ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် မြန်မာနှင့်ဖီဂျီအသင်း ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားခဲ့စဉ် (ဓာတ်ပုံ − MFF)
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင် ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအသင်း၏ ပွဲစဉ်အားလုံးကို အခမဲ့ ရုပ်သံလိုင်းများ ဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV နှင့် MNTV ရုပ်သံလိုင်းများတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အဆို ပါပြိုင်ပွဲကို တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ပြသခွင့် ယူထားသော ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမီ တက်မှ သတင်းရရှိသည်။