Saturday 24 January 2015

ရခိုင်ပြည်နယ်လုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ချပြသွားမည်ဟု အမ်အက်စ် အက်ဖ် ဆို

ရခိုင်ပြည်နယ်တွင်ပြန်လည် လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည်ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Simon Tyler ကပြောကြားလိုက်သည်။

"IS ကို ကူညီရန် ကြိုးပမ်းသူအား ထောင်ဒဏ် ၄ နှစ် ချမှတ်"

Photo: "IS ကို ကူညီရန် ကြိုးပမ်းသူအား ထောင်ဒဏ် ၄ နှစ် ချမှတ်"
Saturday, January 24, 2015 

အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှ အမျိုးသမီးငယ်တဦးကို အစ္စလာမ္မစ်နိုင်ငံထူထောင်ရေး စစ်သွေးကြွအဖွဲ့ (IS) အား အကူအညီပေးရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

မူဆလင်ဘာသာသို့ ပြောင်းလဲကိုးကွယ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ရှန်နွန်ကွန်လေသည် ပြီးခဲ့သော ဧပြီလက ဆီးရီးယားသို့ သွားရောက်၍ IS စစ်သွေးကြွတဦးနှင့် လက်ထပ်ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

IS နှင့် ဆက်သွယ်မှု ရှိနေသည့် အခြား အမေရိကန်များနှင့် ဆိုင်သော အချက်အလက်များကို ဖော်ထုတ်ပြောပြပါက ပြစ်ဒဏ်လျှော့ချပေါ့ပေးမည်ဟု အစိုးရတရားလိုဘက်မှ ကမ်းလှမ်းခဲ့ရာ ဟာလီမာဟု မိမိကိုယ်ကိုယ် အမည် ပြောင်းထားသူ ကွန်လေအနေဖြင့် သူမ၏ လုပ်ရပ်အပေါ် လွန်စွာ နောင်တရမိကြောင်း ထွက်ဆိုလာတော့သည်။

ကျော်လင်းထွန်း
Ref: BBC
အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှ အမျိုးသမီးငယ်တဦးကို အစ္စလာမ္မစ်နိုင်ငံထူထောင်ရေး စစ်သွေးကြွအဖွဲ့ (IS) အား အကူအညီပေးရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

MECTEl ၏ ဝန်ဆောင်မှု တိုးချဲ့ရန်စီစဉ်

MPT နှင့် လက်တွဲ၍ ဝန် ဆောင်မှုများပေးနေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC TEL)၏ ဆက် သွယ်ရေးဝန်ဆောင်မှုများကို ဖွံ့ဖြိုးမှုနည်းသော ပြည်နယ်ဒေသများတွင် တိုးချဲ့သွားရန်စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

Is စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ် ဒုတိယအကြီးဆုံး မြို့ဖြစ်သော မိုဆူလ်မြို့အား အမေရိကန်နှင့် အီရတ် တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန်စီစဉ်

Photo: Is စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ် ဒုတိယအကြီးဆုံး မြို့ဖြစ်သော မိုဆူလ်မြို့အား အမေရိကန်နှင့် အီရတ် တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန်စီစဉ်
Saturday, January 24, 2015

အမေရိကန်နှင့် အီရတ်တပ်များသည် IS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ်နိုင်ငံ အတွင်းရှိ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူလ်မြို့အား လာမည့်နွေရာသီတွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

ကာ့ဒ် တပ်ဖွဲ့ဝင်များနှင့် အခြားအနောက် နိုင်ငံများ၏ လေ့ကျင့်သင်ကြား ပေးခြင်းခံထားရသည့် တပ်ဖွဲ့များသည် လာမည့် နွေဦးရာသီတွင် စစ်သွေးကြွများအား ထိုးစစ်ဆင်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နိုင်ဖွယ်ရှိနေပြီ ဖြစ်ကြောင်း အမေရိကန် စစ်ဘက်၏ အလယ်ပိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး လွိုက်အော်စတင်၏ ပြောကြား ချက်ကို Wall Street ဂျာနယ်က ဇန်နဝါရီ ၂၂ ရက်တွင် ကိုးကားဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် အမေရိကန် တပ်များအား ပါဝင်စေခြင်းရှိ၊ မရှိနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်များ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွများက အီရတ် နိုင်ငံအတွင်း ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို ပြန်လည်သိမ်းယူ နိုင်ခဲ့ပြီဖြစ်ကြောင်း အော်စတင်က ပြောကြားခဲ့သည်။

မြ၀တီ
အမေရိကန်နှင့် အီရတ်တပ်များသည် IS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် အီရတ်နိုင်ငံ အတွင်းရှိ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူလ်မြို့အား လာမည့်နွေရာသီတွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

IS စစ်သွေးကြွများကို ချေမှုန်းနိုင်ရန် နှစ်နှစ်ခန့် အချိန်ယူရမည်ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

Photo: IS စစ်သွေးကြွများကို ချေမှုန်းနိုင်ရန် နှစ်နှစ်ခန့် အချိန်ယူရမည်ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား
Saturday, January 24, 2015

အီရတ်အစိုးရ တပ်များအနေဖြင့် ယင်း နိုင်ငံအတွင်းရှိ IS စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ထိရောက်စွာ ချေမှုန်းနိုင် စွမ်းမရှိခြင်းကြောင့် အမေရိကန် ဦးဆောင် သည့် မဟာမိတ် နိုင်ငံများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် နှစ်နှစ်ခန့် အထိကြာမြင့်နိုင်မည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ဟမ်းမွန်း က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ စစ်သွေြး<ွကများကို တိုက်ခိုက်ရာတွင်လည်း အချိန်ယူလုပ် ဆောင်ရမည်ဖြစ်ကြောင်း လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ မဟာမိတ်အဖွဲ့၏ အစည်းအဝေးပွဲတွင် ဟမ်းမွန်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အမေရိကန် ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဝင် ၂၁နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက် ခဲ့သည်ဟု သိရသည်။ ထို့ပြင် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် အီရတ် ဝန်ကြီးချုပ် ဟေဒါအယ်လ် အဘာဒီတို့အကြား အီရတ်နိုင်ငံအတွင်း မြင့်တက် လျက်ရှိသည့် IS စစ်သွေးကြွများ၏ တိုက်ခိုက် မှုများနှင့် စပ်လျဉ်း၍ အသေး စိတ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြ၀တီ
အီရတ်အစိုးရ တပ်များအနေဖြင့် ယင်း နိုင်ငံအတွင်းရှိ IS စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ထိရောက်စွာ ချေမှုန်းနိုင် စွမ်းမရှိခြင်းကြောင့် အမေရိကန် ဦးဆောင် သည့် မဟာမိတ် နိုင်ငံများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် နှစ်နှစ်ခန့် အထိကြာမြင့်နိုင်မည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ဟမ်းမွန်း က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကန်ဒေါ်လာသန်း ၁၃ဝကျော် အကုန်အကျခံကာ ဆူးလေဆိပ်ကမ်းကို နိုင်ငံ တကာ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်မည်

