Saturday 26 October 2013

တောင်ငူမြို့အနီး မြေဧက ၅၃၀၀ ပေါ်တွင် စက်မှုဥယျာဉ် မြို့တော်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ရန် ကေတုမတီ အများပိုင် ကုမ္ပဏီက အစိုးရသို့ တင်ပြ

8.1.1
နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း တည်ဆောက် မည့် မြေနေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ အစိုးရဌာနများ အပါအ၀င် အဆောက်အအုံများ၌ ချိတ်ဆွဲထားရမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသများ အတွက် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများတွင် ဘတ်ဂျက်ခွဲဝေမှု နည်းပါးဟု လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ပြည်နယ်များရှိ ကျေးလက်ဒေသများ အတွက် တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျပ်စစ်မီးရရှိရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေမှုသည် နည်းပါးနေသည်ဟု လွှတ်တော် ကိုယ်စားလှယ် များက ပြည်ထောင်စု လွှတ်တော် တွင် ဝေဖန်ခဲ့ကြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ထည့်သွင်းဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိကြောင်း၊ သဘာဝဘေး ကျရောက်နိုင်စွမ်းရှိသည့် ဒေသတို့ကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ ဒေသအတွင်းရှိ မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီများနှင့် တာဝန်ရှိသူများမှ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိသည့် တရားမ၀င် မက်သမ်ဖက်တမင်း (methamphetamine) ဆေးအလုံးပေါင်း ငါးသန်းကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ကြေညာခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် မြို့များမှ ပြည်သူများကို NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ယနေ့မှ စတင်ကာ ရှင်းပြမည်

8.1.1
အောက်တိုဘာ ၂၄ ရက်တွင် NLD ပါတီက မြိတ်မြို့၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသည့် အဖွဲ့မှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသည်မြို့ကြီး သုံးမြို့မှ ပြည်သူများအား ယနေ့ (အောက်တိုဘာ ၂၆ ရက်)မှ စတင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသွားမည်ဟု NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ရှမ်းပြည်နယ်၊ ကယားပြည်နယ် တာဝန်ခံ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

တိုင်းရင်းသားများ ယုံကြည်နိုင်မည့်အပြင် အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေမျိုး ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း NLD ပါတီ နာယက ဦးတင်ဦးပြောကြား

အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် တိုင်းပြည်တွင် ညီညွတ်မှုရှိရန် လိုအပ်ပြီး ညီညွတ်မှု ရရှိနိုင်စေရန်အတွက် တိုင်းရင်းသားများ ယုံကြည်အားကိုးပြီး ၎င်းတို့အား အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေအား ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း အရှေ့ပိုင်း ခရိုင်အတွက် တတိယ အကြိမ်မြောက် ပြုလုပ်သည့် အခြေခံ ဥပဒေဆိုင်ရာ ပြည်သူလူထု ဆန္ဒသဘောထား ခံယူပွဲ ကျင်းပစဉ် NLD ပါတီနာယက ဦးတင်ဦး က ပြောကြားခဲ့သည်။