
ပန်းရောင်စက္ကူပေါ်တွင် ပန်းရောင်နှင့် အစိမ်းရင့်ရောင် ရောယှက်ထားသော စက္ကူပန်းပွင့်လေးများ လှပစွာပွင့်နေကြသည်။ အပေါ်ဆုံးတွင် ပန်းပွင့်အသေးလေးနှစ်ပွင့် အလယ်မှာ ပန်းပွင့်ကြီးသုံးပွင့်နှင့်အောက်ဆုံးတွင် အသေးနှစ်ပွင့် အဆင့်ဆင့် ပွင့်နေသည့် သဏ္ဌာန်ပုံ ဖော်ထားသည်။ ပန်းပွင့်များ၏ ဘေးတွင် အစိမ်းရောင် ကနုတ် သဏ္ဌာန်အရွက်လေးများ ကွေ့ ကောက်လို့။ စက္ကူအသေးအမွှားလေးများဖြင့် အချိန်ယူကာ အနုစိပ်ပြုလုပ်ထားရသော အဆိုပါအလှဖိတ်စာ ဒီဇိုင်းသည် ပြင်ပ တွင် မြင် ရသော ဖိတ်စာဒီဇိုင်းများနှင့်မတူ တစ်မူထူးခြားသည်။ လက်ကလေးဖြင့် တို့ထိမိရုံဖြင့်ပင် ပန်းပွင့်လေးများ၏ အနုစိတ်ပုံသဏ္ဌာန်တွင် ပျော်ဝင်သွားနိုင်သည်။