Wednesday 11 February 2015

အစိုးရ ၀ှိုက်ကတ် သိမ်းပြီ

 မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်ကို မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့်ဆောင်ရွက်နေပြီဖြစ်၍ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် သတ်မှတ်လိုက်ပြီး မေ ၃၁ ရက် နောက်ဆုံးထား၍ ကိုင်ဆောင်သူများအနေဖြင့် ၀ှိုက်ကတ်များကို ပြန်လည်အပ်နှံရန် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ရှေးထုံးပယ်တော့

‘‘လက်မထပ်ဘဲ အတူနေသလား၊ ကောင်းတာပေါ့။ ဘယ်သူနဲ့လဲ။ ခင်ဗျားညီမနဲ့လား။ ခင်ဗျားညီမနဲ့သာ အတူနေရမယ်ဆိုရင်တော့ နေမယ်လေ’’
ထိုစကားစုက လွန်ခဲ့သော ၁၉၉၀ ဝန်းကျင်မှာ လက်မထပ်ဘဲအတူနေဟူသည့် အတွေးအခေါ်အယူအဆများ မြန်မာနိုင်ငံကို ဝင်ရောက်စဉ်က နာမည်ကျော် ဟာသစာရေးဆရာကြီး အီကြာကွေး၏ သရော်စာမဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်မှ စကားတစ်ခုဖြစ်ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံကို ရောက်ရှိလာသော ထိုယဉ်ကျေးမှုအတွက် စာရေးဆရာများ၊ အနုပညာရှင်များကြား ဂယက်ရိုက်ပြီး ထောက်ခံသူတွေ၊ ကန့်ကွက်သူများနှင့် ပွဲဆူခဲ့ကြဖူးပါသည်။

ဂျော်ဒန်၏ အိုင်အက်စ်အဖွဲ့ချေမှုန်းမှု စစ်ဆင်ရေး ဘာရိန်းထောက်ခံ



ဂျော်ဒန်နိုင်ငံရဲ့ အိုင်အက်စ်အဖွဲ့ချေမှုန်းရေးစစ်ဆင်ရေးတွေအပေါ် ဘာရိန်းနိုင်ငံက ဆက်လက် ထောက်ခံအားပေး သွားမယ်လို့ ဂျော်ဒန်နိုင်ငံကို ရောက်ရှိလာတဲ့ ဘာရိန်းဘုရင် ဟာမတ်က ကတိပြုလိုက်ပါတယ်။

ရင်နှစ်သည်းချာ သားသမီးများခွက်ဆွဲပါ



ရန်ကုန်ဘူတာကြီးအတွင်းမှ ထွက်လာခဲ့ပြီး  ပန်းဆိုးတန်းတံတားပေါ်အရောက်ပါလာသည့် ကလေးနှစ်ဦးအား တစ်နေကုန်ထားသွားခဲ့သည့် အမျိုးသမီးတစ်ဦး  အမှန်တ ကယ်ပင်ရှိနေပါသည်။ နေလောင် အသားအရောင်နှင့် ခပ်နွမ်းနွမ်းအဝတ်အစားကို ဝတ်ဆင်ထားသူအသက် ၄ဝ ကျော်အရွယ်ရှိ  ယင်းအမျိုးသမီးက မနက် ၈နာရီဆိုလျှင် ကလေးများအား နေရာချ၊ညနေ ၆ နာရီဆိုလျှင် လာခေါ်နှင့် နေ့စဉ်မပျက်မကွက် လုပ်နေသူလည်း ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး ဥပဒေလွှတ်တော် အတည်ပြု

ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအတွက် အထောက် အကူပြုနိုင်သော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာ ကွယ်စောင့်ရှောက်သည့် ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။
လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် အချက် ၁၉ ချက်ကို လွှတ်တော်၏ ဆုံးဖြတ်ချက်ရယူ ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

" ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော်ကို ယူမသွားခဲ့ဘူး "


