Monday 7 April 2014

လက်မှတ်ရ ယောဂဆရာမလေး Emma Watson

Photo: လက်မှတ်ရ ယောဂဆရာမလေး Emma Watson
Monday, April 7, 2014

Harry Potter ဇာတ်ကားတွေရဲ့သရုပ်ဆောင်မလေး Emma Watson တစ်ယောက် အသိအမှတ်ပြု လက်မှတ်ရတဲ့ ယောဂနည်းပြဖြစ်ခဲ့ပါပြီ။

မေလ ၁၄ ရက်နေ့က Brown တက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာရပ်အဓိကနဲ့ ဘွဲ့ရခဲ့တဲ့ Emma ဟာဒီနွေရာသီမှာ သူမရဲ့အခြားဝါသနာပါရာ အလုပ်တွေဘက် ပြန်လှည့်နိုင်ဖို့နဲ့ ပရိသတ်တွေရဲ့ ယောဂလေ့ကျင့်မှုတွေကို တာဝန်ယူပေးနိုင်ဖို့ေ မျှာ်လင့်နေပါတယ်။

“ကျွန်မဘွဲ့ရတဲ့အခါ ကျွန်မအခြားနှစ်သက်တဲ့ အရာတွေနောက်လိုက်ဖို့ အချိန်အများကြီးရလိမ့်မယ်။ ပြီးတော့ အဲဒါဘာတွေဖြစ်မလဲဆိုတာတော့ ကျွန်မအဖြေရှာကြည့်ချင်တယ်။ ကျွန်မ ရုပ်ရှင်အလုပ်နဲ့ လုံးဝသက်ဆိုင်မှုမရှိတဲ့ အရာတစ်ခု လုပ်ရတာနှစ်သက်ပါတယ်။ ကျွန်မရဲ့ဦးနှောက်ကို အခြားနည်းလမ်းနဲ့ အသုံးချခွင့်ရစေမယ့် အရာကို ကျွန်မရှာဖွေချင်ပါတယ်။ ပန်းချီဆွဲရတာကြိုက်တယ်။ ဒီတော့ကျွန်မ အဲဒီ့အလုပ်ကို ပိုတက်မြောက်အောင်လုပ်ပြီး သင်တန်းတွေ တက်ဖြစ်ရင် တက်ဖြစ်မှာပေါ့။ ဒါမှမဟုတ် အခြားအရာတစ်ခုပေါ့။ ကျွန်မက အဆင့် ၂ အသိအမှတ်ပြု လက်မှတ်ထားတဲ့ ယောဂနည်းပြတစ်ယောက်ပါ” လို့ Emma ကပြောပါတယ်။

Trend
Harry Potter ဇာတ်ကားတွေရဲ့သရုပ်ဆောင်မလေး Emma Watson တစ်ယောက် အသိအမှတ်ပြု လက်မှတ်ရတဲ့ ယောဂနည်းပြဖြစ်ခဲ့ပါပြီ။

UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားရာ ‘၀’ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

Photo: UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားရာ ‘၀’ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး
Monday, April 7, 2014

သံလွင်မြစ်အနီး လွယ်ကြက်တော် အောက်ဘက်တွင် အေပြီ ၂ ရက်နေ့ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့သော UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မုံးကျွတ်ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ တပ်ဖွဲ့ဝင် (၂) ဦး ပျောက်ဆုံးနေခဲ့ရာ UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစဉ် အေပြီ ၃ ရက်နေ့၌ တပ်ဖွဲ့ဝင်တစ်ဦးအား အသက်ရှင်လျက်တွေ့ရှိရပြီး ကျန်တပ်ဖွဲ့ဝင် တစ်ဦးမှာ သေဆုံးနေသော အလောင်းကိုသာ တွေ့ရှိခဲ့ကြောင်း UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် စီးပွားရေး လုပ်ကိုင်နေ သော မြို့ခံလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ ဟိုတစ်နေ့က မုံးကျွတ်ကို သူတို့အဖွဲ့တွေ ပြန်ရောက်လာတယ်၊ သူတို့ တပ်ဖွဲ့ဝင်တစ်ဦး သေသွားတော့ သိပ်ပြီး ကျေနပ်ပုံမပေါ်ဘူး၊ သူတို့ တပ်ဖွဲ့ဝင်တွေကို ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့က ချောင်းမြောင်း ပစ်ခတ်တယ် ဆိုပြီး ပြောနေ တာတော့ ကြားတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

UWSA ‘ ၀ ’ အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် နှစ်ဖက်ခေါင်းဆောင်များမှာ ရန်ကုန်မြို့ ၌ ပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားနေချိန်လည်း ဖြစ်သည်။

“ UWSA ‘ ၀ ’ ဘက်ကတော့ သားငါးရှာသွားတဲ့ တပ်ဖွဲ့ဝင်သုံးယောက်ကို RCSS/SSA အဖွဲ့က အင်အားအလုံး အရင်းနဲ့ ပစ်တယ်လို့ စွပ်စွဲနေတယ်၊ RCSS/SSA ဘက်ကလည်း သူတို့ ပိုင်နက်ထဲကို ၀င်လာ လို့ ပစ်လိုက်တာပါ၊ ‘ ၀ ’ တပ်ဖွဲ့ဝင်တွေမှန်း မသိဘူးလို့ ပြောနေတယ် ” ဟု တရုတ် - မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။

“ ‘ ၀ ’ တပ်ဖွဲ့ဝင်တစ်ယောက် သေသွားတာတော့ အမှန်ပဲ၊ အချို့ကလည်း ချောင်းပစ်ခံရတယ်လို့ ပြောတယ်၊ အခြားသတင်းတွေအရတော့ ‘၀’ တပ်ဖွဲ့ဝင်တွေက ရွှေလာကျင်တာလို့လည်း သိရတယ်၊ သူတို့တပ်ဖွဲ့ဝင် သေသွားတာကို မကျေနပ်လို့ UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်တွေ မုံးကျွတ်ကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတယ်လို့ ပြောနေကြတယ်၊ RCSS/SSA အဖွဲ့တွေကို လိုက်ရှာနေတယ်လို့ သတင်းတွေ ထွက်နေတယ် ” ဟု ဆက်လက်ပြောကြားသွားသည်။

မုံးကျွတ်မှ အေပြီလ ၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် UWSA ‘ ၀ ’ တပ်ဖွဲ့ဝင်များသည် အင်အားအလုံး အရင်းဖြင့် ဘုရားခြေတော်ရာနှင် သံလွင်မြစ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း မျက်မြင် မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းသီဟ (ကျိုင်းတုံ)
Shan News
သံလွင်မြစ်အနီး လွယ်ကြက်တော် အောက်ဘက်တွင် အေပြီ ၂ ရက်နေ့ နေ့လည် ၂ နာရီခန့် က ဖြစ်ပွားခဲ့သော UWSA ‘ ၀ ’ တပ်ဖွဲ့နှင့် RCSS/SSA တပ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်တွင် UWSA ‘ ၀ ’ ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မုံးကျွတ်ဒေသခံအချို့ထံမှ သိရသည်။

အခမဲ့ အလယ်တန်း ပညာသင်ကြားရေး စနစ်ကို ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော် သွားမည်

Photo: တယ်လီနောမြန်မာသည် Live Core Network မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့
Monday, April 7, 2014

တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ထိုဖုန်းခေါ်ဆိုမှုအားမြန်မာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှခေါ်ဆိုစမ်းသပ် ခဲ့ခြင်းဖြစ်သည်။

လိုင်စင်ရပြီး ၂လအကြာတွင်တည်ဆောက်ခဲ့သည့် ရန်ကုန်မှ၂၂ ကီလိုမီတာဝန်းကျင်ကွာဝေးသောတယ်လီနော၏ Data Centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်ရှိတယ်လီနောမြန်မာ၏
ရုံးချုပ်သို့ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းဖုန်းခေါ်ဆိုမှုအနေဖြင့်တယ်လီနော၏ 3G ကွန်ယက် ပေါ်မှပြု လုပ်ခြင်းဖြစ်ပြီးအသံဖြင်းဖုန်းခေါ်ဆိုမှုအပြင်
ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

===================================

သတင်းနှင့် ဓာတ်ပုံ – ရာဇကိုကို

TechSpace Journal
၂၀၁၄ ခုနှစ် ကျောင်းဖွင့် ရာသီတွင် အခမဲ့ မူလတန်း သင်ကြားရေးမှ အခမဲ့ အလယ်တန်း ပညာ သင်ကြား နိုင်စေရန် အတွက် စတင် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပက်ကိုဗစ်နှင့် စီပီလိုဗာတို့ ဗိုလ်လုမည်

Photo: Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပက်ကိုဗစ်နှင့် စီပီလိုဗာတို့ ဗိုလ်လုမည်
Monday, April 7, 2014

ဂျာမနီနိုင်ငံမှ တင်းနစ်မယ် အန်ဒရီယာပက်ကိုဗစ်သည် တောင် ကာရိုလိုင်းနားပြည်နယ် ချားလ်စတန်မြို့ရှိ တင်းနစ်ကွင်း၌ ကျင်းပသော Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဂျာနာစီပီလိုဗာနှင့် တွေ့ဆုံ ဗိုလ်လုမည် ဖြစ်သည်။ ပက်ကိုဗစ်သည် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကနေဒါ နိုင်ငံမှ တင်းနစ် အကျော်အမော် အူဂျင်ဘူချက်ကို (၁-၆)၊ (၆-၃)၊ (၇-၅) မှတ်ဖြင့် အနိုင် ရရှိပြီး ဗိုလ်လု ပွဲစဉ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ စီပီလိုဗာသည် ဆွစ်ဇာလန် နိုင်ငံမှ ဆယ်ကျော်သက် တင်းနစ်မယ် ဘီလင်ဒါဘန်စစ်ကို (၆-၄)၊ (၅-၇)၊ (၇-၆) မှတ်ဖြင့် အနိုင် ကစားပြီး ဗိုလ်လုပွဲစဉ်သို့ တက်ရောက်လာသူ ဖြစ်သည်။ အသက် ၂၆ နှစ် အရွယ်ရှိ ပက်ကိုဗစ်သည် သူမ၏ တင်းနစ်မယ် ဘဝ သက်တမ်း တစ်လျှောက်တွင် ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်း တင်းနစ် ကစားသမား ၁ဝ ဦးစာရင်းတွင် တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသည်ဟု သိရသည်။ ယင်းပြိုင်ပွဲ၏ ဒုတိယအကျော့ပွဲစဉ်တွင် ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ တင်းနစ်မယ် ဆရီနာဝီလီယံကို အနိုင် ကစားခဲ့သော အသက် ၂ဝ အရွယ်ရှိ စီပီလိုဗာ၏ WTA ဗိုလ်လုပွဲ စဉ်သို့ ယခုအကြိမ် တက်ရောက်နိုင်မှုသည် သူမ၏ ပထမဆုံးအကြိမ် တက်ရောက်နိုင်မှု ဖြစ်သည်။

မြ၀တီ
ဂျာမနီနိုင်ငံမှ တင်းနစ်မယ် အန်ဒရီယာပက်ကိုဗစ်သည် တောင် ကာရိုလိုင်းနားပြည်နယ် ချားလ်စတန်မြို့ရှိ တင်းနစ်ကွင်း၌ ကျင်းပသော Family Circle Cup တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဂျာနာစီပီလိုဗာနှင့် တွေ့ဆုံ ဗိုလ်လုမည် ဖြစ်သည်။

