Monday 23 March 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အချက်လေး ချက်သာ ကျန်ရှိ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပြုလုပ်နေသော (၇) ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးရန်အတွက် အချက်လေးချက်သာ ကျန်ရှိတော့ကြောင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များထံမှ သိရသည်။

နောင်မွန်းဆေးရုံတွင် ဆရာဝန် လစ်လပ်နေသည်မှာ ငါးနှစ်ခန့် ကြာမြင့်

မြန်မာပြည်မြောက်ဖျားပိုင်း အစွန်ဆုံးမြို့ နောင်မွန်းမြို့အ၀င်ဆိုင်းဘုတ် (ဓာတ်ပုံ − မရန်) 
နောင်မွန်− မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်းမြို့ဖြစ်ပြီး ပူတာအိုခရိုင်အတွင်း တည်ရှိသည့် နောင်မွန်းမြို့တွင် ဆေးရုံရှိသော်လည်း ဆရာဝန်မရှိသည်မှာ ငါးနှစ်ကြာမြင့်ပြီဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။

ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မြို့နယ်ရှစ်ခုက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပေးရေး အတွက် လွန်ခဲ့သော လေးလ ကျော်က ရန်ကုန်မြို့တော်အတွင်း စီတန်းလှည့်လည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများ ဖြစ်သည့် ဗကသ ခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မတ်လ ၂၁ ရက် ညပိုင်းက မြို့နယ်ရှစ်ခုရှိ ရဲစခန်းများတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းမှု နိုင်ငံတကာလုပ်ထုံးလုပ်နည်းထက် ကျော်လွန်လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော်သမ္မတဆို

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်း ထက် ကျော်လွန်၍ လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှု တွင် ပြောကြားသည်။

စင်ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်နှင့် အာရှ၏ ၀ါရင့်ခေါင်းဆောင်ကြီး မစ္စတာလီကွမ်ယူ ကွယ်လွန်

မစ္စတာလီကွမ်ယူကို ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အရှေ့ ဖျားဒေသ ဗြိတိန်နိုင်ငံ၏ အဓိကရေတပ် စခန်းတည်ရှိရာ ဗြိတိသျှကိုလိုနီ နယ်မြေတစ်ခု ဖြစ်သည့် စင်ကာပူကျွန်းတွင် မွေးဖွားခဲ့ သည်။

မူကြိုကျောင်းတက်နှုန်း၂၅ရာခိုင်နှုန်းအထိရောက်ရှိစေရန် ယခုနှစ်မှ စတင်ဆောင်ရွက်မည်

မူကြိုကျောင်းတက် နှုန်း ၂၅ရာခိုင်နှုန်းအထိ ရောက် ရှိ စေရန်အတွက် ယခုနှစ်တွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည့် မြို့နယ်များ ထပ်တိုး

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည့် ပထမအဆင့် မြို့နယ် ၁၄၂မြို့နယ် ၊ ဒုတိယအဆင့် မြို့နယ် ၈၂မြို့နယ်အဖြစ် ထပ်တိုး လိုက်ကြောင်း သိရသည်။

၅၉ (စ) ကို ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်ဟု နိုင်ငံတော် သမ္မတ ပြောဆိုချက် မှားယွင်းဟု ဥပဒေပညာရှင်အချို့ ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ယှဉ်ပြိုင် ခွင့်ကို အဟန့်အတား ဖြစ်နေ သည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) သည် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ထည့်သွင်းထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြား ချက်သည် မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေများနှင့် ဥပဒေပညာရှင်များက ပြောကြားသည်။

နေပြည်တော်-မကွေး ကားလမ်းဘေးတွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ သေနတ်ကျည်ခွံမှာ ၉မမပြောင်းချော သေနတ်များတွင် အသုံးပြုသည့် ကျည်ဆန် ဖြစ်ဟု စစ်ဆေးတွေ့ ရှိ

မကွေး(ကံပြား)ကားလမ်းအနီးတွင် မီးရှို့အသတ်ခံခဲ့ရသည့် အမျိုးသမီး၏ အနီးတွင် တွေ့ရှိခဲ့သော သေနတ် ကျည်ဆန် အမျိုးအစားမှာ (၉မမ)ပြောင်းချော သေနတ်များတွင် အသုံးပြုသည့်ကျည် ဆန်ဖြစ်သည်ဟု ယင်းအမှုကို ကိုင် တွယ်သူ တက်ရှိန်းနယ်မြေရဲစခန်း မှ ရဲအုပ်တင့်လွင်က ပြောသည်။

လီကွမ်ယု ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့

Photo - Lee Hsien Loong Facebook 
ခေတ်သစ် စင်ကာပူ နိုင်ငံ၏ ဖခင်ကြီးအဖြစ် တင်စားခံရသူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်သွားမှု အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။