အမေရိကန် ဒေါ်လာသန်း၁၃ဝကျော်ရင်း နှီးမြှုပ်နှံ၍ ဆူးလေဆိပ်ကမ်းကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် အ ဆင့်မြှင့်တင်မှုကို ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်း ရရှိသည်။

အင်တာနက်ပျောက် ကွယ်သွား လိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ ဆွစ်ဇာလန် တွင်ပြော

Photo: အင်တာနက်ပျောက် ကွယ်သွား လိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ ဆွစ်ဇာလန် တွင်ပြော
Saturday, January 24, 2015

မကြာ မီတွင် အင်တာနက်သည် ကျွန်တော် တို့၏ ဘဝ ရှုထောင့် အားလုံး တွင်နေရာ တကာ ပျံ့နှံ့ သက်ရောက် လာမည်ဖြစ် သဖြင့် အင်တာနက်မှာ ကိုယ်နှင့် မကွာ ရှိနေ မည့်နောက်ခံ အနေ အထား တစ်ရပ် အဖြစ် သို့ပြောင်း လဲရောက်ရှိ လာမည်ဖြစ်ရာ အင်တာနက်ကို အထူး သတိပြုရန် မလိုတော့ သဖြင့် ''ပျောက်ကွယ်''  သကဲ့သို့ ဖြစ် လာလိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ အဲရစ်ရှမစ်က ဇန်နဝါရီ ၂၂ ရက် ကဟောကိန်း ထုတ်လိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ရှမစ်က စီးပွားရေး လုပ်ငန်း ရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ အားပြောကြား ခဲ့ခြင်းဖြစ်သည်။

''အာရုံခံ ကိရိယာတွေ အများကြီး ရှိလာ ပါလိမ့်မယ်။ လူကြီးမင်းတို့ အနေနဲ့ အဲဒါတွေကို အထူးသတိပြု မိတော့မှာတောင် မဟုတ်ပါဘူး။ နည်းပညာ ဟာလူကြီး မင်းတို့ ရဲ့ဘေးပတ် လည်နေရာ အားလုံးမှာ ရှိလာ မှာပါ''ဟု ၄င်းက ဆိုခဲ့သည်။

''အဲဒါဟာ လူကြီးမင်း တို့နဲ့ တစ်ချိန်လုံး ရှိနေမှာပါ။ အခန်း တစ်ခုထဲ ကိုလျှောက်လာ တယ်လို့ လူကြီးမင်း စဉ်းစား စိတ်ကူး ကြည့်လိုက်ပါ။ လူကြီးမင်း ဟာအဲဒီ အခန်းထဲမှာရှိတဲ့ အရာအားလုံးနဲ့ အပြန်အလှန် သက် ရောက်မှု ရှိနေပါလိမ့်မယ်''ဟု ၄င်း ကပြောခဲ့ပြီး လူတစ်ဦးချင်းစီ၏ အနေအထားနှင့် ကိုက်ညီကာ အလွန် စိတ်ဝင်စား ဖွယ်ကောင်းမည့် ကမ္ဘာ တစ်ခု ထွက်ပေါ်လာ လိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

 လျင်မြန်သော အရှိန်အဟုန်ဖြင့် နည်းပညာများ အံ့မခန်း တိုးတက် လာခြင်းကြောင့် အချို့ အလုပ်အကိုင် များပျောက် ကွယ်သွားနိုင် သည်ဟူသော စိုးရိမ်မှုများ လည်းရှိနေရာ ဂူဂဲလ် ၊ ဖေ့စ်ဘွတ်ခ်၊ မိုက် ကရိုဆော့ဖ်နှင့် ဗိုဒါဖုန်းတို့မှ အဆင့်မြင့်  အရာ ရှိများ ပါဝင်သော  အဖွဲ့သည် လူများသည် ထိုစိုးရိမ်မှု များပြေပျောက် သွားစေရန် ကြိုးစားပြော ဆိုခဲ့ကြသည်။

 ''အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီးလူတိုင်းက စိုးရိမ်နေကြပါတယ်''ဟုဖေ့စ်ဘွတ်ခ်၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် ရှားလ်ဆန်းဘာ့ဂ်(Sheryl Sandberg ) ကဝန်ခံခဲ့သည်။

 ပြောင်းလဲမှုများစွာဖြစ်ပေါ်နေသောနည်းပညာကမ္ဘာနှင့်ပတ်သက်၍၄င်းက''ပြောင်းလဲမှုတွေဟာဘယ်တုန်းကနဲ့မှမတူလောက်အောင်အလျင် အမြန်ဖြစ်ပေါ်နေ ကြပါတယ်။ ဒါပေမဲ့ နည်းပညာဟာလည်း အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်ပါတယ်။ နည်းပညာ ရပ်ဝန်းထဲမှာတင်မကဘဲ နည်းပညာရပ်ဝန်း အပြင်ဘက်မှာ ပါအလုပ် အကိုင်တွေ ဖန်တီးပေးနိုင် ပါတယ်''ဟုပြော ခဲ့သည်။