ကွန်ထရာအိုကို ခေါ်ယူရေးတွင် ပြိုင်ဘက်များထက် အသာစီးအခြေအနေ ရှိနေသည့် လီဗာပူးလ်

Photo: ကွန်ထရာအိုကို ခေါ်ယူရေးတွင် ပြိုင်ဘက်များထက် အသာစီးအခြေအနေ ရှိနေသည့် လီဗာပူးလ်
Monday, April 7, 2014
    
ရီးယဲလ်မက်ဒရစ် နောက်ခံလူ ဖေဘီယို ကွန်ထရာအိုနောက် အပြိုင်လိုက်နေရာတွင် လီဗာပူးလ်က ပြိုင်ဘက်များကို အသာစီး ရနေကြောင်း သိရသည်။

ပေါ်တူဂီ လက်ရွေးစင် ဘယ်နောက်ခံ ကစားသမားသည် ရာသီကုန်တွင် ရီးယဲလ်မှ ထွက်ခွာရန် အသင်းနှင့် အကြိုသဘောတူညီမှု ရရှိထားပြီဟု ယူဆရသည်။ နွေရာသီ ဈေးကွက် ပိတ်ရက်တွင် မန်ချက်စတာ ယူနိုက်တက်၏ ချိတ်ဆက်မှုကို ခံရဖူးသော အသက်(၂၆)နှစ်အရွယ် ကစားသမားအား လတ်တလောတွင်မူ လီဗာပူးလ်၊ မိုနာကိုနှင့် မန်ချက်စတာစီးတီးတို့က အပြိုင်ကြိုးပမ်းနေကြသည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် အသင်း၏ အားနည်းသော တောင်ပံခံစစ်များကို အားသစ်လောင်းရန် စီစဉ်နေရာ ကွန်ထရာအိုကို အလေးအနက် ဆက်သွယ်နေခြင်း ဖြစ်သည်။

Sunday Peopleက လက်ရှိ အခြေအနေတွင် လီဗာပူးလ်က အခြားသော ပြိုင်ဘက်များထက် ကွန်ထရာအို အရေးတွင် အသာစီး ရနေကြောင်း ဖော်ပြခဲ့သည်။ လီဗာပူးလ်သည် ကစားသမား၏ အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျမန်းဒက်စ်နှင့် ဆက်သွယ်ကာ အကြိုဆွေးနွေးမှုများ စတင်နေပြီ ဖြစ်သည်။ ကွန်ထရာအိုသည် ရီးယဲလ်တွင် ဘရာဇီးလ် ခံစစ်သမား မာဆယ်လို၏ အရန် အဖြစ်သာ အဓိက ကစားနေရသူ ဖြစ်သည်။ ကွန်ထရာအိုအား ရာသီအစပိုင်းက ယူနိုက်တက် အပြင် တော့တင်ဟမ် ဟော့စပါးကလည်း စိတ်ဝင်စား ခဲ့ဖူးသည်။

ရီးယဲလ်သည် ကစားသမား အတွက် ဈေးနှုန်းကို ပေါင်စတာလင် (၁၁.၅)သန်းမျှ လိုလား သတ်မှတ် ထားကြောင်းလည်း သိရှိရသည်။

Soccer Myanmar 
ရီးယဲလ်မက်ဒရစ် နောက်ခံလူ ဖေဘီယို ကွန်ထရာအိုနောက် အပြိုင်လိုက်နေရာတွင် လီဗာပူးလ်က ပြိုင်ဘက်များကို အသာစီး ရနေကြောင်း သိရသည်။

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ

Photo: ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ
Monday, April 7, 2014

ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ By Good Health
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း
သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Good Health
ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက်တွေ ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊

ယာဉ်အိုယာဉ်ဟောင်း '၂က' အက္ခရာများကို နိုဝင်ဘာ ၆ ရက်တွင် အပ်နှံခွင့်ပြုမည်

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု '၂က' အက္ခရာများကို နိုဝင်ဘာ ၆ရက်တွင် စတင်အပ်နှံခွင်ြ့ပု မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကားရောင်း ဝယ်ရေးအသင်းမှ ရုံးအဖွဲ့မှူး ဦးမင်းဦးက ပြောသည်။

အလုပ်သမားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်

 Photo: အလုပ်သမားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Monday, April 7, 2014

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်သမား ၂ဝဝခန့်သည် အလုပ်သမားအခွင့်အရေးများ ရရှိ ရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးများကို ယနေ့ ထည့်သွင်းတောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြသည်။

အလုပ်သမားဥပဒေပါ အခွင့် အရေးကာကွယ်စောင့်ရှောက်ရေး၊ အနည်းဆုံးလုပ်ခ ကျပ် ၅၆ဝဝရရှိ ရေး၊ အလုပ်ခန့်ထားရေးသဘော တူညီချက်တွင် အလုပ်ရှင်၏တစ် ဖက်သတ်စည်းကမ်းများ မထည့် သွင်းရေး၊ စာချုပ်ချိုးဖောက်သူအား အရေးယူရေး၊ အငြင်းပွားမှုများကို ခုံသမာဓိအဖွဲ့မှ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့မလွှဲပြောင်းရေး၊ ခုံသမာဓိ ကောင်စီဆုံးဖြတ်ချက်မလိုက်နာသူ အလုပ်ရှင်အား အရေးယူရေးအပြင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆၊ ၆(စ)၊ ၅၉(စ)၊ ၂၆၁(ခ)၊ ၄ဝ၈ စသည့်ပုဒ်မများအားပြင်ဆင် ပေးရေးတို့ကိုထည့်သွင်းတောင်းဆို ဆန္ဒပြခဲ့ကြသည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ရဲ့ရပိုင်ခွင့်များကို မလုပ်ပေး ဘူးလို့ထင်ပြီး ထည့်သွင်းတောင်း ဆိုဆန္ဒပြခဲ့ကြတာပါ''ဟုဦးဆောင်သူ ကိုနန္ဒကပြောသည်။
ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန် မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများကွန်ရက်မှ အလုပ်သမား များစုပေါင်းပြီးလှိုင်သာယာမြို့နယ် မီးခွက်ဈေးအောက်ထိပ်ဗိုလ်အောင် ကျော်လမ်းဆုံမှ နံနက် ၉နာရီတွင် စတင်လမ်းလျှောက်ခဲ့ကြကာ လှိုင် သာယာမြို့နယ်အားကစားကွင်းသို့ မွန်းတည့် ၁၂ နာရီတွင်ရောက်ရှိ ပြီးဆုံးခဲ့ကြသည်။

အလုပ်သမားရပိုင်ခွင့်များကို ဆန္ဒထုတ်ဖော်မှုများအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူတစ်ဦးက ''ပုဒ်မ ၄၃၆ တွေ၊ ၅၉တွေ မသိပါဘူး။ ကျွန်မ တို့ အလုပ်သမားရပိုင်ခွင့်ကိုပဲ တောင်းဆိုပါတယ်''ဟုဆိုသည်။

The Union Daily
 လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်သမား ၂ဝဝခန့်သည် အလုပ်သမားအခွင့်အရေးများ ရရှိ ရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးများကို ယနေ့ ထည့်သွင်းတောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြသည်။

အလှဆုံး မျက်လှည့်ဆရာမရဲ့ ပြကွက်တချို့

Photo: အလှဆုံး မျက်လှည့်ဆရာမရဲ့ ပြကွက်တချို့
Monday, April 7, 2014

လှပချောမောတဲ့ အမျိုးသမီးငယ်တဦးရဲ့ မျက်လှည့်ပြကွက်ပါ။ ဖဲကတ်ပြားတွေကို ကျွမ်းကျင်ပိုင်နိုင် စွာ ဖျော်ဖြေတင်ဆက်သွားတာမှာတော့ ကြည့်ရှုသူတွေ အံ့မခန်း ဖြစ်မှာ သေချာပါတယ်။ သူ့နာမည်က Angela Funovits ဖြစ်ပါတယ်။

ကမ္ဘာမှာတော့ အလှဆုံး မျက်လှည့်ဆရာမ ဖြစ်လာသူလို့ ပြောရမှာပါလို့ သတင်းတချို့က ဆိုခဲ့ဖူးပါတယ်။

https://www.youtube.com/watch?v=00yi2kJDjOk&list=PL14BE38C12A2AFB76

ဂျပန်နိုင်ငံက ပြပွဲ တခုမှာ စကားပြန်နဲ့ တင်ဆက်ခဲ့တဲ့ မျက်လှည့်ပြပွဲကိုလည်း ဆက်လက် ကြည့်ရှုအားပေး လိုက်ကြပါအုံး။

https://www.youtube.com/watch?v=HNcgi4dndmk#t=260

ဧရာဝတီblog 
လှပချောမောတဲ့ အမျိုးသမီးငယ်တဦးရဲ့ မျက်လှည့်ပြကွက်ပါ။ ဖဲကတ်ပြားတွေကို ကျွမ်းကျင်ပိုင်နိုင် စွာ ဖျော်ဖြေတင်ဆက်သွားတာမှာတော့ ကြည့်ရှုသူတွေ အံ့မခန်း ဖြစ်မှာ သေချာပါတယ်။ သူ့နာမည်က Angela Funovits ဖြစ်ပါတယ်။

အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာနိုင်ငံ၏အဆိုပြုချက်သဘောတူ

Photo: အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၌
မြန်မာနိုင်ငံ၏အဆိုပြုချက်သဘောတူ
Monday, April 7, 2014

မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့သော (၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံမှ အဆိုပြုခဲ့သော အာဆီယံဒေသ တစ်ခုလုံးဘဏ္ဍာရေးဝန်ဆောင်မှုများ ခံစားနိုင်ရေးအတွက်လက်ရှိချမှတ် ထားသောဘဏ္ဍာရေးလုပ်ထုံး လုပ် နည်းဆိုင်ရာ သဘောတူညီချက် များကို ဖြေလျှော့မှုပြုလုပ်ရေးအဆို ကို လက်ခံသဘောတူညီခဲ့သည်ဟု ရှန်ဟိုင်းနေ့စဉ်သတင်းစာက ယနေ့ ဖော်ပြသည်။

(၁၈)ကြိမ်မြောက်အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ အစည်း အဝေးတွင် အာဆီယံဒေသတွင်းရှိ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ အားနည်းနေသောနိုင်ငံများတွင် ဘဏ္ဍာရေးဝန်ဆောင်မှုများကို အခြားနိုင်ငံများနှင့်တစ်ပြေးညီခံစား နိုင်ရေးအတွက်လိုအပ်ချက်များကို ပစ်မှတ်ထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံကဲ့သို့ ဘဏ္ဍာရေးကဏ္ဍ လုပ်ငန်းစဉ်များအားနည်းနေသော
နိုင်ငံများ၌အခြားအာဆီယံနိုင်ငံများ နှင့် ထပ်တူကျသောဝန်ဆောင်မှုမျိုး ခံစားနိုင်ရေးအတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းဆိုင်ရာသဘောတူညီ ချက်များကိုဖြေလျှော့မှုပြုလုပ်ရန် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ Nayouki Shinohara တက်ရောက်ခဲ့ပြီး အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံဘဏ္ဍာရေးစနစ်နှင့်ပတ်
သက်သောအကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟုသိရသည်။
Nayouki Shinohara က မြန်မာနိုင်ငံသည် ပြီးခဲ့သည့်သုံးနှစ်အတွင်း အားရစရာကောင်းသောဖွံ့ဖြိုးတိုးတက်မှုများ ပိုင်ဆိုင်ခဲ့ကြောင်း၊ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၇ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး လာမည့်နှစ်တွင် ပိုမိုတိုးတက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ
ရင်ဆိုင်နေရသော ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း များနှင့်ဝန်ဆောင်မှုများခေတ်မီတိုးတက်ရေးအတွက်ကူညီလျက်ရှိကြောင်း၊ သဘာဝသယံဇာတကြွယ်ဝသော အခြေအနေသည် မြန်မာ့စီးပွားရေး အရှိန်အဟုန်ဖြင့်တိုးတက်ရေး