နိုင်ငံကူးလက်မှတ် ကိစ္စကြောင့် ရှေ့နေနှစ်ဦး ပြည်ပ ခရီးစဉ်ပျက်

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo:Kyaw Zaw Win/RFA
နိုင်ငံကူးလက်မှတ် ကြန့်ကြာနေတဲ့အတွက် လူ့အခွင့် အရေးရှေ့နေနှစ်ဦး ရဲ့ ပြည်ပခရီးစဉ်တွေ ပျက်ပြားသွား ရကြောင်း သိရပါတယ်။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းမည် မဟုတ်ဟုဆို

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဗကသကျောင်းသား ခေါင်းဆောင်ကော်မတီဝင်များ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံရပြီးနောက် ထွက်ပေါ်နေသည့် သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းတော့မည် ဆိုသော သတင်းများကို ငြင်းဆိုလိုက်ပြီး သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း အဆိုပါ ကော်မတီဝင်များက The Voice သို့ ပြောကြားသည်။

ဧပြီ ၁ရက်မှ မေ ၁ရက်ထိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည် တင် ယာဉ်များ၌ Telematics စနစ်တပ်ဆင် ကာလ သတ်မှတ်လျာထားပြီး ထိုကာလ အတွင်း Telematics စနစ် တပ်ဆင်ထားခြင်း မရှိသည့် ခရီးသည် တင် ယာဉ် များ ကို ဖြတ်သန်းခွင့်ပြုတော့ မည်မဟုတ်ဟုဆို

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သွားလာမောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်များ အနေဖြင့် Telematics စနစ်တပ်ဆင် သွား လာရ မည်ဖြစ်ကာ ယင်းစနစ် တပ်ဆင်ကာလအဖြစ် ဧပြီ ၁ရက်မှ စတင် မည်ဖြစ်ပြီး မေ ၁ရက် အထိ တပ်ဆင် ခွင့်လျာထားပေးကာ ယင်း စနစ်တပ် ဆင်ထားခြင်းမရှိသည့်ခရီး သည်တင်ယာဉ်များကို ဖြတ်သန်း သွားလာခွင့်ပြု မည် မဟုတ်ကြောင်း ရန် ကုန်-မန္တလေးအမြန်လမ်းပြုပြင် ထိန်း သိမ်းရေး အဖွဲ့မှ သတင်းရရှိသည်။

တပ်မတော် (ရေ) မာန်အောင်ကျွန်း အနောက်ဘက်တွင် စစ်ရေးလေ့ကျင့်မည်

Combined Fleet Exercise ပြုလုပ်မည့် လေ့ကျင့်ခန်းဧရိယာပြပုံ (FB/Myanmar NAVY)
တပ်မတော် (ရေ) က မာန်အောင်ကျွန်းအနောက်ဘက် ပင်လယ်ရေပြင်တွင် မတ်လ တတိယပတ်မှစ၍ စစ်ရေးလေ့ ကျင့်မှုများဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

သင်္ကြန်ကာလတွင် အစိုးရအပေါ် အကြည်ညိုပျက်စေရန် ရန်ပြုမူလျှင် အရေးယူမည်ဟုဆို

မုံရွာမြို့တွင် မဟာသင်္ကြန်ကာလ ရေကစားနေကြစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
သင်္ကြန်ပွဲတော်ကာလ အတွင်း နိုင်ငံတော်အစိုးရအပေါ် ဂုဏ်သိက္ခာပျက်ပြားစေ၍ အ ကြည်ညိုပျက်စေမည့် တိုက်ရိုက် ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေပြော ဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆို ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းပြု လုပ်ပါက သက်ဆိုင်ရာတည်ဆဲဥ ပဒေများအရ ထိရောက်စွာအရေး ယူမည်ဖြစ်ကြောင်းမုံရွာမြို့နယ်စီ မံခန့်ခွဲမှု ကော်မတီက ထုတ်ပြန် ကြေညာလိုက်သည်။

ဆက်ကြေးကောက်ခြင်းသည် KIA အဖွဲ့၏ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုလား?

ကချင်ပြည်နယ် အင်တော်ကြီးဒေသနှင့် တနိုင်းမြို့နယ်များတွင် တူးဖော်နေသော ရွှေမှော်များ၌ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)မှ ကောက်ခံနေသော ဆက်ကြေးငွေ ပမာဏမှာ နှစ်စဉ်သိန်းထောင်ချီ ရနေ ကြောင်း ယင်းရွှေမှော်လုပ်သားများထံမှ သိရသည်။ 

ဝန်ကြီးများရုံးဟောင်းဝင်းအတွင်း မွေးနေ့ပွဲကျင်းပခြင်းကို လူမှုကွန်ရက်တွင် ဝေဖန်နေ