Mizzima - News in Burmese
မကြာမီတွင် အင်တာနက်သည် ကျွန်တော်တို့၏ ဘဝရှုထောင့် အားလုံးတွင်နေရာ တကာပျံ့နှံ့ သက်ရောက် လာမည်ဖြစ်သဖြင့် အင်တာနက်မှာ ကိုယ်နှင့် မကွာ ရှိနေ မည့်နောက်ခံ အနေ အထား တစ်ရပ် အဖြစ် သို့ပြောင်း လဲရောက်ရှိလာမည်ဖြစ်ရာ အင်တာနက်ကို အထူး သတိပြုရန် မလိုတော့ သဖြင့် ''ပျောက်ကွယ်''  သကဲ့သို့ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဂူဂဲလ်အကြီးအကဲ အဲရစ်ရှမစ်က ဇန်နဝါရီ ၂၂ ရက် ကဟောကိန်း ထုတ်လိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ရှမစ်က စီးပွားရေး လုပ်ငန်း ရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ အားပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ရန် လူကုန်ကူးသူ လမ်းတွင် ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ရန် ပေါ်ဆောင်လာ သူကို လမ်းတွင် ဖမ်းဆီး မိကြောင်း  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စိတ်ဓာတ် ဖြောင့်မတ်သော ခေါင်းဆောင်သာလျှင် ဖြောင့်မတ်သည့် လမ်းပေါ်သို့ ခေါ်ဆောင် နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မည်သည့် နိုင်ငံမဆို စိတ်ဓာတ် ဖြောင့်မတ်သော ခေါင်းဆောင် သာလျှင် မိမိနိုင်ငံကို ဖြောင့်မတ် မှန် ကန်သော လမ်းပေါ်သို့ တင်ပေး နိုင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းဆွေးနွေးရာတွင် သိမ်မွေ့ စွာဆွေးနွေးရန် ဦးခင်အောင်မြင့် သတိပေး

Photo: ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းဆွေးနွေးရာတွင် သိမ်မွေ့ စွာဆွေးနွေးရန် ဦးခင်အောင်မြင့် သတိပေး
Saturday, January 24, 2015

ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များသည် ဘာသာရေး ကိစ္စဖြစ် သည့်အတွက် သိမ်သိမ်မွေ့မွေ့ဆွေးနွေးရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးပြော ကြားလိုက်သည်။

''အချိန်ကို ငဲ့ ကွက်တဲ့ အနေနဲ့လိုရင်းတို ရှင်းဆွေးနွေးကြဖို့နဲ့ ဘာသာရေးကိစ္စဖြစ် တဲ့အတွက် သိမ်သိမ်မွေ့မွေ့ဆွေးနွေး ကြဖို့ လွှတ်တော်ကိုယ် စားလှယ်များ ကို ကြိုတင်သတိပေး လိုပါတယ်''ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကဆွေးနွေးသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေး ပဉ္စမရက်တွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်  ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေး မည်ဖြစ် ပြီးအချိန်မလောက် သည့်အ တွက် သုံးဦး သာဆွေးနွေး ခဲ့သည်။

မြန်မာနိုင်ငံသည် ဒုတိယ အကြိမ် ဒီမိုကရေစီ ကျင့်သုံးခြင်း  ကိုလေးနှစ် သက်တမ်းသာ ရှိသည့် အချိန်တွင် ဘာသာရေး ဆိုင်ရာ အငြင်းပွားနိုင်သော အဆိုတစ်ရပ် တင်းသွင်းခြင်းမှာ စဉ်းစားရမည့် ကိစ္စဖြစ် သည်ဟု ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်း ကဆွေးနွေး သည်။

''အခုချိန်မှာကိုးကွယ်ရာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်း မယ်ဆိုပါက တိုင်းပြည် နဲ့ပြည်သူများ အတွက် မလိုလား အပ်သောပြဿနာနဲ့ အန္တရာယ်ဖြစ်နိုင် သဖြင့် ယင်းဥပဒေပြဋ္ဌာန်းခြင်းကို ရပ်ဆိုင်းထားသင့် ပါကြောင်းဆွေးနွေး လိုပါတယ်''ဟု ဦးပေါလ်ထန်ထိုင်း ကပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှာနိုင်ငံတော်က အသိအမှတ်ပြုသည့် ဘာသာကြီး ငါးပါးရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ် ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနတ် ကိုးကွယ်သော ဘာသာ အားခွင့်ပြု ထားသည် ဟုဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်  (၃)မှ  ဦးခင်မောင်က '' ဒီဥပဒေကြမ်း သည် လွတ်လပ်စွာ တည်ဆောက်နိုင်တဲ့ အခွင့် အရေးတွေကို လည်းပေး ထားတယ်။ စည်းကမ်း  စနစ်တကျ  ဘာသာ  ကူးပြောင်း  ပိုင်ခွင့်  လည်းပေး ထားတယ်။  ပွင့်လင်းမြင့် သာမှုလည်း ပါတယ်။ ဘာသာ တစ်ခုက တစ်ခုကို အတင်း အကျပ် ကူးပြောင်းစေမှု၊ အရွယ် မရောက်သော မိန်းကလေးတွေကို နည်းမျိုးစုံနဲ့  လက်ထပ် ပြီးတော့  ဘာသာ ကူးပြောင်းစေ မှုတွေကို ကာကွယ်ပေးထား တဲ့အတွက် အင်မတန်မှ သင့်မြတ်ပါတယ်။ ဘယ်ဘာသာကိုမှ ထိခိုက်တာ မရှိပါဘူး'' ဟုဆွေးနွေးသည်။

အဆိုပါဥပဒေကြမ်းကို ဇန်နဝါရီ ၂၆ ရက် တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ပြီး မျိုးစောင့်ဥပဒေဟု လူသိ များထားသည့် ဘာသာရေးဆိုင်ရာ ဥပဒေ ကြမ်းလေး ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Mizzima - News in Burmese
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များ သည် ဘာသာရေးကိစ္စဖြစ်သည့်အတွက် သိမ်သိမ်မွေ့မွေ့ဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးပြော ကြားလိုက်သည်။

မြန်မာရေလုပ်သားများကို ပြစ်ဒဏ် လျှော့ပေါ့ ပေးရေး အိန်္ဒိယ အစိုးရ အကြောင်းမပြန်သေး