The Union Daily 
မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့သော (၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်း အဝေး၌ မြန်မာနိုင်ငံမှ အဆိုပြုခဲ့သော အာဆီယံဒေသ တစ်ခုလုံးဘဏ္ဍာရေးဝန်ဆောင်မှုများ ခံစားနိုင်ရေး အတွက်လက်ရှိချမှတ် ထားသောဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းဆိုင်ရာ သဘောတူညီချက်များ ကို ဖြေလျှော့ မှုပြုလုပ်ရေးအဆို ကို လက်ခံသဘောတူညီခဲ့သည်ဟု ရှန်ဟိုင်းနေ့စဉ်သတင်းစာက ယနေ့ ဖော်ပြ သည်။

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် လုံခြုံရေးအရ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ

Photo: တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် လုံခြုံရေးအရ သန်းခေါင် စာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက် လက် ကောက်ယူ
Monday, April 7, 2014

ကေအိုင်အေ တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက်ရှိသဖြင့် တပ်မတော်မှ လုံခြုံရေး အစောင့်အရှောက်များ အကူအညီပေး၍ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း အား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ် အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူ ၇၇ ဦး၊ မံစီမြို့နယ် အတွင်းရှိ ကျေး ရွာခြောက်ရွာမှ ဒေသခံပြည်သူ ၁၈၅၇ ဦး၊ ဒေါ့ဖုန်းယန်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၈ ရွာမှ ဒေသခံ ပြည်သူ ၁၇၁၂ ဦး၊ နောင်စွမ်းမြို့နယ် အတွင်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူ ၄၁၆ ဦး၊ ပန်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူ ၆ဝ၂ ဦး၊ မိုးမိတ်မြို့နယ် အတွင်းရှိ ကျေးရွာခုနစ် ရွာမှ ဒေသခံပြည်သူ ၉၁၉ ဦး ပေါင်း ၅၅၈၃ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် မဘိန်းမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံပြည်သူ ၁၇၈၁ ဦး၊ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာမှ ဒေသခံပြည်သူ ၂၂၁ ဦး၊ မိုးမိတ် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံ ပြည်သူ ၆၃၅ ဦး၊ ပေါင်း ၂၆၃၇ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၈၂၂ဝ ဦးအား လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများတွင် ဧပြီ ၃ ရက်မှယနေ့ အထိ ဒေသခံပြည်သူ ၂၁၃၄၂ ဦးအား တပ်မတော်၏ လုံခြုံရေး အကူအညီရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူ ဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအား ကောက်ယူခဲ့ကြောင်းနှင့် ၎င်းဒေသ အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများအားလည်း ဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ 
ကေအိုင်အေ တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)

သင်္ကြန်ပွဲ ဆင်နွှဲရေး လူငယ်များ စိတ်အား ထက်သန်နေ

Photo: သင်္ကြန်ပွဲ ဆင်နွှဲရေး လူငယ်များ စိတ်အား ထက်သန်နေ
Monday, April 7, 2014

၂၀၁၄ သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့က လူငယ်များ စိတ်အားထက်သန်စွာ ပြင်ဆင်နေကြပြီဖြစ်ပြီး ယခုနှစ် သင်္ကြန် ပွဲတော် သည် ရေကစားမဏ္ဍပ် ပိုများသည့်အတွက် စည်ကားသော သင်္ကြန်ပွဲတော်တခု ဖြစ်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

“မတ်လ အလယ်ပိုင်းလောက် ကတည်းက ကျမနဲ့သူငယ်ချင်းတွေက သင်္ကြန်အတွက် အဝတ်အစား အသစ်တွေနဲ့ မဏ္ဍပ်လက်မှတ် တွေ ဝယ်ပြီးပြင်ဆင် နေကြပြီ၊ သင်္ကြန်မှာ ရေကစားပြီးရင် နှစ်ဟောင်းက ပင်ပန်းမှုတွေ အားလုံးပျောက်ကုန်တယ်”ဟု ရန်ကုန် မြို့တွင် နေထိုင်သည့် အသက် ၂၀ အရွယ် မဆုပြည့်ဟန်နီ က ပြောသည်။

မန္တလေးမြို့မှ အသက် ၁၉ နှစ် အရွယ် မောင်ဝေယံလင်းကလည်း သင်္ကြန်ကာလ ၂ ရက် မဏ္ဍပ်ထိုင် ရေကစားမည်ဖြစ်ပြီး ကျန် ရက် များကို ဆိုင်ကယ်နှင့် ရေပက်ခံ ထွက်မည် ဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်တွင် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရေကစားရ သည် ကို နှစ်ခြိုက်ကြောင်း ပြောဆိုသည်။

“ကျနော်တကယ် စိတ်လှုပ်ရှားနေပါတယ်၊ သင်္ကြန်တီးလုံးနဲ့ သီချင်းသံတွေ ကြားလိုက်တာနဲ့ ကျနော် က ချင်လာတယ်”ဟု မောင် ဝေယံလင်း က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သူ ဦးမျိုးလွင်က ယခုနှစ် သင်္ကြန်ကာလတွင် ရေကစားမဏ္ဍပ်ကြီး ၅၇ ခုနှင့် မဏ္ဍပ်ငယ် ၃၆ ခု၊ စုစုပေါင်းမဏ္ဍပ် ၉၃ ခု ဆောက်လုပ်ခွင့် ချပေးထားကြောင်း၊ ယမန်နှစ်က မဏ္ဍပ်ကြီး ၃၄ ခုနှင့် မဏ္ဍပ်ငယ် ၇ ခု၊ စုစုပေါင်း မဏ္ဍပ် ၄၁ ခု သာ ဆောက်လုပ်ခွင့်ပြုခဲ့သဖြင့် ယခုနှစ်သင်္ကြန်တွင် ရေကစားမဏ္ဍပ် ပိုမိုများပြားကြောင်း ပြောဆိုသည်။

“ပြည်သူတွေ ရေကစားနိုင်ဖို့ မဏ္ဍပ်တွေ ဒီနှစ် ပိုများလာပါတယ်”ဟု ဦးမျိုးလွင်က ဆိုသည်။

ယမန်နှစ်က ပဋိပက္ခများကြောင့် လုံခြုံရေး စိတ်ပူသဖြင့် ပြည်သူတချို့ သင်္ကြန်ကာလ နေအိမ်တွင် အချိန်ဖြုန်းခဲ့ကြသည်။ ယမန်နှစ် သင်္ကြန်ပွဲတော် မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင်မြန်မာ နိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၌ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ပြီး ရန်ကုန်မြို့သို့လည်း မငြိမ်သက်မှုများ ကူးစက်လာမည်ကို စိုးရိမ်မှုများ ရှိခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ဖြစ်ပွားခဲ့သော X2O ရေကစားမဏ္ဍပ် ဗုံးခွဲတိုက်ခိုက်မှုကဲ့သို့ ရေကစားမဏ္ဍပ်များ ဗုံးခွဲ တိုက်ခိုက် မည် ကို ပြည်သူတချို့ စိုးရိမ်ခဲ့ကြသော်လည်း ယမန်နှစ် သင်္ကြန်ပွဲ တော်သည် အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့သည်။

X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုလည်းဖြစ်ခဲ့ပြီး ထိုအချိန်မှစ၍ အစိုးရက မဏ္ဍပ်ဆောက်လုပ်သူများကို လုံခြုံ ရေးကင်မရာ အနည်းဆုံး ၄ လုံး ထားရှိရန်နှင့် ကိုယ်ပိုင်လုံခြုံရေးများ ငှားရမ်းထားရှိရန် အမိန့်ထုတ်ခဲ့သည်။

ဦးမျိုးလွင်က “မနှစ်တုန်းက ကောလာဟလ သတင်းတွေကြောင့် ကန်တော်ကြီးနားက မဏ္ဍပ်တွေမှာ လူမပြည့်ဘူး၊ ဒီနှစ်တော့ ကောလာဟလတွေလည်း မရှိဘူး၊ ဒါကြောင့် ရန်ကုန် သင်္ကြန်ပွဲတော်က အရင်နှစ်ထက် ပိုစည်ကားမယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြောသည်။

ယခုနှစ် သင်္ကြန်အတွက် ရေကစားမဏ္ဍပ်များ ကြိုတင် ဆောက်လုပ်နေကြပြီဖြစ်ရာ Black Culture ရေကစား မဏ္ဍပ်ကို တာဝန်ယူ တည်ဆောက်နေသည့် ကိုအောင်မြတ်ဖြိုးက သင်္ကြန်ရက်များ အားလုံးတွင် ရေကစားရန်အတွက် လက်မှတ်တစောင်လျှင် ကျပ် ၃၇၀ဝ၀ ကျသင့်ကြောင်း၊ ထိုငွေထဲတွင် နေ့လယ်စာ ပါဝင်မည်ဟု ပြောပြသည်။

ပေ ၁၂၀ ရှည်ပြီး လူ ၁၅၀ဝ ခန့် ရေကစားနိုင်သည့် မဏ္ဍပ်တခု၏ ကုန်ကျစရိတ်သည် ကျပ် သိန်း ၄၀ဝ ခန့်ရှိပြီး ထိုအထဲတွင် မဏ္ဍပ်အလှအပ ဆင်ယင်မှု၊ လုံခြုံရေး ကင်မရာများနှင့် လုံခြုံရေး အစောင့်များအတွက် ကုန်ကျစရိတ် မပါဝင်ပေ။ မဏ္ဍပ်ကြီး တခု တည် ဆောက်ရန် အချိန် ၅ ရက်မှ ၈ ရက်အထိ ကြာမြင့်နိုင်ပြီး မဏ္ဍပ်ဦးစီးပြုလုပ်သူက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့ စပေါ်ငွေ ၇၅ သိန်း တင်ရသည်။ အကယ်၍ ညနေ ၆နာရီထက် ကျော်လွန်ရေကစားခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်း စသည့် ဥပဒေ ချိုးဖောက်မှုများတွေ့ရှိခဲ့လျှင် အဆိုပါ စပေါ်ငွေ ပြန်ရတော့မည် မဟုတ်ပေ။

“မဏ္ဍပ်လုပ်တာက အမြတ်မရပေမယ့် ကျနော် တို့ ဖန်တီးထားတဲ့ စင်မြင့်ရဲ့ အငွေ့အသက်ကို ကျနော် သဘောကျတယ်၊ ပထမ ဒီနေရာမှာ ဘာမှမရှိဘူး၊ ဒါပေမယ့် သင်္ကြန်ရောက်တဲ့အခါ မဏ္ဍပ်က အလှအပ အပြင်အဆင်တွေနဲ့ မီးရောင်တွေ ရှိလာတယ်၊ စင်ပေါ်မှာ လူတွေ က နေကြတယ်၊ တကယ်ကို အံ့အားသင့်စရာ ကောင်းပါတယ်”ဟု ကိုအောင်မြတ်ဖြိုးက ပြောသည်။

ငွေကြေးကုန်ကျမှု၊ တာဝန်ခံရမှုများနှင့်မဏ္ဍပ်တခု တည်ဆောက်ရခြင်းသည် စိတ်ရှုပ်စရာကောင်းလှသော်လည်း ကိုအောင်မြတ်ဖြိုးက စိုးရိမ်မှုနည်းပါးစွာဖြင့် သင်္ကြန်ကိုပျော်ရွှင်စွာ ဖြတ်သန်းလိုသည်ဟု ဆိုသည်။