”လူကောင်းတစ်ယောက် ကွယ်လွန်သွားသည့်အခါ လူမိုက်သိန်းသောင်းများစွာ ပျော်ရွှင်ကြပါလိမ့်မည်”
ထိုအတွေးနှလုံးသားထဲဝင် လာတိုင်း အခိုးအမျိုးမျိုးဖြင့် မှုန်မှိုင်းနေသော နိုင်ငံကို မချိတင်ကဲ ငေးမိစမြဲဖြစ်သည်။ မချိတင်ကဲ။ ဤစကားလုံးကို တကူးတက ယူငင်သုံး လို က်ခြင်းမဟုတ်သော် လည်း တွေးမိသည့်အခါ လေးလံသောခံစားမှုဖြင့် အားတင်းလိုက်ရပြန်သည်မို့ မချိတင်ကဲရေး လိုက်မိခြင်းရယ်သာ။ ထိုပျော် ရွှင်မှု မည်မျှကြာမြင့်ပါ သ လဲဟု ကျွန်တော် ဆက်တွေးသည်။ကျွန်တော့်တွင် အဖြေက ရှိပြီးသား။

လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ရဲများ ပဋိပက္ခထပ်ဖြစ်



လက်ပံတောင်းတောင်အနီး ဆည်တဲ ရွာနှင့် ကိုက် ၁ဝဝ ခန့်အကွာတွင်ရဲများ နှင့် ဒေသခံများကြားလေးခွ၊ ခဲများနှင့် အ ပြန်အလှန်ပစ်ခတ်မှု ယနေ့ပြန်လည်ဖြစ် ပွားခဲ့ သည်။ယနေ့ နံနက် ၆ နာရီခန့်တွင် ဝမ် ပေါင်ကုမ္ပဏီက ရဲအင်အားသုံးဆယ်ခန့် ဝန်းရံကာ လျော်ကြေးမယူထားသည့် မြေ ကွက်များပေါ်သို့ စက်ယန္တရားများဖြင့် မြေ တူးခြင်း လုပ်ငန်းများလုပ်ဆောင်ရာမှ တစ် ဆင့် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု ဒေသ ခံများက ပြောသည်။

အိုင်အက်စ်ကို စစ်အင် အားသုံး တိုက်ခိုက်ရန် အိုဘားမား လုပ်ပိုင် ခွင့်တောင်းဆိုရန် ရှိနေ


အီရတ်နှင့်ဆီးရီးယားရှိ အိုင်အက်စ် အကြမ်းဖက် အုပ်စုအပေါ် စစ်အင်အား သုံးနှိမ်နင်း တိုက်ခိုက်ရန် လုပ်ပိုင် ခွင့်အသစ် တစ်ရပ် ကိုဖေဖော်ဝါ ရီ ၁၁ ရက်မတိုင်မီက အိမ်ဖြူတော်က ကွန်ဂရက် လွှတ်တော် တွင်တောင်းခံ လိမ့်မည်ဖြစ်ကြောင်း ကွန်ဂရက် တာဝန်ရှိသူများ ကပြော ကြားသည်။
ယင်း ကိစ္စရပ် သည်ခြောက်လကျော် ကြာမြင့် ခဲ့ပြီ ဖြစ်သော စစ်ဆင်ရေး အပေါ် ဥပဒေပြု အမတ်များက ပထမ ဆုံးမဲပေး ဆုံးဖြတ် သွားနိုင် မည်ဖြစ်သည်။

ပညာရေးဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် ဆွေးနွေး


အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ NNERနှင့်
ကျောင်းသားကိုယ်စားလှယ်များ၏ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို
ယနေ့မနက် ၉နာရီခွဲမှစတင်၍ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်လျက်
ရှိသည်။

CIMA မှ ပေးအပ်သော နိုင်ငံတကာ ထူးချွန်ဆုကို ပထမဦးဆုံး အကြိမ် မြန်မာကျောင်းသူနှစ်ဦး ရရှိ


Chartered Institute of Management Accountants (CIMA) မှ ပေးအပ်သော နိုင်ငံတကာထူးချွန်ဆုကို ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျောင်းသူနှစ်ဦးဖြစ်သည့် မသီတာဦးနှင့် မဖြူလင်းကျော်တို့မှ ရရှိခဲ့ကြောင်း သိရသည်။

