Thursday 2 July 2015

“ ပြည်ခိုင်ဖြိုးပါတီထဲက အုပ်စုတွင်း တိုက်ပွဲ”

စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်၊ ၁-၇-၁၅။
ခုအချိန်ဟာ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးနေကြချိန်ပါ။ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ အပိုင်း ဆွေးနွေး မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် ခုရက်ပိုင်းမှာတေ့ ပုဒ်မ ၄၃၆ (ခ) ဆိုင်ရာ အပိုင်းတွေကို ဆက်ဆွေးနွေးနေကြပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကို အချိန် ၁၅ နှစ်လောက် ယူ၊ စိတ်ကြိုက် ရေးဆွဲပြီး ထားရစ်ခဲ့တာပါ။ ဒီမိုကရေစီ၊ လွှတ်တော် နဲ့ ရွေးကောက်ပွဲ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အတိုက်အခံအင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကို ဘယ်ဘက်ကမှ လှုပ်လို့မရအောင် ထိန်းချုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး စစ်ဘုရင်မင်းဆက် တည်ဆောက်ဖို့ အသေအခြာ ရေးဆွဲထားခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု အဲဒီ ဖွဲ့စည်းပုံနဲ့ ဆက်စပ်ပြီး ပြသနာတွေတော့ ပေါ်နေပါပြီ။ ထူးခြားတာကတော့ အတိုက်အခံတွေ၊ တိုက်ခဲ့ ခိုက်ခဲ့တဲ့ ရန်ဘက်တွေ၊ ပြည်သူတွေဆီကနေ ပေါ်လာတာမျိုး မဟုတ်ပဲ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြားထဲက ပေါ်လာတဲ့ ပြသနာ ဖြစ်နေလို့ပါပဲ။ ဒီတစ်ပါတ် အဲဒီ အကြောင်း ဆွေးနွေးကြည့်ကြရအောင်။

လျှပ်စစ်ရထား ဓာတ်အားခ လုပ်ငန်းသုံးနှုန်းထားအတိုင်းကောက်ခံမည်

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် RBE ရထားကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း) 
ရန်ကုန်မြို့ကမ်းနားလမ်း လျှပ်စစ်ရထားပြေးဆွဲမှုအတွက် ပေးဆောင်ရမည့်ဓာတ်အားခကို လုပ်ငန်းသုံး သတ်မှတ်နှုန်း ထားအတိုင်း ကောက်ခံမည်ဟု သတင်းရရှိသည်။

ဆီနိုင်းကျွန်းဆွယ်ကို အိုင်အက်စ်တို့ တိုက်ခိုက်မှု အမြစ်ပြတ် ချေမှုန်းတုံ့ပြန်ရန် အီဂျစ်လိုလား

ဆီနိုင်းကျွန်းဆွယ်ဒေသတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည့်နောက် အဆိုပါ ဒေသရှိ အိုင်အက်စ်ဘက်တော်သားများကို အမြစ်ပြတ်အောင် ချေမှုန်းသွားမည်ဟု အီဂျစ် အစိုးရက ကြေညာခဲ့သည်။

မလေးရှားနိုင်ငံတွင် ဗီယက်နမ်ချက်အရက်သောက်ပြီး မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံး

ဗီယက်နမ်ချက်အရက်သောက်ပြီး သေဆုံးသွားသော မြန်မာလုပ်သား တစ်ဦး၏ ရုပ်အလောင်းကို ကြည့်ရှု နေစဉ် (ဓာတ်ပုံ- ဂျိုဟိုးနာရေးကူညီမှု အသင်း) 
မလေးရှားနိုင်ငံတွင် ဗီယက်နမ်ချက်အရက်သောက်သုံးမှုကြောင့် မြန်မာလုပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

ကိုယ်စားလှယ်အဖြစ်မှပြန်လည်ရုပ်သိမ်းခွင့်ပြဋ္ဌာန်းချက်ပယ်ဖျက်ခြင်း မပြုဘဲ ပြင်ဆင်ခြင်းသာဆောင်ရွက်ရန် NLD တင်ပြ

ရွေးချယ်တင် မြှောက်ထားသည့် လွှတ်တော်ကိုယ် စားလှယ်ကို မဲဆန္ဒရှင်များကကိုယ် စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်း ခွင့်ပေးထားသည့်ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်းမပြုဘဲ ပြင်ဆင်ခြင်းသာ ဆောင်ရွက်ရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်ဦးသိမ်းဆွေက လွှတ် တော်သို့ တင်ပြခဲ့သည်။

မြဝတီတွင် ဂိမ်းရုံတစ်ရုံကို သွားရောက်ဖမ်းဆီးရာ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၊ ရဲတစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင် ချမ်းသာလမ်းရှိ ဂိမ်းရုံတစ်ရုံအား ဇွန် ၃ဝရက် ည ၈ နာရီခွဲခန့် တွင် မြဝတီမြို့နယ်ရဲတပ်ဖွဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် တာဝန်ရှိပူးပေါင်း အဖွဲ့မှ ဝင်ရောက် ဖမ်းဆီးရာ ယင်း ဂိမ်းရုံအတွင်းမှ သေနတ်ဖြင့် ခုခံပစ် ခတ်သည့်အတွက် မြဝတီမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ကျော်ကျော်ဝင်းမှာ ဝဲဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းမှ သိရသည်။

အခွန်တံဆိပ်ခေါင်းမကပ်သည့် ဆိုင် ၃၀ ကျော်ကို သုံးလအတွင်း အရေးယူနိုင်ခဲ့

ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းမကပ်သည့် ရန်ကုန် မြို့ရှိ စားသောက်ဆိုင်ပေါင်း ၃၀ ကျော်ကို သုံးလအတွင်း အရေး ယူထားပြီး ယင်းဆိုင်များအနက် နာမည်ကြီးစားသောက်ဆိုင် ၁၀ ဆိုင်ခန့်ပါဝင်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘နာမည်ကြီး စားသောက် ဆိုင်တွေပါတယ်။ ဒါပေမဲ့ နာမည် တော့ ထုတ်ပြောပေးလို့မရဘူး။ သူတို့ကို ဒဏ်ရိုက်ထားတယ်’’ ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်သန့်လွင်က ပြောသည်။

 ကုန်သွယ်  လုပ်ငန်းခွန် ကောက်ခံရန် ပြေစာတွင် တံဆိပ် ခေါင်းကပ်သည့် စီမံချက်စတင်ခဲ့ သော သုံးလတာကာလအတွင်း စုစုပေါင်း စားသောက်ဆိုင်ပေါင်း ၃၂ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဆိုင် ၃၀ မှာ လက်ရှိတွင် ဒဏ်ငွေ ဆောင်ထားကာ ဒဏ်ငွေဆောင် ရန် နှစ်ဆိုင်သာကျန်ရှိတော့သည် ဟု ဆိုသည်။