“လူတိုင်း သင်္ကြန်မှာ ပျော်ချင်ကြတယ်၊ တကယ်လို့ စိုးရိမ်မှုတွေ နည်းမယ်ဆိုရင်၊ လူတွေ ပိုပျော်ကြလိမ့်မယ်”ဟုလည်း ကိုအောင်မြတ်ဖြိုးက ပြောဆိုသည်။

ဧရာဝတီ

၂၀၁၄ သင်္ကြန် အတွက် ပြင်ဆင်နေသည့် ရန်ကုန်မြို့က ရေကစား မဏ္ဍပ်တခု (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
၂၀၁၄ သင်္ကြန် အတွက် ပြင်ဆင်နေသည့် ရန်ကုန်မြို့က ရေကစား မဏ္ဍပ်တခု (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

၂၀၁၄ သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့က လူငယ်များ စိတ်အားထက်သန်စွာ ပြင်ဆင်နေကြပြီဖြစ်ပြီး ယခုနှစ် သင်္ကြန် ပွဲတော် သည် ရေကစားမဏ္ဍပ် ပိုများသည့်အတွက် စည်ကားသော သင်္ကြန်ပွဲတော် တခု ဖြစ်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

Care For Children ပရဟိတ အဖွဲ့နှင့် အတူ မိုးစက်ဝိုင်က မိဘမဲ့ ကလေး များအား လှူဒါန်း

Photo: Care For Children ပရဟိတ အဖွဲ့နှင့် အတူ မိုးစက်ဝိုင်က မိဘမဲ့ ကလေး များအား လှူဒါန်း
Monday, April 7, 2014

Miss Universe Myanmar မိုးစက်ဝိုင်နှင့်အတူ Care For Children New Generation ပရဟိတအဖွဲ့တို့မှ ၎င်းတို့အဖွဲ့၏ ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က တွံတေးမြို့နယ်ရှိ မိဘမဲ့ ကလေးများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းမှုမှာ တွံတေးမြို့နယ် ဘုရားကြီးကျေးရွာရှိ မင်္ဂလာ ပရဟိတ မိဘမဲ့ ကလေးဂေဟာသို့ သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အလှူငွေကျပ် သိန်း ၃ဝ ကျော် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလှူငွေများကို Care For Children အဖွဲ့မှ အဓိကပါဝင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကလေးများ ပျော်ရွှင်စေ ရန် နှင့်ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း လှူဒါန်းမှုပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း မိဘမဲ့ကလေးများ ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ စီစဉ်သူကိုတင်ထွဋ် ၏ ပြောကြားချက်အရ သိရသည်။ ''ကျွန်တော်တို့ အဖွဲ့အနေနဲ့ အရင်နှစ်တွေက ကလေးတွေကို စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပွဲလေးတွေလုပ်ခဲ့တယ်။ ခြောက်နှစ်ပြည့် နောက်ပိုင်းမှာတော့ နှစ်စဉ်ပုံမှန် လှူတဲ့ပွဲပဲ လုပ်ဖြစ်တော့တယ်။ ဒီပွဲမှာ အဓိကကတော့ ကလေးတွေကို ပျော်ရွှင်စေချင်လို့ပါ။
နောက်ပြီး ကျွန်တော်တို့ရဲ့ အလှူကိုလည်း နှစ်စဉ်ပြုလုပ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး လှူဖြစ်တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မိဘမဲ့ကလေးများအား လှူဒါန်းရာတွင Miss Universe Myanmar မိုးစက်ဝိုင်ကလည်း ပါဝင်ဖျော်ဖြေ တင်ဆက်ကြသည့် ကလေးများကို ငွေသားဆုများ ချီးမြှင့်ခဲ့သလို ကလေး များအား အာဟာရဒါနအနေဖြင့် (Smart Soy Milk) ပဲနို့များကိုလည်း ပါဝင်လှူဒါန်းခဲ့သည်။ ယခုအလှူ ပြုခဲ့ သည့် မိဘမဲ့ကလေးများ ဂေဟာတွင် ကလေး ၁ဝဝဝ ကျော်ရှိပြီး ယင်းတို့ထဲတွင် မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ ဟူ၍ သုံးမျိုးသုံးစားလုံး ရှိကြကြောင်း၊ ထို့အပြင် ၎င်းတို့ထဲတွင် နာဂစ်ဒေသများမှ လာသောကလေးများ၊ တိုင်းရင်း သား ဒေသမှ လာသောကလေးများနှင့် ဆင်းရဲနွမ်းပါးသော ကလေးများရှိကြောင်း၊ မိဘမဲ့ကလေးများအား စောင့်ရှောက်ထားသော မင်္ဂလာကျောင်း တိုက်မှ ကျောင်းထိုင် ဆရာတော်ကြီး၏ မိန့်ကြားချက်အရ သိရ သည်။

 မြ၀တီ 
Miss Universe Myanmar မိုးစက်ဝိုင်နှင့်အတူ Care For Children New Generation ပရဟိတအဖွဲ့တို့မှ ၎င်းတို့အဖွဲ့၏ ခုနစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က တွံတေးမြို့နယ်ရှိ မိဘမဲ့ ကလေးများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ အစိုးရကို ရှုံ့ချ

Photo: သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ အစိုးရကို ရှုံ့ချ
Monday, April 7, 2014

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သာသနာရေးဆိုင်ရာ သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း ၈၈မျိုးဆက်နှင့် မျိုးဆက်သစ်အဖွဲ့အစည်း(မလေးရှား)က သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းကြေညာချက်တွင် မဟာသန္တိသုခ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျောင်းတော် ကြီး စတင်တည်ထောင်သူ ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အား ကျောင်းတော် ကြီး မှ ထွက်ခွာရန် အမိန့်ပေး ညွှန်ကြားမှုသည်သာသနာတော် ဆိုင်ရာ ဝိနည်းကျင့်ဝတ်အရ လည်းကောင်း၊ ဥပဒေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှု အထောက်အထားများအရ လည်းကောင်း ဆန့်ကျင်နေသည် ဟု ယူဆကြောင်းသဖြင့်
ယင်းကိစ္စ၌ ပီနန်ဆရာတော်နှင့် အတူ တသားတည်း ရပ်တည်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လက်ပံတောင်းတောင် ဒေသရှိ လယ်တီသိမ်နှင့် စေတီတော် အား မြေလှန်ဖြိုခွဲဖျက်ဆီး၍ နေရာသစ်သို့ ပြောင်းရွေ့ခြင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အပြင်းအထန် ကန့်ကွက်ကြောင်း ကိုလည်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းကိုလည်း အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

ဝေလင်း
မြန်မာ့ခေတ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သာသနာရေးဆိုင်ရာ သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း ၈၈မျိုးဆက်နှင့် မျိုးဆက်သစ်အဖွဲ့အစည်း(မလေးရှား)က သဘောထားကြေငြာချက် တစ်စောင် ထုတ်ပြန်ထားကြောင်း သိရသည်။

လှည်းကူးတွင် ပုဒ်မ-၁၈၈ ဆက်လက်ထုတ်ပြန်ထားပြီးပြစ်မှုကျူးလွန်သူ သုံးဦးကို အင်းစိန်ထောင်သို့ပို့

လှည်းကူးမြို့နယ်တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့် အခြေအနေ တည်ငြိမ်သည်အထိ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ပြီး လူစု လူဝေး သွားလာခွင့်မပြုသည့် (ပုဒ်မ-၁၈၈) ကို ထုတ်ပြန်ထားမည်ဖြစ်ကြောင်း လှည်း ကူးမြို့မရဲစခန်းမှ ရဲမှူးခင်မြင့်က ပြောသည်။

ပုဂံနှင့်ပျူဒေသတွင် ရှေးဟောင်းသုတေသနဓာတ်ခွဲခန်းများနှင့် ပထဝီအချက်အလက်တည်ဆောက် စီမံခန့်ခွဲခြင်းများဆောင်ရွက်ရန် အီတလီထောက်ပံ့

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များထိန်းသိမ်းရေး အရည်အသွေး မြှင့်တင်ခြင်းစီမံကိန်းဒုတိယပိုင်း အတွက် အီတလီနိုင်ငံမှထောက်ပံ့ သောငွေကြေးကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများတွင် ထိန်း သိမ်းရေးနှင့် ပတ်သက်သောဓာတ်ခွဲ ခန်းများထားရှိရန်နှင့်ပထဝီဆိုင်ရာ သတင်းအချက်အလက်များတည်ဆောက် ပြီး ရှေးဟောင်း အမွေအနှစ် စီမံခန့်ခွဲရာတွင် အသုံးပြုရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းယဉ်ကျေးမှု ဝန်ကြီးဌာနမှ အတည်ပြုသည်။

ပျောက်ဆုံးမလေးရှားလေယာဉ်မှ လာသည်ဟုယူဆရသော အသံလှိုင်းများ ကို တရုတ်နှင့် သြစတြေးလျသင်္ဘောများက ထောက်လှမ်းရရှိ

တရုတ်နှင့် သြစတြေးလျသင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ရှာဖွေ ဧရိယာများ အတွင်း ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေကြစဉ် အသံလှိုင်း(ဒေါင်ခနဲ၊ တိန်ခနဲမြည်သံ)များကို ထောက်လှမ်းရရှိ ထားပြီး ယင်း အသံလှိုင်းများမှာ ပျောက်ဆုံးလေယာဉ်မှလာသော အသံလှိုင်းများ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ပုံဖော်စစ်ဆေးနေကြဆဲဖြစ်ကြောင်း သိရသည်။

အစိုးရမှမလိုက်လျောနိုင်ခြင်းများမရှိသကဲ့သို့တိုင်းရင်းသားများဘက်မှလည်း အဓမ္မတောင်းဆိုမှုများ မရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးသူ များပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားများ၏ ပြည်လုံး ကျွတ် အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ အချိန်ယူဆွေးနွေးမှု နောက်ကွယ် တွင် အစိုးရမှမလိုက် လျောနိုင်ခြင်းများမရှိသကဲ့သို့ တိုင်း ရင်းသားများဘက်မှလည်း အဓမ္မ တောင်း ဆိုနေခြင်းများမရှိကြောင်း NCCT ခေါင်းဆောင်များက ရန်ကုန်မြို့၌ပြုလုပ်သော တစ်နိုင် လုံးအပစ်အခတ် ရပ်စဲရေးမူကြမ်း ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲနှစ် ရက်မြောက်နေ့ဖြစ်သော ဧပြီ ၆ ရက်နေ့တွင်ပြော ကြားသည်။

DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ DVB သတင်းထုတ်ပြန်ကြေညာချက်

မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှ င့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်နေ့တွင် မကွေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောလွှတ်တော်ကိုယ်စားလှယ် သန်းခေါင်စာရင်း အကောက်မခံ

ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာလျက်ရှိရာတွင် ပြည်ခိုင်ဖြိုးပါတီဝင် မောင်တောမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မျိုးမင်း(ခ)ဂျာဟင်ကီးရ်က သန်းခေါင်စာရင်း အကောက်မခံကြောင်း သန်းခေါင်စာရင်း ကောက်ခံ သူ များက ပြောသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုအား လက်မခံနိုင်ကြောင်း တရုတ်ဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi ပြောကြား

Photo: တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုအား လက်မခံနိုင်ကြောင်း တရုတ်ဝမ်ပေါင်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi ပြောကြား
Monday, April 7, 2014

လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသော တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုလာမှုအား လက်မခံနိုင်ကြောင်း မြန်မာ ၀မ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi က ပြောကြားသည်။