ကိုယ်အလေးချိန်လျှော့ချရန် အစားရှောင် စားခြင်းကို လေ့ကျင့်ခန်းနှင့်တွဲလုပ်ပါ

အစားရှောင်စားရုံသက်သက်ဖြင့် ကိုယ်အလေးချိန်လျှော့ချရန်ကြိုးစားပါက ခန္ဓာကိုယ်မှအဆီများ အလွယ်တကူလောင်ကျွမ်းနိုင်ခြင်းမရှိသဖြင့် လှပပြီးအဆီမရှိသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရန် အစာငတ်ခံစရာမလိုပေ။
ခန္ဓာကိုယ်အဆီများ လောင်ကျွမ်းမှုကို အရှိန်မြှင့်တင်ရန် အစားအစာကုန်အောင်စားလေ့ရှိခြင်းကိုလျှော့ပြီး လမ်းလျှောက်သည့် အလေ့အထကို ပို၍အာရုံစိုက်ပါ။
ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး ကိုယ်အလေးချိန်ပိုနေသော အရွယ်ရောက်ပြီးသူများကို ကိုယ်အလေးချိန်လျော့ကျစေရန် နည်းလမ်းသုံးခုဖြင့် သုတေသီများက ကြိုးစားခိုင်းခဲ့သည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတ အတည်ပြု လက်မှတ်ထိုး

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတက အတည်ပြုလက်မှတ် ရေးထိုးပြီး ပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းကြေညာချက်အရ သိရသည်။
သမ္မတက အတည်ပြုလက်မှတ် ရေးထိုးပြီးဖြစ်သော အဆိုပါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၂)အဖြစ် ထုတ်ပြန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

IS ဖမ်းထားတဲ့ အမေရိကန် ဓားစာခံအမျိုးသမီး သေဆုံး



ဆီးရီးယားနိုင်ငံမှာ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် ဓားစာခံအမျိုးသမီး သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း အမေရိကန် အစိုးရက အတည်ပြုလိုက်ပါတယ်။
၂၀၁၃ ခုနှစ်ကတည်းက ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ Kayla Mueller ရဲ့ မိသားစုအတွက် ၀မ်းနည်းကြောင်းလည်း အမေရိကန်သမ္မတ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ IS စစ်သွေးကြွအဖွဲ့ကတော့ ဂျော်ဒန်နိုင်ငံက လေကြောင်းထိုးစစ်တွေအတွင်း အမေရိကန် ဓားစာခံကို ဖမ်းဆီးထားရာ Raqqa မြို့က အဆောက်အဦးတခုကို ထိမှန်ပြီး သေဆုံးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားတာပါ။

နိုင်ငံရေးပဋိပက္ခတွေအကြားမှာ ဗျာများရမယ့် မြန်မာ့စီးပွားရေး

၂၀၁၅ ထဲ ဝင်ရောက်လာတယ် ဆိုတာ နဲ့ပဲ ကြိုတင်ခန့်မှန်းထားခဲ့ကြတဲ့ အတိုင်း နိုင်ငံရေးအရ လွန်ဆွဲမှုတွေနဲ့အတူ ရင်လေးစ ရာဖြစ်နေဆဲဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး ပြဿ နာတွေကလည်း တောက်လျှောက်ဆိုသလို ပေါ်လာခဲ့ ပါတယ်။
ဇန်နဝါရီလအစကို ပြန်ကြည့်မယ်ဆိုရင်ပဲ သမ္မတနဲ့ လွှတ်တော်အကြား အပြန်အလှန် သဝဏ်လွှာ ပို့ပြီး ဘော်လီဘောပုတ်မှုတွေက နိုင်ငံရေး လွန်ဆွဲမှုတွေ အတွက် ထင်ဟပ်စရာ ဖြစ်နေခဲ့သလို ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း အ စိုးရရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ကျောင်းသားနဲ့တွေ့ဆုံဆွေးနွေးရေးကို ကျွန်တော်ဒီလိုမြင်ပါတယ်