အိန်္ဒိယရောက် မြန်မာ ရေလုပ်သားများ အတွက် ပြစ်ဒဏ် လျှော့ပေါ့ပေးရန် အိန်္ဒိယ အစိုးရ ကိုယ်စားလှယ် များနှင့် ညှိနှိုင်းထား သော်လည်း သုံးလကြာသည် အထိ တိကျသော အဖြေမ ရရှိ သေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး  ဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက ပြောသည်။

ကျောင်းသားချီတက်ဆန္ဒပြပွဲတွေ ထောက်ခံဖို့ ဗကသအဖွဲ့ချုပ်ပန်ကြား

Photo: ကျောင်းသားချီတက်ဆန္ဒပြပွဲတွေ ထောက်ခံဖို့ ဗကသအဖွဲ့ချုပ်ပန်ကြား
Saturday, January 24, 2015

ကျောင်းသားတွေရဲ့အမျိုးသားပညာရေး ဥပဒေသပိတ်ကို လူထုလူတန်းစား အလွှာအသီးသီးက ထောက်ခံလက်တွဲပါဝင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပန်ကြားချက် ၄ စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူတွေ၊ တပ်မတော်မိသားစုတွေကို ရည်ညွှန်းပြီး ပန်ကြားချက်အသီးသီးထုတ်လိုက်တာပါ။

ကျောင်းသူ ကျောင်းသားတွေအတွက် ပန်ကြားချက်မှာ မန္တလေးကနေ ရန်ကုန်ကိုချီတက်လာတဲ့ သပိတ်စစ်ကြောင်းမှာ လိုက်ပါချီတက်ဖို့ တိုက်တွန်းထားပြီး၊ တပ်မတော်မိသားစုတွေအတွက် ပန်ကြားချက်မှာတော့ ကျောင်းသားထုတစ်ရပ်လုံး ပညာရေးအဆင့်မြင့်လာရင် တပ်မတော်သားတွေရဲ့ သားသမီးတွေလည်း အကျိုးခံစားခွင့် ရလာမှာဖြစ်တဲ့အတွက်၊ အမျိုးသားလက္ခဏာဆောင်တဲ့ ဒီလှုပ်ရှားမှုကို ဖြိုခွဲဆန့်ကျင်တိုက်ခိုက်မှုမလုပ်ပဲ ထောက်ခံအားပေးဖို့ တိုက်တွန်းထားပါတယ်။

အလားတူ၊ ဆရာဆရာမတွေ၊ အလုပ်သမား၊ လယ်သမားတွေ ပြည်သူတွေအတွက် ပန်ကြားချက်မှာလည်း သပိတ်မှောက်ကျောင်းသားတွေနဲ့ အတူလက်တွဲပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ မနေ့ညကတော့ နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ ရွှေမုဓေါ ဘုန်းကြီးကျောင်းမှာ ညအိပ်ရပ်နားခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီမှာတော့ ပြင်စည်ကနေ နွားထိုးကြီးမြို့ကို ဆက်လက်ချီတက်ကြမယ်လို့ ကြေညာထားပါတယ်။

RFA Burmese
ကျောင်းသားတွေရဲ့အမျိုးသားပညာရေး ဥပဒေသပိတ်ကို လူထုလူတန်းစား အလွှာအသီးသီးက ထောက်ခံ လက်တွဲပါဝင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပန်ကြားချက် ၄ စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းရန် လွှတ်တော်အတည်ပြု

Photo: ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းရန် လွှတ်တော်အတည်ပြု
Saturday, January 24, 2015

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ရန်ကုန် မြို့ရှိ ကန်တော်မင်ပန်းခြံ(ခေါ်) ကန်တော်မင်္ဂလာပန်းခြံကို ရခိုင် တိုင်းရင်းသားဖြစ်သည့် ဆရာ တော်ဦးဥတ္တမအား ဂုဏ်ပြုသည့် အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၂၃ ရက်တွင်ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တွေမဲဆန္ဒ နယ်မှ ရခိုင်တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်ညို က အထက်ပါအတိုင်း အမည် ပြောင်းလဲသတ်မှတ်ပေးရန် အဆို တင်သွင်းမှုအပေါ် ပြည်သူ့လွှတ် တော်မှ ကန့်ကွက်သူမရှိဘဲ ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ် သည်။

‘‘ဒီပန်းခြံဟာ အရင်က ဦးဥတ္တမပန်းခြံလို့ သတ်မှတ်ထား ရာကနေ နောက်ပိုင်းမှာ သမိုင်း ကို ဖျောက်ဖျက်ချင်လို့ ဒီလိုနာ မည်ပြောင်းခဲ့တာဖြစ်ပါတယ်။ ဦးဥတ္တမပန်းခြံဆိုတာ သတ်မှတ် ထားကြောင်း စွယ်စုံကျမ်းစတုတ္ထ တွဲအပါအဝင် တက္ကသိုလ်သင်ရိုး ညွှန်းတမ်းတချို့မှာ ပြဋ္ဌာန်းခဲ့ပါ တယ်။ ဒါကြောင့် အဲဒီပန်းခြံကို ဦးဥတ္တမပန်းခြံလို့ ဆိုင်းဘုတ် ပြောင်းလဲပေးရန်ဖြစ်ပါတယ်’’ဟု ဦးမောင်ညိုက ဆိုသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက် ၍ ရန်ကုန်တိုင်းအစိုးရကိုယ်စား သမ္မတရုံးဒုတိယဝန်ကြီး ဦးအောင်သိမ်းက လွှတ်တော်သို့ လာရောက်ရှင်းလင်းရာတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကန်တော်မင်္ဂလာပန်းခြံ (ခေါ်) ဦးဥတ္တမပန်းခြံဟု ပြောင်းလဲပေးမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ထိုသို့ ရှင်းလင်းချက်အပေါ် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံ ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က မိမိတို့ ကော်မတီအနေဖြင့် ယင်းကိစ္စရပ် အား သမိုင်းမှတ်တမ်းအထောက် အထားများနှင့်အညီ လေ့လာ စိစစ်မှုပြုခဲ့ရာ နယ်ချဲ့အင်္ဂလိပ် အား ဆန့်ကျင်တော်လှန်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားမှုတွင် ရှေ့ တန်းမှပါဝင်ခဲ့သူ ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ်သာ သတ် မှတ်သင့်ကြောင်း ပြောကြား သည်။