ဒေသခံများ၏ လယ်ယာမြေဧက ၆၄၉၀ ကျော်အား လက်ပံတောင်းတောင် စီမံကိန်း လုပ်ဆောင်ရန် သိမ်းယူခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်လာသည့် ဒေသခံ မိရိုးဖလာ လယ်ယာလုပ်ကိုင်သူများ အနေဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတွင် လစာငွေ အလွန်နည်းပါးစွာဖြင့် အလုပ်လုပ်ကိုင်နေရသဖြင့် မတ်လ ၂၂ ရက်က အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဆန္ဒပြတယ်လို့ သုံးလို့မရပါဘူး။ သူတို့က ကျွန်တော်တို့ဝန်ထမ်း မဟုတ်သေးပါဘူး။ အလုပ်သင် သင်တန်းသားအဆင့်ပဲ ရှိပါသေးတယ်။ သူတို့က ကျွန်တော်တို့ တရားဝင်ဝန်ထမ်း မဟုတ်သေးပါဘူး။ သူတို့ သင်တန်းတက်နေတာ ငါးလရှိပါပြီ။ သင်တန်းပြီးသွားမှ အလုပ်ခန့်ရမှာပါ။ ဒီလို မခန့်ခင်မှာ သူတို့ရဲ့ဆန္ဒပြမှု ဖြစ်လာတာပါ။ သူတို့ရဲ့ တောင်းဆိုမှုကို လက်မခံနိုင်ပါဘူး။ ကိုယ်ကလည်း သူတို့ကို ကြိုက်မှခန့်မယ်။ သူတို့ကလည်း ကိုယ့်ကိုကြိုက်မှ လာလုပ်ပေါ့။ တဖြည်းဖြည်းနဲ့ ဒေါ်လာ ၁၈၀ လောက်အထိ ရလာနိုင်ပါတယ်။ သင်တန်းတက်နေရင်းနဲ့လည်း ထောက်ပံ့ကြေး ကျပ်တစ်သိန်းကျော် ပေးထားပါတယ်။ ကုမ္ပဏီအနေနဲ့ ပိုက်ဆံရင်းထားတာ ရှိပါတယ်။ သင်တန်းပြီးသွားရင်လည်း လုပ်ငန်းခွင်မှာ ပြန်ဝင်ဖို့ မျှော်လင့်ပါတယ်” ဟု Mr.Geng Yi က ဆိုသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြသူ အငယ်တန်းလုပ်ငန်းအော်ပရေတာ သင်တန်းသားများအား ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာအား မတ် ၂၉ ရက်ရက်စွဲဖြင့် သင်တန်းသားဝန်ထမ်းများထံ ပေးပို့ခဲ့သည်။

အဆိုပါ ပေးပို့စာတွင် လုပ်သားများအတွက် ရွေးချယ်စရာ နည်းလမ်းသုံးခုအား ဖော်ပြထားကြောင်း သိရသည်။ 

Eleven Media Group

ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ပူးပေါင်းလုပ်ဆောင်သည့် စံပါယ်တောင် ကြေးစင်တောင်စီမံကိန်းမှ မြန်မာလုပ်သားများကို တွေ့ရစဉ် 
ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီ ပူးပေါင်းလုပ်ဆောင်သည့် စံပါယ်တောင် ကြေးစင်တောင်စီမံကိန်းမှ မြန်မာ လုပ်သား များကို တွေ့ရစဉ်

လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်နေသော တရုတ်ကုမ္ပဏီ တစ်ခုဖြစ် သည့် မြန်မာ ၀မ်ပေါင်ကုမ္ပဏီမှ ဒေသခံ မြန်မာလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးရန် တောင်းဆိုလာမှုအား လက်မခံနိုင်ကြောင်း မြန်မာ ၀မ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi က ပြော ကြားသည်။

သီလ၀ါဆိပ်ကမ်း၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေ ကုန်တင် ဆိပ်ကမ်းနှင့် ကုန်သေတ္တာတင်ဆိပ်ကမ်းနှစ်ခု တည်ဆောက်ရန် တင်ဒါခေါ်ယူမည်


သီလ၀ါဆိပ်ကမ်း တစ်နေရာကို တွေ့ရစဉ်

သီလ၀ါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေ ကုန်တင် ဆိပ်ကမ်းတစ်ခုနှင့် ကုန်သေတ္တာတင်ဆိပ်ကမ်း တည်ဆောက်ရန် တည်ဆောက်ရေးတင်ဒါနှင့် ပစ္စည်းဝယ် ယူရေးတင်ဒါများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပစ်ရပ်မူကြမ်းအတွက် စကားလုံးသုံးနှုန်းမှု မတူညီခြင်းကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေး

Photo: အပစ်ရပ်မူကြမ်းအတွက် စကားလုံးသုံးနှုန်းမှု မတူညီခြင်းကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေး
Monday, April 7, 2014

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ( NCCT) တို့ ရေးဆွဲထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရာ စကားလုံးအသုံးအနှုန်းများ ကွာဟနေသဖြင့် ရလဒ် တစ်စုံတစ်ရာ မထွက်ရှိခဲ့ဘဲ ထပ်မံဆွေးနွေးရန် နှစ်ဖက် သဘောတူညီခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ နာဂပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းက ဧပြီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ မူကြမ်း နှစ်ခုကို ပူးပေါင်းပြီး အပစ်ရပ် မူကြမ်း တစ်ခုတည်း ရေးဆွဲရန် မူလက သတ်မှတ်ထား သည့် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ဆွေးနွေးမှု ရလဒ် တစ်စုံတစ်ရာ တိကျစွာ မထွက်ရှိခဲ့သဖြင့် ဧပြီ ၇ ရက်၊ နံနက် ၉ နာရီမှ စ၍ ထပ်မံဆွေးနွေးရန် နှစ်ဖက်သဘောတူညီထားသည်။

ဦးလှထွန်းက “တကယ်ဆို အစက သတ်မှတ်ထား သလိုပဲ ၂ ရက်နဲ့ ပြီးရမယ်ဆိုတာ မှန်တာပေါ့ဗျာ။ ဒီ အစည်းအဝေးမတိုင်ခင်ကတည်းကသာ အပြင်မှာ တစ်ဖက်ကို ကိုယ်စားလှယ် ၄၊ ၅ ယောက်စီနဲ့ ရေးထား တဲ့မူတွေကို အရင်ပြမယ်ဆိုရင် ဒီလိုစကားလုံး အသုံးအနှုန်းတွေက ခုမှ ပြင်စရာမလိုဘူး။ အခုက လိုရင်း မရောက်သေးဘူး၊ ထပ်အသေးစိတ်ဆွေးနွေးရမယ်”ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်း ရေးစင်တာတွင် ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် ကျင်းပခဲ့ ပြီး ဧပြီ ၆ ရက်တွင် NCCT ဘက်မှ ကိုယ်စားလှယ် ကိုးဦးနှင့် အစိုးရဘက်မှ ကိုယ်စားလှယ် ကိုးဦးတို့က အပစ်ရပ်မူကြမ်းအတွက် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်သဘောတူ အပစ်ရပ်မူကြမ်းတစ်ခုတည်း ရေးဆွဲ ပြီးပါက အဆိုပါမူကြမ်းပေါ်မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးမည်ဖြစ်သည်။

အပစ်ရပ်မူကြမ်းအတွက် စကားလုံး အသုံးအနှုန်း ကွဲပြားနေသည်များမှာ အစိုးရဘက်မှ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်များ ချုပ်ဆိုသော”ဟု သုံးနှုန်းထားပြီး၊ NCCT ဘက်က မူကြမ်းတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေး အဖွဲ့များအကြား ချုပ်ဆိုသော” စသည်ဖြင့် မတူညီသော အချက်များရှိနေပြီး ယင်းအချက်များကို ညှိနှိုင်းနေရ ခြင်းဖြစ်သည်ဟုလည်း ဦးလှထွန်းကဆိုသည်။

ဦးလှထွန်းက ““မူကြမ်းမှာ တိုင်းရင်းသားတွေဘက်က စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ဆိုတာမျိုး သုံးချင်တယ်၊ အစိုးရဘက်က အခြေခံဥပဒေနဲ့ မကိုက်ညီလို့ တူညီတဲ့ စကားလုံးရှာမယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ဆိုတာမျိုး သုံးမရဘူးဆိုတာတွေ။ အဓိကကတော့ ဒီနှစ်မျိုးပဲ”ဟု ပြောသည်။

နှစ်ဖက်ရေးဆွဲထားသည့် မူကြမ်းများမှာ အခန်းများ၊ ရည်ရွယ်ချက်များ ဆိုင်ရာ အချက်အလက်များမှာ တူညီ သလောက် ဖြစ်နေသော်လည်း စကားလုံး အသုံးအနှုန်းများကြောင့် အဓိပ်္ပာယ်ကွာဟမှုများ ဖြစ်လာနိုင် သည်ကို ဆက်လက်ညှိနှိုင်းနေရခြင်း ဖြစ်သည်ဟုလည်း ဦးလှထွန်းက ဆိုသည်။

ဆွေးနွေးပွဲတွင် မူကြမ်းတစ်ခုလုံး ဆွေးနွေးသွားရန် စီစဉ်ထားပြီး လက်ရှိအခန်း ခုနစ်ခန်းအနက် အခန်း(၁) ကိုသာ ဆွေးနွေးဖြစ်သည်ဟုလည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ အကြီးတန်း အရာ ရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

“နောက်ရက်တွေမှာထပ်မံ ဆွေးနွေးမယ်။ မူကြမ်းတစ်ခုလုံးကို ပြီးပြတ်ဆွေးနွေးဖို့တော့ စီစဉ်ထားတယ်၊ ခေါင်းဆောင်တွေကတော့ ဘယ်လိုလုပ်မယ် မပြောတတ်သေးဘူး”ဟု ၎င်းက ဆိုသည်။

အပစ်ရပ် မူကြမ်းရေးဆွဲရေးအတွက် ဧပြီ ၅ ရက် ဆွေးနွေးပွဲတွင် NCCT မှ ကိုယ်စားလှယ်ခေါင်းဆောင် များ အပါအ၀င် တစ်နိုင်ငံလုံး အပစ်ရပ်ရေးတွင် ပါဝင်ဆွေးနွေးထားခြင်း မရှိသေးသည့် ပြည်နယ်အဆင့် အပစ်ရပ်ထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပစ်ရပ်ရေး မပြုလုပ်ထားသည့် အဖွဲ့ကိုယ် စားလှယ်များ၊ အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လွှတ် တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ကိုယ်စားလှယ်များ တတ်ရောက်ကာ ဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးမူကြမ်း ရေးဆွဲရာတွင် အခန်းခုနစ်ခန်းဖြင့် ရေးသားမည်ဖြစ် ကာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်မည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာအာမခံချက်များ အစရှိသည့် အခန်းများ ပါဝင်မည် ဖြစ်သည်။

Mizzima - News in Burmese
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ( NCCT) တို့ ရေးဆွဲထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရာ စကားလုံးအသုံးအနှုန်းများ ကွာဟနေသဖြင့် ရလဒ် တစ်စုံတစ်ရာ မထွက်ရှိခဲ့ဘဲ ထပ်မံဆွေးနွေးရန် နှစ်ဖက် သဘောတူညီခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ နာဂပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းက ဧပြီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံဖွံ့ဖြိုးမှုနှုန်းသည် ပညာရေးဖွံ့ဖြိုးမှုအပေါ် အမှီပြုနေ၍ စာ တတ်မြောက်ရေး လှုပ်ရှားမှုကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တက်ကြွစွာ အကောင်အထည်ဖော်ရန် သမ္မတတိုက်တွန်း

Photo: နိုင်ငံဖွံ့ဖြိုးမှုနှုန်းသည် ပညာရေးဖွံ့ဖြိုးမှုအပေါ် အမှီပြုနေ၍ စာ တတ်မြောက်ရေး လှုပ်ရှားမှုကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တက်ကြွစွာ အကောင်အထည်ဖော်ရန် သမ္မတတိုက်တွန်း
Monday, April 7, 2014

