Thursday 30 January 2014

ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်းထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက်ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ပြည်သူ့အတွက် အကျိုးရှိတဲ့ ဟောပြောမှုသာ ဖြစ်ပါစေ

အခုတလော ၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ကိုမင်းကိုနိုင်တစ်ယောက် စာပေဟောပြောပွဲတွေ အတော်လေး စိတ်နေတာ တွေ့ရပါတယ်။ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုအတွက် အသိဥာဏ် ဗဟုသုတ တိုးပွားစေတဲ့အတွက် စာပေဟောပြောပွဲတွေ များများပြုလုပ်နိုင်လေ ပြည်သူလူထုအတွက် အကျိုးရှိ လေလေ ဖြစ်ပါတယ်။စာပေဟောပြောပွဲ တွေကနေ ပြည်သူတွေ အသိဥာဏ် တိုးပွားရုံသာမက တိုင်းပြည် အတွက်လည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်။

၄၅ ရက် သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီး ကျင်းပမည်

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေရပ်ကွက် ဗိုလ်တေဇလမ်း ဇေယျာသီရိကျောင်း သစ္စာဥာဏ်ပွင့် ဓမ္မ ရိပ်သာ၌ သံဝေဂ ဆရာတော် အရှင်သောမ၏ သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီးကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဧပြီ ၃ ရက် အထိ ၄၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြင်သာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနရုံး၌ အာမခံရုံးခွဲ လာရောက် ဖွင့်လှစ်မည် ဆိုပါက နေရာ စီစဉ်ပေးမည်

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ရုံးတွင် အာမခံရုံးခွဲ လာရောက် ဖွင့်ပေးမည်ဆိုပါက နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း မြင်သာ က-ည-န ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။