆောင်ထားသင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်တွေကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီအကြောင်း မဆုမွန်က ဆက်ပြီး တင်ပြပေး ပါမယ်။
ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း မဲဆန္ဒနယ်မြေတွေကို သတင်းလိုက်လံ ရယူမယ့် သတင်းမီဒီယာတွေ အနေနဲ့ သိရှိလိုက်နာထားသင့်တဲ့ မီဒီယာ ကျင့်ဝတ်ဆိုင်ရာ အချက်တွေနဲ့အတူ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ၊ မဲရုံ မှူးတွေနဲ့ သတင်းမီဒီယာသမားတွေကြား အပြန်အလှန် သိရှိ နားလည်သင့်တဲ့ အချက်တွေကို စုစည်းပြီး အတည်ပြု ထုတ်ပြန်ပေး ထားတာဖြစ်တဲ့အကြောင်း မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးဇော်သက်ထွေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းမှ ငါးထုတ်လုပ်ရောင်းချခြင်း သုံးလခန့် ရပ်နားမည်

ရေဆိုးဝင်ရောက်မှုများကြောင့် အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းအတွင်းမှ ငါးဖမ်းယူထုတ်လုပ်ရောင်းချခြင်းအား သုံးလခန့် ရပ်နားမည်ဖြစ်ကြောင်း အင်းသူကြီးထံမှ သိရသည်။
လက်ရှိတွင် ရေဆိုးဝင်ရောက်မှုကြောင့် တောင်သမန်အင်း မြောက်ဘက်ခြမ်းတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မြောက်အင်းဘက်မှ ကျန်ရှိငါးများကို ဖမ်းယူရောင်းချခြင်း မပြုလုပ်တော့ဘဲ ငါးများ တောင်ဘက်အင်းအတွင်း ရောက်ရှိမလာစေရန် ယင်းလိပ်ကာရံ၍ တောင်ဘက်အင်းအတွင်းရှိ ငါးများကိုသာ ဖမ်းယူရောင်းချလျက်ရှိပြီး မကြာမီ ငါးသားပေါက်ရာသီ ရောက်ရှိတော့မည်ဖြစ်သောကြောင့် တောင်ဘက်အင်းအတွင်းမှ ငါးဖမ်းဆီး ထုတ်လုပ်ရောင်းချမှုများကိုလည်း သုံးလခန့် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ဘွားအေတစ်ယောက်၏ ပထမဆုံး အမျိုးသမီး သမ္မတ တစ်ယောက် ဖြစ်လာရေး ခရီးကြမ်း

၂၀၁၅ ခုနှစ်၊ ဧပြီလမှာ ဟီလာရီ၏ အကြံပေးပုဂ္ဂိုလ်က ဟီလာရီကလင်တန်သည် ၂၀၁၆ ခုနှစ်မှာ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို အသိပေး ကြေညာ လိုက်ပါသည်။

မန္တလေးတိုင်း မှတ်ပုံတင်မဟုတ်သော ကားများအား မြို့ဝင်ကြေးကောက်သည်ကို မြို့ခံအချို့ဝေဖန်

မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်မဟုတ်သည့် ယာဉ်များအား  မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့ဝင်ကြေးကောက်ခံနေမှုကို ယာဉ်ပိုင်ရှင်မြို့ခံအချို့က  ဝေဖန်နေပြီးယာဉ်ကြော ကျပ် တည်းမှုကို   အကြောင်းပြကာ စည်ပင်သာယာက မြို့ဝင်ကြေး ကောက်ခံမှုသည် မြို့ခံများအတွက် ၀န်ထုပ် ၀န်ပိုးဖြစ်စေသည်ဟုဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း(၄-၅-၂၀၁၅)

မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား နေကျဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြု ပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့ သင်္ကြန် တွင်းမှာ မိဘပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး သင်္ကြန်ပွဲတော် နွှဲပျော်ခြင်း၊ မိသားစု အပန်းဖြေခရီး ထွက်ခြင်းနဲ့ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့နဲ့ အတူ အားလပ်ရက်များကို စိတ်အေးချမ်းသာ ပျော် ရွှင်စွာ ဖြတ်သန်း ခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ သင်္ကြန်တွင်းကာလအတွင်းမှာ အနားမယူဘဲ မိမိတို့ပြည်သူများ လုံခြုံဘေးကင်းစွာ ပျော် ရွှင်နိုင်ဖို့ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လုံခြုံရေး၊ ကျန်းမာ ရေး၊ မီးသတ်နဲ့ ကြက်ခြေနီဝန်ထမ်းများ ကိုလည်း ချီး ကျူးဂုဏ်ပြုအပ်ပါတယ်။ နှစ်သစ်ကူးအားလပ်ရက်မှာ ရရှိခဲ့တဲ့ စိတ်ကြည်နူးချမ်းသာ ပျော်ရွှင်မှုတွေကို နှစ် သစ်အတွက် ခွန်အားများအဖြစ် ပြောင်းလဲပြီး ဖြတ် သန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်းနဲ့ ယခုလအတွက် ရေ ဒီယိုမိန့်ခွန်းကို အစပြုပြောကြားလိုပါတယ်။