စာတတ်မြောက်ရေး လှုပ်ရှားမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဧပြီ ၆ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် မိုးကောင်းကျေးရွာအုပ်စု စံပြရွာ၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်ဟု ဧပြီ ၆ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ယင်းနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် လုံးဝအမှီသဟဲ ပြုနေသည့်အတွက် ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး မြင့်မားလာစေရန် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မသင်မနေရ အခမဲ့ မူလတန်းပညာရေးကို အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းထားပြီး ယင်းသို့ အကောင်အထည်ဖော်ရာတွင် လူတိုင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသည် တစ်ခုအပါအ၀င် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

စာတတ်မြောက်ရေး လှုပ်ရှားမှုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများတွင် အခြေခံအကျဆုံးနှင့် အရေးပါဆုံးအဖြစ် အလေးထားအားပေး မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုး အသီးသီး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားများကိုပါ ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်ထွန်းလာအောင် အားပေးမြှင့်တင်ရမည် ဖြစ်သည်ဟုလည်း သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စာမတတ်သူဦးရေ စာရင်းကောက်ယူပြီး အပိုင်းနှစ်ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိရာ အသက် ၁၅ နှစ်အောက် မူလတန်းကျောင်းနေအရွယ် ကလေးများအနက် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေခွင့် မရရှိသူများအတွက် မူလတန်းပညာ ပြီးမြောက်အောင် သင်ယူခွင့် လမ်းဖွင့်ပေးထားသည့် ကျောင်းပြင်ပ မူလတန်းပညာရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ်လွန် စာမတတ်သူများအတွက် ကျောင်းပြင်ပပညာရေး အစီအစဉ်ဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

Eleven Media Group 

စဥ့်ကိုင်မြို့နယ်၌ ကျင်းပသည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတက ဒေသခံများကို နှုတ်ဆက်နေစဉ်
စဥ့်ကိုင်မြို့နယ်၌ ကျင်းပသည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတ က ဒေသခံ များကို နှုတ် ဆက်နေ စဉ်

စာတတ်မြောက်ရေး လှုပ်ရှားမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဧပြီ ၆ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်မြို့နယ် မိုးကောင်းကျေးရွာအုပ်စု စံပြရွာ၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြော က်ရေး လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်ဟု ဧပြီ ၆ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက်အရ သိရသည်။

ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း

Photo: ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း
Monday, April 7, 2014

ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိမ်မှုတွေကို တုန့်ပြန်ဖို့ နိုင်ငံရဲ့လုံးခြုံရေး တာဝန်ခံတွေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတယ်။

Donetskမြို့မှာ ဆန္ဒပြပွဲတွေက အကြမ်းဆုံးဖြစ်ပြီး မြို့လယ် ရင်ပြင်ရှိ လူအုပ်ထဲကနေ ခွဲထွက်ကာလူတစုက အစိုးရရုံးစိုက်ရာ အဆောက်အအုံကို သိမ်းပိုက်ခဲ့ပါတယ်။

အဓိကရုန်း နှိမ်နင်းရေး ရဲတွေနဲ့ ရင်ဆိုင်ပြီး ပိတ်ထားတဲ့ ကြားက အဆောက်အုံထဲဝင်ကာ ရုရှားအလံနဲ့ စာတန်းတခုကိုလွှင့်ထူခဲ့ပါတယ်။ အပြင်က လူအုပ်ကြီးက အော်ဟစ် ထောက်ခံခဲ့ကြပါတယ်။

အစိုးရရုံးကို ဝင်တိုက်သူပေါင်းတထောင်လောက်ရှိမယ်လို့ ဒွန်းညက်ရဲ့တပ်ဖွဲကပြောပါတယ်။

သောင်းချီတဲ့ရုရှားတပ်သားတွေကို နယ်စပ်တလျှောက်ဖြန့် ထားတဲသတင်းတွေ ထွက်နေပြီးယူကရိန်းနဲ့ ရှားကြား တင်းမာမှု အရှိန်မြင့်နေပါတယ်။

တချိန်ထဲမှာဘဲ ယူကရိန်း မြို့တော်မှအစိုးရ အဖွဲ့သစ်အနေနဲ့လည်း ရုရှားစကားပြောတဲ့ ပြည်နယ်လူထုတွေက ဆက်တိုက်ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ရုရှား သမ္မတပူတင်ကတော့ ယူကရိန်းရှိ ရုရှား ဘာသာစကားပြောတဲ့ လူတွေကို အကာအကွယ်ပေးတဲ့ အနေနဲ့ မော်စကို အစိုးရဟာ စစ်ရေးအရ ဝင်စွက်ဖက်ခွင့် ရှိတယ်လို့ပြောနေပါတယ်။

ယူကရိန်း ခေါင်းဆောင်တွေကတော့ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မငြိမ်မသက်ဖြစ်အောင် ရုရှားအစိုးရက မြှောက်ပေးနေတယ်လို့စွပ်စွဲလိုက်ပြီး သူတို့တိုင်းပြည်ကို ဝင်တိုက်ရင်ခုခံ ကာကွယ်သွားမယ်လို့ ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ယူကရိန်း ဆန္ဒပြသူတွေကို ရဲကနှိမ်နင်း
ယူကရိန်း ဆန္ဒပြသူတွေကို ရဲကနှိမ်နင်း

ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျကf လိုက်ပြီး မတည်ငြိမ်မှုတွေကို တုန့်ပြန်ဖို့ နိုင်ငံရဲ့လုံးခြုံရေး တာဝန်ခံတွေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတယ်။

ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ

Photo: ယူကရိန်းအစိုးရရုံးတချို့ ရုရှားလိုလားသူတွေ စီးနင်းခံရ
Monday, April 7, 2014

ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး ရုရှားအလံတွေ လွှင့်ထူပြီး ဒေသဆန္ဒ ခံယူပွဲတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံအရှေ့ပိုင်း မြို့ကြီး တခုဖြစ်တဲ့ Donetsk မှာ ကြီးမားတဲ့လူတစုဟာ ဒေသခံအစိုးရ အဆောက်အဦး ထဲကို အတင်းဝင်ရောက်သွားကြပြီး တခါးတွေကို ပိတ်ဆို့ထားကာ ပြူတင်းပေါက်ကနေ ရုရှားအလံတခုကို လွှင့်ထူလိုက်ပါတယ်။

ဒီရုံးအောက်က မြို့ရင်ပြင်မှာလည်း ရာနဲ့ချီတဲ့ လူတွေစုဝေးနေကြပြီး ရုံးထဲကလူတွေကနေ ယူကရိန်းအလံကို ပြူတင်းပေါက်ကနေ လွှတ်ပစ်ချလိုက်တာကို ဝိုင်းပြီး သြဘာပေးနေကြပါတယ်။

အနီးနားက နောက်မြို့ကြီးတခုဖြစ်တဲ့ Luhansk မှာလည်း ဆန္ဒပြသူတွေက အစိုးရအဆောက်အအုံတခုထဲဝင်ရောက်နိုင်ခဲ့ပြီး အပြင်ဘက်မှာတော့ တုတ်ကိုင်ထားတဲ့လုံထိန်းတွေနဲ့ မျက်နှာဖုံးစွပ်ဆန္ဒပြသူတွေ အပြန်အလှန်တိုက်ခိုက်နေကြပါတယ်။ ဆန္ဒပြသူတွေဘက်က လေထဲမှာ ဗျောက်အိုးတွေ ပစ်ဖောက်လိုက်ပြီး တချို့ကဆိုရင် လုံထိန်းတွေရဲ့ အကာအရံ သတ္တုဒိုင်းတွေကို ခြေထောက်နဲ့ကန်ပြီး ဆွဲလုခဲ့ကြပါတယ်။

ယာယီ ယူကရိန်းသမ္မတရဲ့ ပြောခွင့်ရသူ Oleksandr Turchnyov က ဒီဆန္ဒပြပွဲတွေကြောင့် သူ့အနေနဲ့ တနင်္ဂနွေနေ့သွားမယ့် လီသူရေနီးယားနိုင်ငံခရီးစဉ်ကို ဖျက်လိုက်ရပြီး Kyiv မြို့တော်မှာ လုံခြုံရေးအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေး ထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov ကလည်း ဒီဆူပူမှုတွေဖြစ်အောင် ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတဟောင်း Victor Yanukovych တို့နောက်ကနေ လှုံ့ဆော်ပြီး ငွေထောက်ပံ့ပေးနေတယ်လို့ လူမှုရေးအင်တာနက်စာမျက်နှာမှာ စွပ်စွဲလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လူထုဆန္ဒ ခံယူပွဲကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြနေတဲ့ ယူကရိန်း နိုင်ငံအတွင်းက ရုရှား လိုလားသူ များ။ (ဧပြီလ ၆၊ ၂၀၁၄)





လူထုဆန္ဒ ခံယူပွဲကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြနေတဲ့ ယူကရိန်း နိုင်ငံအတွင်းက ရုရှား လိုလားသူ များ။ (ဧပြီလ ၆၊ ၂၀၁၄)

ယူကရိန်းနိုင်ငံမှာ ရုရှားထောက်ခံတဲ့ ဆန္ဒပြလူစုကြီးဟာ နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး ရုရှားအလံတွေ လွှင့်ထူပြီး ဒေသဆန္ဒ ခံယူပွဲတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လိမ်ညာသွားတဲ့ ရည်းစားဟောင်းကို အကောင်းဆုံး ဂလဲ့စားချေပြမယ်လို့ဆိုတဲ့

Photo: လိမ်ညာသွားတဲ့ ရည်းစားဟောင်းကို အကောင်းဆုံး ဂလဲ့စားချေပြမယ်လို့ဆိုတဲ့
Monday, April 7, 2014

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ် Kate Upton ကတော့ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းကို ဂလဲ့စားချေမယ်ဆိုရင် သူ့ကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဟာ အကောင်းဆုံး လက်စားချေနည်းပဲလို့ ဖွင့်ဟသွားပါတယ်။ သူမက ‘ကိုယ့်ဘ၀နဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး သူ့အတွက် တစ်စက္ကန့်လောက်တောင် အချိန်မပေးဘဲ နေ့စဉ်ဘ၀တွေကို ဖြတ်သန်းခြင်းဟာ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းအတွက် အကောင်းဆုံးဂလဲ့စားချေနည်းပါပဲ’တဲ့။

The Other Woman ရဲ့ စတားဖြစ်တဲ့ Kate Upton ဟာ သူမ ပေါ်ပြူလာဖြစ်တယ်၊ မဖြစ်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ‘ကျွန်မကတော့ ကျွန်မတတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တဲ့အတွက် ဒီကျော်ကြားမှုတွေက ကျွန်မကို ဖိအားမပေးပါဘူး။ ကိုယ်ကြိုးစားနိုင်သလောက် ကြိုးစားသွားမယ်။ ကိုယ်လုပ်နိုင်သလောက်ပေါ့’လို့လည်း ဆိုသွားပါတယ်။