‘‘ဒီလို ကန်တော်မင်္ဂလာပန်း ခြံ (ခေါ်) ဦးဥတ္တမပန်းခြံလို့ သတ် မှတ်ပေးမယ်ဆိုတာကို ကျွန်တော် တို့ ကော်မတီအနေနဲ့ လုံးဝလက် မခံနိုင်ပါဘူး။ ကန်တော်မင်ပဲခေါ် ခေါ် ကန်တော်မင်္ဂလာပဲခေါ်ခေါ် ဒါက ကိုလိုနီခေတ်အငွေ့အသက် တွေရှိနေပါတယ်။ အဲဒါကြောင့် ဦးဥတ္တမပန်းခြံလို့ပဲ ပြောင်းလဲပေး ဖို့ ထောက်ခံတင်ပြပါတယ်’’ဟု သူရဦးအေးမြင့်က ပြောသည်။

ဆရာတော်ဦးဥတ္တမသည် ရခိုင်တိုင်းရင်းသား ဆရာတော် တစ်ဦးဖြစ်ပြီး အမျိုးသားရေးလှုပ် ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ သူဖြစ်သည့်အတွက် အမည် ပြောင်းလဲသတ်မှတ်ရေးကိစ္စရပ် သည် နိုင်ငံအတွက် အရေးကြီး သော တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က မှတ်ချက်ပြုသည်။

လွှတ်တော်မှ အတည်ပြု လိုက်သော ယင်းအဆိုသည် ပြည်ထောင်စုအစိုးရသို့ တိုက် တွန်းကြောင်း အဆိုဖြစ်သဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း များအနေဖြင့် မဖြစ်မနေဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း ကိုယ် စားလှယ်အချို့က ဆိုသည်။

7Day DAILY 

ကန်တော်မင်ပန်းခြံအတွင်းဖွင့်လှစ်ထားသော Happy World ကစားကွင်းတစ်နေရာ (ဓာတ်ပုံ−နစ်ကီ)
ကန်တော်မင်ပန်းခြံအတွင်းဖွင့်လှစ်ထားသော Happy World ကစားကွင်းတစ်နေရာ (ဓာတ်ပုံ−နစ်ကီ)
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ရန်ကုန် မြို့ရှိ ကန်တော်မင်ပန်းခြံ (ခေါ်) ကန်တော်မင်္ဂလာပန်းခြံကို ရခိုင် တိုင်းရင်းသားဖြစ်သည့် ဆရာ တော်ဦးဥတ္တမအား ဂုဏ်ပြုသည့် အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ် လိုက်ကြောင်း သတင်း ရရှိသည်။

တောင်ကြီးတွင် ဘာသာပေါင်းစုံညီညွတ်ရေး ဆွေးနွေးပွဲကျင်းပ

Photo: တောင်ကြီးတွင် ဘာသာပေါင်းစုံညီညွတ်ရေး ဆွေးနွေးပွဲကျင်းပ
Saturday, January 24, 2015

ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေး ဆွေးနွေးပွဲ (Interfaith dialogue)ကို တောင် ကြီးမြို့ စိန့်ဂျိုးဇက်ဘုရားကျောင်း ရှိ အောက်မေ့ဖွယ်ခန်းမတွင် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို ဇန်န ဝါရီ ၂၁ မှ ၂၇ ရက်အထိ တစ် ပတ်ကြာ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပွဲစီစဉ်သူတောင်ကြီးမြို့ ဘာသာပေါင်းစုံကွန်ရက်မှ တာဝန်ခံကိုစောရေမွန်က ပြောသည်။

‘‘ကိုယ်ကိုးကွယ်နေတဲ့ ဘာ သာတရားကို လေးလေးနက်နက် ယုံကြည်လာပြီးတော့ တခြားဘာ သာတရားကို လေးစားဖို့၊ ဘာ သာတရားတွေရဲ့ ကောင်းတဲ့ အချက်တွေကို အပြုသဘော ဆောင် လက်တွဲလုပ်ဆောင်နိုင်ဖို့ နဲ့ မိရိုးဖလာ ဘာသာတရားဖြစ် လာစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် တွေနဲ့ ဒီပွဲကို စီစဉ်ရခြင်းဖြစ် တယ်’’ဟု ၎င်းက ပြောသည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာ သာနှင့် အစ္စလာမ်ဘာသာတို့ကို တစ်ရက်စီ သင်တန်းဆရာများနှင့် တက်ရောက်နေသူများ ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက်မှ သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲ ပြီးသွားပါက လည်း တောင်ကြီးမြို့ရှိ ဘုရားစေ တီ၊ သာသနိကအဆောက်အအုံ များ၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများနှင့် ဗလီများသို့ လေ့ လာရေးခရီးစဉ်အဖြစ် သွားရောက် လေ့လာကြမည်ဟု ကိုစောရေမွန်က ပြောသည်။

ယင်းဘာသာပေါင်းစုံ ချစ် ကြည်ညီညွတ်ရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ဘာသာကြီးသုံး ခုမှ သင်တန်းသား၊ သင်တန်းသူ လူငယ် ၃၀ ကျော် တက်ရောက် ဆွေးနွေးလျက်ရှိသည်။

7Day DAILY 

ဘာသာပေါင်းစုံ ညီညွတ်ရေးဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
ဘာသာပေါင်းစုံ ညီညွတ်ရေးဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေး ဆွေးနွေးပွဲ (Interfaith dialogue)ကို တောင် ကြီးမြို့ စိန့်ဂျိုးဇက် ဘုရားကျောင်း ရှိ အောက်မေ့ဖွယ်ခန်းမတွင် ကျင်းပကြောင်း သတင်းရရှိသည်။