ရိုဟင်ဂျာ လူမှောင်ခို ဂိုဏ်းခေါင်းဆောင်ကို ထိုင်းကဖမ်း

ရခိုင်ပြည်နယ် မောင်တော မြို့ က လာပြီး ထိုင်းနိုင်ငံ တောင်ပိုင်း မှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်း ခေါင်းဆောင် ရိုဟင်ဂျာ တစ်ဦး ကို ထိုင်း အာဏာပိုင် တွေ က ဖမ်းဆီး လိုက်ပါတယ်။ ဒါဟာ မကြာခင် က မှ ထိုင်းတောင်ပိုင်း မှာ ရိုဟင်ဂျာ ရုပ်အလောင်း တွေ မြှုပ်နှံ ထားတဲ့ နေရာ တွေ ကို တွေ့ခဲ့ တဲ့ ဖြစ်ရပ် နဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ဖော်ထုတ် ဖမ်းဆီးမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် ရှေ့ဆက်သွားရန် အများကြီး လိုသေးကြောင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၁၁၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အမှာစကား ပြောကြားစဉ် 
မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်မှုသည် ရှေ့ဆက်သွားရန် အများကြီးလိုသေးကြောင်း ၂၀၁၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘၀’ ဒေသ ပန်ဆန်းမြို့ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သော ဒေသအား ခရီးသွားများ လေ့လာလည်ပတ်နိုင်သည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်နေ

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့ ပတ်ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သည့် ဒေသ အား ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာလည်ပတ်နိုင်မည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်မှုများ ရှိနေကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တာချီလိတ်မြို့တွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ကျူးလွန်သူအား တစ်လကျော် ကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အသတ်ခံရသည့် အသက်ခြောက်နှစ် အရွယ် မိန်းကလေးငယ်၏အမှုမှ ကျူးလွန်သူအား တစ်လကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိ သေးကြောင်း မေ ၃ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းမှ ငါးထုတ်လုပ် ရောင်းချခြင်း သုံးလခန့် ရပ်နားမည်

ဈေးကွက်အတွင်း ရောင်းချနိုင်ရန် တောင်သမန်အင်းအတွင်းမှ ငါးများအား ဖမ်းဆီးကာ အင်းဒိုင်သို့ လာ ရောက်ပို့ဆောင်နေသည့် ရေလုပ်သားများကို တွေ့ရစဉ် 
ရေဆိုးဝင်ရောက်မှုများကြောင့် အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းအတွင်းမှ ငါးဖမ်းယူ ထုတ်လုပ်ရောင်းချခြင်းအား သုံးလခန့် ရပ်နားမည်ဖြစ်ကြောင်း အင်းသူကြီးထံမှ သိရသည်။

လူ ၅ ထောင်နီးပါးကို မြေထဲပင်လယ်မှာ ကယ်ဆယ်ခဲ့ရ

အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လာခဲ့ရတဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူ ၃၀၀၀ ကျော်ကို Lumpedusa ကျွန်းကို ခေါ်ဆောင်လာစဉ်။ (မေ ၂၊ ၂၀၁၅) 
လစ်ဗျားနိုင်ငံအနီးက မြေထဲပင်လယ်ထဲမှာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဥရောပတိုက်ကို တရားမဝင် ဝင်ဖို့ ကြိုး စားတဲ့ ရွေ့ပြောင်းနေထိုင်သူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ လူမှောင်ခိုကူးတဲ့သူတွေက တခါတရံမှာ အန္တရာယ် များတတ်တဲ့ ရေပြင်တည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ဥရောပတောင်ပိုင်း ကမ်းခြေတွေကို ခိုး သွင်းဖို့ ကြိုးစားတဲ့အချိန် ကယ်ဆယ်ရေးအဖွဲ့တွေက လူပေါင်း ၄,၈၀၀ ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။