Kate နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ Cameron Diaz ကလည်း ကျော်ကြားမှုဆိုတဲ့အရာအပေါ် Kate နဲ့ တူညီတဲ့ အမြင်မျိုးရှိနေပါတယ်။ သူတို့ဟာ တစ်ခြားသူတို့နဲ့ ကွဲပြားခြားနားနေတယ်လို့ မမြင်မိဘဲ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ စောင့်ကြည့်နေသူတွေ အဖြစ်နဲ့ ရပ်တည်နေကြပါတယ်။ ဒါကို Cameron Diaz က ‘ကိစ္စရပ်တွေ၊ အကြောင်းအရာတွေ အများကြီးအတွက်တော့ ကိုယ့်ကိုယ်ကိုယ် စိတ်ပူမနေအားပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ တစ်နေ့တာ လိုအပ်ချက်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အာရုံထားရမယ်။ ဒါဆို အခြားဘယ်အရာတွေကိုများ စိတ်ပူဖို့လိုနေသေးလို့လဲ။ ဘ၀ကြီးက အေးအေးဆေးဆေး သာသာယာယာပါပဲ’လို့ Star မဂ္ဂဇင်းမှာ ပြောသွားပါတယ်။

Trend Myanmar
အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ် Kate Upton ကတော့ ကိုယ့်ကိုညာသွားတဲ့ ရည်းစားဟောင်းကို ဂလဲ့ စားချေ မယ်ဆိုရင် သူ့ကိုလျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဟာ အကောင်းဆုံး လက်စားချေနည်းပဲလို့ ဖွင့်ဟသွားပါတယ်။ သူမက ‘ကိုယ့်ဘ၀နဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြီး သူ့အတွက် တစ် စက္ကန့်လောက်တောင် အချိန်မပေးဘဲ နေ့စဉ်ဘ၀တွေကို ဖြတ်သန်းခြင်းဟာ ကိုယ့်ကိုညာသွားတဲ့ ရည်း စားဟောင်း အတွက် အကောင်းဆုံးဂလဲ့စားချေနည်းပါပဲ’တဲ့။

KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် နေရပ်ပြန် မှော် သူ မှော် သားများ အဆမတန်များပြား

Photo: KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် နေရပ်ပြန် မှော် သူ မှော် သားများ အဆမတန်များပြား
Monday, April 7, 2014

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ အလုပ် လုပ်ကိုင်နေကြသော မှော်သူမှော်သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။
“ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒီမြို့ပေါ်ကို မှော်ထဲကလူတွေ ပြန်ဝင်လာကြတာပဲ ၊ တော်တော်များ တယ်၊ အခုထက်ထိ ၀င်လာ နေကြတုန်းပဲ ” ဟု တနိုင်းမြို့ခံ တစ်ဦးက ပြောသည်။

ပယင်းမှော်နှင့် အနီးတစ်ဝိုက်ရှိ ညောင်ပင်ကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာ ကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ နဂါးအိုင် မှော်တို့၌ နေထိုင်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ တိုက်ပွဲများဖြစ်လာတော့မည်ဖြစ်၍ အသက်အန္တရာယ်ကို တာဝန် မယူနိုင်ကြောင်းနှင့် မှော်များမှ ချက်ချင်းထွက်သွားရန်၊ မသွားပါက KIA အဖွဲ့ထဲဝင်ရမည်ဟု ပြောဆိုမှု ကြောင့် အဆိုပါမှော်များမှ ပြန်လာကြရခြင်း ဖြစ်ကြောင်း တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်ကျင်းသားတစ်ဦး က ပြောကြားသွားသည်။

“ လုပ်လက်စ အလုပ်တွေ ဆက်မလုပ်ရတော့ ပစ္စည်းတွေလည်း ဒီအတိုင်း ထားခဲ့ရတယ်၊ မပြန်ရင်လည်း KIA ကခေါ်သွားမှာဆိုတော့ ပြန်ခဲ့ရတာပေါ့၊ အခု မန္တလေးကို ပြန်ကြမှာပါ၊ မိသားစုလိုက်ဆိုတော့ လမ်းစရိတ်က တော် တော်ကုန်မှာ၊ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်လာရင် အသက်အန္တရာယ်ရှိ တာကြောင့် ပြန်ဖို့ဆုံးဖြတ်ခဲ့ကြ တာပါ” ဟု မန္တလေးဘက်မှ လာရောက်လုပ် ကိုင်သော မအေးမြင့် ကဆိုသည်။

ဧပြီလ ၄ ရက်နေ့မှစ၍ တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ ယနေ့အချိန်ထိ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး စုစုပေါင်း အင်အား (၅၀၀၀) ကျော်ခန့် ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ပါ ပြန်နေကြတာတွေ့တယ်၊ မြို့ထဲမှာ အဲဒီလို ရုတ်ရုတ်သဲသဲဖြစ်ရင် စိုးရိမ်ရ ပါတယ်၊ KIA က အတင်းမှောင်း ထုတ်လို့ ပြန်လာကြရတာဆိုတော့ မကြာခင် တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ် ဆိုပြီး ပြောနေကြပါတယ်၊ ဒီနယ်မြေဒေသတွေကတော့ ဘယ်တော့များမှ ငြိမ်းချမ်းမလဲ မသိပါဘူး ” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် ကိုဂျွန်နော်ဆိုင်း ကပြောသည်။

တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်သူမှော်သားများသည် တနိုင်း - မြစ်ကြီး နား လမ်းနှင့် အင်ဂါးဂါး - နန်ဗျူ - ကောင်းရာလမ်း အတိုင်း နေရပ်အသီးသီး သို့ ပြန်လည်ထွက်ခွာနေကြကြောင်း သိရှိရပါသည်။

မနောသစ်
Kachin Daily News
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ အလုပ် လုပ်ကိုင်နေ ကြသော မှော်သူမှော်သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု ယခင်နှစ်ထက် များပြားပြီး အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော် လွန်လက်ခံနေရ

Photo: သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု ယခင်နှစ်ထက် များပြားပြီး အချို့တရားစခန်းများတွင် သတ်မှတ်လူဦးရေထက် ကျော် လွန်လက်ခံနေရ
Monday, April 7, 2014

ယခုနှစ် သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိနေပြီး စာရင်းပေးသွင်းသူ အများစုမှာ လူငယ်များဖြစ်ကြောင်း အဆိုပါ တရားစခန်းများမှ သိရသည်။

“အစ်မတို့ဆီမှာ သင်္ကြန်တရားစခန်းဝင်ဖို့ စာရင်းပေးသွင်းထားတဲ့သူက အရင်နှစ်ကထက် ပိုများတယ်။ အယောက် ၇၈၀ လောက် ရှိတယ်။ ဒါတောင် နယ်ကလာတဲ့သူတွေ မပါသေးဘူး။ ရန်ကုန်ကလူတွေ များနေလို့ စာရင်းပိတ်လိုက်တာပါ။ တရားစခန်းဝင်တဲ့သူတွေက ၀န်ထမ်းတွေများတယ်။ နောက်ပြီး အသက် ၁၆ နှစ်ကနေ ၅၀ ၀န်းကျင်လောက်အထိ ၀င်ကြတာများတယ်။ လူငယ်တွေက ပိုများပါတယ်” ဟု ပုညာရာမ မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှ သိရသည်။

“ညီမတို့က ဒီနှစ်တော့ သူငယ်ချင်းတွေစုပြီး မိုးကုတ်ဝိပဿနာ ကျောင်းမှာ တရားစခန်းဝင်ဖို့ စာရင်းပေးထားတယ်။ အရင်နှစ်တွေကတော့ သင်္ကြန်ကို မဏ္ဍပ်ထိုင်တယ်။ ဒီနှစ်တော့ နေလဲအရမ်းပြင်းတယ်။ အိမ်ကလည်း အန္တရာယ်ဖြစ်မှာစိုးလို့ သင်္ကြန်ကို မဆော့ခိုင်းဘူး။ အဲဒါကြောင့် တရားစခန်း ၀င်ဖြစ်တာပါ။ တရားစခန်းဝင်တာ ဒီနှစ်နဲ့ဆိုရင် နှစ်ခေါက်ရှိပါပြီ” ဟု တာဝတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ မမိုးမေသူက ပြောကြားသည်။

သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားသည့် တရားစခန်းအချို့မှာ ညောင်ကန်အေး သာသနာ့ရိပ်သာ၊ မြိုင်မဟာစည်၊ မေတ္တာအေး မဟာစည် သာသနာ့ရိပ်သာ၊ သဒ္ဓမ္မပါလ ဓနုဖြူတိုက်သစ်၊ မင်းကွန်း ပဋိပတ္တိ သာသနာ့နုဂ္ဂဟအသင်းချုပ်၊ စွန်းလွန်းဂူကျောင်းတိုက်၊ သဲအင်းဂူနှင့် မိုးကုတ်ဝိပဿနာ စသည့်တရားစခန်းတို့ ဖြစ်ကြသည်။

၎င်းအပြင် အဆိုပါ တရားစခန်းများတွင် တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှုများ ပိတ်သိမ်းလိုက်ပြီဖြစ်သော်လည်း လာရောက်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း သိရသည်။ အချို့သော ကျောင်းတိုက်များတွင် ဦးရေ ၁၅၀၀ ခန့်သာ လက်ခံသော်လည်း လာရောက်စာရင်းပေးသူ များပြားသောကြောင့် ၁၇၀၀ ခန့်အထိ တိုးမြှင့်လက်ခံခဲ့ရကြောင်း သိရသည်။

“ဒီကျောင်းမှာ တရားစခန်းဝင်တဲ့ သူတွေက နှစ်တိုင်း ၁၅၀၀ လောက်ရှိတယ်။ ဒီနှစ်ဆိုရင် ၁၇၀၀ လောက်အထိ စာရင်းလာပေးသွင်းကြတယ်။ သင်္ကြန်တွင်းဆိုရင် ဓမ္မာရုံထဲမှာတောင် နေရာမဆံ့တော့လို့ တရားစခန်းဝင်တဲ့သူတွေ၊ ယောဂီတွေအပြင် ထွက်ပြီးတော့တောင် တရားအားထုတ်ရတဲ့အထိ များပါတယ်။ တရားစခန်း ၀င်တဲ့သူတွေကတော့ တစ်နှစ်ထက်တစ်နှစ် တိုးနေတာပါပဲ” ဟု စွန်းလွန်းဂူကျောင်းတိုက်မှ သိရသည်။

“အစ်မက ဓမ္မဇောတိ ၀ိပဿနာ ရိပ်သာမှာ တရားစခန်းဝင်ဖို့ စာရင်းပေးတာ။ ပြည့်သွားလို့ မှော်ဘီမှာရှိတဲ့ သူတို့ရိပ်သာခွဲကို လွှဲပေးတယ်။ မှော်ဘီမှာလည်း ပြည့်သွားလို့ မအူပင်မှာရှိတဲ့ ဓမ္မဇောတိရိပ်သာမှာပဲ စာရင်းပေးသွင်းလို့ရတော့ အခု မအူပင်မှာ သွားဝင်မှာပါ” ဟု မသဉ္ဇာဝင်းက ပြောကြားသည်။

“အစ်မတို့ ဓမ္မာဇောတိ ၀ိပဿ နာ သာသနာ့ရိပ်သာက အမျိုးသမီး ၁၅၀ နဲ့ အမျိုးသား ၇၀ ပဲ လက်ခံတယ်။ စာရင်းကတော့ မတ် ၂၆ ရက်ကတည်းက ပိတ်လိုက်တာပါ။ ဒါပေမဲ့ လာလျှောက်တဲ့သူတွေကတော့ အခုထိ ရှိနေတုန်းပါပဲ။ မှော်ဘီမှာရှိတဲ့ အစ်မတို့ ရိပ်သာခွဲကို လွှဲပေးတယ်။ ဒါပေမဲ့ မှော်ဘီက ရိပ်သာကလည်း ပြည့်နေပြီဆိုတော့ မအူပင်က ရိပ်သာခွဲမှာ ၀င်ချင်တဲ့သူတွေကို စာရင်းလက်ခံပေးပါတယ်။ အများဆုံးကတော့ အသက် ၂၀ ၀န်းကျင်ရှိတဲ့ လူငယ်တွေ စာရင်းလာပေးကြတာ များပါတယ်” ဟု ငါးထပ်ကြီးဘုရားလမ်းရှိ ဓမ္မဇောတိ ၀ိပဿနာ သာသနာ့ရိပ်သာကျောင်းမှ မချစ်ချစ်ထွေးက ပြောကြားသည်။