လက်ရှိအစိုးရလက်ထက်တွင် ကလေးစစ်သား ခြောက်ရာနီးပါး နုတ်ထွက်ခွင့်ပြုပြီးဟုဆို

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ကလေးစစ်သား ၄၂ဦးကို ဇန်န၀ါရီ ၂၃ရက်က နုတ်ထွက် ခွင့်ပြုလိုက် ကြောင်း သတင်းရရှိသည်။

ဗမာပြည်ကွန်မြူနစ်ပါတီကိုဆက်ခံမည့် ခေါင်းဆောင်ရွေးချယ်ထားပြီဟုဆို

ကွယ်လွန်သူ ရဲဘော်ကျင်မောင်နေရာကိုဆက်ခံမည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကို ရွေးချယ် ထားပြီး ဖြစ်သော်လည်း ပါတီ၏မြေအောက်လှုပ်ရှားမှုအနေအထား ကြောင့် ခေါင်းဆောင်ကို လတ်တလော တွင် ထုတ်ပြန်ကြေညာ မည်မဟုတ်ကြောင်း ပါတီပြော ရေးဆိုခွင့်ရှိသူရဲဘော်သံချောင်း ကပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ၎င်းအနေဖြင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ယူထားသည့် မြေတစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆို

Photo: ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ၎င်းအနေဖြင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ယူထားသည့် မြေတစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆို
Saturday, January 24, 2015

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ထားသည့်မြေ တစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဇန်န၀ါရီ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ မြှင့်တင် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်က မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ် အနေဖြင့် ဆောင်ရွက်ရန် မရှိဘူး ဆိုပါက လယ်ယာမြေများကို စက်မှုလယ်ယာမြေစနစ် အကောင်အထည်ဖော်သင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။   

“အချို့ကလည်း မြို့သစ်စီမံကိန်း လုပ်ချင်တယ်ဆိုပြီး အဆိုပြုလာလို့ ဒါကို လွှတ်တော်ကို တင်ပြပြီး ကြိုးစားခဲ့တယ်။ ကုမ္ပဏီ တစ်ခုကလည်း Proposal တင်တော့ လုပ်နိုင်မယ်ဆိုပြီး တံတားကြီးတွေ၊ မြို့သစ်ကြီးတွေ၊ ရှော့ပင်းမောလ်တွေ၊ ဟိုတယ် စသည်ဖြင့် ပြည်စုံအောင်ပေါ့။ ဒါက ကျွန်တော်တို့ လိုအပ်ချက် ဆိုပေမယ့် ကျွန်တော်တို့အားလုံး မြင်သာအောင် တင်ဒါခေါ်လိုက်ရမှာ။ ကျွန်တော်တို့ ရိုးရိုးသားသားပါ။ ကျွန်တော်တို့ ဘာမှ မပတ်သက်ပါဘူး။ ကျွန်တော်တို့ စေတေနာအမှန်နဲ့ တင်လိုက်တာပါ။ သို့သော်လည်းပဲ ကန့်ကွက်တဲ့အတွက် ရပ်ဆိုင်းလိုက်ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

“အခုတော့ တော်တော်များများ ဒါကိုလုပ်ပေးပါလို့ တောင်းဆိုတာတွေလည်း အများကြီး တွေ့ရပါတယ်။ အဲဒီတော့ တစ်နေ့ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန် ဖုန်းဆက်တယ်။ သူ့အနေနဲ့ အဲဒီဘက်ဒေသက လူထုတွေ တောင်းဆိုတဲ့အတွက် သူက လွှတ်တော်မှာ တင်ပြမယ်ဆိုတဲ့ အနေအထား သူလုပ်သွားမယ်။ အနည်းဆုံးတော့ တံတားကြီးတစ်စင်း ဆောက်ဖို့၊ အဲဒီ တံတားကြီးကလည်း နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျတ်နဲ့ဆိုတဲ့ သဘောနဲ့ သူတင်မယ်လို့ ပြောသွားတယ်။ ဒါနဲ့ ပတ်သက်လို့ သူက အသိပေးတာ။ ကျွန်တော်တို့က ဘာမှ မပြောလိုဘူး။ သူတင်ရင်လည်း တင်ပေါ့” ဟု ဦးမြင့်ဆွေက ပြောကြားသည်။  

“သူတို့က တံတားငါးစင်းကို အလကားလှူမယ်။ ဟိုဘက်မှာ ဆောက်တာကို သူတို့ စိုက်ထုတ်မယ်။ အဲဒီဘက်မှာ လူနေမှု အဆင့်အတန်း မြင့်မားအောင် စက်မှုဇုန်တွေထောင်ပြီး လုပ်မယ်။ ကျွန်တော်တို့က ဒါကို လုပ်သင့်တယ်ဆိုပြီး တင်လိုက်တာ လွှတ်တော်မှာကတည်းက ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ ခုနက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က နေပြည်တော်မှာ တင်ပြထားတဲ့ အနေအထားဆိုတော့ ဘာဆက်လုပ်မလဲ မသိဘူးပေါ့။ ဒါကို ပြည်သူ့လွှတ်တော်ကလည်း ထောက်ခံမယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ထောက်ခံမယ်ဆိုရင်တော့ သ၀ဏ်လွှာ ပြည်ထောင်စုအစိုးရကို တင်ရင်တော့ တစ်ပတ်ပြန်လှည့်ရင် လှည့်မှာပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်တို့ဆီမှာ တစ်ဧကလည်း မရှိဘူး။ တစ်လက်မလည်း မရှိဘူး” ဟု ဦးမြင့်ဆွေက ဆိုသည်။

ထို့ပြင် ၎င်းအနေဖြင့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်စတင်ရန် တိုက်တွန်းခြင်း မပြုလုပ်ကြောင်းလည်း ဆိုသည်။

ယင်းနှင့်ပတ်သက်၍ “ဒီကိစ္စ ပြည်သူ့လွှတ်တော်မှာ တင်မယ်ဆိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သေချာစဉ်းစားဖို့ လိုပါတယ်။ ဒီကိစ္စက တိုင်းဒေသကြီး လွှတ်တော်မှာ ရုပ်သိမ်းပြီးသွားတဲ့ ကိစ္စကို တစ်ဖက်လှည့်နဲ့ ပြည်သူ့လွှတ်တော်မှာ ပြန်တင်မယ်ဆိုတော့ ဒါ လုံးဝကို မရိုးသားဘူးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း မလုပ်သင့်ဘူး” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။ 