ကျောင်းသားအရေးရဲ့ အဓိကပြဿနာဟာ လူကြီးလူငယ် ပြဿနာဗျ။ လူကြီးတွေက လူငယ်တွေကို အထင် အမြင်သေးပြီး အရေးလုပ်စရာ မဟုတ်ဘူးထင်ကာ မဆွေးနွေးနိုင်ခဲ့တာ ပြဿနာအရင်းခံပဲ။
မြန်မာနိုင်ငံမှာက အစိုးရတော်ကောက်ခံရပြီး ထိပ်ပိုင်းနေရာ ရောက်လာရင် ရာထူးနဲ့အာဏာ ပြုတ်မှာ အရမ်းကြောက်တဲ့ရောဂါစွဲကုန်တော့တာပဲ။ ဒါကြောင့် အစိုးရကခိုင်းရင် အစိုးရတစ်ဘက်တည်းကြည့်ပြီး မူဝါဒတွေ ရေးဆွဲဆုံးဖြတ်နေကြတာကလည်း ပြင်ဆင်စဉ်းစားရမယ့် အချက်လို့ဆိုချင်ပါတယ်။
အစိုးရဆိုတာ ပြည်သူအတွက် တာဝန်ယူရမယ့် ပြည်သူ့အကျိုးဆောင်ပေးရမယ့် ပြည်သူ့ဝန်ထမ်းတွေပါ။ အစိုးရ ဆိုတာ အာဏာရှင်မဟုတ်ဘူး။ အာဏာရှိပေမယ့် အာဏာကို အစွမ်းကုန် တစ်ဘက်သတ်ချမှတ် သုံးစွဲဖို့ မဟုတ်ဘူးဆိုတာတော့ သိထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီလို့ပြောထားလို့ပါ။

ညှိနှိုင်းပွဲအတွက် ကျောင်းသားသပိတ် ရပ်မည်မဟုတ်

အစိုးရက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းတွေ ရပ်တန့်ဖို့ မနေ့က သတင်းထုတ်ပြန်ခဲ့ပေမဲ့လည်း ဆွေးနွေးပွဲ ရလဒ်တွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်ရင်း သပိတ်ကိုတော့ ရပ်နားမှာ မဟုတ်တဲ့အကြောင်း ပင်မသပိတ်စစ်ကြောင်းက ဗကသကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က မနေ့က သတင်းထုတ်ပြန်ရာမှာ လေးပွင့်ဆိုင် ဆွေးနွေးမှုကနေရရှိတဲ့ သဘော တူညီချက်တွေကို ပညာရေးဝန်ကြီးဌာနကနေ လွှတ်တော်ကို ပြန်လည်တင်ပြမယ့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ထည့်သွင်းပေးသွားမှာဖြစ်လို့ သပိတ်တွေကိုရပ်တန့်ဖို့ ပြောဆိုထားပါတယ်။

ကုလားပဲစားသူများ သတိထားစရာ

http://www.wutyeefoodhouse.com/wp-content/uploads/2013/07/Chicken_Del_Curry8-450x335.jpg
အမြန်လမ်း အဝေးပြေးလမ်းမကြီးပေါ်တွင် ကားမောင်းခဲ့သူတစ်ဦးသည် နေ့ခင်းကြောင်တောင် လမ်း တစ်ဝက်တွင် အိပ်ငိုက်လာသဖြင့် အထူးသတိထားမောင်းခဲ့ရသည်ဟုဆိုသည်။ မရသည့်အဆုံးတွင် ဆက်မမောင်းတော့ဘဲ မိမိကြောင့်အန္တရာယ်ဖြစ်မည်စိုးသဖြင့် အခြားသူတစ်ဦးကိုပြောင်းပြီး မောင်းခိုင်း ရသည်ဟုဆိုသည်။ ကားမောင်းရင်း အိပ်ငိုက်ရသည့် ထိုသူမှာစာရေးသူ၏မိတ်ဆွေဖြစ်သဖြင့် ကား မောင်းမလာမီက မည်သည့်အစားအစာစားခဲ့သလဲ မေးကြည့်သောအခါ ရန်ကုန်မြို့မှထွက်လာပြီး ပဲခူး မြို့အဝင် ထမင်းဆိုင်တွင်ရပ်နားပြီး ထမင်းစားရာတွင် ဆိတ်သားနှင့်ကုလားပဲဟင်းကို တစ်ဝစားခဲ့ ကြောင်းပြောပြသည်။