ရန်ကုန်− မြန်မာ့လွတ်လပ်ရေး သမိုင်း၏ အထင်ကရ အမွေအနှစ် အဆောက်အအုံဖြစ်သော ၀န်ကြီးများ ရုံးဟောင်းဝင်းအတွင်း မတ် လ ၂၁ ရက် ညက မွေးနေ့ပါတီ ပွဲတစ်ခုကျင်းပခဲ့ပြီး အနုပညာရှင် အချို့နှင့် အာဏာရှင်ဟောင်း ဦး နေ၀င်း၏မြေး အေးနေ၀င်းတို့ တက်ရောက်ခဲ့ကြပုံများ လူမှုကွန် ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး မျှဝေသူနှင့်ဝေဖန်သူ အများအပြားရှိနေသည်။

ညှိနှိုင်းရန် အနည်းငယ်ကျန်နေ၍ အပစ်ရပ်ဆွေးနွေးပွဲ မတ်လ၃၀ရက်သို့ ရွှေ့ဆိုင်း

အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ကြားကာလအစီအစဉ် နှင့် စကားလုံးအသုံးအနှုန်းအချို့ ညှိနှိုင်းရန် ကျန်ရှိနေခြင်းကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲကို မတ်လ ၃၀ရက် တွင် ပြန်လည်ဆွေးနွေးရန် ရက် ရွှေ့ဆိုင်းလိုက် ကြောင်း သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မွန်ပြည်နယ်သို့ ယခုလ ၂၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားသည့် ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းမွန်ပြည်နယ်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခင် ဆောင်က ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးစဉ် အစိုးရတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်

ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အစိုးရတပ်နှင့် ကေအိုင်အေ တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရဘက် ကတိုက်လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေ မှ သ တင်းရရှိသည်။

လိင်အသားပေးပြင်းထန်သည့် ပုံများနှင့်အမုန်းစကား ရေးသားမှုများကို ဖေ့စ်ဘွတ်ခ်က ထိရောက်စွာ တားမြစ်မည်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရင်သားနှင့် လိင်အင်္ဂါများကို အ ပြည့်အစုံဖော်ပြထားသည့် ပုံများ နှင့် အမုန်းစကား ပြောကြား သည့် စာများကို စတင်၍ ပိတ်ပင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း တို့၏ အသုံးပြုမှုများ လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းများတွင် ထပ်မံထည့်သွင်းလိုက်သည်။

ရန်ကုန်မြို့ လမ်းသွယ်တွင် စောင့်ကြည့်ကင်မရာတပ်ဆင်မှုကြောင့် စည်းကမ်း မဲ့မှုလျော့ကျ

လမ်းမတော်မြို့နယ် (၅)ရပ်ကွက် (၁၂)လမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအကြား)အတွင်း မတ် ၁၃ ရက်မှစ၍ စောင့်ကြည့် ကင်မရာတပ်ဆင်ထားကြောင်း ဗီနိုင်းအနီများဖြင့် အသိပေး ထားသည် ကို တွေ့ရသည်။ လမ်းအတွင်း ယခင် တွေ့မြင်ရတတ်သော စည်းကမ်းမဲ့ ချထားသော အမှိုက်ထုပ်ကြီးများ မမြင်တွေ့ရတော့ပါဟု လမ်းအတွင်း သင်တန်းတက်ရန် လာရောက်သည့် သင်တန်းသူ မကြည်ကြည်က ဆိုသည်။

မြို့ပတ်ရထားစင်းလုံးငှားပြီး နိုင်ငံခြားသားများအား မြန်မာ့ရိုးရာ အနုပညာဖြင့်ဖျော်ဖြေ

ရထားပေါ်တွင် နိုင်ငံခြားသားများကို ရုပ်သေးပညာရှင်က ဖျော်ဖြေနေစဉ် (ဓာတ်ပုံ − ထွေးဦးမြန်မာ ဖေ့စ်ဘွတ်ခ်)
မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အနုပညာများ ကို ဗြိတိန်နိုင်ငံသားများနှင့် နိုင်ငံ တကာမှ နိုင်ငံခြားသားများလေ့ လာနိုင်စေရန် ဗြိတိန်သံရုံးက ဦးစီး၍ မြို့ပတ်ရထားတစ်စီး စင်းလုံးငှားကာ အနုပညာသရုပ် ဖော်ပြကွက်များဖြင့်ဖျော်ဖြေမှု များပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။

တောင်ကိုရီးယားတွေ ဝါဒမဖြန့်ဖို့ မြောက်ကိုရီးယားသတိပေး

The Interview DVD ရုပ်ရှင်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို လွှတ်တင်မယ်ဆိုရင် ဒီမိုးပျံပူဖောင်း တွေကို ပစ်ချပစ်မယ်လို့ မြောက် ကိုရီးယားစစ်ဘက်က ခြိမ်းခြောက် ပြောဆိုပါတယ်။