Eleven Media Group 

ရန်ကုန်မြို့သစ် စီမံကိန်း၌ ပါဝင်ခဲ့သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လယ်မြေအချို့အား ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်မြို့သစ် စီမံကိန်း၌ ပါဝင်ခဲ့သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လယ်မြေအချို့အား ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) 
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း၊ ၀ယ်ထားသည့်မြေ တစ်ပေပတ်လည်ပင် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဇန်န၀ါရီ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် လယ်ယာကဏ္ဍ မြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘ၀ မြှင့်တင် အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ရုရှားသွားမည်

Photo: မြောက်ကိုရီးယားခေါင်းဆောင် ရုရှားသွားမည်

Saturday, January 24, 2015

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မေလထဲကျင်းပမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမဏီတွေကို ဆိုဗီယက် ပြည်ထောင်စုက အောင်ပွဲခံခဲ့တဲ့ အထိမ်းအမှတ်ပွဲကို တက်ရောက်မှာ ဖြစ်ကြောင်း ရုရှားက သတင်းထုတ်ပြန် ပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၁၁ ခုနှစ်မှာ အာဏာရယူခဲ့တဲ့ မစ္စတာကင်ရဲ့ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ် တခုဖြစ်ကြောင်း ရုရှားသမ္မတရုံး ပြန်ကြားရေး ဌာနကVOA ကို အတည်ပြု ပြောကြားပါတယ်။

ရုရှားအစိုးရ ပြောခွင့်ရရဲ့ ဒီဇင်ဘာလတုန်းက ပြောကြားချက်မှာတော့ ရုရှားမှာ မေလ ၉ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီနှစ်ပါတ်လည် အခန်းအနားကို တက်ရောက်ဖို့ မစ္စတာကင်ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်ရေး ကော်မတီ ကနေ မြောက်ကိုရီးယား နိုင်ငံကို လူသားထုအပေါ် ကျုးလွန်တဲ ရာဇဝတ်ပြစ်မှုတွေ အတွက် ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းတဲ့ အဆိုပြုချက် တရပ် ချမှတ်ခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပိတ်ပင်ခွင့်ရှိတဲ့ ရုရှားက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားတဲ့ အနေနဲ့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဒီဇင်ဘာ ၃၀၊ ၂၀၁၄)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (ဒီဇင်ဘာ ၃၀၊ ၂၀၁၄)
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မေလထဲ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမဏီတွေကို ဆိုဗီယက် ပြည်ထောင်စုက အောင်ပွဲခံခဲ့တဲ့ အထိမ်း အမှတ်ပွဲကို တက်ရောက်မှာ ဖြစ်ကြောင်း ရုရှားက သတင်းထုတ်ပြန် ပါတယ်။

ယီမင်နိုင်ငံရေး မရေမရာဖြစ်ဆဲ

Photo: ယီမင်နိုင်ငံရေး မရေမရာဖြစ်ဆဲ
Saturday, January 24, 2015

ယီမင်သမ္မတ Abd Rabbuh Mansour Hadi ရဲ့ ရာထူးနှုတ်ထွက်လွှာကို လက်ခံမယ် လက်မခံဘူးဆိုတာ လွှတ်တော်က တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ဖို့စီစဉ်ထားတယ်ဆိုတဲ့ သတင်းကြောင့် ယီမင်နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ဟာ သောကြာနေ့အထိ မရေမရာဖြစ်နေဆဲပါပဲ။
သမ္မတ Hadi, ၀န်ကြီးချုပ် Khaled Bahah နဲ့ သူ့ရဲ့အစိုးရအဖွဲ့က သူတို့နှုတ်ထွက်မယ်လို့ ကြာသပတေးနေ့က ကမ်းလှမ်းထား ကြတာပါ။

အခြေခံဥပဒေမူကြမ်းမှာ အပြောင်းအလဲတွေလုပ်ပေးဖို့ တောင်းဆိုနေတဲ့ Houthi စစ်သွေးကြွတွေက မြို့တော်မှာရှိတဲ့ အစိုးရရဲ့အဓိကနေရာတွေကို သိမ်းပိုက်ထားပြီး ရက်အတော်အကြာမှာ အဲဒီလိုကြေညာကမ်းလှမ်းလိုက်ကြတာပါ။
အစိုးရအဖွဲ့အနေနဲ့ အပြုသဘောမဆောင်တဲ့ နိုင်ငံရေးအရှုပ်အထွေးထဲမှာ မပါချင်ဘူးလို့ ၀န်ကြီးချုပ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက် နှာမှာ ရေးထားတာကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြပါတယ်။

Houthi စစ်သွေးကြွတွေကို ထောက်ခံသူနဲ့ကန့်ကွက်သူ နှစ်ဘက်စလုံးက ယီမင်နိုင်ငံတ၀န်း သောကြာနေ့မှာ လူထုစုဝေးပွဲတွေ လုပ်ကြပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေကတော့ အတော်လေး အေးအေးချမ်းချမ်းရှိနေတယ်လို့ မြို့တော်ကလာတဲ့ သတင်းတွေမှာ ပြောကြပါတယ်။

လက်ရှိအကျပ်အတည်းကနေ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့အပေါ် သဘောတူညီချက်တရပ် ထွက်လာမယ့် အားလုံးပါဝင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ ပါဝင်ကြဖို့ ကုလသမဂ္ဂသံတမန် Jamal Benomar က သောကြာနေ့မှာ ဆာနားမြို့တော်ကနေ တောင်းဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