ထို့ပြင် တချို့သော တရားစခန်းများမှာ ယခင်နှစ်များက လက်ခံသော လူဦးရေ အရေအတွက်အတိုင်း လက်ခံခဲ့ပြီး လက်ရှိအချိန်အထိ အမျိုးသမီးဦးရေ များပြားလျက်ရှိနေသည်။

“ကျွန်တော်တို့ဆီမှာကတော့ သင်္ကြန်တရားစခန်းအတွက် လူဦးရေကို မနှစ်ကလောက်ပဲ လက်ခံပါတယ်။ စာရင်းပေးသွင်းတာက အယောက် ၁၀၀ ယောက်ရှိပါပြီ။ လူငယ်လေးတွေ စာရင်းပေးသွင်းတာ များပါတယ်” ဟု သဲအင်းဂူ ခုနစ်ရက် တရားစခန်းမှ ဦးမောင်မောင်လေးက ပြောကြားသည်။

သင်္ကြန်တရားစခန်းများတွင် စာရင်းပေးသွင်းမှုကို မတ်လနောက်ဆုံးပတ်တွင် စတင်လက်ခံခဲ့ပြီး တချို့သော တရားစခန်းများမှာ မတ်လနောက်ဆုံးပတ်၌ပင် လူဦးရေ ပြည့်သွားသောကြောင့် စာရင်းပေးခြင်း လက်မခံတော့ကြောင်းလည်း သိရသည်။

Eleven Media Group

ရန်ကုန်မြို့ရှိ တရားစခန်းတစ်ခုတွင် တရားအားထုတ်နေသော ယောဂီ များကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တရားစခန်းတစ်ခုတွင် တရားအားထုတ်နေသော ယောဂီ များကို တွေ့ရစဉ်

ယခုနှစ် သင်္ကြန်ကာလအတွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းမှု များပြားလျက်ရှိနေပြီး စာရင်းပေးသွင်း သူ အများစုမှာ လူငယ်များဖြစ်ကြောင်း အဆိုပါ တရားစခန်းများမှ သိရသည်။

သန်းခေါင်စာရင်ကောက်သည့် ဝန်ထန်းများကို လုံခြုံရေးယူပေးနေသည့် စစ်တပ်ဒုတပ်ရင်းမှူးအား KIA ချောင်းမြောင်းပစ်ခတ်

Photo: သန်းခေါင်စာရင်ကောက်သည့် ဝန်ထန်းများကို လုံခြုံရေးယူပေးနေသည့် စစ်တပ်ဒုတပ်ရင်းမှူးအား KIA ချောင်းမြောင်းပစ်ခတ်
Monday, April 7, 2014

သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေ စဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေ မဟုတ်သော ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံ သေဆုံးသွားကြောင်း သိရပါတယ်။

၎င်း ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ KIA ကို အကြောင်းကြားပြီးမှ သွားတာဖြစ်ကြောင်း၊ အပစ်ခံရသော နေရာမှာ KIA ထိန်းချုပ်ထားသော နယ်မြေတွင်းမဟုတ်ကြောင်း နဲ့ လူအင်အား လက်နက်အင်အား မပါရှိပဲ သန်းခေါင်စာရင်းဝန်ထမ်းတွေ အကူအညီပေးခြင်း သာဖြစ်ကြောင်း မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးမှအခုလို ပြောပါတယ်။
‘‘တရားဝင်အကြောင်းကြား ပြီးမှသွားတာ။ လူအင်အားလည်း အများကြီးမဟုတ်ဘူး။ဒါတောင် သူတို့နယ်မြေထဲကိုလည်း ရောက် တာမဟုတ်ပါဘူး။ ချောင်းပစ်ခံရ တာပါ’’ လို့ ဆိုပါတယ်။

လက်တလောမှာ ကေအိုင်အေဒုတိယစစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဧပြီ ၃ရက်မှစ တင်ပြီး ရန်ကုန်မြို့သို့ရောက်ရှိနေတာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင် ရွက်နေချိန်မှာ ကေအိုင်အေ ကလည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ မပခမှ ထိပ်တန်းအရာရှိကပြောပါတယ်။ မတ်လ ကုန်ပိုင်း သန်းခေါင်စာရင်း စတင်ကောက်ခံချိန်များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည် နယ်ရှိ သန်းခေါင်စာရင်းကောက်သူ ဝန်ထမ်းများကို KIA မှ ခြိမ်းချောက် ရန်ရှာမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

ကိုမျိုးဆွေ
Shan News
သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေ စဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဖဂန် နစ္စတန်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မှု အပေါ် အိုဘားမား ကြိုဆို

Photo: အာဖဂန် နစ္စတန်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မှု အပေါ် အိုဘားမား ကြိုဆို
Monday, April 7, 2014

အာဖဂန် နစ္စတန် နိုင်ငံအတွင်း အနာဂတ် ဒီမိုကရေစီ စနစ်ကို ထူထောင်နိုင်မည့် ရွေးကောက်ပွဲကို အကြမ်းဖက် တိုက်ခိုက်မှုနှင့် ခြိမ်းခြောက်မှုများ အကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း အပေါ် အမေရိကန် သမ္မတ အိုဘားမားက ဧပြီ ၅ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

မိမိအနေဖြင့် အာဖဂန် နိုင်ငံ၏ သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတွင် ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲသည် အာဖဂန်၏ အရေးပါသည့် သမိုင်း မှတ်တိုင်တစ်ခု ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းရွေးကောက်ပွဲသည် အာဖဂန်၏ အနာဂတ် ဒီမိုကရေစီကို ကာကွယ်ရန် အရေးပါကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်များကို လာမည့် သီတင်းပတ် တစ်ပတ်အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

မြ၀တီ

အာဖဂန် အစိုးရသစ်နှင့် အမေရိကန် နိုင်ငံတို့ အကြား မဟာမိတ် နိုင်ငံအဖြစ် ဆက်လက် ပူးပေါင်းရန် အမေရိကန် အစိုးရက ကတိပြု လုပ်ဆောင်နေစဉ်
အာဖဂန် အစိုးရသစ်နှင့် အမေရိကန် နိုင်ငံတို့ အကြား မဟာမိတ် နိုင်ငံအဖြစ် ဆက်လက် ပူးပေါင်းရန် အမေရိကန် အစိုးရက ကတိပြု လုပ်ဆောင်နေစဉ်
အာဖဂန် နစ္စတန် နိုင်ငံအတွင်း အနာဂတ် ဒီမိုကရေစီ စနစ်ကို ထူထောင်နိုင်မည့် ရွေးကောက်ပွဲကို အကြမ်း ဖက် တိုက်ခိုက်မှုနှင့် ခြိမ်းခြောက်မှုများ အကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း အပေါ် အမေရိကန် သမ္မတ အိုဘားမားက ဧပြီ ၅ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးရောဂါအတွက် အထောက်အကူပြု

Photo: ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးရောဂါအတွက် အထောက်အကူပြု
Monday, April 7, 2014

ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးရောဂါအတွက် အထောက်အကူပြု အပူချိန် (၃၂)ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှ ရှိနေသည့် ရေနွေးကန်ထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ် အတွင်း သွေးကြောများ စီးဆင်းမှုကို ပိုမိုကောင်းမွန်မြန် ဆန်အောင် အထောက် အကူ ဖြစ်စေကြောင်း သိရသည်။

ကိုယ်လက်လေ့ကျင့်ခန်းများကို ခပ်နွေးနွေး ရေထဲတွင် လုပ်ဆောင်ခြင်းက ကျန်းမာရေးအတွက် ပိုမိုအထောက်အကူ ဖြစ်စေကြောင်း သုတေသီများက မှတ်ချက်ပြု ပြောကြားလိုက်သည်။ အပူချိန် (၃၂)ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှ ရှိနေသည့် ရေနွေးကန်ထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ်အတွင်း သွေးကြောများ စီးဆင်းမှုကို ပိုမိုကောင်းမွန်မြန်ဆန်အောင် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။ သုတေသီများက ရေနွေးထဲ တွင် အားကစား လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်းက သွေးတိုးရောဂါ ကို လျှော့ချနိုင်စေမည့် အခြေခံကျကျ ကုထုံးတစ်ရပ်အဖြစ် ရှုပ်မြင်နေကြသည်။

ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ရှိနေသည့်တိုင် ဆေးဝါးထောက်ပံ့ ကုသမှု မခံယူဖြစ်သူ အမြောက်အမြား ရှိနေရာ ယခုနည်းလမ်းသည် သဘာဝ ကာကွယ်ဆေး တစ်လက်သဖွယ် ၎င်းတို့ကို အထောက်အပံ့ ပေးနိုင် လိမ့်မည်ဟု ပညာရှင်များက ထောက်ခံ ခဲ့သည်။ ရေနွေးကန်ထဲတွင် တစ်ပတ်လျှင် (၃)ကြိမ်မျှ လေ့ကျင့်ခန်း ပြုလုပ်သော သွေးတိုးရော ဂါ ဝေဒနာရှင်များသည် သွေးတိုးကျဆေး အဓိက မှီဝဲသူများထက် ကျန်းမာရေး ပိုမိုကောင်း မွန်နိုင်ကြောင်း သိရသည်။ ဘရာဇီးလ်တွင် ပြု လုပ်သော လေ့လာမှု များအရ ရေအပူချိန် (၂၇)ဒီဂရီ ဆဲလ်ဆီး ရပ်စ်အောက် လျော့နည်းသွားပါကမူ ယခုကောင်းကျိုးမျိုး မရရှိနိုင်တော့ ဟုလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ပူနွေးသောရေသည် လေ့ကျင့်ခန်း ပြု လုပ်နေ ရာတွင် သွေးလှည့်ပတ်မှုကို ပိုမိုအားကောင်းအောင် လှုံ့ဆော်နိုင်သည့် အစွမ်းသတ္တိမျိုး ရှိနေသည်။

ယခုလုပ်ဆောင်မှုမျိုးသည် သွေးတိုးရောဂါ တိုက်ဖျက်သည့် ဆေးဝါးများ ၏ဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် သွေးတိုးရောဂါမျိုးကိုပင် အားလျော့ သွားစေနိုင်ကြောင်း ပညာရှင်များက ပြောဆိုထား သည်။ ဆော်ပေါ်လို တက္ကသိုလ်မှ သုတေသီများသည် အမျိုးသား၊ အမျိုးသမီး (၃၂)ဦးဖြင့် ယခုစမ်းသပ်မှု ရလဒ်ကို အတည်ပြုခဲ့ပြီး Cardiology ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ပါဝင်စမ်းသပ်ခံသူများသည် ဆေးမ တိုးသည့် သွေးတိုးဝေဒနာကို (၅)နှစ်နှင့်အထက် ခံစားနေရသူ များဖြစ်ပြီး ရေနွေးပူထဲတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် သိသာသည့် အကျိုးကျေးဇူးများ ခံစားရရှိခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
ရေနွေးထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးရောဂါအတွက် အထောက်အကူပြု အပူချိန် (၃၂)ဒီဂရီ ဆဲလ် ဆီးရပ်စ်မျှ ရှိနေသည့် ရေနွေးကန်ထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ် အ တွင်း သွေးကြောများ စီးဆင်းမှုကို ပိုမိုကောင်းမွန်မြန်ဆန်အောင် အထောက်အကူ ဖြစ်စေကြောင်း သိရ သည်။