Houthi စစ်သွေးကြွတွေက မြို့တော်မှာရှိတဲ့ အစိုးရရဲ့အဓိကနေရာတွေကို သိမ်းပိုက်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၅)
Houthi စစ်သွေးကြွတွေက မြို့တော်မှာရှိတဲ့ အစိုးရရဲ့အဓိကနေရာတွေကို သိမ်းပိုက်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၅)
ယီမင်သမ္မတ Abd Rabbuh Mansour Hadi ရဲ့ ရာထူးနှုတ်ထွက်လွှာကို လက်ခံမယ် လက်မခံဘူးဆိုတာ လွှတ်တော်က တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ဖို့စီစဉ်ထားတယ်ဆိုတဲ့ သတင်းကြောင့် ယီမင်နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ဟာ သောကြာနေ့အထိ မရေမရာဖြစ်နေဆဲပါပဲ။

ခြစားမှုဖြင့် စွဲချက်တင်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်က ထိုင်းတွင် ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြား

Photo: ခြစားမှုဖြင့် စွဲချက်တင်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်က ထိုင်းတွင် ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြား
Saturday, January 24, 2015

အာဏာသိမ်း စစ်တပ်က ခန့်အပ်ထားသူများ လွှမ်းမိုးထားသည့် ထိုင်းပါလီမန်က ဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စွဲချက်တင်ခဲ့ပြီး ခြစားမှုဖြင့် တရားစွဲမည်ဟု အစိုးရ ရှေ့နေများက ကြေညာခဲ့ပြီးနောက် ယင်လက်က ထိုင်းနိုင်ငံ၌ ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၃ ရက်တွင် ထိုင်းနိုင်ငံတွင် ယနေ့၌ ဒီမိုကရေစီသည် တရားဥပဒေနှင့်အတူ သေဆုံးခဲ့ကြောင်း၊ သူ့ကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး သူက ရင်ဆိုင်နေပြီဖြစ်ကြောင်း စွပ်စွဲပြစ်တင်မှု ကြုံခဲ့ရပြီးနောက် ယင်လက်က ၎င်း၏ တရားဝင် Facebook တွင် ရေးသားခဲ့သည်။

ထိုင်းအစိုးရ ရှေ့နေများက ယင်လက်ကို ခြစားမှုဖြင့် စွဲချက်တင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပါလီမန်က ယင်လက်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲခဲ့ခြင်း ဖြစ်သည်။ စွပ်စွဲပြစ်တင်မှု မဲခွဲခြင်း အောင်မြင်ခဲ့၍ ထိုင်း၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်လက်သည် နိုင်ငံရေးလုပ်ကိုင်ခွင့် ငါးနှစ် အလိုအလျောက် ပိတ်ပင်ခံရမည်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု စွဲချက်များတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ပြီးခဲ့သောနှစ်တွင် အငြင်းပွားဖွယ်ရာ တရားရုံး ဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသော အသက် ၄၇ နှစ်ရှိ ယင်လက်ကို စွပ်စွဲပြစ်တင်သည့် မဲခွဲမှု အောင်မြင်စေရန် အမတ် ၂၂ဝ ရှိသော အမျိုးသားဥပဒေ ပြုလွှတ်တော်၌ အမတ်အားလုံး၏ ငါးပုံသုံးပုံ ထောက်ခံမှု လိုအပ်ပြီး ယခုမဲခွဲမှုတွင် ထောက်ခံမဲ ၁၉ဝ ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

ယင်းစွပ်စွဲ ပြစ်တင်မှုနှင့် ပြစ်မှုဆိုင်ရာ စွဲချက်များသည် ထိုင်း၏ ဘုရင်မိသားစုနှင့် စစ်တပ်ထောက်ခံသူများက ရှင်နာဝပ်ထရာ မိသားစု၏ နိုင်ငံရေးလွှမ်းမိုးမှု ပျက်ပြားစေရန်အတွက် နောက်ဆုံးကြိုးပမ်းမှု ဖြစ်သည်ဟု  ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ထိုင်းစစ်ဘက်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ငြိမ်သက်နေခဲ့သော ရှင်နာဝပ်ထရာမိသားစု ထောက်ခံသည့် ရှပ်နီများကို ယခု ဆုံးဖြတ်ချက် နှစ်ခုကြောင့် ဒေါသထွက်စေနိုင်သည်။ ယခုကဲ့သို့ စွပ်စွဲပြစ်တင်မှုသည် အကြီးမားဆုံး ရန်စမှုဖြစ်ပြီး ရှပ်နီများအား လမ်းပေါ်ထွက်လာစေရန် လှုံ့ဆော်ခြင်းဖြစ်ကြောင်း၊ သို့မှသာ အစိုးရက ၎င်းတို့၏ ရှုံးနိမ့်မှုများအား ရှပ်နီများကို အပြစ်ပုံချ၍ရမည်ဖြစ်ကြောင်း ရှပ်နီလှုပ်ရှားမှုခေါင်းဆောင် ဂျာတူပွန်ပရွန်ပန်က Peace TV အစီအစဉ်သို့ ပြောကြားခဲ့သည်။                      

Ref:AFP
Eleven Media Group 

ဇန်န၀ါရီ ၂၃ ရက်တွင် ဘန်ကောက်ရှိ ပါလီမန်၌ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲမှု ပြုလုပ်နေစဉ် (Photo:AFP)
ဇန်န၀ါရီ ၂၃ ရက်တွင် ဘန်ကောက်ရှိ ပါလီမန်၌ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲမှု ပြုလုပ်နေစဉ် (Photo:AFP)
အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားသူများ လွှမ်းမိုးထားသည့် ထိုင်းပါလီမန်က ဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စွဲချက်တင်ခဲ့ပြီး ခြစားမှုဖြင့် တရားစွဲမည်ဟု အစိုးရ ရှေ့နေများက ကြေညာခဲ့ပြီးနောက် ယင်လက် က ထိုင်းနိုင်ငံ၌ ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၃ ရက်တွင် ထိုင်းနိုင်ငံတွင် ယနေ့၌ ဒီမိုကရေစီသည် တရားဥပဒေနှင့်အတူ သေဆုံးခဲ့ကြောင်း၊ သူ့ကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး သူကရင်ဆိုင်နေပြီဖြစ်ကြောင်း စွပ်စွဲပြစ်တင်မှု ကြုံခဲ့ရ ပြီးနော က် ယင်လက်က ၎င်း၏ တရားဝင် Facebook တွင် ရေးသားခဲ့သည်။